《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 112
Advertisement
Unicode
ချမ်းသာတဲ့မိသားစုက ကလေးတွေက အမြဲတမ်းစောစောစီးစီးရင့်ကျက်ကြတယ်
_________
နတ်ဆေးသမားတော်မှာ အမြဲလိုအေးစက်သည့်မျက်နှာထားရှိသည်။ ကောင်ပေါက်စလေးတစ်ယောက်နဲ့မျက်နှာချင်းဆိုင်နေရချိန်မှာတောင် သူ့မျက်နှာထက်၌ အမူအရာသိပ်မရှိ။
ပုံမှန်နည်းလမ်းတွေအတိုင်းဆို နဉ်ရှုက သူ့အတွက်ဆက်ခံသူရှာပေးခဲ့ပြီးနောက်မှာ သူက စိတ်မပါလက်မပါဖြစ်နေလျှင်တောင် အနည်းဆုံးတော့ ကောင်လေးကို စိုးရိမ်ပူပန်သည့်စကားအနည်းငယ်ပြောသင့်ပါသော်လည်း မပြောခဲ့ပေ။
ဤသို့ဖြင့် ကောင်လေးက ဝါးအိမ်လေးမှာနေထိုင်ရတော့သည်။ ကောင်လေးကိုဂရုစိုက်ပေးဖို့နဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးက နဉ်ရှုပခုံးပေါ်ကျလာသည်။ နဉ်ရှု အတော်လေးဒေါသထွက်သွားရသည်။ ကလေးတွေလိုဟာလေးမျိုးတွေက အမြဲတမ်း ဒုက္ခအပေးဆုံးလေးတွေပဲ။
သူမ ကောင်လေးကို သန့်ရှင်းသွားအောင် ရေချိုးပေးပြီးချိန်မှာ သူက သူကြောက်နေတယ်လို့ပြောကာ နဉ်ရှုနဲ့အိပ်ခွင့်ရဖို့ ဇွတ်အတင်းတောင်းဆို၏။ သူမက လုံးဝဖြူစင်သန့်ရှင်းပြီး ယောက်ျားတစ်ယောက်နဲ့လုံးဝမအိပ်နိုင်ဆိုတာကို နဉ်ရှုက ချက်ချင်းပင်ပြောတော့သည်။ ဒီကောင်လေးက ငါးနှစ်ပဲရှိသေးတယ်ဆိုပေမယ့်လည်း ယောက်ျားတစ်ယောက်ပဲလေ။
နတ်ဆေးသမားတော်က နဉ်ရှုရဲ့အကြင်နာမဲ့သည့်အပြုအမူကို မည်သို့မှမဆိုဘဲ မေးလေသည်။
"မင်းရှာနေတဲ့ပါဝင်ပစ္စည်းကိုတွေ့ပြီလား?"
အိုး၊ ဟုတ်သားပဲ! ဒီကောင်လေးကြောင့် သူမ ဂျင်ဆင်းရလာတယ်ဆိုတာ မေ့သွားတယ်။ သူမက ဂျင်ဆင်းကို ဝါးခြင်းထဲမှ ခပ်မြန်မြန်ဆွဲထုတ်ကာဆို၏။
"ကြည့်! တပည့် ဂျင်ဆင်းကိုရှာတွေ့ပြီ။ ခဏနေရင် တပည့် ဆရာ့အတွက် နှလုံးအားဆေးဖော်ပေးမယ်။"
နတ်ဆေးသမားတော်က အေးစက်စွာဆိုသည်။
"အဲ့ပစ္စည်းတွေက ငါ့အတွက် အသုံးမဝင်ဘူး။ လုပ်စရာမလိုဘူး၊ ဒါက အရည်အသွေးမြင့်ပါဝင်ပစ္စည်းကို ဖြုန်းတီးသလိုဖြစ်သွားလိမ့်မယ်။"
