《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 99
Advertisement
[Unicode]
{ဟယ့်ရှောင်ဟွားကို ဖယ်ထုတ်ခြင်း}
သူမ ဘာကြောင့် မကောင်းတဲ့စိတ်ခံစားချက်တွေရနေလဲဆိုတာကို နဉ်ရှု ချက်ချင်းသဘောပေါက်သွားသည်။ အမှန်တော့ ဝမ်ရူဟွားက အမျိုးသားဇာတ်လိုက်ဖြစ်ပြီး အမျိုးသမီးဇာတ်လိုက်နဲ့ရှိနေရမည်ဖြစ်၏။ သို့သော်လည်း သူက ဟယ့်ရှောင်ဟွားကို လက်ထပ်လိုက်ရသည်။ ကိစ္စတွေက မူလဇာတ်ကြောင်းနဲ့ အင်မတန်မှပင်သွေဖည်လို့နေ၏။
ဇာတ်ကြောင်းကိုပြန်တည့်မတ်ရန်အတွက် ဇာတ်ကြောင်းက ဇနီးဖြစ်သူ ဟယ့်ရှောင်ဟွားကို ဖယ်ထုတ်ပစ်ရမည်ဖြစ်သည်။ ဒါကြောင့်မို့ သူမ ထွက်သွားဖို့ဆုံးဖြတ်လိုက်ပြီးနောက်မှာ ဓားပြတွေ ညကြီးသန်းခေါင်ပေါ်လာရခြင်းဖြစ်သည်။ တကယ်ကြီး။
ဇာတ်ကြောင်းက ရူးသွားပြီ။
ပြီးတော့ အဲ့ဒါက သူမကြောင့်တဲ့။
"ယွဲ့လန်၊ မြန်မြန်ပုန်းလိုက်။ ထားလိုက်တော့၊ သက်တော်စောင့်၊ ယွဲ့လန်ကို ရှင်နဲ့အတူခေါ်သွားပြီးပုန်းနေ။ ပြီးမှ ကျွန်မကိုလာရှာလို့ရတယ်။"
နဉ်ရှုက သူမရဲ့အဝတ်ထုပ်ကို ယွဲ့လန်လက်ထဲ ထိုးထည့်ပေးလိုက်သည်။
ယွဲ့လန်ရဲ့သွားတွေက အချင်းချင်းရိုက်ခတ်နေကြပြီး သူမက အဝတ်ထုပ်ကိုယူကာ တင်းကြပ်စွာဖက်ထားလိုက်သည်။ သူမက စိုးရိမ်တကြီးမေးသည်။
"မမလေးကရော? အတူတူသွားရအောင်ပါ မမလေး။ ဒီဓားပြတွေက မျက်တောင်တစ်ချက်တောင်မခတ်ဘဲလူသတ်တဲ့သူတွေ။"
"နင့်ရဲ့သက်တော်စောင့်အစ်ကိုကြီးနဲ့ပုန်းဖို့နေရာအရင်ရှာ။ နင့်မမလေးမှာ အရင်ဆုံးလုပ်စရာတစ်ခုရှိနေသေးတယ်။"
ထို့နောက် နဉ်ရှုက သက်တော်စောင့်ဘက်ကိုလှည့်သည်။
"ယွဲ့လန်ကို ဒီကနေခေါ်သွား၊ မြန်မြန်။"
လျှို့ဝှက်သက်တော်စောင့်က ယွဲ့လန်ကို ချက်ချင်းပင်ဆွဲခေါ်သွားကာ ညအမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွား၏။
နဉ်ရှုက အသက်ပြင်းပြင်းရှူလိုက်ကာ ရွာလူကြီးရဲ့အိမ်ဆီကို သွားလိုက်သည်။ သူမ အနီးနားမှာ ပုန်းစရာနေရာတစ်ခုတွေ့လိုက်ရသည်။ လူတစ်စုက ရွာလူကြီးရဲ့အိမ်အဝင်ဝကိုပိတ်ဆို့ထားကာ လူတစ်ယောက်က မြင်းပေါ်မှာရှိနေသည်။ တစ်ခြားလူတွေအားလုံးက လမ်းလျှောက်နေကြသည်မို့ သူက ခေါင်းဆောင်ဖြစ်ပုံပေါ်သည်။
လက်ရှိတွင်တော့ ရွာလူကြီး၊ ဟယ့်တာ့ဟွား၊ ဟယ့်ရှောင်ဟွား နှင့် ဝမ်ရူဟွားတို့ပါဝင်သည့် ရွာလူကြီးမိသားစုမှာ အဖမ်းခံထားရသည်။
ဟယ့်တာ့ဟွားက သူ့ရဲ့ပေါက်ဖတ်လိုမျက်ခုံးကြီးတွေကိုတွန့်ကုပ်ကာ ဓားပြခေါင်းဆောင်ကိုပြောသည်။
"လူကြီးမင်းတို့က ဒီမှာ လုပ်စရာရှိလို့လား? လာလည်တဲ့သူအားလုံးက ဧည့်သည်တွေပါပဲ။ အထဲဝင်ပြီး ရေတစ်ခွက်လောက်သောက်ကြပါဦး!"
