《Please Don't See Me [Mm Transl. || Completed]》CHAPTER-2
Advertisement
UNICODE
ရှုကျင်းက ကုမ္ပဏီ၏နှစ်ကုန်ပျော်ပွဲရွှင်ပွဲ၌ ဇိမ်ခံခရီးစဥ်စုံတွဲလက်မှတ်ကို မဲပေါက်ခဲ့သည့်အတွက် ဤကို လာဖြစ်ခဲ့ခြင်းဖြစ်သည်။
စုံတွဲလက်မှတ်ဖြစ်သည့်အလျောက် ယခုခရီးစဥ်က လူနှစ်ယောက်အတွက် စီစဥ်ပေးထားခြင်းပင်။ သို့ပေတည့် ရှုကျင်းထံ၌ ခရီးသို့ အပါခေါ်ဆောင်ရန် သင့်တော်သူမရှိ။ ဖြစ်ချင်တော့ ကုမ္ပဏီ၌ လုပ်ဖော်ကိုင်ဖက်တစ်ဦးကလည်း ခရီးသွားလည်ပတ်ချင်နေသည့်အားလျော်စွာ ရှုကျင်းက ထိုလူနှင့်အတူ အလုပ်မှ ခွင့်ယူပြီး ဤစုံတွဲလက်မှတ်ကို အသုံးပြုခဲ့ခြင်းဖြစ်၏။ ရှုကျင်း၏လုပ်ဖော်ကိုင်ဖက်သည်လည်း ကနဦးကတည်းက ခရီးစရိတ်တစ်ဝက်ကို ပေးခံမည်ဟုပြောသော်လည်း ရှုကျင်းက ငြင်းဆန်ခဲ့သည်။
ရှုကျင်းက ဤသို့ပြောခဲ့၏။
"မလိုပါဘူး.. ကျွန်တော် ဒကာခံပါရစေ"
သူတို့ကဲ့သို့ ဝန်ထမ်းငယ်လေးများအတွက် ဒေါ်လာလေးဆယ်တန်ဖိုးရှိ ခရီးစဥ်ဟာ မနည်းလှသည့်ပမာဏပင်။ ထိုလုပ်ဖော်ကိုင်ဖက်ဟာလည်း ရှုကျင်း၏ရက်ရောမှုအပေါ် လွန်စွာမှ အံ့အားသင့်သွားခဲ့ရ၏။
"ရှုကျင်း.. မင်းက ဒီကုမ္ပဏီမှာ အတွေ့အကြုံသက်သက်ရအောင် သင်တန်းလာဆင်းတဲ့ သူဌေးသားလေးတော့ မဟုတ်ပါဘူးနော်?"
နက်နဲစွာ တွေးတောလေလေ ပို၍ပိုကာ အကျိုးအကြောင်းဆီလျော်လေလေ ဖြစ်လာရသည်။
"အဲ့ဒါကြောင့် မင်းက ငါ့လိုမျိုး ကုမ္ပဏီကလွဲပြီး ဘယ်မှမရောက်ဖူးတဲ့ ငဒူငအမဟုတ်ဘဲ နေရာစုံအကြောင်းကို အကုန်လုံးသိနေတာကိုး... ငါ ထင်တာ လွဲခဲပါတယ်လို့"
ရှုကျင်းမှာတော့ မဟုတ်ကြောင်း ငြင်းဆိုကာ အဖြေမတောင်းသည့် မေးခွန်းတစ်ခုအား အမေးပြုလိုက်၏။
"အဲ့လိုသာဆိုရင် အိုဗာတိုင်ဆင်းနေရတဲ့အချိန် ကျွန်တော်က ဘာလို့ အစ်ကိုတို့နဲ့တူတူ (၃)မိနစ်ခေါက်ဆွဲပြုတ် စားနေဦးမှာလဲ?"
