《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 115
Advertisement
Unicode
ပုံမှန်အတိုင်းမဟုတ်တဲ့ကိစ္စတွေမှာ မြန်မြန်တတ်ကျွမ်း
_________________
နတ်ဆေးသမားတော်က နဉ်ရှုနဲ့ရွှီယွီတို့ကို အဆိပ်ဘယ်လိုဖော်စပ်ရမယ်ဆိုတာ စတင်သင်ကြားပေးသည်။
"အဆိပ်ဆိုတာက အဆိပ်အာနိသင်ရှိတဲ့ ဆေးပင်တွေ၊ ဒါမှမဟုတ် ဆေးရည်တွေကိုပေါင်းစပ်ပြီး ဖြစ်လာတဲ့ရလဒ်ပဲ။ ဒါက များများသုံးရင် သေနိုင်တဲ့ဆေးပင်တွေအများကြီးသုံးမိတာကြောင့်လည်းဖြစ်နိုင်တယ်။"
ထို့နောက် သူက နဉ်ရှုကို အဆိပ်ဖော်စပ်နည်းပေါင်းစုံရေးသားထားသည့်စာအုပ်တစ်အုပ်ပေးသည်။ နဉ်ရှုမှာ မကြာမီအချိန်အတွင်း၌ပင် အဆိပ်ဖော်စပ်နည်းအတော်များများကို ကျွမ်းကျင်သွား၏။
နတ်ဆေးသမားတော်က အေးစက်စွာမှတ်ချက်ချ၏။
"မင်းက တကယ်ကိုပဲ ပုံမှန်အတိုင်းမဟုတ်တဲ့ကိစ္စတွေကို မြန်မြန်တတ်ကျွမ်းတာပဲ။"
နဉ်ရှုက ယဉ်ကျေးသည့်ရယ်သံတစ်ချက်သာပေး၏။
"မင်းရဲ့အားလပ်ချိန်တွေမှာလေ့လာဖို့ ဒီစာအုပ်ကို ဆက်သိမ်းထားလို့ရတယ်။ ငါ အချိန်အတော်ကြာပြန်လာဖြစ်မှာမဟုတ်လို့ ရွှီယွီ့ကိုကောင်းကောင်းဂရုစိုက်။"
နတ်ဆေးသမားတော်က နူးညံ့စွာဆိုသည်။
"တပည့်သိပါတယ်။ စိတ်မပူပါနဲ့ဆရာ။"
နဉ်ရှုက စိတ်အေးအေးထားဖို့ပြန်ဖြေသည်။
နတ်ဆေးသမားတော်က နဉ်ရှုကိုဆက်ကြည့်နေ၏။ သူ့အကြည့်ကို နဉ်ရှုတွေ့တဲ့အခါ သူမက ခဏမျှအံ့အားသင့်သွားပြီးနောက် မေးလိုက်၏။
"ဆရာ၊ ဆရာ့မှာ ထပ်ပြီးမှာကြားစရာရှိသေးလို့လား?"
"မရှိဘူး။ မနက်ဖြန် ငါ့ကို လိုက်ပို့စရာမလိုဘူး။"
ထိုသို့ပြောပြီးနောက် နတ်ဆေးသမားတော်ကလှည့်ထွက်ကာ သူ့အခန်းထဲဝင်သွားပြီး တံခါးပိတ်လိုက်သည်။
"ဆရာ၊ ခဏလေး။"
နဉ်ရှုက တံခါးကိုတွန်းဖွင့်ကာ သူ့ကို ဆေးပုလင်းလေးတစ်ခုပေးလိုက်သည်။
"ဆရာ၊ ဒါတွေက တပည့် ဆရာ့အတွက်ဖော်စပ်ထားတဲ့ နှလုံးအားဆေးတွေပါ။"
နတ်ဆေးသမားတော်က သူမကိုကြည့်လိုက်ပြီးနောက် ဆေးလုံးတစ်လုံးကို သူ့လက်ဖဝါးထဲသွန်ချလိုက်သည်။ ဆေးလုံးကိုအနံ့ခံကာ အရောင်ကိုလေ့လာပြီးနောက် သူက နူးညံ့စွာဆိုလာ၏။
"ဖော်စပ်ထားတာ ဆိုးလိုက်တာ။ အရောင်နဲ့ အာနိသင်ကလည်းညံ့တယ်။ ဂျင်ဆင်းတော့ အလကားဖြစ်သွားပြီပဲ။"
"ရွှီယွီနဲ့တပည့် အတူတူဖော်စပ်ထားတာ။ လမ်းခရီးမှာ ကိုယ့်ကိုကိုယ်သေချာဂရုစိုက်ပါ ဆရာ။"
ယခုတော့ဖြင့် နဉ်ရှုရဲ့နားတွေက နတ်ဆေးသမားတော်ရဲ့အပြစ်ရှာမှုကြောင့် ကုပ်ကျနေ၏။
"အိုး၊ ရွှီယွီဖော်စပ်ထားတာလား? သူ့အသက်အရွယ်မှာ ဒီအရည်အသွေးရှိတဲ့နှလုံးအားဆေးဖော်နိုင်တာ အတော်လေးအံ့ဩဖို့ကောင်းတာပဲ။"
နတ်ဆေးသမားတော်က ရွှီယွီ့ဘက်လှည့်ကာဆိုသည်။
"နောက်တစ်ခါကျရင် မင်း ဆေးပင်တွေဘယ်လောက်ကြိတ်မိတယ်ဆိုတာကို ပိုအာရုံစိုက်။"
နဉ်ရှု : ...
