《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 93
Advertisement
[Unicode]
{ကျေးဇူးတင်ဖို့ မလိုပါဘူး}
ဝမ်ရူဟွားက နဉ်ရှုကို အမုန်းဆုံးပင်။ သူ သူမရဲ့မာနကြီးကာအထက်စီးဆန်တဲ့အပြုအမူတွေကိုမုန်းသည်၊ သူမက လိမ်လိမ်မာမာနဲ့သူ့ကိုလုပ်ခွင့်မပေးတဲ့အတွက် မုန်းသည်၊ လက်ထပ်ဖို့သဘောတူပေးလိုက်တဲ့အတွက် မုန်းသည်၊ ပြီးတော့ ဟန်ဆောင်ပန်ဆောင်စိုးရိမ်ပြနေတာကိုမုန်းသည်။
တကယ်တော့ ဝမ်ရူဟွားရဲ့မျက်လုံးတွေထဲက အမုန်းတရားကို နဉ်ရှုတွေ့ပြီးဖြစ်သော်လည်း သူမက မမြင်သလိုသာဟန်ဆောင်နေခဲ့သည်။ ဒါလေးဖြစ်ပြီးတော့ သူ ထပ်မခံစားနိုင်တော့ဘူးပေါ့လေ? ဒါဆို သူ့ရဲ့အနိုင်ကျင့်နှိပ်စက်မှုတွေကြောင့် မုယန်မုန့်ခံစားခဲ့ရတဲ့နာကျင်မှုတွေကို သူ ဘယ်လိုနည်းနဲ့မှ နားလည်နိုင်မှာမဟုတ်ဘူး။ သူက မုယန်မုန့်ကို သူမကိုယ်ဝန်ရှိနေချိန်မှာ ဓားနဲ့ထိုးခဲ့ပြီး သူမကို အရမ်းစိတ်ပျက်သွားစေခဲ့တာမို့ သူမက မြစ်ထဲကိုခုန်ချသွားခဲ့တယ်!
နဉ်ရှုက စိုးရိမ်နေတဲ့အမူအရာနဲ့မေးသည်။
"ဝမ်းကွဲအစ်ကို၊ ဒီနေ့ အစ်ကို ဘယ်လိုနေလဲ?"
ဝမ်ရူဟွားက နဉ်ရှုကို စူးရဲစွာကြည့်သည်။
"ငါမသေလို့ မင်း အရမ်းစိတ်ပျက်သွားမှာပဲ။"
"ဝမ်းကွဲအစ်ကို၊ အစ်ကို ဘာတွေပြောနေတာလဲ? ချင်ရှန်းက ဘယ်လိုလုပ် အစ်ကို့ကို သေစေချင်ရမှာလဲ? ချင်ရှန်း တကယ်ကို အဲ့လိုလုပ်ဖို့မရည်ရွယ်ခဲ့ပါဘူး။ ပြီးတော့ ဝမ်းကွဲအစ်ကိုက ညီမတဲထဲကို ညကြီးသန်းခေါင်ဝင်လာလိမ့်မယ်လို့ ဘယ်သူတွေးမိမှာလဲ? ညီမက အထဲဝင်ဖို့ကြိုးစားနေတာက မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ခွေးနဲ့တောင်နှိုင်းယှဉ်လို့မရနိုင်တဲ့ လူရေခြုံထားတဲ့တိရစ္ဆာန်တစ်ကောင်ကောင်ဖြစ်မယ်လို့ ထင်လိုက်မိလို့ တိုက်ခိုက်မိတာပါ။ ဝမ်းကွဲအစ်ကိုမှန်းသာ ညီမသိခဲ့ရင် ညီမ ဒီလိုလုံးဝမလုပ်ပါဘူး။ ပြီးတော့ ဝမ်းကွဲအစ်ကိုက ဖြောင့်မတ်တဲ့လူရည်မွန်တစ်ယောက်ပဲလေ၊ သားရဲလို့တောင်မခေါ်နိုင်တဲ့ မကောင်းတဲ့တိရစ္ဆာန်မှမဟုတ်တာ။"