"အိုး.. အဲ့ဒါလည်း ဟုတ်သား"
သူ၏လုပ်ဖော်ကိုင်ဖက်က ရှုကျင်း၏ပခုံးကို ပုတ်ကာ ဆက်ပြော၏။
"ဒီလိုလုပ်ရင်ရော.. မင်းသူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေအတွက် ဝယ်ပေးမယ့် အမှတ်တရလက်ဆောင်တွေကို ငါ အကုန်ရှင်းပေးမယ်"
ရှုကျင်း : "ကျွန်တော် ဝယ်ချင်တာ ဘာမှမရှိဘူး"
လုပ်ဖော်ကိုင်ဖက်က ဆိုလေသည်။
"သူငယ်ချင်းတွေကို လက်ဆောင်မပေးချင်ဘူးဆိုရင်လည်း မင်းမိဘတွေကို ပေးလို့ရတာပဲ.. သူတို့လည်း ပျော်မှာပါ"
ရှုကျင်းက လုပ်ဖော်ကိုင်ဖက်၏အကြံပေးချက်နှင့်ပတ်သက်ပြီး ဘာမှထပ်မပြောတော့ချေ။
ထိုနေ့လယ်ခင်း၌ သူ၏လုပ်ဖော်ကိုင်ဖက်က အမှတ်တရလက်ဆောင်ပစ္စည်းများကို သွားဝယ်လေသည်။ ရှုကျင်း၌ တရေးတယူ ဝယ်စရာပစ္စည်းမရှိသည့်အလျောက် ဟိုတယ်၌ပင် နေရစ်ခဲ့ခြင်းဖြစ်၏။
ထိုသို့သော အခြေအနေမျိုးတွင် ရှုကျင်းဟာ ပျင်းရိခြင်း(၉၉)ပါးနှင့်ပြည့်စုံသူဖြစ်သည့်အလျောက် လုပ်ဖော်ကိုင်ဖက်နှင့်လိုက်မသွားခဲ့ခြင်းအတွက် လွန်စွာမှ အားရကျေနပ်မိလေသည်။
ထို့အပြင် ရေကူးကန်သို့သွားကာ အရှက်တကွဲ ချော်လဲခဲ့ခြင်းကိုလည်း နောင်တရမနေတော့ချေ။
အဘယ်ကြောင့်ဆိုသော် ရှန့်ရှင်းဟယ်က သူ့အား လျစ်လျူမရှုခဲ့သည့်အတွက်။
~~~
ရှုကျင်း၏မျက်ရည်စများက ရှန်ရှင်းဟယ်၏ရှပ်အင်္ကျီထက်၌ ရွှဲစိုထင်ကျန်သွားသည်။ ရှန့်ရှင်းဟယ်၏ဂုတ်ပိုး၌လည်း မျက်ရည်များက အရာထင်စိုစွတ်သွားသေး၏။ ရှုကျင်းက တည်ငြိမ်နေသည့်တစ်ဖက်လူကိုလည်း မနေတတ်မထိုင်တတ်ဖြစ်စေရန် ရှေ့တည့်တည်၌ ဇွတ်တရွတ် နှာညှစ်ပြပြန်၏။ ထို့နောက် ပင့်သက်ရှိုက်နေရင်း မေးမြန်းလိုက်သည်။
"ကို.. ဒီကို အလုပ်ကိစ္စနဲ့လာခဲ့တာလား?"
ရှန့်ရှင်းဟယ်က လက်တစ်ပွေ့စာမျှရှိသည့် ခါးကို ပွေ့ဖက်ထားသည့် ရှုကျင်း၏လက်ကို ညင်သာစွာ ဖယ်လိုက်ကာ ပြန်ဖြေသည်။
"ဟုတ်တယ်"
ရှုကျင်းက ဆိုပါ၏။
"ကျွန်တော်က ဒီအတိုင်း အပျော်ခရီးသက်သက်ပဲ"
ရှန့်ရှင်းဟယ် ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
ရှုကျင်းက ငိုယိုထားသည့်အတွက် ခေတ္တမျှ အသက်မရှူနိုင်ဘဲ မွန်းနေ၏။ ထို့နောက်တွင်မှ ပြောစရာစကားလုံးများ နှုတ်မှတတွတ်တွတ် ထွက်လာလေသည်။
"ကျွန်တော်က ကုမ္ပဏီနှစ်ပတ်လည်ပွဲမှာ လူနှစ်ယောက်စာ ဇိမ်ခံခရီးလက်မှတ်ကို မဲပေါက်သွားတာလေ.. မိုက်တယ်မလား?"
