《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 110
Advertisement
Unicode
လူတွေက အစားကောင်းအတွက်အသက်ရှင်ကြတယ်
______________
နဉ်ရှုက နတ်ဆေးသမားတော်ဆီလျှောက်သွားကာ အပြုံးလေးနှင့်မေးသည်။
"ဆရာ၊ တပည့်ကိုစောင့်နေတာလား?"
နတ်ဆေးသမားတော်က အေးစက်စွာပြန်ဖြေသည်။
"မဟုတ်ဘူး။"
သူမက စိတ်ထဲမထားဘဲမေးလိုက်သည်။
"စားပြီးသွားပြီလား ဆရာ?"
နတ်ဆေးသမားတော်က ပြန်မဖြေချေ။ နဉ်ရှုက သူမကျောပေါ်က ဝါးခြင်းလေးကိုချွတ်ပြီးမှသာ သူက နူးညံ့စွာဆိုလာ၏။
"စားပွဲပေါ်မှာ စားစရာနည်းနည်းရှိတယ်။"
နဉ်ရှု အိမ်ထဲလျှောက်ဝင်လာချိန်မှာ စားပွဲပေါ်၌ အသီးအရွက်တွေ၊ အသားနဲ့ ပေါက်စီဖြူဖြူလေးတွေပင်ရှိနေသည်ကို သူမ တွေ့လိုက်ရသည်။ တံတွေးတွေက သူမပါးစပ်ထဲ ချက်ချင်းပြည့်လာပြီး သူမက အံ့ဩပျော်ရွှင်စွာအော်လိုက်၏။
"ဆရာ၊ ဒါတွေအားလုံးက တပည့်အတွက်လား?"
"ဒီနေ့ ရွာသားတစ်ယောက်ယူလာတာ။ ငါစားပြီးသွားပြီ၊ အဲ့ဒါတွေက အကျန်တွေ။"
ထိုသို့ပြောပြီးနောက် နတ်ဆေးသမားတော်က ဆေးပင်တွေကိုဂရုစိုက်ဖို့ ခြံထဲထွက်သွားလေ၏။
နဉ်ရှုက နတ်ဆေးသမားတော် စားပြီးပြီလား၊ မစားရသေးဘူးလားဆိုတာကို ဂရုမစိုက်တော့ဘဲ အလျင်စလိုထိုင်ချကာ စတင်စားသောက်လေတော့သည်။ ပြောင်းမုန့်ကို အချိန်အတော်ကြာစားရပြီးနောက် အသားထပ်စားရသည့်အတွက် သူမအတော်လေးစိတ်ကျေနပ်နေပေ၏။
လူတွေက အစားကောင်းအတွက်အသက်ရှင်ကြတာ။
နဉ်ရှု စားသောက်ပြီးနောက်တွင် နတ်ဆေးသမားတော်က သူမကို ဆေးပင်တွေနဲ့ ဆေးဖော်စပ်နည်းတွေအကြောင်းကို ထပ်မံမေးခွန်းထုတ်သည်။ ထို့နောက် သူကမေး၏။
"မင်း ဘာပါဝင်ပစ္စည်းကိုရှာနေတာလဲ?"
"တွေ့ပြီလား,?"
သူက မေးသည်။
"ပါဝင်တဲ့ဆေးပစ္စည်းတွေကို တောင်ပေါ်မှာ ကြုံရာကျပန်းပြေးလွှားပြီးရှာနေမှာထက် သူတို့ရဲ့ထင်ရှားတဲ့လက္ခဏာတွေကိုစဉ်းစားပြီးရှာသင့်တယ်။"
နဉ်ရှုက နတ်ဆေးသမားတော်ကို သိချင်စိတ်ပြင်းပြစွာဖြင့်ကြည့်သည်။
"ဆရာ၊ တပည့် တောင်ပေါ်မှာနေရာအနှံ့ပတ်သွားတယ်ဆိုတာကို ဆရာ ဘယ်လိုလုပ်သိတာလဲ?"