နောက်တစ်ရက်မှာတော့ နတ်ဆေးသမားတော်က လော်ကျွင့်ယွမ်နှင့်အတူထွက်သွား၏။ ရွှီယွီက နတ်ဆေးသမားတော်ကို တံခါးဝအထိလိုက်ပို့ပေးပြီး နဉ်ရှုကတော့ သူမမျက်နှာကို အိုးမဲတွေသုတ်လိမ်းလျက် မီးဖိုခန်းထဲပုန်းနေလေ၏။
"ဆရာတူအစ်မ၊ ဆရာထွက်သွားပြီ။"
ရွှီယွီက အထဲဝင်လာကာဆိုသည်။
နဉ်ရှုက 'အိုး'ဟုဆိုပြီးနောက် သူမမျက်နှာထက်က အိုးမဲတွေကို ရေဖြင့်ဆေးလိုက်ရင်းဆိုသည်။
"ဒါဆိုလည်း နင် အဲ့မှာဘာလုပ်နေသေးတာတုန်း? သွားလေ့လာ။"
"ဆရာတူအစ်မ၊ ဆရာ အိမ်မှာမရှိဘူး။ ငါးဖမ်းသွားရအောင်လေ။"
ရွှီယွီက နဉ်ရှုကို မျှော်လင့်ချက်တို့ပြည့်နေသည့်မျက်ဝန်းလေးများဖြင့်ကြည့်လာသည်။
"ချောင်းထဲမှာ ငါးအများကြီးရှိတယ်။ နေ့လည်စာ ငါးကင်စားရအောင်လေ!"
ဤကောင်ပေါက်စလေးမှာ နတ်ဆေးသမားတော်ရှေ့တွင်တော့ အင်မတန်လိမ္မာကာ ကြိုးစားသလိုလုပ်နေပေသိ နတ်ဆေးသမားတော်ထွက်သွားသည်နှင့် သူ့ပုံစံအမှန်ကိုထုတ်ပြလာချေ၏။
သို့သော်လည်း နဉ်ရှုကတော့ သူ့မိဘတွေကိုဆုံးရှုံးခဲ့ရပြီးနောက်မှာ သူ့ကိုယ်သူလောကကြီးနဲ့အဆက်ဖြတ်လိုက်တာမျိုးမလုပ်တာကိုက အတော်လေးကောင်းမွန်နေပြီဟုခံစားလိုက်ရသည်မို့ ခေါင်းငြိမ့်ကာသဘောတူလိုက်သည်။
"ကောင်းပြီလေ၊ နေ့လည်စာအတွက် ငါးကင်စားကြတာပေါ့။"
နဉ်ရှုက အဆိပ်ကျမ်းစာအုပ်ကို သူမနဲ့အတူယူလာကာ ရွှီယွီနှင့်အတူ စမ်းချောင်းလေးဆီ ဦးတည်သွား၏။ သူမက ကမ်းစပ်မှာထိုင်ကာ စာဖတ်နေရင်း ရွှီယွီ့ကိုစောင့်ကြည့်နေသည်။
"အိုး၊ မိန်းမလှလေးပါလား? ကိုယ်နဲ့လိုက်ခဲ့လေ။"
ရုတ်တရက် ဆွဲဆောင်မှုရှိလှသည့် အသံတိုးတိုးထွက်ပေါ်လာသည်။
...
