《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 121
Advertisement
Unicode
ရှင်ဆီးသွားတဲ့အခါ တစက်စက်ကျတယ်မလား?
_____________
နဉ်ရှုက ခေါင်းယမ်းသည်။ ဒီလူတွေကအသက်ရှင်ဖို့ တစ်လတောင်မကျန်တော့ဘူး၊ ဒီအခြေအနေမှာ သူတို့က သေမင်းတံခါးဝမှာ ရုန်းကန်နေကြရုံပဲ။ သူမက ကိစ္စများကို အကြမ်းဖျင်းတွက်ချက်ကြည့်လိုက်၏။ ဒီမှာ မိန်းမဆယ်ယောက်လောက်ရှိတယ်။ တစ်ကြိမ်မှာ ဒီလောက်မိန်းမတွေအများကြီးသေတယ်ဆိုတဲ့အချက်က ကုန်းဝူမေ့က တစ်ခါဖမ်းရင် ဒီ့ထက်ပိုများတဲ့မိန်းမတွေကိုဖမ်းတာဆိုတဲ့အဓိပ္ပာယ်ပဲ။
ယင်လ၊ ယင်နေ့၊ ယင်နာရီမှာမွေးတဲ့ ဒီလောက်များတဲ့မိန်းမတွေကို ဆက်ဖမ်းနေဖို့ဆို ပစ္စည်းအင်အား၊ လူအင်အား ဘယ်လောက်တောင်လိုမှာပါလိမ့်?
ကုန်းဝူမေ့က နဉ်ရှုကို သိချင်စိတ်ပြင်းပြစွာကြည့်နေ၏။ သူ့မျက်နှာလှလှထက်က အဲ့အမူအရာက ပြောပြလို့မရနိုင်လောက်အောင်စိတ်လှုပ်ရှားဖို့ကောင်းသော်လည်း သူ့စကားတွေကတော့ ရက်စက်လှသည်။
"သူတို့ ဘယ်အချိန်သေမှာလဲ?"
နဉ်ရှုက သူ့ကိုကြည့်ကာမှတ်ချက်ချ၏။
"ရှင်က တကယ်ကိုဆိုးယုတ်လွန်းတာပဲ။"
ကုန်းဝူမေ့ကရယ်သည်။
"ဘာများဆိုးယုတ်တာရှိလို့လဲ? ဒီအချိန်အတောအတွင်းမှာ ကိုယ်က သူတို့ကို သက်တောင့်သက်သာရှိတဲ့ဘဝကိုပေးတယ်၊ ပြီးတော့ လောကကြီးထဲက အကောင်းမွန်ဆုံးသာယာပျော်ရွှင်မှုကိုပေးတယ်။ သာမန်ဘဝမှာ အကြာကြီးအသက်ရှင်နေထိုင်ရတာနဲ့စာရင် ကောင်းမွန်တဲ့ဘဝမှာ ရှင်သန်နေထိုင်ရတာက ခဏလောက်ပဲဆိုရင်တောင် ပိုမကောင်းဘူးလား?"
"မင်းတို့ကောင်မလေးတွေ ငါ့ကိုသဘောကျလား?"
ကုန်းဝူမေ့က အမျိုးသမီးများဘက်လှည့်ကာ နွေးထွေးပြီးမကောင်းဆိုးရွားဆန်သည့်အပြုံးတစ်ချက်ပေးသည်။
"မင်းတို့တွေ ငါနဲ့နေရတာကို သဘောမကျဘူးလား?"
