《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 120
Advertisement
Unicode
Tom Sueစိတ်က ရောဂါတစ်မျိုးပဲ
______________
ကုန်းဝူမေ့က သူမရဲ့ဆံပင်ကိုလွှတ်လိုက်ကာ သူ့လက်ညှိုးကိုမလိုက်ပြီး နမ်းကြည့်လိုက်၏။ သူ့နှုတ်ခမ်းတွေက မသိမသာကွေးညွတ်သွားသည်။
"မင်းရဲ့ရနံ့က ကောင်းသားပဲ မိန်းမလှလေး။"
ဒီတိရစ္ဆာန်ကောင်က အခု ဘာလုပ်ချင်နေတာတုန်း? ငါ နင့်ကိုပြောလိုက်မယ်၊ ငါ့ကို ဖျားယောင်းဖို့ကြိုးစားနေတာကို လက်လျှော့လိုက်။ ငါ ကျရှုံးမှာမဟုတ်ဘူး!
ဒီလူ့ရဲ့တန်ဆာက ပုပ်သိုးသွားသင့်တယ်! သူက မရေမတွက်နိုင်တဲ့မိန်းမတွေကို စော်ကားခဲ့ပြီး သူလုပ်ခဲ့တဲ့မိန်းမတိုင်းက ကြာကြာအသက်မရှင်ကြဘူး။
နဉ်ရှုမှာ ဒီလူ့ကို အထင်သေးခြင်းမှလွဲ၍ အခြားဘာမှမခံစားရချေ။ သူ ဘယ်လောက်ပဲကြည့်ကောင်းပါစေ၊ သူ့ရုပ်ရည်က သူ့ရဲ့တိရစ္ဆာန်လိုသဘာဝကို ဖုံးကွယ်မထားနိုင်ဘူး။
"သွားကြစို့။"
ကုန်းဝူမေ့က သူမရှေ့မှလျှောက်သွားကာ ဂူထဲဝင်သွားသည်။ အပြင်ကကြည့်လျှင်တော့ ဂူမှာ အတော်လေးကြည့်မကောင်းလှသော်လည်း အထဲကတော့ တော်ဝင်နန်းတော်ကြီးတစ်ခုအလားပင်။ အထဲမှာ မရေမတွက်နိုင်သည့်ညလင်းပုလဲများစွာရှိပြီး နေရာလပ်တွေကို ပိတ်ကျဲခန်းဆီးစပါးတို့ဖြင့် အလှဆင်ထားသည်။
နဉ်ရှုက သည်လောက်ကြီးတဲ့ညလင်းပုလဲတစ်လုံးက ဘယ်လောက်တန်မလဲဆိုတာကို သိချင်နေမိရင်း မျက်နှာထက်၌ အံ့ဩမှုတို့ဖြာဝေလျက် ညလင်းပုလဲတစ်လုံးကိုထိလိုက်၏။ ကုန်းဝူမေ့က မျက်ခုံးပင့်သည်။
"မင်း သဘောကျလို့လား? ကိုယ် မင်းကို ပေးလို့ရတယ်။"
နဉ်ရှုက လက်ပြန်ရုတ်သည်။
"ကျွန်မက ကြည့်ရုံပဲကြည့်တာပါ။ ပြီးတော့ ဒါက အလင်းရဖို့ကလွဲပြီး ဘာမှသုံးလို့မရတာကြီးကို၊ တကယ်အသုံးမဝင်ဘူး။ ကျွန်မတော့ လုံးဝမကြိုက်ပါဘူး။ ကျွန်မက ပိုပြီးအသုံးဝင်တဲ့ပစ္စည်းတွေပဲကြိုက်တာ။"
"အသုံးဝင်တာလား?".
