《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 133
Advertisement
Unicode
ဒီလိုဆို သူမ ဘယ်လိုလုပ် ထွက်ပြေးရတော့မှာလဲ!?
__________
"မင်းက ငါ့ကို အေးအေးဆေးဆေးအဖမ်းခံစေချင်တယ်ပေါ့လေ? ရန်နန်ကျူး၊ မင်းခေါင်း တစ်ခုခုများဖြစ်နေလား? ဖြောင့်မတ်ဟန်ဆောင်နေတာ တော်လိုက်စမ်းပါ၊ မင်းတို့တွေက ငါ့အဆုံးမဲ့နန်းတော်က ရတနာတွေကို လုချင်နေရုံပဲ။ မင်းတို့မျက်လုံးတွေထဲက လောဘတွေက နေ့ခင်းအချိန်လို ရှင်းလင်းနေတာပဲ၊ ရွံစရာကောင်းတဲ့ 'သမာသမတ်ဂိုဏ်းတွေ'။"
"ကုန်းဝူမေ့၊ မင်းက မင်းရဲ့စည်းစိမ်တွေကို လုယက်တိုက်ခိုက်ပြီးရလာတာ။"
ရန်နန်ကျူးက မျက်မှောင်ကုတ်၏။
ကုန်းဝူမေ့က အေးစက်စွာရယ်သည်။
"ငါက လုယက်ပြီးရလာတာ၊ ဒါပေမယ့် မင်းတို့ကရော? အခု မင်းတို့လည်း အတူတူပဲလုပ်ဖို့ကြိုးစားနေတာမဟုတ်ဘူးလား?"
"မတူဘူး။"
ရန်နန်ကျူးက ခေါင်းခါသည်။
"ကွာခြားတာ ဘာများရှိလို့လဲ? မင်းတို့တွေက တရားမျှတမှုဆိုတဲ့ခေါင်းစဉ်အောက်ကနေ ချီတက်လာကြပေမယ့် မင်းတို့အပြုအမူတွေက ငါနဲ့တူတူပါပဲ။"
ကုန်းဝူမေ့က အေးစက်စက်အပြုံးတစ်ခုနှင့်ဆိုလေ၏။
နဉ်ရှု : ...
ဘယ်လိုတောင်လား? နင်တို့တွေ တိုက်မှာဖြင့်လည်း တိုက်ကြလေဟယ်! ဘာလို့ သောက်ရမ်းစကားများနေရတာလဲ? စကားပြောတာ ဘာအဓိပ္ပာယ်ရှိလို့လဲ?
"ခေါင်းဆောင်ရန်၊ ကျုပ်တို့တွေ ကျုပ်တို့တိုင်းပြည်ကို ပြန်ထိန်းသိမ်းနိုင်ဖို့ ဒီမကောင်းဆိုးရွားတွေရဲ့အသိုက်ကို ဖျက်ဆီးပစ်လိုက်သင့်တယ်။"
"မှန်တယ်! နတ်ဆိုးဂိုဏ်းကလူတွေက လူသတ်နေချိန်မှာတောင် ဘာမှခံစားရတာမဟုတ်ဘူး။ သူတို့ကို စကားနဲ့ပြောနေလို့ အသုံးမဝင်ဘူး၊ သူတို့က ကယ်တင်လို့မရတော့ဘူး။"
သမာသမတ်ဂိုဏ်းကလူတွေလည်း ဒီနှစ်ယောက် မပြီးနိုင်မစီးနိုင်စကားပြောနေကြတာကို စိတ်ကုန်လာပုံရကာ တိုက်သာတိုက်ချင်နေတော့လေ၏။
နဉ်ရှုက ကုန်းဝူမေ့ရဲ့ဘေးမှာရပ်နေတာမို့ သူ့ခန္ဓာကိုယ်က မသိမသာတုန်ယင်နေသည်ကို သူမခံစားလို့ရနေသည်။ သူ့မျက်လုံးတွေက နီရဲနေပြီး သူ့အော်ရာက အားကောင်းပေမယ့်လည်း အတော်လေးကမောက်ကမဖြစ်နေသည်။ ကုန်းဝူမေ့ရဲ့အတွင်းဒဏ်ရာတွေ ပြန်ထလာပြီဖြစ်၏။
"ကုန်းဝူမေ့၊ မင်းက မင်းရဲ့လမ်းကြောင်းကို ပြောင်းလဲဖို့ငြင်းပယ်မှတော့ ငါ့ကို မယဉ်ကျေးတဲ့အတွက် အပြစ်မတင်နဲ့။ အားလုံးပဲ၊ နတ်ဆိုးဂိုဏ်းသားတွေအားလုံးကိုသတ်ကြ၊ ဒါပေမယ့် ကုန်းဝူမေ့ကိုတော့ အသက်ရှင်လျက်ဖမ်း။ သူ့ကို အသက်ရှင်လျက်ဖမ်းဖို့မဖြစ်နိုင်ရင် သတ်လိုက်။"
"သတ်! မကောင်းဆိုးရွားတွေရဲ့အသိုက်ကိုဖျက်ဆီးကြ..."
