《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 105
Advertisement
Unicode
ဒဏ္ဍာရီလာဆယ်မျိုးစပ်အကြောအားပျော့ဆေးမှုန့်
______________
"ဆရာ၊ ကျွန်မ ဆရာ့ဆီက ဆေးပညာသင်ချင်ပါတယ်။ ကျွန်မက ကာမဆေးသောက်ထားမိတဲ့ယောက်ျားတစ်ယောက်ကို ဘယ်လိုကုသရမလဲသိချင်ရုံပါ၊ ဒါဆို သူက မိန်းကလေးတစ်ယောက်ကို လုပ်ဖို့ကြိုးစားမှာမဟုတ်တော့ဘူး။ သူတို့ကို ရေခဲရေချိုးဇလုံထဲပစ်ချသင့်တာလား ဒါမှမဟုတ် ဆေးအရှိန်ပြယ်တဲ့အထိ သတိမေ့အောင်လုပ်သင့်လား?"
နတ်ဆေးသမားတော်၏မျက်ခုံးများမှာ ပိုလို့ပင်တွန့်ချိုးသွားကာ သူက သူ့နှုတ်ခမ်းလွှာများကို ဖွင့်ဟကာဆို၏။
"ထွက်သွား။"
ဒီနတ်ဆေးသမားတော်က သူမကိုလုံးဝမကြိုဆိုတာကိုမြင်တဲ့အခါ နဉ်ရှုမှာလည်း ထွက်သွားချင်၏။ သို့သော်လည်း သူမ တကယ်ပင် သူ့ဆီက ဆေးပညာသင်ချင်သည်။ အနားမှာတွယ်ကပ်နေပြီး ပညာလေးနည်းနည်းပါးပါးခိုးသင်တာက နောက်ပိုင်းမှာ အကျိုးရှိလာလိမ့်မည်။
"ဆရာ၊ ကျွန်မ စိတ်ရင်းမှန်နဲ့ ဆရာ့ဆီက ဆေးပညာသင်ချင်တာပါ။ ကျွန်မ ဒီမှာမရှိသလို ဆရာသဘောထားနိုင်ပါတယ်။ ကျွန်မ ဆေးပင်တွေကိုဂရုစိုက်ကူပြီးဆေးဖော်တဲ့နေရာမှာ ကူညီပေးပါ့မယ်။"
သူက ဒီယောက်ျားအုပ်စုထဲမှာ အအေးစက်ဆုံးနဲ့စိတ်ဝင်စားမှုမရှိဆုံးလူမို့ နတ်ဆေးသမားတော်နဲ့အတူနေရတာကို နဉ်ရှု သိပ်မစိုးရိမ်ပေ။ သူက လူးလှိမ့်တာကိုလည်း ဘာမှစိတ်ဝင်စားမယ့်ပုံမပေါ်။
တွန်းလှဲခံရမှာကို စိတ်ပူစရာမလိုမှတော့ ကာမဆေးကိစ္စကိုသာ သူမစိတ်ပူရမည်ဖြစ်၏။ ဒါကြောင့်မို့ ကြိုတင်ပြင်ဆင်ဖို့ စီစဉ်ထားသည်။
"ထွက်သွား။"
နတ်ဆေးသမားတော်က အေးစက်စွာဆိုသည်။
နဉ်ရှုက ရင်ကော့သည်။ ကောင်းကောင်းဆိုးဆိုး သူမက အမျိုးသမီးဇာတ်လိုက်ပဲလေ၊ ဟုတ်တယ်မလား? အမျိုးသားဇာတ်လိုက်က ဘာလို့ သူမကို လုံးဝစိတ်မဝင်စားရတာလဲ?