"မင်းက ငါတို့ကို ရေလေးတစ်ခွက်နဲ့နှင်ထုတ်ချင်တယ်ပေါ့?"
ဓားပြခေါင်းဆောင်က လူသတ်လိုစိတ်ပြင်းပြစွာဖြင့်ဆိုသည်။
ဟယ့်တာ့ဟွားမှာ အလွန်ပင်ကြောက်ရွံ့နေပုံပေါ်ပြီး လိုက်လိုက်လျောလျောပြန်ဖြေသည်။
"ရေလေးတစ်ခွက်တည်းမဟုတ်တာ သေချာတာပေါ့! အခုက အရမ်းနောက်ကျနေပြီ၊ ခင်ဗျားတို့ ပင်ပန်းနေမှာပဲ။ အရက်ကောင်းတွေနဲ့မြည်းစရာတွေကို ချက်ချင်းပြင်ပေးပါ့မယ်!"
"အရက်နဲ့အမြည်းက မလုံလောက်သေးဘူး၊ မိန်းမတွေလည်းလိုတယ်။ ဒီမိန်းမက ငါ့ကိုခစားလို့ရတယ်၊ အခု ရွာထဲက ကျန်တဲ့မိန်းမတွေကိုခေါ်လိုက်!"
ဓားပြခေါင်းဆောင်က မောက်မာစွာဆိုသည်။
ရွာလူကြီးက ချက်ချင်းပင်ငြင်းဆန်တော့သည်။
"ဆုတောင်းလေ တိရစ္ဆာန်ကောင်! ငါ့ရွာထဲက မိန်းကလေးတွေကိုထိချင်ရင် ငါ့အလောင်းပေါ်က ကျော်သွားမှရမယ်!"
"သောက်အဖိုးကြီး၊ ကျုပ် ခင်ဗျားသမီးကို ကျုပ်ကိုချက်ချင်းခစားခိုင်းမယ်!"
ဓားပြခေါင်းဆောင်က မြင်းပေါ်ကခုန်ဆင်းကာ ဟယ့်ရှောင်ဟွားရဲ့အဝတ်တွေကို စုတ်ဖြဲဖို့လုပ်သည်။
ဟယ့်ရှောင်ဟွားက အော်သည်။ သူမဘေးရှိ ဝမ်ရူဟွား၏အကြည့်မှာ လက်ခနဲဖြစ်သွားပြီး သူက ဓားပြခေါင်းဆောင်ကို လှမ်းအော်သည်။
"ခဏလေး။"
ဝမ်ရူဟွား စကားပြောလိုက်တာကို နဉ်ရှုတွေ့တဲ့အခါ သူက ဒီတစ်ခါတော့ ယောက်ျားပီပီသသနဲ့ သူ့အမျိုးသမီးကို ကာကွယ်ဖို့ ထရပ်တော့မည်ဟု သူမတွေးလိုက်မိသည်။
"မင်း ဘာလိုချင်လို့လဲ?"
