《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 91
Advertisement
[Unicode]
{ကြက်တစ်ကောင်ကိုလက်ထပ်၊ ကြက်နောက်လိုက်}
"ကျွန်မမှာရှိတဲ့ငွေတွေအားလုံး ရှင့်ကိုပေးပါ့မယ်။"
နဉ်ရှုက ပြောသည်။
ဟယ့်တာ့ဟွားက လက်ယမ်းကာ နဉ်ရှုကို အဓိပ္ပာယ်ပါသည့်အကြည့်တစ်ချက်ပေးသည်။
"ကိုယ်တို့ရဲ့ဆက်ဆံရေးမျိုးနဲ့ဆို ငွေအကြောင်းပြောစရာဘာလိုလို့လဲ?"
"အစ်ကို ဘာလိုချင်တာလဲ? သခင်လေးဝမ်က ထပ်မစောင့်နိုင်တော့ဘူး။"
ဟယ့်ရှောင်ဟွားက စိတ်မရှည်စွာဆိုသည်။
"အမှန်ဆို ဒီလိုပစ္စည်းကောင်းမျိုးက ငါတို့မိသားစုဝင်အပေါ်မှာပဲ သုံးရမှာ။ ဝမ်ရူဟွားသာ ရှောင်ဟွားကိုလက်ထပ်ပြီး ဟယ့်မိသားစုထဲဝင်ဖို့ သဘောတူရင်..."
ဟယ့်တာ့ဟွားရဲ့အမူအရာက လွန်စွာမှပင်အေးစက်နေ၏။
"ဒါပေါ့၊ မင်း ငြင်းလို့ရပါတယ်။"
ဟယ့်ရှောင်ဟွားရဲ့ပါးပြင်တွေက ချက်ချင်းပင်နီရဲသွားကာ သူမက ရှက်ရွံ့စွာဖြင့် ခေါင်းကိုငုံ့၏။
"မဖြစ်..."
ဝမ်ရူဟွားရဲ့မျက်လုံးတွေက ပြူးကျယ်လာကာ သူက သေဘေးကိုကြုံတွေ့နေရသည့်အလား 'မဖြစ်ဘူး-'ဆိုသည်ကို ကြုံးအော်၏။
"မဆိုးပါဘူး!"
နဉ်ရှုက ဝမ်ရူဟွားရဲ့စကားအဆုံးသတ်ကိုယူကာဆိုသည်။
[T/N : ဒီမှာ ဝမ်ရူဟွားက 'no'လို့ပြောလိုက်ပေမယ့် စကားမဆုံးလိုက်တာမို့ နဉ်ရှုက 'not bad'ဆိုပြီး ယူပြောလိုက်တာပါ။ တရုတ်လိုဆိုရင်တော့ ဝမ်ရူဟွားက 'bu(ပု)'လို့ပြောလိုက်တာကိုမှ နဉ်ရှုက သူပြောလိုက်တဲ့ buနောက်မှာ သူ့ဘာသာစကားထပ်ထည့်လိုက်တာမျိုးဖြစ်မယ်။ မြန်မာလိုပြန်တော့ နည်းနည်းမတူတော့တာမို့။]
"အသက်ကယ်တဲ့ကျေးဇူးကို ခန္ဓာကိုယ်နဲ့ပြန်ဆပ်တာ၊ နည်းပါးတဲ့ကျေးဇူးတရားကို အများကြီးကျေးဇူးပြန်သိတတ်တာ- ဒါက ဖြစ်သင့်ပါတယ်! ဝမ်းကွဲအစ်ကိုရဲ့ကိုယ်စား ကျွန်မ လက်ခံပေးထားတာမို့ ဝမ်းကွဲအစ်ကိုကို ဆေးသာမြန်မြန်တိုက်ပါတော့။"