"ဘယ်လိုလုပ် အသုံးမဝင်ဘဲနေမှာလဲ? ပြသနာဖြစ်နေတာက ဆရာ့နှလုံးမဟုတ်ဘူးလား? ဆရာ၊ ဆရာ့နှလုံးကို ကောင်းကောင်းအာဟာရဖြည့်ပေးရင် ဆရာ အဆင်ပြေမှာပါ။"
နဉ်ရှုကပြောသည်။
"ဒါက တပည့် ဆရာ့အတွက် အထူးတလည်ရှာထားတဲ့ဂျင်ဆင်းပဲ။"
နတ်ဆေးသမားတော်က သူမကိုင်ထားသည့်ဂျင်ဆင်းကိုကြည့်ကာဆိုလာ၏။
"ဒီဂျင်ဆင်းက တော်တော်လေးကောင်းတယ်။ ဒါပေမယ့် မင်း အဲ့ဒါကိုတူးနေတုန်းက သူ့အနေအထားကို အာရုံမစိုက်ထားဘူး။ သူ့ကိုယ်ထည်အစိတ်အပိုင်းတစ်ချို့ ထိခိုက်သွားတယ်။"
"ဒါကြောင့်မို့ မင်း ဖြတ်သန်းသွားတဲ့နေရာတစ်လျှောက်က ပစ္စည်းကောင်းတွေအားလုံးကို မင်းဖျက်ဆီးပစ်မှာစိုးလို့ ငါ မင်းကို သေချာလေ့လာပြီး သင်ကြားဖို့အမြဲပြောတာ။"
နတ်ဆေးသမားတော်မှာ နဉ်ရှု၏တိုးတက်လာခြင်းမရှိမှုကြောင့် အနည်းငယ်ဒေါသထွက်နေပုံရ၏။
သို့သော်လည်း နဉ်ရှုက ခပ်လွယ်လွယ်ပင်တုန့်ပြန်သည်။
"အဆင်ပြေပါတယ်။ တပည့်က ဒါကို နှလုံးအားဆေးထဲ ချက်ချင်းထည့်ပစ်မှာပဲကို။ တပည့်က ရောင်းမှာမှမဟုတ်တာ၊ အရည်အသွေးကို စိုးရိမ်နေစရာမလိုပါဘူး။"
နတ်ဆေးသမားတော်က အေးစက်စွာဆိုသည်။
"ရောင်းရောင်းမရောင်းရောင်း ဆေးပစ္စည်းတွေရဲ့အရည်အသွေးကိုထိန်းသိမ်းဖို့က အရမ်းအရေးကြီးတယ်၊ ဒါမှ သူ့အာနိသင်က အကောင်းဆုံးရှိနေမှာ။ မင်းက ဆေးအာနိသင်တစ်ချို့ကိုဖျက်ဆီးပစ်လိုက်ပြီ၊ ဒါက အရည်အသွေးကိုမေးခွန်းထုတ်တာလောက် ရိုးရှင်းမနေဘူး။"
နဉ်ရှု အလောတကြီးခေါင်းငြိမ့်လိုက်သည်။
"တပည့် သိပါပြီ။ နောက်ကို တပည့် သေချာပေါက် အာရုံစိုက်ပါ့မယ်။"
နဉ်ရှုမှာ နတ်ဆေးသမားတော်မြင်ဖူးသမျှထဲ မျက်နှာအရေအထူဆုံးပင်ဖြစ်၏။ မင်း သူ့ကို ဘာပဲပြောပြော သူမ စိတ်မတိုသလိုပင်။ သူ သူမကို ဘယ်လောက်ရက်စက်ခက်ထန်ပါစေ သူမက ဘယ်တော့မှ စိတ်ထဲမထားပေ။ ဒါက သူမက သဘောထားကြီးလို့လား ဒါမှမဟုတ် စိတ်မဝင်စားလို့လား?
