《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 139
Advertisement
Unicode
ကျေးဇူးပြုပြီး ကျွန်မကိုကယ်ပါဦး သိုင်းလောကခေါင်းဆောင်ကြီး!________________
နဉ်ရှုမှာ ရန်နန်ကျုးက သူမကို ရှန်းကော်ဘုရားကျောင်းဆီသွားစေချင်နေပြီး သူမကလည်း အဲ့ဘုရားကျောင်းဘယ်မှာရှိတယ်ဆိုတာမသိတာကြောင့် သူနဲ့တကယ်ကိုမနေချင်ပါပေ။ ရက်အတော်ကြာလမ်းလျှောက်ပြီးနောက်မှာတော့ သူမခြေထောက်အနှံ့မှာ အရည်ကြည်ဖုတွေထလာတာမို့ နဉ်ရှု လမ်းမလျှောက်နိုင်တော့ချေ။
ရန်နန်ကျူးက သူမကို သဘောမကျလို့ ရည်ရွယ်ချက်ရှိရှိနှိပ်စက်နေတာဆိုပြီး သူမ သံသယဝင်လာသည်။
"ဘာလို့ မြင်းလှည်းမငှားတာလဲ?"
နဉ်ရှုက အသက်ပြင်းပြင်းရှူရင်းမေးသည်။
ရန်နန်ကျူးက အမူအရာကင်းမဲ့စွာဖြင့် သူ့မျက်နှာပေါ်ကချွေးစက်တစ်ချို့ကိုသုတ်၏။
"ငါ အလောတကြီးထွက်လာလို့ ပိုက်ဆံယူဖို့မေ့ခဲ့တယ်။ ပြီးတော့ ငါတို့က နတ်ဆိုးဂိုဏ်းကိုသုတ်သင်ဖို့ ထွက်လာကြတာလေ၊ ဘာကိစ္စ ပိုက်ဆံယူလာရမှာလဲ?"
နဉ်ရှု : "ဘာလို့ ပိုက်ဆံနည်းနည်းလောက်ရအောင် ဖျော်ဖြေမှုလေးတစ်ချို့မလုပ်တာလဲ? ကျွန်မတို့တွေ ဆွေမျိုးတွေဆီအလည်သွားနေတုန်း ပိုက်ဆံပြတ်သွားတဲ့မောင်နှမတွေလို ဟန်ဆောင်လို့ရတာပဲ။ ရှင် ဓားသိုင်းကစားပြလို့ရတယ်။ ရှင် ကြည့်ကောင်းအောင်ကစားပြရင် ကျွန်မတို့ ခရီးသွားဖို့ငွေနည်းနည်းတော့ရမှာပဲလေ။"
ရန်နန်ကျူးက အထက်စီးဆန်ကာပြတ်သားသည့်အမူအရာဖြင့်ပြန်ဖြေ၏။
"သိုင်းပညာက သိုင်းလောကရဲ့တည်ငြိမ်မှုကိုကာကွယ်ဖို့သုံးတာ၊ ဒီလိုကိစ္စမျိုးအတွက်မဟုတ်ဘူး။ ငါက သိုင်းလောကခေါင်းဆောင်၊ သိုင်းလောကရဲ့ဂုဏ်သတင်းကို နိမ့်ကျစေမယ့်ကိစ္စတွေမလုပ်နိုင်ဘူး။"
နဉ်ရှု : ...
သူက အရမ်းဖြောင့်မတ်လွန်းလို့ လုံးဝလိုက်လျောညီထွေမရှိဘူး၊ တကယ်ပါပဲ!
"ပြီးတော့ ဒီလိုဆို မင်းလည်း သာမန်လူတွေရဲ့ဘဝကို ခံစားနိုင်ပြီး သာမန်လူတွေအတွက် ဘဝက ဘယ်လောက်တောင်ခက်ခဲတယ်ဆိုတာ သိနိုင်တာပေါ့။ မင်းတို့နတ်ဆိုးဂိုဏ်းကလူတွေက သာမန်လူတွေက အပြစ်မရှိတာတောင် မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်တတ်ကြတာ။"
ရန်နန်ကျူးက နဉ်ရှုကိုကြည့်လာသည်။
"မင်းစိတ်ထားလေးက မဆိုးပါဘူး၊ ဘာလို့ နတ်ဆိုးဂိုဏ်းရဲ့မြင့်မြတ်တဲ့အပျိုစင်လုပ်ဖို့ရွေးချယ်ပြီး မကောင်းတဲ့ဘက်ကိုကူညီရတာလဲ?"
