《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 145
Advertisement
Unicode
ကောင်းကင်ဘုံကမျှတတယ်
_________
မုယန်မုန့်ထွက်သွားပြီးနောက် 2333ကပြောလာ၏။
"မုယန်မုန့်ရဲ့ဝိဉာဉ်က အတော်လေးအားကောင်းတယ်၊ ဒီတော့ မင်းဝိဉာဉ်လည်း အရင်ကထက် အများကြီးပိုသန်မာလာမှာပဲ။"
နဉ်ရှုက ရုတ်တရက်ထမေး၏။
"အလုပ်အပ်နှံသူတိုင်းက ပြန်တိုက်ခိုက်ပေးဖို့အတွက် သူတို့ကိုယ်ပိုင်ဝိဉာဉ်တွေကိုပေးရတာလား?"
"ဝိဉာဉ်ချည်းပဲတော့ မဟုတ်ပါဘူး၊ ရတနာတစ်ခုဆိုလည်း အလုပ်ဖြစ်သားပဲ။"
2333ကပြောသည်။
နဉ်ရှုက သက်ပြင်းချသည်။
"အမြောက်စာဇာတ်ကောင်ဖြစ်လာပြီးတဲ့နောက်မှာတောင် သူတို့က ပြန်တိုက်ခိုက်ဖို့အခွင့်အရေးလေးရဖို့အတွက် သူတို့ရဲ့ဝိဉာဉ်ကို ပေးအပ်နေရသေးတယ်။ အမြောက်စာဇာတ်ကောင်တွေက တကယ်သနားဖို့ကောင်းတာပဲ။"
"ဒါကြောင့်မို့ပဲ မင်းတို့တွေရှိနေရတာလေ။ လူတိုင်းမှာ မတူညီတဲ့ကံတရားတွေရှိတယ်။ သူတို့ တစ်ခုလိုချင်ရင် တစ်ခုတော့ သေချာပေါက်ပြန်ပေးရမှာပေါ့။ ဒါက ညီမျှတဲ့လဲလှယ်မှုပဲလေ။ အနည်းဆုံးတော့ ဒါက သူတို့မှာ သူတို့ရဲ့ကံတရားကိုဆန့်ကျင်တိုက်ခိုက်ဖို့ အခွင့်အရေးလေးရှိနေသေးတယ်ဆိုတဲ့အဓိပ္ပာယ်ပဲလေ၊ ဟုတ်တယ်မလား? ကောင်းကင်ဘုံက မျှတသားပဲ။ လူတိုင်းကို အခွင့်အရေးလေးတွေပေးထားတယ်။"
ဒါက မျှတတာနဲ့ ဘယ်နားကနေဘယ်လိုနီးစပ်သွားတာလဲ?
ထို့နောက် နဉ်ရှုကမေးသည်။
"အခု မုယန်မုန့်ပျောက်သွားတော့ အဲ့ကမ္ဘာ ဘယ်လိုဖြစ်သွားမှာလဲ?"
2333ကပြောသည်။
"အဲ့ကမ္ဘာရဲ့စည်းမျဉ်းက သူ့ဘာသာအလိုလိုပြန်ပြင်ဆင်လိမ့်မယ်။ ဇာတ်ကြောင်းအသစ်မဖန်တီးဘဲ ဇာတ်ကြောင်းတစ်ခုတည်းကိုပဲ ထပ်ကာထပ်ကာဖြစ်နေစေတာက စည်းမျဉ်းပျက်စီးလာတာရဲ့လက္ခဏာတစ်ခုပဲ။ သက်ရှိတွေအားလုံးက ပြောင်းလဲကြပေမယ့် အဲ့ကမ္ဘာ့စည်းမျဉ်းကတော့ ဒီဇာတ်ကြောင်းမှာပဲ ငြိနေတယ်။ အခု မုယန်မုန့်မရှိတော့ဘူးဆိုတော့ ကမ္ဘာက စည်းမျဉ်းအသစ်တစ်ခုကို ဖြည်းဖြည်းချင်းမွေးဖွားပေးပြီး ဇာတ်ကြောင်းအသစ်တွေပေါ်လာလိမ့်စေမယ်။"
နဉ်ရှုက 'အိုး'ဟုသာမှတ်ချက်ချလေ၏။
"နဉ်ရှု၊ ဒီတစ်ခေါက် တာဝန်ဆုကြေးက အရည်အချင်းမှတ်20ပဲ။ မင်း အဲ့အမှတ်တွေကို ဘယ်ထဲထည့်ချင်လဲ?"