ရှုကျင်း ယခုထိုင်နေသည့်အနေအထားက ဒဏ်ရာရနေသည့် ဒူးခေါင်းအား ပြင်းပြင်းထန်ထန် နာကျင်ခံစားရစေသည်။ ဆိုဖာ၌ ခင်းထားသည့် လီနင်ချည်သားကို ဒူးဖြင့်ပွတ်တိုက်မိတိုင်း နေမထိထိုင်မသာဖြစ်လာရ၏။
ထို့အပြင် ဒူးခေါင်းထက်ရှိ လိမ်းဆေးက ဆိုဖာအခင်းထက်သို့ စီးကျစွန်းထင်းသွားပါက အခန်း check in ဝင်သည့်အခါ သန့်ရှင်းခသက်သက် ပေးဆောင်ရပေဦးမည်။ ဤအတွေးကြောင့် သက်သာစပြုနေသည့် ဒဏ်ရာကပင် ပိုမိုကိုက်ခဲလာသယောင်။
ရှုကျင်းသည် ရှန့်ရှင်းဟယ်အား လွှတ်ပေးလိုက်သည်နှင့် သူ့အား ထားသွားတော့မည်ကို ကြောက်လန့်နေမိသည်။
ကာလကြာရှည်စွာ အဆက်အသွယ်မရှိခဲ့ခြင်းကြောင့် နှစ်ဦးစလုံး၌ ပြောစရာစကားလုံးများ ပျောက်ရှနေခဲ့၏။
အခန်းထဲ၌ စိမ်းသက်မှုလေထုက လွှမ်းခြုံနေစဥ် ရှုကျင်းဘက်မှ စတင်၍ စကားဝိုင်းနှင့်မသက်ဆိုင်ကာ အနည်းငယ်ပျင်းရိဖွယ်ကောင်းသည့် စကားများကို ပြောဆိုတော့သည်။
"ကျွန်တော်က အခု ဒီဇိုင်းဆွဲတဲ့ကုမ္ပဏီမှာ လုပ်နေတာလေ.. သူရိန်ရှုရေကန်စပ်နားမှာရှိတဲ့ အိမ်ရာတစ်ဝက်လောက်က ကျွန်တော် ဒီဇိုင်းဆွဲပေးထားတာချည်းပဲ.. ပြီးတော့ ကျွန်တော် အခန်းဖွဲ့ပုံတွေဆွဲရင်လည်း ဟိုစာအုပ်ထဲမှာပဲ ဆွဲနေကျ.. ကို မှတ်မိတယ်ဟုတ်? မနှစ်ကအထိ သုံးလိုက်သေးတယ်"
ရှန့်ရှင်းဟယ်က ဆိုသည်။
"မှတ်မိတယ်"
"အိုင်ဒီယာအကုန်လုံးကတော့ အဲ့မှာရှိမနေဘူးပေါ့.. အနည်းဆုံး တစ်ခုနှစ်ခုလောက်ကတော့ သုံးပြီးသွားပြီ.. ဖောက်သည်ကိုယ်တိုင်ကတော့ အဲ့ဒါကို ကြိုက်တယ်လို့ပြောခဲ့သေးတယ်.. ကျွန်တော့်အိပ်မက်တွေ တကယ်ဖြစ်လာမယ်လို့ တစ်ခါမှ စိတ်မကူးခဲ့ဖူးဘူး"
ရှုကျင်းမှာ ရှေ့နောက်ဆက်စပ်မှုမရှိဘဲ ဗလုံးဗထွေးပြောနေခဲ့ပြီးနောက်မှ ရှန့်ရှင်းဟယ်အား မေးမြန်းလိုက်၏။
"ကိုက ဘယ်နေ့ပြန်မှာလဲ?"
"တနင်္လာ"
__အခုမှ သောကြာနေ့ပဲရှိသေးတယ်။
ရှန့်ရှင်းဟယ်က ဤတွင် နောက်သုံးရက်ထပ်နေဦးမည့်သဘောပင်။
ရှုကျင်းက 'အာ'ဟု နှုတ်မှ ရေရွတ်ပြီးနောက် နှမြောတသဖြစ်စွာဖြင့် ပြောလေသည်။
"ကျွန်တော်က မနက်ကျရင် ပြန်ရတော့မှာ"
ကုတင်နှစ်ခုအထက်၌ သိမ်းဆည်းရဦးမည့် အဝတ်အစားများနှင့် သောင်းပြောင်းထွေလာရောနှောနေသည့် ပစ္စည်းပစ္စယများက အတိုင်းသား။ အလောတကြီး ပြန်ရအောင်လည်း ရှုကျင်း၏ကုမ္ပဏီခွင့်ရက်က မပြည့်သေးသော်ငြား လေယာဥ်အပြန်ခရီးစဥ်ကို မနက်ဖြန်အတွက် စာရင်းသွင်းထားပြီးဖြစ်၏။
Advertisement
မမျှော်လင့်ထားခဲ့သည့် သူတို့နှစ်ဦး၏ပြန်လည်တွေ့ဆုံမှုက တိုတောင်းလွန်းခဲ့သည်ပင်။
ဆိုင်ရာဆိုင်ရာ ဘဝလမ်းကို လျှောက်လှမ်းကြစဥ် ခဏတာ ဆုံတွေ့ရသည့်ဖြစ်ရပ်က ရှကျင်းစိတ်ကူးထားသည်ထက်ပင် ပိုမိုသာလွန်နေခဲ့သည်။ ယခင်ကမူ ကျန်ရှိသည့်ဘဝသက်တမ်းတစ်လျှောက်၌ ရှန့်ရှင်းဟယ်အား လုံးဝတွေ့နိုင်တော့မည်မဟုတ်ဟု တွေးထင်ခဲ့၏။
ရှန့်ရှင်းဟယ်လည်း ဤသို့ဤနှယ် တွေးတောနေမည်လောကိုတော့ သူအတပ်မပြောနိုင်။ ရှန့်ရှင်းဟယ်၏ခါးကိုသာ ပို၍တင်းတင်းကြပ်ကြပ် ဖက်ထားမိသည်။
ရှုကျင်းလည်း လုံးလုံးလျားလျား တည်ငြိမ်သွားခဲ့ပြီ။
စကားတစ်ခွန်းတစ်ပါဒမျှ ထပ်မဆိုတော့ဘဲ ရှန့်ရှင်းဟယ်၏ရင်ခွင်ထဲ၌ အချိန်အတန်ကြာအောင် မလှုပ်မယှက် ငြိမ်သက်နေခဲ့သည်။ ထို့နောက်တွင်မှ ရှုကျင်းက အမေးပြုလိုက်၏။
"ဒီကို ပထမဆုံး ရောက်ဖူးတာလား?"