ဝမ်ရူဟွားရဲ့မျက်လုံးတွေက ပြူးကျယ်လာပြီး နဉ်ရှုကိုကြည့်နေတဲ့သူ့မျက်နှာကတော့ ရှုံ့မဲ့လျက်ရှိသည်။ သူ့ဆီမှဒေါသထွက်နေဟန်လည်ချောင်းသံတို့ထွက်ပေါ်လာပြီးနောက် သူ သတိလစ်သွားလေ၏။
ဟယ့်တာ့ဟွားက နဉ်ရှုကိုကြည့်သည်။
"သူနိုးလာရင် မင်းကို သတ်တော့မှာ။"
နဉ်ရှုက အပြစ်ကင်းဟန်ဖြင့် မျက်တောင်ခတ်၏။
"ကျွန်မစကားတွေက မှားနေလို့လား? ဝမ်းကွဲအစ်ကိုက စာသင်သားတစ်ယောက်ပဲဟာ၊ သူ ဒီစည်းမျဉ်းတွေကို နားလည်ပါတယ်။"
ဟယ့်တာ့ဟွားက သူ့ယပ်တောင်ကို ဖျတ်ကနဲဖွင့်ကာ ဝမ်ရူဟွားကို ရွံရှာသလိုကြည့်ရင်း သူ့ကိုယ်သူ တည်ငြိမ်စွာဖြင့်ယပ်ခတ်၏။
သမားတော်က ဆေးကျိုဖို့အတွက် ဂျင်ဆင်းမြစ်နည်းနည်းကိုသာ အသုံးပြုပြီးနောက် ဝမ်ရူဟွားကို ဆေးတိုက်ကာ သတိထားရမယ့်ကိစ္စတွေကိုမှာကြားပြီး ပြန်သွားလေ၏။
ယခုတော့ဖြင့် ဟယ့်ရှောင်ဟွားက ဝမ်ရူဟွားမှာ သူမ၏ခင်ပွန်းဖြစ်နေပြီးသည့်အတိုင်း သူ့ကို ဆက်ဆံလေ၏။ သူမက သူ့နဖူးထက်က ချွေးစေးတွေကိုသုတ်ပေးကာ သူ့လက်တွေကိုလည်း ကူညီသန့်စင်ပေးသည်။
နောက်ပြီး သူမက ဒါတွေအားလုံးကို ပျော်ရွှင်မှုထဲနစ်မြုပ်နေဟန်ဖြင့် ရှက်ရွံ့စွာလုပ်ကိုင်ပေးလေ၏။
နဉ်ရှု သမ်းဝေလိုက်သည်။ သူမလှည့်ကြည့်မိလိုက်ချိန်တွင် တံခါးကိုမှီကာ အိပ်ပျော်နေပြီဖြစ်သည့် ယွဲ့လန်ကို တွေ့လိုက်ရ၏။ သူမက နှစ်ခြိုက်စွာအိပ်ပျော်နေပြီး သွားရည်များပင်ယိုစီးလျက်ရှိသည်။
ဒီကောင်မလေးရဲ့စိတ်က တကယ်ပဲသန်မာတယ်။ နဉ်ရှုက ယွဲ့လန်ကို တံတောင်ဖြင့်တို့လိုက်ပြီး ယွဲ့လန်က သူမမျက်ဝန်းတွေကို ချက်ချင်းပင်ဖွင့်လာသည်။
"ဘယ်လိုဖြစ်သွားပြီလဲ မမလေး?"