"ကျွန်မတို့ ရှင့်ကို သဘောကျပါတယ်။"
ကျန်လူတွေက မုန်းတီးမှု သို့တည်းမဟုတ် ကြောက်ရွံ့မှုတွေကိုဖော်ပြနေကြချိန်မှာ အမျိုးသမီးတစ်ချို့ကတော့ သူ့ကို အရူးအမူးချစ်ခင်စွဲလန်းနေသည့်မျက်ဝန်းများဖြင့်ကြည့်လာကြ၏။
"သူတို့ထဲကတစ်ချို့က ဒီလိုနေထိုင်ဖို့ဆန္ဒရှိနေကြတာ။"
ကုန်းဝူမေ့က နဉ်ရှုကို ထပ်မံမျက်နှာချင်းဆိုင်သည်။ သူ့မျက်နှာလှလှက ဆွဲဆောင်မှုရှိသည့်တရုတ်နှင်းဆီနှယ် ညှို့ဓာတ်ပြင်းလှ၏။
"မိန်းမလှလေး၊ မင်း ဆန္ဒရှိရင် ကိုယ် မင်းရဲ့ဆန္ဒတွေအားလုံးကို ဖြည့်ဆည်းပေးမှာပါ။"
နဉ်ရှု : "ဟားဟား၊ ကျွန်မ ယဉ်ယဉ်ကျေးကျေးပဲငြင်းပါရစေ။ ရှင်က ညစ်ပတ်လွန်းတယ်။"
ကုန်းဝူမေ့ရဲ့မျက်နှာက တဒင်္ဂမျှရှုံ့မဲ့သွားသော်လည်း ခဏအကြာ၌ သူက ပြန်ပြုံးလိုက်သည်။ သူက သူ့လက်အောက်ငယ်သားဘက်ကိုလှည့်ကာဆိုသည်။
"ကောင်းကောင်းဆိုးဆိုး၊ သူတို့က ငါ့ကို အချိန်အတော်ကြာပြုစုခဲ့ကြတာပဲ။ သူတို့ကို အခုသတ်လိုက်ပြီး သေဖို့အကြာကြီးစောင့်နေရတဲ့နာကျင်မှုကနေ လွှတ်ပေးလိုက်။ အဲ့လိုဆို ငါလည်း နေလို့ပိုကောင်းလာမယ်။"
"နားလည်ပါပြီ။"
ကုန်းဝူမေ့ရဲ့ဂိုဏ်းသားတွေက သူတို့ရဲ့ဓားတွေကိုဆွဲထုတ်လိုက်ကြသည်။ သူတို့က အမျိုးသမီးတွေရဲ့အသည်းအသန်ရုန်းကန်နေမှုတွေကို အာရုံမထားဘဲ သူတို့ရဲ့နှလုံးတည့်တည့်ကို ဓားတွေနဲ့ ခပ်မြန်မြန်ပင်ထိုးစိုက်လိုက်ကြသည်။ သွေးတွေက ကြမ်းခင်းထက်ကို ဖိတ်စင်သွားသည်။ အမျိုးသမီးများမှာ မလှုပ်မယှက်လဲကျမသွားခင် ခဏသာရုန်းကန်လိုက်ကြရသည်။ သွေးညှီနံ့ပြင်းပြင်းက လေထုထဲ ချက်ချင်းပင်ပြန့်နှံ့လာ၏။
ကုန်းဝူမေ့က သူ့အင်္ကျီလက်ကိုယမ်းခါကာ မျက်မှောင်ကုတ်၏။
"ဒီနေရာကို မြန်မြန်သန့်ရှင်းကြစမ်း။ ငါ ဒီအနံ့ကို သည်းမခံနိုင်ဘူး။"
"ကိုယ့်လက်ကိုလည်း ပြန်နမ်းကြည့်ပါဦး။ ရှင့်လက်က သွေးနံ့တွေမွှန်ထူနေတာတောင်မှ ရှင်က ဒီအနံ့ကိုမုန်းတယ်ပြောနေသေးတယ်ပေါ့? ယုတ္တိမရှိလိုက်တာ။"
နဉ်ရှုက အထင်သေးစွာဖြင့် မှတ်ချက်ချသည်။
ကုန်းဝူမေ့က သူ့ရဲ့ကျောက်စိမ်းနှယ်ဖြူဖွေးနေသည့်လက်ချောင်းလေးများကိုဆန့်ထုတ်ကာ သူ့နှာခေါင်းအောက်မှာ ခဏကြာအောင်ထားလိုက်သည်။ ထို့နောက် သူက နူးညံ့စွာဆို၏။
"ကိုယ် လူတစ်ယောက်ကိုသတ်ပြီးတိုင်း အကြာကြီးရေချိုးပါတယ်။ ဘာနံ့မှမရှိပါဘူး။ မင်းကိုယ်တိုင်စစ်ဆေးကြည့်လေ မိန်းမလှလေးရဲ့။"
"အဲ့သွေးတွေက ရှင့်အရိုးတွေထဲထိစိမ့်ဝင်နေပြီ။ ဘယ်လိုပဲလုပ်လုပ် ရှင် အဲ့သွေးတွေကို မဆေးကြောနိုင်တော့ဘူး။"
နဉ်ရှုက သူ့ဘက်ကိုလှည့်ကာ မျက်နှာချင်းဆိုင်သည်။
"ရှင်ကလေ တကယ်ကို ခွေးမသားပဲ။ ရှင်က မိန်းမတွေကို ဖိအားပေးတယ်၊ သူတို့ရဲ့အနာဂတ်ကိုယူတယ်၊ ပြီးတော့ သူတို့ရဲ့အသက်ကိုပါယူတယ်။"
"မိန်းမလှလေး..."
