《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 109
Advertisement
Unicode
မင်းက သတ်မှတ်ချက်တွေနဲ့မကိုက်ညီဘူး
______________
နဉ်ရှုက နတ်ဆေးသမားတော်ကို သနားသလိုကြည့်၏။ နတ်ဆေးသမားတော်က နဉ်ရှုရဲ့အကြည့်ကို လျစ်လျုရှုကာမေးသည်။
"ဒီလိုရောဂါမျိုးကို မင်း ဘယ်လိုကုမလဲ?"
"ဒါက သေစေနိုင်တဲ့ရောဂါပဲ။ ကုသလို့မရဘူး။"
နဉ်ရှု သူ့အလိုလိုဖြေလိုက်မိသည်။
နတ်ဆေးသမားတော်က သူမကိုကြည့်လာသည်မို့ သူမသည် အလျင်အမြန်စကားပြောင်း၏။
"မဟုတ်ဘူး၊ တပည့်ပြောတာက ဒီရောဂါမျိုးက လုံးဝပျောက်ကင်းသွားအောင် ကုသဖို့ခက်ခဲတယ်လို့ပါ။ ဒါပေမယ့် ကျန်းမာရေးကောင်းအောင်နေပြီး စိတ်ရှုပ်ထွေးမှုတွေမဖြစ်အောင်ဂရုစိုက်မယ်ဆိုရင် လူနာက သာမန်လူတစ်ယောက်လိုပဲ အသက်ရှင်နေထိုင်နိုင်ပါလိမ့်မယ်။"
"ဘယ်လိုဆေးမျိုးကိုသောက်သင့်လဲ?"
နတ်ဆေးသမားတော်က အေးစက်စွာမေးသည်။
နဉ်ရှုကပြန်ဖြေသည်။
"နှလုံးအားဆေးကို ရေနဲ့ဖျော်ပြီးသောက်ရမယ်။"
"နှလုံးအားဆေးကို ဘာနဲ့ဖော်စပ်ထားတာလဲ?"
နတ်ဆေးသမားတော်က ဆက်မေးသည်။
နဉ်ရှုက နတ်ဆေးသမားတော်ရဲ့မေးခွန်းတွေကို ဂရုတစိုက်ဖြေပေးသည်။ အဆုံးတွင်တော့ သူက ခေါင်းယမ်းကာဆိုလာပါလေ၏။
"မင်းက သတ်မှတ်ချက်တွေနဲ့မကိုက်ညီဘူး။ မင်းက ငါ့ပညာတွေကို ဆက်ခံဖို့အရည်အချင်းမရှိဘူး။ ငါ့ဆရာပေးခဲ့တဲ့ပစ္စည်းတွေကို မင်းလိုလူဆီပေးပြီး အဆုံးမသတ်ချင်ဘူး။"
နဉ်ရှု : ...
သူမက ဘာဖြစ်နေလို့လဲ?
"ဆရာ? တပည့်မှာ ဘာပြသနာရှိလို့လဲ?"
နဉ်ရှုကမေးသည်။
"တပည့် ဘယ်လိုလုပ်ပြီး အရည်အချင်းပြည့်မှီဖို့ ကျရှုံးခဲ့ရတာလဲ? ဘာပဲဖြစ်ဖြစ် တပည့် ပြောင်းလဲန်ုပါတယ်။ တပည့်က ကယ်တင်လို့ရနိုင်သေးတယ်လို့ထင်ပါတယ်။ ကျေးဇူးပြုပြီး နောက်တစ်ခုထပ်ပြောပေးပါ။"
နတ်ဆေးသမားတော်က ညင်သာစွာပြောလာသည်။
"မင်းက မိန်းမတစ်ယောက်ဖြစ်နေလို့။"
ပြိုလဲသွားရပြီ!!
