《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 114
Advertisement
Unicode
သေတာထက်ဆိုးတဲ့ဘဝ
______________
နတ်ဆေးသမားတော်က အေးစက်စွာဆိုသည်။
"မင်းလို အသုံးမကျတဲ့လူက ဘာဆေးများဖော်စပ်နိုင်မှာမို့လဲ?"
သမားတော်တွေလိုလူတွေက တကယ်မုန်းဖို့ကောင်းလွန်းတယ်။ သူတို့ အရည်အချင်းရှိတာလေးကြောင့်နဲ့များ။ အဲ့အရည်အချင်းက သူတို့ကို ဒီလောက်ရက်ရက်စက်စက်ပြောခွင့်ပေးထားလို့လား? နဉ်ရှုက ရွှီယွီ့ကိုဆွဲကာဆိုသည်။
"တပည့်က အသုံးမကျပေမယ့် ဆရာတူမောင်လေးကတော့ လုပ်နိုင်ပါတယ်။ နောက်ပိုင်းကျရင် သူ့ကိုပဲ အကုန်လုပ်ခိုင်းလိုက်ပါ။"
ရွှီယွီက မျက်မှောင်ကုတ်သည်။ သူ ဘာလို့ လှည့်စားခံလိုက်ရသလိုခံစားနေရပါလိမ့်?
"လောလောဆယ်တော့ ငါ ဘာဆေးမှဖော်စပ်ဦးမှာမဟုတ်ဘူး။"
ထို့နောက် နတ်ဆေးသမားတော်က သူမကို အေးစက်စက်ကြည့်သည်။
"မင်း ဆေးပင်တွေကို မြေဩဇာကျွေးပြီးပြီလား? ဒီမှာ ပေါက်ကရတွေပြောပြီး အချိန်ဖြုန်းနေသေးတာလား?"
နဉ်ရှု : ...
နတ်ဆေးသမားတော်က ပိုပြီးပွင့်လင်းလာတယ်လို့ နဉ်ရှုခံစားလိုက်ရသည်။ ဒီကိစ္စအတွက် အမြင်သာဆုံးလက္ခဏာကတော့ သူ့ရဲ့နဉ်ရှုဆီထိုးနှက်ချက်တွေက ပိုပိုပြီးအဆိပ်ပြင်းလာတာပင်။ သူမမှာလည်း အားနည်းပြီးအထိအခိုက်မခံတဲ့နှလုံးလေးရှိပါတယ်နော်။ သူမလည်း ဒီလိုမျိုးတစ်ချိန်လုံးအလှောင်ခံနေရတာကို နာကျင်ပါတယ်၊ ဟုတ်ပြီလား?
သူမက မပျော်မရွှင်ဖြင့်နှုတ်ခမ်းတို့ကိုတွန့်ကွေးလိုက်သော်လည်း သေချာအောင်ထပ်မံတိုက်တွန်းလိုက်ပါသေး၏။
"ဘာပဲဖြစ်ဖြစ်၊ ဘာဆေးမှမဖော်နဲ့!"
နေ့ရက်များက ဤပုံစံအတိုင်း ဖြည်းညင်းစွာကုန်ဆုံးလာခဲ့သည်။ နတ်ဆေးသမားတော်က ဘာဆေးမှဖော်စပ်ဖို့မကြိုးစားတာမို့ နဉ်ရှုတစ်ယောက် စိတ်သက်သာရာရနေမိသည်။
သို့သော်လည်း သူမ ခဏသာစိတ်သက်ရာရလိုက်သည်။ ဤနေ့တွင်တော့ လူတွေ ဝါးအိမ်လေးဆီဦးတည်လာနေတဲ့အသံတွေကို သူမ ပေါင်းနှုတ်ရင်းကြားလိုက်ရသည်။ အသံတွေအရတော့ လူအတော်များသည်။
"ဒီနေရာက နတ်ဆေးသမားတော်နေတဲ့နေရာလား?"