"သတ်! တရားမျှတမှုကို ထိန်းသိမ်းကြ..."
သမာသမတ်ဂိုဏ်းတွေက သူတို့ရဲ့ဆောင်ပုဒ်ကိုကြွေးကြော်ကာ နတ်ဆိုးဂိုဏ်းသားတွေဆီ ပြေးသွားကြ၏။ မကြာမီပင် နှစ်ဖက်မှာ ရင်ဆိုင်မိသွားကြပြီး စတင်တိုက်ခိုက်တော့သည်။
ထိုအချိန်တွင် ကုန်းဝူမေ့နှင့်ရန်နန်ကျူးသည်တော့ အချင်းချင်း ခပ်လှမ်းလှမ်းမှနေ၍ မျက်နှာချင်းဆိုင်လျက်ရှိ၏။ လောလောဆယ်တော့ သူတို့နှစ်ယောက်မှာ တစ်ယောက်မှမလှုပ်ရှားကြသေးဘဲ သူတို့ရဲ့လက်အောက်ငယ်သားတွေ တိုက်ခိုက်နေသည်ကို ကြည့်နေကြသည်။
နဉ်ရှု : ...
ဒီလိုဆို သူမ ဘယ်လိုလုပ်ထွက်ပြေးရတော့မှာလဲ!?
...
Zawgyi
ဒီလိုဆို သူမ ဘယ္လိုလုပ္ ထြက္ေျပးရေတာ့မွာလဲ!?
__________
"မင္းက ငါ့ကို ေအးေအးေဆးေဆးအဖမ္းခံေစခ်င္တယ္ေပါ့ေလ? ရန္နန္က်ူး၊ မင္းေခါင္း တစ္ခုခုမ်ားျဖစ္ေနလား? ေျဖာင့္မတ္ဟန္ေဆာင္ေနတာ ေတာ္လိုက္စမ္းပါ၊ မင္းတို႔ေတြက ငါ့အဆံုးမဲ့နန္းေတာ္က ရတနာေတြကို လုခ်င္ေနရံုပဲ။ မင္းတို႔မ်က္လံုးေတြထဲက ေလာဘေတြက ေန့ခင္းအခ်ိန္လို ရွင္းလင္းေနတာပဲ၊ ရြံစရာေကာင္းတဲ့ 'သမာသမတ္ဂိုဏ္းေတြ'။"
"ကုန္းဝူေမ့၊ မင္းက မင္းရဲ့စည္းစိမ္ေတြကို လုယက္တိုက္ခိုက္ၿပီးရလာတာ။"
ရန္နန္က်ူးက မ်က္ေမွာင္ကုတ္၏။
ကုန္းဝူေမ့က ေအးစက္စြာရယ္သည္။
"ငါက လုယက္ၿပီးရလာတာ၊ ဒါေပမယ့္ မင္းတို႔ကေရာ? အခု မင္းတို႔လည္း အတူတူပဲလုပ္ဖို႔ႀကိဳးစားေနတာမဟုတ္ဘူးလား?"
"မတူဘူး။"
ရန္နန္က်ူးက ေခါင္းခါသည္။
"ကြာျခားတာ ဘာမ်ားရိွလို႔လဲ? မင္းတို႔ေတြက တရားမ်ွတမႈဆိုတဲ့ေခါင္းစဉ္ေအာက္ကေန ခ်ီတက္လာၾကေပမယ့္ မင္းတို႔အျပဳအမူေတြက ငါနဲ႔တူတူပါပဲ။"
ကုန္းဝူေမ့က ေအးစက္စက္အၿပံဳးတစ္ခုႏွင့္ဆိုေလ၏။
နဉ္ရႈ : ...