Zawgyi
ပံုမွန္အတိုင္းမဟုတ္တဲ့ကိစၥေတြမွာ ျမန္ျမန္တတ္ကြၽမ္း
_________________
နတ္ေဆးသမားေတာ္က နဉ္ရႈနဲ႔ရႊီယြီတို႔ကို အဆိပ္ဘယ္လိုေဖာ္စပ္ရမယ္ဆိုတာ စတင္သင္ၾကားေပးသည္။
"အဆိပ္ဆိုတာက အဆိပ္အာနိသင္ရိွတဲ့ ေဆးပင္ေတြ၊ ဒါမွမဟုတ္ ေဆးရည္ေတြကိုေပါင္းစပ္ၿပီး ျဖစ္လာတဲ့ရလဒ္ပဲ။ ဒါက မ်ားမ်ားသံုးရင္ ေသႏိုင္တဲ့ေဆးပင္ေတြအမ်ားႀကီးသံုးမိတာေၾကာင့္လည္းျဖစ္ႏိုင္တယ္။"
ထို႔ေနာက္ သူက နဉ္ရႈကို အဆိပ္ေဖာ္စပ္နည္းေပါင္းစံုေရးသားထားသၫ့္စာအုပ္တစ္အုပ္ေပးသည္။ နဉ္ရႈမွာ မၾကာမီအခ်ိန္အတြင္း၌ပင္ အဆိပ္ေဖာ္စပ္နည္းအေတာ္မ်ားမ်ားကို ကြၽမ္းက်င္သြား၏။
နတ္ေဆးသမားေတာ္က ေအးစက္စြာမွတ္ခ်က္ခ်၏။
"မင္းက တကယ္ကိုပဲ ပံုမွန္အတိုင္းမဟုတ္တဲ့ကိစၥေတြကို ျမန္ျမန္တတ္ကြၽမ္းတာပဲ။"
နဉ္ရႈက ယဉ္ေက်းသၫ့္ရယ္သံတစ္ခ်က္သာေပး၏။
"မင္းရဲ့အားလပ္ခ်ိန္ေတြမွာေလ့လာဖို႔ ဒီစာအုပ္ကို ဆက္သိမ္းထားလို႔ရတယ္။ ငါ အခ်ိန္အေတာ္ၾကာျပန္လာျဖစ္မွာမဟုတ္လို႔ ရႊီယြီ႔ကိုေကာင္းေကာင္းဂရုစိုက္။"
နတ္ေဆးသမားေတာ္က ႏူးညံ့စြာဆိုသည္။
"တပၫ့္သိပါတယ္။ စိတ္မပူပါနဲ႔ဆရာ။"
နဉ္ရႈက စိတ္ေအးေအးထားဖို႔ျပန္ေျဖသည္။
နတ္ေဆးသမားေတာ္က နဉ္ရႈကိုဆက္ၾကၫ့္ေန၏။ သူ႔အၾကၫ့္ကို နဉ္ရႈေတြ့တဲ့အခါ သူမက ခဏမ်ွအံ့အားသင့္သြားၿပီးေနာက္ ေမးလိုက္၏။
"ဆရာ၊ ဆရာ့မွာ ထပ္ၿပီးမွာၾကားစရာရိွေသးလို႔လား?"