အသံတစ်သံထွက်ပေါ်လာသည်။
ထိုအသံကိုကြားလိုက်ရချိန်၌ နဉ်ရှုတစ်ယောက် အံ့အားသင့်ကာ တစ်စက္ကန့်မျှ အေးခဲသွားမိ၏။ ထို့နောက်တွင်တော့ သူမက မီးဖိုခန်းထဲပြေးဝင်ကာ သူမရဲ့မျက်နှာနဲ့လည်ပင်းထက်မှာ အိုးမဲတွေကပျာကယာသုတ်လိမ်းတော့သည်။
"ဘာလုပ်နေတာလဲ ဆရာတူအစ်မ?"
နဉ်ရှု ဤကဲ့သို့ပြုမူနေတာကိုမြင်ချိန်၌ ရွှီယွီကမေးလာသည်။
"အခု ဘာဖြစ်ပြန်ပြီလဲ? ဆရာက အစ်မကို ထပ်ဆူတော့မှာ သိတယ်နော်။"
"ဆရာတူမောင်လေး၊ လူစိမ်းတွေရောက်လာလို့ သွားနှုတ်ဆက်ချေ။ နင့်ဆရာတူအစ်မက မိန်းကလေးဆိုတော့ ယောက်ျားတွေကို ကြိုဆိုဖို့မသင့်တော်ဘူး။"
နဉ်ရှုက မီးဖိုခန်းထဲပုန်းနေရင်းဆိုသည်။
ချီးလား!? ငါ့ချီး! လော်ကျွင့်ယွမ်က ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ? ဘုရင်ခံမင်းသားက ဒီလိုဝေးလံတဲ့နေရာကို ဘာကိစ္စလာတာလဲ?
ဒါယုတ္တိမရှိဘူးလို့!
သူမ ဒီမှာရှိနေတာကို သူ သိသွားတာတော့ မဟုတ်လောက်ပါဘူးနော်၊ ဟုတ်တယ်မလား?
"သူတို့ ဆရာ့ကို ဘာအကြောင်းပြောနေတာလဲ သွားကြည့်။"
နဉ်ရှုက ရွှီယွီ့ကို ရေနွေးအိုးလှမ်းပေးသည်။
"ဧည့်သည်တွေအတွက် လက်ဖက်ရည်ငှဲ့ပေးချေ။"
ရွှီယွီက ဧည့်ခန်းဆီ ရေနွေးအိုးနှင့်ထွက်သွားသည်မို့ နဉ်ရှုမှာ မီးဖိုခန်းထဲ လမ်းပတ်လျှောက်နေမိသည်။ လော်ကျွင့်ယွမ်က သူမကိုရှာဖို့ ဒီရောက်လာတာမဟုတ်ဖို့ မျှော်လင့်တယ်။ အခု လျှို့ဝှက်သက်တော်စောင့်က သူမနဲ့မရှိဘူး၊ သူမသာ အဖမ်းခံလိုက်ရရင် 'သေခြင်းတရား'ဆိုတာကြီးက နံရံပေါ်ရေးထားပြီးသားဖြစ်တော့မှာ။ တစ်ခုတည်းသောဖြစ်နိုင်ချေရှိတဲ့အရာက 'သေတာထက်ပိုဆိုးတဲ့ဘဝ'ပဲ။ အဆုံးကျတော့လည်း ဒီလူတွေအားလုံးက နှိပ်စက်တဲ့နေရာမှာ သောက်ရမ်းအရည်အချင်းရှိကြတာလေ။
"ဘယ်လိုလဲ? သူတို့ ဘာပြောနေကြတာလဲ?"
ရွှီယွီဝင်လာသည်နှင့် နဉ်ရှုက အဖြေရဖို့အတွက် သူ့ကိုဖိကိုင်ထားတော့သည်။
"သူတို့ ဘာပြောနေကြတာလဲ?"
ရွှီယွီ့လေသံက အနည်းငယ်ရှုပ်ထွေးနေသည်။
"ဒီလူတွေက ဆရာ့ကို မင်းကြီးကိုသွားကုပေးစေချင်နေကြတယ်။"
"ဟူး..."
နဉ်ရှုမှာ ချွေးအေးများကိုသုတ်လိုက်ရင်း စိတ်သက်သာရာရကာ လေပူမှုတ်ထုတ်လိုက်မိသည်။ ထို့နောက် သူမကမေးသည်။
"ဆရာက ဘာပြောလဲ?"