ဘယ္လိုေတာင္လား? နင္တို႔ေတြ တိုက္မွာျဖင့္လည္း တိုက္ၾကေလဟယ္! ဘာလို႔ ေသာက္ရမ္းစကားမ်ားေနရတာလဲ? စကားေျပာတာ ဘာအဓိပၸာယ္ရိွလို႔လဲ?
"ေခါင္းေဆာင္ရန္၊ က်ဳပ္တို႔ေတြ က်ဳပ္တို႔တိုင္းျပည္ကို ျပန္ထိန္းသိမ္းႏိုင္ဖို႔ ဒီမေကာင္းဆိုးရြားေတြရဲ့အသိုက္ကို ဖ်က္ဆီးပစ္လိုက္သင့္တယ္။"
"မွန္တယ္! နတ္ဆိုးဂိုဏ္းကလူေတြက လူသတ္ေနခ်ိန္မွာေတာင္ ဘာမွခံစားရတာမဟုတ္ဘူး။ သူတို႔ကို စကားနဲ႔ေျပာေနလို႔ အသံုးမဝင္ဘူး၊ သူတို႔က ကယ္တင္လို႔မရေတာ့ဘူး။"
သမာသမတ္ဂိုဏ္းကလူေတြလည္း ဒီႏွစ္ေယာက္ မၿပီးႏိုင္မစီးႏိုင္စကားေျပာေနၾကတာကို စိတ္ကုန္လာပံုရကာ တိုက္သာတိုက္ခ်င္ေနေတာ့ေလ၏။
နဉ္ရႈက ကုန္းဝူေမ့ရဲ့ေဘးမွာရပ္ေနတာမို႔ သူ႔ခႏၶာကိုယ္က မသိမသာတုန္ယင္ေနသည္ကို သူမခံစားလို႔ရေနသည္။ သူ႔မ်က္လံုးေတြက နီရဲေနၿပီး သူ႔ေအာ္ရာက အားေကာင္းေပမယ့္လည္း အေတာ္ေလးကေမာက္ကမျဖစ္ေနသည္။ ကုန္းဝူေမ့ရဲ့အတြင္းဒဏ္ရာေတြ ျပန္ထလာၿပီျဖစ္၏။
"ကုန္းဝူေမ့၊ မင္းက မင္းရဲ့လမ္းေၾကာင္းကို ေျပာင္းလဲဖို႔ျငင္းပယ္မွေတာ့ ငါ့ကို မယဉ္ေက်းတဲ့အတြက္ အျပစ္မတင္နဲ႔။ အားလံုးပဲ၊ နတ္ဆိုးဂိုဏ္းသားေတြအားလံုးကိုသတ္ၾက၊ ဒါေပမယ့္ ကုန္းဝူေမ့ကိုေတာ့ အသက္ရွင္လ်က္ဖမ္း။ သူ႔ကို အသက္ရွင္လ်က္ဖမ္းဖို႔မျဖစ္ႏိုင္ရင္ သတ္လိုက္။"
"သတ္! မေကာင္းဆိုးရြားေတြရဲ့အသိုက္ကိုဖ်က္ဆီးၾက..."
"သတ္! တရားမ်ွတမႈကို ထိန္းသိမ္းၾက..."
သမာသမတ္ဂိုဏ္းေတြက သူတို႔ရဲ့ေဆာင္ပုဒ္ကိုေႂကြးေၾကာ္ကာ နတ္ဆိုးဂိုဏ္းသားေတြဆီ ေျပးသြားၾက၏။ မၾကာမီပင္ ႏွစ္ဖက္မွာ ရင္ဆိုင္မိသြားၾကၿပီး စတင္တိုက္ခိုက္ေတာ့သည္။
ထိုအခ်ိန္တြင္ ကုန္းဝူေမ့ႏွင့္ရန္နန္က်ူးသည္ေတာ့ အခ်င္းခ်င္း ခပ္လွမ္းလွမ္းမွေန၍ မ်က္ႏွာခ်င္းဆိုင္လ်က္ရိွ၏။ ေလာေလာဆယ္ေတာ့ သူတို႔ႏွစ္ေယာက္မွာ တစ္ေယာက္မွမလႈပ္ရွားၾကေသးဘဲ သူတို႔ရဲ့လက္ေအာက္ငယ္သားေတြ တိုက္ခိုက္ေနသည္ကို ၾကၫ့္ေနၾကသည္။
နဉ္ရႈ : ...
