《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 100
Advertisement
[Unicode]
{အဆုံးစွန်ထိသွားခဲ့ပြီ}
ဝမ်ရူဟွားက အမှောင်ဘက်ခြမ်းကို လုံးဝရောက်သွားပြီဖြစ်ပြီး သူ့ရဲ့လူမှုရေးခေါင်းပါးတဲ့အကျင့်စရိုက်ကလည်း အပြည့်အဝပေါ်ထွက်လာ၏။ မူလဇာတ်ကြောင်းမှာ မုယန်မုန့်က သူ့ရဲ့စော်ကားပြောဆိုမှုတွေနဲ့ သူ့အကျင့်စရိုက်ကို သည်းခံခဲ့ကာ နောက်ဆုံး ဝမ်ရူဟွားဓားနဲ့ထိုးတာခံရပြီး မုယန်မုန့်ပျောက်သွားချိန်၌ သူ မုယန်မုန့်အပေါ်ခံစားချက်တွေရှိနေတာကို ဝမ်ရူဟွားတစ်ယောက် နားလည်သွားခဲ့သည်။
သို့သော်လည်း နဉ်ရှုကတော့ သူမမှာ သူ့ကိုသည်းခံစရာအကြောင်းမရှိတာမို့ သည်းမခံခဲ့ပေ။
အစတည်းက ဝမ်ရူဟွားမှာ အဖြစ်မှန်ကိုရှောင်ရှားတတ်ပြီး အင်မတန်မလိုမုန်းထားစိတ်နဲ့မကောင်းတဲ့အမြင်တွေရှိသူဖြစ်လေရာ ဒီကိစ္စတွေကိုကြုံရပြီးနောက်မှာတော့ သူက အဆုံးစွန်အထိလျှောက်လှမ်းသွားမိခဲ့ပြီး ယခုဆို ဟယ့်ရှောင်ဟွားကို သူ့လက်နဲ့သတ်ချင်နေခဲ့လေပြီ။
ဝမ်ရူဟွားက ဟယ့်ရှောင်ဟွားဆီ ဖြည်းညင်းစွာလျှောက်သွားသည်။ ဓားဖျားက ကြမ်းပေါ်မှာ တရွတ်တိုက်နေပြီး နားမခံသာသည့် အသံစူးစူးကိုဖြစ်ပေါ်နေစေ၏။
ဟယ့်ရှောင်ဟွားရဲ့ပါးပြင်တွေက မျက်ရည်စတွေနဲ့စိုစွတ်နေပြီး သူမကခေါင်းယမ်းသည်။
"ဝမ်ရူဟွား၊ နင် ငါ့ကို ဒီလိုလုပ်လို့မရဘူး!"
သူမပြန်ရလိုက်သည်က ဝမ်ရူဟွား၏အေးစက်စက်ရယ်သံသာ။
"သခင်မလေး။"
လျှို့ဝှက်သက်တော်စောင့်ရဲ့အသံက နဉ်ရှုနား,နားပေါ်လာသည်။ နဉ်ရှုက တီးတိုးမေးသည်။
"ယွဲ့လန်ကို ဖွက်ခဲ့ပြီလား?"
လျှို့ဝှက်သက်တော်စောင့်က ပြန်ဖြေသည်။
"အမ်း။ ကျွန်တော်တို့ အခု သွားကြတော့မလား?"
"ခဏလောက်စောင့်ဦး။"
နဉ်ရှုက သူမနှုတ်ခမ်းတွေကိုကိုက်လိုက်သည်။ သူမ မုယန်မုန့်ရဲ့ကံကြမ္မာကို ပြောင်းလဲပစ်ရမယ်ဆိုပေမယ့် အပြစ်မဲ့တဲ့လူတွေကို ဒီတိုက်ပွဲကြား ဆွဲမထည့်သင့်ပေ။
သူမ ခြေလှမ်းအကြီးကြီးလှမ်းလိုက်မိပြီး ဇာတ်ကြောင်းကို အများကြီးပြောင်းလဲပစ်မိတာမို့ ကမ္ဘာ့စည်းမျဉ်းတွေက ဇာတ်ကြောင်းကို အတင်းအကြပ်ပြန်ပြောင်းဖို့လုပ်နေခြင်းပင်။
နဉ်ရှုက လျှို့ဝှက်သက်တော်စောင့်ကိုပြောသည်။
"ခဏနေရင် ငါ့ကိုကူပြီး ဓားပြတွေကိုတားပေး၊ ဒါဆို ဟယ့်မိသားစုလွတ်နိုင်တယ်။"
လျှို့ဝှက်သက်တော်စောင့်က နဉ်ရှုကိုကြည့်သည်။
"သခင်မလေးကရော?"