နောက်ရက်မှာတော့ ကောင်ပေါက်စလေးရဲ့တောင်းပန်မှုကြောင့် နဉ်ရှုက သူ့မိဘတွေကိုရှာဖို့ သူနဲ့အတူတူထွက်သွားသည်။ သူမက အဝေးကြီးသွားဖို့မရည်ရွယ်ထားဘဲ အနီးနားကိုသာပတ်ကြည့်ဖို့ရည်ရွယ်ထားသည်။
ပထမတော့ နတ်ဆေးသမားတော်ကပါလိုက်ချင်ခဲ့တာဖြစ်သော်လည်း နဉ်ရှုက သူ့ကိုတားသည်။ သူ့အခြေအနေနဲ့ဆို အင်အားစိုက်ထုတ်ရတဲ့ကိစ္စမျိုးတွေကို ရှောင်ရှားတာအကောင်းဆုံးပင်။
ကောင်လေးက တကယ်တမ်းတွင် အတော်လေးဉာဏ်ထက်ကာ သူ အစောတုန်းကပြေးလွှားလာခဲ့တဲ့လမ်းကြောင်းတစ်လျှောက်မှာ စတင်ရှာဖွေတော့သည်။ အဆုံးတွင်တော့ သူမတို့တွေ တောထဲက အလောင်းနှစ်လောင်းကိုတွေ့လိုက်ရသည်။ အလောင်းတွေက မမှတ်မိနိုင်လောက်အောင်နှိပ်စက်ဖျက်ဆီးခြင်းခံထားရပြီး အမျိုးသမီးဆိုလျှင် ကိုယ်ပေါ်မှာ အဝတ်လေးတစ်စပင်မရှိချေ။ အကြည့်တစ်ချက်နှင့်ပင် သူမ မသေခင်တုန်းက ဘာကိုကြုံတွေ့ခဲ့ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိနိုင်သည်။
ကောင်လေးက အံကြိတ်ကာ ရှိုက်သံတို့ကို အတင်းထိန်းထားရင်း သူ့အမေကို အဝတ်ဝတ်ပေးဖို့လှုပ်ရှားနေသည်။ ထို့နောက် သူက နဉ်ရှုဘက်ကိုလှည့်ကာဆိုသည်။
"အစ်မ၊ ကျွန်တော် ကျွန်တော့်မိဘတွေကို မီးသင်္ဂြိုဟ်ပေးချင်တယ်။"
နဉ်ရှု နည်းနည်းတော့အံ့ဩသွားရသည်။ ရှေးခေတ်ကလူတွေက မြေမြှုပ်ပေးတာခံရတဲ့သူတွေကသာ ငြိမ်းငြိမ်းချမ်းချမ်းအနားယူနိုင်မယ်လို့ အမြဲယုံကြည်ထားခဲ့ကြတာလေ၊ ဒါကို ဘာလို့ ဒီကောင်ပေါက်စလေးက သူ့မိဘတွေကို မီးသင်္ဂြိုဟ်ပေးချင်ရတာလဲ?
"ကျွန်တော် သူတို့ရဲ့ပြာတွေကို ကျွန်တော်နဲ့အတူယူသွားချင်တယ်။"
ကောင်လေးက အံတင်းတင်းကြိတ်ထားသည်မို့ သူ့ပါးလေးတွေပင်တုန်နေသည်။
"ကောင်းပြီလေ။"
နဉ်ရှု သူ့ကို ခေါင်းငြိမ့်ပြလိုက်သည်။
ကောင်လေးက သင်္ဂြိုဟ်မီးကို သူ့ဘာသာရှို့သည်။ ပြီးနောက် သူက ပြာတွေကို အိုးတစ်လုံးထဲကျုံးထည့်ကာ ပြာအိုးကို သူ့လက်မောင်းတွေကြားပွေ့ထား၏။
နဉ်ရှုကမေးသည်။
"နောက်ပိုင်း နင် ဘာလုပ်ဖို့စီစဉ်ထားလဲ? နင့်မှာ တစ်ခြားဆွေမျိုးတွေရှိလား? မရှိရင် ငါ့ဆရာရဲ့တပည့်လုပ်ပြီး ဆေးပညာသင်လေ။"
"ကျွန်တော့်မှာ ဆွေမျိုးတွေရှိပါတယ်၊ ဒါပေမယ့် အဲ့လူတွေက ဆွေမျိုးတွေလို့သတ်မှတ်လို့မရဘူး။ ကျွန်တော့်အဖေ မတော်တဆတစ်ခုဖြစ်သွားတာကိုကြားရင် သူတို့ပျော်နေလောက်တယ်။ ကျွန်တော် ပြန်မသွားဘူး။"
ကောင်လေးက ခေါင်းယမ်းသည်။ သူ့မျက်နှာလေးက ကလေးဆန်နေသော်လည်း သူ့စကားတွေကတော့ ကလေးဆန်မနေပေ။
ချမ်းသာတဲ့မိသားစုတွေက ကလေးတွေက အမြဲတမ်းစောစောစီးစီးရင့်ကျက်ကြတာပဲ။
...
