《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 129
Advertisement
Unicode
ရှင့်ဆီက ဘာလို့သေးနံ့နံနေတာလဲ?
____________
အရင်ကတော့ သူမက ယုံကြည်မှုရှိနေသလိုလုပ်ကာ သူ့ဒဏ်ရာကို သူမ သေချာပေါက်ကိုကုနိုင်တယ်လို့ ပြောခဲ့သည်။ အခုနေသာ တစ်ခုတည်းသောနည်းလမ်းက သူ့သိုင်းပညာကို ဖျက်ဆီးပစ်ဖို့လို့ပြောလိုက်ပါက သူက သူမကို သေချာပေါက် အကြိမ်ပေါင်းမရေမတွက်နိုင်အောင်သတ်ပေလိမ့်မည်။ နတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ သူ့သိုင်းပညာကိုသာဖျက်ဆီးလိုက်ပါက သေကြောင်းကြံစည်သည်နှင့် အတူတူပင်။ ကုန်းဝူမေ့က သိုင်းပညာဖျက်ဆီးပစ်ဖို့ထက် အတွင်းဒဏ်ရာတွေရဲ့နာကျင်မှုကို သည်းခံဖို့သာ ရွေးချယ်မည်မှာသေချာ၏။
ထို့အတွက် နဉ်ရှုမှာ သမာသမတ်ဂိုဏ်းတွေက အဆုံးမဲ့နန်းတော်ကို တိုက်ခိုက်လာမည်ကိုသာစောင့်နေတော့၏။ သို့ဆိုလျှင် အခြေအနေတွေရှုပ်ထွေးနေတုန်း သူမ ထွက်ပြေးလွတ်မြောက်နိုင်ပေသည်။
"မိန်းမလှလေး၊ ဒီကိုလာပါဦး။"
ကုန်းဝူမေ့က နဉ်ရှုကိုလက်ယပ်ခေါ်သည်။ သူမက သူ့ဆီကို ဖြည်းညင်းသွာလျှောက်သွား၏။ သူနဲ့နီးလာချိန်၌ ထူးဆန်းတဲ့အနံ့တစ်ခုကို သူမ ချက်ချင်းသတိထားလိုက်မိသည်။ အနံ့က သေးပေါက်ချထားတဲ့အနံ့နဲ့ နည်းနည်းဆင်တယ်။
ကုန်းဝူမေ့က သူ့လက်ထဲရှိ မြစိမ်းရောင်ဆံထိုးကို ခပ်ဖြည်းဖြည်းလှည့်ပတ်နေရင်း ပျင်းရိနေဟန်ဖြင့် ထိတ်လန့်ဖွယ်ပြုံးသည်။ ထို့နောက် သူက လက်ဆန့်ထုတ်ကာ နဉ်ရှုဆံပင်တွေထဲမှာ ဆံထိုးကိုထိုးစိုက်လိုက်ပြီး နူးညံ့စွာဆိုသည်။
"ဒီဆံထိုးက မင်းနဲ့လုံးဝလိုက်ဖက်တာပဲ။"
နဉ်ရှုရဲ့ဆံပင်တွေမှာ အဆုံးထိထောင်ထသွားရသည်။ ဖြစ်လာတော့မယ့်ဟာက သေချာပေါက်ကောင်းတာမဟုတ်ဘူး! ဆံထိုးကိုဆွဲထုတ်ပြီး သူမလွှင့်နိုင်သမျှ ဝေးဝေးရောက်အောင်လွှင့်ပစ်ချင်တဲ့စိတ်ကို သူမ ထိန်းချုပ်ရမယ်။
ကုန်းဝူမေ့က ကျက်သရေရှိစွာပြန်လှဲချလိုက်ပြီးနောက် နဉ်ရှု စကားပြောလာချိန်အထိ သူမကို ဘာအမူအရာမှမရှိဘဲစိုက်ကြည့်နေ၏။
"ရှင် လိုတာရှိလို့လား?"