ရှန့်ရှင်းဟယ်က ပြန်ဖြေသည်။
"ဒုတိယအကြိမ်.. နှစ်ခေါက်လုံး အလုပ်ကိစ္စနဲ့ပဲ"
"အိုး.. ကို့ကို ပြောရဦးမယ်.. ဒီနားမှာလေ ငါးရှဥ့်ထမင်းရောင်းတဲ့စားသောက်ဆိုင်တစ်ဆိုင် ရှိတယ်.. ဈေးလည်း အရမ်းမကြီးဘူး.. ခရီးသွားလမ်းညွှန်ထဲမှာတောင် မစားဖူးရင် ဒီကို လာရကျိုးမနပ်ဘူးလို့ ရေးထားတာ.. ကို စားဖူးပြီးပြီလားတောင်မသိ"
"မစားရသေးဘူး.. မင်း စမ်းစားချင်ရင် စားကြည့်လေ"
ရှန့်ရှင်းဟယ် စကားပြောလိုက်သည့်အခါ ရင်ဘတ်၌ ဖြစ်တည်လာသည့် တုန်ခါမှုလေးက ရှုကျင်းအား စိတ်အေးလုံခြုံမှုအငွေ့အသက်လေးကို ပေးစွမ်းနိုင်သည်။ ရှုကျင်းက စားသောက်ဆိုင်အမည်ကို ပြောလိုက်ပါသေးသည်။ ထို့နောက်တွင်တော့ မည်သည်ကို ဆက်ပြောရမည်မှန်း လမ်းစ,ရှာမရတော့။
ရှုကျင်း၏လက်ချက်ကြောင့် မျက်ရည်များနှင့် စိုစွတ်ကာ တွန့်ကြေနေသည့် အင်္ကျီမှလွဲလျှင် ရှန့်ရှင်းဟယ်၏အသွင်အပြင်က စောလျင်စဥ်က တွေ့လိုက်ရသည်နှင့် မခြားမနားပင်။ ဝတ်ပုံစားပုံသပ်ရပ်ကာ အများသူငါ အလွယ်တကူ ချဥ်းကပ်၍ မရနိုင်သည့် ပုံစံမျိုး။
ရှန့်ရှင်းဟယ်သည်လည်း ထိုအခန်းထဲ၌ အချိန်ကြာကြာ မနေခဲ့ချေ။
ရှုကျင်းက ရှန့်ရှင်းဟယ် မတ်တပ်ထရပ်ကာ ဆေးနံ့စွန်းထင်းနေသည့် လက်ကို ဆေးကြောသန့်စင်ရန် ရေချိုးခန်းထဲ ဝင်သွားသည်အထိ ငေးမောကြည့်နေ၏။ ထို့နောက် ရေချိုးခန်းထဲမှ ပြန်ထွက်လာသည့်အခိုက်တွင်လည်း မလွတ်တမ်း စူးစိုက်ကြည့်နေပြန်သည်။
ရှန့်ရှင်းဟယ်က လက်ကောက်ဝတ်ကို မြှောက်တင်ကာ လက်ပတ်နာရီကို တစ်ချက်ကြည့်ပြီးနောက် နှုတ်ခမ်းတင်းတင်းစေ့လိုက်၏။
"ရှစ်နာရီမတိုင်ခင် ပရောဂျက်တစ်ခုကို အတည်ပြုစရာရှိတယ်.. အခုထိ အပြီးမသတ်ရသေးဘူး.. တော်တော်အရေးကြီးတယ် အဲ့ဒါ.."