"သူ မသေတော့ပါဘူး။"
နဉ်ရှုက နူးညံ့စွာပင်ပြန်ဖြေသည်။
ဝမ်ရူဟွားရဲ့အခြေအနေက တည်ငြိမ်သွားပြီမို့ ရွာသားတွေလည်း အိမ်ပြန်သွားကြသည်။ ဟယ့်တာ့ဟွားကလည်း သမ်းဝေကာ ဟယ့်ရှောင်ဟွားကိုခေါ်ပြီး ထွက်သွားဖို့ပြင်လိုက်ပေမယ့် ဟယ့်ရှောင်ဟွားက ဒီမှာနေပြီး ဝမ်ရူဟွားကို ဂရုစိုက်ပေးချင်သည်ဟု ဆိုလာသည်။
ဟယ့်တာ့ဟွားက သူမလုပ်ချင်သလိုလုပ်ဖို့ ခွင့်ပြုလိုက်သည်။ ထို့နောက် သူက နဉ်ရှုဆီလျှောက်လာကာဆို၏။
"မိန်းမလှလေးရေ၊ မင်းက အရမ်းနူးညံ့ပြီးသိမ်မွေ့တဲ့ပုံပေါ်ပေမယ့် ဒီလောက်ရက်ရက်စက်စက်တိုက်ခိုက်နိုင်မယ်လို့ ကိုယ် တစ်ခါမှမတွေးမိခဲ့ဘူး။ အခုတော့ ကိုယ်တောင် နည်းနည်းကြောက်လာပြီ။"
နဉ်ရှုက ကြောင်ချေးလောက်မျက်ရည်နှစ်စက်ကို ချက်ချင်းညှစ်ထုတ်လိုက်ပြီး နောင်တကြီးစွာရနေဟန်ဖြင့်ဆိုလေ၏။
"ကျွန်မ တမင်လုပ်ခဲ့တာမဟုတ်ပါဘူး။"
"သူနဲ့လည်း တန်ပါတယ်။ ညကြီးသန်းခေါင်မှာ နိုးနေတဲ့ဘယ်သူမဆို သေချာပေါက် ကောင်းမှာမဟုတ်ဘူး။"
ထို့နောက် ဟယ့်တာ့ဟွားက အသားလုံးကြီးတစ်လုံးလို လိမ့်ကာလိမ့်ကာဖြင့်ထွက်သွားသည်။
နဉ်ရှုက ဟယ့်ရှောင်ဟွားဘက်လှည့်ကာပြောသည်။
"ရှောင်ဟွား၊ တို့ ဝမ်းကွဲက ရှင့်ကို သဘောကျပုံမရဘူး။ ရှင်တို့နှစ်ယောက် လက်ထပ်လိုက်ရင်တောင် ရှင် ပျော်ရွှင်ရမှာမဟုတ်ဘူး။"
"နင်သာ ကြက်တစ်ကောင်ကိုလက်ထပ်လိုက်ရင် ကြက်နောက်လိုက်ရမှာပဲ။ နင်သာ ခွေးတစ်ကောင်ကိုလက်ထပ်ရင် ခွေးနောက်လိုက်ရမှာပဲ။ သူ ငါတို့မိသားစုထဲဝင်လိုက်ပြီးတာနဲ့ ငါက စည်းကမ်းတွေချမှတ်မှာ! ပြီးတော့ ငါ့ဘယ်အပိုင်းကများ သူနဲ့မလိုက်ဖက်လို့လဲ? ဖြည်းဖြည်းချင်းနဲ့နည်းနည်းစီလေ့ကျင့်ပေးသွားဖို့ပဲ လိုတာပါ။"
ဟယ့်ရှောင်ဟွားက ဝမ်ရူဟွား သူမကိုသဘောမကျဘူးဆိုတဲ့ကိစ္စကို စိုးရိမ်ပုံမပေါ်ချေ။
သူမတို့ လက်ထပ်နိုင်သရွေ့ အားလုံးကိုဖြေရှင်းနိုင်တယ်။
နဉ်ရှု : ...
သူက ဝမ်ရူဟွားကို တကယ်ကြီးလက်ထပ်မလို့လား!?
နဉ်ရှုမှာ သတိလစ်နေသော ဝမ်ရူဟွားကိုကြည့်ကာ 'မြတ်စွာဘုရား'ဟု တိတ်တဆိတ်အော်ဟစ်လိုက်၏။ ထို့နောက် သူမက ယွဲ့လန်နှင့်အတူ ပြန်အိပ်လေသည်။
"ကျွန်မတို့ ဒီနေရာကနေ ဘယ်အချိန်မှထွက်သွားလို့ရမှာလဲ မမလေး?"
ယွဲ့လန်မှာ ဒေါသတကြီးဖြစ်နေ၏။
"အဲ့လူက ကျွန်မတို့တဲထဲကို ညကြီးသန်းခေါင်မှာ တကယ်ကြီးခိုးဝင်တယ်! သူ ဘာလုပ်ဖို့ကြိုးစားနေတာလဲ!? သူက မမလေးကို တစ်ခုခုလုပ်ဖို့ကြိုးစားနေတာလား? အဲ့လူက တိရစ္ဆာန်ကောင်ပဲ!"
