《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 134
Advertisement
Unicode
ဒီတော့ ခင်ဗျားက သစ္စာဖောက်ပေါ့?
____________
နဉ်ရှုက ကုန်းဝူမေ့အနားမှာရပ်ကာ တိုက်ခိုက်နေသည့်နှစ်ဖက်ကို ကြည့်နေ၏။ ကုန်းဝူမေ့ရဲ့အတွင်းအားက ပိုပိုပြီးကမောက်ကမဖြစ်လာတာကို နဉ်ရှု ခံစားမိနေပြီး သူ အကြာကြီးတောင့်မခံနိုင်တော့ဘူးဆိုတာ သိနေသည်။
သူက ဘာကိုမှဂရုမစိုက်တော့ဘဲ သူ့အတွင်းဒဏ်ရာတွေကိုဖိနှိပ်ဖို့ သူမကို အခုဒီနေရာမှာပဲ တွန်းချလိုက်မည်ကို သူမ ကြောက်နေခဲ့သော်လည်း ကုန်းဝူမေ့သည်တော့ ထိုသို့သောအစီအစဉ်မျိုးရှိပုံမပေါ်။ သူ ခဏလောက်လေးစိတ်ပျံ့လွင့်လိုက်တာနဲ့ အသတ်ခံရနိုင်သည်မို့ ဒါကလည်း နားလည်လို့ရပါသည်။
ရန်နန်ကျူးက ဓားကို လက်ထဲမှာကိုင်ထားရင်း နဉ်ရှုကိုကြည့်လာသည်။
"မင်းက ဘယ်သူလဲ? ကုန်းဝူမေ့ ပြန်ပေးဆွဲတာ ခံထားရတာလား?"
နဉ်ရှုမှာ ခေါင်းငြိမ့်ကာဖြင့် နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်လုပ်ကြံပြောကာနီးမှာပဲ ကုန်းဝူမေ့က သူမကို သူ့လက်မောင်းတွေကြားဆွဲပွေ့လိုက်၏။ ချက်ချင်းဆိုသလိုပင် သူမမှာ ရွံစရာကောင်းလှသည့် ချဉ်စုပ်စုပ်သေးနံ့တို့ဖြင့် ရစ်ပတ်ခြင်းခံလိုက်ရသည်။ သူမက လွတ်အောင်ရုန်းဖို့ကြိုးစားပေမယ့် ကုန်းဝူမေ့က သူမကိုလွှတ်ပေးဖို့ ငြင်းဆန်နေသည်။
သူက ရန်နန်ကျူးကို အေးစက်စွာပြုံးပြလိုက်ရင်းဆို၏။
"ငါ သူ့ကိုပြန်ပေးဆွဲလာတာမဟုတ်ဘူး။ သူ့ကို ဂိုဏ်းက အမြဲပိုင်တယ်။ သူက ငါတို့ဂိုဏ်းရဲ့ မြင့်မြတ်တဲ့အပျိုစင်ပဲ။"
နဉ်ရှု : ဖူးးး...
သူမက ဘယ်လိုလုပ် နတ်ဆိုးဂိုဏ်းရဲ့ မြင့်မြတ်တဲ့အပျိုစင်ဖြစ်လာရတာလဲ?