Zawgyi
ခ်မ္းသာတဲ့မိသားစုက ကေလးေတြက အၿမဲတမ္းေစာေစာစီးစီးရင့္က်က္ၾကတယ္
_________
နတ္ေဆးသမားေတာ္မွာ အၿမဲလိုေအးစက္သၫ့္မ်က္ႏွာထားရိွသည္။ ေကာင္ေပါက္စေလးတစ္ေယာက္နဲ႔မ်က္ႏွာခ်င္းဆိုင္ေနရခ်ိန္မွာေတာင္ သူ႔မ်က္ႏွာထက္၌ အမူအရာသိပ္မရိွ။
ပံုမွန္နည္းလမ္းေတြအတိုင္းဆို နဉ္ရႈက သူ႔အတြက္ဆက္ခံသူရွာေပးခဲ့ၿပီးေနာက္မွာ သူက စိတ္မပါလက္မပါျဖစ္ေနလ်ွင္ေတာင္ အနည္းဆံုးေတာ့ ေကာင္ေလးကို စိုးရိမ္ပူပန္သၫ့္စကားအနည္းငယ္ေျပာသင့္ပါေသာ္လည္း မေျပာခဲ့ေပ။
ဤသို႔ျဖင့္ ေကာင္ေလးက ဝါးအိမ္ေလးမွာေနထိုင္ရေတာ့သည္။ ေကာင္ေလးကိုဂရုစိုက္ေပးဖို႔နဲ႔ပတ္သက္တဲ့ကိစၥေတြအားလံုးက နဉ္ရႈပခံုးေပၚက်လာသည္။ နဉ္ရႈ အေတာ္ေလးေဒါသထြက္သြားရသည္။ ကေလးေတြလိုဟာေလးမ်ိဳးေတြက အၿမဲတမ္း ဒုကၡအေပးဆံုးေလးေတြပဲ။
Advertisement
သူမ ေကာင္ေလးကို သန႔္ရွင္းသြားေအာင္ ေရခ်ိဳးေပးၿပီးခ်ိန္မွာ သူက သူေၾကာက္ေနတယ္လို႔ေျပာကာ နဉ္ရႈနဲ႔အိပ္ခြင့္ရဖို႔ ဇြတ္အတင္းေတာင္းဆို၏။ သူမက လံုးဝျဖဴစင္သန႔္ရွင္းၿပီး ေယာက္်ားတစ္ေယာက္နဲ႔လံုးဝမအိပ္ႏိုင္ဆိုတာကို နဉ္ရႈက ခ်က္ခ်င္းပင္ေျပာေတာ့သည္။ ဒီေကာင္ေလးက ငါးႏွစ္ပဲရိွေသးတယ္ဆိုေပမယ့္လည္း ေယာက္်ားတစ္ေယာက္ပဲေလ။
နတ္ေဆးသမားေတာ္က နဉ္ရႈရဲ့အၾကင္နာမဲ့သၫ့္အျပဳအမူကို မည္သို႔မွမဆိုဘဲ ေမးေလသည္။
"မင္းရွာေနတဲ့ပါဝင္ပစၥည္းကိုေတြ့ၿပီလား?"
