《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 101
Advertisement
[Unicode]
{သူဖြစ်ချင်တာ}
"ပြေးချင်တယ်လား? အရင်က ဘယ်သူမှ ငါ့ဆီက မလွတ်ဖူးဘူး!"
ဓားပြခေါင်းဆောင်က သူ့လူတွေကိုအော်လိုက်ကာ ထိုနောက်လိုက်များက ဟယ့်တာ့ဟွားနောက် ချက်ချင်းပြေးလိုက်သွား၏။ လျှို့ဝှက်သက်တော်စောင့်က သူ့ဓားကိုဆွဲထုတ်ကာ ထိုလူများကိုတားသည်။ သူ့ဓားချက်အနည်းငယ်က မြေပေါ်ပြန့်ကြဲနေသည့်အလောင်းတို့ကိုချန်ရစ်ခဲ့သည်။
လျှို့ဝှက်သက်တော်စောင့်က သန်မာတာကိုမြင်တဲ့အခါ ဓားပြခေါင်းဆောင်ကအော်သည်။
"အဲ့လူကိုသတ်၊ ပြီးရင် အလှလေးက ငါတို့အပိုင်ဖြစ်လာလိမ့်မယ်! ငါတို့ သူ့ကို အတူတူမျှဝေကြမယ်!"
နဉ်ရှုကိုကြည့်နေတဲ့ သူတို့ရဲ့မျက်လုံးတွေက တပ်မက်မှုတွေနဲ့ပြည့်သွားကာ သူတို့က သက်တော်စောင့်ဆီကို တစ်ဟုန်ထိုးပြေးဝင်သွားကြတော့သည်။ လျှို့ဝှက်သက်တော်စောင့်က ဘယ်လောက်ပဲအရည်အချင်းရှိပါစေ၊ သူ လူအများကြီးကို မကိုင်တွယ်နိုင်ပေ။ လျှို့ဝှက်သက်တော်စောင့် ခက်ခဲနေတာကိုမြင်လိုက်ရချိန်၌ နဉ်ရှုက ဝတ်ရုံစကိုမကာပြေးရန်ပြင်သည်။
သူမက လျှို့ဝှက်သက်တော်စောင့်ရဲ့ဝန်ထုပ်ကို လျော့စေနိုင်မယ်လို့ မျှော်လင့်ရတာပဲ။
"သူ့ကိုဖမ်း! ဒီမိန်းမက ထူးကဲတဲ့အလှပဂေးဖြစ်ရုံတင်မကဘူး၊ သူက အဆင့်မြင့်အရာရှိတစ်ယောက်ရဲ့ မြင့်မြတ်တဲ့ဇနီးဆိုလည်းဟုတ်တယ်! မင်းတို့ သူ့ကိုဖမ်းနိုင်ရင် ငါတို့ အချီကြီးပွပေါက်တိုးလိမ့်မယ်!"
ဝမ်ရူဟွားက ထိုမျှဆွဲဆောင်မှုရှိလှသည့်စကားတို့ကို တမင်တကာဆို၏။
ဓားပြခေါင်းဆောင်က သူ့လူတစ်စုကို အလောတကြီးခေါ်ကာ ဝမ်ရူဟွားနဲ့အတူ နဉ်ရှုနောက်ကလိုက်သွားသည်။
ကောင်းကင်က တဖြည်းဖြည်းလင်းထင်းလာပြီဖြစ်ကာ ရွာထဲကကြက်တွေအားလုံးက မနက်ခင်းတွန်သံပေးလာကြသည်။ နဉ်ရှုက ဝတ်ရုံစကိုမကာပြေးနေပြီး လူအုပ်ကြီးတစ်အုပ်က သူမနောက်လိုက်လာသည်။ သူမက အားကုန်သုံးကာပြေးနေခြင်းဖြစ်သော်လည်း အရမ်းမမြန်ပေ။ သူမနောက်ကိုလိုက်နေတဲ့လူတွေက ကြောင်က ကြွက်ကိုဖမ်းနေသည့်ဟန်ဖြင့် လိုက်နေကြတာဖြစ်သည်။ သူတို့က သူမ အားကုန်သွားတာကို စောင့်နေကြပုံပေါ်သည်။ ဒါမှသာ သူတို့ သူမကိုဖမ်းတဲ့အခါ သူမ မရုန်းနိုင်မှာဖြစ်သည်။
နဉ်ရှု ထပ်မပြေးနိုင်တော့ပေ။ သူမရှေ့မှာရှိနေတာက မြစ်တစ်စင်းသာဖြစ်၏။ ဒါက မုယန်မုန့်ခုန်ချသွားခဲ့တဲ့မြစ်ဆိုတာ သိသာနေသည်။
"ဘာလို့မပြေးတော့တာလဲ ပိုင်ချင်ရှန်း? ဆက်ပြေးလေ၊ ဘာလို့ မပြေးတော့တာလဲ?"