နဉ်ရှုက ရန်နန်ကျူးဘက်လှည့်ကာ သူမရဲ့အသက်လေးက အဲ့ကိစ္စအပေါ်မူတည်နေသလိုမျိုး ခေါင်းယမ်းပြလိုက်ပေမယ့် ကုန်းဝူမေ့က သူမနားထဲတီးတိုးပြောလာသည်။
"ငါပြောသလိုမလုပ်ရင် ငါ မင်းကို အခုချက်ချင်းသတ်ပစ်မယ်။"
နဉ်ရှုက ချက်ချင်းပင်ပါးစပ်ပိတ်ကာ ရန်နန်ကျူးကို အင်မတန်ဖြူစင်ရိုးသားပြီးဖြောင့်မတ်တဲ့အကြည့်တွေနဲ့ကြည့်လိုက်လေ၏။ သို့သော်လည်း ရန်နန်ကျူးကတော့ သူမရဲ့အကြည့်ကို သဘောမပေါက်ပေ။ သူမက နတ်ဆိုးဂိုဏ်းရဲ့ မြင့်မြတ်တဲ့အပျိုစင်လို့ ကုန်းဝူမေ့ပြောတာကိုကြားလိုက်သည်နှင့် သူက နဉ်ရှုကို 'မင်းလို လှပစင်ကြယ်တဲ့မိန်းကလေးက ဘာလို့များ မကောင်းတဲ့လမ်းကို ရွေးရတာလဲ?'ဆိုတဲ့အမူအရာနဲ့ ကြည့်လာလေတော့၏။
သူ့မျက်လုံးတွေထဲက သနားမှုနဲ့စိတ်ပျက်ရွံရှာမှုတွေက နဉ်ရှုရဲ့ဘောတွေကိုနာကျင်လာစေသည်။
နဉ်ရှုမှာ သူမက လုံးဝဖြူစင်ပြီး အပြစ်ကင်းပါသည်ဆိုသည်ကို ဖော်ပြခဲ့ပါ၏။ သူက သူမကို ဘယ်လိုလုပ်ပြီးတော့များ နတ်ဆိုးဂိုဏ်းရဲ့မြင့်မြတ်တဲ့အပျိုစင်အဖြစ် မှားယွင်းသတ်မှတ်လိုက်ရတာလဲ?
"ဂိုဏ်းချုပ်၊ ကျွန်တော်တို့ဘက်က အားနည်းလာပြီ!"
ကြီးကြပ်ရေးမှူးလျိုက စိုးရိမ်နေသည့်အမူအရာဖြင့်ပြေးလာသည်။
"ဂိုဏ်းချုပ်၊ အခု ကျွန်တော်တို့ ထွက်ပြေးသင့်တယ်ထင်တယ်။"
ကုန်းဝူမေ့က သမာသမတ်ဂိုဏ်းသားတွေရဲ့တိုက်ခိုက်မှုအောက်မှာ လဲပြိုသွားရသည့် နတ်ဆိုးဂိုဏ်းသားတွေကိုကြည့်ရင်း မျက်မှောင်ကုတ်သည်။ သူက ရန်နန်ကျူးကို ခက်ထန်စွာကြည့်လိုက်ပြီးမှ ကြီးကြပ်ရေးမှူးလျိုဘက်လှည့်သည်။
"အရင်အစီအစဉ်အတိုင်းပဲဆက်လုပ်။ ဂိုဏ်းသားတွေ အပြင်ထွက်နိုင်အောင် အရင်ကူညီပေးလိုက်။"
"နားလည်ပါပြီ။"
ကြီးကြပ်ရေးမှူးလျိုက ခါးညွှတ်လိုက်ပြီးနောက် ကုန်းဝူမေ့ရဲ့ဘေးဘက်ကို ရုတ်တရက် ဓားဖြင့်ထိုးလိုက်လေ၏။ ကုန်းဝူမေ့က မသဲမကွဲညည်းညူလိုက်ရင်း ကြီးကြပ်ရေးမှူးလျိုကို လက်ဝါးရိုက်ချက်တစ်ချက်ပေးလိုက်သည်။ ကြီးကြပ်ရေးမှူးလျိုမှာ ရိုက်ချက်ကြောင့် သွေးအန်ကာ နောက်ကိုလွင့်စင်သွားရသော်လည်း ရန်နန်ကျူးက သူ့ကိုဖမ်းလိုက်သည်။
ကုန်းဝူမေ့က ဓားကိုဆွဲနှုတ်လိုက်ပြီး သူ့ဒဏ်ရာက သွေးတွေစီးကျလာသည်။ သူ့အမူအရာက အင်မတန်ပင်မှုန်မှိုင်းလို့သွား၏။
"အစ်ကိုဝူ၊ အဆင်ပြေရဲ့လား?"
ရန်နန်ကျူးက ကြီးကြပ်ရေးမှူးလျိုရဲ့ပါးစပ်ထဲ ဆေးတစ်လုံးထည့်ပေးလိုက်သည်။
ကြီးကြပ်ရေးမှူးလျိုက တင်ပျဉ်ခွေထိုင်ကာ သူ့ဒဏ်ရာကို ကုသရန်အတွက် အတွင်းအားတွေကို စတင်လှည့်ပတ်လိုက်၏။
"ဒီတော့ ခင်ဗျားက သစ္စာဖောက်ပေါ့! ခင်ဗျားကိုယုံမိတာ ကျုပ်မျက်လုံးကန်းနေလို့ပဲဖြစ်ရမယ်! ဒီတော့ ခင်ဗျားက သူလျှိုပေါ့!"