နဉ်ရှု : ...
ထွက်သွားစမ်း။ ငါ နင့်ကို စကားမပြောချင်ဘူး။
နဉ်ရှုတစ်ယောက် ရှန်းကော်ဘုရားကျောင်းရှိရာ တောင်ခြေကိုရောက်ချိန်မှာတော့ သူမမှာ ချိုင်းထောက်နှင့်ဖြစ်နေပြီဖြစ်ကာ သူမရဲ့ဖိနပ်တွေကလည်း စုတ်ပြဲနေတာမို့ ခြေချောင်းလေးသုံးချောင်းပင်ထွက်နေ၏။ သူမရဲ့မျက်နှာမှာ ဖုန်တွေကပ်နေပြီး လုံးဝသနားစရာကောင်းနေတော့သည်။
နဉ်ရှုမှာ အင်မတန်မှပင်ခါးသီးလို့နေ၏။ ဒါက တိုက်ခိုက်နိုင်စွမ်းမရှိတာရဲ့ရလဒ်ပဲ။ သူမသာ သိုင်းတတ်ရင် ရန်နန်ကျူးနဲ့ယှဉ်တိုက်ပြီး အေးအေးဆေးဆေးလေးထွက်သွားလို့ရတယ်။ ရှန်းကော်ဘုရားကျောင်းကိုရောက်ဖို့ သူနဲ့အတူ ခရီးရှည်ကြီးသွားပြီး ဒုက္ခခံရမှာမဟုတ်ဘူး။
"သူ မင်းကို ဘယ်နားမှာတွေ့ချင်တယ်လို့ ကုန်းဝူမေ့ပြောခဲ့လဲ?"
ရန်နန်ကျူးကမေးသည်။ လက်ရှိတွင်တော့ သူသည်လည်း အင်မတန်သနားစရာကောင်းသည့်အနေအထားတွင်ရှိနေ၏။ သူ့ရဲ့အပြာရောင်သိုင်းဝတ်စုံက ရွှံ့တွေပေလူးနေပြီး သူ့ဖိနပ်ကလည်း အရမ်းကိုညစ်ပတ်နေတာမို့ နဂိုအရောင်ကိုပင်မပြောနိုင်တော့။ သူ့ဆံပင်တွေကလည်း ညစ်ပတ်နေပြီး ဆံပင်မျှင်တွေအားလုံးက စုကပ်လုံးထွေးနေကြသည်။
နဉ်ရှုက နူးညံ့စွာဆိုလေ၏။
"ကုန်းဝူမေ့က ကျွန်မတို့ ဘယ်မှာတွေ့ကြမယ်ဆိုတာကို ဘာမှမပြောခဲ့ဘူးရယ်။ ကျွန်မတို့ ရှန်းကော်ဘုရားကျောင်းမှာပဲ စောင့်ကြရမှာလားပဲ။"
ရန်နန်ကျူးက ခေါင်းငြိမ့်လိုက်ပြီးနောက် နဉ်ရှုကိုမေးသည်။
"ကုန်းဝူမေ့လာရင် မင်း ကုန်းဝူမေ့နဲ့ထွက်သွားပြီး သူ မကောင်းမှုတွေကျုးလွန်တာကို ဆက်ကူညီပေးနေဦးမှာလား?"
နဉ်ရှုက ချက်ချင်းပင်လက်ထောင်ကာ ကျိန်ဆိုသည်။
"ကျွန်မ ကုန်းဝူမေ့ကို မကောင်းမှုတွေကျူးလွန်ဖို့ ဘယ်တော့မှမကူညီတော့ဘဲ နတ်ဆိုးဂိုဏ်းကိုလည်း မပြန်တော့ဘူးလို့ ကျိန်ဆိုပါတယ်။ မဟုတ်ရင် ကျွန်မ အသေဆိုးနဲ့သေပါစေ။ သိုင်းလောကခေါင်းဆောင်၊ ဒါဆို ရပြီလား?"
