《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 97
Advertisement
[Unicode]
{သူက ငါနဲ့ခိုးရာလိုက်ပြေးချင်တယ်!}
တတိယနေ့မနက်ခင်းမှာ ရှားပါးလှစွာပင် နဉ်ရှုသည် အိပ်မနေဘဲ နေမြင့်လာချိန်၌ ခြံဝင်းအဝင်ဝမှာ စောင့်ဆိုင်းနေခဲ့လေ၏။ သူမက ယွဲ့လန်ကိုပင် ဗျောက်တွဲနှစ်တွဲချည်ထားဖို့ ပြောထားသေးသည်။
မကြာမီမှာပင် ပုံရိပ်နှစ်ခုက ဤဘက်ဆီဦးတည်လာနေတာကို သူမတွေ့လိုက်ရသည်။ ဟယ့်ရှောင်ဟွားက အရောင်အသွေးစုံလင်တောက်ပတဲ့အဝတ်အစားတွေကိုဝတ်ဆင်ထားပြီး ဝမ်ရူဟွားကတော့ အဝတ်အစားအသစ်တွေကို ဝတ်ဆင်ထားသည်။ သို့သော်လည်း ဝမ်ရူဟွားရဲ့မျက်နှာက အလွန်ပင်စိမ်းနေကာ ဟယ့်ရှောင်ဟွားရဲ့မျက်နှာကတော့ ကြည်လင်လို့နေ၏။ ဝမ်ရူဟွားက သူမကို ကောင်းကောင်းခစားတဲ့ပုံပဲ။
"ဗျောက်တွေကို မီးညှိလိုက်။"
နဉ်ရှုကပြောသည်။ ယွဲ့လန်က တုန်ရီနေကာ သတိကြီးကြီးထားလျက် ဗျောက်ကြိုးတွေကို မီးညှိလိုက်သည်။
အနှီကျယ်လောင်လှသည့်အသံတဖောင်းဖောင်း၏ ရုတ်တရက်ထွက်ပေါ်လာမှုက ဝမ်ရူဟွားနှင့်ဟယ့်ရှောင်ဟွားကို ထိတ်လန့်သွားစေသည်။ ဟယ့်ရှောင်ဟွားက အနည်းငယ်ရှက်ရွံ့နေဟန်ဖြင့် နဉ်ရှုကို ဝမ်းကွဲဟုနှုတ်ဆက်လာသည်။
နဉ်ရှုကလည်း ပျော်ရွှင်စွာဖြင့်ပင်နှုတ်ဆက်ကာ ဟယ့်ရှောင်ဟွားကိုလည်း ဝမ်းကွဲဟုခေါ်လိုက်သည်။ ဝမ်ရူဟွားရဲ့မျက်နှာက ချက်ချင်းပင်ဖြူရော်သွား၏။ ဒါက ဝမ်ရူဟွားက ပေါက်ကွဲစေနိုင်တဲ့စည်ပိုင်းကြီးလို့ ခံစားရစေသည်။ သူက ကိစ္စသေးသေးလေးတိုင်းကို ထိုကဲ့သို့အားကောင်းလှစွာတုန့်ပြန်လေ၏။
ဟယ့်ရှောင်ဟွားက လက်ဆောင်တစ်ချို့ထုတ်ယူလာပေးပြီးနောက် ဒီမှာ နေ့လည်စာစားဖို့လိုတာမို့ နေ့လည်စာပြင်ရန် မီးဖိုခန်းထဲဝင်သွားသည်။
နဉ်ရှုက ဝမ်ရူဟွားကိုမေးသည်။
"ဘယ်လိုနေလဲ ဝမ်းကွဲအစ်ကို? အစ်ကိုနဲ့ရှောင်ဟွားက အတော်လေးပျော်နေကြပုံပဲ။"
ဝမ်ရူဟွားရဲ့မျက်နှာက ရှုံ့မဲ့သွားကာ ထို့နောက်တွင်တော့ သူက နဉ်ရှုကို တကယ်ကြီးနွေးထွေးစွာပြုံးပြလာလေ၏။ ထိုအပြုံးကို နဉ်ရှုမြင်လိုက်သည့်ခဏ၌ ရွံရှာမှုကြောင့် သူမတစ်ကိုယ်လုံးအမွေးတွေထောင်ထသွားသည်။ အခု ဝမ်ရူဟွားရဲ့မျက်နှာက အရမ်းကိုချောင်ကျနေပြီး ဖြူရော်နေတာကြောင့် သူ့အပြုံးက အလွန်အင်မတန်မှပင် အတုယောင်ဆန်နေကာ ကြည့်မကောင်းပေ။
နဉ်ရှုက သူမနှုတ်ခမ်းကို လက်ဖြင့်ရိုက်လိုက်သည်။
"ဝမ်းကွဲအစ်ကို၊ အစ်ကို့ကြည့်ရတာ မျက်တွင်းတွေအရမ်းချောင်နေသလိုပဲ။"
"ဘယ်သူက ဒီလိုဖြစ်အောင်လုပ်တယ်လို့ မင်းထင်လို့လဲ!?"