ကုန်းဝူမေ့ရဲ့အမူအရာက ဆိုးရွားလျက်ရှိသော်လည်း ရှုံးနိမ့်သွားခြင်းတစ်စွန်းတစ်စလည်းပါဝင်နေသည်။ အဆုံးမဲ့နန်းတော်က လမ်းဆုံးရောက်နေပြီဆိုသည်မှာ ရှင်းလင်းနေ၏။
ကုန်းဝူမေ့က သူ့ဒဏ်ရာက သွေးတွေထွက်နေတာကို လျစ်လျူရှုလိုက်ကာ နဉ်ရှုကို သူ့လက်မောင်းတွေကြားပွေ့ထားရင်း သံမဏိကြိုးဆီပြေးသွား၏။
အခြေအနေက ဒီလိုဖြစ်နေတာတောင်မှ ကုန်းဝူမေ့က အခုထိ သူမကို မလွှတ်ပေးသေးဘူးလား? နဉ်ရှု အင်မတန်ပင်ဆွံ့အသွားရသည်။ ကုန်းဝူမေ့က သူမကို တကယ်ကြီးတော်တော်မုန်းနေပုံပဲ။
သူမမှာ ကုန်းဝူမေ့က သူမကို သူမ ယခုကြည့်နေမိသည့် ချောက်ကြီးထဲပစ်ချလိုက်မည်ကို မစိုးရိမ်ဘဲမနေနိုင်တော့။
သူမမှာ အော်ချင်နေတာကိုတားဆီးဖို့ ပါးစောင်ကိုကိုက်ထားရ၏။
...
Zawgyi
ဒီေတာ့ ခင္ဗ်ားက သစၥာေဖာက္ေပါ့?
____________
နဉ္ရႈက ကုန္းဝူေမ့အနားမွာရပ္ကာ တိုက္ခိုက္ေနသၫ့္ႏွစ္ဖက္ကို ၾကၫ့္ေန၏။ ကုန္းဝူေမ့ရဲ့အတြင္းအားက ပိုပိုၿပီးကေမာက္ကမျဖစ္လာတာကို နဉ္ရႈ ခံစားမိေနၿပီး သူ အၾကာႀကီးေတာင့္မခံႏိုင္ေတာ့ဘူးဆိုတာ သိေနသည္။
သူက ဘာကိုမွဂရုမစိုက္ေတာ့ဘဲ သူ႔အတြင္းဒဏ္ရာေတြကိုဖိႏိွပ္ဖို႔ သူမကို အခုဒီေနရာမွာပဲ တြန္းခ်လိုက္မည္ကို သူမ ေၾကာက္ေနခဲ့ေသာ္လည္း ကုန္းဝူေမ့သည္ေတာ့ ထိုသို႔ေသာအစီအစဉ္မ်ိဳးရိွပံုမေပၚ။ သူ ခဏေလာက္ေလးစိတ္ပ်ံ့လြင့္လိုက္တာနဲ႔ အသတ္ခံရႏိုင္သည္မို႔ ဒါကလည္း နားလည္လို႔ရပါသည္။
ရန္နန္က်ူးက ဓားကို လက္ထဲမွာကိုင္ထားရင္း နဉ္ရႈကိုၾကၫ့္လာသည္။
"မင္းက ဘယ္သူလဲ? ကုန္းဝူေမ့ ျပန္ေပးဆြဲတာ ခံထားရတာလား?"
