《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 127
Advertisement
Unicode
ဆေးတိုက်၊ အပ်စိုက်၊ ဆေးပိုတိုက်
______________
"မိန်းမလှလေး၊ မင်းက သူ့ကိုခေါ်သွားမှတော့ ကိုယ် မင်းကို သူ့နေရာဝင်ခိုင်းမယ်။"
ကုန်းဝူမေ့က နဉ်ရှုဆီလက်လှမ်းသည်။ သူ့မျက်လုံးတွေက ပို၍ပင်နီရဲလာပြီး သူက ဆေးမိထားတဲ့သားရဲတစ်ကောင်နှင့်တူနေသည်။
နဉ်ရှုက သူမနေရာကိုယူမည်ဆိုသည်ကိုကြားသည့်အခါ အမျိုးသမီးက နဉ်ရှုကိုကြည့်လာသည်။ သူမရဲ့မျက်လုံးတွေက မနာလိုမှုတွေနဲ့ပြည့်နေ၏။ သို့သော်လည်း နဉ်ရှုက နှာခေါင်းကိုတို့ကာ ကုန်းဝူမေ့ဆီ ဆေးမှုန့်တွေပက်လိုက်သည်။ ကုန်းဝူမေ့က မစိုးရိမ်ပေမယ့် ခဏအကြာ၌ သူ့တစ်ကိုယ်လုံးအားနည်းသွားတော့၏။
"သူ့ကို ရေခဲရေထဲရွှေ့လိုက်။"
နဉ်ရှုက ကြီးကြပ်ရေးမှူးလျိုကိုပြောသည်။
ဗွမ်း!
ကုန်းဝူမေ့မှာ ရေခဲရေချိုးဇလုံထဲပစ်ချခြင်းခံလိုက်ရ၏။ သူက ထိန်းချုပ်မရစွာတုန်ရီနေရင်း နဉ်ရှုကို ခပ်စူးစူးကြည့်သည်။
"ငါ့ကို ဒီလိုဆက်ဆံရဲရအောင် မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီလား?"
နဉ်ရှုက နူးညံ့စွာပင်ပြန်ဖြေသည်။
"ဒါတွေအားလုံးက ရှင့်ရောဂါကိုကုဖို့အတွက်ပဲလေ။ ပြီးတော့ မိန်းမတွေကို ထပ်မထိတော့ပါဘူးလို့ ရှင်လည်း သဘောတူခဲ့ပြီးသားပဲ။ ဒါပေမယ့် ရှင့်ရောဂါထလာတာနဲ့ ရှင်က အကုန်မေ့သွားတဲ့ပုံပဲ။"
နဉ်ရှုက အလွန်အင်မတန်ခါးသည့်ဆေးတစ်ခွက်ကို သူ့လည်ချောင်းထဲလောင်းထည့်သည်။ အရသာကဆိုးလွန်းတာမို့ မျက်ရည်တွေက ကုန်းဝူမေ့ရဲ့မျက်ဝန်းကနေလျှံကျလာသည်။ ဆေးသောက်ပြီးသည်၌ သူက နဉ်ရှုကို ခက်ထန်စွာကြည့်ကာ ဒေါသတကြီးဆိုလာ၏။
"ငါ မင်းကိုသတ်မယ်။"
"စိတ်လျှော့စမ်းပါ။"
ထို့နောက် နဉ်ရှုက သူ့တစ်ခေါင်းလုံးကို အပ်တွေစိုက်လိုက်သည်။
"မဟုတ်ရင် ရှင့်သွေးကြောတွေ တကယ်ပေါက်ကွဲသွားလိမ့်မယ်။"
ကုန်းဝူမေ့ရဲ့ခန္ဓာကိုယ်က မသိမသာတုန်ယင်နေပြီး သူ့ကိုယ်ကကြွက်သားတွေသည်ပင် လှုပ်ခါနေ၏။ သူ နာကျင်နေပေမယ့် သူ့ကိုယ်ကဘာခွန်အားကိုမှမခံစားရချေ။ သူ အရင်က ဒီလိုဆိုးရွားတဲ့အခြေအနေကို တစ်ခါမှမရောက်ဖူးပေ။
"ဒင်၊ စိတ်ဒဏ်ရာမှတ် +10။ နဉ်ရှုလေး၊ မွ! အချိန်အတော်ကြာသွားပြီပဲ၊ မင်း ငါ့ကို အရမ်းလွမ်းနေလား?"