"ရပါတယ်.. ကို အလုပ်ရှုပ်နေတာပဲ"
ရှုကျင်းက ဆိုဖာထက်၌ ထိုင်လျက် ခေါင်းညိတ်ပြလိုက်သည်။
ယခုတွင်တော့ စိတ်အစဥ်က လုံးလုံးလျားလျား တည်ငြိမ်သွားပြီဖြစ်၏။ နှုတ်ဆက်စကားပြောရန်လည်း အဆင်ပြေနေပြီ။ ရှန့်ရှင်းဟယ်သည်လည်း သူ့အား ပြန်သွားရသည့်အကြောင်းကို ထပ်မံရှင်းပြနေဦးမည်မဟုတ်တော့။
ရှန့်ရှင်းဟယ်က ပြောလိုက်၏။
"လျှောက်ပြေးမနေနဲ့ဦး"
ရှုကျင်းခမျာ မျက်လုံးများ အရောင်တောက်သွားသည်ကိုပင် သူ့ကိုယ်သူ သတိမထားမိနိုင်တော့။
ပုံမှန်အားဖြင့်ဆိုရသော် ထိုစကားပြီးနောက် ထပ်ပြောမည့်စကားက ပြန်တွေ့မည့်အကြောင်း ဖြစ်သင့်သည်။
သို့ပေတည့် ရှန့်ရှင်းဟယ်က မထွက်ခွာခင် ညွှန်ကြားချက်များကိုသာ ပြောကြားချန်ရစ်ခဲ့၏။
"မင်းဒူးက အခုထိ ယောင်နေတုန်းပဲ.. ဟိုတယ်ဝန်ထမ်းကို မင်းဆီ ရေခဲထုပ်ပို့ပေးဖို့ ပြောလိုက်မယ်"
ရှုကျင်း၏နှလုံးသားက အသူတစ်ရာနက်သည့် ချောက်ကြီးအတွင်း ပြုတ်ကျသွားရလေသည်။
~~~
ရှန့်ရှင်းဟယ် ထွက်သွားပြီး များမကြာမီမှာပင် ရှုကျင်း၏လုပ်ဖော်ကိုင်ဖက် ပြန်ရောက်လာ၏။ ရှူးဖိနပ်ချွတ်နေရင်းမှာပင် ရှုကျင်းအား မေးမြန်းလိုက်သည်။
"ဘာအနံ့လဲ? ဆေးနံ့လား?"
လုပ်ဖော်ကိုင်ဖက်လည်း အခန်းထဲ ဝင်လာရင်း ဆိုဖာထက်၌ ထိုင်ကာ သူ့ခြေထောက်သူ ကိုင်နေသည့် ရှုကျင်းအား တွေ့လိုက်ရ၏။ သူလည်း ရှုကျင်း၏ဒူးခေါင်းထက်မှ ဒဏ်ရာကို တစ်ချက်ကြည့်ကာ အမေးပြုလေသည်။
"ဘာဖြစ်တာလဲ? အစ်ကိုအပြင်သွားနေတုန်း ဒူးပြဲသွားတာလား?"
ရှုကျင်းလည်း ငေးမောတွေးတောနေရာမှ နိုးထလာကာ ကန်ဘောင်နံဘေး၌ ချော်လဲကျသည့် ဖြစ်အင်ကို ပြောပြလိုက်၏။
လုပ်ဖော်ကိုင်ဖက်လည်း ဟိုတယ်ထံမှ နစ်နာကြေး တောင်းခံရမည့်အကြောင်း စကားဆိုလာတော့သည်။ ဟိုတယ်ပိုင်နက်အတွင်းရှိ ရေကူးကန်၌ ဧည့်သည်က ထိခိုက်ဒဏ်ရာရရှိသော် ဟိုတယ်က အပြီးအပိုင် တာဝန်ယူပေးရမည်ဖြစ်၏။ စစချင်း၌ လုပ်ဖော်ကိုင်ဖက်က သဘောအရ ပြောနေခြင်းဟု ထင်ထားခဲ့သော်လည်း ဖုန်းကောက်ကိုင်ကာ ဟိုတယ်ထံ ဖုန်းဆက်တော့မည်ကို မြင်သည်နှင့် ချက်ချင်းမဆိုင်း တားလိုက်ရသည်။
"ကျွန်တော် ပေါ့ဆသွားတာပါ.. သွားမပြောပါနဲ့တော့"
လုပ်ဖော်ကိုင်ဖက်လည်း ဖုန်းချလိုက်၏။
"မင်းကတော့လေ အားနာတတ်လွန်းတယ်..သူများကို ဒုက္ခပေးမိမှာကိုပဲ စိုးရိမ်မနေနဲ့ဟ"
ခေတ္တကြာသော် အမှန်တကယ်ပင် ဟိုတယ်မှ ရေခဲအထုပ်လိုက် လာပို့လေသည်။ လုပ်ဖော်ကိုင်ဖက်က တံခါးသွားဖွင့်ပေးပြီးနောက် ပြန်လာသော် တစ်ခုခုအား သတိရသွားဟန်ဖြင့် ပြောကြား၏။
"စကားမစပ် ရှုကျင်း.. အခု ဒီဟိုတယ်မှာ နာမည်ကြီးတစ်ယောက်ရောက်နေတာကို သိလား?"
