《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 126
Advertisement
Unicode
နင် တီဗွီရှိုးတွေမကြည့်ဖူးဘူးလား?______________
နဉ်ရှုမှာ သာမန်လူတွေကိုကယ်ချင်တဲ့ ဘာအတွေးမှမရှိပေ။ ဒါ့အပြင် ဘယ်လိုပဲဖြစ်ဖြစ် သူမမှာ ဒီမိန်းမတွေကို ကယ်တင်နိုင်မယ့်ပါဝါမှမရှိပေဘဲ။ သူမမှာသာ OPတိုက်ခိုက်နိုင်စွမ်းတွေရှိနေရင် သူမလုပ်မယ့်ပထမဆုံးအရာက ကုန်းဝူမေ့ရဲ့ ပြသနာအမြစ်လေးကိုဖြတ်ပစ်တာပဲ၊ ဒါဆို ကျန်တဲ့အမြစ်ခြောက်ခုက ငြိမ်းချမ်းသွားလိမ့်မယ်။
[T/N : ဗုဒ္ဓဘာသာက အာရုံခြောက်ပါးကိုဆိုလို ]
နဉ်ရှုမှာ ကုန်းဝူမေ့ရဲ့အတွင်းဒဏ်ရာတွေကို ကုသဖို့အရည်အချင်းရှိလားလို့ မင်းမေးတယ်နော်? ဒါပေါ့၊ သူမမှာ အရည်အချင်းမရှိပါဘူး။ အခုအချိန်မှာ သူမက ရိုးရိုးဒဏ်ရာလေးတွေကိုကုပေးနိုင်ပြီး အအေးမိတာပျောက်စေတဲ့ဆေးညွှန်းရေးပေးနိုင်တဲ့အဆင့်ပဲရှိသေးတာ။ အတွင်းဒဏ်ရာကုသတာလို အဆင့်မြင့်တာတွေအတွက်တော့ နဉ်ရှုက သူမက ကြွက်သေတစ်ကောင်ရလာဖို့မျှော်လင့်နေတဲ့ ကြောင်မျက်ကန်းလို့ပဲပြောလိမ့်မယ်။
နဉ်ရှုက ကုန်းဝူမေ့ရဲ့အခန်းဆီ နေ့တိုင်းဝင်ထွက်နေကာ သူ့ကိုကုသပေးပြီး ဆေးညွှန်းပေးသည်။ သို့သော်လည်း သူမညွှန်းလိုက်တဲ့ဆေးတွေအားလုံးက သွေးစီးဆင်းမှုအားကောင်းစေတဲ့ဆေးတွေသာ။ ကုန်းဝူမေ့က သူမကို ဖတ်ရခက်သည့်အပြုံးလေးဖြင့်ကြည့်သည်။
"ဒါက မင်း ကိုယ့်အခြေအနေကို ဘယ်လိုကုသဖို့ရည်ရွယ်တယ်ဆိုတာပေါ့လေ? မင်းရဲ့ဆေးညွှန်းကိုစစ်ကြည့်ဖို့ ကိုယ် တစ်ခြားသမားတော်တွေကိုခိုင်းပြီးပြီ၊ အကုန်လုံးက ရိုးရိုးဆေးညွှန်းတွေပဲလို့ သူတို့ပြောတယ်။ မင်း ကိုယ့်ကို ဒီဆေးသောက်စေချင်တာ သေချာရဲ့လား?"