နဉ်ရှုမှာ ဒီကိုလာတဲ့လမ်းတစ်လျှောက်လုံး အကြိမ်ပေါင်းမရေနိုင်အောင် ထပ်ကာထပ်ကာ ကျိန်ဆိုခဲ့ရပြီးပြီဖြစ်သည်။
သူတို့က ရှန်းကော်ဘုရားကျောင်းမှာ အခန်းတစ်ခန်းရလိုက်တာမို့ နဉ်ရှုက သူမခြေထောက်ပေါ်က အရည်ကြည်ဖုတွေကိုဖောက်ဖို့ အပ်တစ်ချောင်းထုတ်လိုက်သည်။ တံခါးက ရုတ်တရက်ကန်ဖွင့်ခံလိုက်ရတာမို့ နဉ်ရှုရဲ့လက်မှာ တုန်သွားရပြီး အသားကိုထိုးမိလေတော့၏။
ဘာလားဟ? နဉ်ရှုမှာ ဒေါသတကြီးမော့ကြည့်လိုက်မိပြီး ကုန်းဝူမေ့တစ်ယောက် တံခါးဝမှာရပ်နေသည်ကိုသာတွေ့လိုက်ရ၏။ သူ့အော်ရာက ရှုပ်ထွေးကာ ကမောက်ကမဖြစ်နေသည်။ သူ့နှုတ်ခမ်းတွေက ခရမ်းရောင်သမ်းနေပြီး သူ့မျက်လုံးတွေက ပေါက်ထွက်တော့မတတ်နီရဲနေ၏။
"စုန်းမ! မင်း ငါ့ကို တကယ်ပဲအဆိပ်ခတ်ရဲတယ်!"
ကုန်းဝူမေ့ရဲ့အသံက သွေးပျက်ချင်စရာကောင်းလောက်အောင်အေးစက်နေ၏။
"ကျေးဇူးပြုပြီး ကျွန်မကိုကယ်ပါဦး သိုင်းလောကခေါင်းဆောင်!"
နဉ်ရှုက အော်သည်။ ကုန်းဝူမေ့ တကယ်ကြီး ရှန်းကော်ဘုရားကျောင်းကိုလာလိမ့်မယ်လို့ သူမ တစ်ခါမှမတွေးမိခဲ့။ သို့သော်လည်း ကုန်းဝူမေ့ သူမကိုလည်ပင်းညှစ်တုန်းက သူမ သူ့ကိုအဆိပ်ခတ်ခဲ့တာမို့ အခု အဆိပ်က ဆေးစွမ်းပြနေပြီဖြစ်တာကြောင့် သူ သူမကို ဒီမှာစောင့်နေတာ ယုတ္တိရှိသည်။ သူမတော့ တကယ်ကြီးထောင်ချောက်ထဲတည့်တည့်သွားမိတာပဲ။
"ငါ့ကို ဖြေဆေးပေး၊ မဟုတ်ရင် ငါ မင်းကိုသတ်မယ်။"
ကုန်းဝူမေ့က အထဲဝင်လာကာ သူမလည်ပင်းကိုဆုပ်ကိုင်ဖို့ လက်လှမ်းသည်။
အခုလေးတင်ရေချိုးပြီးသွားတဲ့ရန်နန်ကျူးက ဆံပင်ဖျားကနေ ရေတွေစီးကျနေလျက်နှင့်ပင် ပြေးဝင်လာ၏။ သူ ကုန်းဝူမေ့ကိုမြင်သည်၌ သူတို့က ချက်ချင်းပင်တိုက်ခိုက်ကြတော့သည်။ နဉ်ရှုက ငုံ့ကာလျှိုးကာဖြင့် ထွက်ပြေးရန်ပြင်လေ၏။ နင်တို့တိုက်ကြ၊ အနည်းဆုံး တစ်ယောက်တော့သေမှာပဲ။
"စုန်းမ! အဲ့မှာရပ်လိုက်စမ်း!"