2333ရဲ့အသံက နဉ်ရှုခေါင်းထဲ ချက်ချင်းပေါ်လာပြီး နားတွေထဲပင် ပဲ့တင်ထပ်သွားသည်။
နဉ်ရှု : ထွက်သွား။
2333: …
ကုန်းဝူမေ့က သူ့ခေါင်းထက်ကနေ အခိုးငွေ့တွေထုတ်လွှတ်နေတာမြင်လိုက်ရသည်မို့ နဉ်ရှုက အလောတကြီးဖြင့် ရေချိုးဇလုံထဲ ရေခဲတွေ ပိုထည့်လိုက်သည်။ သူမကို စူးစိုက်ကြည့်နေတဲ့ကုန်းဝူမေ့ရဲ့မျက်လုံးတွေက လုံးဝနီရဲနေ၏။
"မင်း မနက်ဖြန်နေထွက်တာကို မြင်နိုင်ပါစေလို့ ဆုတောင်းနေတာ အကောင်းဆုံးပဲ။"
စကားပြောလာချိန်၌ သူ့အသံက ကြီးမားလှသည့်နာကျင်မှုကိုသည်းခံနေရသည့်အလား တုန်ရီနေ၏။ ထိုအချိန်တွင် ကုန်းဝူမေ့လေးမှာတော့ သိသိသာသာပင်ထောင်မတ်နေဆဲဖြစ်လေ၏။
နဉ်ရှုက သူ့လက်မောင်းပေါ် အပ်နည်းနည်းပိုစိုက်လိုက်ပြီး သူ့ပါးစပ်ထဲ ဆေးနှစ်ခွက်ထပ်လောင်းထည့်ကာ သူ အရမ်းကိုပင်ပန်းလွန်းလို့ သူ့ရဲ့အမြဲလိုလိုဆွဲဆောင်မှုရှိကာတောက်ပနေသည့်မျက်ဝန်းတို့မှာ သိသိသာသာမှိန်ဖျော့သွားရသည်အထိ သူ့ကို နှိပ်စက်လေသည်။
သူမက နာရီတိုင်းမှာ ဆေးတစ်ခွက်ကို သူ့လည်ချောင်းထဲလောင်းထည့်သည်။ အရသာဆိုးလွန်းတာမို့ ကုန်းဝူမေ့ရဲ့မျက်နှာမှာ အပြာရောင်ပင်သမ်းလို့လာသည်။
"ဂိုဏ်းချုပ်၊ နည်းနည်းနေလို့ပိုကောင်းလာရဲ့လား?"
နဉ်ရှုက အရမ်းကိုမှကျွမ်းကျင်မှုရှိဟည့်ဟန်ဖြင့်မေးလေ၏။
"ရှင့်ကိုယ်ထဲကအတွင်းအားတွေ အခုထိ ထိန်းချုပ်လို့မရဖြစ်နေတုန်းလား?"
ကုန်းဝူမေ့က မျက်မှောင်ကုတ်သည်။ ခဏအကြာ၌ သူက ခေါင်းယမ်းကာဆို၏။
"ပိုကောင်းလာပြီ။ ကမောက်ကမဖြစ်နေတဲ့ပုံမပေါ်တော့ဘူး။"
"ကောင်းတယ်။"
နဉ်ရှုက ခေါင်းငြိမ့်လိုက်ပြီးနောက် အပ်တွေကို စတင်ဖယ်ရှားသည်။
ဒါက သူမရဲ့ကုသပေးမှုရလဒ်မဟုတ်ဘဲ ကုန်းဝူမေ့က သူ့အတွင်းအားတွေကို လှည့်ပတ်ဖို့ ပင်ပန်းလွန်းသွားတာကြောင့်မှန်း သူမ သိသည်။ အမှန်တော့ သူ အတွင်းအားတွေပိုလှည့်ပတ်လေ၊ ပိုပြီးကမောက်ကမဖြစ်လာလေပင်။
"ဂိုဏ်းချုပ်၊ ရှင့်မျိုးစေ့တွေထွက်သွားတော့မယ်လို့ခံစားရတိုင်း ရှင် အဲ့ဟာကို ချုပ်တည်းထားရမယ်။ ဘာဖြစ်ဖြစ် လွှတ်ပေးမပစ်လိုက်နဲ့၊ သိပြီလား? ရှင် သည်းခံရမယ်၊ သည်းခံရမယ်နော်!"