"ငါ့မှာ ငါ့နည်းလမ်းရှိတယ်။"
နဉ်ရှုက ဝမ်ရူဟွား ဟယ့်ရှောင်ဟွားအနား တဖြည်းဖြည်းတိုးကပ်သွားတာကို ကြည့်နေခဲ့သည်။
"ကျွန်တော့်တာဝန်က သခင်မလေးကိုကာကွယ်ဖို့ပါ။ တစ်ခြားလူတွေက ကျွန်တော်နဲ့မဆိုင်ဘူး။"
လျှို့ဝှက်သက်တော်စောင့်က သံယောဇဉ်ကင်းမဲ့နေသည့်လေသံဖြင့်ဆိုသည်။
နဉ်ရှုက ခက်ထန်စွာပြောလိုက်သည်။
"ငါက နင့်သခင်မလေးပဲ၊ နင် ငါ့အမိန့်ကို နာခံရမယ်။"
"ကောင်းပါပြီ။"
နဉ်ရှုက အသက်ပြင်းပြင်းရှူကာ ခြံဝင်းဆီပြေးသွားပြီးအော်ဟစ်၏။
"ဝမ်ရူဟွား၊ အခုချက်ချင်းရပ်လိုက်!"
ဟယ့်တာ့ဟွားနဲ့အချေအတင်ဖြစ်နေသည့် ဝမ်ရူဟွားမှာ ခဏမျှတောင့်တင်းသွားပြီး အေးစက်စွာဆိုလာ၏။
"ပိုင်ချင်ရှန်း၊ မင်း ဒီကို ဘာလာလုပ်တာလဲ? မင်းက ငါ့ဝမ်းကွဲညီမဆိုတာနဲ့ ငါက မင်းကိုလွှတ်ပေးမယ်လို့တွေးမနေဖို့တော့ ငါမျှော်လင့်တယ်။"
"လှလိုက်တာ။ ဒီမိန်းမက တကယ်လှတယ်။ အချိန်ကိုက်ပဲ။"
ဓားပြခေါင်းဆောင် နဉ်ရှုကိုမြင်လိုက်ချိန်၌ သူ့ပါးစပ်ကနေ သွားရည်တွေစီးကျလာသည်။
"မင်း ဒီကို ဘာလာလုပ်တာလဲ? ဒါ အန္တရာယ်များတယ်။"
ဟယ့်တာ့ဟွား၏အပြုအမူတို့၌လည်း ခါတိုင်းလိုရွှတ်နောက်နောက်အမူအဂာတို့ရှိမနေတော့။
"ရှင်းပြဖို့ အချိန်မရှိဘူး။ ရှင့်ညီမနဲ့အဖေကိုခေါ်ပြီးပြေးတော့။"
နဉ်ရှုကပြောသည်။
"မင်းကရော? မင်း ဘာလုပ်မှာလဲ?"
ဟယ့်တာ့ဟွားက မျက်မှောင်ကုတ်သည်။
ဝမ်ရူဟွားက သူတို့ရဲ့အပြန်အလှန်စိုးရိမ်နေတဲ့ပုံတွေကိုမြင်လိုက်ကာ အေးစက်စွာရယ်သည်။
"ဒီနေ့ မင်းတို့ထဲက ဘယ်သူမှထွက်သွားနိုင်မှာမဟုတ်ဘူး။"
"ဝမ်ရူဟွား၊ ရှင်က တကယ်ရွံဖို့ကောင်းတယ်!"
နဉ်ရှုက ဝမ်ရူဟွားကို တံတွေးထွေးကာ ဟယ့်တာ့ဟွားဘက်လှည့်သည်။
"ရှင်သွားသင့်ပြီ။ ကျွန်မ သူတို့ကို ကိုင်တွယ်နိုင်ပါတယ်။"
"မင်းက ဘာကို ကိုင်တွယ်...နိုင်မှာလဲ?"