ဝမ်ရူဟွားက သူ့ရဲ့မှုန်မှိုင်းနေတဲ့အော်ရာကို တိုးမြှင့်ပေးနေသည့်ဓားတစ်ချောင်းကိုင်ထားသည်။
ဝမ်ရူဟွားက ကလောင်တံကိုင်တာထက် ဓားတစ်ချောင်းကိုင်တာ ပိုသင့်တော်တာဖြစ်မည်။ အဆုံးသတ်မှာတော့ သူ့အိပ်မက်က အကျင့်ပျက်အရာရှိတွေကိုသတ်တဲ့ မြင့်မြတ်တဲ့သူရဲကောင်းဖြစ်လာဖို့ပင်။
နဉ်ရှုက ဝမ်ရူဟွားဘက်လှည့်ကာ တံတွေးထွေးသည်။
"ဝမ်ရူဟွား၊ အဲ့အဆင့်မြင့်အရာရှိတွေက သူတို့လိုချင်တာရနိုင်နေချိန်မှာ ရှင်က ဘာမှမရနိုင်လို့ သူတို့ကို မနာလိုဖြစ်ပြီးမုန်းတီးနေတာမလား? ရှင်က သူတို့လိုဖြစ်လာချင်ပေမယ့် ရှင့်မှာ အဲ့လိုဖြစ်နိုင်မယ့်အရည်အချင်းမရှိဘူးလေ။ ဒါကြောင့်မို့ ရှင့်ရဲ့အားကျမှုတွေက မနာလိုမှုနဲ့မုန်းတီးမှုကိုပြောင်းသွားတာပဲ။"
"ပါးစပ်ပိတ်ထား၊ အဲ့လိုမဟုတ်ဘူး!"
ဝမ်ရူဟွားက ပြန်ချေပသည်။
"ငါက လောကကြီးထဲကလူတွေအတွက် တရားမျှတအောင်လုပ်ဆောင်ပေးနေတာ။ ဒါမှ သူတို့တွေက ပိုကောင်းကောင်းနေနိုင်မှာ။ သာမန်ပြည်သူတွေက အဲ့အကျင့်ပျက်အရာရှိတွေအားလုံးသေသွားမှ ကောင်းကောင်းနေနိုင်မှာ!"
