《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 137
Advertisement
Unicode
ငါနဲ့ရှန်းကော်ဘုရားကျောင်းကိုလိုက်ခဲ့
______________
နိဂုံးချုပ်ရရင်တော့ ရန်နန်ကျူးရဲ့ယောက်ျားပီသတဲ့နှလုံးသားလေးက ကွဲကြေသွားပြီး အရမ်းကိုစိတ်ရှုပ်ထွေးသွားရတာမို့ သူ့အူအသည်းတွေ ပြောင်းပြန်လန်သွားတော့မလိုပဲ။ သူလည်း ကုန်းဝူမေ့လို ချီစွမ်းအားမတည်မငြိမ်ဖြစ်တာနဲ့အဆုံးသတ်တော့မလိုဖြစ်သွားတယ်။
သမာသမတ်ဂိုဏ်းတွေက မသမာတဲ့ဂိုဏ်းတွေနဲ့ အတူယှဉ်တွဲပြီးနေလို့မရတာမို့ ဒီစုန်းမမုယန်မုန့်ကို မီးရှို့သတ်ရမယ်လို့ သမာသမတ်ဂိုဏ်းတွေက ပြောလာတော့တယ်။ ဒီကိစ္စကို ငြင်းခုန်ကြပြီး အဆုံးမှာတော့ ရန်နန်ကျုးက မုယန်မုန့်သေသွားရင် သူ စိတ်ရှုပ်ထွေးနေတာတွေ မရှိလောက်တော့ဘူးလို့တွေးပြီး မုယန်မုန့်ကို လွှဲပေးလိုက်တယ်။
ဒါပေမယ့် မုယန်မုန့်တစ်ယောက် တိုင်မှာကြိုးတုပ်ခံထားရပြီး မီးခိုးတွေကြောင့်အသက်ရှူကြပ်နေရင်း ဖြူဖျော့နေတဲ့မျက်နှာနဲ့ သူ့ဘက်လှည့်လာတဲ့အချိန်မှာတော့ သူ သူ့နှလုံးသားထဲက ခံစားချက်တွေကို မချိုးနှိမ်နိုင်တော့ဘဲ မုယန်မုန့်ကို ကယ်မိသွားတယ်။
သိုင်းလောက,ကလူတွေကို သူ မျက်နှာချင်းမဆိုင်နိုင်တော့ဘူးလို့ခံစားရတာကြောင့် သူက သိုင်းလောကခေါင်းဆောင်နေရာက နှုတ်ထွက်လိုက်ပြီး ဒီစုန်းမ တစ်ခြားသူတွေကို အန္တရာယ်ထပ်ပေးဖို့ ဘယ်တော့မှအခွင့်အရေးမရအောင်စောင့်ကြည့်ဖို့ ကျိန်ဆိုလိုက်တယ်။
နဉ်ရှုက ရန်နန်ကျူးကိုကြည့်ရင်း စုတ်သပ်လိုက်၏။ ဒီအမျိုးသားဇာတ်လိုက်တွေအားလုံးထဲမှာ ရန်နန်ကျူးက အားအကောင်းဆုံးကိုယ်ကျင့်တရားရှိတဲ့လူလို့ ပြောလို့ရလောက်တယ်။ သိုင်းလောကခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့သူက မိန်းမတစ်ယောက်ကို ဘယ်လိုလုပ်ပြီးတော့များ နတ်ဆိုးဂိုဏ်းချုပ်နဲ့ ဝေမျှနိုင်ရတာလဲဆိုတာကို သူမ နားမလည်နိုင်တော့ဘူး။ အဆုံးကျတော့လည်း ဒီနှစ်ယောက်က လူ့အသက်အပေါ် လုံးဝမတူညီတဲ့အမြင်တွေရှိကြတာလေ။
ကုန်းဝူမေ့က အသက်ဆိုတာမျိုးကို လုံးဝဂရုမစိုက်ဘဲ သူ့စိတ်အခြေအနေပေါ်မူတည်ပြီး လူသတ်နေချိန်မှာ ရန်နန်ကျုးကတော့ မြင့်မြတ်တဲ့ဖခင်တစ်ယောက်နဲ့နည်းနည်းတူတယ်။ ဒီလူတွေအားလုံးထဲမှာ သူက လူသားအဆန်ဆုံးပဲ။
ဒီနှစ်ယောက် ဘယ်လိုများအတူတူနေနိုင်ရလဲဆိုတာကို သူမ မတွေးတတ်တော့ဘူး။ နေ့ရှိသ၍ကိုက်နေကြပြီးတော့လား?