ဝမ်ရူဟွားရဲ့မျက်နှာက ရက်စက်တော့မည့်ပုံပေါ်လာကာ သူက နဉ်ရှုကို စူးရဲစွာကြည့်ရင်း အသက်ပြင်းပြင်းရှု၏။
"ထွက်သွား! ငါ မင်းကို မမြင်ချင်ဘူး။"
နဉ်ရှုက အကူအညီကင်းမဲ့စွာဖြင့် သက်ပြင်းချလိုက်ရင်း ဝမ်ရူဟွားကိုစောင်ကူခြုံပေးလိုက်သည်။
"ဝမ်းကွဲအစ်ကို၊ ချင်ရှန်း အစ်ကို့ကို ဒဏ်ရာရအောင်လုပ်မိလို့ အစ်ကိုစိတ်ဆိုးနေတာကို ချင်ရှန်းသိပါတယ်၊ ဒါပေမယ့် ညီမ အားလုံးကို သေချာရှင်းအောင် ရှင်းပြပြီးသွားပြီလေ။ ပြီးတော့ အစ်ကို ဟယ့်သခင်မလေးနဲ့လက်ထပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ ချင်ရှန်းက ဟယ့်သခင်မလေးက အစ်ကို့ကို အရမ်းသဘောကျတာနဲ့ ဟယ့်မိသားစုက အစ်ကို့အသက်ကို ကယ်ခဲ့တာကို စဉ်းစားပေးခဲ့တာပါ။ ဒီလက်ထပ်မှုက အတော်လေးယုတ္တိရှိတယ်လို့ ချင်ရှန်းထင်တယ်၊ ဒါကြောင့်မို့ ချင်ရှန်းက အစ်ကို့အတွက် သဘောတူပေးခဲ့တာပါ ဝမ်းကွဲအစ်ကို။ ဝမ်းကွဲအစ်ကို၊ ချင်ရှန်းကို ကျေးဇူးတင်စရာမလိုပါဘူး၊ ဒါတွေက ချင်ရှန်းလုပ်ပေးသင့်တာတွေပါပဲ။"
"ဒါကြောင့်မို့ အစ်ကို ပြန်သက်သာလာဖို့ကိုပဲ အာရုံစိုက်ထားသင့်တယ်။ အစ်ကို ပြန်ကောင်းလာတာနဲ့ ရွာလူကြီးက အစ်ကို့လက်ထပ်ပွဲကို စီစဉ်ပေးပါလိမ့်မယ်။"
နဉ်ရှုက ဝမ်ရူဟွားရဲ့ဒေါသထွက်နေတဲ့အမူအရာကို လျစ်လျူရှုကာဆိုသည်။
"ဝမ်းကွဲအစ်ကို၊ နောက်ဆုံးတော့ အစ်ကိုက အစ်ကို့ရဲ့ပျော်ရွှင်မှုကို ရှာဖွေနိုင်ခဲ့ပြီမို့ ချင်ရှန်း ပိုပြီးစိတ်သက်သာသွားပြီ။ နောက်ဆုံးတော့ ချင်ရှန်းလည်း စိတ်ထဲကဝန်ထုပ်ကြီးတစ်ခုကို လွှတ်ချနိုင်ခဲ့ပြီ။"
"ထွက်သွား၊ ထွက်သွားစမ်း!"
ဝမ်ရူဟွားရဲ့မျက်လုံးတွေက ဒဏ်ရာရထားတဲ့တောရိုင်းကောင်ကြီးတစ်ကောင်လို နီရဲနေကာ သူက အော်လိုက်လေ၏။
"ပိုင်ချင်ရှန်း၊ ဒီကနေ ထွက်သွားစမ်း!"
