《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 111
Advertisement
Unicode
ဆရာ့အတွက် ဆက်ခံသူရှာတွေ့ခဲ့တယ်
__________
ကလေးက အော်ဟစ်ငိုကြွေးလာပြန်၏။ လမ်းလျှောက်လာရတာကြောင့် နည်းနည်းပင်ပန်းနေတာမို့ နဉ်ရှုက ဝါးခြင်းလေးကိုချွတ်ကာ ကလေးရဲ့ဘေးနားမှာ သူအငိုရပ်သည်အထိထိုင်နေလိုက်တော့သည်။
သူတစ်ယောက်တည်းမဟုတ်တော့တာကြောင့် ကလေးက အကြောက်ပြေလာကာ ခဏအကြာ၌ အငိုရပ်ကာပြောလာသည်။
"ဒေါ်လေး၊ ကျွန်တော် ကျွန်တော့်အဖေနဲ့အမေကို ရှာလို့မတွေ့ဘူး။"
"ငါ့ကို အစ်မလို့ခေါ်။ ငါ အဲ့လောက်အသက်မကြီးသေးဘူး။"
နဉ်ရှုက မျက်ခုံးပင့်ကာ သူ့ကို သေချာကြည့်သည်။ ကလေးက ရှိုက်ကာငိုသည်။
"အစ်မ၊ ကျွန်တော် ကျွန်တော့်မိဘတွေကို ရှာမတွေ့ဘူး။"
"နင့်မိဘတွေကဘယ်မှာတုန်း?"
နဉ်ရှုကမေးသည်။
"နင်က တောင်ပေါ်တစ္ဆေတော့မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား?"
"အားးး! ကျွန်တော့်ကို မခြောက်ပါနဲ့ အစ်မရ။ အစ်မက တောင်ပေါ်တစ္ဆေလား?"
ကလေးက ကြောက်ရွံ့စွာဖြင့်နောက်ကိုဆုတ်သည်။
နဉ်ရှုက ကောင်လေးကို သူ့မိဘတွေအကြောင်းထပ်မေးလိုက်ပြီး နောက်ဆုံးတွင်တော့ သူက ငိုရှိုက်နေရင်းဖြင့် သူမကို ဇာတ်လမ်းအပြည့်အစုံပြောပြလာတော့သည်။ မိသားစုလိုက်အပြင်ထွက်လာကြချိန်မှာ သူတို့တွေ ဓားပြတွေနဲ့တိုးသည်။ ထို့အတွက် သူ့မိဘတွေက ဓားပြတွေကို မျှားခေါ်ဖို့ထွက်သွားကြသည်။ သူတို့က ကောင်လေးကို ဒီမှာစောင့်ခိုင်းထားခဲ့တာဖြစ်သော်လည်း ကောင်လေးက ဒီမှာနှစ်ရက်ကြာစောင့်နေခဲ့တာတောင် သူတို့အရိပ်အယောင်ကိုမတွေ့ရ။
နဉ်ရှုက သူ့ကို ပေါက်စီတစ်ချို့ပေးလိုက်သည်။
"နင် နေရာများမှားသလား? ဒီနေရာက နင့်မိဘတွေ နင့်ကိုသွားဖို့ပြောတဲ့နေရာမဟုတ်တာလည်းဖြစ်နိုင်တာပဲ။"
"မမှားဘူး။ ကျွန်တော့်အဖေက မီတာနှစ်ထောင်ရှည်တဲ့လမ်းလို့ပြောခဲ့တာ။"
ကောင်လေးက ယုံကြည်မှုရှိစွာပြန်ဖြေသည်။
နဉ်ရှု မူးသွားသည်။ ဒီလောက်ငယ်တဲ့ကောင်လေးက မီတာနှစ်ထောင်ဆိုတာ ဘယ်လောက်ရှည်လဲဆိုတာရောသိရဲ့လား?
"နင် နေရာမမှားဘူးဆိုတာ သေချာရဲ့လား?"
ကောင်လေးက ပါးပြင်ပေါ်မျက်ရည်များစီးကျနေရင်းမှပင် ပေါက်စီကို အကြီးကြီးကိုက်ချလိုက်သည်။
"ဒီနေရာပဲ။"
နဉ်ရှုက ထရပ်ကာ သူမတင်ပါးမှာပေနေတဲ့ဖုန်တွေကိုခါသည်။
"ဒါဆို နင်ဆက်စောင့်နေလို့ရတယ်။ အခု ငါသွားတော့မယ်။"
ကောင်လေးက နဉ်ရှုရဲ့အင်္ကျီလက်ကို အလောတကြီးကိုင်ဆွဲကာငိုရှိုက်၏။
"မသွားပါနဲ့ အစ်မ။"
နဉ်ရှု : ...