နဉ်ရှုက လမ်းလျှောက်နေပြီး ရန်နန်ကျူးက သူမနောက်ကလိုက်လာသည်။ အချိန်အတော်ကြာလမ်းလျှောက်လာကြပြီး အဆုံးမှာတော့ နဉ်ရှုမှာ မေးခွန်းမထုတ်ဘဲမနေနိုင်တော့ချေ။
"ရှင် ကျွန်မနောက်က ဘယ်လောက်ကြာအောင်လိုက်ဖို့ စိတ်ကူးနေတာလဲ သိုင်းလောကခေါင်းဆောင်ကြီးရှင့်?"
"ကျွန်မက ဆက်ခံခွင့်တံဆိပ်ပြားဆိုတာကြီးနဲ့ တကယ်ဘာမှမပတ်သက်ပါဘူးဆို။"
နဉ်ရှုက အကြိမ်ရေအနည်းငယ်လောက်ခုန်လိုက်သည်။
"ကြည့်၊ ဘာမှမရှိဘူး။"
ရန်နန်ကျူးက လေးနက်စွာပြန်ဖြေလာသည်။
"မင်း တစ်ခြားလူတွေကို အန္တရာယ်ပြုမှာကနေ ကာကွယ်ဖို့ ငါ မင်းကိုစောင့်ကြည့်ရမယ်။ ပြီးတော့ မင်း ငါနဲ့ ရှန်းကော်ဘုရားကျောင်းကိုလိုက်ခဲ့ရမယ်။"
"ဘာလို့တုန်း? ကျွန်မက ဘာကိစ္စ ရှန်းကော်ဘုရားကျောင်းကိုသွားသင့်တာတုန်း?"
နဉ်ရှုက မျက်ခုံးတို့ကိုတွန့်ချိုးလိုက်၏။
"ကျွန်မ ဆရာ့ကိုသွားရှာမလို့။"
"မင်းမှာ ဆရာရှိတယ်လား? နတ်ဆိုးဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ်က မသေသေးတာလား?"
ရန်နန်ကျူးရဲ့အမူအရာက စိုးရိမ်နေဟန်ပြောင်းလဲသွားသည်။
နဉ်ရှု : ...
"နတ်ဆိုးဂိုဏ်းချုပ်က ငါ့ဆရာလို့ ဒီသခင်မကြီး ဘယ်တုန်းကပြောမိလို့လဲ?"
နဉ်ရှုမှာ သူ့ကို ဒူးထောက်ချင်သွားရသည်။
"ရှင် နားလည်အောင် ကျွန်မ ဘယ်လိုများပြောရပါ့မလဲ? ကျွန်မက နတ်ဆိုးဂိုဏ်းရဲ့ မြင့်မြတ်တဲ့အပျိုစင်မဟုတ်ဘူးဆိုနေ!"
ရန်နန်ကျုးက သူမရဲ့စကားတွေကို လုံးဝကြားပုံမပေါ်ပါပေ၊ သို့မဟုတ် သူမစကားတွေကို လျစ်လျူရှုဖို့ ရွေးချယ်လိုက်တာလည်းဖြစ်နိုင်သည်။
"မင်း ငါနဲ့ ရှန်းကော်ဘုရားကျောင်းကိုလိုက်ခဲ့ရမယ်။"
နဉ်ရှု : ငါတော့ စိတ်ထဲမှာတစ်စစီလဲပြိုနေပြီ။
"ဘာလို့လဲ?"