"မရိွဘူး။ မနက္ျဖန္ ငါ့ကို လိုက္ပို႔စရာမလိုဘူး။"
ထိုသို႔ေျပာၿပီးေနာက္ နတ္ေဆးသမားေတာ္ကလွၫ့္ထြက္ကာ သူ႔အခန္းထဲဝင္သြားၿပီး တံခါးပိတ္လိုက္သည္။
"ဆရာ၊ ခဏေလး။"
နဉ္ရႈက တံခါးကိုတြန္းဖြင့္ကာ သူ႔ကို ေဆးပုလင္းေလးတစ္ခုေပးလိုက္သည္။
"ဆရာ၊ ဒါေတြက တပၫ့္ ဆရာ့အတြက္ေဖာ္စပ္ထားတဲ့ ႏွလံုးအားေဆးေတြပါ။"
နတ္ေဆးသမားေတာ္က သူမကိုၾကၫ့္လိုက္ၿပီးေနာက္ ေဆးလံုးတစ္လံုးကို သူ႔လက္ဖဝါးထဲသြန္ခ်လိုက္သည္။ ေဆးလံုးကိုအနံ႔ခံကာ အေရာင္ကိုေလ့လာၿပီးေနာက္ သူက ႏူးညံ့စြာဆိုလာ၏။
"ေဖာ္စပ္ထားတာ ဆိုးလိုက္တာ။ အေရာင္နဲ႔ အာနိသင္ကလည္းညံ့တယ္။ ဂ်င္ဆင္းေတာ့ အလကားျဖစ္သြားၿပီပဲ။"
"ရႊီယြီနဲ႔တပၫ့္ အတူတူေဖာ္စပ္ထားတာ။ လမ္းခရီးမွာ ကိုယ့္ကိုကိုယ္ေသခ်ာဂရုစိုက္ပါ ဆရာ။"
ယခုေတာ့ျဖင့္ နဉ္ရႈရဲ့နားေတြက နတ္ေဆးသမားေတာ္ရဲ့အျပစ္ရွာမႈေၾကာင့္ ကုပ္က်ေန၏။
"အိုး၊ ရႊီယြီေဖာ္စပ္ထားတာလား? သူ႔အသက္အရြယ္မွာ ဒီအရည္အေသြးရိွတဲ့ႏွလံုးအားေဆးေဖာ္ႏိုင္တာ အေတာ္ေလးအံ့ဩဖို႔ေကာင္းတာပဲ။"
နတ္ေဆးသမားေတာ္က ရႊီယြီ႔ဘက္လွၫ့္ကာဆိုသည္။
"ေနာက္တစ္ခါက်ရင္ မင္း ေဆးပင္ေတြဘယ္ေလာက္ႀကိတ္မိတယ္ဆိုတာကို ပိုအာရံုစိုက္။"
နဉ္ရႈ : ...
ေနာက္တစ္ရက္မွာေတာ့ နတ္ေဆးသမားေတာ္က ေလာ္ကြၽင့္ယြမ္ႏွင့္အတူထြက္သြား၏။ ရႊီယြီက နတ္ေဆးသမားေတာ္ကို တံခါးဝအထိလိုက္ပို႔ေပးၿပီး နဉ္ရႈကေတာ့ သူမမ်က္ႏွာကို အိုးမဲေတြသုတ္လိမ္းလ်က္ မီးဖိုခန္းထဲပုန္းေနေလ၏။
"ဆရာတူအစ္မ၊ ဆရာထြက္သြားၿပီ။"
ရႊီယြီက အထဲဝင္လာကာဆိုသည္။
နဉ္ရႈက 'အိုး'ဟုဆိုၿပီးေနာက္ သူမမ်က္ႏွာထက္က အိုးမဲေတြကို ေရျဖင့္ေဆးလိုက္ရင္းဆိုသည္။
"ဒါဆိုလည္း နင္ အဲ့မွာဘာလုပ္ေနေသးတာတုန္း? သြားေလ့လာ။"
"ဆရာတူအစ္မ၊ ဆရာ အိမ္မွာမရိွဘူး။ ငါးဖမ္းသြားရေအာင္ေလ။"
ရႊီယြီက နဉ္ရႈကို ေမ်ွာ္လင့္ခ်က္တို႔ျပၫ့္ေနသၫ့္မ်က္ဝန္းေလးမ်ားျဖင့္ၾကၫ့္လာသည္။
"ေခ်ာင္းထဲမွာ ငါးအမ်ားႀကီးရိွတယ္။ ေန့လည္စာ ငါးကင္စားရေအာင္ေလ!"