နဉ်ရှုကပြောသည်။ အဓိပ္ပာယ်ကတော့ သူ ထုတ်လွှတ်တော့မည့်အချိန်တိုင်း ချုပ်တည်းရမည်၊ သူ လုပ်ချင်လာတဲ့အချိန်တိုင်း ချုပ်တည်းရမည်ဟုပင်။
"ဘာလို့လဲ?".
ကုန်းဝူမေ့ရဲ့အမူအရာက လုံးဝမှောင်မိုက်နေ၏။ သူ မိန်းမတွေနဲ့မဆက်ဆံဘဲ ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုပေမယ့် အရမ်းနာကျင်ရပြီး သူ လိင်ဆက်ဆံပြီးတိုင်းခံစားရသလို ဘယ်နေရာကမှလန်းဆန်းမနေပေ။ ထို့အတွက် နဉ်ရှုကိုကြည့်နေတဲ့သူ့အကြည့်က မကျေနပ်မှုတွေနဲ့ပြည့်လို့နေသည်။
...
Zawgyi
ေဆးတိုက္၊ အပ္စိုက္၊ ေဆးပိုတိုက္
______________
"မိန္းမလွေလး၊ မင္းက သူ႔ကိုေခၚသြားမွေတာ့ ကိုယ္ မင္းကို သူ႔ေနရာဝင္ခိုင္းမယ္။"
ကုန္းဝူေမ့က နဉ္ရႈဆီလက္လွမ္းသည္။ သူ႔မ်က္လံုးေတြက ပို၍ပင္နီရဲလာၿပီး သူက ေဆးမိထားတဲ့သားရဲတစ္ေကာင္ႏွင့္တူေနသည္။
နဉ္ရႈက သူမေနရာကိုယူမည္ဆိုသည္ကိုၾကားသၫ့္အခါ အမ်ိဳးသမီးက နဉ္ရႈကိုၾကၫ့္လာသည္။ သူမရဲ့မ်က္လံုးေတြက မနာလိုမႈေတြနဲ႔ျပၫ့္ေန၏။ သို႔ေသာ္လည္း နဉ္ရႈက ႏွာေခါင္းကိုတို႔ကာ ကုန္းဝူေမ့ဆီ ေဆးမႈန႔္ေတြပက္လိုက္သည္။ ကုန္းဝူေမ့က မစိုးရိမ္ေပမယ့္ ခဏအၾကာ၌ သူ႔တစ္ကိုယ္လံုးအားနည္းသြားေတာ့၏။
"သူ႔ကို ေရခဲေရထဲေရႊ့လိုက္။"
နဉ္ရႈက ႀကီးၾကပ္ေရးမွဴးလ်ိဳကိုေျပာသည္။
ဗြမ္း!
ကုန္းဝူေမ့မွာ ေရခဲေရခ်ိဳးဇလံုထဲပစ္ခ်ျခင္းခံလိုက္ရ၏။ သူက ထိန္းခ်ဳပ္မရစြာတုန္ရီေနရင္း နဉ္ရႈကို ခပ္စူးစူးၾကၫ့္သည္။
"ငါ့ကို ဒီလိုဆက္ဆံရဲရေအာင္ မင္း အသက္ရွင္ရတာ ပင္ပန္းေနၿပီလား?"