နဉ်ရှုက အားပျော့စွာမေးသည်။
ရန်နန်ကျူးက မောပန်းသွားပုံရသည့် နဉ်ရှုကိုကြည့်ကာ နူးညံ့စွာဆိုလာသည်။
"ကုန်းဝူမေ့က မင်းကို ရှန်းကော်ဘုရားကျောင်းမှာတွေ့မယ်လို့မပြောခဲ့ဘူးလား? ငါ သူ့ကိုဖမ်းရမယ်။ ကုန်းဝူမေ့က လွှတ်ပေးထားရမှာ အန္တရာယ်များလွန်းတယ်။"
နဉ်ရှု မျက်လုံးလှန်လိုက်မိသည်။
"ကုန်းဝူမေ့က လျှောက်ပြောနေတာ။ သူက အဲ့မှာ ရှင့်ကိုတကယ်ကြီးစောင့်နေမယ်လို့ထင်တယ်ပေါ့?"
ရှင်က တကယ်ကိုချစ်စရာကောင်းလောက်အောင် ရိုးတာပဲ၊ အား။
"ဒီကိစ္စက တကယ်မဟုတ်ဘူးဆိုရင်တောင် ငါ သွားရမှာပဲ။ သူ့ကိုဖမ်းဖို့ဖြစ်နိုင်နေသမျှ ငါ သွားရလိမ့်မယ်။"
ရန်နန်ကျူးက စိတ်အားထက်သန်စွာဆိုသည်။
"မင်း ငါနဲ့လိုက်ခဲ့ရမယ်။"
ရန်နန်ကျူးကပြောသည်။
"ငါ မင်းကိုလည်းစောင့်ကြည့်ရမယ်၊ ဒါမှ မင်း အပြစ်မဲ့တဲ့လူတွေကို အန္တရာယ်မပေးနိုင်မှာ။"
ဘယ်အပြစ်မဲ့တဲ့လူကိုများ သူမ အန္တရာယ်ပေးခဲ့ဖူးလို့လဲ?
"တာ့တာ။ ကျွန်မ ဆရာ့ကိုသွားရှာရမယ်။ ရှန်းကော်ဘုရားကျောင်းကို ရှင့်ဘာသာရှင်သွား။"
နဉ်ရှုက ဝတ်ရုံစကိုမကာ ပြေးဖို့ပြင်သော်လည်း နှစ်လှမ်းမျှလှမ်းပြီးနောက်တွင်တော့ ဓားသွားဖွေးဖွေးက သူမရှေ့ပေါ်လာကာ သူမကို အတင်းရပ်ခိုင်းလေတော့သည်။
...
Zawgyi
ငါနဲ႔ရွန္းေကာ္ဘုရားေက်ာင္းကိုလိုက္ခဲ့
______________
နိဂံုးခ်ဳပ္ရရင္ေတာ့ ရန္နန္က်ူးရဲ့ေယာက္်ားပီသတဲ့ႏွလံုးသားေလးက ကြဲေၾကသြားၿပီး အရမ္းကိုစိတ္ရႈပ္ေထြးသြားရတာမို႔ သူ႔အူအသည္းေတြ ေျပာင္းျပန္လန္သြားေတာ့မလိုပဲ။ သူလည္း ကုန္းဝူေမ့လို ခ်ီစြမ္းအားမတည္မၿငိမ္ျဖစ္တာနဲ႔အဆံုးသတ္ေတာ့မလိုျဖစ္သြားတယ္။