ကုန်းတူမေ့က နဉ်ရှု ပြေးဖို့ကြိုးစားနေသည်ကိုမြင်သွားကာ ရန်နန်ကျူးရဲ့တိုက်ခိုက်မှုတွေကိုရှောင်ရင်း သူမဆီလာဖို့ကြိုးစား၏။
နဉ်ရှုကတော့ နောက်ကိုပင်လှည့်မကြည့်တော့ဘဲ ပြေးလေ၏။
...
Zawgyi
ေက်းဇူးျပဳျပီး ကြၽန္မကိုကယ္ပါဦး သိုင္းေလာကေခါင္းေဆာင္ႀကီး!________________
နဉ္ရႈမွာ ရန္နန္က်ဳးက သူမကို ရွန္းေကာ္ဘုရားေက်ာင္းဆီသြားေစခ်င္ေနၿပီး သူမကလည္း အဲ့ဘုရားေက်ာင္းဘယ္မွာရိွတယ္ဆိုတာမသိတာေၾကာင့္ သူနဲ႔တကယ္ကိုမေနခ်င္ပါေပ။ ရက္အေတာ္ၾကာလမ္းေလ်ွာက္ၿပီးေနာက္မွာေတာ့ သူမေျခေထာက္အႏွံ႔မွာ အရည္ၾကည္ဖုေတြထလာတာမို႔ နဉ္ရႈ လမ္းမေလ်ွာက္ႏိုင္ေတာ့ေခ်။
ရန္နန္က်ူးက သူမကို သေဘာမက်လို႔ ရည္ရြယ္ခ်က္ရိွရိွႏိွပ္စက္ေနတာဆိုၿပီး သူမ သံသယဝင္လာသည္။
"ဘာလို႔ ျမင္းလွည္းမငွားတာလဲ?"
နဉ္ရႈက အသက္ျပင္းျပင္းရႉရင္းေမးသည္။
ရန္နန္က်ူးက အမူအရာကင္းမဲ့စြာျဖင့္ သူ႔မ်က္ႏွာေပၚကေခြၽးစက္တစ္ခ်ိဳ႕ကိုသုတ္၏။
"ငါ အေလာတႀကီးထြက္လာလို႔ ပိုက္ဆံယူဖို႔ေမ့ခဲ့တယ္။ ၿပီးေတာ့ ငါတို႔က နတ္ဆိုးဂိုဏ္းကိုသုတ္သင္ဖို႔ ထြက္လာၾကတာေလ၊ ဘာကိစၥ ပိုက္ဆံယူလာရမွာလဲ?"
Advertisement
နဉ္ရႈ : "ဘာလို႔ ပိုက္ဆံနည္းနည္းေလာက္ရေအာင္ ေဖ်ာ္ေျဖမႈေလးတစ္ခ်ိဳ႕မလုပ္တာလဲ? ကြၽန္မတို႔ေတြ ေဆြမ်ိဳးေတြဆီအလည္သြားေနတုန္း ပိုက္ဆံျပတ္သြားတဲ့ေမာင္ႏွမေတြလို ဟန္ေဆာင္လို႔ရတာပဲ။ ရွင္ ဓားသိုင္းကစားျပလို႔ရတယ္။ ရွင္ ၾကၫ့္ေကာင္းေအာင္ကစားျပရင္ ကြၽန္မတို႔ ခရီးသြားဖို႔ေငြနည္းနည္းေတာ့ရမွာပဲေလ။"
ရန္နန္က်ူးက အထက္စီးဆန္ကာျပတ္သားသၫ့္အမူအရာျဖင့္ျပန္ေျဖ၏။
"သိုင္းပညာက သိုင္းေလာကရဲ့တည္ၿငိမ္မႈကိုကာကြယ္ဖို႔သံုးတာ၊ ဒီလိုကိစၥမ်ိဳးအတြက္မဟုတ္ဘူး။ ငါက သိုင္းေလာကေခါင္းေဆာင္၊ သိုင္းေလာကရဲ့ဂုဏ္သတင္းကို နိမ့္က်ေစမယ့္ကိစၥေတြမလုပ္ႏိုင္ဘူး။"
နဉ္ရႈ : ...
သူက အရမ္းေျဖာင့္မတ္လြန္းလို႔ လံုးဝလိုက္ေလ်ာညီေထြမရိွဘူး၊ တကယ္ပါပဲ!