နဉ္ရႈက ႏူးညံ့စြာပင္ျပန္ေျဖသည္။
"ဒါေတြအားလံုးက ရွင့္ေရာဂါကိုကုဖို႔အတြက္ပဲေလ။ ၿပီးေတာ့ မိန္းမေတြကို ထပ္မထိေတာ့ပါဘူးလို႔ ရွင္လည္း သေဘာတူခဲ့ၿပီးသားပဲ။ ဒါေပမယ့္ ရွင့္ေရာဂါထလာတာနဲ႔ ရွင္က အကုန္ေမ့သြားတဲ့ပံုပဲ။"
နဉ္ရႈက အလြန္အင္မတန္ခါးသၫ့္ေဆးတစ္ခြက္ကို သူ႔လည္ေခ်ာင္းထဲေလာင္းထၫ့္သည္။ အရသာကဆိုးလြန္းတာမို႔ မ်က္ရည္ေတြက ကုန္းဝူေမ့ရဲ့မ်က္ဝန္းကေနလ်ွံက်လာသည္။ ေဆးေသာက္ၿပီးသည္၌ သူက နဉ္ရႈကို ခက္ထန္စြာၾကၫ့္ကာ ေဒါသတႀကီးဆိုလာ၏။
"ငါ မင္းကိုသတ္မယ္။"
"စိတ္ေလ်ွာ့စမ္းပါ။"
ထို႔ေနာက္ နဉ္ရႈက သူ႔တစ္ေခါင္းလံုးကို အပ္ေတြစိုက္လိုက္သည္။
"မဟုတ္ရင္ ရွင့္ေသြးေၾကာေတြ တကယ္ေပါက္ကြဲသြားလိမ့္မယ္။"
ကုန္းဝူေမ့ရဲ့ခႏၶာကိုယ္က မသိမသာတုန္ယင္ေနၿပီး သူ႔ကိုယ္ကႂကြက္သားေတြသည္ပင္ လႈပ္ခါေန၏။ သူ နာက်င္ေနေပမယ့္ သူ႔ကိုယ္ကဘာခြန္အားကိုမွမခံစားရေခ်။ သူ အရင္က ဒီလိုဆိုးရြားတဲ့အေျခအေနကို တစ္ခါမွမေရာက္ဖူးေပ။
"ဒင္၊ စိတ္ဒဏ္ရာမွတ္ +10။ နဉ္ရႈေလး၊ မြ! အခ်ိန္အေတာ္ၾကာသြားၿပီပဲ၊ မင္း ငါ့ကို အရမ္းလြမ္းေနလား?"
2333ရဲ့အသံက နဉ္ရႈေခါင္းထဲ ခ်က္ခ်င္းေပၚလာၿပီး နားေတြထဲပင္ ပဲ့တင္ထပ္သြားသည္။
နဉ္ရႈ : ထြက္သြား။
2333: …
ကုန္းဝူေမ့က သူ႔ေခါင္းထက္ကေန အခိုးေငြ့ေတြထုတ္လႊတ္ေနတာျမင္လိုက္ရသည္မို႔ နဉ္ရႈက အေလာတႀကီးျဖင့္ ေရခ်ိဳးဇလံုထဲ ေရခဲေတြ ပိုထၫ့္လိုက္သည္။ သူမကို စူးစိုက္ၾကၫ့္ေနတဲ့ကုန္းဝူေမ့ရဲ့မ်က္လံုးေတြက လံုးဝနီရဲေန၏။
"မင္း မနက္ျဖန္ေနထြက္တာကို ျမင္ႏိုင္ပါေစလို႔ ဆုေတာင္းေနတာ အေကာင္းဆံုးပဲ။"
စကားေျပာလာခ်ိန္၌ သူ႔အသံက ႀကီးမားလွသၫ့္နာက်င္မႈကိုသည္းခံေနရသၫ့္အလား တုန္ရီေန၏။ ထိုအခ်ိန္တြင္ ကုန္းဝူေမ့ေလးမွာေတာ့ သိသိသာသာပင္ေထာင္မတ္ေနဆဲျဖစ္ေလ၏။
နဉ္ရႈက သူ႔လက္ေမာင္းေပၚ အပ္နည္းနည္းပိုစိုက္လိုက္ၿပီး သူ႔ပါးစပ္ထဲ ေဆးႏွစ္ခြက္ထပ္ေလာင္းထၫ့္ကာ သူ အရမ္းကိုပင္ပန္းလြန္းလို႔ သူ႔ရဲ့အၿမဲလိုလိုဆြဲေဆာင္မႈရိွကာေတာက္ပေနသၫ့္မ်က္ဝန္းတို႔မွာ သိသိသာသာမိွန္ေဖ်ာ့သြားရသည္အထိ သူ႔ကို ႏိွပ္စက္ေလသည္။
သူမက နာရီတိုင္းမွာ ေဆးတစ္ခြက္ကို သူ႔လည္ေခ်ာင္းထဲေလာင္းထၫ့္သည္။ အရသာဆိုးလြန္းတာမို႔ ကုန္းဝူေမ့ရဲ့မ်က္ႏွာမွာ အျပာေရာင္ပင္သမ္းလို႔လာသည္။
"ဂိုဏ္းခ်ဳပ္၊ နည္းနည္းေနလို႔ပိုေကာင္းလာရဲ့လား?"