ဓားပြခေါင်းဆောင်က ဝမ်ရူဟွားကိုကြည့်သည်။ ဝမ်ရူဟွားက စာသင်သားတစ်ယောက်ရဲ့ယဉ်ကျေးရည်မွန်တဲ့ဟန်နဲ့ ဓားပြခေါင်းဆောင်ကို လက်သီးဆုပ်ကာ အရိုအသေပေးသည်။
"ခင်ဗျားတို့လိုချင်တာ ပစ္စည်းဥစ္စာတွေဖြစ်မယ်။ ကျွန်တော် ဒီအိမ်ထဲမှာဖွက်ထားတဲ့ အဖိုးတန်ပစ္စည်းတွေအားလုံးသိတယ်။ ကျွန်တော် ခင်ဗျားတို့ကို ခေါ်သွားပေးနိုင်တယ်၊ ဒါပေမယ့် ခင်ဗျားတို့က ကျွန်တော့်ကို ခင်ဗျားတို့အဖွဲ့ထဲဝင်ခွင့်ပြုရမယ်။ ကျွန်တော် အရင်က နည်းဗျူဟာတွေ လေ့လာဖူးတယ်၊ ကျွန်တော် ခင်ဗျားရဲ့ဗျူဟာအကြံပေးလုပ်နိုင်တယ်။"
ဝမ်ရူဟွားရဲ့စကားတွေက ဟယ့်မိသားစုဝင်တွေနဲ့ နဉ်ရှုကို တောင့်တင်းသွားစေသည်။
"ကောင်းတယ်၊ ကောင်းတယ်၊ ငါတို့အဖွဲ့က လူတိုင်းကိုကြိုဆိုတယ်။ ပြီးတော့ မင်းက စာသင်သားတစ်ယောက်ဆိုတော့ ပိုကောင်းတာပေါ့! အခုကစပြီး မင်းက ငါတို့အကြံပေးပဲ။"
ဓားပြခေါင်းဆောင်က ဝမ်ရူဟွားရဲ့ပခုံးကိုပုတ်သည်။
ဝမ်ရူဟွားက ပြုံးလိုက်သော်လည်း သူ့အပြုံးမှာ အေးစက်ကာ ချောက်ခြားဖွယ်ကောင်း၏။ သူက မြေပေါ်ကဓားကိုကောက်ယူလိုက်ကာ ဓားပြခေါင်းဆောင်ကိုပြောသည်။
"ကျွန်တော့်မှာ တောင်းဆိုချက်တစ်ခုရှိတယ်၊ ကျွန်တော် ဒီမိန်းမကို ကျွန်တော့်လက်နဲ့သတ်ချင်တယ်။"
သူ ဒီစကားကို မှောင်မိုက်တဲ့အမူအရာနဲ့ပြောလိုက်ချိန်မှာ ဝမ်ရူဟွားရဲ့အသံနဲ့ သူ့တစ်ကိုယ်လုံးက တုန်ရီနေသည်။
ဟယ့်မိသားစုဝင်များက ဝမ်ရူဟွားကို မယုံကြည်နိုင်သလိုကြည့်လာကြသည်။ ဟယ့်တာ့ဟွားက စိတ်ပျက်လက်ပျက်ဖြစ်သွားပုံရသည့်ဟယ့်ရှောင်ဟွားကိုကာကွယ်ကာ အေးစက်စွာဆိုသည်။
"ဝမ်ရူဟွား၊ မင်းမိဘတွေက မင်းကို အလကားပညာသင်ပေးခဲ့မိတာပဲ။ ရှောင်ဟွားက မင်းဇနီး၊ ပြီးတော့ မင်းက မင်းဇနီးကို မင်းလက်နဲ့သတ်မလို့လား? မင်းက တကယ်ကိုနှလုံးသားမရှိတဲ့တိရစ္ဆာန်ကောင်ပဲ။"
"ငါ ဟယ့်ရှောင်ဟွားကို ဘယ်တုန်းကမှ ငါ့ဇနီးအဖြစ် အသိအမှတ်မပြုခဲ့ဘူး။ ငါ သူ့ကိုလက်ထပ်လိုက်ရတဲ့တစ်ခုတည်းသောအကြောင်းပြချက်က မင်းတို့ ငါ့ကိုဖိအားပေးလို့ပဲ။ ငါ သူ့ကိုမုန်းတယ်၊ ငါ သူ့ကို အရာအားလုံးထက်ပိုမုန်းတယ်!"