နတ်ဆေးသမားတော်က နဉ်ရှုကို ကြည့်ပင်မကြည့်သည်မို့ သူမ ရှုံးနိမ့်သွားသလိုခံစားလိုက်ရသည်။
သူမ၌ ဝါးအိမ်လေးအနားမှာ နေ့တိုင်းရစ်သီရစ်သီလုပ်နေဖို့ကလွဲပြီး တစ်ခြားရွေးစရာမရှိတော့ပေ။ နတ်ဆေးသမားတော်က သူမကို အတော်လေးသဘောမကျပုံပေါ်ကာ အမြဲတမ်းလျစ်လျူရှုထား၏။ သို့သော်လည်း သူမက အရေထူကာ ရစ်သီရစ်သီဆက်လုပ်နေလေ၏။
"ဆရာ၊ ဆရာ၊ ကျေးဇူးပြုပြီး ဒီတပည့်ကို လက်ခံပေးပါ။ ဒီတပည့်က သေချာပေါက်ကြိုးစားသင်ယူပြီး ဆရာ့သင်ကြားပေးမှုတွေကို ယူဆောင်လို့ လူ့လောကကြီး ပိုအဆင့်မြင့်တိုးတက်လာအောင် အသုံးချမှာပါ။"
နဉ်ရှုက မရပ်မနားစကားပြောနေ၏။
နတ်ဆေးသမားတော်က နဉ်ရှုဆီ ဆေးမှုန့်တစ်ချို့ပစ်လိုက်သည်။ နဉ်ရှု နှာချေလိုက်မိပြီးနောက် သူမတစ်ကိုယ်လုံး အားပျော့သွားတော့သည်။ ဒါက ဟိုက်ပိုဂလစ်ဆိုင်းမား(hypoglycemia)နဲ့တူတယ်လို့တွေးမိတာကြောင့် သူမပျာယာခတ်သွားပြီး မြေကြီးပေါ်ကို မလှုပ်မယှက်လဲကျသွားတော့သည်။
[T/N : hypoglycemiaဆိုတာက သွေးတွင်းသကြားဓာတ်လျော့နည်းတာပါ။ သူ့လက္ခဏာတွေမှာ အားပျော့တုန်ယင်တာ၊ မူးဝေတာစတဲ့လက္ခဏာတွေပါတာမို့ နဥ်ရှုက အဲ့လိုတွေးလိုက်တာပါ။]
"ဆရာ၊ ဆရာ တပည့်ကိုအဆိပ်ခတ်လိုက်တာလား? ဒါက ဒဏ္ဍာရီလာဆယ်မျိုးစပ်အကြောအားပျော့ဆေးမှုန့်လား?"
နဉ်ရှုမှာ လက်လေးတစ်ချောင်းလှုပ်ဖို့ပင် အားမရှိတော့ချေ။ သူမ နည်းနည်းကြောက်သွားသည်။ အခုနေများ သူမကို တစ်ယောက်ယောက် တွန်းလှဲလိုက်ဖို့ဆုံးဖြတ်လိုက်ရင် သူမ ဘာလုပ်ရမလဲ? နတ်ဆေးသမားတော်က အရမ်းအေးစက်ပြီးစိတ်မဝင်စားတဲ့ပုံပေါ်ပေမယ့် သူက ယောက်ျားတစ်ယောက်ဖြစ်နေတုန်းပဲလေ။ ဒီခန္ဓာကိုယ် ဘယ်လောက်လှတယ်ဆိုတာရယ်၊ အမျိုးသားဇာတ်လိုက်နဲ့အမျိုးသမီးဇာတ်လိုက်ကြားက ဆွဲငင်မှုရယ်နဲ့ သက်တော်စောင့်အစ်ကိုကြီး အနားမှာမရှိတာတွေပါပေါင်းလိုက်ရင် တွန်းလှဲခံရနိုင်ချေက 100.00%ပဲ၊ အား။
[T/N : ဒီအဆိပ်က အရောင်မရှိအနံ့မရှိပါ။ ပထမဆုံး လူတစ်ယောက်ကို အားပျော့ပြီးမလှုပ်နိုင်ဖြစ်သွားစေပေမယ့် နောက်ကျ ကောင်းမွန်မွန်ပြန်လှုပ်ရှားလာစေနိုင်ပါတယ်။ ဒါပေမယ့် အတွင်းအားတော့ မသုံးနိုင်တော့ပါဘူး။]
"ဆရာ၊ တပည့်ကို ဖြေဆေးပေးနိုင်မလား?"