နတ်ဆေးသမားတော်က သူမကို အေးစက်စွာကြည့်သည်။
"မင်းခူးလာတဲ့ တစ်ချို့ဆေးပင်တွေက အရိပ်ရတဲ့နေရာတွေကိုနှစ်သက်ပြီး တစ်ချို့အပင်တွေက နေရောင်ရတဲ့နေရာတွေကိုနှစ်သက်တယ်။ ရေနားမှာပဲပေါက်တဲ့အပင်တစ်ချို့တောင်ပါနေသေးတယ်။"
"မင်း လုံလုံလောက်လောက်လေ့လာမထားဘူးပဲ။"
နတ်ဆေးသမားတော်က မျက်ခုံးတို့ကိုတွန့်ချိုးလာ၏။
ချီး၊ သူက အရမ်းအသေးစိတ်ကျတဲ့လူပဲ။ သူသာ နတ်ဆေးသမားတော်ဖြစ်လာဖို့ကို လက်လျှော့ဖို့ဆုံးဖြတ်လိုက်မယ်ဆို သူက စုံစမ်းရေးနတ်ဘုရားဖြစ်လာမှာပဲ။ သူမ တကယ်ကို စိတ်အားထက်ထက်သန်သန်လေ့လာပြီး နတ်ဆေးသမားတော်ဆီက ရိုရိုကျိုးကျိုးသင်ယူသင့်တယ်လို့ နဉ်ရှုတွေးလိုက်မိသည်။
"ဆရာသင်ကြားထားတာတွေအားလုံးကို ဒီတပည့် သေချာမှတ်သားပါ့မယ်။"
နဉ်ရှုက စိတ်အားထက်သန်စွာဆိုသည်။
"နောက်ပိုင်းကျရင် ဒီတပည့်က ပထမဆုံး အမျိုးသမီးနတ်ဆေးသမားတော်ဖြစ်လာမှာပါ!"
နတ်ဆေးသမားတော်က သူမကို စိတ်ရောဂါဖြစ်နေသည့်ဟန်ဖြင့်ကြည့်ကာ စကားတစ်ခွန်းမဆိုဘဲ သူ့အခန်းထဲဝင်သွားလေ၏။
နောက်ရက်မှာတော့ နဉ်ရှုက တောင်ပေါ်မှာ ဆေးပင်ထပ်သွားရှာဖို့ပြင်သည်။ နတ်ဆေးသမားတော်က အေးစက်စွာမေးသည်။
"မင်း ဘာရှာနေတာလဲ? မိန်းကလေးတစ်ယောက်တည်း တောင်ပေါ်သွားတာ အန္တရာယ်မကင်းဘူး။ ဘာလဲဆိုတာ ငါ့ကိုပြောလိုက်၊ ငါ မင်းအတွက် အဲ့ဒါရှာပေးဖို့ တစ်ယောက်ယောက်လွှတ်လိုက်မယ်။"
နဉ်ရှုက အပြုံးလေးဖြင့်ဆိုသည်။
"အဆင်ပြေပါတယ်။ ဒီနေ့တော့ တပည့် နောက်တစ်ခေါက်လောက်ကြိုးစားကြည့်ပါဦးမယ်။ မရှာနိုင်ရင် တပည့် လက်လျှော့လိုက်ပါ့မယ်။"
နတ်ဆေးသမားတော်က တိတ်ဆိတ်စွာဖြင့်ပင် အထဲပြန်ဝင်သွား၏။
နဉ်ရှုက ဝါးခြင်းလေးကိုလွယ်လျက် ဂျင်ဆင်းရှာဖို့ တောင်ပေါ်ထပ်တက်သွားပြန်၏။ ဂျင်ဆင်းတွေက ထွက်ပြေးနိုင်တယ်လို့ပြောကြသည်။ တောင်ပေါ်မှာရှိတဲ့ဂျင်ဆင်းတွေအားလုံးက သူမဆီက ထွက်ပြေးနေတယ်လို့ နဉ်ရှုခံစားလိုက်ရသည်။
တစ်ရက်မျှရှာဖွေပြီးခဲ့ရပြီး နောက်ဆုံးတွင်တော့ သူမ အတော်လေးသက်တမ်းရင့်နေပြီဖြစ်သည့် ဂျင်ဆင်းတစ်ခုကိုရှာတွေ့ခဲ့သည်။ ဒါကို နှလုံးအားဆေးထဲ ထည့်သွင်းအသုံးပြုမည်ဆိုလျှင် နတ်ဆေးသမားတော် အချိန်အတော်ကြာသုံးဖို့လုံလောက်ပေသည်။ ရွာသားတွေက သူ့ကို ဆေးကုသဖို့လာရှာကြပြီး ဒေသထွက်ကုန်တွေနဲ့ ကုသခပေးကြသည့်အတွက် နတ်ဆေးသမားတော်က အရမ်းကိုဆင်းရဲပြီး ငွေလုံးဝမရှိဟု နဉ်ရှုတွေးနေမိသည်။