နဉ္ရႈက အရမ္းကိုမွကြၽမ္းက်င္မႈရိွဟၫ့္ဟန္ျဖင့္ေမးေလ၏။
"ရွင့္ကိုယ္ထဲကအတြင္းအားေတြ အခုထိ ထိန္းခ်ဳပ္လို႔မရျဖစ္ေနတုန္းလား?"
ကုန္းဝူေမ့က မ်က္ေမွာင္ကုတ္သည္။ ခဏအၾကာ၌ သူက ေခါင္းယမ္းကာဆို၏။
"ပိုေကာင္းလာၿပီ။ ကေမာက္ကမျဖစ္ေနတဲ့ပံုမေပၚေတာ့ဘူး။"
"ေကာင္းတယ္။"
နဉ္ရႈက ေခါင္းၿငိမ့္လိုက္ၿပီးေနာက္ အပ္ေတြကို စတင္ဖယ္ရွားသည္။
ဒါက သူမရဲ့ကုသေပးမႈရလဒ္မဟုတ္ဘဲ ကုန္းဝူေမ့က သူ႔အတြင္းအားေတြကို လွၫ့္ပတ္ဖို႔ ပင္ပန္းလြန္းသြားတာေၾကာင့္မွန္း သူမ သိသည္။ အမွန္ေတာ့ သူ အတြင္းအားေတြပိုလွၫ့္ပတ္ေလ၊ ပိုၿပီးကေမာက္ကမျဖစ္လာေလပင္။
"ဂိုဏ္းခ်ဳပ္၊ ရွင့္မ်ိဳးေစ့ေတြထြက္သြားေတာ့မယ္လို႔ခံစားရတိုင္း ရွင္ အဲ့ဟာကို ခ်ဳပ္တည္းထားရမယ္။ ဘာျဖစ္ျဖစ္ လႊတ္ေပးမပစ္လိုက္နဲ႔၊ သိၿပီလား? ရွင္ သည္းခံရမယ္၊ သည္းခံရမယ္ေနာ္!"
နဉ္ရႈကေျပာသည္။ အဓိပၸာယ္ကေတာ့ သူ ထုတ္လႊတ္ေတာ့မၫ့္အခ်ိန္တိုင္း ခ်ဳပ္တည္းရမည္၊ သူ လုပ္ခ်င္လာတဲ့အခ်ိန္တိုင္း ခ်ဳပ္တည္းရမည္ဟုပင္။
"ဘာလို႔လဲ?".
ကုန္းဝူေမ့ရဲ့အမူအရာက လံုးဝေမွာင္မိုက္ေန၏။ သူ မိန္းမေတြနဲ႔မဆက္ဆံဘဲ ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္ဆိုေပမယ့္ အရမ္းနာက်င္ရၿပီး သူ လိင္ဆက္ဆံၿပီးတိုင္းခံစားရသလို ဘယ္ေနရာကမွလန္းဆန္းမေနေပ။ ထို႔အတြက္ နဉ္ရႈကိုၾကၫ့္ေနတဲ့သူ႔အၾကၫ့္က မေက်နပ္မႈေတြနဲ႔ျပၫ့္လို႔ေနသည္။
...