"ၿပီးေတာ့ ဒီလိုဆို မင္းလည္း သာမန္လူေတြရဲ့ဘဝကို ခံစားႏိုင္ၿပီး သာမန္လူေတြအတြက္ ဘဝက ဘယ္ေလာက္ေတာင္ခက္ခဲတယ္ဆိုတာ သိႏိုင္တာေပါ့။ မင္းတို႔နတ္ဆိုးဂိုဏ္းကလူေတြက သာမန္လူေတြက အျပစ္မရိွတာေတာင္ မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ လူသတ္တတ္ၾကတာ။"
ရန္နန္က်ူးက နဉ္ရႈကိုၾကၫ့္လာသည္။
"မင္းစိတ္ထားေလးက မဆိုးပါဘူး၊ ဘာလို႔ နတ္ဆိုးဂိုဏ္းရဲ့ျမင့္ျမတ္တဲ့အပ်ိဳစင္လုပ္ဖို႔ေရြးခ်ယ္ၿပီး မေကာင္းတဲ့ဘက္ကိုကူညီရတာလဲ?"
နဉ္ရႈ : ...
ထြက္သြားစမ္း။ ငါ နင့္ကို စကားမေျပာခ်င္ဘူး။
နဉ္ရႈတစ္ေယာက္ ရွန္းေကာ္ဘုရားေက်ာင္းရိွရာ ေတာင္ေျခကိုေရာက္ခ်ိန္မွာေတာ့ သူမမွာ ခ်ိဳင္းေထာက္ႏွင့္ျဖစ္ေနၿပီျဖစ္ကာ သူမရဲ့ဖိနပ္ေတြကလည္း စုတ္ၿပဲေနတာမို႔ ေျခေခ်ာင္းေလးသံုးေခ်ာင္းပင္ထြက္ေန၏။ သူမရဲ့မ်က္ႏွာမွာ ဖုန္ေတြကပ္ေနၿပီး လံုးဝသနားစရာေကာင္းေနေတာ့သည္။
နဉ္ရႈမွာ အင္မတန္မွပင္ခါးသီးလို႔ေန၏။ ဒါက တိုက္ခိုက္ႏိုင္စြမ္းမရိွတာရဲ့ရလဒ္ပဲ။ သူမသာ သိုင္းတတ္ရင္ ရန္နန္က်ူးနဲ႔ယွဉ္တိုက္ၿပီး ေအးေအးေဆးေဆးေလးထြက္သြားလို႔ရတယ္။ ရွန္းေကာ္ဘုရားေက်ာင္းကိုေရာက္ဖို႔ သူနဲ႔အတူ ခရီးရွည္ႀကီးသြားၿပီး ဒုကၡခံရမွာမဟုတ္ဘူး။
"သူ မင္းကို ဘယ္နားမွာေတြ့ခ်င္တယ္လို႔ ကုန္းဝူေမ့ေျပာခဲ့လဲ?"
ရန္နန္က်ူးကေမးသည္။ လက္ရိွတြင္ေတာ့ သူသည္လည္း အင္မတန္သနားစရာေကာင္းသၫ့္အေနအထားတြင္ရိွေန၏။ သူ႔ရဲ့အျပာေရာင္သိုင္းဝတ္စံုက ရႊံ႔ေတြေပလူးေနၿပီး သူ႔ဖိနပ္ကလည္း အရမ္းကိုညစ္ပတ္ေနတာမို႔ နဂိုအေရာင္ကိုပင္မေျပာႏိုင္ေတာ့။ သူ႔ဆံပင္ေတြကလည္း ညစ္ပတ္ေနၿပီး ဆံပင္မ်ွင္ေတြအားလံုးက စုကပ္လံုးေထြးေနၾကသည္။
နဉ္ရႈက ႏူးညံ့စြာဆိုေလ၏။
"ကုန္းဝူေမ့က ကြၽန္မတို႔ ဘယ္မွာေတြ့ၾကမယ္ဆိုတာကို ဘာမွမေျပာခဲ့ဘူးရယ္။ ကြၽန္မတို႔ ရွန္းေကာ္ဘုရားေက်ာင္းမွာပဲ ေစာင့္ၾကရမွာလားပဲ။"
ရန္နန္က်ူးက ေခါင္းၿငိမ့္လိုက္ၿပီးေနာက္ နဉ္ရႈကိုေမးသည္။
"ကုန္းဝူေမ့လာရင္ မင္း ကုန္းဝူေမ့နဲ႔ထြက္သြားၿပီး သူ မေကာင္းမႈေတြက်ဳးလြန္တာကို ဆက္ကူညီေပးေနဦးမွာလား?"