နဉ်ရှုက တောင်းပန်သည်။
နတ်ဆေးသမားတော်က သူမကိုဂရုမစိုက်ဘဲ သူလုပ်စရာရှိတာတွေကိုသာဆက်လုပ်နေလေ၏။ သူက သူမရဲ့တည်ရှိမှုကို လုံးဝလျစ်လျူရှုထားတာဖြစ်သည်။
ပထမတော့ နဉ်ရှုက တွန်းလှဲခံရမှာကို စိတ်ပူနေဆဲဖြစ်သော်လည်း ယခုတော့ဖြင့် ဤလူက သူမကိုကြည့်ပင်ကြည့်မလာချေ။ အစာစားချိန်ရောက်လာသည့်အခါ နတ်ဆေးသမားတော်က သူမဆီ တရုတ်ပြောင်းမုန့်အမာတစ်ချပ်ကို ပစ်ပေးလာသည်။ နောက်ပြီး သူက သူမလက်ထဲပစ်ပေးတာမဟုတ်ဘဲ ခွေးတစ်ကောင်ကို အမဲရိုးပစ်ပေးသည့်နှယ် မြေကြီးပေါ်ကိုသာပစ်ချလိုက်တာဖြစ်၏။
နဉ်ရှု : ...
ငါက အမျိုးသမီးဇာတ်လိုက်ဟဲ့၊ ငါ့မှာရောင်ဝါရှိတယ်၊ နင် ငါ့ကို ဒီလိုဆက်ဆံလို့မရဘူးလေ! နဉ်ရှုက ပြောင်းမုန့်ကိုကောက်ယူရန် ကြိုးစားရုန်းကန်လိုက်ကာ မကိုက်ခင် သူမရဲ့အဝတ်တွေနဲ့သုတ်လိုက်သည်။
ဒါကြီးစားဖို့က သောက်ရမ်းမာလွန်းတယ်။ သူမဘဝကြီးက ဘာလို့အရမ်းဆိုးရွားနေရတာလဲ? နတ်ဆေးသမားတော်က ဖြူဖြူးဖွေဖွေးပေါက်စီအကြီးကြီးကိုစားနေတာကို သူမကကျ ဘာလို့ ဒါကိုစားရမှာလဲ?
သူမရဲ့နှလုံးသားလေး ပင်ပန်းနေပါပြီ၊ အား။
သို့သော်လည်း အနှီနတ်ဆေးသမားတော်က သူမကိုတွန်းလှဲမည့်အမူအရာတစ်စက်မှမပြတာကိုမြင်လိုက်ရတာမို့ နဥ်ရှု စိတ်သက်သာရာရသွားသည်။ နတ်ဆေးသမားတော်က သူမကို ပြောင်းမုန့်ပေးတဲ့အခါတိုင်း သူမက အရေထူထူနှင့်ရေတစ်ခွက်ပင်တောင်းပေလိမ့်မည်။ ဒါက တကယ်စားဖို့ခက်လွန်းတယ်၊ အရမ်းခြောက်လွန်းတယ်။
နဉ်ရှုက နတ်ဆေးသမားတော်ကိုမေးသည်။
"ဆရာ၊ ဆရာ ဒီပြောင်းမုန့်ကို ဘယ်ကရလာတာလဲ? ဒီနေ့ပြောင်းမုန့်က နည်းနည်းမာတယ်။ တပည့်သွားတွေတောင် ကျွတ်ထွက်တော့မလိုပဲ။ နောက်တစ်ခါကျ နူးညံ့အောင်လုပ်ပေးပါ။"
နတ်ဆေးသမားတော်က ပြန်ဖြေဖို့ကို သူမ တကယ်သိပ်မမျှော်လင့်ထားပေ။ သူက အရမ်းအေးစက်ပြီး စကားပြောခဲသည်။ သူက တစ်ယောက်တည်းနေရတာကို ကျင့်သားရနေလို့ဖြစ်နိုင်သည်။
"အဲ့ဒါက ရွာသားတစ်ယောက်က သူ့ကိုဆေးကုပေးလို့ပေးတာ။"
နတ်ဆေးသမားတော်က အေးစက်စွာပြန်ဖြေသည်။
"သူတို့က အခန်းနေရာအများကြီးယူထားလို့။"
နဉ်ရှု : ...
သူမနှလုံးသားလေး ဒဏ်ရာရသွားပြီ။ ကွဲကြေသွားသလိုပဲ။ ဒီနတ်ဆေးသမားတော်အတွက် သူမက အမှိုက်ပုံးတစ်ခုလိုပဲလို့ ခံစားရတယ်။
"မင်း တကယ်ပဲ ငါ့ဆီကဆေးပညာသင်ချင်တာလား?"