ဒါ ဘယ်လိုအကြောင်းပြချက်ကြီးလဲ? ဒါက လိင်ခွဲခြားဆက်ဆံတာပဲ! အေးပါ၊ ကောင်းပြီလေ၊ ဒီအကြောင်းပြချက်က ခိုင်မာလွန်းတယ်၊ သူမ ဘယ်လိုပြန်ချေပရမလဲဆိုတာတောင် မသိတော့ဘူး။
နတ်ဆေးသမားတော်မှာ နှလုံးအားနည်းတဲ့ရောဂါရှိနေတာကို သိသွားပြီးနောက် နဉ်ရှုမှာ သူ့ကိုထပ်မရှုပ်ရဲတော့။ သူမက သူ့အတွက် နှလုံးအားဆေးတစ်ချို့လုပ်ပေးရန်ဆုံးဖြတ်လိုက်သည်။ သူက သူမကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်လို့ခံစားရတာမို့ သူမကလည်း သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်သည်လေ။ ကျေးဇူးတရားနှင့် မလိုမုန်းထားမှုတို့ကို ထပ်တူပြန်ပေးဆပ်ဖို့ဆိုသည်မှာ သူမ၏ဆောင်ပုဒ်ပင်ဖြစ်၏။
နှလုံးအားဆေးဖော်စပ်ရာမှာ အရှားပါးဆုံးပါဝင်ပစ္စည်းက ဂျင်ဆင်းပင်။ ဂျင်ဆင်းကို လူတွေရဲ့အရေးအကြီးဆုံးအစိတ်အပိုင်းတွေ အားကောင်းလာစေဖို့ ဆေးထဲမှာအမြဲထည့်သွင်းအသုံးပြုတတ်ကြသည်။ ထို့အတွက် နဉ်ရှုက တောင်ပေါ်မှာ ဂျင်ဆင်းလေးများရနိုင်မလားလို့ သူမရဲ့ကံကိုစမ်းကြည့်ရန်ပြင်ဆင်ကာ ဝါးခြင်းကလေးကို သူမကျောပေါ်မှာလွယ်လိုက်သည်။ ဂျင်ဆင်းကိုရဖို့ အဲ့လောက်မလွယ်ကူနိုင်တာမို့ ဒီခရီးက အချည်းနှီးဖြစ်နိုင်တယ်ဆိုတာကိုလည်း သူမ သိနေသည်။
သို့သော်လည်း သူမမှာ ခြူးတစ်ပြားမှမရှိတော့ဘဲ ယွဲ့လန်၊ လျှို့ဝှက်သက်တော်စောင့်တို့နဲ့လည်း အတက်အသွယ်ပြတ်သွားပေပြီ။ ကံကောင်းချင်တော့ သူမ ယွဲ့လန်ကို သူမပိုင်တာတွေ တစ်ဝက်ခွဲပေးခဲ့သည်မို့ ယွဲ့လန်နဲ့လျှို့ဝှက်သက်တော်စောင့်တို့ အဆင်ပြေနေလောက်သည်။ သူမတို့တွေ ဘယ်အချိန်မှများ ပြန်တွေ့ကြရမလဲဆိုတာကို သူမ မသိရုံလေးသာဖြစ်၏။
"မင်း ဘယ်သွားမလို့လဲ?"