"ဆရာက ချက်ချင်းသဘောမတူလိုက်ဘူး။ သူ မနက်ဖြန်ထပ်လာခဲ့မယ်လို့ အဲ့လူကပြောတယ်။"
ရွှီယွီကပြန်ဖြေသည်။
နဉ်ရှုသည် လော်ကျွင့်ယွမ်တို့အဖွဲ့ထွက်သွားပြီးမှသာလျှင် ခိုးကြောင်ခိုးဝှက်နှင့်အပြင်ထွက်လာလေ၏။ သူမက အခန်းထဲတန်းတန်းမတ်မတ်ပင်သွားကာ နတ်ဆေးသမားတော်ကိုမေးလိုက်သည်။
"ဆရာ၊ ဆရာ မြို့တော်ကိုသွားမလို့လား?"
နဉ်ရှုမျက်နှာပေါ်က အိုးမဲတွေကိုမြင်ချိန်၌ နတ်ဆေးသမားတော်က မျက်မှောင်ကုတ်ကာမေးသည်။
"မင်းမျက်နှာက ဘာဖြစ်တာလဲ?"
"လောလောဆယ် ဒါကို မစိုးရိမ်ပါနဲ့ဦး။ ဆရာ မင်းကြီးကိုကုဖို့ မြို့တော်ကိုသွားမှာလား?"
နဉ်ရှုက ထပ်မေးသည်။
"လောကမှာ မင်းကြီးမရှိလို့ ဖြစ်လို့လား? ငါ ဒီတိုင်းပြည်မြေပေါ်မှာနေနေသရွေ့ ငြင်းခွင့်မရှိဘူး။ ငါ သူတို့ကို ဒီတစ်ကြိမ်ငြင်းလိုက်တယ်ဆိုပေမယ့် နောက်တစ်ကြိမ်ကျ သဘောတူရမှာပဲ။"
နတ်ဆေးသမားတော်က နူးညံ့စွာဖြေသည်။
သို့သော်လည်း နဉ်ရှုက ဒီလုပ်ရပ်ကို သဘောမတူပါချေ။
"ဒါပေမယ့် ဆရာ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိပါ့မလား? ဒီနေရာက မြို့တော်နဲ့ တော်တော်လေးဝေးတယ်။"
"မင်း အဲ့လူတွေဆီကနေ ပုန်းနေတာလား?"
နတ်ဆေးသမားတော်က ရုတ်တရက် လုံးဝမသက်ဆိုင်သည့်မေးခွန်းမေးချလိုက်သည်မို့ နဉ်ရှုမှာ သတိလက်လွတ်ဖြစ်သွားရသည်။
"မင်း အဲ့လူတွေကိုကြောက်နေတာလား?"
နတ်ဆေးသမားတော်က ထပ်မေးသည်။
ဒီလူက အသေးဆုံးအချက်လေးတွေကိုတောင် သတိထားမိတဲ့နေရာမှာ တကယ်တော်တာပဲ။ နဉ်ရှုက ပြန်မဖြေသည်မို့ နတ်ဆေးသမားတော်ကလည်း သူမကို တွန်းအားမပေးပါချေ။ ရွှီယွီက မြို့တော်ကိုသွားချင်သည်မို့ ပြောလိုက်၏။
"ဆရာ၊ ကျွန်တော့်ကိုခေါ်သွားပါ! ကျွန်တော် အရင်က နန်းတော်ကို တစ်ခါမှမရောက်ဖူးဘူး။"
"ဒီမှာ မင့်ဆရာတူအစ်မနဲ့ လိမ်လိမ်မာမာနေခဲ့။ မင်းအိမ်စာတွေကို လျစ်လျုရှုမထားနဲ့။"
နတ်ဆေးသမားတော်ကပြောသည်။ ထို့နောက် သူက နဉ်ရှုကိုပြောလာ၏။
"အိမ်ကို ကောင်းကောင်းစောင့်ရှောက်။"
"ဆရာ မသွားလို့မရဘူးလား?"