နတ်ဆေးသမားတော်က ရုတ်တရက်မေးလာသည်။
နဉ်ရှုက ချက်ချင်းပြန်ဖြေသည်။
"ဒါပေါ့၊ တပည့်သင်ချင်ပါတယ်။ တပည့် ဆရာ့ဆီက ဆေးပညာသင်ချင်ပါတယ်၊ ပြီးရင် လူ့လောကကြီးကို ပိုအဆင့်မြင့်တိုးတက်လာအောင်လုပ်မယ်။"
နတ်ဆေးသမားတော်က သူမရဲ့ကြီးမြတ်လှတဲ့ကြေညာချက်ကြီးကိုဂရုမစိုက်ဘဲ မေးသည်။
"ဆေးပညာသင်ချင်တဲ့လူတွေမှာ ဘာစိတ်ထားရှိရမယ်လို့ မင်းထင်လဲ?"
ဒါက ဝင်ခွင့်စာမေးပွဲလား? အလေးအနက်ဖြေဖို့လိုတယ်လို့ နဉ်ရှုခံစားလိုက်ရသည်။ သူမက သဲလွန်စလေးတစ်ခုတစ်လေရဖို့မျှော်လင့်လျက် သူ့မျက်နှာကိုကြည့်လိုက်သော်လည်း သူ့မျက်နှာကတော့ ရေခဲတုံးကြီးတစ်တုံးလိုပင် အမူအရာကင်းမဲ့လျက်ရှိသည်။
Advertisement
ထို့အတွက် သူမကြိုးစားကာဖြေလိုက်သည်။
"အကြင်နာတရား?"
...
မင်းရော ဘာထင်လဲ?
မေးခွန်း ၁။ ဆေးပညာသင်ချင်တဲ့လူတစ်ယောက်မှာ ဘာစိတ်ထားရှိသင့်လဲ?
မေးခွန်း၂။ နတ်ဆေးသမားတော်ကြားချင်တဲ့အဖြေက ဘာလဲ?
မေးခွန်း၃။ နဉ်ရှု အောင်မှာလား!?
မှတ်ချက်။ အပ်ပုဒိတ်လာတောင်းရင် လက်သီး!!
...
Zawgyi
ဒ႑ာရီလာဆယ္မ်ိဳးစပ္အေၾကာအားေပ်ာ့ေဆးမႈန႔္
______________
"ဆရာ၊ ကြၽန္မ ဆရာ့ဆီက ေဆးပညာသင္ခ်င္ပါတယ္။ ကြၽန္မက ကာမေဆးေသာက္ထားမိတဲ့ေယာက္်ားတစ္ေယာက္ကို ဘယ္လိုကုသရမလဲသိခ်င္ရံုပါ၊ ဒါဆို သူက မိန္းကေလးတစ္ေယာက္ကို လုပ္ဖို႔ႀကိဳးစားမွာမဟုတ္ေတာ့ဘူး။ သူတို႔ကို ေရခဲေရခ်ိဳးဇလံုထဲပစ္ခ်သင့္တာလား ဒါမွမဟုတ္ ေဆးအရိွန္ျပယ္တဲ့အထိ သတိေမ့ေအာင္လုပ္သင့္လား?"
နတ္ေဆးသမားေတာ္၏မ်က္ခံုးမ်ားမွာ ပိုလို႔ပင္တြန႔္ခ်ိဳးသြားကာ သူက သူ႔ႏႈတ္ခမ္းလႊာမ်ားကို ဖြင့္ဟကာဆို၏။
"ထြက္သြား။"
ဒီနတ္ေဆးသမားေတာ္က သူမကိုလံုးဝမႀကိဳဆိုတာကိုျမင္တဲ့အခါ နဉ္ရႈမွာလည္း ထြက္သြားခ်င္၏။ သို႔ေသာ္လည္း သူမ တကယ္ပင္ သူ႔ဆီက ေဆးပညာသင္ခ်င္သည္။ အနားမွာတြယ္ကပ္ေနၿပီး ပညာေလးနည္းနည္းပါးပါးခိုးသင္တာက ေနာက္ပိုင္းမွာ အက်ိဳးရိွလာလိမ့္မည္။