နဉ်ရှုက ဝါးခြင်းလေးလွယ်ထားသည်ကိုမြင်သည်၌ နတ်ဆေးသမားတော်က မေးလာသည်။
နဉ်ရှုကပြောသည်။
"တပည့် တောင်ပေါ်မှာ ဆေးပင်သွားခူးမလို့ပါ။"
သူက ဘာမှပြန်မပြောတော့ချေ။ နဉ်ရှု အတော်ဝေးဝေးကိုရောက်သွားကာမှ သူက အေးစက်စွာဆို၏။
"ဂရုစိုက်။"
နဉ်ရှုမှာ ခဏမျှအံ့ဩသွားပြီးမှ ပြုံးကာပြန်ဖြေသည်။
"သိပါပြီ။"
နဉ်ရှုက တောင်ပေါ်မှာလျှောက်သွားပြီး ထိုင်ချကာ ဂျင်ဆင်းရှိမရှိမကြည့်ခင်မှာ တုတ်တစ်ချောင်းသုံးကာ ဆူးချုံလေးတွေကို ဘေးကိုတွန်းသည်။ ရိုးရိုးသားသားပြောရမည်ဆိုလျှင်တော့ သူမ ဂျင်ဆင်းရှာတွေ့နိုင်ပါ့မလားဆိုတာ သူမကိုယ်တိုင်ပင်မသေချာပေ။ အဲ့ပစ္စည်းလေးက ရှားပါးလွန်းလှသည်။ ယခုအချိန်တွင်တောင်မှ သူမ ဟယ့်တာ့ဟွားရဲ့အဖိုးကြီးကို ဂျင်ဆင်းတစ်ခု ဘယ်လိုတောင်ရက်ရက်ရောရောပေးလိုက်မိလဲဆိုတာ သတိရမိချိန်မှာ သူမရဲ့နှလုံးသားလေးက နာကျင်မှုကြောင့်တုန်ရီလာသည်။
အခုဆို ဝမ်ရူဟွားက အဲ့ဂျင်ဆင်းကို ခိုးသွားလောက်ပေပြီ။
သူမ ဗိုက်ဆာလာပြီးနောက် စားဖို့အတွက် ပြောင်းမုန့်တစ်ခုကိုဆွဲထုတ်လိုက်သည်။ ရလဒ်ကတော့ ထင်ထားသည့်အတိုင်းသာဖြစ်ကာ သူမ ဘာဂျင်ဆင်းမှရှာမတွေ့ခဲ့ပေ။ သို့သော်လည်း သူမ တစ်ခြားဆေးပင်တစ်ချို့ရခဲ့တာမို့ ဒါက အချည်းနှီးကြိုးစားအားထုတ်လိုက်ရခြင်းတော့ မဖြစ်ခဲ့ပါပေ။
နောက်ဆို သူမရဲ့ပါရမီအမှတ်တွေအားလုံးကို ကံကောင်းမှုထဲ သေချာပေါက်ပေါင်းထည့်မည်ဟု နဉ်ရှု ဆုံးဖြတ်ချက်ချလိုက်သည်။ ကံမကောင်းဘဲဖြစ်နေတာက အချိန်တွေကုန်လွန်းသည်။
နဉ်ရှု ဝါးအိမ်လေးဆီပြန်ရောက်ချိန်မှာ မှောင်လုပြီဖြစ်၏။ နတ်ဆေးသမားတော်က တကယ်ကြီးပင် တံခါးနားမှာရပ်ကာ သူမကိုစောင့်မျှော်နေချေသည်။
ညအမှောင်ထဲမှာ အဖြူရောင်ဝတ်ဆင်ထားတဲ့လူကိုမြင်သည်၌ သူမ ရုတ်တရက် အလွန်ပင်စိတ်လှုပ်ရှားသွားရသည်။ သူမ ဒီကမ္ဘာကိုရောက်လာပြီးတည်းက အမျိုးသားဇာတ်လိုက်တစ်ယောက်အပေါ် ဤသို့သောခံစားမှုမျိုးခံစားမိသည်မှာ ဒါ ပထမဆုံးအကြိမ်ပင်ဖြစ်၏။
ဒီခံစားချက်က အချစ်ဆိုတာနဲ့ဘာမှမသက်ဆိုင်ပေ။ ဒါက တစ်ခြားတစ်ယောက်နဲ့ တည်ငြိမ်အေးဆေးတဲ့နည်းလမ်းနဲ့ဆက်ဆံဖို့ တကယ်ကြီးဖြစ်နိုင်တယ်ဆိုရုံလောက်သာဖြစ်၏။ စိတ်မထိန်းနိုင်လောက်အောင် အသည်းအသန်ဖြစ်နေတာတွေ၊ နာကျင်နေရတာတွေမလိုအပ်ဘဲ အတော်လေးချောမွေ့တဲ့ဆက်ဆံရေးလေးသာဖြစ်သည်။ ဒါက မလှပဘူးလား?
...
Webcomicsမှာ သုံးရက်စာဖရီးရလို့ ဂူသွားအောင်းတာ🤣 အခု ဂူအောင်းလူသားပြန်ထွက်လာပါပြီ။
...