နဉ်ရှုရဲ့အမူအရာကတော့ နည်းနည်းလေးတောင်ပြောင်းမသွားဘဲ သူမက နူးညံ့စွာပြန်ဖြေလေသည်။
"ဒီဆေးညွှန်းက ဘာဖြစ်လို့လဲ? အစတည်းက ရှင့်အခြေအနေက အတွင်းဒဏ်ရာတွေေကြောင့်နဲ့ သွေးကြောတွေပိတ်နေတာကြောင့်ဖြစ်တာ။ ရှင့်ကိုယ်ထဲမှာ ပိတ်နေတဲ့ မသန့်ရှင်းတဲ့သွေးခဲတွေရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။ ရှင် အဲ့သွေးတွေကိုအန်ထုတ်လိုက်ရင် ပိုကောင်းလာလိမ့်မယ်။"
နင် ဘာတီဗွီရှိုးမှမကြည့်ဖူးဘူးလား? ဒဏ်ရာရတဲ့သိုင်းပညာရှင်တွေအကုန်လုံး သွေးမည်းတစ်လုပ်အန်ပြီးတာနဲ့ ကောင်းသွားကြရောလေ။
"ဒါက အဓိပ္ပာယ်ရှိသားပဲ။"
ကုန်းဝုမေ့က ဆေးကို တစ်ကျိုက်တည်းမော့ချလိုက်ပြီးနောက် ခုံပေါ်မှီချလိုက်ကာ မျက်မှောင်ကုတ်လျက် မျက်လုံးတို့ကိုပိတ်၏။
ဒါကိုမြင်တဲ့အခါ နဉ်ရှုကမေးသည်။
"အရမ်းခါးလား? သကြားလုံးစား။"
ကုန်းဝူမေ့က မျက်လုံးဖွင့်ကာ နဉ်ရှုကိုကြည့်လိုက်ပြီး သူမပေးသည့် ဆီးသီးခြောက်ကိုယူသည်။
"မင်း ကိုယ့်ကိုချစ်သွားတာလား? ကိုယ် မျက်နှာသာပေးအောင် အရမ်းကြိုးစားနေတော့လေ။"
နဉ်ရှု : ...
ဆေးသောက်ပြီးနောက် ကုန်းဝူမေ့ရဲ့မျက်နှာအရောင်မှာ မကောင်းပေ။ သူက နဉ်ရှုကို ထွက်သွားဖို့ညွှန်ကြားသည့်အနေဖြင့် လက်ယမ်းလိုက်တာမို့ နဉ်ရှုက ဆေးသေတ္တာကိုမကာ ခပ်မြန်မြန်ပင်ပြန်ထွက်သွား၏။
သူမ အခန်းအပြင်ကိုခြေချလိုက်ချိန်၌ မိန်းကလေးတစ်ယောက်က သူမလမ်းကိုပိတ်လာသည်။ သူမက ကုန်းဝူမေ့ကို အရူးအမူးချစ်နေသည့် ယခင်ကအမျိုးသမီးပင်။
နဉ်ရှုမှာ ဒါကခွေးမဆိုတဲ့ရန်ပွဲဇာတ်ကွက်ကို ချက်ချင်းခံစားမိလိုက်တာမို့ နူးညံ့စွာဆိုလေ၏။
"ငါ့ကို စကားမပြောနဲ့၊ ငါလည်း နင့်ကို စကားမပြောချင်ဘူး။ ငါက ကုန်းဝူမေ့ရဲ့မိန်းကလေးလားလို့ မမေးနဲ့၊ ပြီးတော့ ကျေးဇူးပြုပြီး ငါ သူနဲ့အိပ်ပြီးပြီလားလို့လည်း မမေးပါနဲ့။"
အမျိုးသမီးမှာ အံ့အားသင့်သွားသည်။ သူမ သတိပြန်ရလာချိန်၌ သူမကမေး၏။
"နင်က ဂိုဏ်းချုပ်ကို နေ့တိုင်းတွေ့နိုင်တယ်၊ ဟုတ်တယ်မလား? ငါက အခု ဂိုဏ်းချုပ် ဘယ်လိုနေလဲဆိုတာသိချင်လို့ပါ။ သူက ဘာလို့ ငါ့ကို အကြာကြီးမရှာဘဲနေနေရတာလဲ?"
