《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 122
Advertisement
Unicode
သမားတော်နဲ့အရံမောင်းမဆောင်အဖွဲ့ဝင်
______________
ဤသို့ဖြင့် နဉ်ရှုတစ်ယောက် အဆုံးမဲ့နန်းတော်တွင် နေထိုင်ခဲ့လေ၏။ ကုန်းဝူမေ့က သူမကို သူ့သမားတော်အနေနဲ့ရော၊ အရံမောင်းမဆောင်အဖွဲ့ဝင်အနေနဲ့ပါဆက်ဆံသည်။ တစ်ခုခုများ ဖြစ်ပျက်လာလို့ကတော့ သူက သူမအပေါ်ခုန်အုပ်လောက်သည်။
နဉ်ရှုက သူမရဲ့ဝတ်ရုံအလွှာကြားမှာဖွက်ထားတဲ့အဆိပ်ကိုစမ်းနေမိသည်။ ဒီသောက်ကောင်ကသာ သူမကိုဖိအားပေးရဲရင် သူမ သူ့ကို အကြောတွေပေါက်ထွက်ပြီးသေသွားအောင်လုပ်ပစ်မယ်!
မဟုတ်ဘူး၊ တကယ်တော့ သူမ သူ့အသည်းကိုဖောက်ခွဲပစ်မှာ။
ကုန်းဝူမေ့က မိန်းမတစ်ချို့နဲ့ အတူရှိနေလောက်ပြန်ပြီ။ ဒီမိန်းမတွေက သနားဖို့ကောင်းတယ်။ ကုန်းဝူမေ့က သူတို့အသက်တွေကိုနှုတ်ယူမသွားခင် သူတို့မှာ အချိန်သိပ်မရှိတော့ဘူး။
ကုန်းဝူမေ့က ဘယ်လိုမကောင်းတဲ့အတတ်မျိုးကိုများကျင့်နေပါလိမ့်? အဲ့ဒါက မိန်းမတွေရဲ့ယင်စွမ်းအင်ကို အပြည့်အဝစုပ်ယူပြီး သူတို့ရဲ့အသက်ဓာတ်ကိုပါဖြတ်တောက်ပစ်တယ်။
သူက ဘာလို့များ နေကြာသိုင်းကျမ်းကိုမကျင့်တာလဲ? အဲ့ဒါက တစ်ချက်တည်းနဲ့ ပြသနာအရင်းအမြစ်တွေအားလုံး ဖြေရှင်းပြီးသားဖြစ်သွားမှာ။
[T/N : နေကြာသိုင်းကျမ်းက သင်းကွပ်ပစ်ဖို့လိုပါတယ်။ ကျင့်ယုံရေးသားခဲ့တဲ့ The Proud, Smiling Wandererထဲက သိုင်းကျမ်းပါ။]
မူလဇာတ်ကြောင်းမှာတော့ မုယန်မုန့်ကလည်း အဲ့မိန်းမတွေလိုပဲ တူညီတဲ့ကံကြမ္မာကိုကြုံတွေ့ခဲ့ရတယ်။ သူမက ကုန်းဝူမေ့ဖမ်းတာခံခဲ့ရပြီး နေ့ရောညပါ နှိပ်စက်တာခံခဲ့ရတယ်။ ကုန်းဝူမေ့ကို ကျေနပ်အံ့ဩသွားစေတာက မုယန်မုန့်က အတော်လေးကြာရှည်ခံလို့ပဲ။
တစ်ခြားမိန်းမတွေအားလုံးက အချိန်ခဏလောက်ကြာတာနဲ့ အားနည်းသွားတတ်ကြပေမယ့် မုယန်မုန့်ကတော့ အားနည်းသွားတဲ့လက္ခဏာလုံးဝမပြဘူးလေ။ ထပ်ပြောရမယ်ဆို သူ သူမနဲ့အဲ့ဒါကိုလုပ်တဲ့အချိန်တိုင်း သူ့အတွင်းအားကိုလှည့်ပတ်ဖို့ အတော်လေးပိုလွယ်ကူလာတတ်တယ်။
သူမက တကယ့်ကိုရှားပါးတဲ့ရတနာလေးပဲ! ဒါကြောင့်မို့ မုယန်မုန့်က ကုန်းဝူမေ့ပိတ်လှောင်ထားတာကိုခံရပြီး ကျွန်တစ်ယောက်လိုအသုံးပြုတာခံခဲ့ရတယ်။ သူမမှာ ဘာလွတ်လပ်မှုမှမရှိဘဲ ခွေးတစ်ကောင်လိုအသက်ရှင်နေရတယ်။ ဒါက တကယ်ကိုပြောပြလို့မရနိုင်လောက်အောင်ရှက်ဖို့ကောင်းလွန်းတယ်။
နဉ်ရှု သူမရင်ဘတ်ကိုဖိလိုက်မိသည်။ သူမ အရမ်းအရမ်းကိုဆွံ့အနေပါပြီ။ အမျိုးသမီးဇာတ်လိုက်ရဲ့ခန္ဓာကိုယ်က cheatလိုတည်ရှိမှုမျိုးပဲ။
"မိန်းကလေးရှောင်ဟုန်၊ ကျွန်တော်တို့ဂိုဏ်းချုပ်က မိန်းကလေးကိုခေါ်နေပါတယ်။"
နတ်ဆိုးဂိုဏ်းသားတစ်ယောက်က အခန်းအပြင်ဘက်မှာရပ်နေလေ၏။
"အဟမ်း..."