"ဆရာ၊ ကြၽန္မ စိတ္ရင္းမွန္နဲ႔ ဆရာ့ဆီက ေဆးပညာသင္ခ်င္တာပါ။ ကြၽန္မ ဒီမွာမရိွသလို ဆရာသေဘာထားႏိုင္ပါတယ္။ ကြၽန္မ ေဆးပင္ေတြကိုဂရုစိုက္ကူၿပီးေဆးေဖာ္တဲ့ေနရာမွာ ကူညီေပးပါ့မယ္။"
သူက ဒီေယာက္်ားအုပ္စုထဲမွာ အေအးစက္ဆံုးနဲ႔စိတ္ဝင္စားမႈမရိွဆံုးလူမို႔ နတ္ေဆးသမားေတာ္နဲ႔အတူေနရတာကို နဉ္ရႈ သိပ္မစိုးရိမ္ေပ။ သူက လူးလိွမ့္တာကိုလည္း ဘာမွစိတ္ဝင္စားမယ့္ပံုမေပၚ။
တြန္းလွဲခံရမွာကို စိတ္ပူစရာမလိုမွေတာ့ ကာမေဆးကိစၥကိုသာ သူမစိတ္ပူရမည္ျဖစ္၏။ ဒါေၾကာင့္မို႔ ႀကိဳတင္ျပင္ဆင္ဖို႔ စီစဉ္ထားသည္။
"ထြက္သြား။"
နတ္ေဆးသမားေတာ္က ေအးစက္စြာဆိုသည္။
နဉ္ရႈက ရင္ေကာ့သည္။ ေကာင္းေကာင္းဆိုးဆိုး သူမက အမ်ိဳးသမီးဇာတ္လိုက္ပဲေလ၊ ဟုတ္တယ္မလား? အမ်ိဳးသားဇာတ္လိုက္က ဘာလို႔ သူမကို လံုးဝစိတ္မဝင္စားရတာလဲ?
နတ္ေဆးသမားေတာ္က နဉ္ရႈကို ၾကၫ့္ပင္မၾကၫ့္သည္မို႔ သူမ ရႈံးနိမ့္သြားသလိုခံစားလိုက္ရသည္။
သူမ၌ ဝါးအိမ္ေလးအနားမွာ ေန့တိုင္းရစ္သီရစ္သီလုပ္ေနဖို႔ကလြဲၿပီး တစ္ျခားေရြးစရာမရိွေတာ့ေပ။ နတ္ေဆးသမားေတာ္က သူမကို အေတာ္ေလးသေဘာမက်ပံုေပၚကာ အၿမဲတမ္းလ်စ္လ်ူရႈထား၏။ သို႔ေသာ္လည္း သူမက အေရထူကာ ရစ္သီရစ္သီဆက္လုပ္ေနေလ၏။
"ဆရာ၊ ဆရာ၊ ေက်းဇူးျပဳျပီး ဒီတပၫ့္ကို လက္ခံေပးပါ။ ဒီတပၫ့္က ေသခ်ာေပါက္ႀကိဳးစားသင္ယူၿပီး ဆရာ့သင္ၾကားေပးမႈေတြကို ယူေဆာင္လို႔ လူ႔ေလာကႀကီး ပိုအဆင့္ျမင့္တိုးတက္လာေအာင္ အသံုးခ်မွာပါ။"
နဉ္ရႈက မရပ္မနားစကားေျပာေန၏။
နတ္ေဆးသမားေတာ္က နဉ္ရႈဆီ ေဆးမႈန႔္တစ္ခ်ိဳ႕ပစ္လိုက္သည္။ နဉ္ရႈ ႏွာေခ်လိုက္မိၿပီးေနာက္ သူမတစ္ကိုယ္လံုး အားေပ်ာ့သြားေတာ့သည္။ ဒါက ဟိုက္ပိုဂလစ္ဆိုင္းမား(hypoglycemia)နဲ႔တူတယ္လို႔ေတြးမိတာေၾကာင့္ သူမပ်ာယာခတ္သြားၿပီး ေျမၾကီးေပၚကို မလႈပ္မယွက္လဲက်သြားေတာ့သည္။
[T/N : hypoglycemiaဆိုတာက ေသြးတြင္းသၾကားဓာတ္ေလ်ာ့နည္းတာပါ။ သူ႔လကၡဏာေတြမွာ အားေပ်ာ့တုန္ယင္တာ၊ မူးေဝတာစတဲ့လကၡဏာေတြပါတာမို႔ နဥ္ရႈက အဲ့လိုေတြးလိုက္တာပါ။]
"ဆရာ၊ ဆရာ တပၫ့္ကိုအဆိပ္ခတ္လိုက္တာလား? ဒါက ဒ႑ာရီလာဆယ္မ်ိဳးစပ္အေၾကာအားေပ်ာ့ေဆးမႈန႔္လား?"