ဒီကိစ္စက ဘယ်လိုလုပ်ဖြစ်လာတာလဲ? ဒါက ဇာတ်ကြောင်းက မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားပြီလို့ ခံစားရစေတယ်။
နတ်ဆေးသမားတော်က နူးညံ့စွာဆိုသည်။
"ငါ့ကို အထုပ်ကူပြင်ပေး။ မင်း အဲ့လူတွေကိုကြောက်တယ်ဆိုမှတော့ ငါ့ကိုလိုက်ပို့ဖို့ အပြင်ထွက်မလာနဲ့တော့၊ ပြီးတော့ သူတို့ မင်းကိုတွေ့သွားခွင့်လည်းမပြုနဲ့။"
Advertisement
နဉ်ရှု သက်ပြင်းထပ်ချမိရသည်။
"ကောင်းပါပြီ ဆရာ။ တပည့် ဆရာ့အတွက် စပြီးပြင်ဆင်ပေးပါ့မယ်။"
"ဆရာ၊ အခု ဒီမှာ တပည့်နဲ့ရွှီယွီပဲကျန်ခဲ့မှာ၊ မိန်းမတစ်ယောက်နဲ့ ကလေးတစ်ယောက်လေ။ ဒါက တကယ်ကိုအန္တရာယ်များလွန်းတယ်။ ဆရာ ဘာလို့ တပည့်တို့ကို ဘယ်လိုအဆိပ်ဖော်ရမလဲဆိုတာ မသင်ပေးတာလဲ?"
နောက်ဆုံးတော့ နဉ်ရှုမှာ သူမရဲ့ရည်ရွယ်ချက်ကို လက်လှမ်းမိလိုက်နိုင်ချေပြီ။
နတ်ဆေးသမားတော်က သူမကိုကြည့်ကာခေါင်းငြိမ့်၏။
"ကောင်းပြီ။"
နဉ်ရှုမှာ စိတ်လှုပ်ရှားမှုကြောင့် ထခုန်မိတော့မလို့ပင်။
...
ကယ်ကယ် တူ နဉ်ရှု : အသုံးမကျဘူး!
နတ်ဆေးသမားတော် တူ နဉ်ရှု : အသုံးမကျဘူး!
နဉ်ရှု : ဆေးဆရာတွေကို မုန်းလိုက်တာ! (ノ`Д´)ノ彡┻━┻
...
Zawgyi
ေသတာထက္ဆိုးတဲ့ဘဝ
______________
နတ္ေဆးသမားေတာ္က ေအးစက္စြာဆိုသည္။
"မင္းလို အသံုးမက်တဲ့လူက ဘာေဆးမ်ားေဖာ္စပ္ႏိုင္မွာမို႔လဲ?"
သမားေတာ္ေတြလိုလူေတြက တကယ္မုန္းဖို႔ေကာင္းလြန္းတယ္။ သူတို႔ အရည္အခ်င္းရိွတာေလးေၾကာင့္နဲ႔မ်ား။ အဲ့အရည္အခ်င္းက သူတို႔ကို ဒီေလာက္ရက္ရက္စက္စက္ေျပာခြင့္ေပးထားလို႔လား? နဉ္ရႈက ရႊီယြီ႔ကိုဆြဲကာဆိုသည္။
"တပၫ့္က အသံုးမက်ေပမယ့္ ဆရာတူေမာင္ေလးကေတာ့ လုပ္ႏိုင္ပါတယ္။ ေနာက္ပိုင္းက်ရင္ သူ႔ကိုပဲ အကုန္လုပ္ခိုင္းလိုက္ပါ။"
ရႊီယြီက မ်က္ေမွာင္ကုတ္သည္။ သူ ဘာလို႔ လွၫ့္စားခံလိုက္ရသလိုခံစားေနရပါလိမ့္?
"ေလာေလာဆယ္ေတာ့ ငါ ဘာေဆးမွေဖာ္စပ္ဦးမွာမဟုတ္ဘူး။"
ထို႔ေနာက္ နတ္ေဆးသမားေတာ္က သူမကို ေအးစက္စက္ၾကၫ့္သည္။
"မင္း ေဆးပင္ေတြကို ေျမဩဇာေကြၽးၿပီးၿပီလား? ဒီမွာ ေပါက္ကရေတြေျပာၿပီး အခ်ိန္ျဖဳန္းေနေသးတာလား?"
နဉ္ရႈ : ...