သူမ ဘာမှလည်းမတွေးတတ်တော့တာမို့ လောလောဆယ် ကောင်လေးကို ဝါးအိမ်လေးဆီခေါ်လာလိုက်တော့သည်။
တစ်ယောက်တည်းအပြင်ထွက်သွားတဲ့သူက လူပိုတစ်ယောက်နဲ့ပြန်လာတာကို နတ်ဆေးသမားတော်မြင်တဲ့အခါ သူက နဉ်ရှုကို အေးစက်စွာကြည့်၏။
"ရှင်း။"
သူ့အမူအရာက ဖောက်ပြန်နေတဲ့ဇနီးသည်ကို ဖမ်းမိသွားတဲ့ခင်ပွန်းသည်တစ်ယောက်ပုံစံဖြစ်နေသည်။ နဉ်ရှု အတွေးလွန်နေတာဖြစ်သည်မှာ သေချာပါသည်။
ကောင်လေးက နဉ်ရှုနောက်မှာပုန်းလိုက်ကာ အေးတိအေးစက်အမူအရာနဲ့နတ်ဆေးသမားတော်ကို ချောင်းကြည့်သည်။ သူက စိတ်လှုပ်ရှားစွာဖြင့် သူ့နှုတ်ခမ်းတွေကိုတင်းတင်းဖိကပ်ထားပြီး ထပ်ငိုတော့မည့်ပုံပေါ်နေသည်။
နဉ်ရှုက ဒီကောင်လေး ဘယ်ကလာတယ်ဆိုတာကို အလွန်အင်မတန်ရိုးရှင်းစွာရှင်းပြလိုက်ပြီး စကားကို ဤသို့ အဆုံးသတ်သည်။
"ဒီကောင်လေးရဲ့မိဘတွေ တကယ်ပဲတစ်ခုခုဖြစ်သွားခဲ့ရင် ဒီကောင်လေးက တပည့်တို့နဲ့အတူတူနေရလိမ့်မယ်။အဓိပ္ပာယ်ကတော့ တပည့်က ဆရာ့အတွက် ဆက်ခံသူတစ်ယောက်ရှာတွေ့ခဲ့တယ်ဆိုတာပဲ။"
"သူက ယောက်ျားလေး။"
နဉ်ရှုက ပြောနေရင်းဖြင့်ပင် သက်သေပြရန်အတွက် ကောင်လေး၏ဘောင်းဘီကိုဆွဲချလိုက်ချေ၏။
ကောင်လေးက သူ့ဘောင်းဘီကိုပြန်ဆွဲတင်ရင်း အော်လေသည်။
"ကျွန်တော်က တကယ်ယောက်ျားလေးပါ!"
"တွေ့လား? တပည့် ဆရာ့အတွက် ဆက်ခံသူရှာတွေ့ခဲ့တယ်။ အခုဆို ဆရာ့မှာ ဆရာ့ပညာတွေကိုလက်ဆင့်ကမ်းသင်ကြားပေးရမယ့်လူရှိလာတော့မယ်။"
နဉ်ရှုက အပြုံးလေးဖြင့်ဆိုသည်။
...
ကယ်ကယ်နဲ့ နတ်ဆေးသမားတော်က မတူဘူးနော်။ ကယ်ကယ်က နဉ်ရှုတို့လို ဝိဉာဉ်ခန္ဓာမဟုတ်ဘဲ ရုပ်ခန္ဓာနဲ့မို့ သူများကိုယ်ထဲ ဝင်မရဘူး။
ကယ်ကယ် : ကယ်ကယ်ဆိုတာ ဘာကြီးလဲ?
ဒန်းချင်းဘလိတ် : ကျောင်းဆရာဝန်အန်ကယ်လို့ခေါ်ရတာရှည်လို့။ ချစ်စနိုးနဲ့ အဖျားစွတ်ပြီးခေါ်...ခေါ်...
*ချောက်*
စကားမဆုံးသေးခင် သေနတ်မောင်းတင်သံကြား၍ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင်ပြေး။
....