"ကောင်းပါပြီ၊ အရမ်း ဒေါသမထွက်ပါနဲ့၊ ညီမ အခုချက်ချင်း ထွက်သွားပါ့မယ်။"
နဉ်ရှုက နောက်ကိုပင်ပြန်လှည့်မကြည့်တော့ဘဲ ထွက်သွားချေ၏။
ဝမ်ရူဟွားမှာ သေလုမတတ်ဒေါသထွက်နေ၏။ ဒီဘဝမှာ သူ့ရဲ့အဆိုးဆုံးကံက ပိုင်ချင်ရှန်းကိုတွေ့ခဲ့တာပဲလို့ တွေးနေမိသည်။ ဒီမိန်းမက သူ့တစ်ဘဝလုံးကိုဖျက်ဆီးခဲ့သည်။ သူ့ကို စွန့်ပစ်ပြီးနောက် သူမက သူ့ကိုပြန်လာရှာကာ သူ့ဘဝကို နောက်တစ်ကြိမ် လုံးဝရှုပ်ထွေးသွားစေခဲ့သည်!
ထို့အတွက် ယခုအချိန်၌ ဝမ်ရူဟွားမှာ အိပ်ရာထဲလဲနေရသည့်လူနာတစ်ယောက်လို နေထိုင်နေခဲ့ရသည်။ ဟယ့်ရှောင်ဟွားက ဝမ်ရူဟွားကို အတေယ်လေးကောင်းမွန်စွာဆက်ဆံသည်။ သူမက သူ့အတွက် ကြက်သား၊ ဘဲသားနဲ့ အခြားအာဟာရဖြစ်စေမည့်အရာများကို သူ့အတွက် အမြဲချက်ပြုတ်ပေးတတ်ကာ ဝမ်ရူဟွားမှာ မင်းသားတစ်ပါးလိုပင် ပြုစုစောင့်ရှောက်ခြင်းခံနေရသည်။
သို့သော်လည်း ဝမ်ရူဟွားက ဟယ့်ရှောင်ဟွားကို အထင်သေးရွံရှာမှုတွေနဲ့သာ ကြည့်နေဆဲဖြစ်၏။ ဘေးလူတစ်ယောက်လိုသာ ရပ်ကြည့်နေခဲ့သည့် နဉ်ရှုသည်ပင် ဟယ့်ရှောင်ဟွားရဲ့ကြိုးပမ်းမှုတွေက ဒါနဲ့မတန်ဟု ခံစားလာရသည်။ ဒီလိုယောက်ျားမျိုးတွေက ရက်စက်ကာ သူတို့ကိုယ်သူတို့သာဂရုစိုက်တတ်ကြသည်။ ဒီလိုလောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ယောက်ျားတွေကို မင်း ဘယ်လောက်ပဲကောင်းကောင်းမွန်မွန်ဆက်ဆံနေပါစေ သူတို့က အသိအမှတ်ပြုမည်မဟုတ်ချေ။
နဉ်ရှုတစ်ယောက် မနေနိုင်တော့ဘဲ ဟယ့်ရှောင်ဟွားကို ပြန်စဉ်းစားဖို့ပြောသော်လည်း ဟယ့်ရှောင်ဟွားက ခေါင်းယမ်းကာ သူမက ဒါတွေကို ဆန္ဒရှိရှိနဲ့လုပ်နေတာဖြစ်ကြောင်းဆို၏။ သူမ သခင်လေးဝမ်နဲ့အတူရှိနေနိုင်ရတာကိုပင် အလွန်ပျော်ရွှင်နေပြီး သူမတို့လက်ထပ်ပြီးသည်နှင့် သူ့ကို သေချာသင်ကြားပေးကာ သူမကို ချစ်လာအောင်လုပ်မည်ဟု သူမက ဆိုသည်။
ဟယ့်ရှောင်ဟွားရဲ့ ရဲရင့်ပြတ်သားတဲ့အမူအရာကိုတွေ့သည်၌ နဉ်ရှုလုပ်နိုင်တာက စိတ်ရင်းမှန်နှင့် ဆုတောင်းပေးဖို့သာရှိတော့သည်။