"ဖီ! ဝမ်ရူဟွား၊ ရှင်က ဓားပြအဖွဲ့ထဲဝင်လိုက်ပြီ။ ဓားပြတွေက ဘယ်လိုလူတွေလဲဆိုတာ ရှင်သိလား? သူတို့က ဓားပြတိုက်တယ်၊ မီးရှို့တယ်၊ သူတို့လိုချင်တာကို လုယူပြီးရင် လူသတ်တယ်။ သူတို့က လူတွေကို နှိပ်စက်နေတဲ့သူတွေပဲ။"
နဉ်ရှုက ရွံရှာစွာဆိုသည်။
"ရှင်က အာဏာကိုလိုချင်တပ်မက်နေတာ၊ ဒါပေမယ့် ရှင့်မှာ ရယူဖို့အစွမ်းအစမရှိဘူး၊ ဒါကြောင့်မို့ ရှင်က ဆိုးယုတ်တဲ့ရှင့်ကိုယ်ရှင်ဖုံးကွယ်ဖို့အတွက် ဖြောင့်မတ်မှန်ကန်တယ်ဆိုတဲ့မျက်နှာဖုံးကို တပ်ဖို့ကြိုးစားနေတာ။ ရှင် မရှက်ဘူးလား? ခဏနေရင် ရှင်တို့က ဒီရွာကိုဓားပြတိုက်ပြီး ရွာသားတွေကိုသတ်တော့မယ်။ ရှင်က အဲ့အကျင့်ပျက်အရာရှိတွေနဲ့ ဘာတွေများကွာလို့လဲ?"
နဉ်ရှုမှာ အလွန်ပင်စိုးရိမ်လာ၏။ လျှို့ဝှက်သက်တော်စောင့်က ဘာလို့ ဒီကိုမရောက်သေးတာလဲ? သူမ မြစ်ကိုကြည့်လိုက်သည်။ သူမ တကယ်ပဲ မြစ်ထဲခုန်ဆင်းရတော့မှာလား?
"ငါ အာဏာကိုလိုချင်တယ်။ ငါ့မှာ အာဏာရှိရင် မင်းက အဲ့အဆင့်မြင့်အရာရှိရဲ့သားကို ရွေးပါ့မလား?"
ဝမ်ရူဟွားကညင်သာစွာဆိုသည်။
"ငါ အာဏာရှိလာရင် လောကမှာရှိတဲ့အကျင့်ပျက်အရာရှိတွေအားလုံးကိုသတ်ပစ်မယ်။"
နဉ်ရှုက စကားသုံးလုံးဖြင့်သာတုန့်ပြန်သည်။
"ဟား၊ ဟား၊ ဟား။"
"ခေါင်းဆောင်၊ ကျွန်တော် ခင်ဗျားကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။ တကယ်တော့ ဒီရွာမှာ လျှို့ဝှက်ချက်ကြီးတစ်ခုရှိတယ်။"
ဝမ်ရူဟွားက နဉ်ရှုကိုလျစ်လျူရှုကာ ဓားပြခေါင်းဆောင်ဘက်လှည့်သည်။
ဓားပြခေါင်းဆောင်ကမေးသည်။
"အိုး? ဘာလျှို့ဝှက်ချက်များလဲ?"
ဝမ်ရူဟွားက တစ်ခုခုကို တီးတိုးပြောတော့မည့်ဟန်ဖြင့် ဓားပြခေါင်းဆောင်ရဲ့နားဆီတိုးကပ်သွားလိုက်ပြီးနောက် သူက သူ့ဓားကို ဓားပြခေါင်းဆောင်ရဲ့ရင်ဝဆီထိုးသွင်းလိုက်၏။
"အား..."
ဓားပြခေါင်းဆောင်က ဝမ်ရူဟွားကို မယုံကြည်နိုင်စွာကြည့်ကာ မြေပြင်ပေါ်လဲကျသွားသည်။
"ခေါင်းဆောင်! ခေါင်းဆောင်..."