ဝမ်ရူဟွားမှာ သူ့ကိုယ်သူမထိန်းနိုင်ဘဲ နဉ်ရှုကို အော်လိုက်မိသည်။
"ဘာဖြစ်လို့လဲ?"
ဟယ့်ရှောင်ဟွားက မီးဖိုခန်းထဲကနေ အိုးတစ်လုံးနဲ့ထွက်လာပြီး နဉ်ရှုနဲ့ဝမ်ရူဟွားကို ရှုပ်ထွေးနေဟန်ဖြင့်ကြည့်လာသည်။
ဝမ်ရူဟွားက ချက်ချင်းပြန်ဖြေသည်။
"ဘာမှမဖြစ်ဘူး။"
"ငါတို့ဝမ်းကွဲကို ကောင်းကောင်းစကားပြောပါ၊ ဘာလို့ သူ့ကို အော်နေတာတုန်း?"
ထိုသို့ပြောပြီးနောက် ဟယ့်ရှောင်ဟွားက မီးဖိုခန်းထဲပြန်ဝင်သွားသည်။
နဉ်ရှုက ဝမ်ရူဟွားကို ထူးဆန်းစွာကြည့်၏။
"ဝမ်းကွဲအစ်ကို၊ အစ်ကိုနဲ့ရှောင်ဟွားက တကယ်ကိုကောင်းကောင်းအဆင်ပြေနေကြပုံပဲ။"
အမှန်တော့ ဝမ်ရူဟွားက ဟယ့်ရှောင်ဟွားကို အနည်းငယ်ကြောက်ရွံ့နေပုံပေါ်သည်။ ဟယ့်ရှောင်ဟွားက တကယ်ပဲ ဝမ်ရူဟွားကို သုံးရက်အတွင်းမှာ ထိန်းချုပ်လိုက်နိုင်ပြီလား?
ဝမ်ရူဟွားက နဉ်ရှုလက်ကိုဆွဲရန် လက်ဆန့်လိုက်သော်လည်း နဉ်ရှုက သူမလက်တွေကို ခပ်ဝေးဝေးကိုရွှေ့လိုက်သည်။ ဝမ်ရူဟွားရဲ့မျက်နှာက ရှုံ့မဲ့သွားသော်လည်း သူက နွေးထွေးစွာပြောနေဆဲဖြစ်၏။
"ဝမ်းကွဲညီမ၊ ခိုးပြေးကြရအောင်။"
"ခွီး...အဟွတ် အဟွတ်။"
နဉ်ရှု သူမရင်ဘတ်ကိုထုလိုက်သည်။ သူမ တံတွေးသီးသွားပေ၏။
"အစ်ကို ဘာပြောနေတာလဲ?"