ဝမ်ရူဟွားရဲ့ဒဏ်ရာက အရမ်းနက်တာမို့ မကြာခဏဆိုသလို ရောင်ရမ်းလာလေ့ရှိသည်။ သူက မကြာခဏအဖျားတက်နေတတ်၏။ ပြန်ကောင်းမွန်လာဖို့က အရမ်းကိုနှေးကာ ဒဏ်ရာက အရမ်းဆိုးသည်မို့ ဝမ်ရူဟွားမှာ အရိုးပေါ်အရေတင်ပိန်ပါးလာတော့သည်။ သူ့ပါးတွေလည်း ပိန်ကျသွားကာ လူမမာရုပ်ပိုပေါက်လာပြီး အရင်ကထက်ပို၍ စိတ်နှလုံးညှိုးချုံးလျက်ရှိချေ၏။
သူပိန်ကပ်လာချိန်၌ သူ့ရဲ့တစ်ခုတည်းသောကောင်းမွန်မှုဖြစ်သည့် ရုပ်ရည်ကို ဆုံးရှုံးသွားသည်။
ထပ်ပြောရလျှင် ဝမ်ရူဟွားမှာ သည်တစ်ချိန်လုံး ညှိုးမှိုင်လျက်ရှိနေသည်မို့ သူ့ဘေးပတ်လည်တွင် အနက်ရောင်ရောင်ဝါများ ရှိနေသည်။ မှုန်မှိုင်းအေးစက်နေသည့် သူ့ပုံစံက လူတွေကို အလွန်အင်မတန်မှသက်တောင့်သက်သာမရှိစေသည့် ခံစားချက်ကို ပေးစွမ်းနေ၏။
...
[Zawgyi]
{ေက်းဇူးတင္ဖို႔ မလိုပါဘူး}
ဝမ္ရူဟြားက နဉ္ရႈကို အမုန္းဆံုးပင္။ သူ သူမရဲ့မာနႀကီးကာအထက္စီးဆန္တဲ့အျပဳအမူေတြကိုမုန္းသည္၊ သူမက လိမ္လိမ္မာမာနဲ႔သူ႔ကိုလုပ္ခြင့္မေပးတဲ့အတြက္ မုန္းသည္၊ လက္ထပ္ဖို႔သေဘာတူေပးလိုက္တဲ့အတြက္ မုန္းသည္၊ ၿပီးေတာ့ ဟန္ေဆာင္ပန္ေဆာင္စိုးရိမ္ျပေနတာကိုမုန္းသည္။
Advertisement
တကယ္ေတာ့ ဝမ္ရူဟြားရဲ့မ်က္လံုးေတြထဲက အမုန္းတရားကို နဉ္ရႈေတြ့ၿပီးျဖစ္ေသာ္လည္း သူမက မျမင္သလိုသာဟန္ေဆာင္ေနခဲ့သည္။ ဒါေလးျဖစ္ၿပီးေတာ့ သူ ထပ္မခံစားႏိုင္ေတာ့ဘူးေပါ့ေလ? ဒါဆို သူ႔ရဲ့အႏိုင္က်င့္ႏိွပ္စက္မႈေတြေၾကာင့္ မုယန္မုန႔္ခံစားခဲ့ရတဲ့နာက်င္မႈေတြကို သူ ဘယ္လိုနည္းနဲ႔မွ နားလည္ႏိုင္မွာမဟုတ္ဘူး။ သူက မုယန္မုန႔္ကို သူမကိုယ္ဝန္ရိွေနခ်ိန္မွာ ဓားနဲ႔ထိုးခဲ့ၿပီး သူမကို အရမ္းစိတ္ပ်က္သြားေစခဲ့တာမို႔ သူမက ျမစ္ထဲကိုခုန္ခ်သြားခဲ့တယ္!
နဉ္ရႈက စိုးရိမ္ေနတဲ့အမူအရာနဲ႔ေမးသည္။
"ဝမ္းကြဲအစ္ကို၊ ဒီေန့ အစ္ကို ဘယ္လိုေနလဲ?"