2333ကမေးသည်။
နဉ်ရှုက ခဏမျှစဉ်းစားနေပြီးမှပြောလာ၏။
"ငါ့ကံကောင်းမှုက တော်တော်လေးဆိုးရွားနေတယ်လို့ ငါခံစားနေရတယ်၊ ဒီတော့ အမှတ်တစ်ချို့ကို ကံကောင်းမှုထဲထည့်ရအောင်။ နောက်ပိုင်းကျရင် သိုင်းပညာကလည်းအရမ်းအရေးကြီးလာလိမ့်မယ်၊ ပြီးတော့ ဉာဏ်ပညာကလည်း ချန်ခဲ့လို့မရဘူးရယ်။ ဆိုတော့ အဲ့သုံးခုထဲပေါင်းထည့်လိုက်ဟာ။"
"မင်း ဘာလို့ ဆွဲဆောင်မှုထဲ အမှတ်နည်းနည်းလောက်မထည့်တာလဲ?"
2333ကမေးသည်။
"ဆွဲဆောင်မှုမှာ အရမ်းကိုမြင့်မားတဲ့ဖျက်ဆီးနိုင်စွမ်းရှိတယ်၊ မင်းသိလား?"
"ဆွဲဆောင်မှုထဲထည့်တာထက် သိုင်းပညာထဲ ပိုပေါင်းထည့်လိုက်တာကမှပိုကောင်းဦးမယ်။ ငါက အမျိုးသမီးဇာတ်လိုက်ဖြစ်မှာမှမဟုတ်တာ၊ ဘာကိစ္စ အဲ့လောက်များတဲ့ဆွဲဆောင်မှုတွေလိုမှာတုန်း? ခွန်အားနဲ့ဖြေရှင်းတာက အရိုးရှင်းဆုံးပဲ။"
သူမ စိတ်ခံစားချက်လောကကြီးကို မပဲ့ကိုင်ချင်ပါဘူးနော်၊ ဒါက အရမ်းဒုက္ခများလွန်းတယ်။
2333 : "မင်းက တကယ်ကြီးမိန်းမလား?"
ဤသို့ဖြင့် ထို့နောက်တွင်တော့ နဉ်ရှုရဲ့ဇယားကပြောင်းလဲသွား၏။
နံပါတ် : 2333
အဆင့်သတ်မှတ်ချက် : အဆင့် 2 (လူသစ်)
အမည် : နဉ်ရှု
အသက် : 27
အတွေ့အကြုံ : 50000
ဝိဉာဉ် : 200 (+100)
သက်တမ်း : 50
ဉာဏ်ပညာ : 85 (+5)
ဆွဲဆောင်မှု : 3
ကံကောင်းမှု : 34 (+10)
စိတ်ခွန်အား : 120
သိုင်းပညာ : 10 (+5)
ပါရမီ : 26
ကောင်းမြတ်သောအောင်မြင်မှု : 2
စွမ်းရည်များ : ငါးကွင်းပစ်စွမ်းရည်၊ အမှိုက်အဆင့်အတိုက်အခိုက်စွမ်းရည်၊ ပြိုင်ဘက်ကင်းသိုင်းပညာ၏အမှိုက်အဆင့်စတင်လေ့ကျင့်သူ
ရရှိထားသောခေါင်းစဉ်များ : စစ်နတ်ဘုရားမ
နဉ်ရှုက စိတ်ပိုင်းဖြတ်ကာ ကံကောင်းမှုထဲ ဆယ်မှတ်ထည့်လိုက်ပြီးနောက် ဉာဏ်ပညာနဲ့သိုင်းပညာထဲ ငါးမှတ်စီထည့်လိုက်သည်။
"နောက်တာဝန်မစသေးနဲ့ဦး၊ ငါ ခဏလောက်နားချင်သေးတယ်။ ဒီတာဝန်က တကယ်ခက်လွန်းတယ်။"
နဉ်ရှု အရင်က တစ်ခါမှဒီလောက်မပင်ပန်းခဲ့။ အရူးကောင်တစ်ကောင်က လုံလောက်နေပြီဆိုပေမယ့် တာဝန်တစ်ခုတည်းမှာတင် အများကြီးရှိနေတယ်။
သူမ တာဝန်ကို မကိုင်တွယ်နိုင်ဘဲဖြစ်သွားတော့မလို့။
"အဲ့မှာ ဝိဉာဉ်သန်မာစေနိုင်တဲ့လျှို့ဝှက်ကျမ်းလေးဘာလေးရှိလား? ငါ တစ်ခုလောက်လဲချင်လို့။"
နဉ်ရှုကပြောသည်။ သူမမှာသာ ဝိဉာဉ်ကိုလေ့ကျင့်ဖို့အတွက်လျှို့ဝှက်ကျမ်းတစ်ခုလောက်ရှိရင်။ ဒီလိုအဆင့်နိမ့်ကျင့်ကြံတဲ့နည်းလမ်းတွေကိုသုံးတာက သူမဝိဉာဉ်သန်မာလာဖို့ လုံးဝမဖြစ်နိုင်ဘူး။
"မင်းအဆင့်ကနိမ့်လွန်းနေတယ်။ မင်း လဲလှယ်ခြင်းဈေးကိုမဖွင့်နိုင်သေးဘူး။"
ထို့နောက် systemကပြောလာသည်။
"အိုး၊ ဟုတ်သား၊ မင်း အကြွေးနဲ့ဝယ်ထားတဲ့ ကာမဆေးတွေအတွက် ငါ အမှတ်မလျှော့ရသေးဘူးပဲ။"
နဉ်ရှု : →_→
...
