《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 106
Advertisement
Unicode
ကျေးဇူးပြုပြီး တပည့်ကို အရုပ်တွေဘယ်လိုပြင်ရမလဲသင်ပေးပါ!
___________
အကြင်နာတရားရှိရမည်ဟု နဉ်ရှုဖြေလေသောအခါ နတ်ဆေးသမားတော်က အေးစက်စွာရယ်သည်။
"ဒီအဖြေက မှားလို့လား?"
နတ်ဆေးသမားတော်က သူမကို သည်းလှိုက်အူလှိုက်ရယ်ချင်နေသောအမူအရာဖြင့်သာကြည့်နေသည်ကို နဉ်ရှုတွေ့သည်၌ သူမကမေးသည်။
"ဒါဆို ဆေးပညာလေ့လာတဲ့လူတွေကရော ဘယ်လိုစိတ်ထားရှိရမှာလဲ?"
နတ်ဆေးသမားတော်က သူမကိုကြည့်ကာ နူးညံ့စွာဆို၏။
"လောကကြီးထဲက သက်ရှိတွေမှန်သမျှက လူတစ်ယောက်ရဲ့လက်ထဲက အရုပ်တွေဆိုတာထက် ဘာမှမပိုဘူး။"
နဉ်ရှု : ...
ကျေးဇူးပြုပြီး လူစကားပြောပေးပါလား!?
နတ်ဆေးသမားတော်ကပြောသည်။
"မင်းက ဆေးပညာသင်ဖို့ မသင့်တော်ဘူး။"
"မဟုတ်ဘူး၊ တပည့်လုပ်နိုင်တယ်။"
နဉ်ရှုက အခိုင်အမာဆိုသည်။
"ဆေးပညာလေ့လာတယ်ဆိုတာက အရာတစ်ခုရဲ့ချို့ငဲ့နေမှုတွေကို တစ်ခြားတစ်ခုကိုသုံးပြီးဖြည့်စွက်တာပဲ။ လူတွေကိုကုသဖို့ ဆေးပင်တွေသုံးတယ်ဆိုတာက လူတွေရဲ့ခန္ဓာကိုယ်ကို ပြန်ထိန်းသိမ်းဖို့ ဆေးပင်တွေသုံးတာပဲ။"
နတ်ဆေးသမားတော်က ပြောသည်။
"မင်း ဘာပြောခဲ့လဲ? အကြင်နာတရားတဲ့လား? အဲ့ဒါဘာကြီးလဲ?"
နဉ်ရှု : ...
သမားတော်တွေက အကြင်နာတတ်ဆုံးတွေလို့ သူတို့မပြောခဲ့ကြဘူးလား? အဲ့ဒါက ဒီမှာ ဘာလို့အဖြေမှားနေရတာလဲ? နတ်ဆေးသမားတော်က အေးစက်စက်အကျင့်စရိုက်ရှိရုံတင်မကဘူး၊ သူ့နှလုံးသားကပါအေးစက်နေတာပဲ။ သူက လူတွေကို ပြင်ဆင်ဖို့လိုအပ်တဲ့အရုပ်ကလေးတွေလို့ လုံးဝသဘောထားနေတာပဲ။ သူ ပျော်နေရင် သူတို့ကို ကလိမယ်၊ ဒါပေမယ့် သူမပျော်ရင်တော့ သူတို့ကို လျစ်လျူရှုထားမယ်။
သူက အပြင်ပန်းကသာအေးစက်ပေမယ့် အတွင်းစိတ်ကတော့ ကြင်နာတတ်တယ်လို့ သူမထင်ထားတာ။ ဒါပေမယ့် သူက ရိုးတွင်းခြင်ဆီအထိ အေးစက်နေတဲ့သူဆိုတာပေါ်လာတယ်။
မုယန်မုန့်က သူ့ကို ဘယ်လိုများသည်းခံနိုင်ခဲ့ပါလိမ့်?
နဉ်ရှုက သူ့ကိုကြည့်ကာမေးသည်။
"ဆရာ၊ ဆရာ တပည့်ကို အရုပ်တွေ ဘယ်လိုပြင်ရမယ်ဆိုတာ သင်ပေးနိုင်မလား?"