ရှုကျင်းက မည်သူမည်ဝါဖြစ်ကြောင်း အမေးရှိလိုက်သည်။
လုပ်ဖော်ကိုင်ဖက်က ပြန်ဖြေ၏။
"မင်း ရှန့်ရှင်းဟယ်ကို သိတယ်ဟုတ်? Nano ပစ္စည်းတွေ ဖန်တီးထုတ်လုပ်တဲ့တစ်ယောက်လေ.. တော်တော်ဩဇာရှိပြီး ရုပ်လည်းချောတယ်.. ဒါပေမဲ့ သူ့မျက်လုံးတစ်ဖက်က ကန်းနေတာလေ"
ရှုကျင်းက ရေခဲထုပ်ကို တဘက်ဖြင့် ရစ်ပတ်လိုက်ပြီးနောက် ဒူးထက်၌ စတင်အုံတော့၏။
သူသည် ယခုလောလောဆယ်တွင်တော့ မသိစိတ်၏စေ့ဆော်မှုအရ ရှန့်ရှင်းဟယ်၏အောင်မြင်ကျော်ကြားမှုများအပေါ် လျစ်လျူရှုမျက်ကွယ်ပြုထားခဲ့သည်။ သို့သော်ငြား လွန်ခဲ့သည့် နှစ်အနည်းငယ်များအတွင်းတွင်တော့ ရှန့်ရှင်းဟယ်နှင့်ပတ်သက်သည့်သတင်းများကို မကြားမိအောင် ရှောင်ရှားသော်ငြား မအောင်မြင်ချေ။ မမြင်ချင်သည့်အဆုံး တီဗီမှ သတင်းများ... မကြားချင်မှအဆုံး ရုပ်သံအင်တာဗျူးများ၌ ရှန့်ရှင်းဟယ်ဟူသည့် လူငယ်အကြောင်းက တလူလူပွက်လောရိုက်နေခဲ့သည့်အတွက်။
Advertisement
ရှန့်ရှင်းဟယ်က *Nanotechnology ကို တစ်ဦးတည်း မူပိုင်ခွင့်ယူထားသည့်အပြင် အခြားသော သိပ္ပံနည်းနာပညာရပ်များကိုလည်း လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသေးသည်။ ယခုဆိုလျှင် ရှန့်ရှင်းဟယ်ဦးဆောင်သည့်အဖွဲ့မှာ ထိုနယ်ပယ်၌ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များဖြစ်နေကြချေပြီ။ တစ်နည်းဆိုသော် စိတ်ကြိုက်ခြယ်လှယ်ခွင့်ရသည့် အကြီးအကဲခေါင်းဆောင်တာဝန်ကို ထမ်းလျက်ရှိ၏။
[T/N- Nanotechnology = မော်လီကျူးတစ်ခုချင်းကို ကိုင်တွယ်သုံးသပ်၍ (၁၀၀)မီတာအောက် လျော့နည်းသည့် အတိုင်းအတာများဆိုင်ရာ နည်းပညာ။ ]
"ငါ ပြန်လာတော့ လူနှစ်ယောက်၊ သုံးယောက်လောက်က တံခါးပေါက်မှာ လုံခြုံရေးစောင့်နေကြတာကို တွေ့လိုက်တာ.. ငါက အစက သရုပ်ဆောင်တစ်ယောက်ယောက်လို့ ထင်နေတာ.. ဘယ်သူလဲလို့ မေးကြည့်လိုက်တော့မှ ရှန့်ရှင်းဟယ် ဖြစ်နေတယ်"
ရှုကျင်း၏လုပ်ဖော်ကိုင်ဖက်က သူဝယ်ယူလာခဲ့သည့် လက်ဆောင်ပစ္စည်းများကို ရှုကျင်းအား ပြသနေရင်း သက်ပြင်းတစ်ချက်ချကာ ဆက်ပြော၏၊
"သနားပါတယ်.. တချို့နာမည်ကြီးမင်းသားမင်းသမီးတွေတောင် သူ့လောက် ဒုက္ခမများရဘူး.. ငါ ကြားဖူးတာကတော့ သူ ငယ်ငယ်လေးတုန်းက သူ့ကစားဖော်တစ်ယောက်က သူ့ကို ကန်းအောင်လုပ်လိုက်တာတဲ့.. တကယ်ကံဆိုးမိုးမှောင်ကျတာပဲ"
အချိန်ကြာမြင့်လာသည်နှင့်အမျှ ရေခဲထုပ်၏အအေးဓာတ်ကြောင့် ရှုကျင်း၏ဒူးခေါင်းက စတင်ကိုက်ခဲလာချေပြီ။ ရှုကျင်းက ပြန်ပြောလိုက်၏။
"အင်း"
လုပ်ဖော်ကိုင်ဖက်ဖြစ်သူက ဆက်ပြောပြန်သည်။
"ငါသာ ဒီလိုမျက်စိကန်းသွားမယ်ဆိုရင် အဲ့လောက်ထိ အလုပ်ကြိုးစားမနေတော့ဘူး.. ဘယ်လောက်ပဲ ပိုက်ဆံရှာနိုင်ရှာနိုင်လေ.. ဘယ်ဟာကမှ မျက်လုံးတစ်လုံးလောက် တန်ဖိုးမရှိနိုင်ဘူး.. မင်းလည်း အဲ့လိုပဲ ထင်တယ်မလား?"