ကျန်တဲ့ နောက်လိုက်တွေက အံ့အားသင့်စွာအော်လိုက်ကြရင်း ဝမ်ရူဟွားကို သတိအပြည့်ဖြင့်ကြည့်လာသည်။
နဉ်ရှုလည်း ကြောင်အသွားကာ ဝမ်ရူဟွားလက်ထဲက သွေးတွေစီးကျနေတဲ့ဓားကိုကြည့်လိုက်သည်။ ဝမ်ရူဟွားရဲ့အမူအရာကား ထူးမခြားနားပင်။ သူ့အနားမှာ အမြဲရစ်ဝဲနေတဲ့မှုန်မှိုင်းမှုတို့က လွင့်ပြယ်သွားပုံပေါ်သည်။
ဒါက သူအမြဲဖြစ်ချင်နေခဲ့သည့်ပုံစံအလား သူ့အော်ရာတို့က လွန်စွာမှပင်ကွဲပြားသွား၏။
ဝမ်ရူဟွားက သွေးစွန်းနေသည့်ဓားကိုကိုင်မြှောက်ကာ အော်ဟစ်လိုက်ပြီး သူ့အသံက ပဲ့တင်ထပ်လာသည်။
"အခုကစပြီး ငါက ဒီအဖွဲ့ရဲ့ခေါင်းဆောင်ပဲ! အခုကစပြီး ငါ အားလုံးကိုဦးဆောင်မယ်! ငါ လူတိုင်း ကောင်းကောင်းမွန်မွန်နေထိုင်ရအောင်လုပ်မယ်၊ ငွေတွေအများကြီးပိုရှိလာမယ်၊ မိန်းမလှလေးတွေရှိလာမယ်!"
"ကန့်ကွက်တဲ့ဘယ်သူမဆို သူ့လိုအဆုံးသတ်ရမယ်။"
ဝမ်ရူဟွားက ဓားပြခေါင်းဆောင်ရဲ့အလောင်းကိုကန်လိုက်သည်။
...
[Zawgyi]
{သူျဖစ္ခ်င္တာ}19
"ေျပးခ်င္တယ္လား? အရင္က ဘယ္သူမွ ငါ့ဆီက မလြတ္ဖူးဘူး!"
ဓားျပေခါင္းေဆာင္က သူ႔လူေတြကိုေအာ္လိုက္ကာ ထိုေနာက္လိုက္မ်ားက ဟယ့္တာ့ဟြားေနာက္ ခ်က္ခ်င္းေျပးလိုက္သြား၏။ လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္က သူ႔ဓားကိုဆြဲထုတ္ကာ ထိုလူမ်ားကိုတားသည္။ သူ႔ဓားခ်က္အနည္းငယ္က ေျမေပၚျပန႔္ႀကဲေနသၫ့္အေလာင္းတို႔ကိုခ်န္ရစ္ခဲ့သည္။
လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္က သန္မာတာကိုျမင္တဲ့အခါ ဓားျပေခါင္းေဆာင္ကေအာ္သည္။
Advertisement
"အဲ့လူကိုသတ္၊ ၿပီးရင္ အလွေလးက ငါတို႔အပိုင္ျဖစ္လာလိမ့္မယ္! ငါတို႔ သူ႔ကို အတူတူမ်ွေဝၾကမယ္!"
နဉ္ရႈကိုၾကၫ့္ေနတဲ့ သူတို႔ရဲ့မ်က္လံုးေတြက တပ္မက္မႈေတြနဲ႔ျပၫ့္သြားကာ သူတို႔က သက္ေတာ္ေစာင့္ဆီကို တစ္ဟုန္ထိုးေျပးဝင္သြားၾကေတာ့သည္။ လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္က ဘယ္ေလာက္ပဲအရည္အခ်င္းရိွပါေစ၊ သူ လူအမ်ားႀကီးကို မကိုင္တြယ္ႏိုင္ေပ။ လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္ ခက္ခဲေနတာကိုျမင္လိုက္ရခ်ိန္၌ နဉ္ရႈက ဝတ္ရံုစကိုမကာေျပးရန္ျပင္သည္။
သူမက လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္ရဲ့ဝန္ထုပ္ကို ေလ်ာ့ေစႏိုင္မယ္လို႔ ေမ်ွာ္လင့္ရတာပဲ။
"သူ႔ကိုဖမ္း! ဒီမိန္းမက ထူးကဲတဲ့အလွပေဂးျဖစ္ရံုတင္မကဘူး၊ သူက အဆင့္ျမင့္အရာရိွတစ္ေယာက္ရဲ့ ျမင့္ျမတ္တဲ့ဇနီးဆိုလည္းဟုတ္တယ္! မင္းတို႔ သူ႔ကိုဖမ္းႏိုင္ရင္ ငါတို႔ အခ်ီႀကီးပြေပါက္တိုးလိမ့္မယ္!"