တကယ်ရက်နည်းနည်းထပ်စောင့်ခိုင်းမလို့။ ဒါပေမယ့် လူနည်းစုအတွက်နဲ့အများကြီးကို ပစ်မထားတော့ဘူး။ ဟမ့်!
အဲ့လောက်တောင်တစ်ထိုင်တည်းဖတ်ချင်ရင်လေ Realm - 15ကို တစ်ပိုင်းစီခွဲမနေတော့ဘဲ အကုန်ဘာသာပြန်ပြီးမှပေါင်းတင်မယ်။ အဆင်ပြေလား...ဟမ်? Satisfy?
...
Zawgyi
ေကာင္းကင္ဘံုကမ်ွတတယ္
_________
မုယန္မုန႔္ထြက္သြားၿပီးေနာက္ 2333ကေျပာလာ၏။
"မုယန္မုန႔္ရဲ့ဝိဉာဉ္က အေတာ္ေလးအားေကာင္းတယ္၊ ဒီေတာ့ မင္းဝိဉာဉ္လည္း အရင္ကထက္ အမ်ားႀကီးပိုသန္မာလာမွာပဲ။"
နဉ္ရႈက ရုတ္တရက္ထေမး၏။
"အလုပ္အပ္ႏွံသူတိုင္းက ျပန္တိုက္ခိုက္ေပးဖို႔အတြက္ သူတို႔ကိုယ္ပိုင္ဝိဉာဉ္ေတြကိုေပးရတာလား?"
"ဝိဉာဉ္ခ်ည္းပဲေတာ့ မဟုတ္ပါဘူး၊ ရတနာတစ္ခုဆိုလည္း အလုပ္ျဖစ္သားပဲ။"
2333ကေျပာသည္။
နဉ္ရႈက သက္ျပင္းခ်သည္။
"အေျမာက္စာဇာတ္ေကာင္ျဖစ္လာၿပီးတဲ့ေနာက္မွာေတာင္ သူတို႔က ျပန္တိုက္ခိုက္ဖို႔အခြင့္အေရးေလးရဖို႔အတြက္ သူတို႔ရဲ့ဝိဉာဉ္ကို ေပးအပ္ေနရေသးတယ္။ အေျမာက္စာဇာတ္ေကာင္ေတြက တကယ္သနားဖို႔ေကာင္းတာပဲ။"
"ဒါေၾကာင့္မို႔ပဲ မင္းတို႔ေတြရိွေနရတာေလ။ လူတိုင္းမွာ မတူညီတဲ့ကံတရားေတြရိွတယ္။ သူတို႔ တစ္ခုလိုခ်င္ရင္ တစ္ခုေတာ့ ေသခ်ာေပါက္ျပန္ေပးရမွာေပါ့။ ဒါက ညီမ်ွတဲ့လဲလွယ္မႈပဲေလ။ အနည္းဆံုးေတာ့ ဒါက သူတို႔မွာ သူတို႔ရဲ့ကံတရားကိုဆန႔္က်င္တိုက္ခိုက္ဖို႔ အခြင့္အေရးေလးရိွေနေသးတယ္ဆိုတဲ့အဓိပၸာယ္ပဲေလ၊ ဟုတ္တယ္မလား? ေကာင္းကင္ဘံုက မ်ွတသားပဲ။ လူတိုင္းကို အခြင့္အေရးေလးေတြေပးထားတယ္။"
ဒါက မ်ွတတာနဲ႔ ဘယ္နားကေနဘယ္လိုနီးစပ္သြားတာလဲ?