နတ္ေဆးသမားေတာ္က ပိုၿပီးပြင့္လင္းလာတယ္လို႔ နဉ္ရႈခံစားလိုက္ရသည္။ ဒီကိစၥအတြက္ အျမင္သာဆံုးလကၡဏာကေတာ့ သူ႔ရဲ့နဉ္ရႈဆီထိုးႏွက္ခ်က္ေတြက ပိုပိုၿပီးအဆိပ္ျပင္းလာတာပင္။ သူမမွာလည္း အားနည္းၿပီးအထိအခိုက္မခံတဲ့ႏွလံုးေလးရိွပါတယ္ေနာ္။ သူမလည္း ဒီလိုမ်ိဳးတစ္ခ်ိန္လံုးအေလွာင္ခံေနရတာကို နာက်င္ပါတယ္၊ ဟုတ္ၿပီလား?
သူမက မေပ်ာ္မရႊင္ျဖင့္ႏႈတ္ခမ္းတို႔ကိုတြန႔္ေကြးလိုက္ေသာ္လည္း ေသခ်ာေအာင္ထပ္မံတိုက္တြန္းလိုက္ပါေသး၏။
"ဘာပဲျဖစ္ျဖစ္၊ ဘာေဆးမွမေဖာ္နဲ႔!"
ေန့ရက္မ်ားက ဤပံုစံအတိုင္း ျဖည္းညင္းစြာကုန္ဆံုးလာခဲ့သည္။ နတ္ေဆးသမားေတာ္က ဘာေဆးမွေဖာ္စပ္ဖို႔မႀကိဳးစားတာမို႔ နဉ္ရႈတစ္ေယာက္ စိတ္သက္သာရာရေနမိသည္။
သို႔ေသာ္လည္း သူမ ခဏသာစိတ္သက္ရာရလိုက္သည္။ ဤေန့တြင္ေတာ့ လူေတြ ဝါးအိမ္ေလးဆီဦးတည္လာေနတဲ့အသံေတြကို သူမ ေပါင္းႏႈတ္ရင္းၾကားလိုက္ရသည္။ အသံေတြအရေတာ့ လူအေတာ္မ်ားသည္။
"ဒီေနရာက နတ္ေဆးသမားေတာ္ေနတဲ့ေနရာလား?"
အသံတစ္သံထြက္ေပၚလာသည္။
ထိုအသံကိုၾကားလိုက္ရခ်ိန္၌ နဉ္ရႈတစ္ေယာက္ အံ့အားသင့္ကာ တစ္စကၠန႔္မ်ွ ေအးခဲသြားမိ၏။ ထို႔ေနာက္တြင္ေတာ့ သူမက မီးဖိုခန္းထဲေျပးဝင္ကာ သူမရဲ့မ်က္ႏွာနဲ႔လည္ပင္းထက္မွာ အိုးမဲေတြကပ်ာကယာသုတ္လိမ္းေတာ့သည္။
"ဘာလုပ္ေနတာလဲ ဆရာတူအစ္မ?"
နဉ္ရႈ ဤကဲ့သို႔ျပဳမူေနတာကိုျမင္ခ်ိန္၌ ရႊီယြီကေမးလာသည္။
"အခု ဘာျဖစ္ျပန္ၿပီလဲ? ဆရာက အစ္မကို ထပ္ဆူေတာ့မွာ သိတယ္ေနာ္။"
"ဆရာတူေမာင္ေလး၊ လူစိမ္းေတြေရာက္လာလို႔ သြားႏႈတ္ဆက္ေခ်။ နင့္ဆရာတူအစ္မက မိန္းကေလးဆိုေတာ့ ေယာက္်ားေတြကို ႀကိဳဆိုဖို႔မသင့္ေတာ္ဘူး။"
နဉ္ရႈက မီးဖိုခန္းထဲပုန္းေနရင္းဆိုသည္။
ခ်ီးလား!? ငါ့ခ်ီး! ေလာ္ကြၽင့္ယြမ္က ဒီကို ဘယ္လိုလုပ္ေရာက္လာတာလဲ? ဘုရင္ခံမင္းသားက ဒီလိုေဝးလံတဲ့ေနရာကို ဘာကိစၥလာတာလဲ?
ဒါယုတၲိမရိွဘူးလို႔!
သူမ ဒီမွာရိွေနတာကို သူ သိသြားတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္၊ ဟုတ္တယ္မလား?