ဝမ္ရူဟြားက ထိုမ်ွဆြဲေဆာင္မႈရိွလွသၫ့္စကားတို႔ကို တမင္တကာဆို၏။
ဓားျပေခါင္းေဆာင္က သူ႔လူတစ္စုကို အေလာတႀကီးေခၚကာ ဝမ္ရူဟြားနဲ႔အတူ နဉ္ရႈေနာက္ကလိုက္သြားသည္။
ေကာင္းကင္က တျဖည္းျဖည္းလင္းထင္းလာၿပီျဖစ္ကာ ရြာထဲကၾကက္ေတြအားလံုးက မနက္ခင္းတြန္သံေပးလာၾကသည္။ နဉ္ရႈက ဝတ္ရံုစကိုမကာေျပးေနၿပီး လူအုပ္ႀကီးတစ္အုပ္က သူမေနာက္လိုက္လာသည္။ သူမက အားကုန္သံုးကာေျပးေနျခင္းျဖစ္ေသာ္လည္း အရမ္းမျမန္ေပ။ သူမေနာက္ကိုလိုက္ေနတဲ့လူေတြက ေၾကာင္က ႂကြက္ကိုဖမ္းေနသၫ့္ဟန္ျဖင့္ လိုက္ေနၾကတာျဖစ္သည္။ သူတို႔က သူမ အားကုန္သြားတာကို ေစာင့္ေနၾကပံုေပၚသည္။ ဒါမွသာ သူတို႔ သူမကိုဖမ္းတဲ့အခါ သူမ မရုန္းႏိုင္မွာျဖစ္သည္။
နဉ္ရႈ ထပ္မေျပးႏိုင္ေတာ့ေပ။ သူမေရ႔ွမွာရိွေနတာက ျမစ္တစ္စင္းသာျဖစ္၏။ ဒါက မုယန္မုန႔္ခုန္ခ်သြားခဲ့တဲ့ျမစ္ဆိုတာ သိသာေနသည္။
"ဘာလို႔မေျပးေတာ့တာလဲ ပိုင္ခ်င္ရွန္း? ဆက္ေျပးေလ၊ ဘာလို႔ မေျပးေတာ့တာလဲ?"
ဝမ္ရူဟြားက သူ႔ရဲ့မႈန္မိႈင္းေနတဲ့ေအာ္ရာကို တိုးျမႇင့္ေပးေနသၫ့္ဓားတစ္ေခ်ာင္းကိုင္ထားသည္။
ဝမ္ရူဟြားက ကေလာင္တံကိုင္တာထက္ ဓားတစ္ေခ်ာင္းကိုင္တာ ပိုသင့္ေတာ္တာျဖစ္မည္။ အဆံုးသတ္မွာေတာ့ သူ႔အိပ္မက္က အက်င့္ပ်က္အရာရိွေတြကိုသတ္တဲ့ ျမင့္ျမတ္တဲ့သူရဲေကာင္းျဖစ္လာဖို႔ပင္။
နဉ္ရႈက ဝမ္ရူဟြားဘက္လွၫ့္ကာ တံေတြးေထြးသည္။
"ဝမ္ရူဟြား၊ အဲ့အဆင့္ျမင့္အရာရိွေတြက သူတို႔လိုခ်င္တာရႏိုင္ေနခ်ိန္မွာ ရွင္က ဘာမွမရႏိုင္လို႔ သူတို႔ကို မနာလိုျဖစ္ၿပီးမုန္းတီးေနတာမလား? ရွင္က သူတို႔လိုျဖစ္လာခ်င္ေပမယ့္ ရွင့္မွာ အဲ့လိုျဖစ္ႏိုင္မယ့္အရည္အခ်င္းမရိွဘူးေလ။ ဒါေၾကာင့္မို႔ ရွင့္ရဲ့အားက်မႈေတြက မနာလိုမႈနဲ႔မုန္းတီးမႈကိုေျပာင္းသြားတာပဲ။"
"ပါးစပ္ပိတ္ထား၊ အဲ့လိုမဟုတ္ဘူး!"