"မင်း ဆေးထဲကို ဘာပေါင်းထည့်လိုက်လဲဆိုတာ မေးချင်ရုံပါ။"
ကုန်းဝူမေ့က ပျင်းရိစွာဖြေသည်။
နဉ်ရှုရဲ့မျက်နှာက ရှုံ့မဲ့သွားလေ၏။ အကြောအားပျော့ဆေးမှုန့်ကို သူ သတိထားမိသွားတာလား? သူမက သူမကိုယ်သူမ တည်ငြိမ်နေဖို့ဖိအားပေးကာပြောလိုက်သည်။
"ကျွန်မ ဘာမှမထည့်ပါဘူး။"
"မင်းက မရိုးသားဘူးပဲ မိန်းမလှလေး။ ကိုယ် သမားတော်တစ်ယောက်ကို ကြည့်ခိုင်းပြီးပြီ၊ တရုတ်ရွှေချည်မျှင်တွေအများကြီးထည့်ထားတယ်လို့ သူပြောတယ်။"
ကုန်းဝူမေ့ရဲ့အမူအရာက ရက်စက်တော့မည့်ဟန်ပြောင်းသွားသည်။
"မင်း မရိုးသားဘူး။"
"တရုတ်ရွှေချည်မျှင်က သဘာဝကိုကခါးတယ်၊ ဒါပေမယ့် အဲ့ဒါက အပူနဲ့အဆိပ်အတောက်တွေကို လျှော့ချတဲ့နေရာမှာ ကူညီပေးတယ်။ ကျွန်မက တရုတ်ရွှေချည်မျှင်ကို တမင်ထည့်ထားတာ။ အဲ့သမားတော်က ရှင် တရုတ်ရွှေချည်မျှင်စားလို့မရဘူးလို့ပြောလို့လား? စိတ်မပူနဲ့၊ ကျွန်မလုပ်သမျှက ရှင့်အတွက်ပဲ။"
နဉ်ရှုက လက်ဆန့်ကာ သူ့ပခုံးကိုပုတ်လိုက်သည်။ သို့သော်လည်း သူမ အနားပိုကပ်လိုက်သည်နှင့် အနှီထူးဆန်းသည့်အနံ့မှာ ပို၍ပင်ပြင်းထန်လာတော့သည်။
နဉ်ရှုက ခြေလှမ်းအနည်းငယ်ခန့် နောက်ပြန်ဆုတ်လိုက်သည်။
"ရှင် ရေမချိုးဘူးလား? ဘာလို့ ရှင့်ဆီက သေးနံ့နံနေရတာလဲ?"
ကုန်းဝူမေ့ရဲ့မျက်နှာက ချက်ချင်းရှုံ့မဲ့သွားပြီး လူသတ်လိုသည့်အော်ရာတို့ကို သူ့ဆီက စတင်ထုတ်လွှတ်လာသည်။
"မိန်းမလှလေး၊ တွေးချင်တာတွေးတာကတစ်ခု၊ ပြောချင်တာပြောတာကတစ်ခုပဲနော်။ မင်း ငါ့ကိုနံတယ်လို့ပြောတာကို ငါသည်းခံထားပြီးပြီ၊ ဒါပေမယ့် အခု မင်းက ငါ့ကို သေးစော်နံတယ်လို့ပြောနေတယ်လား? ပြောပါဦး၊ ငါ မင်းကို ဘယ်လိုအပြစ်ပေးသင့်လဲ?"
နဉ်ရှုကပြောသည်။
"ကျွန်မ အတည်ပြောနေတာ ဂိုဏ်းချုပ်။ တစ်ခုခုမှားနေရင် ရှင် ကျွန်မကိုပြောသင့်တယ်။ ဆီးမထိန်းနိုင်တဲ့ မိန်းမစိုးတွေမှာပဲ ဒီလိုအနံ့မျိုးရှိတာ၊ ဒါပေမယ့် ရှင့်ပစ္စည်းက လုံးဝအကောင်းကြီးရှိသေးတာ၊ ဘာလို့ ရှင့်မှာ အဲ့အနံ့ကြီးရှိနေရတာလဲ?"