ထို႔ေနာက္ နဉ္ရႈကေမးသည္။
"အခု မုယန္မုန႔္ေပ်ာက္သြားေတာ့ အဲ့ကမ႓ာ ဘယ္လိုျဖစ္သြားမွာလဲ?"
2333ကေျပာသည္။
"အဲ့ကမ႓ာရဲ့စည္းမ်ဉ္းက သူ႔ဘာသာအလိုလိုျပန္ျပင္ဆင္လိမ့္မယ္။ ဇာတ္ေၾကာင္းအသစ္မဖန္တီးဘဲ ဇာတ္ေၾကာင္းတစ္ခုတည္းကိုပဲ ထပ္ကာထပ္ကာျဖစ္ေနေစတာက စည္းမ်ဉ္းပ်က္စီးလာတာရဲ့လကၡဏာတစ္ခုပဲ။ သက္ရိွေတြအားလံုးက ေျပာင္းလဲၾကေပမယ့္ အဲ့ကမ႓ာ့စည္းမ်ဉ္းကေတာ့ ဒီဇာတ္ေၾကာင္းမွာပဲ ၿငိေနတယ္။ အခု မုယန္မုန႔္မရိွေတာ့ဘူးဆိုေတာ့ ကမ႓ာက စည္းမ်ဉ္းအသစ္တစ္ခုကို ျဖည္းျဖည္းခ်င္းေမြးဖြားေပးၿပီး ဇာတ္ေၾကာင္းအသစ္ေတြေပၚလာလိမ့္ေစမယ္။"
နဉ္ရႈက 'အိုး'ဟုသာမွတ္ခ်က္ခ်ေလ၏။
"နဉ္ရႈ၊ ဒီတစ္ေခါက္ တာဝန္ဆုေၾကးက အရည္အခ်င္းမွတ္20ပဲ။ မင္း အဲ့အမွတ္ေတြကို ဘယ္ထဲထၫ့္ခ်င္လဲ?"
2333ကေမးသည္။
နဉ္ရႈက ခဏမ်ွစဉ္းစားေနၿပီးမွေျပာလာ၏။
"ငါ့ကံေကာင္းမႈက ေတာ္ေတာ္ေလးဆိုးရြားေနတယ္လို႔ ငါခံစားေနရတယ္၊ ဒီေတာ့ အမွတ္တစ္ခ်ိဳ႕ကို ကံေကာင္းမႈထဲထၫ့္ရေအာင္။ ေနာက္ပိုင္းက်ရင္ သိုင္းပညာကလည္းအရမ္းအေရးႀကီးလာလိမ့္မယ္၊ ၿပီးေတာ့ ဉာဏ္ပညာကလည္း ခ်န္ခဲ့လို႔မရဘူးရယ္။ ဆိုေတာ့ အဲ့သံုးခုထဲေပါင္းထၫ့္လိုက္ဟာ။"
"မင္း ဘာလို႔ ဆြဲေဆာင္မႈထဲ အမွတ္နည္းနည္းေလာက္မထၫ့္တာလဲ?"
2333ကေမးသည္။
"ဆြဲေဆာင္မႈမွာ အရမ္းကိုျမင့္မားတဲ့ဖ်က္ဆီးႏိုင္စြမ္းရိွတယ္၊ မင္းသိလား?"
"ဆြဲေဆာင္မႈထဲထၫ့္တာထက္ သိုင္းပညာထဲ ပိုေပါင္းထၫ့္လိုက္တာကမွပိုေကာင္းဦးမယ္။ ငါက အမ်ိဳးသမီးဇာတ္လိုက္ျဖစ္မွာမွမဟုတ္တာ၊ ဘာကိစၥ အဲ့ေလာက္မ်ားတဲ့ဆြဲေဆာင္မႈေတြလိုမွာတုန္း? ခြန္အားနဲ႔ေျဖရွင္းတာက အရိုးရွင္းဆံုးပဲ။"
သူမ စိတ္ခံစားခ်က္ေလာကႀကီးကို မပဲ့ကိုင္ခ်င္ပါဘူးေနာ္၊ ဒါက အရမ္းဒုကၡမ်ားလြန္းတယ္။
2333 : "မင္းက တကယ္ႀကီးမိန္းမလား?"