ဝမ္ရူဟြားက နဉ္ရႈကို စူးရဲစြာၾကၫ့္သည္။
"ငါမေသလို႔ မင္း အရမ္းစိတ္ပ်က္သြားမွာပဲ။"
"ဝမ္းကြဲအစ္ကို၊ အစ္ကို ဘာေတြေျပာေနတာလဲ? ခ်င္ရွန္းက ဘယ္လိုလုပ္ အစ္ကို႔ကို ေသေစခ်င္ရမွာလဲ? ခ်င္ရွန္း တကယ္ကို အဲ့လိုလုပ္ဖို႔မရည္ရြယ္ခဲ့ပါဘူး။ ၿပီးေတာ့ ဝမ္းကြဲအစ္ကိုက ညီမတဲထဲကို ညႀကီးသန္းေခါင္ဝင္လာလိမ့္မယ္လို႔ ဘယ္သူေတြးမိမွာလဲ? ညီမက အထဲဝင္ဖို႔ႀကိဳးစားေနတာက မေကာင္းတဲ့ရည္ရြယ္ခ်က္ေတြနဲ႔ ေခြးနဲ႔ေတာင္ႏိႈင္းယွဉ္လို႔မရႏိုင္တဲ့ လူေရၿခံဳထားတဲ့တိရစၧာန္တစ္ေကာင္ေကာင္ျဖစ္မယ္လို႔ ထင္လိုက္မိလို႔ တိုက္ခိုက္မိတာပါ။ ဝမ္းကြဲအစ္ကိုမွန္းသာ ညီမသိခဲ့ရင္ ညီမ ဒီလိုလံုးဝမလုပ္ပါဘူး။ ၿပီးေတာ့ ဝမ္းကြဲအစ္ကိုက ေျဖာင့္မတ္တဲ့လူရည္မြန္တစ္ေယာက္ပဲေလ၊ သားရဲလို႔ေတာင္မေခၚႏိုင္တဲ့ မေကာင္းတဲ့တိရစၧာန္မွမဟုတ္တာ။"
ဝမ္ရူဟြားရဲ့မ်က္ႏွာက ရက္စက္ေတာ့မၫ့္ပံုေပၚလာကာ သူက နဉ္ရႈကို စူးရဲစြာၾကၫ့္ရင္း အသက္ျပင္းျပင္းရႈ၏။
"ထြက္သြား! ငါ မင္းကို မျမင္ခ်င္ဘူး။"
နဉ္ရႈက အကူအညီကင္းမဲ့စြာျဖင့္ သက္ျပင္းခ်လိုက္ရင္း ဝမ္ရူဟြားကိုေစာင္ကူၿခံဳေပးလိုက္သည္။
"ဝမ္းကြဲအစ္ကို၊ ခ်င္ရွန္း အစ္ကို႔ကို ဒဏ္ရာရေအာင္လုပ္မိလို႔ အစ္ကိုစိတ္ဆိုးေနတာကို ခ်င္ရွန္းသိပါတယ္၊ ဒါေပမယ့္ ညီမ အားလံုးကို ေသခ်ာရွင္းေအာင္ ရွင္းျပၿပီးသြားၿပီေလ။ ၿပီးေတာ့ အစ္ကို ဟယ့္သခင္မေလးနဲ႔လက္ထပ္မယ့္ကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ခ်င္ရွန္းက ဟယ့္သခင္မေလးက အစ္ကို႔ကို အရမ္းသေဘာက်တာနဲ႔ ဟယ့္မိသားစုက အစ္ကို႔အသက္ကို ကယ္ခဲ့တာကို စဉ္းစားေပးခဲ့တာပါ။ ဒီလက္ထပ္မႈက အေတာ္ေလးယုတၲိရိွတယ္လို႔ ခ်င္ရွန္းထင္တယ္၊ ဒါေၾကာင့္မို႔ ခ်င္ရွန္းက အစ္ကို႔အတြက္ သေဘာတူေပးခဲ့တာပါ ဝမ္းကြဲအစ္ကို။ ဝမ္းကြဲအစ္ကို၊ ခ်င္ရွန္းကို ေက်းဇူးတင္စရာမလိုပါဘူး၊ ဒါေတြက ခ်င္ရွန္းလုပ္ေပးသင့္တာေတြပါပဲ။"
"ဒါေၾကာင့္မို႔ အစ္ကို ျပန္သက္သာလာဖို႔ကိုပဲ အာရံုစိုက္ထားသင့္တယ္။ အစ္ကို ျပန္ေကာင္းလာတာနဲ႔ ရြာလူႀကီးက အစ္ကို႔လက္ထပ္ပြဲကို စီစဉ္ေပးပါလိမ့္မယ္။"
နဉ္ရႈက ဝမ္ရူဟြားရဲ့ေဒါသထြက္ေနတဲ့အမူအရာကို လ်စ္လ်ူရႈကာဆိုသည္။
"ဝမ္းကြဲအစ္ကို၊ ေနာက္ဆံုးေတာ့ အစ္ကိုက အစ္ကို႔ရဲ့ေပ်ာ္ရႊင္မႈကို ရွာေဖြႏိုင္ခဲ့ၿပီမို႔ ခ်င္ရွန္း ပိုၿပီးစိတ္သက္သာသြားၿပီ။ ေနာက္ဆံုးေတာ့ ခ်င္ရွန္းလည္း စိတ္ထဲကဝန္ထုပ္ႀကီးတစ္ခုကို လႊတ္ခ်ႏိုင္ခဲ့ၿပီ။"
"ထြက္သြား၊ ထြက္သြားစမ္း!"