ဟယ့်တာ့ဟွားစကားပြောလို့မပြီးသေးခင်မှာပင် အနက်ရောင်ဝတ်ဆင်ထားသည့်အမျိုးသားတစ်ယောက်က နဉ်ရှုဘေးနား တိတ်တဆိတ်ပေါ်လာသည်။
"မိန်းမလှလေး၊ အစ်ကိုတာ့ဟွားက မင်းရဲ့ကျေးဇူးကို မှတ်ထားပြီး တစ်နေ့ မင်းကို ပြန်ပေးဆပ်မှာပါ။"
ဟယ့်တာ့ဟွားက ဘာမှထပ်မပြောတော့ချေ။ ဝမ်ရူဟွားကို နောက်ဆုံးတစ်ကြိမ်ကြည့်လိုက်ပြီးနောက် သူက သူ့ညီမကို ကျောပိုးလိုက်ကာ သူ့အဖေကိုဆွဲခေါ်လျက် ပြေးသွားတော့သည်။
ဟယ့်တာ့ဟွားက အတော်လေးပြတ်သားကာ အိမ်ထဲက ဘာတစ်ခုကိုမှမယူဘဲ တောင်အနောက်ဘက်ကို လျင်မြန်စွာဦးတည်သွားသည်။
...
[Zawgyi]
{အဆံုးစြန္ထိသြားခဲ့ၿပီ}
ဝမ္ရူဟြားက အေမွာင္ဘက္ျခမ္းကို လံုးဝေရာက္သြားၿပီျဖစ္ၿပီး သူ႔ရဲ့လူမႈေရးေခါင္းပါးတဲ့အက်င့္စရိုက္ကလည္း အျပၫ့္အဝေပၚထြက္လာ၏။ မူလဇာတ္ေၾကာင္းမွာ မုယန္မုန႔္က သူ႔ရဲ့ေစာ္ကားေျပာဆိုမႈေတြနဲ႔ သူ႔အက်င့္စရိုက္ကို သည္းခံခဲ့ကာ ေနာက္ဆံုး ဝမ္ရူဟြားဓားနဲ႔ထိုးတာခံရၿပီး မုယန္မုန႔္ေပ်ာက္သြားခ်ိန္၌ သူ မုယန္မုန႔္အေပၚခံစားခ်က္ေတြရိွေနတာကို ဝမ္ရူဟြားတစ္ေယာက္ နားလည္သြားခဲ့သည္။
သို႔ေသာ္လည္း နဉ္ရႈကေတာ့ သူမမွာ သူ႔ကိုသည္းခံစရာအေၾကာင္းမရိွတာမို႔ သည္းမခံခဲ့ေပ။
အစတည္းက ဝမ္ရူဟြားမွာ အျဖစ္မွန္ကိုေရွာင္ရွားတတ္ၿပီး အင္မတန္မလိုမုန္းထားစိတ္နဲ႔မေကာင္းတဲ့အျမင္ေတြရိွသူျဖစ္ေလရာ ဒီကိစၥေတြကိုႀကံဳရၿပီးေနာက္မွာေတာ့ သူက အဆံုးစြန္အထိေလ်ွာက္လွမ္းသြားမိခဲ့ၿပီး ယခုဆို ဟယ့္ေရွာင္ဟြားကို သူ႔လက္နဲ႔သတ္ခ်င္ေနခဲ့ေလၿပီ။
ဝမ္ရူဟြားက ဟယ့္ေရွာင္ဟြားဆီ ျဖည္းညင္းစြာေလ်ွာက္သြားသည္။ ဓားဖ်ားက ၾကမ္းေပၚမွာ တရြတ္တိုက္ေနၿပီး နားမခံသာသၫ့္ အသံစူးစူးကိုျဖစ္ေပၚေနေစ၏။
ဟယ့္ေရွာင္ဟြားရဲ့ပါးျပင္ေတြက မ်က္ရည္စေတြနဲ႔စိုစြတ္ေနၿပီး သူမကေခါင္းယမ္းသည္။
"ဝမ္ရူဟြား၊ နင္ ငါ့ကို ဒီလိုလုပ္လို႔မရဘူး!"
သူမျပန္ရလိုက္သည္က ဝမ္ရူဟြား၏ေအးစက္စက္ရယ္သံသာ။
"သခင္မေလး။"
လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္ရဲ့အသံက နဉ္ရႈနား,နားေပၚလာသည္။ နဉ္ရႈက တီးတိုးေမးသည္။
"ယြဲ႔လန္ကို ဖြက္ခဲ့ၿပီလား?"
လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္က ျပန္ေျဖသည္။
"အမ္း။ ကြၽန္ေတာ္တို႔ အခု သြားၾကေတာ့မလား?"