များသောအားဖြင့် နတ်ဆေးသမားတော် ဆေးသောက်တာကိုလည်း သူမ မမြင်ဖူးပါချေ။ သူလုပ်သမျှက သူ့ကိုယ်သူကုသဖို့ ခဏခဏအပ်စိုက်နေတာသာဖြစ်တာမို့ သူမ မနေနိုင်စွာဖြင့် သူက သနားဖို့ကောင်းသည်ဟုတွေးနေမိရ၏။
ဤသို့ဖြင့် သူမက ထိုင်ချကာ ဂျင်ဆင်းကိုစတူးတော့သည်။ သည်လုပ်ငန်းစဉ်က နေ့တစ်ဝက်လောက်ကုန်လေသည်။ ဂျင်ဆင်းရဲ့ကိုယ်ထည်ကို မထိခိုက်စေဘဲ သူ့အမြစ်တွေအားလုံးကို တူးထုတ်ဖို့အရေးကြီးသည်။
သူမ တူးပြီးချိန်၌ ဂျင်ဆင်းက သူမရဲ့လက်ညှိုးလောက်ထူသည်ကို တွေ့လိုက်ရသည်။ သူမသာ ဒါကိုရောင်းလျှင် ငွေအတော်များများရနိုင်သည်။
သူမက ဂျင်ဆင်းကို ကြိုးနီတစ်ချောင်းနှင့် ဂရုတစိုက်ချည်ကာ ထုပ်ပိုးပြီး ပြန်ဖို့ပြင်သည်။
အပြန်လမ်းမှာ သူမ ကလေးငိုသံတိုးတိုးကိုကြားလိုက်ရသည်။ သူမ ချက်ချင်းပင်ကြက်သီးများထလာသည်။ သရဲတော့မဖြစ်နိုင်ပါဘူးနော်၊ ဟုတ်တယ်မလား?
သူမ မြန်မြန်လမ်းလျှောက်လိုက်ပေမယ့် ကလေးငိုသံက ပို၍ပင်ကျယ်လာချေ၏။ ကလေးက အနီးနားမှာရှိနေတာဖြစ်နိုင်သည်။
သွားရမလား၊ မသွားရဘူးလား?
နဉ်ရှု ခေါင်းယမ်းလိုက်သည်။ မသွားတာအကောင်းဆုံးပဲ။ သိချင်စိတ်က ကြောင်ကိုသတ်တယ်။
သို့သော်လည်း သူမမှာ ကလေးငိုသံကိုဆက်ကြားနေရပြီး သူက သူ့အမေကိုပင်အော်ခေါ်နေတော့သည်။
အဆုံးမှာတော့ ဘာဖြစ်နေလဲဆိုတာသွားကြည့်ဖို့ သူမ ဆုံးဖြတ်လိုက်၏။ ဘာများကြောက်စရာရှိလို့လဲ? သူမက အမျိုးသမီးဇာတ်လိုက်ပဲကို၊ သူမ ဘယ်လိုနည်းနဲ့မှ တစ်ခုခုမဖြစ်နိုင်ဘူး။
သူမ အသံလာရာအတိုင်းလျှောက်သွားလိုက်ပြီး ညစ်ပေနေတဲ့အဝတ်အစားတွေနဲ့ လမ်းပေါ်မှာငိုနေတဲ့ကလေးလေးတစ်ယောက်ကို တဖြည်းဖြည်းတွေ့လာရသည်။
သူမက လျှောက်သွားကာ ညင်သာစွာချောင်းဟန့်လိုက်၏။ ကလေးက လန့်သွားပုံပေါ်ကာ နဉ်ရှုကို ကြောက်ရွံ့စွာဖြင့် လှည့်ကြည့်လာ၏။ သူက အရမ်းကိုပြင်းပြင်းထန်ထန်ငိုရှိုက်ထားသည်မို့ ကြို့ထိုးနေတော့သည်။
"အစ်မက ကျွန်တော့်ကိုဖမ်းဖို့လာတဲ့ လူဆိုးလား?"