ဝမ္ရူဟြားရဲ့မ်က္လံုးေတြက ဒဏ္ရာရထားတဲ့ေတာရိုင္းေကာင္ႀကီးတစ္ေကာင္လို နီရဲေနကာ သူက ေအာ္လိုက္ေလ၏။
"ပိုင္ခ်င္ရွန္း၊ ဒီကေန ထြက္သြားစမ္း!"
"ေကာင္းပါၿပီ၊ အရမ္း ေဒါသမထြက္ပါနဲ႔၊ ညီမ အခုခ်က္ခ်င္း ထြက္သြားပါ့မယ္။"
နဉ္ရႈက ေနာက္ကိုပင္ျပန္လွၫ့္မၾကၫ့္ေတာ့ဘဲ ထြက္သြားေခ်၏။
ဝမ္ရူဟြားမွာ ေသလုမတတ္ေဒါသထြက္ေန၏။ ဒီဘဝမွာ သူ႔ရဲ့အဆိုးဆံုးကံက ပိုင္ခ်င္ရွန္းကိုေတြ့ခဲ့တာပဲလို႔ ေတြးေနမိသည္။ ဒီမိန္းမက သူ႔တစ္ဘဝလံုးကိုဖ်က္ဆီးခဲ့သည္။ သူ႔ကို စြန႔္ပစ္ၿပီးေနာက္ သူမက သူ႔ကိုျပန္လာရွာကာ သူ႔ဘဝကို ေနာက္တစ္ႀကိမ္ လံုးဝရႈပ္ေထြးသြားေစခဲ့သည္!
ထို႔အတြက္ ယခုအခ်ိန္၌ ဝမ္ရူဟြားမွာ အိပ္ရာထဲလဲေနရသၫ့္လူနာတစ္ေယာက္လို ေနထိုင္ေနခဲ့ရသည္။ ဟယ့္ေရွာင္ဟြားက ဝမ္ရူဟြားကို အေတယ္ေလးေကာင္းမြန္စြာဆက္ဆံသည္။ သူမက သူ႔အတြက္ ၾကက္သား၊ ဘဲသားနဲ႔ အျခားအာဟာရျဖစ္ေစမၫ့္အရာမ်ားကို သူ႔အတြက္ အၿမဲခ်က္ျပဳတ္ေပးတတ္ကာ ဝမ္ရူဟြားမွာ မင္းသားတစ္ပါးလိုပင္ ျပဳစုေစာင့္ေရွာက္ျခင္းခံေနရသည္။
သို႔ေသာ္လည္း ဝမ္ရူဟြားက ဟယ့္ေရွာင္ဟြားကို အထင္ေသးရြံရွာမႈေတြနဲ႔သာ ၾကၫ့္ေနဆဲျဖစ္၏။ ေဘးလူတစ္ေယာက္လိုသာ ရပ္ၾကၫ့္ေနခဲ့သၫ့္ နဉ္ရႈသည္ပင္ ဟယ့္ေရွာင္ဟြားရဲ့ႀကိဳးပမ္းမႈေတြက ဒါနဲ႔မတန္ဟု ခံစားလာရသည္။ ဒီလိုေယာက္်ားမ်ိဳးေတြက ရက္စက္ကာ သူတို႔ကိုယ္သူတို႔သာဂရုစိုက္တတ္ၾကသည္။ ဒီလိုေလာဘႀကီးၿပီး တစ္ကိုယ္ေကာင္းဆန္တဲ့ေယာက္်ားေတြကို မင္း ဘယ္ေလာက္ပဲေကာင္းေကာင္းမြန္မြန္ဆက္ဆံေနပါေစ သူတို႔က အသိအမွတ္ျပဳမည္မဟုတ္ေခ်။