ဝမ်ရူဟွားက အေးစက်စွာတံတွေးထွေးသည်။
"ငါ သူနဲ့အိပ်ရတဲ့အချိန်တိုင်း ရွံလွန်းလို့ အန်ချင်ရတဲ့အထိပဲ။"
...
[Zawgyi]
Advertisement
"ခဏလေး။"
"မင်း ဘာလိုချင်လို့လဲ?"
...
Advertisement
- In Serial10 Chapters
Bunkercore
(Update: This is now a published story: You can find it here; https://www.royalroad.com/amazon/B07HKV8BRN Pursuant to Kindle Select TOS, I have pruned the existing story present on this site down to less than 10% of the book's total size. As such, it is compliant with all applicable Amazon rules and regulations.) Wynne might have been human once. It's hard to say. Now he's a bunker core, a nanomachine controller responsible for an entire complex. Of course, the place is a bit wrecked. And the world outside is ruins. And he's pretty sure that whoever put him here is going to come looking for him at some point... Dungeon Core, Post-apocalyptic style. Come for the mutants, stay for the dystopian adventure! Claimer: My name is Andrew Seiple. I write this story, and I own the rights to it. It is posted on Spacebattles.com and Sufficientvelocity.com, as well as royalroadl.comCover art by Amelia Parris.
8 65 - In Serial36 Chapters
Only Me wasn't brought to another world, at least for now....
Left in this world alone as an abandoned, live alone in a world full of animals which hate humans to the cores... I am Alone... feeling saddened, I thought of... why can't I just create my own person to talk to myself? Thus, My life on the world which being left behind by the humanity, which being abducted by aliens comes to open its curtain, and... by the time humanity come back on earth... the curtain of the show, which being played by the earthlings' blood and tears starts while Me? I am Alone... [Father! the show gonna start soon!] well, not anymore... *the story has some resemblant with EER(everyone else is a returnee) but not all...
8 225 - In Serial7 Chapters
Generic Zombie survival Wuxia Cliche story
Same old same old. Zombies attack. Zombies Evolve. Humans evolve. Humans gain superpowers. No deep plot, no plot planned out at all actually. Writing it as I go and because I'm a sad boi trying to use stories as a form of escapism. Not going to proofread, not going to check for grammar or anything. Will definitely read like a machine-translated Chinese amateur web novel. Have a nice day. (The cover is from one punch man, no this is not a fanfic) (I don't actually plan/think anything in this will be too gory or "traumatizing" but since its a zombie survival story I thought I might as well add it, plus the fact that the MC does some pretty messed up stuff. He's the stereotype Wuxia villain so to speak, expect competently and not dumbed down to make the hero look smart.) I will add warnings in author notes before chapter starts if anything particularly "gory" or trigger events happen.
8 200 - In Serial20 Chapters
Cleric or Necromancy?
Slow paced, slow random update time. that's about it my grammar isn't that great so don't be to pissed off.
8 163 - In Serial41 Chapters
Re:Asura
At a town at the extreme north of Kingdom of Blackfire, which is mostly reknowned for its military power, there lives a youth Cyrus that was fathered by an ex-mercenary and a prostitute. However, there is one thing that everyone does not know, even his parents. And that is, he had retained memories of his past life!Author's Note: This is my first novel, and I'm not as good as most authors here, therefore I hope you guys will bear with me as I improve on my writing skills. Anyways, hope you guys will have fun reading!
8 60 - In Serial33 Chapters
LOSER > THE GOONIES
"You're such a loser." "No, I'm a goonie!!" What happens when two kids.. June and Mikey, have a love(+hatred) relationship towards each other? will they stop the hate? read to find out.[ # 1 in "mikeywalsh" ¿ ] [ IN EDITING ]
8 78