ဝမ္ရူဟြားက ျပန္ေခ်ပသည္။
"ငါက ေလာကႀကီးထဲကလူေတြအတြက္ တရားမ်ွတေအာင္လုပ္ေဆာင္ေပးေနတာ။ ဒါမွ သူတို႔ေတြက ပိုေကာင္းေကာင္းေနႏိုင္မွာ။ သာမန္ျပည္သူေတြက အဲ့အက်င့္ပ်က္အရာရိွေတြအားလံုးေသသြားမွ ေကာင္းေကာင္းေနႏိုင္မွာ!"
"ဖီ! ဝမ္ရူဟြား၊ ရွင္က ဓားျပအဖြဲ႔ထဲဝင္လိုက္ၿပီ။ ဓားျပေတြက ဘယ္လိုလူေတြလဲဆိုတာ ရွင္သိလား? သူတို႔က ဓားျပတိုက္တယ္၊ မီးရိႈ႔တယ္၊ သူတို႔လိုခ်င္တာကို လုယူၿပီးရင္ လူသတ္တယ္။ သူတို႔က လူေတြကို ႏိွပ္စက္ေနတဲ့သူေတြပဲ။"
နဉ္ရႈက ရြံရွာစြာဆိုသည္။
"ရွင္က အာဏာကိုလိုခ်င္တပ္မက္ေနတာ၊ ဒါေပမယ့္ ရွင့္မွာ ရယူဖို႔အစြမ္းအစမရိွဘူး၊ ဒါေၾကာင့္မို႔ ရွင္က ဆိုးယုတ္တဲ့ရွင့္ကိုယ္ရွင္ဖံုးကြယ္ဖို႔အတြက္ ေျဖာင့္မတ္မွန္ကန္တယ္ဆိုတဲ့မ်က္ႏွာဖံုးကို တပ္ဖို႔ႀကိဳးစားေနတာ။ ရွင္ မရွက္ဘူးလား? ခဏေနရင္ ရွင္တို႔က ဒီရြာကိုဓားျပတိုက္ၿပီး ရြာသားေတြကိုသတ္ေတာ့မယ္။ ရွင္က အဲ့အက်င့္ပ်က္အရာရိွေတြနဲ႔ ဘာေတြမ်ားကြာလို႔လဲ?"
နဉ္ရႈမွာ အလြန္ပင္စိုးရိမ္လာ၏။ လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္က ဘာလို႔ ဒီကိုမေရာက္ေသးတာလဲ? သူမ ျမစ္ကိုၾကၫ့္လိုက္သည္။ သူမ တကယ္ပဲ ျမစ္ထဲခုန္ဆင္းရေတာ့မွာလား?
"ငါ အာဏာကိုလိုခ်င္တယ္။ ငါ့မွာ အာဏာရိွရင္ မင္းက အဲ့အဆင့္ျမင့္အရာရိွရဲ့သားကို ေရြးပါ့မလား?"
ဝမ္ရူဟြားကညင္သာစြာဆိုသည္။
"ငါ အာဏာရိွလာရင္ ေလာကမွာရိွတဲ့အက်င့္ပ်က္အရာရိွေတြအားလံုးကိုသတ္ပစ္မယ္။"
နဉ္ရႈက စကားသံုးလံုးျဖင့္သာတုန႔္ျပန္သည္။
"ဟား၊ ဟား၊ ဟား။"
"ေခါင္းေဆာင္၊ ကြၽန္ေတာ္ ခင္ဗ်ားကို လ်ိႈ႔ဝွက္ခ်က္တစ္ခုေျပာျပမယ္။ တကယ္ေတာ့ ဒီရြာမွာ လ်ိႈ႔ဝွက္ခ်က္ႀကီးတစ္ခုရိွတယ္။"
ဝမ္ရူဟြားက နဉ္ရႈကိုလ်စ္လ်ူရႈကာ ဓားျပေခါင္းေဆာင္ဘက္လွၫ့္သည္။
ဓားျပေခါင္းေဆာင္ကေမးသည္။
"အိုး? ဘာလ်ိႈ႔ဝွက္ခ်က္မ်ားလဲ?"