Zawgyi
မင္းက သတ္မွတ္ခ်က္ေတြနဲ႔မကိုက္ညီဘူး
______________
နဉ္ရႈက နတ္ေဆးသမားေတာ္ကို သနားသလိုၾကၫ့္၏။ နတ္ေဆးသမားေတာ္က နဉ္ရႈရဲ့အၾကၫ့္ကို လ်စ္လ်ဳရႈကာေမးသည္။
"ဒီလိုေရာဂါမ်ိဳးကို မင္း ဘယ္လိုကုမလဲ?"
"ဒါက ေသေစႏိုင္တဲ့ေရာဂါပဲ။ ကုသလို႔မရဘူး။"
နဉ္ရႈ သူ႔အလိုလိုေျဖလိုက္မိသည္။
နတ္ေဆးသမားေတာ္က သူမကိုၾကည့္လာသည္မို႔ သူမသည္ အလ်င္အျမန္စကားေျပာင္း၏။
"မဟုတ္ဘူး၊ တပၫ့္ေျပာတာက ဒီေရာဂါမ်ိဳးက လံုးဝေပ်ာက္ကင္းသြားေအာင္ ကုသဖို႔ခက္ခဲတယ္လို႔ပါ။ ဒါေပမယ့္ က်န္းမာေရးေကာင္းေအာင္ေနၿပီး စိတ္ရႈပ္ေထြးမႈေတြမျဖစ္ေအာင္ဂရုစိုက္မယ္ဆိုရင္ လူနာက သာမန္လူတစ္ေယာက္လိုပဲ အသက္ရွင္ေနထိုင္ႏိုင္ပါလိမ့္မယ္။"
"ဘယ္လိုေဆးမ်ိဳးကိုေသာက္သင့္လဲ?"
နတ္ေဆးသမားေတာ္က ေအးစက္စြာေမးသည္။
နဉ္ရႈကျပန္ေျဖသည္။
"ႏွလံုးအားေဆးကို ေရနဲ႔ေဖ်ာ္ၿပီးေသာက္ရမယ္။"
"ႏွလံုးအားေဆးကို ဘာနဲ႔ေဖာ္စပ္ထားတာလဲ?"
နတ္ေဆးသမားေတာ္က ဆက္ေမးသည္။
Advertisement
နဉ္ရႈက နတ္ေဆးသမားေတာ္ရဲ့ေမးခြန္းေတြကို ဂရုတစိုက္ေျဖေပးသည္။ အဆံုးတြင္ေတာ့ သူက ေခါင္းယမ္းကာဆိုလာပါေလ၏။
"မင္းက သတ္မွတ္ခ်က္ေတြနဲ႔မကိုက္ညီဘူး။ မင္းက ငါ့ပညာေတြကို ဆက္ခံဖို႔အရည္အခ်င္းမရိွဘူး။ ငါ့ဆရာေပးခဲ့တဲ့ပစၥည္းေတြကို မင္းလိုလူဆီေပးၿပီး အဆံုးမသတ္ခ်င္ဘူး။"
နဉ္ရႈ : ...
သူမက ဘာျဖစ္ေနလို႔လဲ?
"ဆရာ? တပၫ့္မွာ ဘာျပသနာရိွလို႔လဲ?"
နဉ္ရႈကေမးသည္။
"တပၫ့္ ဘယ္လိုလုပ္ၿပီး အရည္အခ်င္းျပၫ့္မွီဖို႔ က်ရႈံးခဲ့ရတာလဲ? ဘာပဲျဖစ္ျဖစ္ တပၫ့္ ေျပာင္းလဲႏ္ုပါတယ္။ တပၫ့္က ကယ္တင္လို႔ရႏိုင္ေသးတယ္လို႔ထင္ပါတယ္။ ေက်းဇူးျပဳျပီး ေနာက္တစ္ခုထပ္ေျပာေပးပါ။"
နတ္ေဆးသမားေတာ္က ညင္သာစြာေျပာလာသည္။
"မင္းက မိန္းမတစ္ေယာက္ျဖစ္ေနလို႔။"
ၿပိဳလဲသြားရၿပီ!!