"သူတို႔ ဆရာ့ကို ဘာအေၾကာင္းေျပာေနတာလဲ သြားၾကၫ့္။"
နဉ္ရႈက ရႊီယြီ႔ကို ေရႏြေးအိုးလွမ္းေပးသည္။
"ဧၫ့္သည္ေတြအတြက္ လက္ဖက္ရည္ငွဲ႔ေပးေခ်။"
ရႊီယြီက ဧၫ့္ခန္းဆီ ေရႏြေးအိုးႏွင့္ထြက္သြားသည္မို႔ နဉ္ရႈမွာ မီးဖိုခန္းထဲ လမ္းပတ္ေလ်ွာက္ေနမိသည္။ ေလာ္ကြၽင့္ယြမ္က သူမကိုရွာဖို႔ ဒီေရာက္လာတာမဟုတ္ဖို႔ ေမ်ွာ္လင့္တယ္။ အခု လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္က သူမနဲ႔မရိွဘူး၊ သူမသာ အဖမ္းခံလိုက္ရရင္ 'ေသျခင္းတရား'ဆိုတာႀကီးက နံရံေပၚေရးထားၿပီးသားျဖစ္ေတာ့မွာ။ တစ္ခုတည္းေသာျဖစ္ႏိုင္ေခ်ရိွတဲ့အရာက 'ေသတာထက္ပိုဆိုးတဲ့ဘဝ'ပဲ။ အဆံုးက်ေတာ့လည္း ဒီလူေတြအားလံုးက ႏိွပ္စက္တဲ့ေနရာမွာ ေသာက္ရမ္းအရည္အခ်င္းရိွၾကတာေလ။
"ဘယ္လိုလဲ? သူတို႔ ဘာေျပာေနၾကတာလဲ?"
ရႊီယြီဝင္လာသည္ႏွင့္ နဉ္ရႈက အေျဖရဖို႔အတြက္ သူ႔ကိုဖိကိုင္ထားေတာ့သည္။
"သူတို႔ ဘာေျပာေနၾကတာလဲ?"
ရႊီယြီ႔ေလသံက အနည္းငယ္ရႈပ္ေထြးေနသည္။
"ဒီလူေတြက ဆရာ့ကို မင္းႀကီးကိုသြားကုေပးေစခ်င္ေနၾကတယ္။"
"ဟူး..."
နဉ္ရႈမွာ ေခြၽးေအးမ်ားကိုသုတ္လိုက္ရင္း စိတ္သက္သာရာရကာ ေလပူမႈတ္ထုတ္လိုက္မိသည္။ ထို႔ေနာက္ သူမကေမးသည္။
"ဆရာက ဘာေျပာလဲ?"
"ဆရာက ခ်က္ခ်င္းသေဘာမတူလိုက္ဘူး။ သူ မနက္ျဖန္ထပ္လာခဲ့မယ္လို႔ အဲ့လူကေျပာတယ္။"
ရႊီယြီကျပန္ေျဖသည္။
နဉ္ရႈသည္ ေလာ္ကြၽင့္ယြမ္တို႔အဖြဲ႔ထြက္သြားၿပီးမွသာလ်ွင္ ခိုးေၾကာင္ခိုးဝွက္ႏွင့္အျပင္ထြက္လာေလ၏။ သူမက အခန္းထဲတန္းတန္းမတ္မတ္ပင္သြားကာ နတ္ေဆးသမားေတာ္ကိုေမးလိုက္သည္။
"ဆရာ၊ ဆရာ ၿမိဳ႔ေတာ္ကိုသြားမလို႔လား?"
နဉ္ရႈမ်က္ႏွာေပၚက အိုးမဲေတြကိုျမင္ခ်ိန္၌ နတ္ေဆးသမားေတာ္က မ်က္ေမွာင္ကုတ္ကာေမးသည္။
"မင္းမ်က္ႏွာက ဘာျဖစ္တာလဲ?"
"ေလာေလာဆယ္ ဒါကို မစိုးရိမ္ပါနဲ႔ဦး။ ဆရာ မင္းႀကီးကိုကုဖို႔ ၿမိဳ႔ေတာ္ကိုသြားမွာလား?"