ကလေးက မေးသည်။
နဉ်ရှုက မျက်လုံးလှန်၏။
"လူဆိုးတစ်ယောက်က ငါ့လောက်လှတာမြင်ဖူးလို့လား? မကြောက်နဲ့၊ ငါက လူဆိုးမဟုတ်ဘူး။ သူငယ်ချင်းလေး၊ နင်တစ်ယောက်တည်း ဒီမှာ ဘာလုပ်နေတာလဲ?"
...
Zawgyi
Advertisement
လူေတြက အစားေကာင္းအတြက္အသက္ရွင္ၾကတယ္
______________
နဉ္ရႈက နတ္ေဆးသမားေတာ္ဆီေလ်ွာက္သြားကာ အၿပံဳးေလးႏွင့္ေမးသည္။
"ဆရာ၊ တပၫ့္ကိုေစာင့္ေနတာလား?"
နတ္ေဆးသမားေတာ္က ေအးစက္စြာျပန္ေျဖသည္။
"မဟုတ္ဘူး။"
သူမက စိတ္ထဲမထားဘဲေမးလိုက္သည္။
"စားၿပီးသြားၿပီလား ဆရာ?"
နတ္ေဆးသမားေတာ္က ျပန္မေျဖေခ်။ နဉ္ရႈက သူမေက်ာေပၚက ဝါးျခင္းေလးကိုခြၽတ္ၿပီးမွသာ သူက ႏူးညံ့စြာဆိုလာ၏။
"စားပြဲေပၚမွာ စားစရာနည္းနည္းရိွတယ္။"
နဉ္ရႈ အိမ္ထဲေလ်ွာက္ဝင္လာခ်ိန္မွာ စားပြဲေပၚ၌ အသီးအရြက္ေတြ၊ အသားနဲ႔ ေပါက္စီျဖဴျဖဴေလးေတြပင္ရိွေနသည္ကို သူမ ေတြ့လိုက္ရသည္။ တံေတြးေတြက သူမပါးစပ္ထဲ ခ်က္ခ်င္းျပၫ့္လာၿပီး သူမက အံ့ဩေပ်ာ္ရႊင္စြာေအာ္လိုက္၏။
"ဆရာ၊ ဒါေတြအားလံုးက တပၫ့္အတြက္လား?"
"ဒီေန့ ရြာသားတစ္ေယာက္ယူလာတာ။ ငါစားၿပီးသြားၿပီ၊ အဲ့ဒါေတြက အက်န္ေတြ။"
ထိုသို႔ေျပာၿပီးေနာက္ နတ္ေဆးသမားေတာ္က ေဆးပင္ေတြကိုဂရုစိုက္ဖို႔ ၿခံထဲထြက္သြားေလ၏။
နဉ္ရႈက နတ္ေဆးသမားေတာ္ စားၿပီးၿပီလား၊ မစားရေသးဘူးလားဆိုတာကို ဂရုမစိုက္ေတာ့ဘဲ အလ်င္စလိုထိုင္ခ်ကာ စတင္စားေသာက္ေလေတာ့သည္။ ေျပာင္းမုန႔္ကို အခ်ိန္အေတာ္ၾကာစားရၿပီးေနာက္ အသားထပ္စားရသၫ့္အတြက္ သူမအေတာ္ေလးစိတ္ေက်နပ္ေနေပ၏။
လူေတြက အစားေကာင္းအတြက္အသက္ရွင္ၾကတာ။
နဉ္ရႈ စားေသာက္ၿပီးေနာက္တြင္ နတ္ေဆးသမားေတာ္က သူမကို ေဆးပင္ေတြနဲ႔ ေဆးေဖာ္စပ္နည္းေတြအေၾကာင္းကို ထပ္မံေမးခြန္းထုတ္သည္။ ထို႔ေနာက္ သူကေမး၏။
"မင္း ဘာပါဝင္ပစၥည္းကိုရွာေနတာလဲ?"
