《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 125
Advertisement
Unicode
ကျွန်မက မြင့်မြတ်တဲ့မိခင်နဲ့တူလို့လား?
________________
"ဒါဆို ဒီကုသမှုရဲ့ပထမဆုံးအဆင့်က မိန်းမတွေနဲ့အိပ်တာကို ရပ်လိုက်ဖို့ပဲ။"
နဉ်ရှုက အသည်းအသန်အလေးအနက်ထားနေသည့်အမူအရာဖြင့်ဆိုသည်။
ကုန်းဝူမေ့က မျက်ခုံးပင့်သည်။
"ကိုယ့်အတွင်းဒဏ်ရာတွေ ပြန်ထလာလို့ ကိုယ် မိန်းမတစ်ယောက်နဲ့မအိပ်ရင် ကိုယ့်သွေးကြောတွေ ပေါက်ကွဲသွားလိမ့်မယ်။ မင်းက ကိုယ် သွေးကြောတွေပေါက်ပြီးသေသွားတာကို ကြည့်ချင်လို့လား?"
ကုန်းဝူမေ့ရဲ့လေသံက အင်မတန်အေးစက်လို့နေကာ နဉ်ရှုကိုကြည့်နေတဲ့သူ့မျက်ဝန်းတွေကတော့ လူသတ်လိုစိတ်တို့ရှိနေသည်။
နဉ်ရှုက နူးညံ့စွာပြန်ဖြေသည်။
"ရှင့်ချီစွမ်းအားတွေ ကမောက်ကမဖြစ်တိုင်း ရှင်က ထိန်းချုပ်လို့မရတဲ့ချီစွမ်းအားတွေကိုထုတ်လွှတ်ဖို့ ဒီနည်းလမ်းကိုသုံးတယ်။ ဒါပေမယ့် ဒီနည်းက ရှင်ရော၊ ရှင်နဲ့အိပ်တဲ့မိန်းမကိုပါ ထိခိုက်စေတယ်။ ကျွန်မ အရင်ကလည်းပြောခဲ့ပြီးပြီ၊ ရှင့်သမားတော်လုပ်ဖို့ဆုံးဖြတ်ပြီးမှတော့ ကျွန်မ ရှင့်အတွက်တာဝန်ယူမှာပါ။ ဒါက သမားတော်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ကိုယ်ကျင့်တရားပဲ။"
ထိုသည်ကိုပြောနေရင်းနှင့် သူမ၏မျက်နှာမှာ မြင့်မြတ်သည့်အလင်းရောင်တို့ဖြာထွက်ကာ တောက်ပလာသလိုရှိသည်။
"ငါ မင်းကို ဒီတစ်ကြိမ်ယုံပေးလိုက်မယ်၊ ဒါပေမယ့် တစ်ခုခုဖြစ်ခဲ့ရင် ငါ မင်းကို အသက်ရှင်လျက်ချက်စားပစ်မယ်။ နှင်းထက်တောင်သန့်စင်ပုံရတဲ့ မင်းရဲ့နူးညံ့တဲ့အရေပြားက ဘယ်လိုအရသာရှိမလဲ ငါ တကယ်သိချင်မိတယ်။ ငါ မင်းကို အခုချက်ချင်းတောင်စားချင်တာ။"
ခေါင်းချောင်နေတဲ့ငကြောင်ကောင်။
"ဒီကုသမှုကိုခံယူဖို့ဆုံးဖြတ်လိုက်တဲ့ ရှင့်ဆုံးဖြတ်ချက်ကိုပြသဖို့ ဒီနန်းတော်ထဲကမိန်းမတွေအကုန်လုံး အဝေးကိုပို့လိုက်။ အဆုံးသတ်ကျမှ ရှင် မထိန်းချုပ်နိုင်တော့ဘဲ သူတို့နဲ့ ထပ်အိပ်မိသွားရင် ဘယ့်နှယ်လုပ်မလဲ? ရှင် သူတို့ကို အဝေးပို့သင့်တယ်။"
နဉ်ရှုက သူ့ကိုအကဲခတ်ရင်းဆို၏။
အပြုံးတစ်ခုက သူ့မျက်နှာထက် ရုတ်တရက်ပွင့်လန်းလာသည်။ သူ့အသံက စိတ်ချောက်ချားစရာကောင်းလောက်အောင် အေးစက်နေတာမို့ သည်အပြုံးက လှပပေမယ့် သေစေနိုင်တဲ့ပန်းတစ်ပွင့် ပွင့်လန်းလာသလိုပင်။
"မိန်းမလှလေး၊ မင်း အဲ့မိန်းမတွေကို မနာလိုဖြစ်နေတာလား? ဒါမှမဟုတ် သူတို့ကို ကယ်တင်ဖို့ကြိုးစားနေတာလား? တကယ်ပဲ ကိုယ့်အတွက်လုပ်နေတာလား? မင်းရဲ့ရည်ရွယ်ချက်တွေက ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုကုသပေးဖို့ကိုပဲအာရုံစိုက်ပြီး တစ်ခြားကိစ္စတွေကို စိတ်မပူဖို့ ကိုယ်ပြောလိုက်မယ်။ ကိုယ့်စိတ်ထားက အကောင်းဆုံးမဟုတ်လို့ ကိုယ့်ကိုဒေါသထွက်စေတာရဲ့အကျိုးဆက်တွေက အတော်လေးပြင်းထန်တယ်နော်။"
နဉ်ရှုက သူ့စကားတွေကို ဘာတုန့်ပြန်မှုမှမပြချေ။
"ကျွန်မက အဲ့မိန်းကလေးတွေနဲ့ လုံးဝမှမသက်ဆိုင်တာကြီးကို၊ ဘာလို့ သူတို့ကို ကယ်ချင်ရမှာလဲ? ကျွန်မက မြင့်မြတ်တဲ့မိခင်နဲ့တူလို့လား? ကျွန်မက အဲ့လောက်တောင်ကြင်နာတတ်ပြီး ချစ်ဖို့ကောင်းလို့လား?"