"မင်းက မသင့်တော်ဘူးလို့ ငါ မင်းကိုပြောခဲ့ပြီးပြီ။"
နတ်ဆေးသမားတော်က အေးတိအေးစက်အမူအရာနှင့်ခေါင်းယမ်းသည်။
နဉ်ရှုရဲ့ အရှက်မရှိအတင်းတောင်းဆိုမှုတွေအပြီးမှာတော့ နောက်ဆုံး၌ နတ်ဆေးသမားတော်က လက်လျှော့လိုက်ကာ သူမအား...ဆေးပင်တွေကို နွားချေးတွေနဲ့ မြေဩဇာစကျွေးခွင့်ပြုလိုက်လေသည်။
သို့ဖြစ်ရကား ယခုအချိန်တွင်မူ နဉ်ရှုသည် တောင်းတစ်လုံးသယ်ကာ ဆေးပင်တွေကို ဂျုံစေ့တွေကူးပြောင်းဝင်စားလာသည့်အရာများကို ကျွေးကာ သူမ၏နေ့ရက်များကိုကုန်ဆုံးစေလျက်ရှိ၏။ တစ်ချို့အချိန်တွေမှာတော့ သူမက ထယ်ထိုးတာ ဒါမှမဟုတ် ပေါင်းပင်နှုတ်တာတွေလုပ်တတ်လေသည်။
ချီအိမ်တော်မှာ ချေးအိုးတွေဆေးရမယ့်ကံကြမ္မာကို ရှောင်ရှားနိုင်ခဲ့ပြီးနောက်တွင်သော်မှ သူမမှာ နွားချေးမြေဩဇာကြဲပက်ရသည့်ကံကြမ္မာကိုတော့ မရှောင်လွှဲနိုင်ခဲ့။ တစ်ခြားအမျိုးသမီးဇာတ်လိုက်တွေက တပည့်လုပ်ဖို့ ဆရာတွေကတောင်းဆိုနေရပေမယ့် သူမအလှည့်ကျမှ ဘာလို့ ဆန့်ကျင်ဘက်တွေဖြစ်နေရတာလဲ?
သူမမှာ သူမကိုယ်သူမ နေ့တိုင်းသန့်ရှင်းအောင်ရေချိုးသန့်စင်သော်လည်း အဲ့အနံ့ကြီးက သူမကိုယ်ပေါ်မှစွဲထင်နေဆဲဟု သူမခံစားနေရသည်။ တကယ်ပါ။
နွားချေးနံ့တွေ သူမကိုယ်ပေါ်စွဲကပ်လာချိန်တည်းက နတ်ဆေးသမားတော်မှာ နဉ်ရှုနှင့် ပို၍ပင်ဝေးဝေးနေလာချေ၏။ နှစ်ယောက်သားမှာ စကားပြောခဲလှသည်။ အစာစားချိန်တွေမှာတောင် စကားပြောဖို့ အခွင့်အရေးနည်းပါးလှ၏။ နဉ်ရှုရဲ့နေ့စဉ်အစားအသောက်တွေကတော့ ပြောင်းမုန့်၊ ပြောင်းမုန့် နဲ့ ပိုများတဲ့ပြောင်းမုန့်တွေသာဖြစ်သည်။ ဘာကြောင့်လဲဆို သူမရဲ့နောက်တာဝန်တစ်ခုက အနှီကျောက်တုံးနှယ်မာကြောလှသည့်ပြောင်းမုန့်များအားလုံးကို လတ်စသတ်ပေးရန်ဖြစ်နေ၍ပင်တည်း။
...
Zawgyi
ေက်းဇူးျပဳျပီး တပၫ့္ကို အရုပ္ေတြဘယ္လိုျပင္ရမလဲသင္ေပးပါ!
___________
အၾကင္နာတရားရိွရမည္ဟု နဉ္ရႈေျဖေလေသာအခါ နတ္ေဆးသမားေတာ္က ေအးစက္စြာရယ္သည္။
"ဒီအေျဖက မွားလို႔လား?"
နတ္ေဆးသမားေတာ္က သူမကို သည္းလိႈက္အူလိႈက္ရယ္ခ်င္ေနေသာအမူအရာျဖင့္သာၾကၫ့္ေနသည္ကို နဉ္ရႈေတြ့သည္၌ သူမကေမးသည္။
"ဒါဆို ေဆးပညာေလ့လာတဲ့လူေတြကေရာ ဘယ္လိုစိတ္ထားရိွရမွာလဲ?"
နတ္ေဆးသမားေတာ္က သူမကိုၾကၫ့္ကာ ႏူးညံ့စြာဆို၏။
"ေလာကႀကီးထဲက သက္ရိွေတြမွန္သမ်ွက လူတစ္ေယာက္ရဲ့လက္ထဲက အရုပ္ေတြဆိုတာထက္ ဘာမွမပိုဘူး။"
နဉ္ရႈ : ...
ေက်းဇူးျပဳျပီး လူစကားေျပာေပးပါလား!?