ဤသို႔ျဖင့္ ထို႔ေနာက္တြင္ေတာ့ နဉ္ရႈရဲ့ဇယားကေျပာင္းလဲသြား၏။
နံပါတ္ : 2333
အဆင့္သတ္မွတ္ခ်က္ : အဆင့္ 2 (လူသစ္)
အမည္ : နဉ္ရႈ
အသက္ : 27
အေတြ့အႀကံဳ : 50000
ဝိဉာဉ္ : 200 (+100)
သက္တမ္း : 50
ဉာဏ္ပညာ : 85 (+5)
ဆြဲေဆာင္မႈ : 3
ကံေကာင္းမႈ : 34 (+10)
စိတ္ခြန္အား : 120
သိုင္းပညာ : 10 (+5)
ပါရမီ : 26
ေကာင္းျမတ္ေသာေအာင္ျမင္မႈ : 2
စြမ္းရည္မ်ား : ငါးကြင္းပစ္စြမ္းရည္၊ အမိႈက္အဆင့္အတိုက္အခိုက္စြမ္းရည္၊ ၿပိဳင္ဘက္ကင္းသိုင္းပညာ၏အမိႈက္အဆင့္စတင္ေလ့က်င့္သူ
ရရိွထားေသာေခါင္းစဉ္မ်ား : စစ္နတ္ဘုရားမ
နဉ္ရႈက စိတ္ပိုင္းျဖတ္ကာ ကံေကာင္းမႈထဲ ဆယ္မွတ္ထၫ့္လိုက္ၿပီးေနာက္ ဉာဏ္ပညာနဲ႔သိုင္းပညာထဲ ငါးမွတ္စီထၫ့္လိုက္သည္။
"ေနာက္တာဝန္မစေသးနဲ႔ဦး၊ ငါ ခဏေလာက္နားခ်င္ေသးတယ္။ ဒီတာဝန္က တကယ္ခက္လြန္းတယ္။"
နဉ္ရႈ အရင္က တစ္ခါမွဒီေလာက္မပင္ပန္းခဲ့။ အရူးေကာင္တစ္ေကာင္က လံုေလာက္ေနၿပီဆိုေပမယ့္ တာဝန္တစ္ခုတည္းမွာတင္ အမ်ားႀကီးရိွေနတယ္။
သူမ တာဝန္ကို မကိုင္တြယ္ႏိုင္ဘဲျဖစ္သြားေတာ့မလို႔။
"အဲ့မွာ ဝိဉာဉ္သန္မာေစႏိုင္တဲ့လ်ိႈ႔ဝွက္က်မ္းေလးဘာေလးရိွလား? ငါ တစ္ခုေလာက္လဲခ်င္လို႔။"
နဉ္ရႈကေျပာသည္။ သူမမွာသာ ဝိဉာဉ္ကိုေလ့က်င့္ဖို႔အတြက္လ်ိႈ႔ဝွက္က်မ္းတစ္ခုေလာက္ရိွရင္။ ဒီလိုအဆင့္နိမ့္က်င့္ႀကံတဲ့နည္းလမ္းေတြကိုသံုးတာက သူမဝိဉာဉ္သန္မာလာဖို႔ လံုးဝမျဖစ္ႏိုင္ဘူး။
"မင္းအဆင့္ကနိမ့္လြန္းေနတယ္။ မင္း လဲလွယ္ျခင္းေဈးကိုမဖြင့္ႏိုင္ေသးဘူး။"
ထို႔ေနာက္ systemကေျပာလာသည္။
"အိုး၊ ဟုတ္သား၊ မင္း အေႂကြးနဲ႔ဝယ္ထားတဲ့ ကာမေဆးေတြအတြက္ ငါ အမွတ္မေလ်ွာ့ရေသးဘူးပဲ။"
နဉ္ရႈ : →_→
...
တကယ္ရက္နည္းနည္းထပ္ေစာင့္ခိုင္းမလို႔။ ဒါေပမယ့္ လူနည္းစုအတြက္နဲ႔အမ်ားႀကီးကို ပစ္မထားေတာ့ဘူး။ ဟမ့္!
အဲ့ေလာက္ေတာင္တစ္ထိုင္တည္းဖတ္ခ်င္ရင္ေလ Realm - 15ကို တစ္ပိုင္းစီခြဲမေနေတာ့ဘဲ အကုန္ဘာသာျပန္ၿပီးမွေပါင္းတင္မယ္။ အဆင္ေျပလား...ဟမ္? Satisfy?
...