နဉ္ရႈက ထပ္ေမးသည္။
"ေလာကမွာ မင္းႀကီးမရိွလို႔ ျဖစ္လို႔လား? ငါ ဒီတိုင္းျပည္ေျမေပၚမွာေနေနသေရြ့ ျငင္းခြင့္မရိွဘူး။ ငါ သူတို႔ကို ဒီတစ္ႀကိမ္ျငင္းလိုက္တယ္ဆိုေပမယ့္ ေနာက္တစ္ႀကိမ္က် သေဘာတူရမွာပဲ။"
နတ္ေဆးသမားေတာ္က ႏူးညံ့စြာေျဖသည္။
သို႔ေသာ္လည္း နဉ္ရႈက ဒီလုပ္ရပ္ကို သေဘာမတူပါေခ်။
"ဒါေပမယ့္ ဆရာ့ခႏၶာကိုယ္က ခံႏိုင္ရည္ရိွပါ့မလား? ဒီေနရာက ၿမိဳ႔ေတာ္နဲ႔ ေတာ္ေတာ္ေလးေဝးတယ္။"
"မင္း အဲ့လူေတြဆီကေန ပုန္းေနတာလား?"
နတ္ေဆးသမားေတာ္က ရုတ္တရက္ လံုးဝမသက္ဆိုင္သၫ့္ေမးခြန္းေမးခ်လိုက္သည္မို႔ နဉ္ရႈမွာ သတိလက္လြတ္ျဖစ္သြားရသည္။
"မင္း အဲ့လူေတြကိုေၾကာက္ေနတာလား?"
နတ္ေဆးသမားေတာ္က ထပ္ေမးသည္။
ဒီလူက အေသးဆံုးအခ်က္ေလးေတြကိုေတာင္ သတိထားမိတဲ့ေနရာမွာ တကယ္ေတာ္တာပဲ။ နဉ္ရႈက ျပန္မေျဖသည္မို႔ နတ္ေဆးသမားေတာ္ကလည္း သူမကို တြန္းအားမေပးပါေခ်။ ရႊီယြီက ၿမိဳ႔ေတာ္ကိုသြားခ်င္သည္မို႔ ေျပာလိုက္၏။
"ဆရာ၊ ကြၽန္ေတာ့္ကိုေခၚသြားပါ! ကြၽန္ေတာ္ အရင္က နန္းေတာ္ကို တစ္ခါမွမေရာက္ဖူးဘူး။"
"ဒီမွာ မင့္ဆရာတူအစ္မနဲ႔ လိမ္လိမ္မာမာေနခဲ့။ မင္းအိမ္စာေတြကို လ်စ္လ်ဳရႈမထားနဲ႔။"
နတ္ေဆးသမားေတာ္ကေျပာသည္။ ထို႔ေနာက္ သူက နဉ္ရႈကိုေျပာလာ၏။
"အိမ္ကို ေကာင္းေကာင္းေစာင့္ေရွာက္။"
"ဆရာ မသြားလို႔မရဘူးလား?"
ဒီကိစၥက ဘယ္လိုလုပ္ျဖစ္လာတာလဲ? ဒါက ဇာတ္ေၾကာင္းက မမွတ္မိႏိုင္ေလာက္ေအာင္ ေျပာင္းလဲသြားၿပီလို႔ ခံစားရေစတယ္။
နတ္ေဆးသမားေတာ္က ႏူးညံ့စြာဆိုသည္။
"ငါ့ကို အထုပ္ကူျပင္ေပး။ မင္း အဲ့လူေတြကိုေၾကာက္တယ္ဆိုမွေတာ့ ငါ့ကိုလိုက္ပို႔ဖို႔ အျပင္ထြက္မလာနဲ႔ေတာ့၊ ၿပီးေတာ့ သူတို႔ မင္းကိုေတြ့သြားခြင့္လည္းမျပဳနဲ႔။"
နဉ္ရႈ သက္ျပင္းထပ္ခ်မိရသည္။
"ေကာင္းပါၿပီ ဆရာ။ တပၫ့္ ဆရာ့အတြက္ စၿပီးျပင္ဆင္ေပးပါ့မယ္။"
"ဆရာ၊ အခု ဒီမွာ တပၫ့္နဲ႔ရႊီယြီပဲက်န္ခဲ့မွာ၊ မိန္းမတစ္ေယာက္နဲ႔ ကေလးတစ္ေယာက္ေလ။ ဒါက တကယ္ကိုအႏၲရာယ္မ်ားလြန္းတယ္။ ဆရာ ဘာလို႔ တပၫ့္တို႔ကို ဘယ္လိုအဆိပ္ေဖာ္ရမလဲဆိုတာ မသင္ေပးတာလဲ?"