နတ္ေဆးသမားေတာ္ကေျပာသည္။
"မင္းက ေဆးပညာသင္ဖို႔ မသင့္ေတာ္ဘူး။"
"မဟုတ္ဘူး၊ တပၫ့္လုပ္ႏိုင္တယ္။"
နဉ္ရႈက အခိုင္အမာဆိုသည္။
"ေဆးပညာေလ့လာတယ္ဆိုတာက အရာတစ္ခုရဲ့ခ်ိဳ႕ငဲ့ေနမႈေတြကို တစ္ျခားတစ္ခုကိုသံုးၿပီးျဖၫ့္စြက္တာပဲ။ လူေတြကိုကုသဖို႔ ေဆးပင္ေတြသံုးတယ္ဆိုတာက လူေတြရဲ့ခႏၶာကိုယ္ကို ျပန္ထိန္းသိမ္းဖို႔ ေဆးပင္ေတြသံုးတာပဲ။"
နတ္ေဆးသမားေတာ္က ေျပာသည္။
"မင္း ဘာေျပာခဲ့လဲ? အၾကင္နာတရားတဲ့လား? အဲ့ဒါဘာႀကီးလဲ?"
နဉ္ရႈ : ...
သမားေတာ္ေတြက အၾကင္နာတတ္ဆံုးေတြလို႔ သူတို႔မေျပာခဲ့ၾကဘူးလား? အဲ့ဒါက ဒီမွာ ဘာလို႔အေျဖမွားေနရတာလဲ? နတ္ေဆးသမားေတာ္က ေအးစက္စက္အက်င့္စရိုက္ရိွရံုတင္မကဘူး၊ သူ႔ႏွလံုးသားကပါေအးစက္ေနတာပဲ။ သူက လူေတြကို ျပင္ဆင္ဖို႔လိုအပ္တဲ့အရုပ္ကေလးေတြလို႔ လံုးဝသေဘာထားေနတာပဲ။ သူ ေပ်ာ္ေနရင္ သူတို႔ကို ကလိမယ္၊ ဒါေပမယ့္ သူမေပ်ာ္ရင္ေတာ့ သူတို႔ကို လ်စ္လ်ူရႈထားမယ္။
သူက အျပင္ပန္းကသာေအးစက္ေပမယ့္ အတြင္းစိတ္ကေတာ့ ၾကင္နာတတ္တယ္လို႔ သူမထင္ထားတာ။ ဒါေပမယ့္ သူက ရိုးတြင္းျခင္ဆီအထိ ေအးစက္ေနတဲ့သူဆိုတာေပၚလာတယ္။
မုယန္မုန႔္က သူ႔ကို ဘယ္လိုမ်ားသည္းခံႏိုင္ခဲ့ပါလိမ့္?
နဉ္ရႈက သူ႔ကိုၾကၫ့္ကာေမးသည္။
"ဆရာ၊ ဆရာ တပၫ့္ကို အရုပ္ေတြ ဘယ္လိုျပင္ရမယ္ဆိုတာ သင္ေပးႏိုင္မလား?"
"မင္းက မသင့္ေတာ္ဘူးလို႔ ငါ မင္းကိုေျပာခဲ့ၿပီးၿပီ။"
နတ္ေဆးသမားေတာ္က ေအးတိေအးစက္အမူအရာႏွင့္ေခါင္းယမ္းသည္။
နဉ္ရႈရဲ့ အရွက္မရိွအတင္းေတာင္းဆိုမႈေတြအၿပီးမွာေတာ့ ေနာက္ဆံုး၌ နတ္ေဆးသမားေတာ္က လက္ေလ်ွာ့လိုက္ကာ သူမအား...ေဆးပင္ေတြကို ႏြားေခ်းေတြနဲ႔ ေျမဩဇာစေကြၽးခြင့္ျပဳလိုက္ေလသည္။
သို႔ျဖစ္ရကား ယခုအခ်ိန္တြင္မူ နဉ္ရႈသည္ ေတာင္းတစ္လံုးသယ္ကာ ေဆးပင္ေတြကို ဂ်ံဳေစ့ေတြကူးေျပာင္းဝင္စားလာသၫ့္အရာမ်ားကို ေကြၽးကာ သူမ၏ေန့ရက္မ်ားကိုကုန္ဆံုးေစလ်က္ရိွ၏။ တစ္ခ်ိဳ႕အခ်ိန္ေတြမွာေတာ့ သူမက ထယ္ထိုးတာ ဒါမွမဟုတ္ ေပါင္းပင္ႏႈတ္တာေတြလုပ္တတ္ေလသည္။
ခ်ီအိမ္ေတာ္မွာ ေခ်းအိုးေတြေဆးရမယ့္ကံၾကမၼာကို ေရွာင္ရွားႏိုင္ခဲ့ၿပီးေနာက္တြင္ေသာ္မွ သူမမွာ ႏြားေခ်းေျမဩဇာႀကဲပက္ရသၫ့္ကံၾကမၼာကိုေတာ့ မေရွာင္လႊဲႏိုင္ခဲ့။ တစ္ျခားအမ်ိဳးသမီးဇာတ္လိုက္ေတြက တပၫ့္လုပ္ဖို႔ ဆရာေတြကေတာင္းဆိုေနရေပမယ့္ သူမအလွၫ့္က်မွ ဘာလို႔ ဆန႔္က်င္ဘက္ေတျြဖစ္ေနရတာလဲ?