သမာသမတ္ဂိုဏ္းေတြက မသမာတဲ့ဂိုဏ္းေတြနဲ႔ အတူယွဉ္တြဲၿပီးေနလို႔မရတာမို႔ ဒီစုန္းမမုယန္မုန႔္ကို မီးရိႈ႔သတ္ရမယ္လို႔ သမာသမတ္ဂိုဏ္းေတြက ေျပာလာေတာ့တယ္။ ဒီကိစၥကို ျငင္းခုန္ၾကၿပီး အဆံုးမွာေတာ့ ရန္နန္က်ဳးက မုယန္မုန႔္ေသသြားရင္ သူ စိတ္ရႈပ္ေထြးေနတာေတြ မရိွေလာက္ေတာ့ဘူးလို႔ေတြးၿပီး မုယန္မုန႔္ကို လႊဲေပးလိုက္တယ္။
ဒါေပမယ့္ မုယန္မုန႔္တစ္ေယာက္ တိုင္မွာႀကိဳးတုပ္ခံထားရၿပီး မီးခိုးေတြေၾကာင့္အသက္ရႉၾကပ္ေနရင္း ျဖဴေဖ်ာ့ေနတဲ့မ်က္ႏွာနဲ႔ သူ႔ဘက္လွၫ့္လာတဲ့အခ်ိန္မွာေတာ့ သူ သူ႔ႏွလံုးသားထဲက ခံစားခ်က္ေတြကို မခ်ိဳးႏိွမ္ႏိုင္ေတာ့ဘဲ မုယန္မုန႔္ကို ကယ္မိသြားတယ္။
သိုင္းေလာက,ကလူေတြကို သူ မ်က္ႏွာခ်င္းမဆိုင္ႏိုင္ေတာ့ဘူးလို႔ခံစားရတာေၾကာင့္ သူက သိုင္းေလာကေခါင္းေဆာင္ေနရာက ႏႈတ္ထြက္လိုက္ၿပီး ဒီစုန္းမ တစ္ျခားသူေတြကို အႏၲရာယ္ထပ္ေပးဖို႔ ဘယ္ေတာ့မွအခြင့္အေရးမရေအာင္ေစာင့္ၾကၫ့္ဖို႔ က်ိန္ဆိုလိုက္တယ္။
နဉ္ရႈက ရန္နန္က်ူးကိုၾကၫ့္ရင္း စုတ္သပ္လိုက္၏။ ဒီအမ်ိဳးသားဇာတ္လိုက္ေတြအားလံုးထဲမွာ ရန္နန္က်ူးက အားအေကာင္းဆံုးကိုယ္က်င့္တရားရိွတဲ့လူလို႔ ေျပာလို႔ရေလာက္တယ္။ သိုင္းေလာကေခါင္းေဆာင္ျဖစ္ခဲ့ဖူးတဲ့သူက မိန္းမတစ္ေယာက္ကို ဘယ္လိုလုပ္ၿပီးေတာ့မ်ား နတ္ဆိုးဂိုဏ္းခ်ဳပ္နဲ႔ ေဝမ်ွႏိုင္ရတာလဲဆိုတာကို သူမ နားမလည္ႏိုင္ေတာ့ဘူး။ အဆံုးက်ေတာ့လည္း ဒီႏွစ္ေယာက္က လူ႔အသက္အေပၚ လံုးဝမတူညီတဲ့အျမင္ေတြရိွၾကတာေလ။
ကုန္းဝူေမ့က အသက္ဆိုတာမ်ိဳးကို လံုးဝဂရုမစိုက္ဘဲ သူ႔စိတ္အေျခအေနေပၚမူတည္ၿပီး လူသတ္ေနခ်ိန္မွာ ရန္နန္က်ဳးကေတာ့ ျမင့္ျမတ္တဲ့ဖခင္တစ္ေယာက္နဲ႔နည္းနည္းတူတယ္။ ဒီလူေတြအားလံုးထဲမွာ သူက လူသားအဆန္ဆံုးပဲ။
ဒီႏွစ္ေယာက္ ဘယ္လိုမ်ားအတူတူေနႏိုင္ရလဲဆိုတာကို သူမ မေတြးတတ္ေတာ့ဘူး။ ေန့ရိွသ၍ကိုက္ေနၾကၿပီးေတာ့လား?