ဝမ္ရူဟြားက တစ္ခုခုကို တီးတိုးေျပာေတာ့မၫ့္ဟန္ျဖင့္ ဓားျပေခါင္းေဆာင္ရဲ့နားဆီတိုးကပ္သြားလိုက္ၿပီးေနာက္ သူက သူ႔ဓားကို ဓားျပေခါင္းေဆာင္ရဲ့ရင္ဝဆီထိုးသြင္းလိုက္၏။
"အား..."
ဓားျပေခါင္းေဆာင္က ဝမ္ရူဟြားကို မယံုၾကည္ႏိုင္စြာၾကၫ့္ကာ ေျမျပင္ေပၚလဲက်သြားသည္။
"ေခါင္းေဆာင္! ေခါင္းေဆာင္..."
က်န္တဲ့ ေနာက္လိုက္ေတြက အံ့အားသင့္စြာေအာ္လိုက္ၾကရင္း ဝမ္ရူဟြားကို သတိအျပၫ့္ျဖင့္ၾကၫ့္လာသည္။
နဉ္ရႈလည္း ေၾကာင္အသြားကာ ဝမ္ရူဟြားလက္ထဲက ေသြးေတြစီးက်ေနတဲ့ဓားကိုၾကၫ့္လိုက္သည္။ ဝမ္ရူဟြားရဲ့အမူအရာကား ထူးမျခားနားပင္။ သူ႔အနားမွာ အၿမဲရစ္ဝဲေနတဲ့မႈန္မိႈင္းမႈတို႔က လြင့္ျပယ္သြားပံုေပၚသည္။
ဒါက သူအၿမဲျဖစ္ခ်င္ေနခဲ့သၫ့္ပံုစံအလား သူ႔ေအာ္ရာတို႔က လြန္စြာမွပင္ကြဲျပားသြား၏။
ဝမ္ရူဟြားက ေသြးစြန္းေနသၫ့္ဓားကိုကိုင္ေျမႇာက္ကာ ေအာ္ဟစ္လိုက္ၿပီး သူ႔အသံက ပဲ့တင္ထပ္လာသည္။
"အခုကစၿပီး ငါက ဒီအဖြဲ႔ရဲ့ေခါင္းေဆာင္ပဲ! အခုကစၿပီး ငါ အားလံုးကိုဦးေဆာင္မယ္! ငါ လူတိုင္း ေကာင္းေကာင္းမြန္မြန္ေနထိုင္ရေအာင္လုပ္မယ္၊ ေငြေတြအမ်ားႀကီးပိုရိွလာမယ္၊ မိန္းမလွေလးေတြရိွလာမယ္!"
"ကန႔္ကြက္တဲ့ဘယ္သူမဆို သူ႔လိုအဆံုးသတ္ရမယ္။"
ဝမ္ရူဟြားက ဓားျပေခါင္းေဆာင္ရဲ့အေလာင္းကိုကန္လိုက္သည္။
...
Advertisement
- In Serial6 Chapters
Kingdom Creation System
The World of Loreston was Erick Brighton's favorite Video Game.He'd become one of the top players and constantly stayed up all night, competing in tournaments and avoiding any real commitments besides feeding his two plants. However, one night when he awoke, he was no longer in his house in front of his computer, but surrounded by Goblins, beautiful woman, and enough supplies to build a tower from the ground to the moon.Turning into a Lord, one of the individuals gifted with the ability to create structures, he starts out as a lowly serf as he attempts to climb the social structure from a small, powerless villager into the king of the world! Warning: Contains harem elements, gore, and a ton of gamelit elements.