နဉ်ရှုက သူ့ကို မိန်းမစိုးနဲ့နှိုင်းလိုက်သည်၌ သူ့မျက်နှာက ပို၍ပင်ခက်ထန်လာတော့သည်။
"ငါက မိန်းမစိုးဟုတ်မဟုတ် မင်းကိုယ်တိုင်ကြည့်ချင်လား?"
"မလိုပါဘူး။ ကျွန်မက ရှင့်ကိုစိုးရိမ်နေရုံပါ၊ ရှင် အဆင်ပြေတယ်ဆိုတော့ ကောင်းတာပေါ့။"
နဉ်ရှုက အရေးမထားစွာလက်ခါ၏။
"ခဏခဏရေချိုးပေး၊ ရှင် တကယ်ကြီးနံနေတာ။ နောက်ပိုင်းမှာ ပုံမှန်မဟုတ်တာတစ်ခုခုဖြစ်လာရင် ကျွန်မကိုလာရှာလိုက်။"
ထို့နောက် သူမသည် ထိုနေရာမှ ခပ်မြန်မြန်ထွက်ပြေးသွားတော့၏။ သူမနောက်က ပစ္စည်းတွေကျကွဲနေသံကိုပင် သူမကြားနေရသည်။ ကုန်းဝူမေ့က ပစ္စည်းတွေပေါက်ခွဲနေတာဖြစ်မယ်။
ပြီးနောက်တွင်တော့ ကုန်းဝူမေ့က စတင်အော်ဟစ်လိုက်လေတာမို့ နတ်ဆိုးဂိုဏ်းသားများမှာ သူတို့လေးစားရတဲ့ဂိုဏ်းချုပ်samaကြီး တစ်ခုခုဖြစ်နေမည်ကိုစိုးရိမ်စွာဖြင့် သူ့အခန်းဆီပြေးလာကြလေ၏။
နဉ်ရှု လမ်းလျှောက်နေတာရပ်လိုက်သည်။ ကုန်းဝူမေ့ ဘာဖြစ်နေတာလဲ? သူ့ပစ္စည်းက ထိန်းချုပ်ထားရလွန်းအားကြီးလို့ အခြေအနေဆိုးလာတာလား?
ဒါက ဖြစ်တော့မဖြစ်နိုင်လောက်ဘူးထင်တာပဲ။ အမျိုးသားဇာတ်လိုက်တွေအကုန်လုံးက အဲ့ကိစ္စမှာ အားကောင်းကြတာပဲကို။ သူတို့ ခြေပြတ်၊ လက်ပြတ်ဖြစ်နေရင်တောင်မှ အဲ့ပစ္စည်းအလုပ်မလုပ်တော့စရာအကြောင်းမရှိဘူး။
ဒီအချိန်အတောအတွင်း သူ တကယ်အများကြီးချုပ်တည်းထားရတာဖြစ်မလား?
နဉ်ရှုက ကုန်းဝူမေ့ နှီးနှောဆက်ဆံတာကို ကာကွယ်ဖို့အတွက် စွမ်းအင်အရင်းအမြစ်ကိုထိန်းသိမ်းတယ်ဆိုတဲ့အကြောင်းပြချက်ကိုသုံးနေတာဖြစ်သည်။ ဒါပေါ့၊ သူ့ကိုညှင်းပန်းရတာကို သူမလည်းပျော်တယ်လေ။
သို့တိုင် နဉ်ရှုမှာ အဲ့ပစ္စည်း အခြေအနေဆိုးသွားဖို့မဖြစ်နိုင်ဘူးလို့ ခံစားနေရဆဲဖြစ်သည်။ သူက လူးလှိမ့်တာကို ခဏလေးပဲရပ်လိုက်တဲ့ဟာ၊ ဘယ်လိုလုပ် အဲ့ဟာပျက်စီးသွားတဲ့အထိ ထိန်းချုပ်နေရတာဖြစ်မှာတုန်း? အဲ့ဒါသာအမှန်ဆိုရင် တစ်ခြားလူပျိုတွေအကုန်လုံးအတွက် ဘာအဓိပ္ပာယ်ဖြစ်သွားမလဲ?