နဉ္ရႈမွာ လက္ေလးတစ္ေခ်ာင္းလႈပ္ဖို႔ပင္ အားမရိွေတာ့ေခ်။ သူမ နည္းနည္းေၾကာက္သြားသည္။ အခုေနမ်ား သူမကို တစ္ေယာက္ေယာက္ တြန္းလွဲလိုက္ဖို႔ဆံုးျဖတ္လိုက္ရင္ သူမ ဘာလုပ္ရမလဲ? နတ္ေဆးသမားေတာ္က အရမ္းေအးစက္ၿပီးစိတ္မဝင္စားတဲ့ပံုေပၚေပမယ့္ သူက ေယာက္်ားတစ္ေယာက္ျဖစ္ေနတုန္းပဲေလ။ ဒီခႏၶာကိုယ္ ဘယ္ေလာက္လွတယ္ဆိုတာရယ္၊ အမ်ိဳးသားဇာတ္လိုက္နဲ႔အမ်ိဳးသမီးဇာတ္လိုက္ၾကားက ဆြဲငင္မႈရယ္နဲ႔ သက္ေတာ္ေစာင့္အစ္ကိုႀကီး အနားမွာမရိွတာေတြပါေပါင္းလိုက္ရင္ တြန္းလွဲခံရႏိုင္ေခ်က 100.00%ပဲ၊ အား။
[T/N : ဒီအဆိပ္က အေရာင္မရိွအနံ႔မရိွပါ။ ပထမဆံုး လူတစ္ေယာက္ကို အားေပ်ာ့ၿပီးမလႈပ္ႏိုင္ျဖစ္သြားေစေပမယ့္ ေနာက္က် ေကာင္းမြန္မြန္ျပန္လႈပ္ရွားလာေစႏိုင္ပါတယ္။ ဒါေပမယ့္ အတြင္းအားေတာ့ မသံုးႏိုင္ေတာ့ပါဘူး။]
"ဆရာ၊ တပၫ့္ကို ေျဖေဆးေပးႏိုင္မလား?"
နဉ္ရႈက ေတာင္းပန္သည္။
နတ္ေဆးသမားေတာ္က သူမကိုဂရုမစိုက္ဘဲ သူလုပ္စရာရိွတာေတြကိုသာဆက္လုပ္ေနေလ၏။ သူက သူမရဲ့တည္ရိွမႈကို လံုးဝလ်စ္လ်ူရႈထားတာျဖစ္သည္။
ပထမေတာ့ နဉ္ရႈက တြန္းလွဲခံရမွာကို စိတ္ပူေနဆဲျဖစ္ေသာ္လည္း ယခုေတာ့ျဖင့္ ဤလူက သူမကိုၾကၫ့္ပင္ၾကၫ့္မလာေခ်။ အစာစားခ်ိန္ေရာက္လာသည့္အခါ နတ္ေဆးသမားေတာ္က သူမဆီ တရုတ္ေျပာင္းမုန႔္အမာတစ္ခ်ပ္ကို ပစ္ေပးလာသည္။ ေနာက္ၿပီး သူက သူမလက္ထဲပစ္ေပးတာမဟုတ္ဘဲ ေခြးတစ္ေကာင္ကို အမဲရိုးပစ္ေပးသၫ့္ႏွယ္ ေျမၾကီးေပၚကိုသာပစ္ခ်လိုက္တာျဖစ္၏။
နဉ္ရႈ : ...
ငါက အမ်ိဳးသမီးဇာတ္လိုက္ဟဲ့၊ ငါ့မွာေရာင္ဝါရိွတယ္၊ နင္ ငါ့ကို ဒီလိုဆက္ဆံလို႔မရဘူးေလ! နဉ္ရႈက ေျပာင္းမုန႔္ကိုေကာက္ယူရန္ ႀကိဳးစားရုန္းကန္လိုက္ကာ မကိုက္ခင္ သူမရဲ့အဝတ္ေတြနဲ႔သုတ္လိုက္သည္။
ဒါႀကီးစားဖို႔က ေသာက္ရမ္းမာလြန္းတယ္။ သူမဘဝႀကီးက ဘာလို႔အရမ္းဆိုးရြားေနရတာလဲ? နတ္ေဆးသမားေတာ္က ျဖဴျဖဴးေဖြေဖြးေပါက္စီအႀကီးႀကီးကိုစားေနတာကို သူမကက် ဘာလို႔ ဒါကိုစားရမွာလဲ?