နဉ္ရႈက ခ်က္ခ်င္းပင္လက္ေထာင္ကာ က်ိန္ဆိုသည္။
"ကြၽန္မ ကုန္းဝူေမ့ကို မေကာင္းမႈေတြက်ူးလြန္ဖို႔ ဘယ္ေတာ့မွမကူညီေတာ့ဘဲ နတ္ဆိုးဂိုဏ္းကိုလည္း မျပန္ေတာ့ဘူးလို႔ က်ိန္ဆိုပါတယ္။ မဟုတ္ရင္ ကြၽန္မ အေသဆိုးနဲ႔ေသပါေစ။ သိုင္းေလာကေခါင္းေဆာင္၊ ဒါဆို ရၿပီလား?"
နဉ္ရႈမွာ ဒီကိုလာတဲ့လမ္းတစ္ေလ်ွာက္လံုး အႀကိမ္ေပါင္းမေရႏိုင္ေအာင္ ထပ္ကာထပ္ကာ က်ိန္ဆိုခဲ့ရၿပီးၿပီျဖစ္သည္။
သူတို႔က ရွန္းေကာ္ဘုရားေက်ာင္းမွာ အခန္းတစ္ခန္းရလိုက္တာမို႔ နဉ္ရႈက သူမေျခေထာက္ေပၚက အရည္ၾကည္ဖုေတြကိုေဖာက္ဖို႔ အပ္တစ္ေခ်ာင္းထုတ္လိုက္သည္။ တံခါးက ရုတ္တရက္ကန္ဖြင့္ခံလိုက္ရတာမို႔ နဉ္ရႈရဲ့လက္မွာ တုန္သြားရၿပီး အသားကိုထိုးမိေလေတာ့၏။
ဘာလားဟ? နဉ္ရႈမွာ ေဒါသတႀကီးေမာ့ၾကၫ့္လိုက္မိၿပီး ကုန္းဝူေမ့တစ္ေယာက္ တံခါးဝမွာရပ္ေနသည္ကိုသာေတြ့လိုက္ရ၏။ သူ႔ေအာ္ရာက ရႈပ္ေထြးကာ ကေမာက္ကမျဖစ္ေနသည္။ သူ႔ႏႈတ္ခမ္းေတြက ခရမ္းေရာင္သမ္းေနၿပီး သူ႔မ်က္လံုးေတြက ေပါက္ထြက္ေတာ့မတတ္နီရဲေန၏။
"စုန္းမ! မင္း ငါ့ကို တကယ္ပဲအဆိပ္ခတ္ရဲတယ္!"
ကုန္းဝူေမ့ရဲ့အသံက ေသြးပ်က္ခ်င္စရာေကာင္းေလာက္ေအာင္ေအးစက္ေန၏။
"ေက်းဇူးျပဳျပီး ကြၽန္မကိုကယ္ပါဦး သိုင္းေလာကေခါင္းေဆာင္!"