Zawgyi
ဆရာ့အတြက္ ဆက္ခံသူရွာေတြ့ခဲ့တယ္
__________
ကေလးက ေအာ္ဟစ္ငိုေႂကြးလာျပန္၏။ လမ္းေလ်ွာက္လာရတာေၾကာင့္ နည္းနည္းပင္ပန္းေနတာမို႔ နဉ္ရႈက ဝါးျခင္းေလးကိုခြၽတ္ကာ ကေလးရဲ့ေဘးနားမွာ သူအငိုရပ္သည္အထိထိုင္ေနလိုက္ေတာ့သည္။
သူတစ္ေယာက္တည္းမဟုတ္ေတာ့တာေၾကာင့္ ကေလးက အေၾကာက္ေျပလာကာ ခဏအၾကာ၌ အငိုရပ္ကာေျပာလာသည္။
"ေဒၚေလး၊ ကြၽန္ေတာ္ ကြၽန္ေတာ့္အေဖနဲ႔အေမကို ရွာလို႔မေတြ့ဘူး။"
"ငါ့ကို အစ္မလို႔ေခၚ။ ငါ အဲ့ေလာက္အသက္မႀကီးေသးဘူး။"
နဉ္ရႈက မ်က္ခံုးပင့္ကာ သူ႔ကို ေသခ်ာၾကၫ့္သည္။ ကေလးက ရိႈက္ကာငိုသည္။
"အစ္မ၊ ကြၽန္ေတာ္ ကြၽန္ေတာ့္မိဘေတြကို ရွာမေတြ့ဘူး။"
"နင့္မိဘေတြကဘယ္မွာတုန္း?"
နဉ္ရႈကေမးသည္။
"နင္က ေတာင္ေပၚတစၧေတာ့မဟုတ္ပါဘူးေနာ္၊ ဟုတ္တယ္မလား?"
"အားးး! ကြၽန္ေတာ့္ကို မေျခာက္ပါနဲ႔ အစ္မရ။ အစ္မက ေတာင္ေပၚတစၧေလား?"
ကေလးက ေၾကာက္ရြံ႔စြာျဖင့္ေနာက္ကိုဆုတ္သည္။
နဉ္ရႈက ေကာင္ေလးကို သူ႔မိဘေတြအေၾကာင္းထပ္ေမးလိုက္ၿပီး ေနာက္ဆံုးတြင္ေတာ့ သူက ငိုရိႈက္ေနရင္းျဖင့္ သူမကို ဇာတ္လမ္းအျပၫ့္အစံုေျပာျပလာေတာ့သည္။ မိသားစုလိုက္အျပင္ထြက္လာၾကခ်ိန္မွာ သူတို႔ေတြ ဓားျပေတြနဲ႔တိုးသည္။ ထို႔အတြက္ သူ႔မိဘေတြက ဓားျပေတြကို မ်ွားေခၚဖို႔ထြက္သြားၾကသည္။ သူတို႔က ေကာင္ေလးကို ဒီမွာေစာင့္ခိုင္းထားခဲ့တာျဖစ္ေသာ္လည္း ေကာင္ေလးက ဒီမွာႏွစ္ရက္ၾကာေစာင့္ေနခဲ့တာေတာင္ သူတို႔အရိပ္အေယာင္ကိုမေတြ့ရ။
နဉ္ရႈက သူ႔ကို ေပါက္စီတစ္ခ်ိဳ႕ေပးလိုက္သည္။
"နင္ ေနရာမ်ားမွားသလား? ဒီေနရာက နင့္မိဘေတြ နင့္ကိုသြားဖို႔ေျပာတဲ့ေနရာမဟုတ္တာလည္းျဖစ္ႏိုင္တာပဲ။"
"မမွားဘူး။ ကြၽန္ေတာ့္အေဖက မီတာႏွစ္ေထာင္ရွည္တဲ့လမ္းလို႔ေျပာခဲ့တာ။"
ေကာင္ေလးက ယံုၾကည္မႈရိွစြာျပန္ေျဖသည္။
နဉ္ရႈ မူးသြားသည္။ ဒီေလာက္ငယ္တဲ့ေကာင္ေလးက မီတာႏွစ္ေထာင္ဆိုတာ ဘယ္ေလာက္ရွည္လဲဆိုတာေရာသိရဲ့လား?
"နင္ ေနရာမမွားဘူးဆိုတာ ေသခ်ာရဲ့လား?"