ကုန်းဝူမေ့က နဉ်ရှုကို ပြုံးစစဖြင့်ကြည့်လာ၏။
"ဒီမှာ မင်းမပြောနိုင်တဲ့ပစ္စည်းတွေပဲရှိတာရော။ ကိုယ် မရနိုင်တဲ့ပစ္စည်းဆိုတာတော့ မရှိဘူး။"
"အစ်ကိုကြီး၊ Tom-Sueစိတ်ကလည်း ရောဂါပဲ။ ရှင် ဆေးကုဖို့လိုတယ်။"
နဉ်ရှုက နူးညံ့စွာဆိုသည်။
[T/N : Tom Sueဆိုတာက အမျိုးသားဇာတ်လိုက်တွေအတွက်သုံးတာ။ အမျိုးသမီးဇာတ်လိုက်တွေကို Mary Sueလို့သုံးသလိုပေါ့။ ရှေးခေတ်ပုံစံနဲ့ သင့်တော်အောင်မသုံးတတ်လို့။ ဘဝင်မြင့်တာဘာညာပြောပုံရတယ်ထင်တာပဲ။ ရှေးခေတ်မှာ Tom Sueတွေ Mary Sueတွေ ပေါ်လို့လား၊ နားလည်လို့လားတွေ ကပ်သတ်ပြီးမေးမှာကြောက်လို့→_→]
အနက်ရောင်ဝတ်ဆင်ထားသည့် နတ်ဆိုးဂိုဏ်းသားတစ်ယောက်က သူမတို့ဆီလျှောက်လာကာ ကုန်းဝူမေ့ကို အကြောင်းကြားသည်။
"ဂိုဏ်းချုပ်၊ နောက်မိန်းမတစ်ယောက် ထပ်သေသွားပါပြီ။"
ကုန်းဝူမေ့ကား လုံးဝစိတ်မဝင်စားပုံပေါ်သည်။
"ငါ့ကို အဲ့ကိစ္စတွေအကြောင်းပြောစရာမလိုဘူး။ သေသွားတဲ့မိန်းမတွေနဲ့ သေတော့မယ့်မိန်းမတွေအကုန်လုံး လွှင့်ပစ်လိုက်တော့။"
"နားလည်ပါပြီ။"
နတ်ဆိုးဂိုဏ်းသားက သူ့လက်ကိုယမ်းလိုက်ရာ မိန်းမတစ်ယောက်ကိုသယ်ထားသည့် လူနှစ်ယောက်ပေါ်လာသည်။ အမျိုးသမီးရဲ့မျက်နှာက ဆိုးဆိုးရွားရွားပင် မီးခိုးရောင်သမ်းနေလျက် သူမရဲ့လက်ချောင်းထိပ်တွေကတော့ ခရမ်းရင့်ရောင်သမ်းနေသည်။ သူမရဲ့ရင်ဘတ်က မလှုပ်ရှားတော့ပေ။ သူမ သေသွားပုံရသည်။
နဉ်ရှုမှာ ကုန်းဝူမေ့က ပိုးကောင်အသေတစ်ကောင်ကိုကြည့်နေသည့်အလား လုံးဝမပြောင်းမလဲရှိနေသည်ကိုမြင်လိုက်ရကာ ကျောစိမ့်လာရသည်။
"ငါ့ကို မပြုစုနိုင်တော့တဲ့မိန်းမတွေကိုလည်း လွှင့်ပစ်လိုက်တော့။ သူတို့ကိုခေါ်ထားတာက နေရာအလကားဖြစ်တယ်။"
ကုန်းဝူမေ့က ထိုင်ချလိုက်ရင်း ပြောကာ သူ့ဆံပင်ကို နောက်သို့သပ်တင်လိုက်သည်။
"နားလည်ပါပြီ။"
ခဏအကြာ၌ မိန်းမအတော်များများမှာ မောင်းထုတ်ခြင်းခံလိုက်ရ၏။ သူတို့ရဲ့မျက်နှာတွေက အလင်းရောင်ကို လပေါင်းများစွာမထိတွေ့ခဲ့ရသည့်အလား အလွန်ပင်ဖြူဖျော့နေသည်။ သူတို့မျက်ဝန်းတွေက အလွန်အမင်းချောင်ကျနေကာ အားနည်းနေပြီး သူတို့မှာ သက်တမ်းသိပ်မရှိတော့သည့်နှယ်။
သူတို့ထဲကတစ်ချို့ဆို ဆံပင်တွေတောင်ဖြူနေကြပေပြီ။ သူတို့တွေက အစတည်းက ဒီလောက်အသက်ကြီးနေကြတာလား၊ ကုန်းဝူမေ့အသုံးပြုတာခံလိုက်ရတဲ့ရလဒ်လားဆိုတာတော့ မသိရပေ။
သည်အမျိုးသမီးတွေ ကုန်းဝူမေ့ကိုတွေ့လိုက်ကြချိန်၌ သူတို့အားလုံးက စတင်ငိုကြွေးလာကြကာ သနားဖို့တောင်းပန်နေကြလေ၏။ သူတို့အားလုံးမှာ စိတ်ပျက်အားငယ်တဲ့အမူအရာတွေ ရှိရင်ရှိ၊ မဟုတ်လည်း ဘာအမူအရာမှမရှိကြပေ။
နဉ်ရှုမှာ ဒါတွေအားလုံးကိုကြည့်နေရ၏။ နှင်ထုတ်ခံလိုက်ရသည်နှင့် သည်အမျိုးသမီးတွေရဲ့တစ်ခုတည်းသောကံကြမ္မာက သေခြင်းတရားပင်။
"ခဏလေး။"
နဉ်ရှုကပြောသည်။ ကုန်းဝူမေ့က သူမကို ပျင်းရိစွာကြည့်လိုက်ပြီးနောက် သူမအနားကို အရမ်းနီးကပ်လာအောင်တိုးကပ်လာတာကြောင့် သူ့ဆံနွယ်တစ်ချို့က သူမရဲ့မျက်နှာကိုထိနေပြီး သူက မေးလာသည်။
"ဘာများလဲ မိန်းမလှလေး? မင်းမှာ ငြင်းစရာရှိလို့လား?"