နဉ်ရှုက သူ့ကို အံ့အားသင့်ဟန်ဖြင့်ကြည့်လိုက်သည်။ ဝမ်ရူဟွားက သူမကို ချက်ချင်းပင် ပူဆွေးနေကာ စိတ်ခံစားချက်တို့ ကျန်နေသေးသည့်မျက်နှာဖြင့်ကြည့်လာသည်။ သူ့မျက်ဝန်းတွေထဲမှာ နောင်တတရား၊ နက်ရှိုင်းသောချစ်ခြင်းနှင့် အကူအညီကင်းမဲ့နေမှုတို့ပါဝင်နေကာ သူကပြောလာသည်။
"ဝမ်းကွဲညီမ၊ အခု အစ်ကို တကယ်နောင်တရနေပါပြီ။ အရင်က အစ်ကို ခေါင်းမာမာနဲ့ ညီမကို လက်ခံဖို့ မငြင်းဆန်ခဲ့သင့်ဘူး။ အစ်ကို ဟယ့်ရှောင်ဟွားကို လက်ထပ်ပြီးမှ ညီမကသာ အစ်ကိုအမြဲတမ်းချစ်ခဲ့ရတဲ့ သူဆိုတာ သိလိုက်ရတယ်။ အစ်ကိုလုပ်ခဲ့တာတွေအားလုံးက ညီမကို ဂရုစိုက်လို့ပါ။ ဝမ်းကွဲညီမ၊ သွားကြရအောင်။ လောကကြီးထဲကို ခရီးထွက်ကြရအောင်။ ညီမ အစ်ကို့ကို နန်းတွင်းစာမေးပွဲဖြေစေချင်ရင် အစ်ကို ဖြေပါ့မယ်။ အစ်ကို ညီမနဲ့ ထာဝရအတူရှိနေချင်ရုံပါ။"
နဉ်ရှု : ...
လုံးဝကို ဆွံ့အနေပြီ။
"ဒါပေမယ့် အစ်ကိုက ဝမ်းကွဲရှောင်ဟွားကို လက်ထပ်ပြီးသွားပြီလေ၊ အစ်ကို ဘယ်လိုလုပ် သူ့ကို စွန့်ပစ်နိုင်ရတာလဲ? သူ လောကကြီးထဲမှာ ဘယ်လိုမျက်နှာပြနိုင်တော့မှာလဲ?"
နဉ်ရှုက ရွံရှာနေသည့်လေသံဖြင့်ဆို၏။
ဝမ်ရူဟွားက လက်ယမ်းသည်။
"ရှောင်ဟွားက အစ်ကိုနဲ့ဘာဆိုင်လဲ? အစ်ကို သူ့ကိုလက်ထပ်ရတာက အတင်းအကြပ်ဖိအားပေးခံရလို့ပဲ။ အစ်ကို သူ့ကို လုံးဝမချစ်ဘူး။ ဝမ်းကွဲညီမ၊ ဒီနေရာကနေ အတူတူထွက်သွားကြရအောင်။"
"ဝမ်းကွဲအစ်ကို၊ ဘာတွေများဖြစ်ခဲ့တာလဲ? အစ်ကို ညီမကိုပြောပြရင် ညီမတို့ အတူတူအကြံထုတ်လို့ရတယ်လေ။ အစ်ကိုအရမ်းနာကျင်နေရတာကိုမြင်ရတာ ချင်ရှန်းလည်း စိတ်မကောင်းဘူး။"
နဉ်ရှုက နူးညံ့စွာဆိုသည်။
ဝမ်ရူဟွားက အံကြိတ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီးဆို၏။
"ချင်ရှန်း၊ ဟယ့်ရှောင်ဟွားလို ထိန်းသိမ်းမရတဲ့မိန်းမမျိုးကို အစ်ကို တစ်ခါမှမတွေ့ဖူးဘူး။ ကုတင်ပေါ်မှာဆို သူက မယုံနိုင်လောက်အောက်ကြမ်းတမ်းတယ်၊ သူက အစ်ကို့ခံစားချက်တွေကို ဂရုမစိုက်ဘူး၊ ပြီးတော့ သူက အမြဲတမ်းအရမ်းစိတ်လှုပ်ရှားနေတာပဲ။ အစ်ကို ဟယ့်ရှောင့်ဟွားအပေါ်မှာ ခံစားချက်မရှိဘူးဆိုတာ ညီမလည်းသိသင့်ပါတယ်။ အစ်ကို သူနဲ့လုံးဝမဆက်ဆံချင်ဘူး။ ချင်ရှန်း၊ အစကနေအဆုံးထိ ညီမကသာ အစ်ကိုချစ်ရတဲ့သူပါ။ အစ်ကို ဟယ့်ရှောင်ဟွားအပေါ် နည်းနည်းလေးမှခံစားချက်မရှိပေမယ့် သူက အစ်ကို့ခံစားချက်တွေကို ဘယ်တုန်းကမှထည့်မစဉ်းစားခဲ့ဘူး။"
နင်က အဲ့ဒါနဲ့ထိုက်တန်တယ်။ နင်ရော မုယန်မုန့်ကို မတရားကျင့်နေတုန်းက သူ့ခံစားချက်တွေကို ထည့်စဉ်းစားပေးဖူးလို့လား?