ရှုကျင်းက မည်သည့်စကားမျှ ထပ်မဆိုတော့ချေ။ လုပ်ဖော်ကိုင်ဖက်ဖြစ်သူကတော့ အာရုံပြုမိပုံမပေါ်ဘဲ ထိုအစား လက်ဖက်ခြောက်တစ်ဘူးကိုသာ လက်ညှိုးညွှန်ပြ၏။
"ငါ ဟိုဟိုဒီဒီလျှောက်ပတ်ကြည့်ပေမယ့် ဝယ်စရာ စာအုပ်ဘာညာမတွေ့ဘူး.. နိုင်ငံခြားခရီးသွားတွေ အလာများတဲ့မြို့ဆိုတော့လေ.. စိတ်ဝင်စားဖို့ကောင်းတာတွေက တခြားနီးနီးနားနားမြို့တွေမှာပဲရှိတာ.. ဒါပေမယ့် ဒီလက်ဖက်ခြောက်ကတော့ တော်တော်ကောင်းတယ်.. ငါ မင်းအတွက် နှစ်ဘူးဝယ်လာတယ်.. မင်းအဖေကလည်း ကြိုက်လောက်မှာ"
ရှုကျင်း၏လုပ်ဖော်ကိုင်ဖက်က ရှုကျင်းအား သူ ဝယ်လာသည့် အခြားလက်ဆောင်များကိုလည်း ဝေစုခွဲဝေပေး၏။ မျက်တောင်တစ်ခတ်အတွင်းပင် ရှုကျင်း၏မွေ့ယာထက်၌ ပစ္စည်းများက တောင်လိုယာလို ပုံသွားတော့သည်။
ရှုကျင်းက ပြောလိုက်၏။
"ကျွန်တော် ဒီလောက်အများကြီး မယူနိုင်ဘူးဗျ"
လုပ်ဖော်ကိုင်ဖက်မှာတော့ ရှုကျင်းပြောသမျှကို နားမဝင်နိုင်ဘဲ သူ့အား အရမ်းမရိုကျိုးဖို့ပင် ဆုံးမလိုက်သေးသည်။
ရှုကျင်းမှာတော့ ရွေးချယ်စရာမရှိတော့သည့်အဆုံး ဖွင့်ဟပြောလိုက်ရတော့၏။
"ကျွန်တော့်အိမ်မှာ ဘယ်သူမှမရှိတော့ဘူးဗျ"
ရှုကျင်းက စကားနုစကားယဥ် ဖွဲ့နွဲ့၍ နားဝင်သာအောင် ပြောလိုက်သော်ငြား မျက်နှာအမူအရာကမူ အရေးမပါသည့်အရာကို ပြောသည့်ပမာ အတော်အတန် ပေါ့ရွှတ်ရွှတ်ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင်မှ လုပ်ဖော်ကိုင်ဖက်လည်း အားတုံ့အားနာဖြင့် ပြန်လည်တောင်းပန်လိုက်သည်။
"ငါ မသိခဲ့လို့ပါ.. တောင်းပန်ပါတယ်"
ထိုညနေခင်း၌ ရှုကျင်းက ညစာစားရန် စားသောက်ဆိုင်သို့ မသွားခဲ့ချေ။
လုပ်ဖော်ကိုင်ဖက် ဟိုတယ်အခန်းမှ ထွက်သွားပြီးချိန်တွင် ဒဏ်ရာကို အောင့်အည်းသည်းခံရင်း အဝတ်အစားများကို ပြန်လည်သိမ်းဆည်းနေ၏။ အထုပ်အပိုးများကို အခန်းစင်္ကြံလမ်းသို့ တရွတ်တိုက်ဆွဲသွားကာ နေရာချပြီးနောက် ဆိုဖာကို အမှုမဲ့အမှတ်မဲ့ ကြည့်လိုက်မိသည်။ စွန်းထင်းနေသည့် ဆေးကွက်ရာက ဆိုဖာအခင်းထက်၌ အတိုင်းသား။