ကုန်းဝူမေ့က နှုတ်ခမ်းသပ်ကာဆက်ပြော၏။
"ကိုယ့်စိတ်ရှည်မှုကို လာမစမ်းနဲ့နော်။ မင်းလည်း အနှေးနဲ့အမြန် ကိုယ့်ခြေထောက်ခွကြားအောက်မှာ နာနာခံခံနဲ့ဒူးထောက်ရမှာပဲ။"
အောက်တန်းကျလိုက်တာ။ သူ့မှာ အသုံးပြုလွန်းလို့ ဆွေးမြည့်နေတဲ့ပစ္စည်းကလွဲပြီး ဘာမှမရှိတာကိုများ၊ ဒါတောင်မှ သူက သူ့မှာ သောက်ရမ်းကြီးပြီးဖျတ်လတ်တက်ကြွတဲ့ပစ္စည်းရှိတယ်လို့ တကယ်ကြီးထင်နေတာလား?
"ဂိုဏ်းချုပ်ကြီးရှင့်၊ ကျွန်မ ရှင့်ကို အကြင်နာတရားရှေ့ထားပြီး အကြံပေးစကားလေးတစ်ခွန်းပြောပြမယ်။ တဏှာထပ်မကျုးတော့ဘဲ ရှင့်ကိုယ်ရှင်အားဖြစ်အောင်လို့ ကျောက်ကပ်များများစစားပါတော့။ အခုတစ်လော ရှင့်ခါးက တစ်ချိန်လုံးနာနေတယ်မဟုတ်လား? ရှင် မိန်းမတွေကို papapaတဲ့အခါတိုင်း မူးဝေပြီးတော့ အချိန်အတော်ကြာအောင် အမြင်အာရုံတွေဝါးနေတတ်တယ်။ ဒါပေါ့၊ ရှင် အဲ့ဒါကိုစိတ်ထဲမထားဘူးဆိုတာ ကျွန်မသိပါတယ်။ အဲ့ဒါက အလွန်အမင်းသာယာရတာကြောင့်လို့ ရှင်ထင်နေတာလေ။ ဒါပေမယ့် ကျွန်မပြောလိုက်မယ်၊ အဲ့လက္ခဏာတွေက အရမ်းစိုးရိမ်ရတယ်။"
ကုန်းဝူမေ့က သူမကို မျက်ခုံးပင့်ပြကာ ရွှင်မြူးနေသည့်လေသံဖြင့်မေး၏။
"ဆက်ပြောပါဦးလား? ကိုယ် နားထောင်နေပါတယ်၊ ဘာရှိသေးလဲ?"
ဒီသောက်ကြာခိုကောင်ကတော့။ နဉ်ရှုက သူ့ကို တိတ်တဆိတ်ကျိန်ဆဲပြီးမှ ဆက်ပြော၏။
"ရှင် ခဏခဏဆိုသလို ရုတ်တရက်ကြီးဆီးသွားချင်စိတ်တွေပေါ်လာတတ်ပြီး ဆီးသွားတဲ့အခါ အဲ့နေရာက စူးပြီးနာလာတတ်တယ်၊ ဟုတ်တယ်နော်? ရှင် ဆီးသွားတဲ့အခါတိုင်း အဲ့ဒါက ခဏခဏဆိုသလို မရပ်မနားတစက်စက်ကျနေတတ်တယ်မလား?"