"ေတြ့ၿပီလား,?"
သူက ေမးသည္။
"ပါဝင္တဲ့ေဆးပစၥည္းေတြကို ေတာင္ေပၚမွာ ႀကံဳရာက်ပန္းေျပးလႊားၿပီးရွာေနမွာထက္ သူတို႔ရဲ့ထင္ရွားတဲ့လကၡဏာေတြကိုစဉ္းစားၿပီးရွာသင့္တယ္။"
နဉ္ရႈက နတ္ေဆးသမားေတာ္ကို သိခ်င္စိတ္ျပင္းျပစြာျဖင့္ၾကၫ့္သည္။
"ဆရာ၊ တပၫ့္ ေတာင္ေပၚမွာေနရာအႏွံ႔ပတ္သြားတယ္ဆိုတာကို ဆရာ ဘယ္လိုလုပ္သိတာလဲ?"
နတ္ေဆးသမားေတာ္က သူမကို ေအးစက္စြာၾကၫ့္သည္။
"မင္းခူးလာတဲ့ တစ္ခ်ိဳ႕ေဆးပင္ေတြက အရိပ္ရတဲ့ေနရာေတြကိုႏွစ္သက္ၿပီး တစ္ခ်ိဳ႕အပင္ေတြက ေနေရာင္ရတဲ့ေနရာေတြကိုႏွစ္သက္တယ္။ ေရနားမွာပဲေပါက္တဲ့အပင္တစ္ခ်ိဳ႕ေတာင္ပါေနေသးတယ္။"
"မင္း လံုလံုေလာက္ေလာက္ေလ့လာမထားဘူးပဲ။"
နတ္ေဆးသမားေတာ္က မ်က္ခံုးတို႔ကိုတြန႔္ခ်ိဳးလာ၏။
ခ်ီး၊ သူက အရမ္းအေသးစိတ္က်တဲ့လူပဲ။ သူသာ နတ္ေဆးသမားေတာ္ျဖစ္လာဖို႔ကို လက္ေလ်ွာ့ဖို႔ဆံုးျဖတ္လိုက္မယ္ဆို သူက စံုစမ္းေရးနတ္ဘုရားျဖစ္လာမွာပဲ။ သူမ တကယ္ကို စိတ္အားထက္ထက္သန္သန္ေလ့လာၿပီး နတ္ေဆးသမားေတာ္ဆီက ရိုရိုက်ိဳးက်ိဳးသင္ယူသင့္တယ္လို႔ နဉ္ရႈေတြးလိုက္မိသည္။
"ဆရာသင္ၾကားထားတာေတြအားလံုးကို ဒီတပၫ့္ ေသခ်ာမွတ္သားပါ့မယ္။"
နဉ္ရႈက စိတ္အားထက္သန္စြာဆိုသည္။
"ေနာက္ပိုင္းက်ရင္ ဒီတပၫ့္က ပထမဆံုး အမ်ိဳးသမီးနတ္ေဆးသမားေတာ္ျဖစ္လာမွာပါ!"