ဒါ ဘယ္လိုအေၾကာင္းျပခ်က္ႀကီးလဲ? ဒါက လိင္ခြဲျခားဆက္ဆံတာပဲ! ေအးပါ၊ ေကာင္းၿပီေလ၊ ဒီအေၾကာင္းျပခ်က္က ခိုင္မာလြန္းတယ္၊ သူမ ဘယ္လိုျပန္ေခ်ပရမလဲဆိုတာေတာင္ မသိေတာ့ဘူး။
နတ္ေဆးသမားေတာ္မွာ ႏွလံုးအားနည္းတဲ့ေရာဂါရိွေနတာကို သိသြားၿပီးေနာက္ နဉ္ရႈမွာ သူ႔ကိုထပ္မရႈပ္ရဲေတာ့။ သူမက သူ႔အတြက္ ႏွလံုးအားေဆးတစ္ခ်ိဳ႕လုပ္ေပးရန္ဆံုးျဖတ္လိုက္သည္။ သူက သူမကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံတယ္လို႔ခံစားရတာမို႔ သူမကလည္း သူ႔ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံသင့္သည္ေလ။ ေက်းဇူးတရားႏွင့္ မလိုမုန္းထားမႈတို႔ကို ထပ္တူျပန္ေပးဆပ္ဖို႔ဆိုသည္မွာ သူမ၏ေဆာင္ပုဒ္ပင္ျဖစ္၏။
ႏွလံုးအားေဆးေဖာ္စပ္ရာမွာ အရွားပါးဆံုးပါဝင္ပစၥည္းက ဂ်င္ဆင္းပင္။ ဂ်င္ဆင္းကို လူေတြရဲ့အေရးအႀကီးဆံုးအစိတ္အပိုင္းေတြ အားေကာင္းလာေစဖို႔ ေဆးထဲမွာအၿမဲထၫ့္သြင္းအသံုးျပဳတတ္ၾကသည္။ ထို႔အတြက္ နဉ္ရႈက ေတာင္ေပၚမွာ ဂ်င္ဆင္းေလးမ်ားရႏိုင္မလားလို႔ သူမရဲ့ကံကိုစမ္းၾကၫ့္ရန္ျပင္ဆင္ကာ ဝါးျခင္းကေလးကို သူမေက်ာေပၚမွာလြယ္လိုက္သည္။ ဂ်င္ဆင္းကိုရဖို႔ အဲ့ေလာက္မလြယ္ကူႏိုင္တာမို႔ ဒီခရီးက အခ်ည္းႏွီးျဖစ္ႏိုင္တယ္ဆိုတာကိုလည္း သူမ သိေနသည္။
သို႔ေသာ္လည္း သူမမွာ ျခဴးတစ္ျပားမွမရိွေတာ့ဘဲ ယြဲ႔လန္၊ လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္တို႔နဲ႔လည္း အတက္အသြယ္ျပတ္သြားေပၿပီ။ ကံေကာင္းခ်င္ေတာ့ သူမ ယြဲ႔လန္ကို သူမပိုင္တာေတြ တစ္ဝက္ခြဲေပးခဲ့သည္မို႔ ယြဲ႔လန္နဲ႔လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္တို႔ အဆင္ေျပေနေလာက္သည္။ သူမတို႔ေတြ ဘယ္အခ်ိန္မွမ်ား ျပန္ေတြ့ၾကရမလဲဆိုတာကို သူမ မသိရံုေလးသာျဖစ္၏။
"မင္း ဘယ္သြားမလို႔လဲ?"