8 153 - In Serial11 Chapters
A Parallel Dream
Due to a recent rating, the story may not be featured or shown anywhere on Royal Road. If you enjoy the story, please rate and favorite. It really helps to keep me motivated and ensure others get to see the story. Thank you! Elijah Arrington was never a person many gave a second thought about. He and his sister, Abigail, lived alone while his parents worked out of town. However, one day, something odd happened while he made a trip into town. Within an instant, Eli is forced into an alternate world where his survival and the survival of those around is in danger. Eli must push forward to protect those that mean everything to him, while also attempting to make it back to his own world. If he doesn't, he risks losing everything. The series will have two chapters published each week. Depending on its popularity, more chapters may be published in quicker succession.
8 162 - In Serial58 Chapters
Short Stories by Regan Brooks
I use this page to try out new ideas, methods, and techniques. I'm in a short story challenge with a friend to write 1 a week based on the same prompt, so there will be weekly updates to this page. I have a lot of ideas for stories jotted down in a notepad, so this gives me an excuse to quit sitting around and actually write these. If you like what you read, 5 stars would be greatly appreciated. Follow or Favorite for the heads up on new WEEKLY chapters.
8 120 - In Serial33 Chapters
The Everburn Mage
As a child, Rune Ransford held admirable aspirations of following his father's footsteps by joining the military as a combat mage. These skilled practitioners of magic helped to close the curtain on the much dreaded 7 Year War between his home country of Esteras and the nations that threatened to destroy it. Possessing a natural aptitude for manifesting and manipulating fire magic, as well as receiving support from his family, his mind had long since been made up. He would be a mage that would make them proud. However, a single, bloodshed night was enough to change his fate forever. Before his eyes, he witnessed every soul he loved perish in an undying inferno. The worst part of it all wasn't that he was helpless to save them. No, what plagues his mind even to this day is that everyone is convinced that he is responsible for their deaths. That he is a cruel devil who walked through a sea of fire and lived. Now, serving in the military as a fully-fledged combat mage, he intends to uncover the truth of what really happened in his tragic past. What Rune has yet to realize, however, is that there are larger, more malicious forces at play. Forces connected to his family’s untimely demise. Forces lurking in the shadows of the very country he lives. And forces striving to alter the course of Esteras' history. Brandishing his flames of suffering, The Everburn Mage takes his first step into a world of loss, iniquity, and betrayal.
8 95 - In Serial12 Chapters
The Cardinal Hero of Magic
[Under Hiatus until further notice] In order to save the world from apocalyptic catastrophe, four heroes will be summoned from another world, The Sword, The Spear, The Bow, and The Shield Hero.However...should the waves surface without the aid of the heroes to combat them a fifth hero shall be called forth to protect the citizens. A hero with a staff and the power of magic. The Fifth Cardinal Hero of MagicBalthasar Black Is summoned to a alternate world to Protect the people from the Waves of Catastrophe, once there he finds himself in a village full of beings known as Demi-Humans, After the First Wave he witnesses the brutality of Melromarc towards the Demi-Humans. Balthasar makes his choice to save Demi-Humans rather than Humans[I welcome any weapon and monster Ideas]Highest Rank#1 Shieldhero[1/6/21]#1 Swordhero[5/11/20]#1 Spearhero[5/28/20]#1 Motoyasu[5/15/20]#7 Itsuki[9/11/20]#5 Raphtalia[10/23/21]#5 Filo[9/11/20]#1 Naofumi[1/14/22]#2 Bowhero[10/23/21]
8 201 - In Serial65 Chapters
Taming the Rogue
Demi Lovato, the new teacher at the local private school. After growing up watching her dad teach, she wanted nothing more than to follow in his footsteps, so here she is, at the same exact school, taking over his exact position. What her father failed to mention was the Dean's daughter, Harlow Luna Rouge, was hell on Earth for many. Maybe, just maybe, all a Rouge needs is to be tamed.
8 140