နဉ္ရႈမွာ ေခါင္းၿငိမ့္ကာျဖင့္ ေနာက္ထပ္ဇာတ္လမ္းတစ္ပုဒ္လုပ္ႀကံေျပာကာနီးမွာပဲ ကုန္းဝူေမ့က သူမကို သူ႔လက္ေမာင္းေတြၾကားဆြဲေပြ့လိုက္၏။ ခ်က္ခ်င္းဆိုသလိုပင္ သူမမွာ ရြံစရာေကာင္းလွသၫ့္ ခ်ဉ္စုပ္စုပ္ေသးနံ႔တို႔ျဖင့္ ရစ္ပတ္ျခင္းခံလိုက္ရသည္။ သူမက လြတ္ေအာင္ရုန္းဖို႔ႀကိဳးစားေပမယ့္ ကုန္းဝူေမ့က သူမကိုလႊတ္ေပးဖို႔ ျငင္းဆန္ေနသည္။
သူက ရန္နန္က်ူးကို ေအးစက္စြာၿပံဳးျပလိုက္ရင္းဆို၏။
"ငါ သူ႔ကိုျပန္ေပးဆြဲလာတာမဟုတ္ဘူး။ သူ႔ကို ဂိုဏ္းက အၿမဲပိုင္တယ္။ သူက ငါတို႔ဂိုဏ္းရဲ့ ျမင့္ျမတ္တဲ့အပ်ိဳစင္ပဲ။"
နဉ္ရႈ : ဖူးးး...
သူမက ဘယ္လိုလုပ္ နတ္ဆိုးဂိုဏ္းရဲ့ ျမင့္ျမတ္တဲ့အပ်ိဳစင္ျဖစ္လာရတာလဲ?
နဉ္ရႈက ရန္နန္က်ူးဘက္လွၫ့္ကာ သူမရဲ့အသက္ေလးက အဲ့ကိစၥအေပၚမူတည္ေနသလိုမ်ိဳး ေခါင္းယမ္းျပလိုက္ေပမယ့္ ကုန္းဝူေမ့က သူမနားထဲတီးတိုးေျပာလာသည္။
"ငါေျပာသလိုမလုပ္ရင္ ငါ မင္းကို အခုခ်က္ခ်င္းသတ္ပစ္မယ္။"
နဉ္ရႈက ခ်က္ခ်င္းပင္ပါးစပ္ပိတ္ကာ ရန္နန္က်ူးကို အင္မတန္ျဖဴစင္ရိုးသားၿပီးေျဖာင့္မတ္တဲ့အၾကည့္ေတြနဲ႔ၾကၫ့္လိုက္ေလ၏။ သို႔ေသာ္လည္း ရန္နန္က်ူးကေတာ့ သူမရဲ့အၾကၫ့္ကို သေဘာမေပါက္ေပ။ သူမက နတ္ဆိုးဂိုဏ္းရဲ့ ျမင့္ျမတ္တဲ့အပ်ိဳစင္လို႔ ကုန္းဝူေမ့ေျပာတာကိုၾကားလိုက္သည္ႏွင့္ သူက နဉ္ရႈကို 'မင္းလို လွပစင္ၾကယ္တဲ့မိန္းကေလးက ဘာလို႔မ်ား မေကာင္းတဲ့လမ္းကို ေရြးရတာလဲ?'ဆိုတဲ့အမူအရာနဲ႔ ၾကၫ့္လာေလေတာ့၏။
သူ႔မ်က္လံုးေတြထဲက သနားမႈနဲ႔စိတ္ပ်က္ရြံရွာမႈေတြက နဉ္ရႈရဲ့ေဘာေတြကိုနာက်င္လာေစသည္။
နဉ္ရႈမွာ သူမက လံုးဝျဖဴစင္ၿပီး အျပစ္ကင္းပါသည္ဆိုသည္ကို ေဖာ္ျပခဲ့ပါ၏။ သူက သူမကို ဘယ္လိုလုပ္ၿပီးေတာ့မ်ား နတ္ဆိုးဂိုဏ္းရဲ့ျမင့္ျမတ္တဲ့အပ်ိဳစင္အျဖစ္ မွားယြင္းသတ္မွတ္လိုက္ရတာလဲ?
"ဂိုဏ္းခ်ဳပ္၊ ကြၽန္ေတာ္တို႔ဘက္က အားနည္းလာၿပီ!"