"ခဏေလာက္ေစာင့္ဦး။"
နဉ္ရႈက သူမႏႈတ္ခမ္းေတြကိုကိုက္လိုက္သည္။ သူမ မုယန္မုန႔္ရဲ့ကံၾကမၼာကို ေျပာင္းလဲပစ္ရမယ္ဆိုေပမယ့္ အျပစ္မဲ့တဲ့လူေတြကို ဒီတိုက္ပြဲၾကား ဆြဲမထၫ့္သင့္ေပ။
သူမ ေျခလွမ္းအႀကီးႀကီးလွမ္းလိုက္မိၿပီး ဇာတ္ေၾကာင္းကို အမ်ားႀကီးေျပာင္းလဲပစ္မိတာမို႔ ကမ႓ာ့စည္းမ်ဉ္းေတြက ဇာတ္ေၾကာင္းကို အတင္းအၾကပ္ျပန္ေျပာင္းဖို႔လုပ္ေနျခင္းပင္။
နဉ္ရႈက လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္ကိုေျပာသည္။
"ခဏေနရင္ ငါ့ကိုကူၿပီး ဓားျပေတြကိုတားေပး၊ ဒါဆို ဟယ့္မိသားစုလြတ္ႏိုင္တယ္။"
လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္က နဉ္ရႈကိုၾကၫ့္သည္။
"သခင္မေလးကေရာ?"
"ငါ့မွာ ငါ့နည္းလမ္းရိွတယ္။"
နဉ္ရႈက ဝမ္ရူဟြား ဟယ့္ေရွာင္ဟြားအနား တျဖည္းျဖည္းတိုးကပ္သြားတာကို ၾကၫ့္ေနခဲ့သည္။
"ကြၽန္ေတာ့္တာဝန္က သခင္မေလးကိုကာကြယ္ဖို႔ပါ။ တစ္ျခားလူေတြက ကြၽန္ေတာ္နဲ႔မဆိုင္ဘူး။"
လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္က သံေယာဇဉ္ကင္းမဲ့ေနသၫ့္ေလသံျဖင့္ဆိုသည္။
နဉ္ရႈက ခက္ထန္စြာေျပာလိုက္သည္။
"ငါက နင့္သခင္မေလးပဲ၊ နင္ ငါ့အမိန႔္ကို နာခံရမယ္။"
"ေကာင္းပါၿပီ။"
နဉ္ရႈက အသက္ျပင္းျပင္းရႉကာ ၿခံဝင္းဆီေျပးသြားၿပီးေအာ္ဟစ္၏။
"ဝမ္ရူဟြား၊ အခုခ်က္ခ်င္းရပ္လိုက္!"
ဟယ့္တာ့ဟြားနဲ႔အေခ်အတင္ျဖစ္ေနသၫ့္ ဝမ္ရူဟြားမွာ ခဏမ်ွေတာင့္တင္းသြားၿပီး ေအးစက္စြာဆိုလာ၏။
"ပိုင္ခ်င္ရွန္း၊ မင္း ဒီကို ဘာလာလုပ္တာလဲ? မင္းက ငါ့ဝမ္းကြဲညီမဆိုတာနဲ႔ ငါက မင္းကိုလႊတ္ေပးမယ္လို႔ေတြးမေနဖို႔ေတာ့ ငါေမ်ွာ္လင့္တယ္။"
"လွလိုက္တာ။ ဒီမိန္းမက တကယ္လွတယ္။ အခ်ိန္ကိုက္ပဲ။"
ဓားျပေခါင္းေဆာင္ နဉ္ရႈကိုျမင္လိုက္ခ်ိန္၌ သူ႔ပါးစပ္ကေန သြားရည္ေတြစီးက်လာသည္။
"မင္း ဒီကို ဘာလာလုပ္တာလဲ? ဒါ အႏၲရာယ္မ်ားတယ္။"
ဟယ့္တာ့ဟြား၏အျပဳအမူတို႔၌လည္း ခါတိုင္းလိုရႊတ္ေနာက္ေနာက္အမူအဂာတို႔ရိွမေနေတာ့။
"ရွင္းျပဖို႔ အခ်ိန္မရိွဘူး။ ရွင့္ညီမနဲ႔အေဖကိုေခၚၿပီးေျပးေတာ့။"
နဉ္ရႈကေျပာသည္။
"မင္းကေရာ? မင္း ဘာလုပ္မွာလဲ?"
ဟယ့္တာ့ဟြားက မ်က္ေမွာင္ကုတ္သည္။
ဝမ္ရူဟြားက သူတို႔ရဲ့အျပန္အလွန္စိုးရိမ္ေနတဲ့ပံုေတြကိုျမင္လိုက္ကာ ေအးစက္စြာရယ္သည္။
"ဒီေန့ မင္းတို႔ထဲက ဘယ္သူမွထြက္သြားႏိုင္မွာမဟုတ္ဘူး။"
"ဝမ္ရူဟြား၊ ရွင္က တကယ္ရြံဖို႔ေကာင္းတယ္!"