ဒါပေမယ့် ကုန်းဝူမေ့က အရမ်းစိတ်ဆတ်နေမှတော့ အဆိပ်များများပိုပြင်ပြီး သူမကိုယ်ပေါ်မှာသိမ်းထားတာ အကောင်းဆုံးပဲ။
...
ရှေ့ပိုင်းတုန်းက တရုတ်ရွှေချည်မျှင်ပုံ အပေါ်မှာထည့်ထားတယ်ဆိုပြီး မေ့သွားလို့ မထည့်လိုက်ရ။ ဒီအပိုင်းမှာထည့်ပေးထားတယ်။
...
Zawgyi
ရွင့္ဆီက ဘာလို႔ေသးနံ႔နံေနတာလဲ?
____________
အရင္ကေတာ့ သူမက ယံုၾကည္မႈရိွေနသလိုလုပ္ကာ သူ႔ဒဏ္ရာကို သူမ ေသခ်ာေပါက္ကိုကုႏိုင္တယ္လို႔ ေျပာခဲ့သည္။ အခုေနသာ တစ္ခုတည္းေသာနည္းလမ္းက သူ႔သိုင္းပညာကို ဖ်က္ဆီးပစ္ဖို႔လို႔ေျပာလိုက္ပါက သူက သူမကို ေသခ်ာေပါက္ အႀကိမ္ေပါင္းမေရမတြက္ႏိုင္ေအာင္သတ္ေပလိမ့္မည္။ နတ္ဆိုးဂိုဏ္းရဲ့ဂိုဏ္းခ်ဳပ္တစ္ေယာက္အေနနဲ႔ သူ႔သိုင္းပညာကိုသာဖ်က္ဆီးလိုက္ပါက ေသေၾကာင္းႀကံစည္သည္ႏွင့္ အတူတူပင္။ ကုန္းဝူေမ့က သိုင္းပညာဖ်က္ဆီးပစ္ဖို႔ထက္ အတြင္းဒဏ္ရာေတြရဲ့နာက်င္မႈကို သည္းခံဖို႔သာ ေရြးခ်ယ္မည္မွာေသခ်ာ၏။
Advertisement
ထို႔အတြက္ နဉ္ရႈမွာ သမာသမတ္ဂိုဏ္းေတြက အဆံုးမဲ့နန္းေတာ္ကို တိုက္ခိုက္လာမည္ကိုသာေစာင့္ေနေတာ့၏။ သို႔ဆိုလ်ွင္ အေျခအေနေတြရႈပ္ေထြးေနတုန္း သူမ ထြက္ေျပးလြတ္ေျမာက္ႏိုင္ေပသည္။
"မိန္းမလွေလး၊ ဒီကိုလာပါဦး။"
ကုန္းဝူေမ့က နဉ္ရႈကိုလက္ယပ္ေခၚသည္။ သူမက သူ႔ဆီကို ျဖည္းညင္းသြာေလ်ွာက္သြား၏။ သူနဲ႔နီးလာခ်ိန္၌ ထူးဆန္းတဲ့အနံ႔တစ္ခုကို သူမ ခ်က္ခ်င္းသတိထားလိုက္မိသည္။ အနံ႔က ေသးေပါက္ခ်ထားတဲ့အနံ႔နဲ႔ နည္းနည္းဆင္တယ္။
ကုန္းဝူေမ့က သူ႔လက္ထဲရိွ ျမစိမ္းေရာင္ဆံထိုးကို ခပ္ျဖည္းျဖည္းလွၫ့္ပတ္ေနရင္း ပ်င္းရိေနဟန္ျဖင့္ ထိတ္လန႔္ဖြယ္ၿပံဳးသည္။ ထို႔ေနာက္ သူက လက္ဆန႔္ထုတ္ကာ နဉ္ရႈဆံပင္ေတြထဲမွာ ဆံထိုးကိုထိုးစိုက္လိုက္ၿပီး ႏူးညံ့စြာဆိုသည္။