နတ္ေဆးသမားေတာ္က သူမကို စိတ္ေရာဂါျဖစ္ေနသၫ့္ဟန္ျဖင့္ၾကၫ့္ကာ စကားတစ္ခြန္းမဆိုဘဲ သူ႔အခန္းထဲဝင္သြားေလ၏။
ေနာက္ရက္မွာေတာ့ နဉ္ရႈက ေတာင္ေပၚမွာ ေဆးပင္ထပ္သြားရွာဖို႔ျပင္သည္။ နတ္ေဆးသမားေတာ္က ေအးစက္စြာေမးသည္။
"မင္း ဘာရွာေနတာလဲ? မိန္းကေလးတစ္ေယာက္တည္း ေတာင္ေပၚသြားတာ အႏၲရာယ္မကင္းဘူး။ ဘာလဲဆိုတာ ငါ့ကိုေျပာလိုက္၊ ငါ မင္းအတြက္ အဲ့ဒါရွာေပးဖို႔ တစ္ေယာက္ေယာက္လႊတ္လိုက္မယ္။"
နဉ္ရႈက အၿပံဳးေလးျဖင့္ဆိုသည္။
"အဆင္ေျပပါတယ္။ ဒီေန့ေတာ့ တပၫ့္ ေနာက္တစ္ေခါက္ေလာက္ႀကိဳးစားၾကၫ့္ပါဦးမယ္။ မရွာႏိုင္ရင္ တပၫ့္ လက္ေလ်ွာ့လိုက္ပါ့မယ္။"
နတ္ေဆးသမားေတာ္က တိတ္ဆိတ္စြာျဖင့္ပင္ အထဲျပန္ဝင္သြား၏။
နဉ္ရႈက ဝါးျခင္းေလးကိုလြယ္လ်က္ ဂ်င္ဆင္းရွာဖို႔ ေတာင္ေပၚထပ္တက္သြားျပန္၏။ ဂ်င္ဆင္းေတြက ထြက္ေျပးႏိုင္တယ္လို႔ေျပာၾကသည္။ ေတာင္ေပၚမွာရိွတဲ့ဂ်င္ဆင္းေတြအားလံုးက သူမဆီက ထြက္ေျပးေနတယ္လို႔ နဉ္ရႈခံစားလိုက္ရသည္။
တစ္ရက္မ်ွရွာေဖြၿပီးခဲ့ရၿပီး ေနာက္ဆံုးတြင္ေတာ့ သူမ အေတာ္ေလးသက္တမ္းရင့္ေနၿပီျဖစ္သၫ့္ ဂ်င္ဆင္းတစ္ခုကိုရွာေတြ့ခဲ့သည္။ ဒါကို ႏွလံုးအားေဆးထဲ ထၫ့္သြင္းအသံုးျပဳမည္ဆိုလ်ွင္ နတ္ေဆးသမားေတာ္ အခ်ိန္အေတာ္ၾကာသံုးဖို႔လံုေလာက္ေပသည္။ ရြာသားေတြက သူ႔ကို ေဆးကုသဖို႔လာရွာၾကၿပီး ေဒသထြက္ကုန္ေတြနဲ႔ ကုသခေပးၾကသၫ့္အတြက္ နတ္ေဆးသမားေတာ္က အရမ္းကိုဆင္းရဲၿပီး ေငြလံုးဝမရိွဟု နဉ္ရႈေတြးေနမိသည္။
မ်ားေသာအားျဖင့္ နတ္ေဆးသမားေတာ္ ေဆးေသာက္တာကိုလည္း သူမ မျမင္ဖူးပါေခ်။ သူလုပ္သမ်ွက သူ႔ကိုယ္သူကုသဖို႔ ခဏခဏအပ္စိုက္ေနတာသာျဖစ္တာမို႔ သူမ မေနႏိုင္စြာျဖင့္ သူက သနားဖို႔ေကာင္းသည္ဟုေတြးေနမိရ၏။
ဤသို႔ျဖင့္ သူမက ထိုင္ခ်ကာ ဂ်င္ဆင္းကိုစတူးေတာ့သည္။ သည္လုပ္ငန္းစဉ္က ေန့တစ္ဝက္ေလာက္ကုန္ေလသည္။ ဂ်င္ဆင္းရဲ့ကိုယ္ထည္ကို မထိခိုက္ေစဘဲ သူ႔အျမစ္ေတြအားလံုးကို တူးထုတ္ဖို႔အေရးႀကီးသည္။
သူမ တူးၿပီးခ်ိန္၌ ဂ်င္ဆင္းက သူမရဲ့လက္ၫွိုးေလာက္ထူသည္ကို ေတြ့လိုက္ရသည္။ သူမသာ ဒါကိုေရာင္းလ်ွင္ ေငြအေတာ္မ်ားမ်ားရႏိုင္သည္။
သူမက ဂ်င္ဆင္းကို ႀကိဳးနီတစ္ေခ်ာင္းႏွင့္ ဂရုတစိုက္ခ်ည္ကာ ထုပ္ပိုးၿပီး ျပန္ဖို႔ျပင္သည္။
အျပန္လမ္းမွာ သူမ ကေလးငိုသံတိုးတိုးကိုၾကားလိုက္ရသည္။ သူမ ခ်က္ခ်င္းပင္ၾကက္သီးမ်ားထလာသည္။ သရဲေတာ့မျဖစ္ႏိုင္ပါဘူးေနာ္၊ ဟုတ္တယ္မလား?