နဉ္ရႈတစ္ေယာက္ မေနႏိုင္ေတာ့ဘဲ ဟယ့္ေရွာင္ဟြားကို ျပန္စဉ္းစားဖို႔ေျပာေသာ္လည္း ဟယ့္ေရွာင္ဟြားက ေခါင္းယမ္းကာ သူမက ဒါေတြကို ဆႏၵရိွရိွနဲ႔လုပ္ေနတာျဖစ္ေၾကာင္းဆို၏။ သူမ သခင္ေလးဝမ္နဲ႔အတူရိွေနႏိုင္ရတာကိုပင္ အလြန္ေပ်ာ္ရႊင္ေနၿပီး သူမတို႔လက္ထပ္ၿပီးသည္ႏွင့္ သူ႔ကို ေသခ်ာသင္ၾကားေပးကာ သူမကို ခ်စ္လာေအာင္လုပ္မည္ဟု သူမက ဆိုသည္။
ဟယ့္ေရွာင္ဟြားရဲ့ ရဲရင့္ျပတ္သားတဲ့အမူအရာကိုေတြ့သည္၌ နဉ္ရႈလုပ္ႏိုင္တာက စိတ္ရင္းမွန္ႏွင့္ ဆုေတာင္းေပးဖို႔သာရိွေတာ့သည္။
ဝမ္ရူဟြားရဲ့ဒဏ္ရာက အရမ္းနက္တာမို႔ မၾကာခဏဆိုသလို ေရာင္ရမ္းလာေလ့ရိွသည္။ သူက မၾကာခဏအဖ်ားတက္ေနတတ္၏။ ျပန္ေကာင္းမြန္လာဖို႔က အရမ္းကိုေနွးကာ ဒဏ္ရာက အရမ္းဆိုးသည္မို႔ ဝမ္ရူဟြားမွာ အရိုးေပၚအေရတင္ပိန္ပါးလာေတာ့သည္။ သူ႔ပါးေတြလည္း ပိန္က်သြားကာ လူမမာရုပ္ပိုေပါက္လာၿပီး အရင္ကထက္ပို၍ စိတ္ႏွလံုးၫွိုးခ်ံဳးလ်က္ရိွေခ်၏။
သူပိန္ကပ္လာခ်ိန္၌ သူ႔ရဲ့တစ္ခုတည္းေသာေကာင္းမြန္မႈျဖစ္သၫ့္ ရုပ္ရည္ကို ဆံုးရႈံးသြားသည္။
ထပ္ေျပာရလ်ွင္ ဝမ္ရူဟြားမွာ သည္တစ္ခ်ိန္လံုး ၫွိုးမိႈင္လ်က္ရိွေနသည္မို႔ သူ႔ေဘးပတ္လည္တြင္ အနက္ေရာင္ေရာင္ဝါမ်ား ရိွေနသည္။ မႈန္မိႈင္းေအးစက္ေနသၫ့္ သူ႔ပံုစံက လူေတြကို အလြန္အင္မတန္မွသက္ေတာင့္သက္သာမရိွေစသၫ့္ ခံစားခ်က္ကို ေပးစြမ္းေန၏။
...