Advertisement
- In Serial800 Chapters
Mages Are Too OP
As one of the first players to gain access to World of Falan—the first immersive game worldwide—Roland creates his character as a Mage. However, playing as a Mage is not as fun and easy as he thought. His head even explodes after he casts the very first spell in the game. Stubbornly sticking to his class when most Mages decide to create a new character, Roland gradually discovers tricks of the trade and his unusual talent. This allows him to change people’s stereotypes on Mages and to explore the deeply-buried secrets of this game…
8 1331 - In Serial68 Chapters
Of Life and Light
Home. By definition, such a word means "A place where one lives", but what happens when one is removed from their home by those with greater authority? One would seek out another place to live, of course. Karastak, a Devil King and a Fallen God of a world called Terra, was removed from his world by something greater than himself, and has journeyed to the world of Azzarath by way of Azazel, God King of the Azzarathean Pantheon. Perhaps she performed thusly through pity, charity, or a simple act of kindness with no strings attached. Regardless, he is deposited near a village upon a mountainous range within the world. There, he meets up with his Human family, a grizzled old Templar, a shy Cleric, and an apathetic Mage, that came to take him away from his troubles, but he does not budge. That is, until one of his servants speaks of finding a new home. However, perhaps instead of finding a home, he finds adventure instead? The story within is a Frame Story, which means it is a story within another story. In that this one is being told by three personages, a God King called the Ageless, a Lich King called Brutus, and a Goddess named Sarah. Each of them speaks of the Ageless's past self, one called Karastak, as he journeys onwards throughout the worlds within the Azzarathean Pantheon in search of something more. Special thanks to Ms. Brown from http://www.offbeatworlds.com/ for the cover.
8 218 - In Serial25 Chapters
Kakashi The Hunter
Kakashi dies and life decides it's not his time. He's 28 again and apparently, not in the same world. What happens when he meets four kids that remind him of Team 7? And what happens when he catches the eye of a mysterious clown?Follow Kakashi on his journey in this new life. Totally not being suspicious because he has no nen but he can still walk on walls and do Jutsus? Just who is this Kakashi Hatake?
8 329 - In Serial36 Chapters
Finding them
Daniel has 4 sons with his ex wife and things have never been great. He got a girl pregnant when he was young and married her to do the right thing. They never really loved each other but stayed together for there children. When the youngest child turned 4 his wife decides to leave and signs away her children. Daniel devotes his life to his sons, Mitchell the eldest is now 22, then there is Jamie who is 20, Hunter is 18 and his youngest Edward is 17. Daniel has had many one night stands and hook ups but never wanted to be married again, women couldn't be trusted after what his wife did to him and his boys. He travels overseas for business often and has different women he meets while over there for a casual thing but nothing serious. Daniel is a business man and owns an import and export business which is doing very well. His eldest son has started to help with the business and the others will too when they finish at university. Daniel gets a call from a detective late one night asking him to take his two children in. He had no idea he fathered another two children at all but is forced to prove that by providing a DNA sample. Dakota and Darcy are 3 year old twins, they have been bounced around foster care homes since birth. After they are found during a police raid a detective takes on the case of finding them a home. Dakota is the eldest by 25 minutes and a little protective of his baby sister Darcy. How will he react when 5 other males want to help care for Darcy?⚠️ brief mentions of drugs and abuse⚠️This story is unedited
8 151 - In Serial55 Chapters
A Dragon Rider's Element
When dark armies and evils of the past awaken in the 21st century, anicent powers choose four new dragon rider are chosen to be the guardians and protecters of their world. Together they mount thier dragons and defend the world from the drakness. This generation Larisa Highlander, an 18-year-old girl from Manhattan's Upper West Side armed with only sarcasm and a sword, has been chosen by a fierce fire dragon to be her rider. With new friends and two powerful brothers she learns long-forgotten secrets and may even find love in the mix of battle. But will love be enough to save her from the ancient evil that threatens to destroy the world as she knows it?Original/Fantasy/RomanceDisclaimer: I own everything in the book expect the pictures I just pulled those off the internet. I hope you enjoy it!
8 111 - In Serial115 Chapters
Say You'll Stay
I met him the first chance at freedom I had. He was the boy from the rival team, and I was the coach's daughter. And like the naive child I was, I followed him to the backseat of his car.An hour later, he kicked me out and left me in the driveway of a stranger's house.Five years later, he came back.(A/N: A spicy second chance romance set in a small town with a touch of humor. Editing will commence after the writing is completed.)
8 103