သူမ ျမန္ျမန္လမ္းေလ်ွာက္လိုက္ေပမယ့္ ကေလးငိုသံက ပို၍ပင္က်ယ္လာေခ်၏။ ကေလးက အနီးနားမွာရိွေနတာျဖစ္ႏိုင္သည္။
သြားရမလား၊ မသြားရဘူးလား?
နဉ္ရႈ ေခါင္းယမ္းလိုက္သည္။ မသြားတာအေကာင္းဆံုးပဲ။ သိခ်င္စိတ္က ေၾကာင္ကိုသတ္တယ္။
သို႔ေသာ္လည္း သူမမွာ ကေလးငိုသံကိုဆက္ၾကားေနရၿပီး သူက သူ႔အေမကိုပင္ေအာ္ေခၚေနေတာ့သည္။
အဆံုးမွာေတာ့ ဘာျဖစ္ေနလဲဆိုတာသြားၾကၫ့္ဖို႔ သူမ ဆံုးျဖတ္လိုက္၏။ ဘာမ်ားေၾကာက္စရာရိွလို႔လဲ? သူမက အမ်ိဳးသမီးဇာတ္လိုက္ပဲကို၊ သူမ ဘယ္လိုနည္းနဲ႔မွ တစ္ခုခုမျဖစ္ႏိုင္ဘူး။
သူမ အသံလာရာအတိုင္းေလ်ွာက္သြားလိုက္ၿပီး ညစ္ေပေနတဲ့အဝတ္အစားေတြနဲ႔ လမ္းေပၚမွာငိုေနတဲ့ကေလးေလးတစ္ေယာက္ကို တျဖည္းျဖည္းေတြ့လာရသည္။
သူမက ေလ်ွာက္သြားကာ ညင္သာစြာေခ်ာင္းဟန႔္လိုက္၏။ ကေလးက လန႔္သြားပံုေပၚကာ နဉ္ရႈကို ေၾကာက္ရြံ႔စြာျဖင့္ လွၫ့္ၾကၫ့္လာ၏။ သူက အရမ္းကိုျပင္းျပင္းထန္ထန္ငိုရိႈက္ထားသည္မို႔ ႀကိဳ႔ထိုးေနေတာ့သည္။
"အစ္မက ကြၽန္ေတာ့္ကိုဖမ္းဖို႔လာတဲ့ လူဆိုးလား?"
ကေလးက ေမးသည္။
နဉ္ရႈက မ်က္လံုးလွန္၏။
"လူဆိုးတစ္ေယာက္က ငါ့ေလာက္လွတာျမင္ဖူးလို႔လား? မေၾကာက္နဲ႔၊ ငါက လူဆိုးမဟုတ္ဘူး။ သူငယ္ခ်င္းေလး၊ နင္တစ္ေယာက္တည္း ဒီမွာ ဘာလုပ္ေနတာလဲ?"
...