"မိန်းမလှလေး၊ ဒီလိုအရှက်မရှိတဲ့စကားတွေ မင်းပါးစပ်ကထွက်လာတာကိုကြားရတာ အတော်လေးစိတ်လှုပ်ရှားဖို့ကောင်းတာပဲ။"
ထို့နောက် သူက ခပ်လှောင်လှောင်ပြုံး၏။
"ကိုယ် အဲ့လက္ခဏာတွေဖြစ်တတ်တယ်၊ မင်း ကြည့်ဖို့လိုလား?"
နင့်နှမကိုပဲ ငါကြည့်လိုက်မယ်! ဒီစောင်အယုတ်တမာကောင်ကတော့။
...
Zawgyi
ရွင္ဆီးသြားတဲ့အခါ တစက္စက္က်တယ္မလား?
_____________
Advertisement
ကုန်းဝူမေ့ကရယ်သည်။
"နားလည်ပါပြီ။"
"မိန်းမလှလေး..."
"ကိုယ် အဲ့လက္ခဏာတြွေဖစ်တတ်တယ်၊ မင်း ကြည့်ဖို့လိုလား?"
...
Advertisement
- In Serial109 Chapters
Thieves' Dungeon
When a Dungeon Core acquires a taste for beautiful jewels, it sets out to become a criminal kingpin, operating from the sewers beneath the city. Updates daily / 3x on weekends.
8 593 - In Serial17 Chapters
Murder the Mountains: A Dark Fantasy LitRPG
Murder the Mountains is a dark fantasy LitRPG in the vein of games like Dark Souls and Planescape Torment. Matt’s life is in limbo, so he has nothing but time to waste playing videogames. Enter cult gaming sensation, Cannibal Hymn: A punishing multiplayer RPG set in a grim world conjured from the imagery of Ancient Central and South America. The Yunka Coast is a colorful and macabre land of sand and surf, barren dunes, mysterious ruins, blood-crazed gods, eldritch liches, ferocious beasts, brutal headhunters, exotic cultures, feudal politics, weird psychedelic drugs, and treasure-littered tombs. But there's something sinister beneath the surface... The game's development team turned up dead in a grizzly murder-suicide before release, strange glitches don't seem random, and Matt's friend, Jess, has gone missing. In order to find her, Matt must progress through the game and uncover its mysteries, persevering through constant set-backs, and slaying his way through what or whoever gets in his way. The MC starts from the bottom and must struggle his way to cutting down the gods and seizing control of the game’s PVP economy and political structure. Meanwhile, the story of the world is told through lore and environmental storytelling, and something dark and unsettling stalks Matt’s day to day life.
8 190 - In Serial21 Chapters
Eigengrau
Haiko Kyouske, live his life as usual. Everyday was monotonous and lackluster to him. That is until one day, while saving an old friend of his. He was reformed in new world by a playful omnipotent being. Now alongside his companion given to him by the omnipotent being, he travels the new world called Niviru.Where he'll encounter an exciting adventure! art by @JustPania
8 129 - In Serial21 Chapters
Stokeley?
8 130 - In Serial6 Chapters
The Creeps World: Close Encounters Of The Serial Killer Kind
The tantalizing brushes with death and the details of the sadistic habits of those who commit those crimes. Short stories of fear and trepidation. BASED ON TRUE EVENTS.When Allie starts to embark on her own life setting out to travel at 18, she takes a very naive, and brash dive into freedom. Unbeknownst to her, she's a killer magnet.Met with cringe-worthy moments from the darker side of humanity. As she navigates through them surviving her worst-case scenarios making her a far wiser, better, smarter woman, more in tune with her instincts as well as ancestry. Sometimes intuition can be what saves your life.Found on Amazon: amazon.com/author/allie_belle12318212000 Word Count (Short Story)#14 in Non-fiction - 9/13/2022#139 in True Story - 9/7/2022#87 in Terror - 9/7/2022#2 in Close Calls - CurrentlyCover made by: Allie Patton
8 297 - In Serial4 Chapters
kalego x reader oneshots
Meet the unfunny person who is me shawty
8 85