Advertisement
- In Serial15 Chapters
Valor and Violence
Valor and Violence is a series of short stories following different, yet all equally colourful, characters set in the same world. Birth of a Legend, the first short, follows Captain Erskine Erwell, a newly promoted Captain in the Calandorian Royal Navy, charged with protecting his people from all who would do them harm. Great news for the Calandorian citizens, bad news for the Skjar reavers that ravage the shores in search of slaves. But when a small reaver fleet slips the net and escapes to the southern jungles of Marduk, Erwell must fight a war on two fronts; one against the raiders, and a far more difficult war against the hostile landscape. If he can't find allies in this strange land, he may end up being the one in need of saving. The first part of the second short story will be uploaded on Saturday, the 11th of June, following Ferez Ahud, an aspiring young battlemage charged with the unsavoury job of 'terminating' a rogue member of his college. But how this nobody of a mage became a fugitive remains a mystery, and when the answer is discovered, the tables are turned and the hunter becomes the prey. I'll be uploading chapters of more in-universe short stories each week or as close to, work permitting. Content Guidelines: course language and violence
8 99 - In Serial12 Chapters
We Never Use Our Powers for Anything Important
The world was once in peril. Wars were fought endlessly, creatures from beyond the Veil invaded the world, and greedy men almost tore the world apart. In the midst of all this madness, the world created Overseers— gifted people granted with unique powers. But that was a hundred years ago. Autumn Mountain Academy is the premier Overseer School in Japan. Here, thousands of the world's most powerful Overseers gather to learn how to harness their powers. But with the world already safe and peaceful, these gifted individuals can only use their incredible powers on the most mundane of things. Cheating in exams, playing pranks on one another, stealing some unlucky freshman's deliciously made bento— no rebellious deed is safe. Only one person is willing to fight against this juvenile idiocy— her name is Ayane Tsukino, a rare S Rank Overseer and president of the student council. Conditions in the school have improved because of her reign, because few people could challenge her overwhelming might. Enter is Hideaki Kimura, a boy interested in nothing but living a stereotypical high school life, maybe have it culminate with a cheesy romance if things go well for him. But his humble dream is shattered when he finds himself clashing with the most powerful Overseer in the school.
8 71 - In Serial72 Chapters
Orion
Faraway, a long time ago, Darkness prevailed amongst lands, scarring hearts and tainting happiness with pain. Homes were destroyed, lives lost. But just as a storm passes, the calm follows. And so the legends tell, through all of this, there would come a rest as the turmoil gets saved by he, brave enough to show a smile even at a time of distress. ~~~A work of Fantasy, entailing the life of Orion, who finds himself battling the dark forces thrown his way, while journeying to avenge the death of his father.With a broken heart, and all he had, his blade, he sets off on a quest far beyond his imaginations, accompanied by a group of people he knew to loathe.
8 173 - In Serial105 Chapters
Saviour
Fate and Destiny decide the path that rest ahead, but who's to say someone can't save you from either of those?Who's to say your story ends there?(Team Bucciarati x reader)Disclaimer: There will be spoilers. (Following the anime)I do not own JoJo's Bizarre Adventure. JoJo belongs to Hirohiko ArakiAchievements:#1 jjba 02/12/2021#1 jojosbizarreadventure 03/22/2021#1 Fugo 04/04/2021#1 GoldenWind 04/25/2021#1 Brunobucciarati 04/27/2021#1 Mista 05/08/2021#1 ventoaureo 05/12/2021#1 jojosbizarreadventure 05/20/2021#1 GoldenWind 09/03/2021
8 131 - In Serial25 Chapters
Sundown ⚣ 「k.th + p.jm」
Sundown (ˈsʌndaʊn) n the time in the evening when the sun disappears or daylight fades ♥ Sequal to DaybreakStart: 170823End: 171113© https-loona 2017
8 55 - In Serial35 Chapters
Madame Bovary
Madame Bovary. Madame Bovary is the debut novel of French writer Gustave Flaubert, published in 1856. The story focuses on a doctor's wife, Emma Bovary, who has adulterous affairs and lives beyond her means in order to escape the banalities and emptiness of provincial life.Cover done by @Emnabm2
8 142