ေကာင္ေလးက ပါးျပင္ေပၚမ်က္ရည္မ်ားစီးက်ေနရင္းမွပင္ ေပါက္စီကို အႀကီးႀကီးကိုက္ခ်လိုက္သည္။
"ဒီေနရာပဲ။"
နဉ္ရႈက ထရပ္ကာ သူမတင္ပါးမွာေပေနတဲ့ဖုန္ေတြကိုခါသည္။
"ဒါဆို နင္ဆက္ေစာင့္ေနလို႔ရတယ္။ အခု ငါသြားေတာ့မယ္။"
ေကာင္ေလးက နဉ္ရႈရဲ့အက်ႌလက္ကို အေလာတႀကီးကိုင္ဆြဲကာငိုရိႈက္၏။
"မသြားပါနဲ႔ အစ္မ။"
နဉ္ရႈ : ...
သူမ ဘာမွလည္းမေတြးတတ္ေတာ့တာမို႔ ေလာေလာဆယ္ ေကာင္ေလးကို ဝါးအိမ္ေလးဆီေခၚလာလိုက္ေတာ့သည္။
တစ္ေယာက္တည္းအျပင္ထြက္သြားတဲ့သူက လူပိုတစ္ေယာက္နဲ႔ျပန္လာတာကို နတ္ေဆးသမားေတာ္ျမင္တဲ့အခါ သူက နဉ္ရႈကို ေအးစက္စြာၾကၫ့္၏။
"ရွင္း။"
သူ႔အမူအရာက ေဖာက္ျပန္ေနတဲ့ဇနီးသည္ကို ဖမ္းမိသြားတဲ့ခင္ပြန္းသည္တစ္ေယာက္ပံုစံျဖစ္ေနသည္။ နဉ္ရႈ အေတြးလြန္ေနတာျဖစ္သည္မွာ ေသခ်ာပါသည္။
ေကာင္ေလးက နဉ္ရႈေနာက္မွာပုန္းလိုက္ကာ ေအးတိေအးစက္အမူအရာနဲ႔နတ္ေဆးသမားေတာ္ကို ေခ်ာင္းၾကၫ့္သည္။ သူက စိတ္လႈပ္ရွားစြာျဖင့္ သူ႔ႏႈတ္ခမ္းေတြကိုတင္းတင္းဖိကပ္ထားၿပီး ထပ္ငိုေတာ့မၫ့္ပံုေပၚေနသည္။
နဉ္ရႈက ဒီေကာင္ေလး ဘယ္ကလာတယ္ဆိုတာကို အလြန္အင္မတန္ရိုးရွင္းစြာရွင္းျပလိုက္ၿပီး စကားကို ဤသို႔ အဆံုးသတ္သည္။
"ဒီေကာင္ေလးရဲ့မိဘေတြ တကယ္ပဲတစ္ခုခုျဖစ္သြားခဲ့ရင္ ဒီေကာင္ေလးက တပၫ့္တို႔နဲ႔အတူတူေနရလိမ့္မယ္။အဓိပၸာယ္ကေတာ့ တပၫ့္က ဆရာ့အတြက္ ဆက္ခံသူတစ္ေယာက္ရွာေတြ့ခဲ့တယ္ဆိုတာပဲ။"
"သူက ေယာက္်ားေလး။"
နဉ္ရႈက ေျပာေနရင္းျဖင့္ပင္ သက္ေသျပရန္အတြက္ ေကာင္ေလး၏ေဘာင္းဘီကိုဆြဲခ်လိုက္ေခ်၏။
ေကာင္ေလးက သူ႔ေဘာင္းဘီကိုျပန္ဆြဲတင္ရင္း ေအာ္ေလသည္။
"ကြၽန္ေတာ္က တကယ္ေယာက္်ားေလးပါ!"
"ေတြ့လား? တပၫ့္ ဆရာ့အတြက္ ဆက္ခံသူရွာေတြ့ခဲ့တယ္။ အခုဆို ဆရာ့မွာ ဆရာ့ပညာေတြကိုလက္ဆင့္ကမ္းသင္ၾကားေပးရမယ့္လူရိွလာေတာ့မယ္။"
နဉ္ရႈက အၿပံဳးေလးျဖင့္ဆိုသည္။
...
ကယ္ကယ္နဲ႔ နတ္ေဆးသမားေတာ္က မတူဘူးေနာ္။ ကယ္ကယ္က နဉ္ရႈတို႔လို ဝိဉာဉ္ခႏၶာမဟုတ္ဘဲ ရုပ္ခႏၶာနဲ႔မို႔ သူမ်ားကိုယ္ထဲ ဝင္မရဘူး။
ကယ္ကယ္ : ကယ္ကယ္ဆိုတာ ဘာႀကီးလဲ?