နဉ္ရႈက ဝါးျခင္းေလးလြယ္ထားသည္ကိုျမင္သည္၌ နတ္ေဆးသမားေတာ္က ေမးလာသည္။
နဉ္ရႈကေျပာသည္။
"တပၫ့္ ေတာင္ေပၚမွာ ေဆးပင္သြားခူးမလို႔ပါ။"
သူက ဘာမျွပန္မေျပာေတာ့ေခ်။ နဉ္ရႈ အေတာ္ေဝးေဝးကိုေရာက္သြားကာမွ သူက ေအးစက္စြာဆို၏။
"ဂရုစိုက္။"
နဉ္ရႈမွာ ခဏမ်ွအံ့ဩသြားၿပီးမွ ၿပံဳးကာျပန္ေျဖသည္။
"သိပါၿပီ။"
နဉ္ရႈက ေတာင္ေပၚမွာေလ်ွာက္သြားၿပီး ထိုင္ခ်ကာ ဂ်င္ဆင္းရိွမရိွမၾကၫ့္ခင္မွာ တုတ္တစ္ေခ်ာင္းသံုးကာ ဆူးခ်ံဳေလးေတြကို ေဘးကိုတြန္းသည္။ ရိုးရိုးသားသားေျပာရမည္ဆိုလ်ွင္ေတာ့ သူမ ဂ်င္ဆင္းရွာေတြ့ႏိုင္ပါ့မလားဆိုတာ သူမကိုယ္တိုင္ပင္မေသခ်ာေပ။ အဲ့ပစၥည္းေလးက ရွားပါးလြန္းလွသည္။ ယခုအခ်ိန္တြင္ေတာင္မွ သူမ ဟယ့္တာ့ဟြားရဲ့အဖိုးႀကီးကို ဂ်င္ဆင္းတစ္ခု ဘယ္လိုေတာင္ရက္ရက္ေရာေရာေပးလိုက္မိလဲဆိုတာ သတိရမိခ်ိန္မွာ သူမရဲ့ႏွလံုးသားေလးက နာက်င္မႈေၾကာင့္တုန္ရီလာသည္။
အခုဆို ဝမ္ရူဟြားက အဲ့ဂ်င္ဆင္းကို ခိုးသြားေလာက္ေပၿပီ။
သူမ ဗိုက္ဆာလာၿပီးေနာက္ စားဖို႔အတြက္ ေျပာင္းမုန႔္တစ္ခုကိုဆြဲထုတ္လိုက္သည္။ ရလဒ္ကေတာ့ ထင္ထားသၫ့္အတိုင္းသာျဖစ္ကာ သူမ ဘာဂ်င္ဆင္းမွရွာမေတြ့ခဲ့ေပ။ သို႔ေသာ္လည္း သူမ တစ္ျခားေဆးပင္တစ္ခ်ိဳ႕ရခဲ့တာမို႔ ဒါက အခ်ည္းႏွီးႀကိဳးစားအားထုတ္လိုက္ရျခင္းေတာ့ မျဖစ္ခဲ့ပါေပ။
ေနာက္ဆို သူမရဲ့ပါရမီအမွတ္ေတြအားလံုးကို ကံေကာင္းမႈထဲ ေသခ်ာေပါက္ေပါင္းထၫ့္မည္ဟု နဉ္ရႈ ဆံုးျဖတ္ခ်က္ခ်လိုက္သည္။ ကံမေကာင္းဘဲျဖစ္ေနတာက အခ်ိန္ေတြကုန္လြန္းသည္။
နဉ္ရႈ ဝါးအိမ္ေလးဆီျပန္ေရာက္ခ်ိန္မွာ ေမွာင္လုၿပီျဖစ္၏။ နတ္ေဆးသမားေတာ္က တကယ္ႀကီးပင္ တံခါးနားမွာရပ္ကာ သူမကိုေစာင့္ေမ်ွာ္ေနေခ်သည္။
ညအေမွာင္ထဲမွာ အျဖဴေရာင္ဝတ္ဆင္ထားတဲ့လူကိုျမင္သည္၌ သူမ ရုတ္တရက္ အလြန္ပင္စိတ္လႈပ္ရွားသြားရသည္။ သူမ ဒီကမ႓ာကိုေရာက္လာၿပီးတည္းက အမ်ိဳးသားဇာတ္လိုက္တစ္ေယာက္အေပၚ ဤသို႔ေသာခံစားမႈမ်ိဳးခံစားမိသည္မွာ ဒါ ပထမဆံုးအႀကိမ္ပင္ျဖစ္၏။
ဒီခံစားခ်က္က အခ်စ္ဆိုတာနဲ႔ဘာမွမသက္ဆိုင္ေပ။ ဒါက တစ္ျခားတစ္ေယာက္နဲ႔ တည္ၿငိမ္ေအးေဆးတဲ့နည္းလမ္းနဲ႔ဆက္ဆံဖို႔ တကယ္ႀကီးျဖစ္ႏိုင္တယ္ဆိုရံုေလာက္သာျဖစ္၏။ စိတ္မထိန္းႏိုင္ေလာက္ေအာင္ အသည္းအသန္ျဖစ္ေနတာေတြ၊ နာက်င္ေနရတာေတြမလိုအပ္ဘဲ အေတာ္ေလးေခ်ာေမြ့တဲ့ဆက္ဆံေရးေလးသာျဖစ္သည္။ ဒါက မလွပဘူးလား?