ႀကီးၾကပ္ေရးမွဴးလ်ိဳက စိုးရိမ္ေနသၫ့္အမူအရာျဖင့္ေျပးလာသည္။
"ဂိုဏ္းခ်ဳပ္၊ အခု ကြၽန္ေတာ္တို႔ ထြက္ေျပးသင့္တယ္ထင္တယ္။"
ကုန္းဝူေမ့က သမာသမတ္ဂိုဏ္းသားေတြရဲ့တိုက္ခိုက္မႈေအာက္မွာ လဲၿပိဳသြားရသၫ့္ နတ္ဆိုးဂိုဏ္းသားေတြကိုၾကၫ့္ရင္း မ်က္ေမွာင္ကုတ္သည္။ သူက ရန္နန္က်ူးကို ခက္ထန္စြာၾကၫ့္လိုက္ၿပီးမွ ႀကီးၾကပ္ေရးမွဴးလ်ိဳဘက္လွၫ့္သည္။
"အရင္အစီအစဉ္အတိုင္းပဲဆက္လုပ္။ ဂိုဏ္းသားေတြ အျပင္ထြက္ႏိုင္ေအာင္ အရင္ကူညီေပးလိုက္။"
"နားလည္ပါၿပီ။"
ႀကီးၾကပ္ေရးမွဴးလ်ိဳက ခါးၫႊတ္လိုက္ၿပီးေနာက္ ကုန္းဝူေမ့ရဲ့ေဘးဘက္ကို ရုတ္တရက္ ဓားျဖင့္ထိုးလိုက္ေလ၏။ ကုန္းဝူေမ့က မသဲမကြဲညည္းၫူလိုက္ရင္း ႀကီးၾကပ္ေရးမွဴးလ်ိဳကို လက္ဝါးရိုက္ခ်က္တစ္ခ်က္ေပးလိုက္သည္။ ႀကီးၾကပ္ေရးမွဴးလ်ိဳမွာ ရိုက္ခ်က္ေၾကာင့္ ေသြးအန္ကာ ေနာက္ကိုလြင့္စင္သြားရေသာ္လည္း ရန္နန္က်ူးက သူ႔ကိုဖမ္းလိုက္သည္။
ကုန္းဝူေမ့က ဓားကိုဆြဲႏႈတ္လိုက္ၿပီး သူ႔ဒဏ္ရာက ေသြးေတြစီးက်လာသည္။ သူ႔အမူအရာက အင္မတန္ပင္မႈန္မိႈင္းလို႔သြား၏။
"အစ္ကိုဝူ၊ အဆင္ေျပရဲ့လား?"
ရန္နန္က်ူးက ႀကီးၾကပ္ေရးမွဴးလ်ိဳရဲ့ပါးစပ္ထဲ ေဆးတစ္လံုးထၫ့္ေပးလိုက္သည္။
ႀကီးၾကပ္ေရးမွဴးလ်ိဳက တင္ပ်ဉ္ေခြထိုင္ကာ သူ႔ဒဏ္ရာကို ကုသရန္အတြက္ အတြင္းအားေတြကို စတင္လွၫ့္ပတ္လိုက္၏။
"ဒီေတာ့ ခင္ဗ်ားက သစၥာေဖာက္ေပါ့! ခင္ဗ်ားကိုယံုမိတာ က်ဳပ္မ်က္လံုးကန္းေနလို႔ပဲျဖစ္ရမယ္! ဒီေတာ့ ခင္ဗ်ားက သူလ်ိႈေပါ့!"
ကုန္းဝူေမ့ရဲ့အမူအရာက ဆိုးရြားလ်က္ရိွေသာ္လည္း ရႈံးနိမ့္သြားျခင္းတစ္စြန္းတစ္စလည္းပါဝင္ေနသည္။ အဆံုးမဲ့နန္းေတာ္က လမ္းဆံုးေရာက္ေနၿပီဆိုသည္မွာ ရွင္းလင္းေန၏။
ကုန္းဝူေမ့က သူ႔ဒဏ္ရာက ေသြးေတြထြက္ေနတာကို လ်စ္လ်ူရႈလိုက္ကာ နဉ္ရႈကို သူ႔လက္ေမာင္းေတြၾကားေပြ့ထားရင္း သံမဏိႀကိဳးဆီေျပးသြား၏။
အေျခအေနက ဒီလိုျဖစ္ေနတာေတာင္မွ ကုန္းဝူေမ့က အခုထိ သူမကို မလႊတ္ေပးေသးဘူးလား? နဉ္ရႈ အင္မတန္ပင္ဆြံ႔အသြားရသည္။ ကုန္းဝူေမ့က သူမကို တကယ္ႀကီးေတာ္ေတာ္မုန္းေနပံုပဲ။
သူမမွာ ကုန္းဝူေမ့က သူမကို သူမ ယခုၾကၫ့္ေနမိသၫ့္ ေခ်ာက္ႀကီးထဲပစ္ခ်လိုက္မည္ကို မစိုးရိမ္ဘဲမေနႏိုင္ေတာ့။
သူမမွာ ေအာ္ခ်င္ေနတာကိုတားဆီးဖို႔ ပါးေစာင္ကိုကိုက္ထားရ၏။
...