နဉ်ရှု သူမရဲ့ခရာကို စမ်းကြည့်လိုက်သည်။ ဝမ်ရူဟွားက သူမရဲ့ခရာကို ခိုးဖို့ကြိုးစားနေတာဖြစ်နိုင်သည်။ ခရာကိုခိုးပြီးသည်နှင့် သူမကို မတော်မတရားပြုပေလိမ့်မည်။ မူလဇာတ်ကြောင်းမှာလည်း ဝမ်ရူဟွားက မုယန်မုန့်ကို အဓမ္မကျင့်ခဲ့သည်လေ။
...
[Zawgyi]
{ၾကက္တစ္ေကာင္ကိုလက္ထပ္၊ ၾကက္ေနာက္လိုက္}
"ကြၽန္မမွာရိွတဲ့ေငြေတြအားလံုး ရွင့္ကိုေပးပါ့မယ္။"
နဉ္ရႈက ေျပာသည္။
ဟယ့္တာ့ဟြားက လက္ယမ္းကာ နဉ္ရႈကို အဓိပၸာယ္ပါသၫ့္အၾကၫ့္တစ္ခ်က္ေပးသည္။
"ကိုယ္တို႔ရဲ့ဆက္ဆံေရးမ်ိဳးနဲ႔ဆို ေငြအေၾကာင္းေျပာစရာဘာလိုလို႔လဲ?"
"အစ္ကို ဘာလိုခ်င္တာလဲ? သခင္ေလးဝမ္က ထပ္မေစာင့္ႏိုင္ေတာ့ဘူး။"
ဟယ့္ေရွာင္ဟြားက စိတ္မရွည္စြာဆိုသည္။
"အမွန္ဆို ဒီလိုပစၥည္းေကာင္းမ်ိဳးက ငါတို႔မိသားစုဝင္အေပၚမွာပဲ သံုးရမွာ။ ဝမ္ရူဟြားသာ ေရွာင္ဟြားကိုလက္ထပ္ၿပီး ဟယ့္မိသားစုထဲဝင္ဖို႔ သေဘာတူရင္..."
Advertisement
ဟယ့္တာ့ဟြားရဲ့အမူအရာက လြန္စြာမွပင္ေအးစက္ေန၏။
"ဒါေပါ့၊ မင္း ျငင္းလို႔ရပါတယ္။"
ဟယ့္ေရွာင္ဟြားရဲ့ပါးျပင္ေတြက ခ်က္ခ်င္းပင္နီရဲသြားကာ သူမက ရွက္ရြံ႔စြာျဖင့္ ေခါင္းကိုငံု႔၏။
"မျဖစ္..."
ဝမ္ရူဟြားရဲ့မ်က္လံုးေတြက ျပဴးက်ယ္လာကာ သူက ေသေဘးကိုႀကံဳေတြ့ေနရသၫ့္အလား 'မျဖစ္ဘူး-'ဆိုသည္ကို ႀကံဳးေအာ္၏။
"မဆိုးပါဘူး!"