နဉ္ရႈက ဝမ္ရူဟြားကို တံေတြးေထြးကာ ဟယ့္တာ့ဟြားဘက္လွၫ့္သည္။
"ရွင္သြားသင့္ၿပီ။ ကြၽန္မ သူတို႔ကို ကိုင္တြယ္ႏိုင္ပါတယ္။"
"မင္းက ဘာကို ကိုင္တြယ္...ႏိုင္မွာလဲ?"
ဟယ့္တာ့ဟြားစကားေျပာလို႔မၿပီးေသးခင္မွာပင္ အနက္ေရာင္ဝတ္ဆင္ထားသၫ့္အမ်ိဳးသားတစ္ေယာက္က နဉ္ရႈေဘးနား တိတ္တဆိတ္ေပၚလာသည္။
"မိန္းမလွေလး၊ အစ္ကိုတာ့ဟြားက မင္းရဲ့ေက်းဇူးကို မွတ္ထားၿပီး တစ္ေန့ မင္းကို ျပန္ေပးဆပ္မွာပါ။"
ဟယ့္တာ့ဟြားက ဘာမွထပ္မေျပာေတာ့ေခ်။ ဝမ္ရူဟြားကို ေနာက္ဆံုးတစ္ႀကိမ္ၾကၫ့္လိုက္ၿပီးေနာက္ သူက သူ႔ညီမကို ေက်ာပိုးလိုက္ကာ သူ႔အေဖကိုဆြဲေခၚလ်က္ ေျပးသြားေတာ့သည္။
ဟယ့္တာ့ဟြားက အေတာ္ေလးျပတ္သားကာ အိမ္ထဲက ဘာတစ္ခုကိုမွမယူဘဲ ေတာင္အေနာက္ဘက္ကို လ်င္ျမန္စြာဦးတည္သြားသည္။
...
Advertisement
- In Serial28 Chapters
Colonize
It was a normal day, until Morgan and every other kid in her high school were sucked aboard an alien spaceship and dumped on an entirely new planet. And human beings aren’t the only new arrivals. Morgan’s never been a team player, and she never imagined facing disaster with a bunch of confused, terrified teenagers. To live she’ll have to make allies—human and otherwise. Because Morgan has no intention of settling down and starting anew somewhere else. Whoever brought her here can bring her back. First, she must survive.
8 151 - In Serial76 Chapters
Val Verde: Legend of the Supreme Leader
My name is Johnny Rico, and I was born to an island that has rarely seen good times. Between the machinations of Hydra, the greed of Cobra, and the do well intervention of the Justice League, or the Avengers. Val Verde has suffered. I have obtained the coveted title of the Supreme Leader. All of Val Verde is mine to command. Yet I have also inherited every problem that the previous Supreme Leader had neglected. It is as they say, there is no foundation quite like rock bottom.
8 77 - In Serial9 Chapters
Colourland
Colourland is the story of Crayon, Colourea, Colouruke and Artby. They live together in Colourland and they work for a man named Challenger. They get into fights. The link to my story is here: https://m.webnovel.com/book/colourland_15008946506548905
8 116 - In Serial21 Chapters
Rise of the nefarious devil
What is good ? What is evil ? Is good only principles brought by other people whom think are good?Is evil good but with a worse emotion? Who gets to decide upon what is good and evil? What is karma ? Is it nefarious to grow powerful? Is it nefarious to kill children ? Is it nefarious to drink blood ? This is the story of Carl , who was abandoned by the heavens , but found his own way to cultivate against them..This is the story of Carl , who was abandoned by the heavens , but found an artifact that enabled him to go the same way as his race - against the heavens! == 2nd novel if mine is this one , the first one is ' the rise of the death seeking emperor'. Fyi I'm a novice in writing , so there might be some mistakes here and there , and I'm doing my best in the grammar part as English isn't my native language.. Chapter schedule : 5ch/week ( only weekdays , no weekend chapters ) At UTC+0 : 09:30 AM. Gruesome and dark scenes involved in the novel , you have been warned, if you don't like really dark scenes then you can go ahead and read.
8 119 - In Serial19 Chapters
The CEO
Anne is a 25 year old girl who works as a temporary junior staff at a sheriff company. she had gone through an ordeal as a teenager such as broken trust and betrayal but had to stay strong for her junior brother henry ,who is an high schooler ...just when life was already hard enough for her a new CEO came in .....but does that mean things would get any better for anne?You can find out by reading "The CEO"I hope you enjoy it
8 172 - In Serial6 Chapters
Ants crisis
Based on Ants struggles from last year and Decs support.I actually wrote this months ago but didn't want to publish it until Ant was well on the road to recovery and back at work,which he obviously now is!
8 73