"နင် သိချင်ရင် ကိုယ့်ဘာသာအဖြေသွားရှာ။ ငါ့ကိုမမေးနဲ့၊ ငါ ဘာမှမသိဘူး။"
နဉ်ရှုက ခဏမျှစဉ်းစားနေလိုက်ပြီးနောက် သူမရဲ့ဆေးသေတ္တာထဲက ဆေးလုံးတစ်လုံးထုတ်လိုက်သည်။
"ဒီဆေးက လှပစေတဲ့အာနိသင်ရှိတယ်၊ နင် ဒီဆေးကိုသောက်လို့ရတယ်။"
အမျိုးသမီးမှာ ခဏမျှကြောင်အနေပြီးမှ ဆေးလုံးကိုယူလိုက်ကာဆို၏။
"ကျေးဇူး။"
အမျိုးသမီးက ဆေးမသောက်ဘဲ ဆေးပုလင်းကို ခပ်ဝေးဝေးမှာထားမည်ဆိုတာ နဉ်ရှုသိသည်။ သို့သော်လည်း ဒါက သူမအပူမဟုတ်ပေ။ သူမက ဒီအတိုင်းအကူအညီပေးလိုက်ခြင်းသာ။ တစ်ဖက်လူက သူမရဲ့အကူအညီကိုလက်မခံချင်လျှင် သူမ သူတို့ကို တွန်းအားပေးမည်မဟုတ်ပေ။ ကောင်းကင်ဘုံက ကိုယ့်ကိုကိုယ်ကူညီတဲ့သူတွေကိုပဲ ကူညီပေးတာ။
သူမက ဆေးသေတ္တာကိုပြန်မကာ သူမအခန်းဆီပြန်သွားသည်။ သူမ ယခုလေးတင်ပြန်ရောက်ပြီး ထိုင်ရုံရှိသေး၊ ကုန်းဝူမေ့ရဲ့ နံပါတ်တစ်သစ္စာရှိလူယုံတော်ဖြစ်သူ ကြီးကြပ်ရေးမှူးလျိုက အလောတကြီးဝင်လာကာဆိုသည်။
"မိန်းကလေးရှောင်ဟုန်၊ ဂိုဏ်းချုပ်ရဲ့ရောဂါ ပြန်ထနေပြီ။ အခု သူက သူ့ကိုခစားဖို့ မိန်းမတစ်ယောက်ခေါ်နေတယ်။"
နဉ်ရှုက သူမရဲ့ဆေးသေတ္တာကို ချက်ချင်းကောက်မကာ ကုန်းဝူမေ့ရဲ့အခန်းဆီ အလောတကြီးပြန်သွားသည်။ သူမ သူ့အခန်းဆီရောက်ချိန်၌ ကုန်းဝူမေ့မှာ အမျိုးသမီးရဲ့အဝတ်တွေကို ဆုတ်ဖြဲနေ၏။ သူ့မျက်လုံးတွေက နီရဲနေကာ သူ့အော်ရာက အရမ်းကိုရန်လိုနေပြီး ကမောက်ကမဖြစ်နေ၏။
ကုန်းဝူမေ့နဲ့ ကုတင်ပေါ်ရှိနေသည့်အမျိုးသမီးက စောစောက နဉ်ရှု ဆေးလုံးပေးလိုက်သူပင်။ လက်ရှိတွင် သူမသည် ကုန်းဝူမေ့အား ချစ်ခင်ကြင်နာမှုတို့ဖြင့် ကြည့်လျက်ရှိ၏။
နဉ်ရှုက အလောတကြီးသွားကာ မိန်းကလေးကို ကောက်မလိုက်ပြီး ကြီးကြပ်ရေးမှူးလျိုကိုလှမ်းပြောသည်။
"သူ့ကို ဒီကခေါ်သွား။"
"အတင့်ရဲလိုက်တာ! ဘယ်သူလုပ်ရဲလဲ ငါကြည့်မယ်!"
ကုန်းဝူမေ့ရဲ့မျက်လုံးတွေက လုံးဝနီရဲနေ၏။ ကြီးကြပ်ရေးမှူးလျိုတွဲထားသည့်အမျိုးသမီးက တောင်းပန်လာသည်။
"ကြီးကြပ်ရေးမှူးလျို၊ ကျေးဇူးပြုပြီး၊ ကျွန်မ ဂိုဏ်းချုပ်ကို ပြုစုဖို့ဆန္ဒရှိပါတယ်။"
...