"သူတို့ကို တစ်ချက်လောက်ကြည့်ခွင့်ပေး။"
နဉ်ရှုက ခြေတစ်လှမ်းဆုတ်လိုက်ပြီးနောက် အမျိုးသမီးတစ်ယောက်ဆီလျှောက်သွားကာ သွေးကြောစမ်းသည်။
ကိုယ်တွင်းအင်္ဂါငါးခုလုံးက တက်ကြွမှုရှိမနေတော့ချေ။ သွေးကြောက အတော်လေး လေးလံကာ အားနည်းနေပြီး နောက်တစ်စက္ကန့်အတွင်းမှာပင် ရပ်တန့်သွားတော့မည့်နှယ်ပင်။ အမျိုးသမီးရဲ့အင်္ဂါအစိတ်အပိုင်းတွေအားလုံးက ချို့ယွင်းနေပြီဖြစ်၏။
...
Zawgyi
______________
"သွားကြစို့။"
"အသုံးဝင်တာလား?".
"နားလည်ပါပြီ။"
"နားလည်ပါပြီ။"
"ခဏလေး။"
...
Advertisement
- In Serial27 Chapters
Shadows in the Dawn Mist
[participant in the Royal Road Writathon challenge] - Winner November 2020 When a young woman is lured back to her homeland for the opportunity of a life time, she must face old fears. But never would she think that facing up to her past would change everything. Is History written by the victors, or by someone or something else...? *** I started writing this a few years ago and eventually fell out of love with it. I never finished it and my newer books are being written in different writing style, and genre with a more planned process. I decided to revisit it for the writathon and found that it wasn't as hopeless as I'd come to think. Hopefully, I've improved as a writer since them so the consistency may vary. Its been good to revisit and analyse my writing which I feel used to have some clunky and obvious dialogue which I'm trying to fix. This will always be my first novel and I hope, with a little exposure, I may come to like it again. Thanks for reading!
8 245 - In Serial11 Chapters
god of destruction
A normal guy gets killed and reincarnated as a god of destruction tasked with destroying planets and keeping the balance in the universe he must jug which planet must be destroyed or what he wants to destroy will he rule the universe with an iron fist or will he not interfere with the affairs of mortals
8 111 - In Serial12 Chapters
Resurgent Paths
Writathon - Spring 2022 The world is forever changed. Join Allen Wei as he steps into the modern world while shouldering the weight of an ancient legacy Author note: This is a fictional world. Yes I borrow from reality, but that is all. Nobody in this story actually exist (or ever did) and while certain roles may exist, I assure you none of them ever actually behaved as I have written them.
8 158 - In Serial18 Chapters
TwinsTale
follow and help the twins throughout their adventure.
8 181 - In Serial29 Chapters
Badboy's hired wife
Meet Vincent Watson, the only heir of Watson Inc. An arrogant playboy that knows how to deal with every girls in their campus.On the other hand, Isabelle Lauren is suffering a problem, she's pennyless. She's still studying because of her scholarship but nobody is supporting her.One day, they will bump to each other and that will be the start of badboy hired wife.
8 201 - In Serial21 Chapters
Poems About Life
Inspirational poems, sad poems, happy poems, advice in poems, just poems in generalIf you like these poems, then please read my other poetry book called "Within the Confines of my Heart." Tell me what poems you want me to write in the comments or on my conversations.I'd also really appreciate it if you would vote on my poems; it really means a lot!!!#6 in whattoread - 12/1/2019# 5 in underrated - 8/9/2020#53 in poetry - 1/14/2021#1 in poesia - 3/29/2021#9 in read me - 1/14/2021#3 in poet - 2/14/2021
8 125