နဉ်ရှုက ချောင်းဟန့်လိုက်ပြီးနောက် သူမရဲ့အဝတ်အစားတွေကို သပ်ရပ်အောင်လုပ်ကာ ဂိုဏ်းသားလေးရဲ့နောက်ကနေ ကုန်းဝူမေ့ရဲ့အခန်းဆီလိုက်မသွားခင် သူမရဲ့ဆေးသေတ္တာကိုယူလိုက်သည်။
ဒါက ဂူတစ်လုံးဆိုပေမယ့်လည်း လှလှပပပြင်ဆင်ထားသည်။ စီးဆင်းနေတဲ့ရေပေါ်မှာ တံတားလေးတစ်ခုရှိပြီး ကျောက်တုံးဥယျာဉ်တစ်ခုလည်းရှိနေသည်။ အမျိုးသမီးတစ်ချို့က ကျောက်တုံးဥယျာဉ်ထဲမှာရှိနေကြသည်။ သူတို့က နဉ်ရှုကိုမြင်တဲ့အခါ သူမကို အကဲခတ်လာကြသည်။
"နင်က အသစ်လား?"
အမျိုးသမီးတစ်ယောက်က နဉ်ရှုရဲ့လမ်းကိုပိတ်ကာမေးသည်။
"နင်က ဂိုဏ်းချုပ်အတွက် ငါနဲ့တိုက်ခိုက်ဖို့ ဒီကိုရောက်နေတာလား?"
နဉ်ရှု : ...
ဘာလားဟ?
နဉ်ရှုက အမျိုးသမီးရဲ့လက်ကောက်ဝတ်ကိုဖမ်းဆွဲကာ သွေးကြောစမ်းကြည့်လိုက်ပြီးနောက် ခေါင်းယမ်းသည်။ ဒါက ကုန်းဝူမေ့ရဲ့မိန်းမတွေထဲက နောက်တစ်ယောက်ပဲ။ ဒီမိန်းမက စောစောတုန်းကမိန်းမတွေနဲ့စာရင် အခြေအနေနည်းနည်းပိုကောင်းတယ်။ နောက်ပိုင်းမှာ သူသာ ကုန်းဝူမေ့နဲ့ထပ်ပြီးမလူးလှိမ့်ရင် နည်းနည်းကြာကြာတော့အသက်ရှင်နိုင်လိမ့်မယ်။
နဉ်ရှုက ဥယျာဉ်ထဲကမိန်းမတွေကိုကြည့်လိုက်ပြီးနောက် ခေါင်းထပ်ယမ်းသည်။ သူတို့လည်း စောစောတုန်းကမိန်းမတွေလိုပဲ သူတို့ရဲ့ကျန်ရှိတဲ့နေ့ရက်တွေမှာ သေတာထက်ပိုဆိုးတဲ့အခြေအနေမျိုးနဲ့နေဖို့ လွှင့်ပစ်တာခံရမှာပဲ။
"ငါ နင့်ကိုမေးနေတယ်လေ။ နင်ကရော ဂိုဏ်းချုပ်က အဆုံးမဲ့နန်းတော်ကိုခေါ်လာတဲ့သူပဲလား?"