နဉ္ရႈက ဝမ္ရူဟြားရဲ့စကားအဆံုးသတ္ကိုယူကာဆိုသည္။
[T/N : ဒီမွာ ဝမ္ရူဟြားက 'no'လို႔ေျပာလိုက္ေပမယ့္ စကားမဆံုးလိုက္တာမို႔ နဉ္ရႈက 'not bad'ဆိုၿပီး ယူေျပာလိုက္တာပါ။ တရုတ္လိုဆိုရင္ေတာ့ ဝမ္ရူဟြားက 'bu(ပု)'လို႔ေျပာလိုက္တာကိုမွ နဉ္ရႈက သူေျပာလိုက္တဲ့ buေနာက္မွာ သူ႔ဘာသာစကားထပ္ထၫ့္လိုက္တာမ်ိဳးျဖစ္မယ္။ ျမန္မာလိုျပန္ေတာ့ နည္းနည္းမတူေတာ့တာမို႔။]
"အသက္ကယ္တဲ့ေက်းဇူးကို ခႏၶာကိုယ္နဲ႔ျပန္ဆပ္တာ၊ နည္းပါးတဲ့ေက်းဇူးတရားကို အမ်ားႀကီးေက်းဇူးျပန္သိတတ္တာ- ဒါက ျဖစ္သင့္ပါတယ္! ဝမ္းကြဲအစ္ကိုရဲ့ကိုယ္စား ကြၽန္မ လက္ခံေပးထားတာမို႔ ဝမ္းကြဲအစ္ကိုကို ေဆးသာျမန္ျမန္တိုက္ပါေတာ့။"
ဝမ္ရူဟြားရဲ့မ်က္လံုးေတြက ျပဴးက်ယ္လာၿပီး နဉ္ရႈကိုၾကၫ့္ေနတဲ့သူ႔မ်က္ႏွာကေတာ့ ရႈံ႔မဲ့လ်က္ရိွသည္။ သူ႔ဆီမွေဒါသထြက္ေနဟန္လည္ေခ်ာင္းသံတို႔ထြက္ေပၚလာၿပီးေနာက္ သူ သတိလစ္သြားေလ၏။
ဟယ့္တာ့ဟြားက နဉ္ရႈကိုၾကၫ့္သည္။
"သူႏိုးလာရင္ မင္းကို သတ္ေတာ့မွာ။"
နဉ္ရႈက အျပစ္ကင္းဟန္ျဖင့္ မ်က္ေတာင္ခတ္၏။
"ကြၽန္မစကားေတြက မွားေနလို႔လား? ဝမ္းကြဲအစ္ကိုက စာသင္သားတစ္ေယာက္ပဲဟာ၊ သူ ဒီစည္းမ်ဉ္းေတြကို နားလည္ပါတယ္။"
ဟယ့္တာ့ဟြားက သူ႔ယပ္ေတာင္ကို ဖ်တ္ကနဲဖြင့္ကာ ဝမ္ရူဟြားကို ရြံရွာသလိုၾကၫ့္ရင္း သူ႔ကိုယ္သူ တည္ၿငိမ္စြာျဖင့္ယပ္ခတ္၏။
သမားေတာ္က ေဆးက်ိဳဖို႔အတြက္ ဂ်င္ဆင္းျမစ္နည္းနည္းကိုသာ အသံုးျပဳျပီးေနာက္ ဝမ္ရူဟြားကို ေဆးတိုက္ကာ သတိထားရမယ့္ကိစၥေတြကိုမွာၾကားၿပီး ျပန္သြားေလ၏။
ယခုေတာ့ျဖင့္ ဟယ့္ေရွာင္ဟြားက ဝမ္ရူဟြားမွာ သူမ၏ခင္ပြန္းျဖစ္ေနၿပီးသၫ့္အတိုင္း သူ႔ကို ဆက္ဆံေလ၏။ သူမက သူ႔နဖူးထက္က ေခြၽးေစးေတြကိုသုတ္ေပးကာ သူ႔လက္ေတြကိုလည္း ကူညီသန႔္စင္ေပးသည္။
ေနာက္ၿပီး သူမက ဒါေတြအားလံုးကို ေပ်ာ္ရႊင္မႈထဲနစ္ျမဳပ္ေနဟန္ျဖင့္ ရွက္ရြံ႔စြာလုပ္ကိုင္ေပးေလ၏။
နဉ္ရႈ သမ္းေဝလိုက္သည္။ သူမလွၫ့္ၾကၫ့္မိလိုက္ခ်ိန္တြင္ တံခါးကိုမွီကာ အိပ္ေပ်ာ္ေနၿပီျဖစ္သၫ့္ ယြဲ႔လန္ကို ေတြ့လိုက္ရ၏။ သူမက ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနၿပီး သြားရည္မ်ားပင္ယိုစီးလ်က္ရိွသည္။
ဒီေကာင္မေလးရဲ့စိတ္က တကယ္ပဲသန္မာတယ္။ နဉ္ရႈက ယြဲ႔လန္ကို တံေတာင္ျဖင့္တို႔လိုက္ၿပီး ယြဲ႔လန္က သူမမ်က္ဝန္းေတြကို ခ်က္ခ်င္းပင္ဖြင့္လာသည္။
"ဘယ္လိုျဖစ္သြားၿပီလဲ မမေလး?"