နဉ်ရှုက မီးဖိုဘက်ကိုလှမ်းအော်လိုက်သည်။
"ဝမ်းကွဲရှောင်ဟွား၊ ငါ့ဝမ်းကွဲအစ်ကိုက ငါနဲ့အတူခိုးရာလိုက်ပြေးချင်တယ်လို့ပြောနေတယ်! သူက ငါနဲ့ခိုးရာလိုက်ပြေးချင်နေတယ်!"
...
[Zawgyi]
{သူက ငါနဲ႔ခိုးရာလိုက္ေျပးခ်င္တယ္!}
တတိယေန့မနက္ခင္းမွာ ရွားပါးလွစြာပင္ နဉ္ရႈသည္ အိပ္မေနဘဲ ေနျမင့္လာခ်ိန္၌ ၿခံဝင္းအဝင္ဝမွာ ေစာင့္ဆိုင္းေနခဲ့ေလ၏။ သူမက ယြဲ႔လန္ကိုပင္ ေဗ်ာက္တြဲႏွစ္တြဲခ်ည္ထားဖို႔ ေျပာထားေသးသည္။
Advertisement
မၾကာမီမွာပင္ ပံုရိပ္ႏွစ္ခုက ဤဘက္ဆီဦးတည္လာေနတာကို သူမေတြ့လိုက္ရသည္။ ဟယ့္ေရွာင္ဟြားက အေရာင္အေသြးစံုလင္ေတာက္ပတဲ့အဝတ္အစားေတြကိုဝတ္ဆင္ထားၿပီး ဝမ္ရူဟြားကေတာ့ အဝတ္အစားအသစ္ေတြကို ဝတ္ဆင္ထားသည္။ သို႔ေသာ္လည္း ဝမ္ရူဟြားရဲ့မ်က္ႏွာက အလြန္ပင္စိမ္းေနကာ ဟယ့္ေရွာင္ဟြားရဲ့မ်က္ႏွာကေတာ့ ၾကည္လင္လို႔ေန၏။ ဝမ္ရူဟြားက သူမကို ေကာင္းေကာင္းခစားတဲ့ပံုပဲ။
"ေဗ်ာက္ေတြကို မီးၫွိလိုက္။"
နဉ္ရႈကေျပာသည္။ ယြဲ႔လန္က တုန္ရီေနကာ သတိႀကီးႀကီးထားလ်က္ ေဗ်ာက္ႀကိဳးေတြကို မီးၫွိလိုက္သည္။
အႏွီက်ယ္ေလာင္လွသၫ့္အသံတေဖာင္းေဖာင္း၏ ရုတ္တရက္ထြက္ေပၚလာမႈက ဝမ္ရူဟြားႏွင့္ဟယ့္ေရွာင္ဟြားကို ထိတ္လန႔္သြားေစသည္။ ဟယ့္ေရွာင္ဟြားက အနည္းငယ္ရွက္ရြံ႔ေနဟန္ျဖင့္ နဉ္ရႈကို ဝမ္းကြဲဟုႏႈတ္ဆက္လာသည္။