ေနာက္ဆံုးေတာ့ နဉ္ရႈမွာ သူမရဲ့ရည္ရြယ္ခ်က္ကို လက္လွမ္းမိလိုက္ႏိုင္ေခ်ၿပီ။
နတ္ေဆးသမားေတာ္က သူမကိုၾကၫ့္ကာေခါင္းၿငိမ့္၏။
"ေကာင္းၿပီ။"
နဉ္ရႈမွာ စိတ္လႈပ္ရွားမႈေၾကာင့္ ထခုန္မိေတာ့မလို႔ပင္။
...
ကယ္ကယ္ တူ နဉ္ရႈ : အသံုးမက်ဘူး!
နတ္ေဆးသမားေတာ္ တူ နဉ္ရႈ : အသံုးမက်ဘူး!
နဉ္ရႈ : ေဆးဆရာေတြကို မုန္းလိုက္တာ! (ノ`Д´)ノ彡┻━┻
...
Advertisement
- In Serial66 Chapters
The Ascension Age
The Big Bang!It’s the phenomenon known for being responsible for the Universe’s birth. Except for those who were religious fanatics, most people had already come to at least partially accept this theory.As years passed, more proof that the Big Bang was the phenomenon that gave birth to the Universe continued to appear. At some point, religions ceased to exist as the claims of science simply couldn’t be refuted anymore. Humanity had finally accepted as a whole that in this Universe, such a thing as gods didn’t exist… or did they?However, humanity would soon find out that the Big Bang was just part one. That infinitesimally small point where the Big Bang originated… was still there! The Second Big Bang, which had a purpose unlike the first one, was about to begin.
8 668 - In Serial13 Chapters
Dungeon Misfits
(Warning: The story is still currently in a poor quality state, read on at your own risk.) After the devastating great war, many people were left with poverty, hardship and starvation. Due to this, miscreants and mendicants were a common occurrence here. Thus at such hard times, many different kinds of desperate people would try to delve and discover various dangerous dungeons. And it was at such times, where different people and monsters converge, that various interesting stories and situations could happen. It could be about an aspiring necromancer seeking to find a place in the dungeon in order to seclude himself to his studies and research on necromancy. It could be a story of a struggling group of bandits, deserters and highwaymen using a dungeon cave as a hideout. Even about a bunch of struggling newbies adventurers stumbling in a dungeon. Or perhaps about a certain diabolist, a witch, and a rogue who are ostracised by others due to their professions, being forced to work together as a team in a dungeon. All the while, encountering even more eccentric people on the way. Different people, different situations, but whatever happens inside the dungeon remains to be seen.
8 83 - In Serial13 Chapters
Am I The Only One Who Is Not Forced to Migrate Across Worlds....?
A random isekai adventure might not be random. Underlying conspiracies, not-so-kind world and most importantly two-faced characters. Only time can reveal the flaws of the so-called Migrators! *** I am rewriting the novel. All this time, I have honing my skills as a writer. As my first novel, this novel served as a self-reflection of how much I improved later on. This doesn't have the most unique of plots but as a first novel, I still have some aspirations and memories.
8 118 - In Serial18 Chapters
Not Alone
Eshaal was a teenager when she found her parents dead in their own room. She was determined to solve the mystery of her parents death with her inherited spiritual device ''Minni''. Later she met a person named Ash. Ash is undoubtedly an exceptionally talented young man. He wield two daggers. Eshaal and Ash are a complete opposite of each other but they were forced to act like a couple and work together.
8 188 - In Serial20 Chapters
This new Life of mine, isn't it too much of a Change!!!?
Asher's life was difficult, but soon his very life would change. a change that might be a bit to much for him.
8 167 - In Serial14 Chapters
FEWSWEET WORDS
here i'm gonna upload some thoughts .. sweet words .. made by me 😇....peep in..💫💫
8 129