ဒန္းခ်င္းဘလိတ္ : ေက်ာင္းဆရာဝန္အန္ကယ္လို႔ေခၚရတာရွည္လို႔။ ခ်စ္စႏိုးနဲ႔ အဖ်ားစြတ္ၿပီးေခၚ...ေခၚ...
*ေခ်ာက္*
စကားမဆံုးေသးခင္ ေသနတ္ေမာင္းတင္သံၾကား၍ ဖေနာင့္ႏွင့္တင္ပါး တစ္သားတည္းက်ေအာင္ေျပး။
....
Advertisement
- In Serial219 Chapters
My Magical System
Yeman Talisman was bullied by his classmates and framed by his best friend in his high school days.One night, an incident occurred, which he rescued his ex-girlfriend from a drug organization syndicate. Too bad with his bad luck he got killed, when he opened his eyes again, he found himself in a different world? With a gaming-like system!Let’s find out what will happen to him in this world of fantasy. What if he finds out that his old classmates were the heroes of this new world and their leader was none other than his old best friend who framed him not only once, but twice?They got summoned here through a magic circle unlike him! What will happen when the system and magic clash?!!!
8 3069 - In Serial415 Chapters
Paragon of Destruction
When Arran decides to become a mage, he quickly discovers that magic can be more dangerous than he had ever imagined. Soon, he finds himself hunted for powers he never knew he had.Helped by a mysterious mage with secret motives, he sets off on a journey to escape his enemies. But where will he run? And can he trust his helper?Pursued by mages and monsters alike, he knows there is only one true road to safety: to become stronger than his enemies!
8 636 - In Serial34 Chapters
The Rise of the Skeleton Warrior
After perishing mid-battle, Cade found himself inside the frame of a skeleton, faced with yet another battle. After overcoming that, a holographic screen appeared before him, calling itself the system. As he begins his journey of exploration in this new reality, he slowly becomes stronger with the help of the System. He manages to create a few comrades and his adventure becomes a little easier. Until the System's last mission begins testing the loyalty of everyone he knows. ◇•-▪︎Cover art by Jason Nguyen on ArtStation ▪︎-•◇
8 72 - In Serial6 Chapters
Tree Spirit
The journey of a lonely Tree Spirit. Unceasing laughter, happiness, and bliss played themselves before it... before...him? But alas, he was only but a spectator relishing in their delight, their warmth, their care. When they went, darkness ensured. But, maybe he would find a place he truly belonged? A place where he would be cared for, and a place that he could be ...happy? ...But firstly, I'm a male okay. A proud male tree spirit. No matter what you do, that won't change! A Bl story... but mostly fantasy. The romance is still far away...
8 87 - In Serial28 Chapters
Ephemeral Cycle
Mature +18[?]------Hiatus notice, I'll be rewriting this story heavily over the coming weeks. It isn't going where I wanted it to, bare with me for awhile. Ideally, a months time, but time will tell.------Andrew Marks, among over a million, 'players,' is forcibly recruited into a game where the reality and fiction interlace. Where the slightest error will spell death. For yourself, for your new found allies, or the world. 'Choices have consequences,' is a lesson the Corporation wishes to remind people. In this new world where many fall each and every day, a man simply tries to avoid it all, yet the world isn't so kind as to let him off so easily.--------Chapters do tend to be on the longer side, well, in comparison to other fictions I've read on this site. Typically anywhere from 2500-4500 words depending on my mood at the time.In addition chapter releases are largely dependent on my mood so it should have at least two chapter released a week, however, I'll be busy for the next bit so it will be subject to change. --------Anyways, please bare in mind this is the first creative writing piece I have created with the exception of a novel I started writing just prior to this one. I'd appreciate any help or guidance you may give me to better my writing. Be it characters, background or setting, I'm quite sure there are a few loopholes.This is intended for a mature audience, viewers discretion is advised. I digress, enjoy, rate, comment, and let me know how it's treating you so far! I'll take any help I can get!
8 77 - In Serial14 Chapters
Inner Mechanisms- Maki Zenin x Reader
Going into your sophmore year of college, you pick up a job as a mechanic at a small warehouse in Tokyo. Little did you know you would be thrown into the world of underground street racing and meet Maki Zenin, an ex member of the notorious Zenin gang. _________Inspired by the amazing fan art in the cover by @huangdanlan on twitter: https://mobile.twitter.com/huangdanlan/status/1362355607731277826It just gave me street racer vibes.
8 226