ကုန်းဝူမေ့က သူမကို နူးညံ့စွာကြည့်လာ၏။
"မင်းဘာအတွက်ပဲလုပ်နေပါစေ၊ ကိုယ့်ပိုင်နက်အတွင်းမှာတော့ မင်းမှာ ကိုယ်နဲ့ညှိနှိုင်းဖို့ကြိုးစားခွင့်မရှိဘူး။ ပြီးတော့ အဲ့မိန်းမတွေက ထွက်သွားချင်တယ်လို့များ မင်း ထင်နေလား? ဒီမှာဆို သူတို့က မသေမျိုးတွေလိုပဲ။ ရတနာတွေစီခြယ်ထားတဲ့ ကျောက်စိမ်းနန်းတော်ကြီးရှိတယ်၊ စားစရာတိုင်းက အရသာရှိတယ်၊ လှပတဲ့အဆင်တန်ဆာတွေနဲ့ ရှားပါးတဲ့ကျောက်မြတ်တွေရှိတယ်၊ ပြီးတော့ သူတို့ကိုချစ်ခင်ပေးဖို့ ဒီလောက်ချောတဲ့ယောက်ျားတစ်ယောက်လည်းရှိနေသေးတယ်။ အဲ့မိန်းမတွေ တကယ်ကြီးထွက်သွားချင်လိမ့်မယ်လို့ မင်းထင်နေလား? ပြီးတော့ သူတို့ရဲ့ဖြူစင်မှုကိုဆုံးရှုံးပြီးမှတော့ သူတို့ပြန်သွားရင် အပြင်မှာ ကျန်ရှိနေသေးတဲ့သက်တမ်းတိုတိုနဲ့နေရင်း ရယ်မောလှောင်ပြောင်မှုတွေကိုခံစားရဦးမှာ။"
ပြီးတော့ အဲ့ဒါတွေအားလုံးအတွက် တာဝန်ရှိတဲ့သူက ဘယ်သူလဲ? နဉ်ရှုမှာ ကုန်းဝူမေ့မျက်နှာထက်က ဘဝင်ခိုက်နေမှုကို ရွံရှာလျက်ရှိ၏။ သူမ အရင်က ဒီလောက်အရှက်မဲ့တဲ့လူကို တစ်ခါမှမတွေ့ဖူးဘူး။ သူက တိရစ္ဆာန်တွေတောင်မလုပ်မယ့်ကိစ္စတွေကိုလုပ်ခဲ့တာတောင် ဂုဏ်ယူနေသေးတယ်။ သူ့အရေပြားက တကယ်ကိုမယုံနိုင်လောက်အောင်ထူတာပဲ။
ရုတ်တရက်ကြီး သူမက အရမ်းငယ်ကာ ရိုးသားလွန်းနေသည်ဟု နဉ်ရှုခံစားလိုက်ရသည်။ ကုန်းဝူမေ့နဲ့ယှဉ်ရင် သူမက တကယ်ကိုကောင်းမွန်တဲ့သူပဲ၊ ထူးထူးကဲကဲကိုကောင်းမွန်တဲ့သူ။ သည်အတွေးက သူမကို အရမ်းစိတ်လှုပ်ရှားသွားစေတာမို့ သူမမှာ မျက်ရည်ကျမိတော့မလို့ပင်။
"မနက်ဖြန်ကစပြီး ကုကြတာပေါ့။"
သူမ ဆေးသေတ္တာကိုကောက်ယူကာ ထွက်သွားမည်အလုပ်မှာပင် တစ်စုံတစ်ရာအတွေးပေါ်လာရသည်မို့ သူမက နောက်ပြန်လှည့်ကာဆို၏။
"ဟိုဟာလုပ်ပြီး ရောဂါပိုးတွေသေအောင် မသန့်စင်ဘူးဆိုရင်တော့ ရှင့်ပစ္စည်းက ဆွေးသွားလိမ့်မယ်။"
ထို့နောက်တွင်တော့ သူမက သူ့အခန်းထဲမှထွက်ကာ ဥယျာဉ်ကိုဖြတ်လာလိုက်သည်။ ဥယျာဉ်ထဲမှာ ကစားနေကြတဲ့ မိန်းမတွေအများကြီးရှိပြီး နတ်ဆိုးဂိုဏ်းသားအတော်များများက ပတ်ဝန်းကျင်မှာစောင့်ကြပ်နေကြသည်။ သူတို့က ဒီမိန်းမတွေ ထွက်မပြေးအောင်စောင့်ကြပ်နေကြခြင်းဖြစ်ပေလိမ့်မည်။
ဒီမိန်းမတွေထဲကတစ်ချို့က ဒီဘဝကို တကယ်သဘောကျနေတာလည်း ဖြစ်နိုင်တာပဲ။
...