"ဒီဆံထိုးက မင္းနဲ႔လံုးဝလိုက္ဖက္တာပဲ။"
နဉ္ရႈရဲ့ဆံပင္ေတြမွာ အဆံုးထိေထာင္ထသြားရသည္။ ျဖစ္လာေတာ့မယ့္ဟာက ေသခ်ာေပါက္ေကာင္းတာမဟုတ္ဘူး! ဆံထိုးကိုဆြဲထုတ္ၿပီး သူမလႊင့္ႏိုင္သမ်ွ ေဝးေဝးေရာက္ေအာင္လႊင့္ပစ္ခ်င္တဲ့စိတ္ကို သူမ ထိန္းခ်ဳပ္ရမယ္။
ကုန္းဝူေမ့က က်က္သေရရိွစြာျပန္လွဲခ်လိုက္ၿပီးေနာက္ နဉ္ရႈ စကားေျပာလာခ်ိန္အထိ သူမကို ဘာအမူအရာမွမရိွဘဲစိုက္ၾကၫ့္ေန၏။
"ရွင္ လိုတာရိွလို႔လား?"
"မင္း ေဆးထဲကို ဘာေပါင္းထၫ့္လိုက္လဲဆိုတာ ေမးခ်င္ရံုပါ။"
ကုန္းဝူေမ့က ပ်င္းရိစြာေျဖသည္။
နဉ္ရႈရဲ့မ်က္ႏွာက ရႈံ႔မဲ့သြားေလ၏။ အေၾကာအားေပ်ာ့ေဆးမႈန႔္ကို သူ သတိထားမိသြားတာလား? သူမက သူမကိုယ္သူမ တည္ၿငိမ္ေနဖို႔ဖိအားေပးကာေျပာလိုက္သည္။
"ကြၽန္မ ဘာမွမထၫ့္ပါဘူး။"
"မင္းက မရိုးသားဘူးပဲ မိန္းမလွေလး။ ကိုယ္ သမားေတာ္တစ္ေယာက္ကို ၾကၫ့္ခိုင္းၿပီးၿပီ၊ တရုတ္ေရႊခ်ည္မ်ွင္ေတြအမ်ားႀကီးထၫ့္ထားတယ္လို႔ သူေျပာတယ္။"
ကုန္းဝူေမ့ရဲ့အမူအရာက ရက္စက္ေတာ့မၫ့္ဟန္ေျပာင္းသြားသည္။
"မင္း မရိုးသားဘူး။"
"တရုတ္ေရႊခ်ည္မ်ွင္က သဘာဝကိုကခါးတယ္၊ ဒါေပမယ့္ အဲ့ဒါက အပူနဲ႔အဆိပ္အေတာက္ေတြကို ေလ်ွာ့ခ်တဲ့ေနရာမွာ ကူညီေပးတယ္။ ကြၽန္မက တရုတ္ေရႊခ်ည္မ်ွင္ကို တမင္ထၫ့္ထားတာ။ အဲ့သမားေတာ္က ရွင္ တရုတ္ေရႊခ်ည္မ်ွင္စားလို႔မရဘူးလို႔ေျပာလို႔လား? စိတ္မပူနဲ႔၊ ကြၽန္မလုပ္သမ်ွက ရွင့္အတြက္ပဲ။"
နဉ္ရႈက လက္ဆန႔္ကာ သူ႔ပခံုးကိုပုတ္လိုက္သည္။ သို႔ေသာ္လည္း သူမ အနားပိုကပ္လိုက္သည္ႏွင့္ အႏွီထူးဆန္းသၫ့္အနံ႔မွာ ပို၍ပင္ျပင္းထန္လာေတာ့သည္။
နဉ္ရႈက ေျခလွမ္းအနည္းငယ္ခန႔္ ေနာက္ျပန္ဆုတ္လိုက္သည္။
"ရွင္ ေရမခ်ိဳးဘူးလား? ဘာလို႔ ရွင့္ဆီက ေသးနံ႔နံေနရတာလဲ?"