Advertisement
- In Serial12 Chapters
A Second Chance
Alex had every advantage anyone could ever want. He was growing up to be quite attractive, intelligent, charismatic, and of course, his parents left him with a fortune that made millionaires flush with envy. Everything would have been perfect, except for his genetics. Confined to the hospital for years, Alex never had the chance to truly live. And one night, he died in that hospital at the age of twenty-seven. But that wasn't the end of his story. Alex died, but he was... Definitely not chosen. he was quite frankly, grabbed at random. A Goddess from a different world had been asked to present a land of fantasy with heroes, five heroes as it happens to be. After having a interesting conversation with the surprisingly flighty Goddess, the five were then sent to this new world. However, for Alex, things were different. His story in this world, will be one of making his own second chance. His story will be one of making the best of whatever he can. He saw life pass him by once, and he never will again. Releases on Mondays and Thursdays.
8 200 - In Serial151 Chapters
The Endless Boundary Between Dimensions
Leo Jones and his fiancee, Vanessa "Dantae" Kumo, had met each other when America came under siege one year ago. On duty, they had steadily grown as friends, passionately evolved into lovers, and casually saved America from assured destruction at the hand of its own scientists. Battle after battle with Dimension Eaters - beings who can absorb vast quantities of land and store them inside a pocket dimension - had left them tired of living on a battlefield, and they wished for nothing more to retire in each other's company. However, whether that happens or not all depends on the machinations of their superiors... Please enjoy (or hate) the image of Dantae I made for you all.
8 486 - In Serial26 Chapters
Shadows in the Wasteland
A League of Legends fanfiction. COMPLETE. "Such a disappointment. He would have loved to keep this one's soul, lock it tight into a special lantern where she would spend the rest of eternity with him and clip her wings."
8 79 - In Serial6 Chapters
Magic Online
The Info Dump and Prolog are works in progress, start with ch 1.MC made himself an OP dungeon. But the cost of building himself was made into a mana dept. Until the dept was paid off he remained 'asleep'. Now that he's awake, it's time to explore the world.
8 158 - In Serial7 Chapters
[Kancolle] Diary of an Admiral
An old man, who have follow his child dream, give his life to his country, faithful to his family, enter the last stage of his life. His life was full of secrecy , but no job is perfect, and yet he enjoy it, because it was his childhood dream he wanted.But now, after he got married and his family grown up now he almost retired from the navy. He feels lonely. There is only one wish he always wanted, to meet an old navy ship that he admire.And now, fate giving him his dream, the ship calling him to meet and lead them in their new world. To give them a second chance to proof their worth and regain their pride.Is that all they need in their life ? Is that all their goal ? what is the meaning live the life for them ? how they live their lives if there are no enemies left and there is no longer a reason for living? Here where his journey begin, where he travel to many places. meets different “things” and fought a battle just for a simple survive or for different objective along the way, searching for a way to come back to earth.What the future hold for him and the shipgirls ?this is my first time.i know there will be many hole, mistake. etc. my english is bad, and not my language. i just want to write what i have in my mind for long time...hope you enjoy...
8 109 - In Serial53 Chapters
He's my MATE... HELL NO!!!
An unforgettable night in Vegas was all the 15 year old, Lexy Moon wanted. A whole night partying with her pack. Did she get what she want? Somehow yes. She did have the night of her life, the same night her Virginity was stolen from her. She woke up sleeping in a bed naked beside a black haired, brown eyed were who asked to have a drink with her that night. She quickly changed not minding to wake him up.What will happen if there paths cross? will love exist or will anger take over?what does the moon goddess in store for them?will the spark exist? or will something new come?Follow Lexy as she goes through hardship, love, revenge, traitors, secrets, and lost love.(I'm not really good with summarizing but please give this book a chance.)*Knight O_O*
8 83