နဉ္ရႈက လမ္းေလ်ွာက္ေနၿပီး ရန္နန္က်ူးက သူမေနာက္ကလိုက္လာသည္။ အခ်ိန္အေတာ္ၾကာလမ္းေလ်ွာက္လာၾကၿပီး အဆံုးမွာေတာ့ နဉ္ရႈမွာ ေမးခြန္းမထုတ္ဘဲမေနႏိုင္ေတာ့ေခ်။
"ရွင္ ကြၽန္မေနာက္က ဘယ္ေလာက္ၾကာေအာင္လိုက္ဖို႔ စိတ္ကူးေနတာလဲ သိုင္းေလာကေခါင္းေဆာင္ႀကီးရွင့္?"
"ကြၽန္မက ဆက္ခံခြင့္တံဆိပ္ျပားဆိုတာႀကီးနဲ႔ တကယ္ဘာမွမပတ္သက္ပါဘူးဆို။"
နဉ္ရႈက အႀကိမ္ေရအနည္းငယ္ေလာက္ခုန္လိုက္သည္။
"ၾကၫ့္၊ ဘာမွမရိွဘူး။"
ရန္နန္က်ူးက ေလးနက္စြာျပန္ေျဖလာသည္။
"မင္း တစ္ျခားလူေတြကို အႏၲရာယ္ျပဳမွာကေန ကာကြယ္ဖို႔ ငါ မင္းကိုေစာင့္ၾကၫ့္ရမယ္။ ၿပီးေတာ့ မင္း ငါနဲ႔ ရွန္းေကာ္ဘုရားေက်ာင္းကိုလိုက္ခဲ့ရမယ္။"
"ဘာလို႔တုန္း? ကြၽန္မက ဘာကိစၥ ရွန္းေကာ္ဘုရားေက်ာင္းကိုသြားသင့္တာတုန္း?"
နဉ္ရႈက မ်က္ခံုးတို႔ကိုတြန႔္ခ်ိဳးလိုက္၏။
"ကြၽန္မ ဆရာ့ကိုသြားရွာမလို႔။"
"မင္းမွာ ဆရာရိွတယ္လား? နတ္ဆိုးဂိုဏ္းရဲ့ အရင္ဂိုဏ္းခ်ဳပ္က မေသေသးတာလား?"
ရန္နန္က်ူးရဲ့အမူအရာက စိုးရိမ္ေနဟန္ေျပာင္းလဲသြားသည္။
နဉ္ရႈ : ...
"နတ္ဆိုးဂိုဏ္းခ်ဳပ္က ငါ့ဆရာလို႔ ဒီသခင္မႀကီး ဘယ္တုန္းကေျပာမိလို႔လဲ?"
နဉ္ရႈမွာ သူ႔ကို ဒူးေထာက္ခ်င္သြားရသည္။
"ရွင္ နားလည္ေအာင္ ကြၽန္မ ဘယ္လိုမ်ားေျပာရပါ့မလဲ? ကြၽန္မက နတ္ဆိုးဂိုဏ္းရဲ့ ျမင့္ျမတ္တဲ့အပ်ိဳစင္မဟုတ္ဘူးဆိုေန!"
ရန္နန္က်ဳးက သူမရဲ့စကားေတြကို လံုးဝၾကားပံုမေပၚပါေပ၊ သို႔မဟုတ္ သူမစကားေတြကို လ်စ္လ်ူရႈဖို႔ ေရြးခ်ယ္လိုက္တာလည္းျဖစ္ႏိုင္သည္။
"မင္း ငါနဲ႔ ရွန္းေကာ္ဘုရားေက်ာင္းကိုလိုက္ခဲ့ရမယ္။"
နဉ္ရႈ : ငါေတာ့ စိတ္ထဲမွာတစ္စစီလဲၿပိဳေနၿပီ။
"ဘာလို႔လဲ?"