နဉ္ရႈက ေအာ္သည္။ ကုန္းဝူေမ့ တကယ္ႀကီး ရွန္းေကာ္ဘုရားေက်ာင္းကိုလာလိမ့္မယ္လို႔ သူမ တစ္ခါမွမေတြးမိခဲ့။ သို႔ေသာ္လည္း ကုန္းဝူေမ့ သူမကိုလည္ပင္းၫွစ္တုန္းက သူမ သူ႔ကိုအဆိပ္ခတ္ခဲ့တာမို႔ အခု အဆိပ္က ေဆးစြမ္းျပေနၿပီျဖစ္တာေၾကာင့္ သူ သူမကို ဒီမွာေစာင့္ေနတာ ယုတၲိရိွသည္။ သူမေတာ့ တကယ္ႀကီးေထာင္ေခ်ာက္ထဲတၫ့္တၫ့္သြားမိတာပဲ။
"ငါ့ကို ေျဖေဆးေပး၊ မဟုတ္ရင္ ငါ မင္းကိုသတ္မယ္။"
ကုန္းဝူေမ့က အထဲဝင္လာကာ သူမလည္ပင္းကိုဆုပ္ကိုင္ဖို႔ လက္လွမ္းသည္။
အခုေလးတင္ေရခ်ိဳးၿပီးသြားတဲ့ရန္နန္က်ူးက ဆံပင္ဖ်ားကေန ေရေတြစီးက်ေနလ်က္ႏွင့္ပင္ ေျပးဝင္လာ၏။ သူ ကုန္းဝူေမ့ကိုျမင္သည္၌ သူတို႔က ခ်က္ခ်င္းပင္တိုက္ခိုက္ၾကေတာ့သည္။ နဉ္ရႈက ငံု႔ကာလ်ိႈးကာျဖင့္ ထြက္ေျပးရန္ျပင္ေလ၏။ နင္တို႔တိုက္ၾက၊ အနည္းဆံုး တစ္ေယာက္ေတာ့ေသမွာပဲ။
"စုန္းမ! အဲ့မွာရပ္လိုက္စမ္း!"
ကုန္းတူေမ့က နဉ္ရႈ ေျပးဖို႔ႀကိဳးစားေနသည္ကိုျမင္သြားကာ ရန္နန္က်ူးရဲ့တိုက္ခိုက္မႈေတြကိုေရွာင္ရင္း သူမဆီလာဖို႔ႀကိဳးစား၏။
နဉ္ရႈကေတာ့ ေနာက္ကိုပင္လွၫ့္မၾကၫ့္ေတာ့ဘဲ ေျပးေလ၏။
...
Advertisement
- In Serial423 Chapters
Level Up Legacy
A Legacy rune that can use the life energy of the enemies you have slain to strengthen your body.
8 4454 - In Serial7 Chapters
Rinnegan Wielder In Another World
Neville suddenly wakes up in a stange and unkown place. Then, he finds out that he has the Rinnegan, the most powerful of the three great dojutsu in the Naruto world. With his newfound power, Neville sets out to explore this new world he has appeared in, encountering formidable enemies and peerless beauties.
8 107 - In Serial39 Chapters
Technomage
Captain Michael de Graaf returns home to the capital after a long mission abroad. Upon his return, however, he does not get much rest. On his first day, he is assigned to a new mission. In one of the States, Captain Crocan is murdered, and the investigator which sent after him is missing. Follow Mike's journey in a world that bears some resemblance to our Earth and his investigation that will affect the fate of many on this planet. Author here. This is my first book. So, you can expect inaccuracies and mistakes in the text. Especially since my native language is not English. What won't be in the book: harem, system, Isekai, and romance. What will be: slice of life, magical realism, politics, investigation, techno-magic
8 193 - In Serial23 Chapters
Spitfire (statehumans)
(Cover by hellllllnah)(TexasxCalifornia fanfic)California had a bad reputation as a dramatic bitch. Some said he was petty, hot-headed and a drama king. So when a night out at the bar turns into a one night stand with his best friend, his life immediately cascades into drama. He hears people call him a 'ho' 'slut' and 'prostitute' from behind his back, and his anxiety grows so bad it causes him to physically burn up. So what happens when someone unlikely helps him when he's in desperate need? Contains:- suggestive content- cursing - romantic interactions - no written smut, but a lotta making out- self harm- suicidal thoughts and actions - angst and pain- countryhumans - statehumans- loads of fluff
8 160 - In Serial29 Chapters
Undertale Lemons
What the title saysI'd consider myself a good writer, when I'm in the mood.Update: REQUESTS ARE BACK UP AND RUNNING
8 207 - In Serial11 Chapters
He's Mine (Ayato Sakamaki x OC)
Sabrina (my oc) lived a horrible life with her family. She was forced to cause she was addressed as the Sakamaki's fiance. Sabrina was never interested in them but she then met them in person and she instantly changed her mind. After a few months of spending her time with them, she developed feelings for Ayato. He too has feelings for her but it all changed when Sabrina stopped visiting the Sakamaki household. Years past and they finally met again face to face. What will happen next?
8 140