"သူ မေသေတာ့ပါဘူး။"
နဉ္ရႈက ႏူးညံ့စြာပင္ျပန္ေျဖသည္။
ဝမ္ရူဟြားရဲ့အေျခအေနက တည္ၿငိမ္သြားၿပီမို႔ ရြာသားေတြလည္း အိမ္ျပန္သြားၾကသည္။ ဟယ့္တာ့ဟြားကလည္း သမ္းေဝကာ ဟယ့္ေရွာင္ဟြားကိုေခၚၿပီး ထြက္သြားဖို႔ျပင္လိုက္ေပမယ့္ ဟယ့္ေရွာင္ဟြားက ဒီမွာေနၿပီး ဝမ္ရူဟြားကို ဂရုစိုက္ေပးခ်င္သည္ဟု ဆိုလာသည္။
ဟယ့္တာ့ဟြားက သူမလုပ္ခ်င္သလိုလုပ္ဖို႔ ခြင့္ျပဳလိုက္သည္။ ထို႔ေနာက္ သူက နဉ္ရႈဆီေလ်ွာက္လာကာဆို၏။
"မိန္းမလွေလးေရ၊ မင္းက အရမ္းႏူးညံ့ၿပီးသိမ္ေမြ့တဲ့ပံုေပၚေပမယ့္ ဒီေလာက္ရက္ရက္စက္စက္တိုက္ခိုက္ႏိုင္မယ္လို႔ ကိုယ္ တစ္ခါမွမေတြးမိခဲ့ဘူး။ အခုေတာ့ ကိုယ္ေတာင္ နည္းနည္းေၾကာက္လာၿပီ။"
နဉ္ရႈက ေၾကာင္ေခ်းေလာက္မ်က္ရည္ႏွစ္စက္ကို ခ်က္ခ်င္းၫွစ္ထုတ္လိုက္ၿပီး ေနာင္တႀကီးစြာရေနဟန္ျဖင့္ဆိုေလ၏။
"ကြၽန္မ တမင္လုပ္ခဲ့တာမဟုတ္ပါဘူး။"
"သူနဲ႔လည္း တန္ပါတယ္။ ညႀကီးသန္းေခါင္မွာ ႏိုးေနတဲ့ဘယ္သူမဆို ေသခ်ာေပါက္ ေကာင္းမွာမဟုတ္ဘူး။"
ထို႔ေနာက္ ဟယ့္တာ့ဟြားက အသားလံုးႀကီးတစ္လံုးလို လိမ့္ကာလိမ့္ကာျဖင့္ထြက္သြားသည္။
နဉ္ရႈက ဟယ့္ေရွာင္ဟြားဘက္လွၫ့္ကာေျပာသည္။
"ေရွာင္ဟြား၊ တို႔ ဝမ္းကြဲက ရွင့္ကို သေဘာက်ပံုမရဘူး။ ရွင္တို႔ႏွစ္ေယာက္ လက္ထပ္လိုက္ရင္ေတာင္ ရွင္ ေပ်ာ္ရႊင္ရမွာမဟုတ္ဘူး။"
"နင္သာ ၾကက္တစ္ေကာင္ကိုလက္ထပ္လိုက္ရင္ ၾကက္ေနာက္လိုက္ရမွာပဲ။ နင္သာ ေခြးတစ္ေကာင္ကိုလက္ထပ္ရင္ ေခြးေနာက္လိုက္ရမွာပဲ။ သူ ငါတို႔မိသားစုထဲဝင္လိုက္ၿပီးတာနဲ႔ ငါက စည္းကမ္းေတြခ်မွတ္မွာ! ၿပီးေတာ့ ငါ့ဘယ္အပိုင္းကမ်ား သူနဲ႔မလိုက္ဖက္လို႔လဲ? ျဖည္းျဖည္းခ်င္းနဲ႔နည္းနည္းစီေလ့က်င့္ေပးသြားဖို႔ပဲ လိုတာပါ။"
ဟယ့္ေရွာင္ဟြားက ဝမ္ရူဟြား သူမကိုသေဘာမက်ဘူးဆိုတဲ့ကိစၥကို စိုးရိမ္ပံုမေပၚေခ်။
သူမတို႔ လက္ထပ္ႏိုင္သေရြ့ အားလံုးကိုေျဖရွင္းႏိုင္တယ္။
နဉ္ရႈ : ...