အိုး၊ ဟုတ္သားပဲ! ဒီေကာင္ေလးေၾကာင့္ သူမ ဂ်င္ဆင္းရလာတယ္ဆိုတာ ေမ့သြားတယ္။ သူမက ဂ်င္ဆင္းကို ဝါးျခင္းထဲမွ ခပ္ျမန္ျမန္ဆြဲထုတ္ကာဆို၏။
"ၾကၫ့္! တပၫ့္ ဂ်င္ဆင္းကိုရွာေတြ့ၿပီ။ ခဏေနရင္ တပၫ့္ ဆရာ့အတြက္ ႏွလံုးအားေဆးေဖာ္ေပးမယ္။"
နတ္ေဆးသမားေတာ္က ေအးစက္စြာဆိုသည္။
"အဲ့ပစၥည္းေတြက ငါ့အတြက္ အသံုးမဝင္ဘူး။ လုပ္စရာမလိုဘူး၊ ဒါက အရည္အေသြးျမင့္ပါဝင္ပစၥည္းကို ျဖဳန္းတီးသလိုျဖစ္သြားလိမ့္မယ္။"
"ဘယ္လိုလုပ္ အသံုးမဝင္ဘဲေနမွာလဲ? ျပသနာျဖစ္ေနတာက ဆရာ့ႏွလံုးမဟုတ္ဘူးလား? ဆရာ၊ ဆရာ့ႏွလံုးကို ေကာင္းေကာင္းအာဟာရျဖၫ့္ေပးရင္ ဆရာ အဆင္ေျပမွာပါ။"
နဉ္ရႈကေျပာသည္။
"ဒါက တပၫ့္ ဆရာ့အတြက္ အထူးတလည္ရွာထားတဲ့ဂ်င္ဆင္းပဲ။"
နတ္ေဆးသမားေတာ္က သူမကိုင္ထားသၫ့္ဂ်င္ဆင္းကိုၾကၫ့္ကာဆိုလာ၏။
"ဒီဂ်င္ဆင္းက ေတာ္ေတာ္ေလးေကာင္းတယ္။ ဒါေပမယ့္ မင္း အဲ့ဒါကိုတူးေနတုန္းက သူ႔အေနအထားကို အာရံုမစိုက္ထားဘူး။ သူ႔ကိုယ္ထည္အစိတ္အပိုင္းတစ္ခ်ိဳ႕ ထိခိုက္သြားတယ္။"
"ဒါေၾကာင့္မို႔ မင္း ျဖတ္သန္းသြားတဲ့ေနရာတစ္ေလ်ွာက္က ပစၥည္းေကာင္းေတြအားလံုးကို မင္းဖ်က္ဆီးပစ္မွာစိုးလို႔ ငါ မင္းကို ေသခ်ာေလ့လာၿပီး သင္ၾကားဖို႔အၿမဲေျပာတာ။"
နတ္ေဆးသမားေတာ္မွာ နဉ္ရႈ၏တိုးတက္လာျခင္းမရိွမႈေၾကာင့္ အနည္းငယ္ေဒါသထြက္ေနပံုရ၏။
သို႔ေသာ္လည္း နဉ္ရႈက ခပ္လြယ္လြယ္ပင္တုန႔္ျပန္သည္။
"အဆင္ေျပပါတယ္။ တပၫ့္က ဒါကို ႏွလံုးအားေဆးထဲ ခ်က္ခ်င္းထၫ့္ပစ္မွာပဲကို။ တပၫ့္က ေရာင္းမွာမွမဟုတ္တာ၊ အရည္အေသြးကို စိုးရိမ္ေနစရာမလိုပါဘူး။"
နတ္ေဆးသမားေတာ္က ေအးစက္စြာဆိုသည္။
"ေရာင္းေရာင္းမေရာင္းေရာင္း ေဆးပစၥည္းေတြရဲ့အရည္အေသြးကိုထိန္းသိမ္းဖို႔က အရမ္းအေရးႀကီးတယ္၊ ဒါမွ သူ႔အာနိသင္က အေကာင္းဆံုးရိွေနမွာ။ မင္းက ေဆးအာနိသင္တစ္ခ်ိဳ႕ကိုဖ်က္ဆီးပစ္လိုက္ၿပီ၊ ဒါက အရည္အေသြးကိုေမးခြန္းထုတ္တာေလာက္ ရိုးရွင္းမေနဘူး။"
နဉ္ရႈ အေလာတႀကီးေခါင္းၿငိမ့္လိုက္သည္။
"တပၫ့္ သိပါၿပီ။ ေနာက္ကို တပၫ့္ ေသခ်ာေပါက္ အာရံုစိုက္ပါ့မယ္။"
နဉ္ရႈမွာ နတ္ေဆးသမားေတာ္ျမင္ဖူးသမ်ွထဲ မ်က္ႏွာအေရအထူဆံုးပင္ျဖစ္၏။ မင္း သူ႔ကို ဘာပဲေျပာေျပာ သူမ စိတ္မတိုသလိုပင္။ သူ သူမကို ဘယ္ေလာက္ရက္စက္ခက္ထန္ပါေစ သူမက ဘယ္ေတာ့မွ စိတ္ထဲမထားေပ။ ဒါက သူမက သေဘာထားႀကီးလို႔လား ဒါမွမဟုတ္ စိတ္မဝင္စားလို႔လား?