Zawgyi
________________
Advertisement
...
Advertisement
- In Serial19 Chapters
Tethered
Noah Fel was a [Ritualist] for the Collegium. As a professor, his daily routine consisted largely of grading papers, writing apprentice recommendations, and helping to ensure that his students didn't blow themselves up. Truly, it was a rewarding job. Now though, displaced from his home in the after-effects of a ritual gone wrong, follow Fel on an inadvertent fantasy world adventure! Lands to travel, people to meet, and deaths to be had! Here you’ll find rituals, monsters, magic, a number of distractions, and more nervously written author’s notes than you can shake a stick at! A stand-alone brother story to Barkept Image of the book displayed in the Cover-Art by Noupload (Am I allowed to write author's notes in the Synopsis? Yeah why not- random thoughts, Go!) I've never done this before, but I've got this neat leather-bound notebook and a will to write, so let's have an adventure! If I do write something stupid, inconsistent, or strange, however... please do call me out on it?I love well-meaning corrections, they're one of the best ways I could improve! With all that out of the way, the author will sit here and transition into talking in the 3rd person while on break. It's the only time he's able to write. Don't worry, the work-break won't last long. Something is always sure to go wrong here at th
8 246 - In Serial22 Chapters
I maxed out my Stats, so why am I still a loser?
Ashner has no job, no girlfriend, and no good luck on his side. Until one drunken night, he finds a door to another world. And discovers monsters drop real gold. Not to mention a leveling system that's more detail orientated than he hoped for. With a tool that can bring him money beyond his wildest dreams, he decides to get as much as he can. Wealth, women, and status. But even with all that, why does his life always take the same unlucky turns?
8 103 - In Serial11 Chapters
Welcome to Devos
Welcome to a world where humor, drama, and action clash in epic tales spanning a vast continent....Welcome to Devos An anime styled medieval fantasy world featuring heroes, gods, and demons in a grounded and story/character focused series. A world where the gods of power bestow elemental abilities on those they find worthy. Welcome to Devos is broken up into parts, each part is more or less a complete story that expands the world, characters, and kingdoms of Devos. It plays out a lot like Game of Thrones where instead of a lead character you have an entire cast, each one getting plenty of time to develop over the course of the series. It is a relatively grounded, character and story-driven adventure that focuses on people of interest and their relationships with each other, their nations, and the eight gods of power. While the story features a good blend of light and dark themes it can get really grim at times. The continent of Devos is comprised of 5 territories, they include the three kingdoms of Verdun, Ashmir, and Vespa along with the territories of two demon lords to the north and south. The time period and setting are basically what you would find in a fantasy anime. There are eight gods of power which wield eight different elements and have the ability to "bless" individuals with certain abilities. Monsters roam the wilderness and the ruins/dungeons that are scattered throughout the landscape. Adventurers complete quests, hunt monsters, and explore the vast continent. We've got heroes, demon lords, gods, spys, special operations assault teams, phantom eagles, kings & queens, cursed chickens, talking goblins, and a whole shit ton more already in with plenty more coming soon.
8 215 - In Serial7 Chapters
Conquest
Out of nowhere and a time that no one could remember, the dungeons came to be. Bringing with it wondrous new into the world but also equally dangerous terrors lurking within its corridors. Of the countless said to have spawned from nowhere, 5 had risen to the challenge against the human species. The rest destroyed due to their own weakness, only these 5 still stand in this era and each ruled by 1 great family. And now, a fresh adult male would soon join the exalted ranks of those that brave the dangerous corridors of the dungeons. Aiden Smith, the soon to be a S ranked Adventurer. If only that was true, perhaps life wouldn’t be so hard. Inspiration from domain warz and phantasmal party , very irregular releases and my first release, let the criticism begin! Pics not mine.
8 61 - In Serial3 Chapters
Persona 6 x male reader
this is probably going to be very bad I'm not a writer and I have only ever played persona 5 royal. I'm thinking of getting p4g.
8 113 - In Serial5 Chapters
1990s The Nutcracker Prince: Wolfwalkers
Hans was considered odd to his fellow villagers since he was so shy and quiet, while his older cousin Eric was considered stronger for being a hunter for the king, but things change when Hans meets Clara, a strange young girl with a wolf secret... That soon would become Hans secret as well...
8 176