သူက ဝမ္ရူဟြားကို တကယ္ႀကီးလက္ထပ္မလို႔လား!?
နဉ္ရႈမွာ သတိလစ္ေနေသာ ဝမ္ရူဟြားကိုၾကၫ့္ကာ 'ျမတ္စြာဘုရား'ဟု တိတ္တဆိတ္ေအာ္ဟစ္လိုက္၏။ ထို႔ေနာက္ သူမက ယြဲ႔လန္ႏွင့္အတူ ျပန္အိပ္ေလသည္။
"ကြၽန္မတို႔ ဒီေနရာကေန ဘယ္အခ်ိန္မွထြက္သြားလို႔ရမွာလဲ မမေလး?"
ယြဲ႔လန္မွာ ေဒါသတႀကီးျဖစ္ေန၏။
"အဲ့လူက ကြၽန္မတို႔တဲထဲကို ညႀကီးသန္းေခါင္မွာ တကယ္ႀကီးခိုးဝင္တယ္! သူ ဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ!? သူက မမေလးကို တစ္ခုခုလုပ္ဖို႔ႀကိဳးစားေနတာလား? အဲ့လူက တိရစၧာန္ေကာင္ပဲ!"
နဉ္ရႈ သူမရဲ့ခရာကို စမ္းၾကၫ့္လိုက္သည္။ ဝမ္ရူဟြားက သူမရဲ့ခရာကို ခိုးဖို႔ႀကိဳးစားေနတာျဖစ္ႏိုင္သည္။ ခရာကိုခိုးၿပီးသည္ႏွင့္ သူမကို မေတာ္မတရားျပဳေပလိမ့္မည္။ မူလဇာတ္ေၾကာင္းမွာလည္း ဝမ္ရူဟြားက မုယန္မုန႔္ကို အဓမၼက်င့္ခဲ့သည္ေလ။
...
Advertisement
- In Serial8 Chapters
The Late Night Walks By The Lake (Jason Voorhees X Reader) Short Story
You go to a party that your best friend set up. He lives in a summer home that you find that was built on a camp site. You were going to have a great time. OR where you?You soon find out that something happened when the camp was opened and running. A child drowned and a legend was created. You thought it was fun and games until something sinister happened.
8 215 - In Serial24 Chapters
TRAGEDY || R. BLACK ✓
BOOK ONE OF THE MARAUDER ERA SERIES-"Most love stories end in a tragedy, you know.""Not this one."-started march 8, 2021completed march 15, 2021
8 151 - In Serial27 Chapters
Among the tear soaked flowers
a world unkwoun to hima life ripped from him a family yearned forfollow the story of a young man trying to regain part of his shattered life
8 135 - In Serial23 Chapters
Path to Origin
A young boy with an active mind and a passion for gaming combined with the newly released VRMMORPG Eden Online.Maybe virtual reality is not as good as its name suggest.Have you ever wondered about the pro and cons of a VR?Does VRMMO has a limit? Or is it the human mind that is the limit?This story is spiced up with a little bit of dirty joke here and there.
8 158 - In Serial22 Chapters
Backtoliving
Four years after the breakup, what if Shannon and Cammie were not a dead end story?Will spending holidays together help them to reconect?
8 114 - In Serial30 Chapters
[ 1 ] virtuous » klaus mikaelson
❝You really think you can fight them with a bow and arrow?❞[ season 3+4 of the vampire diaries ]klaus mikaelson x fem!ocstarted: 11 august 2015finished: 28 january 2018
8 173