နဉ္ရႈကလည္း ေပ်ာ္ရႊင္စြာျဖင့္ပင္ႏႈတ္ဆက္ကာ ဟယ့္ေရွာင္ဟြားကိုလည္း ဝမ္းကြဲဟုေခၚလိုက္သည္။ ဝမ္ရူဟြားရဲ့မ်က္ႏွာက ခ်က္ခ်င္းပင္ျဖဴေရာ္သြား၏။ ဒါက ဝမ္ရူဟြားက ေပါက္ကြဲေစႏိုင္တဲ့စည္ပိုင္းႀကီးလို႔ ခံစားရေစသည္။ သူက ကိစၥေသးေသးေလးတိုင္းကို ထိုကဲ့သို႔အားေကာင္းလွစြာတုန႔္ျပန္ေလ၏။
ဟယ့္ေရွာင္ဟြားက လက္ေဆာင္တစ္ခ်ိဳ႕ထုတ္ယူလာေပးၿပီးေနာက္ ဒီမွာ ေန့လည္စာစားဖို႔လိုတာမို႔ ေန့လည္စာျပင္ရန္ မီးဖိုခန္းထဲဝင္သြားသည္။
နဉ္ရႈက ဝမ္ရူဟြားကိုေမးသည္။
"ဘယ္လိုေနလဲ ဝမ္းကြဲအစ္ကို? အစ္ကိုနဲ႔ေရွာင္ဟြားက အေတာ္ေလးေပ်ာ္ေနၾကပံုပဲ။"
ဝမ္ရူဟြားရဲ့မ်က္ႏွာက ရႈံ႔မဲ့သြားကာ ထို႔ေနာက္တြင္ေတာ့ သူက နဉ္ရႈကို တကယ္ႀကီးေနြးေထြးစြာၿပံဳးျပလာေလ၏။ ထိုအၿပံဳးကို နဉ္ရႈျမင္လိုက္သၫ့္ခဏ၌ ရြံရွာမႈေၾကာင့္ သူမတစ္ကိုယ္လံုးအေမြးေတြေထာင္ထသြားသည္။ အခု ဝမ္ရူဟြားရဲ့မ်က္ႏွာက အရမ္းကိုေခ်ာင္က်ေနၿပီး ျဖဴေရာ္ေနတာေၾကာင့္ သူ႔အၿပံဳးက အလြန္အင္မတန္မွပင္ အတုေယာင္ဆန္ေနကာ ၾကၫ့္မေကာင္းေပ။
နဉ္ရႈက သူမႏႈတ္ခမ္းကို လက္ျဖင့္ရိုက္လိုက္သည္။
"ဝမ္းကြဲအစ္ကို၊ အစ္ကို႔ၾကၫ့္ရတာ မ်က္တြင္းေတြအရမ္းေခ်ာင္ေနသလိုပဲ။"
"ဘယ္သူက ဒီလိုျဖစ္ေအာင္လုပ္တယ္လို႔ မင္းထင္လို႔လဲ!?"
ဝမ္ရူဟြားမွာ သူ႔ကိုယ္သူမထိန္းႏိုင္ဘဲ နဉ္ရႈကို ေအာ္လိုက္မိသည္။
"ဘာျဖစ္လို႔လဲ?"
ဟယ့္ေရွာင္ဟြားက မီးဖိုခန္းထဲကေန အိုးတစ္လံုးနဲ႔ထြက္လာၿပီး နဉ္ရႈနဲ႔ဝမ္ရူဟြားကို ရႈပ္ေထြးေနဟန္ျဖင့္ၾကၫ့္လာသည္။
ဝမ္ရူဟြားက ခ်က္ခ်င္းျပန္ေျဖသည္။
"ဘာမွမျဖစ္ဘူး။"
"ငါတို႔ဝမ္းကြဲကို ေကာင္းေကာင္းစကားေျပာပါ၊ ဘာလို႔ သူ႔ကို ေအာ္ေနတာတုန္း?"