သူမရဲ့ႏွလံုးသားေလး ပင္ပန္းေနပါၿပီ၊ အား။
သို႔ေသာ္လည္း အႏွီနတ္ေဆးသမားေတာ္က သူမကိုတြန္းလွဲမၫ့္အမူအရာတစ္စက္မွမျပတာကိုျမင္လိုက္ရတာမို႔ နဥ္ရႈ စိတ္သက္သာရာရသြားသည္။ နတ္ေဆးသမားေတာ္က သူမကို ေျပာင္းမုန႔္ေပးတဲ့အခါတိုင္း သူမက အေရထူထူႏွင့္ေရတစ္ခြက္ပင္ေတာင္းေပလိမ့္မည္။ ဒါက တကယ္စားဖို႔ခက္လြန္းတယ္၊ အရမ္းေျခာက္လြန္းတယ္။
နဉ္ရႈက နတ္ေဆးသမားေတာ္ကိုေမးသည္။
"ဆရာ၊ ဆရာ ဒီေျပာင္းမုန႔္ကို ဘယ္ကရလာတာလဲ? ဒီေန့ေျပာင္းမုန႔္က နည္းနည္းမာတယ္။ တပၫ့္သြားေတြေတာင္ ကြၽတ္ထြက္ေတာ့မလိုပဲ။ ေနာက္တစ္ခါက် ႏူးညံ့ေအာင္လုပ္ေပးပါ။"
နတ္ေဆးသမားေတာ္က ျပန္ေျဖဖို႔ကို သူမ တကယ္သိပ္မေမ်ွာ္လင့္ထားေပ။ သူက အရမ္းေအးစက္ၿပီး စကားေျပာခဲသည္။ သူက တစ္ေယာက္တည္းေနရတာကို က်င့္သားရေနလို႔ျဖစ္ႏိုင္သည္။
"အဲ့ဒါက ရြာသားတစ္ေယာက္က သူ႔ကိုေဆးကုေပးလို႔ေပးတာ။"
နတ္ေဆးသမားေတာ္က ေအးစက္စြာျပန္ေျဖသည္။
"သူတို႔က အခန္းေနရာအမ်ားႀကီးယူထားလို႔။"
နဉ္ရႈ : ...
သူမႏွလံုးသားေလး ဒဏ္ရာရသြားၿပီ။ ကြဲေၾကသြားသလိုပဲ။ ဒီနတ္ေဆးသမားေတာ္အတြက္ သူမက အမိႈက္ပံုးတစ္ခုလိုပဲလို႔ ခံစားရတယ္။
"မင္း တကယ္ပဲ ငါ့ဆီကေဆးပညာသင္ခ်င္တာလား?"
နတ္ေဆးသမားေတာ္က ရုတ္တရက္ေမးလာသည္။
နဉ္ရႈက ခ်က္ခ်င္းျပန္ေျဖသည္။
"ဒါေပါ့၊ တပၫ့္သင္ခ်င္ပါတယ္။ တပၫ့္ ဆရာ့ဆီက ေဆးပညာသင္ခ်င္ပါတယ္၊ ၿပီးရင္ လူ႔ေလာကႀကီးကို ပိုအဆင့္ျမင့္တိုးတက္လာေအာင္လုပ္မယ္။"
နတ္ေဆးသမားေတာ္က သူမရဲ့ႀကီးျမတ္လွတဲ့ေၾကညာခ်က္ႀကီးကိုဂရုမစိုက္ဘဲ ေမးသည္။
"ေဆးပညာသင္ခ်င္တဲ့လူေတြမွာ ဘာစိတ္ထားရိွရမယ္လို႔ မင္းထင္လဲ?"
ဒါက ဝင္ခြင့္စာေမးပြဲလား? အေလးအနက္ေျဖဖို႔လိုတယ္လို႔ နဉ္ရႈခံစားလိုက္ရသည္။ သူမက သဲလြန္စေလးတစ္ခုတစ္ေလရဖို႔ေမ်ွာ္လင့္လ်က္ သူ႔မ်က္ႏွာကိုၾကၫ့္လိုက္ေသာ္လည္း သူ႔မ်က္ႏွာကေတာ့ ေရခဲတံုးႀကီးတစ္တံုးလိုပင္ အမူအရာကင္းမဲ့လ်က္ရိွသည္။
ထို႔အတြက္ သူမႀကိဳးစားကာေျဖလိုက္သည္။
"အၾကင္နာတရား?"