ကုန္းဝူေမ့ရဲ့မ်က္ႏွာက ခ်က္ခ်င္းရႈံ႔မဲ့သြားၿပီး လူသတ္လိုသၫ့္ေအာ္ရာတို႔ကို သူ႔ဆီက စတင္ထုတ္လႊတ္လာသည္။
"မိန္းမလွေလး၊ ေတြးခ်င္တာေတြးတာကတစ္ခု၊ ေျပာခ်င္တာေျပာတာကတစ္ခုပဲေနာ္။ မင္း ငါ့ကိုနံတယ္လို႔ေျပာတာကို ငါသည္းခံထားၿပီးၿပီ၊ ဒါေပမယ့္ အခု မင္းက ငါ့ကို ေသးေစာ္နံတယ္လို႔ေျပာေနတယ္လား? ေျပာပါဦး၊ ငါ မင္းကို ဘယ္လိုအျပစ္ေပးသင့္လဲ?"
နဉ္ရႈကေျပာသည္။
"ကြၽန္မ အတည္ေျပာေနတာ ဂိုဏ္းခ်ဳပ္။ တစ္ခုခုမွားေနရင္ ရွင္ ကြၽန္မကိုေျပာသင့္တယ္။ ဆီးမထိန္းႏိုင္တဲ့ မိန္းမစိုးေတြမွာပဲ ဒီလိုအနံ႔မ်ိဳးရိွတာ၊ ဒါေပမယ့္ ရွင့္ပစၥည္းက လံုးဝအေကာင္းႀကီးရိွေသးတာ၊ ဘာလို႔ ရွင့္မွာ အဲ့အနံ႔ႀကီးရိွေနရတာလဲ?"
နဉ္ရႈက သူ႔ကို မိန္းမစိုးနဲ႔ႏိႈင္းလိုက္သည္၌ သူ႔မ်က္ႏွာက ပို၍ပင္ခက္ထန္လာေတာ့သည္။
"ငါက မိန္းမစိုးဟုတ္မဟုတ္ မင္းကိုယ္တိုင္ၾကၫ့္ခ်င္လား?"