...
Webcomicsမွာ သံုးရက္စာဖရီးရလို႔ ဂူသြားေအာင္းတာ🤣 အခု ဂူေအာင္းလူသားျပန္ထြက္လာပါၿပီ။
...
Advertisement
- In Serial7 Chapters
TM: Monster
He died and his soul travelled across the void and ended up taking over the body of a member of one of the weakest races ever. Even worse than a goblin or slime. It was ok though, as long as he had a positive mental attitude, he could live a happy life… Nope. Interdimensional wars? An all-powerful cosmic entity called the System that will grant all your wishes for a price? Survival of the fittest? In a universe far different from his old one he will reach the Zenith. (TM stands for transmigrated which is different from reincarnation. At the very least I have my own idea on the difference between the two) (Yes the title is a play on Re:Monster which is my first light novel)
8 117 - In Serial19 Chapters
Shadowspawn (Of Light and Darkness, Book 1)
Nameless, Six is the captive host of a local diety that, for generations, has brought peace & prosperity to the peoples of Altressor. Kept in chains and reviled as the failed generation, he produces no miracles and fails to provide blessings. His is truly a worthless existence. For his failures, he will soon be replaced by the Seventh. A traveler in the village breaks the harsh monotony of everyday life and lights a dim hope within Six. Outside Altressor, the Dark Forest and the lands beyond beckoned, an entire world of freedom. Will Six, self-named Shiro, survive long enough to seek out a greater meaning to his existene? Follow along to find out. *Updates biweekly every Tuesday & Thursday.
8 178 - In Serial12 Chapters
Wrong Way Up
What would you do if meteorites that caused anti gravity starting striking your neighborhood like hail in winter. Well lets see what Novis can do with a little ingenuinity, maybe his boring life will finally have a bit of fun in it or will the military and other organisations catch up to his escapades first. The story of one mans journey from normality to working with a new resource like his forefathers centurys ago. Asking and trying to answer questions of where they came from? and why they hit towns like a pinpoint carpet bombing with a few rogues. WIll this be his final story or his rise from mediocraty. Im a new writer any problems, comment and hopefully through this story i can become a better writer. Hope you enjoy my story. It might not end like you are expecting because i like to suprise my self.
8 164 - In Serial39 Chapters
The Uncertain Adventurer
-- NOW RELEASING CHAPTERS EVERY WEEKDAY! -- When her little brother is murdered, Rowena must choose: stay safely in the hometown she loves as the Merchant she was born to be, or become an Adventurer on a quest that will take her and her friends to the very heart of her world’s Class System. Rowena has always known who she is and what she wants. Hasn't she?--The Uncertain Adventurer is a fantasy serial with light LitRPG elements and a focus on character development as well as an Odyssey-style adventure. Although the first story arc is told entirely from Rowena's perspective, the story features a strong ensemble cast.It is PG-13 mostly for themes and topics, without excessive amounts of violence or sex, though both occur in the story. -- Eventually, but with plenty of notice, the plan is that each arc will be released on Amazon as both an ebook and an audiobook.Current plans are for four ~100-150k arcs and one novella-length arc for this 'series' and at least two ~100k arcs set in the past of this same universe.
8 199 - In Serial64 Chapters
Sanscest/Papcest/Fontcest RP
I barely have a life I'm bored imma just RPMay include some other fandoms tho because I'm just like that >wWarning: Sin RP ahead if you don't like sin then don't read this.
8 130 - In Serial76 Chapters
Reactions to DR Ships
I decided to join the bandwagon and to my own one. I have no life. cri. SPOILERS FOR V3
8 198