ထိုသို႔ေျပာၿပီးေနာက္ ဟယ့္ေရွာင္ဟြားက မီးဖိုခန္းထဲျပန္ဝင္သြားသည္။
နဉ္ရႈက ဝမ္ရူဟြားကို ထူးဆန္းစြာၾကၫ့္၏။
"ဝမ္းကြဲအစ္ကို၊ အစ္ကိုနဲ႔ေရွာင္ဟြားက တကယ္ကိုေကာင္းေကာင္းအဆင္ေျပေနၾကပံုပဲ။"
အမွန္ေတာ့ ဝမ္ရူဟြားက ဟယ့္ေရွာင္ဟြားကို အနည္းငယ္ေၾကာက္ရြံ႔ေနပံုေပၚသည္။ ဟယ့္ေရွာင္ဟြားက တကယ္ပဲ ဝမ္ရူဟြားကို သံုးရက္အတြင္းမွာ ထိန္းခ်ဳပ္လိုက္ႏိုင္ၿပီလား?
ဝမ္ရူဟြားက နဉ္ရႈလက္ကိုဆြဲရန္ လက္ဆန႔္လိုက္ေသာ္လည္း နဉ္ရႈက သူမလက္ေတြကို ခပ္ေဝးေဝးကိုေရႊ့လိုက္သည္။ ဝမ္ရူဟြားရဲ့မ်က္ႏွာက ရႈံ႔မဲ့သြားေသာ္လည္း သူက ေနြးေထြးစြာေျပာေနဆဲျဖစ္၏။
"ဝမ္းကြဲညီမ၊ ခိုးေျပးၾကရေအာင္။"
"ခြီး...အဟြတ္ အဟြတ္။"
နဉ္ရႈ သူမရင္ဘတ္ကိုထုလိုက္သည္။ သူမ တံေတြးသီးသြားေပ၏။
"အစ္ကို ဘာေျပာေနတာလဲ?"
နဉ္ရႈက သူ႔ကို အံ့အားသင့္ဟန္ျဖင့္ၾကၫ့္လိုက္သည္။ ဝမ္ရူဟြားက သူမကို ခ်က္ခ်င္းပင္ ပူေဆြးေနကာ စိတ္ခံစားခ်က္တို႔ က်န္ေနေသးသၫ့္မ်က္ႏွာျဖင့္ၾကၫ့္လာသည္။ သူ႔မ်က္ဝန္းေတြထဲမွာ ေနာင္တတရား၊ နက္ရိႈင္းေသာခ်စ္ျခင္းႏွင့္ အကူအညီကင္းမဲ့ေနမႈတို႔ပါဝင္ေနကာ သူကေျပာလာသည္။
"ဝမ္းကြဲညီမ၊ အခု အစ္ကို တကယ္ေနာင္တရေနပါၿပီ။ အရင္က အစ္ကို ေခါင္းမာမာနဲ႔ ညီမကို လက္ခံဖို႔ မျငင္းဆန္ခဲ့သင့္ဘူး။ အစ္ကို ဟယ့္ေရွာင္ဟြားကို လက္ထပ္ၿပီးမွ ညီမကသာ အစ္ကိုအၿမဲတမ္းခ်စ္ခဲ့ရတဲ့ သူဆိုတာ သိလိုက္ရတယ္။ အစ္ကိုလုပ္ခဲ့တာေတြအားလံုးက ညီမကို ဂရုစိုက္လို႔ပါ။ ဝမ္းကြဲညီမ၊ သြားၾကရေအာင္။ ေလာကႀကီးထဲကို ခရီးထြက္ၾကရေအာင္။ ညီမ အစ္ကို႔ကို နန္းတြင္းစာေမးပြဲေျဖေစခ်င္ရင္ အစ္ကို ေျဖပါ့မယ္။ အစ္ကို ညီမနဲ႔ ထာဝရအတူရိွေနခ်င္ရံုပါ။"
နဉ္ရႈ : ...