"မလိုပါဘူး။ ကြၽန္မက ရွင့္ကိုစိုးရိမ္ေနရံုပါ၊ ရွင္ အဆင္ေျပတယ္ဆိုေတာ့ ေကာင္းတာေပါ့။"
နဉ္ရႈက အေရးမထားစြာလက္ခါ၏။
"ခဏခဏေရခ်ိဳးေပး၊ ရွင္ တကယ္ႀကီးနံေနတာ။ ေနာက္ပိုင္းမွာ ပံုမွန္မဟုတ္တာတစ္ခုခုျဖစ္လာရင္ ကြၽန္မကိုလာရွာလိုက္။"
ထို႔ေနာက္ သူမသည္ ထိုေနရာမွ ခပ္ျမန္ျမန္ထြက္ေျပးသြားေတာ့၏။ သူမေနာက္က ပစၥည္းေတြက်ကြဲေနသံကိုပင္ သူမၾကားေနရသည္။ ကုန္းဝူေမ့က ပစၥည္းေတြေပါက္ခြဲေနတာျဖစ္မယ္။
ၿပီးေနာက္တြင္ေတာ့ ကုန္းဝူေမ့က စတင္ေအာ္ဟစ္လိုက္ေလတာမို႔ နတ္ဆိုးဂိုဏ္းသားမ်ားမွာ သူတို႔ေလးစားရတဲ့ဂိုဏ္းခ်ဳပ္samaႀကီး တစ္ခုခုျဖစ္ေနမည္ကိုစိုးရိမ္စြာျဖင့္ သူ႔အခန္းဆီေျပးလာၾကေလ၏။
နဉ္ရႈ လမ္းေလ်ွာက္ေနတာရပ္လိုက္သည္။ ကုန္းဝူေမ့ ဘာျဖစ္ေနတာလဲ? သူ႔ပစၥည္းက ထိန္းခ်ဳပ္ထားရလြန္းအားႀကီးလို႔ အေျခအေနဆိုးလာတာလား?
ဒါက ျဖစ္ေတာ့မျဖစ္ႏိုင္ေလာက္ဘူးထင္တာပဲ။ အမ်ိဳးသားဇာတ္လိုက္ေတြအကုန္လံုးက အဲ့ကိစၥမွာ အားေကာင္းၾကတာပဲကို။ သူတို႔ ေျချပတ္၊ လက္ျပတ္ျဖစ္ေနရင္ေတာင္မွ အဲ့ပစၥည္းအလုပ္မလုပ္ေတာ့စရာအေၾကာင္းမရိွဘူး။
ဒီအခ်ိန္အေတာအတြင္း သူ တကယ္အမ်ားႀကီးခ်ဳပ္တည္းထားရတာျဖစ္မလား?
နဉ္ရႈက ကုန္းဝူေမ့ ႏွီးေနွာဆက္ဆံတာကို ကာကြယ္ဖို႔အတြက္ စြမ္းအင္အရင္းအျမစ္ကိုထိန္းသိမ္းတယ္ဆိုတဲ့အေၾကာင္းျပခ်က္ကိုသံုးေနတာျဖစ္သည္။ ဒါေပါ့၊ သူ႔ကိုၫွင္းပန္းရတာကို သူမလည္းေပ်ာ္တယ္ေလ။
သို႔တိုင္ နဉ္ရႈမွာ အဲ့ပစၥည္း အေျခအေနဆိုးသြားဖို႔မျဖစ္ႏိုင္ဘူးလို႔ ခံစားေနရဆဲျဖစ္သည္။ သူက လူးလိွမ့္တာကို ခဏေလးပဲရပ္လိုက္တဲ့ဟာ၊ ဘယ္လိုလုပ္ အဲ့ဟာပ်က္စီးသြားတဲ့အထိ ထိန္းခ်ဳပ္ေနရတာျဖစ္မွာတုန္း? အဲ့ဒါသာအမွန္ဆိုရင္ တစ္ျခားလူပ်ိဳေတြအကုန္လံုးအတြက္ ဘာအဓိပၸာယ္ျဖစ္သြားမလဲ?
ဒါေပမယ့္ ကုန္းဝူေမ့က အရမ္းစိတ္ဆတ္ေနမွေတာ့ အဆိပ္မ်ားမ်ားပိုျပင္ၿပီး သူမကိုယ္ေပၚမွာသိမ္းထားတာ အေကာင္းဆံုးပဲ။
...
ေရ႔ွပိုင္းတုန္းက တရုတ္ေရႊခ်ည္မ်ွင္ပံု အေပၚမွာထည့္ထားတယ္ဆိုၿပီး ေမ့သြားလို႔ မထည့္လိုက္ရ။ ဒီအပိုင္းမွာထည့္ေပးထားတယ္။
...