ဤေကာင္ေပါက္စေလးမွာ နတ္ေဆးသမားေတာ္ေရ႔ွတြင္ေတာ့ အင္မတန္လိမၼာကာ ႀကိဳးစားသလိုလုပ္ေနေပသိ နတ္ေဆးသမားေတာ္ထြက္သြားသည္ႏွင့္ သူ႔ပံုစံအမွန္ကိုထုတ္ျပလာေခ်၏။
သို႔ေသာ္လည္း နဉ္ရႈကေတာ့ သူ႔မိဘေတြကိုဆံုးရႈံးခဲ့ရၿပီးေနာက္မွာ သူ႔ကိုယ္သူေလာကႀကီးနဲ႔အဆက္ျဖတ္လိုက္တာမ်ိဳးမလုပ္တာကိုက အေတာ္ေလးေကာင္းမြန္ေနၿပီဟုခံစားလိုက္ရသည္မို႔ ေခါင္းၿငိမ့္ကာသေဘာတူလိုက္သည္။
"ေကာင္းၿပီေလ၊ ေန့လည္စာအတြက္ ငါးကင္စားၾကတာေပါ့။"
နဉ္ရႈက အဆိပ္က်မ္းစာအုပ္ကို သူမနဲ႔အတူယူလာကာ ရႊီယြီႏွင့္အတူ စမ္းေခ်ာင္းေလးဆီ ဦးတည္သြား၏။ သူမက ကမ္းစပ္မွာထိုင္ကာ စာဖတ္ေနရင္း ရႊီယြီ႔ကိုေစာင့္ၾကၫ့္ေနသည္။
"အိုး၊ မိန္းမလွေလးပါလား? ကိုယ္နဲ႔လိုက္ခဲ့ေလ။"
ရုတ္တရက္ ဆြဲေဆာင္မႈရိွလွသၫ့္ အသံတိုးတိုးထြက္ေပၚလာသည္။
...
Advertisement
- In Serial39 Chapters
Overwrite
In a future where people still work 9-5 jobs and students wrangle with their unpayable debts, virtual reality has become an everyday activity. Ryu, a typical teenage boy with not-so unique interests, is unnaturally average, and, unfortunately for him, this extends to the virtual world. However, where some would say “work harder,” Ryu says “work less,” and so he cheats. Or at least he tries.
8 198 - In Serial165 Chapters
The Milostiv
This is the journey of a Young Doctor named Gabrio who was assigned to the Grand Fleet of the Reconnoiter Company, aboard the Grand-Galleon called the Milostiv, which is set to sail to the lands that could not be traversed before the invention of the armaments that could penetrate the scale of the monsters living there. They hope sail to the thousand islands to find wonders and new lands to settle. The Grand Fleet would leave Old Carthan in hopes they could expand their horizons. But then a sudden loom hanged above the Bay of Old Carthan as the Grand Fleet sails for the islands...Thrown into the affairs that will change his life, how could a Doctor keep himself out of the destinies of those who would save the world?
8 178 - In Serial32 Chapters
Clouds of Fauna
After sinister beings destroy his home. Ang, the last child of the Usgrat, flees deep into the forest. Now orphaned, young Ang must learn to survive in a harsh living world. With the aid of his guardian Kiliyi the spider, and an enchanted tome, he learns the many ways of channeling the energy of life Imdrina into magic. Discovering the possibility that he may still have living relatives out in the world he sets out on a quest to find them. Along the way he meets a diverse group of friends, including a peculair mushroom creature named Dungii. Vlux, a cunning yet tiny girl. Thramuny, a warrior from a far off land, and various beasts from myths and legends. They depart on a long journey to gather allies, restore balance, and save their world.
8 147 - In Serial13 Chapters
How a Total Loser Died and Became a World Boss
The title says it all. This is a fun high fantasy game lit tale told by the protag himself. After a life shattering accident, a former elite NCAA wrestler falls from grace into gaming and junk food addiction, dies, and is miraculously reborn in a world suspiciously like his favorite game. It turns out the game itself was a pet project of the gods, and one delinquent goddess has decided to make use of our hero's skills to save her realm while she herself works to break his many in game records.
8 84 - In Serial15 Chapters
“Idol” Is The Strongest Job In This World! – Reincarnated as an Idol!
Our protagonist is a high school girl loner otaku. "I really love idols! They shine so brightly when they perform!" After attending her favourite group's concert, she decided to go back home. However, just as she's crossing the road 3 meters away from her home she hears a sound from her right side. "Wait... HOW DID A TRUCK EVEN GET HERE?!" She died, but apparently it was a mistake made by an annoying goddess! So when the goddess asked what she wanted for her next life as an apology. She said "I want to be an Idol!" This is the story of a girl named Hikari Yuki who was reincarnated in another world. She goes on an adventure to have fun and also make others smile in joy Hikari Yuki 耀 幸 ひかり ゆき Hikari 耀 (ひかり) = Shine Yuki 幸 (ゆき) = Happiness Illustration: Twitter: @ghha33 I got permission to use their illustration! Posted on: Scribblehub = Quertzy Royal Road = Quertzy Wattpad = -Quertzy-
8 84 - In Serial13 Chapters
Star Wars: Rebirth of the Sith
A story of a Jedi who discovers a shocking truth that leads him down a road of revenge.
8 136