လံုးဝကို ဆြံ႔အေနၿပီ။
"ဒါေပမယ့္ အစ္ကိုက ဝမ္းကြဲေရွာင္ဟြားကို လက္ထပ္ၿပီးသြားၿပီေလ၊ အစ္ကို ဘယ္လိုလုပ္ သူ႔ကို စြန႔္ပစ္ႏိုင္ရတာလဲ? သူ ေလာကႀကီးထဲမွာ ဘယ္လိုမ်က္ႏွာျပႏိုင္ေတာ့မွာလဲ?"
နဉ္ရႈက ရြံရွာေနသၫ့္ေလသံျဖင့္ဆို၏။
ဝမ္ရူဟြားက လက္ယမ္းသည္။
"ေရွာင္ဟြားက အစ္ကိုနဲ႔ဘာဆိုင္လဲ? အစ္ကို သူ႔ကိုလက္ထပ္ရတာက အတင္းအၾကပ္ဖိအားေပးခံရလို႔ပဲ။ အစ္ကို သူ႔ကို လံုးဝမခ်စ္ဘူး။ ဝမ္းကြဲညီမ၊ ဒီေနရာကေန အတူတူထြက္သြားၾကရေအာင္။"
"ဝမ္းကြဲအစ္ကို၊ ဘာေတြမ်ားျဖစ္ခဲ့တာလဲ? အစ္ကို ညီမကိုေျပာျပရင္ ညီမတို႔ အတူတူအႀကံထုတ္လို႔ရတယ္ေလ။ အစ္ကိုအရမ္းနာက်င္ေနရတာကိုျမင္ရတာ ခ်င္ရွန္းလည္း စိတ္မေကာင္းဘူး။"
နဉ္ရႈက ႏူးညံ့စြာဆိုသည္။
ဝမ္ရူဟြားက အံႀကိတ္ကာ အသက္ျပင္းျပင္းရႉလိုက္ၿပီးဆို၏။
"ခ်င္ရွန္း၊ ဟယ့္ေရွာင္ဟြားလို ထိန္းသိမ္းမရတဲ့မိန္းမမ်ိဳးကို အစ္ကို တစ္ခါမွမေတြ့ဖူးဘူး။ ကုတင္ေပၚမွာဆို သူက မယံုႏိုင္ေလာက္ေအာက္ၾကမ္းတမ္းတယ္၊ သူက အစ္ကို႔ခံစားခ်က္ေတြကို ဂရုမစိုက္ဘူး၊ ၿပီးေတာ့ သူက အၿမဲတမ္းအရမ္းစိတ္လႈပ္ရွားေနတာပဲ။ အစ္ကို ဟယ့္ေရွာင့္ဟြားအေပၚမွာ ခံစားခ်က္မရိွဘူးဆိုတာ ညီမလည္းသိသင့္ပါတယ္။ အစ္ကို သူနဲ႔လံုးဝမဆက္ဆံခ်င္ဘူး။ ခ်င္ရွန္း၊ အစကေနအဆံုးထိ ညီမကသာ အစ္ကိုခ်စ္ရတဲ့သူပါ။ အစ္ကို ဟယ့္ေရွာင္ဟြားအေပၚ နည္းနည္းေလးမွခံစားခ်က္မရိွေပမယ့္ သူက အစ္ကို႔ခံစားခ်က္ေတြကို ဘယ္တုန္းကမွထၫ့္မစဉ္းစားခဲ့ဘူး။"
နင္က အဲ့ဒါနဲ႔ထိုက္တန္တယ္။ နင္ေရာ မုယန္မုန႔္ကို မတရားက်င့္ေနတုန္းက သူ႔ခံစားခ်က္ေတြကို ထၫ့္စဉ္းစားေပးဖူးလို႔လား?