သူမမွာ သူမကိုယ္သူမ ေန့တိုင္းသန႔္ရွင္းေအာင္ေရခ်ိဳးသန႔္စင္ေသာ္လည္း အဲ့အနံ႔ႀကီးက သူမကိုယ္ေပၚမွစြဲထင္ေနဆဲဟု သူမခံစားေနရသည္။ တကယ္ပါ။
ႏြားေခ်းနံ႔ေတြ သူမကိုယ္ေပၚစြဲကပ္လာခ်ိန္တည္းက နတ္ေဆးသမားေတာ္မွာ နဉ္ရႈႏွင့္ ပို၍ပင္ေဝးေဝးေနလာေခ်၏။ ႏွစ္ေယာက္သားမွာ စကားေျပာခဲလွသည္။ အစာစားခ်ိန္ေတြမွာေတာင္ စကားေျပာဖို႔ အခြင့္အေရးနည္းပါးလွ၏။ နဉ္ရႈရဲ့ေန့စဉ္အစားအေသာက္ေတြကေတာ့ ေျပာင္းမုန႔္၊ ေျပာင္းမုန႔္ နဲ႔ ပိုမ်ားတဲ့ေျပာင္းမုန႔္ေတြသာျဖစ္သည္။ ဘာေၾကာင့္လဲဆို သူမရဲ့ေနာက္တာဝန္တစ္ခုက အႏွီေက်ာက္တံုးႏွယ္မာေၾကာလွသၫ့္ေျပာင္းမုန႔္မ်ားအားလံုးကို လတ္စသတ္ေပးရန္ျဖစ္ေန၍ပင္တည္း။
...
Advertisement
- In Serial99 Chapters
Prince And His Fool (Boylove)
Rong Zian, a college student unexpectedly transmigrated into past era in a mythical country known as Hepeng.
8 578 - In Serial11 Chapters
Errant
Amateur fighter Kestril only remembers two things about her mother's disappearance: a locket and the promise she made to keep her brother safe. That promise is all she thinks of when she jumps in front of a car to save her brother. She expects death, but instead wakes up to a looming clock tower, cobblestone streets, and dead soldiers wearing lockets just like her mother's. Kess's locket marks her as one of the Errant- people with control over dimensions and time, and the same people rumored to have captured her brother across the city. When a military group mistakes Kess for their enemy, she swears allegiance at gunpoint, hoping to search for her brother from within. Inside, Kess finds an even darker side of the city bent on killing the Errant-using any means necessary. When the murder of an important Errant soldier throws the city further into civil war, Kess uncovers a plot that could undo everything she's fought for so far. The only problem? Her brother is at the head of it. Trapped between her promise to her mother and her morals, Kess finds little use for her theatrical brawling of the past. She can only hope to find her brother before it's too late. || Update: 4/24/2022 Have decided to rewrite this novel, but will continue to post chapters of this draft, possibly with commentary. Questions, comments, concerns, and suggestions are welcome. Thanks for supporting me! |||| Story is finished, just getting into a publishing schedule on Royal Road for the first time. ||
8 79 - In Serial13 Chapters
Endless Lands
--------------------------------------------------------------------------------------------------------------No Summary for now--------------------------------------------------------------------------------------------------------------
8 84 - In Serial8 Chapters
Another Isekai
What makes you think being tossed into another world would suddenly turn you into brave adventurer? Imagine being summoned to another world based around a Tabletop Role Playing Game. Would you fight fearsome monsters that threaten the land! Or maybe become a hardened adventurer who has girls fall to their knees with a snap of your fingers. Would you become the ever popular Isekai protagonists your weeb dream wants you to be! HAH! YOU WISH! This is a story about an Isekai protagonist, who wasn't as lucky as the others when he respawned in a new world. He mantained his horrible stats he had in the real world, his lack of physical fitness, and his lack of combat abilities. What? Do you really think you have deep unearthed potential to become a hero? P.S. Lots of curses and sex jokes but no actual sex
8 194 - In Serial11 Chapters
The one always Forgotten
Marcus lived a hard life but he holds no regrets for anything he has done now that he has been given a second chance what will he do with it will he continue down his path once more or this time will he do more with his life and make use of his skills in a way he thought not possible for him will he finally be accepted?
8 182 - In Serial8 Chapters
Master Adventurers
Interviews with our most courageous, adventurous, and daring authors on Wattpad. Take a look into the minds of the brave, the brilliant and the bold writers that bring our favorite adventure stories to life!
8 196