ဒီလိုဆို သူမ ဘယ္လိုလုပ္ထြက္ေျပးရေတာ့မွာလဲ!?
...
Advertisement
- In Serial406 Chapters
The Bloodline System
In a future timeline, the earth was visited by a species known as the Slarkovs.
8 140 - In Serial283 Chapters
The Mook Maker
There are many possible fates that can await those whisked away from our world to another. Some became heroes or villains, given the right power to forge their own destinies as they wished. Others, the powerless, became victims, doomed to perish, at the mercy of the cruel world filled with mystical powers they are unprepared for. A lone man that woke up alone under the alien sky was neither of those. He didn't get to choose what he was going to become - a disaster, an unwilling source of intelligent, yet violent monsters, slowly but steadily rising in numbers. Stranded in a foreign land, without even knowing the language, his creations may be the only company he would ever find. He wasn’t powerless. But was he really that much better off? It just took one wrong power.
8 358 - In Serial40 Chapters
Cliche?
The year is 2015 and the location is Earth... Or at least it was. James has been reincarnated to one world, summoned to another, and thrown into one cliche situation after another! James absolutely loathes the cliche!Disclaimer: This is a work of fiction. Names, characters, businesses, places, events and incidents are either the products of the author's imagination or used in a fictitious manner. Any resemblance to actual persons, living or dead, or actual events is purely coincidental.This work may contain mature content and may not be appropriate for all ages. Discretion is advised.
8 96 - In Serial9 Chapters
Rise Of The Rabbit Empire
Alice and the other players got stuck in a virtual reality game, and the only way out was to defeat the final boss. Alice won against wicked god Zegan, the final boss of the game, and fell unconscious.She thought it was just her being logged out, but when she woke up, she was still in the game. The setting was five hundred years after Zegan’s defeat, and everything was more realistic than it should be.The world that was supposed to be at peace was at war again, and with a different reason. The races were divided in to two factions: The beastkins, elves, and fairies that wanted to preserve nature; and the humans, dwarves, and demons that wanted the advancement of magical technology.What will she do? Will she intervene in the war? Or will she stay neutral and live thinking everything’s still a game?
8 138 - In Serial31 Chapters
Battlesquire Book I - First Blood
There was nothing Jess craved more than the rush of battle, having trained for endless hours in mastering all the weapons of war. She would do anything to prove herself worthy, anything to be granted the rights and privileges of every knight who fought for the Crown. Anything not to be relegated to the status of simpering handmaiden, a wallflower at court whose only purpose was to be meek and demure for the pleasure of arrogant men she despised. When a certain professor of etiquette makes it clear that she would see Jess broken and humbled, forced to submit to a lady's proper role, Jess will do whatever she must to escape that fate. Even if it means blackening her dagger for king and country, learning what it truly means to be a Squire of War. (Warning: Though it starts off gently - sex, graphic violence, heroism, and betrayal are all part of the story.)
8 202 - In Serial95 Chapters
The Roseguard's Odyssey: The tale of the hunted
Ablan is the home of the most skilled warriors in Aelmion, the brotherhood of bounty hunters. But even these ruthless hunters are kept in line by the Council Shadows, ten apex hunters and their guilds who rule Ablan from the top of the floating oasis casino. Luna is a shadow of Ablan. But when it comes to bounties, she and her guild have two strict rules: no killing, and no contracts involving children or animals in any way. When a criminal syndicate came to her to bring in a group of slavers, it was supposed to just end with her being paid her weight in gold. But aside from her reward, what she found in the slaver’s mines was Elizabeth. Unable to leave the seven-year-old alone, she breaks her own rule and agrees to bring the child home. But as they begin the long journey across the continent, Luna finds out that the child is the missing Princess Elizabeth Balder Van Stahlblut II, the heir of the two powerful empires of the Braenarim Republic and the Iron Nation of Aspana. As if protecting a princess is bad enough, it only gets worse. To get home, they need to go through the United Silvus States, a pro-human nation that is hell bent on taking the princess by any means. But not just Silvus is their problem. A race of murderous machines, mage executioners called the Huntsmen, the enigmatic Chimera trading company, other bounty hunters, and even savage monsters in the dark stand in their way. To protect her, all of Luna’s skills and the limits of her morality are put to the test. But will it be enough? Can both of them survive the Tale of the hunted? =0*o*0= Cover portrait created by the very talented tsuki_desenha at Instagram! Look him up for his incredible work! If you like the story please leave feedback as well and help keep the story going. :)
8 169