Advertisement
- In Serial86 Chapters
Hero Delivery
Is your world about to die?The all-consuming chaos coming to destroy your world?Demon King winning?Why not summon a Hero?Heroes come from another world and are ready to solve your world's problems. Each one comes with their own powers that, as long as they are nurtured, can be used to save your world (or at the very least, improve life!).Choose from one of our own popular delivery services: isekai, transmigration, reincarnation, or custom summon them. Hero Delivery is here for you. Warning: Treat your Heroes right. Join us and follow the story of the one responsible for delivering quality Heroes to worlds in peril. Journey with us to learn all there is to know about delivering Heroes to another world. [participant in the Royal Road Writathon challenge]
8 158 - In Serial111 Chapters
Ghost World Academia
Since humans met other worlders, the world has changed. Now, humans have Ghosts who protect their own world thanks to the other worlders. Ryuga Aragi, a young 16-year-old boy who is just starting high-school is forced to go to Ghost World Academy. The best academy for prepping Ghosts and his life here wasn't ever going to be easy.
8 160 - In Serial11 Chapters
The Arcane Fanatic
"A strange thing Drives us all..." An unknown voice echoes out through seemingly darkness. "The will to live." "But what is it to truly live? It is different for everyone but for me it is magic." "To feel the power at my fingertips and see mysteries unfold. To create and manipulate magic in a way that has never been done before. To be a pioneer of magic... that is what I live for. --- In the world known as Arcane, we follow a young gentleman that goes by the name of Max Blacklock. The strange thing about Maxwell is that the soul that is currently inhabiting his body isn't the original! A stranger with no recollection of his memory or thoughts takes place in a near-dead Max and takes to the world like a fish in water. Mysteries lay in the world of arcane in spades and Max will be the one to find them with his thirst for knowledge. But will Max find the mysteries that lay in his mind, body, and soul? This book is just for fun and to practice my writing skills. My previous book met me with frustration after sitting for hours in a day trying to get words to come out. It became something that just wasn't fun to me anymore. So here I'm going to try and just have fun writing a story I would have loved to read. If you want to read what I write then be my guest. I love to critique and hope that I can get better through writing this story but I don't know if I will be able to keep a stable upload schedule until I get into the flow of things again.
8 87 - In Serial39 Chapters
The Bird and the Fool
Kesil is stranded very far indeed from his home. Despite a gift from the fair folk that allows him to understand and speak any language, he has very little idea of what’s going on around him (though he likes to pretend he does). But this doesn’t stop him from getting into trouble in the port city of Edazzo, in the ancient empire of Duri, and elsewhere, doing his best to find love, escape snares of ancient magic, and hopefully return home in the end.
8 103 - In Serial7 Chapters
Project: Massacre
Due to deadly pollution, Zayne lives inside a mountain on Pluto. He must take the Pluto Placement Test, or PPT, to determine his future. One week later, he gets the PPT results back and he is placed into an unexpected job field. He must straddle his new job, care for his sister, and solve the mystery behind Pluto's pollution...he may find out that the stakes are higher than he could have ever imagined.
8 109 - In Serial19 Chapters
Hug Me ☑
" 𝐩𝐥𝐞𝐚𝐬𝐞 𝐬𝐭𝐚𝐲 𝐰𝐢𝐭𝐡 𝐭𝐡𝐞 𝐦𝐞 𝐰𝐡𝐨 𝐢𝐬 𝐡𝐨𝐥𝐝𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐡𝐚𝐧𝐝. ". . .#3rd Place in BTS COFFEE AWARDS#3rd Place in BTS HEARTBEAT AWARDS#2nd Place in ARMY AWARDS Based on the Song : Hug Me by BTS V & J-HopeCover by : @-krystallion---[MAY 01,2020]#1 in hugme in onffa2020 in envieawards2020#ONFFA2020 #ENVIEAWARDS2020 #ARMYBOOKCLUB #MAKEITRIGHTAWARDS
8 227