...
မင္းေရာ ဘာထင္လဲ?
ေမးခြန္း ၁။ ေဆးပညာသင္ခ်င္တဲ့လူတစ္ေယာက္မွာ ဘာစိတ္ထားရိွသင့္လဲ?
ေမးခြန္း၂။ နတ္ေဆးသမားေတာ္ၾကားခ်င္တဲ့အေျဖက ဘာလဲ?
ေမးခြန္း၃။ နဉ္ရႈ ေအာင္မွာလား!?
မွတ္ခ်က္။ အပ္ပုဒိတ္ေတာင္းလ်ွင္ လက္သီး!
...
Advertisement
- In Serial13 Chapters
Gateway to Nexus (Dropped)
A story about a relatively normal young man named Sebastian Frost and his adventures in a new VR world by the name of Nexus. Unlike most he has a definite goal and that is to prove that his favorite class is also viable in this new world. The class? Well it's a mage of course. Events not of his own choosing, ends up sending him down a dark path of growth and self-discovery, one that he never could have predicted. The mature tag is there for several reasons, for now it's a precaution, but at some point there will probably appear both sexual and violent content.
8 159 - In Serial9 Chapters
Drive Time
Three friends just invented a machine that can send messages back in time. Can they use the machine to rescue humanity from a bleak future? Technological evolution is about to become supercharged. Simon, Spencer, and Victor have rewritten the rules of physics. The human race is heading towards a dead-end future, and these three friends are the only ones willing to stand up and save humanity from itself. Using their Time Drive technology, they will reshape reality itself until it's inhabitants are guarded against extinction.Time manipulation is not an easy task; along the way, there will be mishaps and wrong turns, but the trio think they have time on their side. The problem is, time doesn't take sides.
8 80 - In Serial16 Chapters
I'm overpowered
In this endless multiverse which is situated in an infinite void, there exists being which is beyond the rules of space and time. he/she wish to live a normal life as he/she feels lonely. Spoiler: Spoiler this is the story of how being which is beyond any rules is wished to live a life full of rules. in the ongoing story, the being sends his will in different dimensions, time, space to enjoy life from a different point of view. Hey guys, this is my first creation so I hope you like it. I will try to make it good so if I make some mistakes please comment so I will correct it.
8 104 - In Serial6 Chapters
A Second Chance (Invasion Book #1): LitRPG Series
Reality is cruel. The rising level of technological development has led to a rising level of unemployment. They're laying off everybody, from teachers to technical servicemen. What's the point of holding onto a person if they can be replaced by an advanced mechanism?But what are the people to do? How are they to live? Where are they to get money from? There is only one answer – Barliona. The official government project is gathering steam, luring more and more people into its net. Who knows how people will behave when they lose everything?Brody West is one such person. Unlike most, he doesn't lose heart. A professional project manager with thirty years in the business simply cannot do that. He has a goal, and a clear understanding of how to achieve it. Nobody can get in his way – not the new class, not the strange friend, and not the unexpected foes. https://www.royalroad.com/amazon/B07SH5WGX6
8 171 - In Serial30 Chapters
That Isn't My Imaginary Friend(Cancelled)
We all grow up to have our type of imaginary friend. But this isn't an imaginary friend situation, it's something that lives to survive of fresh souls.
8 172 - In Serial39 Chapters
In Your Dreams: a Harry X Voldemort|Tom
AU: You can talk to your soulmate in your dreams.If you can love me only in my dreams, let me sleep forever.You are my soulmate, my sweetheart, you are my dream come true. From now on until the end of time I gave my heart and soul to you.I don't know how it is you are so familiar to me or why it feels less like I'm getting to know you and I'm remembering who you are. How every smile, every whisper brings me closer to the impossible conclusion that I have known you before, I have loved you before in another time, a different place, some other existence.On that faithful Halloween night at Godric's Hallow, Lord Voldemort never intended to kill Harry -quite the opposite actually. But then, Dumbledore arrived and tried to kill Harry, but Voldemort prevented and the price that he lose his own body.Top Ranking:#337 in Fanfiction 8/26/17#1 in Tomarry 5/10/18#1 in Harrymort 5/10/18
8 271