နဉ္ရႈက အားေပ်ာ့စြာေမးသည္။
ရန္နန္က်ူးက ေမာပန္းသြားပံုရသၫ့္ နဉ္ရႈကိုၾကၫ့္ကာ ႏူးညံ့စြာဆိုလာသည္။
"ကုန္းဝူေမ့က မင္းကို ရွန္းေကာ္ဘုရားေက်ာင္းမွာေတြ့မယ္လို႔မေျပာခဲ့ဘူးလား? ငါ သူ႔ကိုဖမ္းရမယ္။ ကုန္းဝူေမ့က လႊတ္ေပးထားရမွာ အႏၲရာယ္မ်ားလြန္းတယ္။"
နဉ္ရႈ မ်က္လံုးလွန္လိုက္မိသည္။
"ကုန္းဝူေမ့က ေလ်ွာက္ေျပာေနတာ။ သူက အဲ့မွာ ရွင့္ကိုတကယ္ႀကီးေစာင့္ေနမယ္လို႔ထင္တယ္ေပါ့?"
ရွင္က တကယ္ကိုခ်စ္စရာေကာင္းေလာက္ေအာင္ ရိုးတာပဲ၊ အား။
"ဒီကိစၥက တကယ္မဟုတ္ဘူးဆိုရင္ေတာင္ ငါ သြားရမွာပဲ။ သူ႔ကိုဖမ္းဖို႔ျဖစ္ႏိုင္ေနသမ်ွ ငါ သြားရလိမ့္မယ္။"
ရန္နန္က်ူးက စိတ္အားထက္သန္စြာဆိုသည္။
"မင္း ငါနဲ႔လိုက္ခဲ့ရမယ္။"
ရန္နန္က်ူးကေျပာသည္။
"ငါ မင္းကိုလည္းေစာင့္ၾကၫ့္ရမယ္၊ ဒါမွ မင္း အျပစ္မဲ့တဲ့လူေတြကို အႏၲရာယ္မေပးႏိုင္မွာ။"
ဘယ္အျပစ္မဲ့တဲ့လူကိုမ်ား သူမ အႏၲရာယ္ေပးခဲ့ဖူးလို႔လဲ?
"တာ့တာ။ ကြၽန္မ ဆရာ့ကိုသြားရွာရမယ္။ ရွန္းေကာ္ဘုရားေက်ာင္းကို ရွင့္ဘာသာရွင္သြား။"
နဉ္ရႈက ဝတ္ရံုစကိုမကာ ေျပးဖို႔ျပင္ေသာ္လည္း ႏွစ္လွမ္းမ်ွလွမ္းၿပီးေနာက္တြင္ေတာ့ ဓားသြားေဖြးေဖြးက သူမေရ႔ွေပၚလာကာ သူမကို အတင္းရပ္ခိုင္းေလေတာ့သည္။
...
Advertisement
- In Serial34 Chapters
Armored
600 years have passed since the fall of civilization. The earth went through massive changes and core beasts now reign supreme. All that still exists of mankind are ruins and a scattering of walled cities. Festering pits of the worst humanity has to offer, protected by "knights" clad in a mech-like technology called armor. Nobles rule over everyone, little more than warlords. The middle class wants to make a buck and become nobles. And the rats want to survive. But everyone wants a piece of the ancient technology lost to mankind hundreds of years ago. Find one piece and it could change your life forever. For better or worse. This is my second attempt at a story. I haven't been writing for more than 3 or 4 months all combined. I hope to improve as I go. This is first and foremost a learning experience for me.