Advertisement
- In Serial173 Chapters
Saikyou Juzoku Tensei ~Cheat Majutsushi no Slow Life~
I, who should have died after being hit by a car, was born again in another world. However, I was born in a shady minor family that used magic and controlled wooden puppets called the Marren Clan. Possessing a strong interest in magic since my previous life, I spend my time zealously studying magic to the point where even the people in the vicinity draw back. One day, I heard I was to be married to my little sister when I turned 16 in accordance with the traditions of the Marren Clan and decided to flee to the city. For now, since I have the strongest magic, I guess I should idle around making only enough money so that I don’t have to work for my whole life.
8 270 - In Serial71 Chapters
The Breath of Creation [DROPPED]
General Summary: Sometimes, the multiverse needs expanding. That's where I come in. But, unfortunately, being a deity isn't all fun and games (and is incredibly complicated), as there are always things working against you. Not even the God of the Multiverses can change that. Another Summary: Twelve souls were chosen to expand into the void surrounding the known universe(s), and were given a grace period in which they would experience a relatively safe expansion of their domains. Once that period is up, however, they are free to interact with each other...and what lurks in the depths of the Abyss, the Void, and the Primordial Chaos. I am one of those souls. And let me tell you, this shit ain't easy. Between trying to raise mortals into an immortal army, with which I can defend my domain, dealing with my children, and trying to maintain the balance between all realms of existance, I have my work cut out for me. Sigh. Now I know why, back on Earth, gods worked in mysterious, invisible ways. There's just too much to be done. Formerly called RE: Deity
8 150 - In Serial25 Chapters
Nightmare
Can you kill a god? The thought is crazy. Impossible. No one in their right mind would even think of it. Until it happens. Nightmare is gone from the world. His powers have been transferred over to someone else. Will this person be up to the challenge and take the mantle of Nightmare?
8 115 - In Serial38 Chapters
Pride X Kämpfer ReVamp
Caelum Desanto, Caprice Steiner, Simone Alucard, and the gang of Galatea Academy are back in this the second volume of the shamelessly perverse "Pride X ReVamp" light-novels.With Galatea Academy reopening for business a mere two weeks after the destruction caused by Crimson Crescent's Familiars, Caelum and the gang are left with little choice but to pick up the pieces and carry on with the semester. As Caelum continues to make inroads toward unlocking the Kaiser's Blessing, the antagonism between Caprice and the Countess reaches new heights leaving one to savor victory and the other to lick her wounds.However, all is not fair in love and war, and when a new player enters the arena with unknown intentions toward Caprice, Caelum finds himself facing an opponent he is quite simply ill prepared to fight.Sequel to: """"Pride X Familiar ReVamp"""" available on Amazon Kindle in ebook format.Authors note: Cover Artwork is not final.
8 187 - In Serial62 Chapters
Prince's Assassin Mate ✔
"No," She stood up straight and took his hand off her thigh. She straightened her dress and began to walk away. He grabbed her wrist and leaned against the wall, saying "How long do you think you'll be able to run away from me? I'll catch up to you eventually."_________________________ They said she was nothing less than the darkness, a living embodiment of terror. She was the assassin who has been roaming the earth for centuries, killing and hiding! But no one lived to tell her tale. She had known blood and death her entire life, but what she didn't know was that the biggest battle awaited her, one with her soul and her mate.He is ruthless and he is powerful. Everything bends to his every whim. And everyone respects him, more importantly, fears him. Lycan Prince Aiden, heir to the Kingdom of Werewolves, soon be the Alpha of all Alphas. He knew things were going to change when he found his Moon-blessing, but he wasn't ready for the storm she brought with her.While he bend himself to her will, fate twisted him to its own accord.#1 in Love#4 in Werewolf #1 in Mate#1 in moongoddess#1 in assassinate#27 in assassin#6 in running#4 in Alphafemale#1 in witchcraft#2 in assassination
8 181 - In Serial29 Chapters
The Soul Of A Night Fury [How To Train Your Dragon] EDITING
It's been days after the battle of the Red Death. Days since Dragons and Viking united and days since, the young boy, Hiccup was gravely injured defeating the Red Death. He's recovering well. His life is okay for now. Has a good relationship with Astrid and the other teens. But everything changes when he discovered something secret about his life.
8 230