Zawgyi
Advertisement
နဉ်ရှု : ...
"ကျေးဇူး။"
"သူ့ကို ဒီကခေါ်သွား။"
...
Advertisement
- In Serial6 Chapters
The Harukian Chronicler [ReWrite]
A rewrite of the story I have done before hand. Please tune in for exciting adventures with our youn boy, who was shot by crazy, to become crazy; as he just simple lives his life. No upload schedule as of yet, as my brain is finicky. If you have ideas for NPCs, DM me; I can always use more ideas!
8 190 - In Serial59 Chapters
Elora
(previously titled The Vampires Human)"Awe pretty baby, look how cute you look all tied up and crying for us," he softly stroked my face, but the smirk on his lips made me shiver. He turned to look at them, "What should we do with you now?" He asked, lowering himself to my face. I stared at him wide eyed, listening to the others circle around me like lions ready to pray on a lamb. I can't hide my arousal from them, they can sense it, even if I lie, they'll call my bluff. I bit my lip, staring into his red eyes. "Punish me?" ~•~This book contains sexual content, age gaps, light bdsm, and second hand embarrassment. If you don't like submissive female leads, this isn't the book for you.READ THE DISCLAIMER.(cover by @asweetprincess )
7.63 98388 - In Serial36 Chapters
[email protected]
"This is really starting to piss me off. People aren’t supposed to wake up where they didn’t fall asleep."Briel Cortez had set her life up for independence. From the moment she had reached adulthood, she had shunned any relationship that required too much investment - until the day her security consultant job took her undercover into a suburban home. Suddenly, Briel realized that she regretted so much that she had done since her family had died. Only when a psychopath holds her over the precipice of death does she understand what she has sacrificed for her self-sufficiency. Only then does Briel see what she really wants out of life.
8 84 - In Serial36 Chapters
Toxic || Lamelo Ball
They meet at one of the hornets games. She thinks he's snobby and stuck up. He thinks she's full of herself. But they manage to fall in love anyway..."were toxic. you know this. its always been that way""so this is the end? your giving up on me like that?"
8 99 - In Serial54 Chapters
Growing Old
{[Warning: manga spoilers]}The students have finally graduated UA and are continuing their good work as some of the top heroes in the world. A slice of life is what you could call this. Some love, heartbreaks, and challenging situations. Live, love, and laugh is what they say.And Live, love and laugh is what they will do.But of course, there always has to be a problem or two within a happy story.~Growing Old~[A Bakudeku Fanfiction]
8 189 - In Serial512 Chapters
After Fishing For 10 Years, I Became A Saint Without Knowing How To Raise Beasts
Yu Chi transmigrated to a world covered with savage, barren lands, where more than 10,000 races fought to ascend to the top. He began his life in this world in imprisonment. While the others had completely forgotten about his existence, he took out a bamboo stick that he had been carrying with him since his previous life. The souls of ancient divine beasts could be found in various savage lands and rivers. His bamboo stick could communicate with these ancient souls. When he fished at the Death Sea of Hades, he got the voice of Naga Siren. When he fished at the Ice River of Skeletons, he received the attack power of Blobfish. When he fished at the Lake of Grotto-Heaven, he obtained the golden eyes of the Five-Talon Divine Dragon. When he fished at the Cliff of Hanging Candles, he acquired the fire of the Nine-Tailed White Fox. In the blink of an eye, millions of years had passed. Deities and pet beasts from various corners of the world came to congratulate Yu Chi on his wedding. A prominent figure couldn’t help but ask, “Why are you so terrifying?” As Yu Chi stared at his gorgeous wife, the memories of him fighting millions of devils in the Underworld flashed in his mind. He then smiled and replied, “There’s nothing I can boast about. I was just lucky.” Thank you for reading After Fishing For 10 Years, I Became A Saint Without Knowing How To Raise Beasts novel @ ReadWebNovels.net Read Daily Updated Light Novel, Web Novel, Chinese Novel, Japanese And Korean Novel Online.
8 340