Advertisement
- In Serial430 Chapters
Monroe
Discord Link Bob was a good guy. He had done everything you were supposed to do. He exercised, he kept to a healthy diet, he'd studied hard, gotten excellent grades, and was working towards his masters. Somehow, things just weren't working out for him like he'd been told they would. He was stuck in a thankless position, constantly passed over, and it seemed that the only being on earth that cared about him was his cat. Then things got worse.Never back a man into a corner unless you want to find out just how hard he can fight. Updates Saturday, Sunday, and Monday.
8 240 - In Serial103 Chapters
Meanest Mob
How much do you know about transmigration? Are our awareness of such a word, what allows us an understanding of it, or is it just our own delusion that allows us comprehension of what it truly is? It is something that I, the author himself want answers to... Alfir, my alter ego and persona, the very penname I wield shall be the protagonist of our own little story~ a story within a story. Let's watch him struggle against his fate as he plunges himself into a world that he himself wrote. We shall immerse ourselves in his manic perspective. From the third person, we shall observe what he shall become. Until he realizes the reality of I, of me, of a first perspective. When he does, will he break? Or will it be rebirth? I don't know... What I do know, is that he'll just get meaner the longer he remains ignorant of the truth.
8 222 - In Serial9 Chapters
OrcFat
I was reincarnated into another world as an orc, but wait, why am I still fat? This story is about a young man named Robert, who in his previous life was by most accounts an average person, with the exception of his terrible luck, coined by him as 'rough day Robert' or 'RDR'. One day he suffers a seemingly non-fatal injury but as his luck would have it he ends up dying regardless. Through this he has a suspicious encounter with an uknown entity that results in what can only be described as a reincarnation to another world. Despite his apprehensiveness he gives the benefit of the doubt to this weird scenario and accepts it, but to his surprise he wakes up in the body of... an orc? Is this just a sick joke or an adventure in disguise? See how Robert overcomes adversity and rewrites his own story with a new life, one hopefully with more luck than the last.
8 181 - In Serial20 Chapters
The Mentor
This one is for my daughter. She talked me into it (again) and it is her favorite genre of books. So, Bet, this one is for you. The true-bloods, the masters, they came first. That was hammered into Heath's head since he could walk with both words and fists by Karen. As a guardian and half-blood bastard of his vampire father, he would never know peace. His duty as a dhampir, his duty was clear, his fate sealed. Heath was to serve Gerald, an aging Vampire Lord, one who was of pure blood, born to the race, until Heath outlived his prime and then he would pass on the knowledge that was passed to him onto a new bastard to carry protecting the bloodline. But was it necessarily his fate? Could a sterile half breed such as himself, someone who did not exist in the human world, live anywhere in the world on the light? After a particularly nasty encounter with his Mentor, Heath is on the run. Set on not becoming the new guardian and knowing that decision has now marked him for death. The hunt is on and somewhere behind him is Joshua, the heir of his Master, and the thing that plagues his nightmare, his Mentor Karen.
8 210 - In Serial55 Chapters
Snape x reader
A new teacher comes to Hogwarts, (y/n). you where best friends with the cute kinda emo Snape but you lost contact with him after leaving school. Coming back you meet Snape again. What will happen?It follows the years which Harry Potter is in school so it's abit long...It now also includes added bonus scenes at the end, inspired from one tik tok account which is linked in he chapter it starts.
8 162 - In Serial8 Chapters
5 times Natasha helped the Avengers, 1 time they helped her
Everyone gets low at some point, Natasha helps each of the Avengers when they need her most but what will happen when she eventually needs them. 5 + 1 story.
8 85