ေနာက္ရက္မွာေတာ့ ေကာင္ေပါက္စေလးရဲ့ေတာင္းပန္မႈေၾကာင့္ နဉ္ရႈက သူ႔မိဘေတြကိုရွာဖို႔ သူနဲ႔အတူတူထြက္သြားသည္။ သူမက အေဝးႀကီးသြားဖို႔မရည္ရြယ္ထားဘဲ အနီးနားကိုသာပတ္ၾကၫ့္ဖို႔ရည္ရြယ္ထားသည္။
ပထမေတာ့ နတ္ေဆးသမားေတာ္ကပါလိုက္ခ်င္ခဲ့တာျဖစ္ေသာ္လည္း နဉ္ရႈက သူ႔ကိုတားသည္။ သူ႔အေျခအေနနဲ႔ဆို အင္အားစိုက္ထုတ္ရတဲ့ကိစၥမ်ိဳးေတြကို ေရွာင္ရွားတာအေကာင္းဆံုးပင္။
ေကာင္ေလးက တကယ္တမ္းတြင္ အေတာ္ေလးဉာဏ္ထက္ကာ သူ အေစာတုန္းကေျပးလႊားလာခဲ့တဲ့လမ္းေၾကာင္းတစ္ေလ်ွာက္မွာ စတင္ရွာေဖြေတာ့သည္။ အဆံုးတြင္ေတာ့ သူမတို႔ေတြ ေတာထဲက အေလာင္းႏွစ္ေလာင္းကိုေတြ့လိုက္ရသည္။ အေလာင္းေတြက မမွတ္မိႏိုင္ေလာက္ေအာင္ႏိွပ္စက္ဖ်က္ဆီးျခင္းခံထားရၿပီး အမ်ိဳးသမီးဆိုလ်ွင္ ကိုယ္ေပၚမွာ အဝတ္ေလးတစ္စပင္မရိွေခ်။ အၾကၫ့္တစ္ခ်က္ႏွင့္ပင္ သူမ မေသခင္တုန္းက ဘာကိုႀကံဳေတြ့ခဲ့ရတယ္ဆိုတာ ရွင္းရွင္းလင္းလင္းသိႏိုင္သည္။
ေကာင္ေလးက အံႀကိတ္ကာ ရိႈက္သံတို႔ကို အတင္းထိန္းထားရင္း သူ႔အေမကို အဝတ္ဝတ္ေပးဖို႔လႈပ္ရွားေနသည္။ ထို႔ေနာက္ သူက နဉ္ရႈဘက္ကိုလွၫ့္ကာဆိုသည္။
"အစ္မ၊ ကြၽန္ေတာ္ ကြၽန္ေတာ့္မိဘေတြကို မီးသႃဂၤိဳဟ္ေပးခ်င္တယ္။"
နဉ္ရႈ နည္းနည္းေတာ့အံ့ဩသြားရသည္။ ေရွးေခတ္ကလူေတြက ေျမျမႇဳပ္ေပးတာခံရတဲ့သူေတြကသာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းအနားယူႏိုင္မယ္လို႔ အၿမဲယံုၾကည္ထားခဲ့ၾကတာေလ၊ ဒါကို ဘာလို႔ ဒီေကာင္ေပါက္စေလးက သူ႔မိဘေတြကို မီးသႃဂၤိဳဟ္ေပးခ်င္ရတာလဲ?