နဉ္ရႈက မီးဖိုဘက္ကိုလွမ္းေအာ္လိုက္သည္။
"ဝမ္းကြဲေရွာင္ဟြား၊ ငါ့ဝမ္းကြဲအစ္ကိုက ငါနဲ႔အတူခိုးရာလိုက္ေျပးခ်င္တယ္လို႔ေျပာေနတယ္! သူက ငါနဲ႔ခိုးရာလိုက္ေျပးခ်င္ေနတယ္!"
...
Advertisement
- In Serial12 Chapters
Dungeon Divided
How hard would it be for humans to reach another unniverse? It's a more common occurence than you'd think Now imagine making that journey without any kind of special suit or magic wormhole or divine being protecting you. The chances of survival are slim and those unlucky few that do reach their destination, well let's just say they're not quite the same people who began their journey. Liam dies during a colision with a truck; to be precise he was the one who drove said truck into a lamppost. The manner of his death aside he is reborn after having his brain squeezed through the proverbial ringer of interdimensional transference, and to add insult to injury is forced into the body of a dungeon core (one of those things responsible for building fantasy type dungeons, labyrinths, mazes .etc). What follows are the adventures of a mentally unstable dungeon core - you have been warned.
8 283 - In Serial6 Chapters
Marked (The Crystal Saga series book 2)
Will she be dominated and forced into submission or will she choose her own path?Durango, Old Colorado 3648Zoree is one of the lucky ones who live in the safety of the West Needle Mountain. Due to the extreme global devastation, the surviving humans had no choice but to move to higher grounds. When an alien ship unexpectedly descends over the town, Zoree's simple life would drastically change from being a hunter to a protector of souls. By duty and requisition, Rogan is required to capture and collect humans and deliver them to his home planet. Upon delivery, the humans are sold to the cyborgs. As Captain, his highly respected position gives him the best life he can ask for. Still, there's something missing from his perfect life, something he wants the most. By meeting Zoree, an old bittersweet memory resurfaces within Rogan. The green-eyed beauty with her unpredictable attitude will capture his heart, which comes with an ultimate price when his long time nemesis set his sights on Zoree.
8 200 - In Serial6 Chapters
Infested
In a world where Super human powers are almost guaranteed at birth, one boy was not gifted but rather plagued with the misfortune of the """"Zero Gene"""" case. Punished and tortured by those around him, just because of his mere existence, he uses rage and anguish as a fuel to claim his revenge on those who caused him such pain.*This is my first ever fanfic; if it turns out to be bad, I will delete and try to make a new story**Strong language**Fanfic inspired by venom from marvel*
8 89 - In Serial6 Chapters
Heart cultivator
James has a strange addiction to eating trucks but one day they decide to take revenge and send him to another world with such a strong blow. he wakes up in a dying body and without a dantian, what will happen next can only be discovered by reading.
8 174 - In Serial38 Chapters
Pure Heart {EJ x Reader}
My first ever Wattpad story! I have never done this before and I'm so excited about it! -Description: (Y/n) is depressed with her sad life, mother hates her while her father left when she was young. She gets bullied everyday without mercy, (Y/n) is tired of it and wants to die but she's too scared to do anything about it so she waits. She gets away from her mother for the weekend and decides to stay at a cabin she used to visit a long time ago, after hearing sounds at night she decides to investigate it. Soon after she saves a random guy that was being attacked by a demon, she is happy but soon the man attacks her that she saved. She doesn't resist though, she wanted this so she let's him but he hesitates. He's never hesitated before so...Why now?An adventure awaits you and Jack filled with Romance, Humor, Adventure, Drama, Horror, etc.-----!⚠️ Cringe¡{Cover edited by me, Art belongs to owner}[#14 in eyeless Jack in 2019](1st of the CP series)
8 552 - In Serial29 Chapters
Football Girl
Ayanna Jones has always loved football. She loves playing it, she loves watching it. That's why her friends call her Football Girl.As she settles into a new life with new friends and a new school, she decides to try out for football.The guys on the team give her a hard time especially quarterback, Bryson Stiles. And the coach pushes her harder than the guys and treats her unfairly... But can she prove to them that she deserves to be part of the team?
8 199