8 167 - In Serial6 Chapters
The Dungeon Traveler
I spent most of my life trying to get by with whatever happiness I could, that included alcohol, food, and porn.My death was unpleasant and humiliating. However, death is something we all need to go through. A bit like a proctology exam; necessary but never anything one wants to go through while it's happening.However, death was supposed to be the end of it. Either way, the pain, suffering, and failures were supposed to be over. I was supposed to wink out, or perhaps take a trip to a lovely afterlife!No, I ended up as a small stone, strapped to a table, while a pimple-faced teenager rubbed my facets and told me how 'lovely' I was. Last time I checked, birth wasn't supposed to be as embarrassing as death!Life as a dungeon core isn't all bad. I like watching lizard love triangles and snooping on militaristic dwarves; though there is that issue where I'm trying to free myself from the entanglements of the Gods....ok, yeah that last one is a bit of a problem. Completed and available on Amazon
8 89 - In Serial8 Chapters
Blended (Beastars Cafe AU)
It was a pretty slow day at Legosi's small cafe. The light chatters of the animals inside were a calming white noise to Legosi's ears. And with the aroma of coffee drifting through the air, it made for quite a relaxing atmosphere in the cafe.Everything was like usual. At least, until a certain red deer came, that is.~~~~~The cover art is by Nekokat. Check them out! I love their drawing :pI posted this story first on AO3, but since I have an account here I might as well share it here. So here you go! Happy reading~!(Heads up, Chapter 7 & 8 are more like side stories featuring Durguno and Gosha/Yahya)
8 53 - In Serial18 Chapters
Eat me (erotic series #2)
Thea Villaflor and her fianceé Direck Zaragosa we're broke up because of one night mistake. Kahit ilang taon na ang lumipas ay mahal pa rin ni thea ang binata hindi niya magawang mag hanap ng ibang lalaking mamahalin niya ng higit kay direck. Ika nga ng matatanda kapag kayo ang para sa isa't isa kayo talaga kahit na anong pananakit ang gawin ng partner mo kung mahal mo mapapatawad mo. Mapapatawad kaya ni thea ang ating papa direck?
8 96 - In Serial80 Chapters
The Healer Demands Payment!
THIS STORY IS NOT MINEFOR OFFLINE READING PURPOSES ONLY我們醫修救人要錢Author: Tang Shan Yue 糖山月Translation from: Aerial Rain(aerialrain.com)In the past, there was a small cannon fodder who wholeheartedly dedicated herself to the medicinal path.Only after dying once did she learned that even if she was brilliant, she could only be an insignificant side character used to emphasize the female lead's limelight. Any relationship with the male lead and other supporting male characters would bring her bad luck.When going out to collect some medicinal herbs in Qingfeng Valley, she kindly rescued a male side character. The man woke up and saw the female lead and became eternally grateful to her instead. He thought that the monster that hurt him was brought by the small cannon fodder so she was punished.The cycle repeated and eventually everyone she saved blindly loved the righteous female lead. Ultimately she was killed by one of the men who was entangled with the female lead.......So after her rebirth, she began to firmly adhere to the principle of 'pay me first, then I'll cure you'.Male cannon fodders who love the female lead, charge them triple fee!Male side characters who ambiguously entangled with the female lead, charge them 10 times!Male lead, the most important one, charged him 100 times!She single heartedly insisted on using money to distance herself from those men and drew a clear boundary between them. But her ability was too high, that the male lead and side characters from all over the world always came to her for help...She finally became the richest person in cultivation world!***If you can, please read this on (aerialrain.com) and support the translator❤.
8 143 - In Serial37 Chapters
Who Let The Vamps Out? (Boyxboy) ✔
*COMPLETED* (08.05.20)Noah Sorin is a 17-year-old genius who is sent on a mission to the Elite high school, Bran Prep High.His investigation? Vampires. What happens when Noah stumbles upon Aleksei Maksim Griffon, a vampire with beautiful pale skin, unruly raven-hair and eyes as blue as the ocean? "Don't fall in love with a vamp," they'd warned him."I won't," was what he said. But a story of heartbreak, forbidden love, and undying passion unravels as he discovers the secrets of the supernatural.***This book is a boy x boy story.Best ranking:#58 gay : 01.12.20#102 fiction (04.05.20)#69 featured (04.05.20)#10 lgbt (15.05.20)#10 lbtq (15.05.20#92 supernatural#75 featured (03.05.20)#94 vampire#89 teenfiction#4 supernatural (15.10.20)Rankings: #fiction #featured #queer #gay#depression#bl#youngadult#featured #comedy#bisexual #manxman#teen fiction #boyxboy #bxb #LGBT #romance#vampire#supernatural#werewolf
8 194