"ကြၽန္ေတာ္ သူတို႔ရဲ့ျပာေတြကို ကြၽန္ေတာ္နဲ႔အတူယူသြားခ်င္တယ္။"
ေကာင္ေလးက အံတင္းတင္းႀကိတ္ထားသည္မို႔ သူ႔ပါးေလးေတြပင္တုန္ေနသည္။
"ေကာင္းၿပီေလ။"
နဉ္ရႈ သူ႔ကို ေခါင္းၿငိမ့္ျပလိုက္သည္။
ေကာင္ေလးက သႃဂၤိဳဟ္မီးကို သူ႔ဘာသာရိႈ႔သည္။ ၿပီးေနာက္ သူက ျပာေတြကို အိုးတစ္လံုးထဲက်ံဳးထၫ့္ကာ ျပာအိုးကို သူ႔လက္ေမာင္းေတြၾကားေပြ့ထား၏။
နဉ္ရႈကေမးသည္။
"ေနာက္ပိုင္း နင္ ဘာလုပ္ဖို႔စီစဉ္ထားလဲ? နင့္မွာ တစ္ျခားေဆြမ်ိဳးေတြရိွလား? မရိွရင္ ငါ့ဆရာရဲ့တပၫ့္လုပ္ၿပီး ေဆးပညာသင္ေလ။"
"ကြၽန္ေတာ့္မွာ ေဆြမ်ိဳးေတြရိွပါတယ္၊ ဒါေပမယ့္ အဲ့လူေတြက ေဆြမ်ိဳးေတြလို႔သတ္မွတ္လို႔မရဘူး။ ကြၽန္ေတာ့္အေဖ မေတာ္တဆတစ္ခုျဖစ္သြားတာကိုၾကားရင္ သူတို႔ေပ်ာ္ေနေလာက္တယ္။ ကြၽန္ေတာ္ ျပန္မသြားဘူး။"
ေကာင္ေလးက ေခါင္းယမ္းသည္။ သူ႔မ်က္ႏွာေလးက ကေလးဆန္ေနေသာ္လည္း သူ႔စကားေတြကေတာ့ ကေလးဆန္မေနေပ။
ခ်မ္းသာတဲ့မိသားစုေတြက ကေလးေတြက အၿမဲတမ္းေစာေစာစီးစီးရင့္က်က္ၾကတာပဲ။
...
Advertisement
- In Serial28 Chapters
Of Second Chances and Past Regrets
They say that you should live your life to the fullest. To enjoy things while they last, for one only has one chance at living. Once that life has ended, everything will be over. You will be buried along with your memories, untold secrets and countless regrets. What will be left of you will only be determined by your actions during that single chance. From the leaders of mankind who are able to change the fates of billions on a whim to the lowliest beggars, no one is exempted from this unbreakable law. But what if that were not true? What if second chances did exist? What if one had the chance to redo everything in a new life? Would you act the same? Be the same person? Would you be able to let go of the past and start living your new life to the fullest? Or would you revel in the lingering memories of the past, burning them into the deepest parts of your soul in order to never forget the things that have and could have been? Nobody knows the answer to those questions, for they are as impossible to answer as feeling what death is like. This is the story of one such second chance. Follow a mysterious old man on his second journey through the countless twists and turns of life.
8 117 - In Serial7 Chapters
Anilink
In this world, a lifetime connection between humans and animals can be forged, a magical link that grants different powers and skills.That's Anilink.This is the story of Samuel, an Anilink aficionado with some HUGE problems of finding an animal to link.Then, from an unexpected event, a life-changing friendship is born.This is a tale of friendship, courage and strength.This is Anilink. :)
8 177 - In Serial6 Chapters
It Always Rains During Gym Class
Tired of his unchanging life in the remote town he grew up in, Finn decides to move to the city. However, the life waiting for him may not be the same one he'd always dreamed of. Cover art by: StickyPotato
8 157 - In Serial32 Chapters
Secret of the world
In the year 2099, magic is made a reality and mastered by all. Kurgas academy is one such places of learning, however, it possesses an oddity. Dynames, a boy incapable of using magic. Left with now real options but physical training, his masters his fighting skills. Scornful eyes soon find him and he is pushed to his limit fighting off his everyday foes. But an even great threat lies ahead. One that will bring up a past Dynames can't remember and a life better left forgotten back to life. Dynames is forced to embrace what he is becoming and learn how to harness his new found abilities.
8 125 - In Serial12 Chapters
Computer Engineering and Technology 1
this is about a variety of things, networking problems, computer problems, etceteras. (good for troubleshooting)! Still needs work!!! Networking, Software, Hardware, and Wireless issues etceteras. done but can be added to.
8 118 - In Serial15 Chapters
Pluto x Reader
Thank you for picking this story. I hope you enjoy it as much as I enjoyed creating it ❤️ Love you xx ~Kathy
8 126