အမျိုးသမီးက မေးသည်။ သူမရဲ့မျက်လုံးတွေက မနာလိုမှုတွေနဲ့ပြည့်လို့နေသည်။
"နင် ဂိုဏ်းချုပ်အခန်းဆီသွားနေတာလား?"
ဒီအမျိုးသမီးရဲ့မျက်လုံးတွေထဲက မနာလိုမှုကို နဉ်ရှု မမြင်နိုင်စရာအကြောင်းမရှိပါပေ။ အမှန်တော့ သနားဖို့ကောင်းတဲ့သူတွေမှာ မုန်းဖို့ကောင်းတာတွေလည်း ရှိတာပါပဲ။ ဒီမိန်းမက သူမကို အဲ့အယုတ်တမာကောင် ကုန်းဝူမေ့ကြောင့်နဲ့ တကယ်ကြီးမနာလိုဖြစ်နေတယ်ပေါ့လေ?
...
အိုင့်မှာ စစ်ထူချင်းယွီရဲ့နာမည်ကို အတော်လေးစွဲနေ။ အခု အိုင်ရေးနေတဲ့ဇာတ်လမ်းတိုထဲက MLကလည်း စစ်ထူမျိုးရိုးဆိုတော့ သူ့နာမည်ရေးမယ်လုပ်တိုင်း စစ်ထူချင်းယွီနာမည်ကြီးပဲရေးမိတာ။ ပြီးမှပြန်ဖျက်ရ🤣
...
Zawgyi
______________
"အဟမ်း..."
"နင်က အသစ်လား?"
နဉ်ရှု : ...
ဘာလားဟ?
...
...
Advertisement
- In Serial181 Chapters
Heavenward on Golden Wings
Back after a long haitus! The world of Verre is a strange and wonderful place filled with strange, bewitching landscapes, hidden planes and daunting dangers. In the midst of this wonder and beauty is a harmonic anarchy. Earth and heaven lie opposed and mankind wars with itself as well as the fearsome beasts they live alongside. It is the right setting for myths and legends. Empires and kingdoms, heroes and villains, all rise and fall. Men, women and daemons compete on this stage seeking godhood, making names for themselves and establishing legacies of their own. Born into one of these legacies is Valerian Steelborn of the House of Cragsveil. Blessed with keen acumen and remarkable abilities he steps into a world he expects a lot out of and it, him. How far would he go and what legacy would he leave behind? Additional Tags: Qihuan / Xuanhuan, Magic, Politics, Cultivation, Team Battles, Multiple Realms Schedule: The current update schedule is once a week on Saturdays at around 4pm GMT. Read on my site, LupineKing.com or on my Patreon.
8 118 - In Serial57 Chapters
Dreamers Insanity - Pokemon fanfic
Old fanfic from when I was still a novice writer. It has a lot of imagination, but, unfortunately, it's got that 'fanfic' quality to it.
8 232 - In Serial81 Chapters
Sway(Wattys 2015)
Rogue winters a beautiful 17 year old AndIvan Stone the greatest and most feared vampire to ever live What happens when their worlds collide Will his need for control and power be to much for rogue? "You can't hide , but you can run are you ready to play , the game has begun The monsters been waiting ,it's time for some fun , so Let's see how well this demon can hunt "Sequel- Sway 2Cover made by @voguee_
8 750 - In Serial18 Chapters
Choose 3 (Dropped)
VR game with a different magic system. With 145 different magics to choose from, each player is only allowed to choose 3. These 3 magics determine their class and how they'll play the game. With 497,640 different ways to choose 3, anything could happen.
8 107 - In Serial13 Chapters
Elemental Artists
The continent has united itself against the known threat, Elemental Shadows. Beings that take the form of humans with their element coloring their figure. Some shadows have more than one element while the humans of this world only have one. Join Draydon, the first dual elemental human, as he tries to hide his unusual composition and fight off the hordes of Elemental Shadows.
8 137 - In Serial29 Chapters
Poor Quality Art Lol
by poor quality I mean, Amazon Fire tablets have horrible cameras, and I guess my art sucks too but whatever-Cover art is mine
8 116