ရှုကျင်းလည်း တဘက်တစ်ထည်ယူကာ ရေဆွတ်လိုက်၏။ ဆိုဖာရှိ ထိုဆေးအရာလေးကို သူကိုယ်တိုင် ပြောင်စင်အောင် သုတ်ချင်သော်ငြား မအောင်မြင်ခဲ့။ အစွန်းချွတ်ဆေး သုံးမှ အဆင်ပြေမည်ထင်သည်။
ရှုကျင်းဟာ အနှီဆေးအရာကို တစိမ့်စိမ့်ရှုရင်း ရှန့်ရှင်းဟယ် ထိုနေရာလေး၌ တစ်နာရီကျော်ကြာ ထိုင်သွားခဲ့ကြောင်း ပြန်လည်သတိရသွားတော့၏။
__ကို စားသောက်ဆိုင်မှာ တစ်ခုခုစားနေမလား?
ရှုကျင်းပါ ညစာစားရန် လိုက်သွားလျှင် ရှန့်ရှင်းဟယ်အား စားသောက်ဆိုင်၌ တစ်ဖန်ပြန်တွေ့နိုင်မည်လော?
သို့တစေ သူ လိုက်သွားခဲ့လျှင်တောင် ရှန့်ရှင်းဟယ်အား နောက်တစ်ကြိမ် တွေ့နိုင်ရန် လမ်းစ,မမြင်။ အကြောင်းမှာ ဤဟိုတယ်အတွင်း၌ စားသောက်ဆိုင်ပေါင်း မြောက်များစွာ ရှိသည့်အပြင် ရှန့်ရှင်းဟယ်ကိုယ်တိုင်ကလည်း အလုပ်များနေမည့်အလျောက် ဆိုင်တစ်ဆိုင်မှ ဖုန်းဆက်မှာစားလိမ့်မည်သာ။
__မသွားတာပဲ ကောင်းပါတယ်လေ။
ရှုကျင်း ဤသို့ တွေးလိုက်၏။
နောက်တစ်ကြိမ်ထပ်မံ၍ သူတို့နှစ်ဦး မတွေ့သင့်တော့။
ထိုည၌ လုပ်ဖော်ကိုင်ဖက်၏ခလူးခလောဟောက်သံကြောင့် ရှုကျင်း လွယ်လွယ်နှင့် အိပ်မပျော်ခဲ့။
ကုတင်ပေါ်၌ ဘေးတစောင်းလှဲလျောင်းရင်း ဖုန်းထဲရှိ မဖွင့်သည်မှာ အတော်အတန်ကြာမြင့်နေပြီဖြစ်သော အက်ပလီကေးရှင်းတစ်ခုကို ဖွင့်လိုက်သည်။
ယခင်အချိန်တုန်းကဆိုလျှင် ထိုအက်ပလီကေးရှင်းက အတိုင်းအတာတစ်ခုအထိ အောင်မြင်ကျော်ကြားခဲ့ပြီး လူငယ်အသိုက်အဝန်းအကြား လွန်စွာမှ ရေပန်းစားခဲ့လေသည်။
ယခုတွင်တော့ မည်သူမျှ မသုံးကြတော့။
ရှုကျင်း၏ friend list ထဲတွင် ပရိုဖိုင်တစ်ခုသာရှိနေ၏။ ပရိုဖိုင်ဓာတ်ပုံလေးမှာ မင်နီဖြင့် အမှတ်(၁၀၀)ဟု ဝိုင်းထားသည့် အဖြေလွှာစာရွက်လေးတစ်ရွက်ပင်ဖြစ်သည်။
ရှုကျင်း နှိပ်ကြည့်လိုက်သည်နှင့် လွန်ခဲ့သည့် ငါးနှစ်က ဖုန်တက်နေပြီဖြစ်သော အပြန်အလှန်စကားပြောခန်းလေးတစ်ခု ပေါ်လာလေသည်။
နဂါးငွေ့တန်း🌌 : [ဒီညနေ လာခေါ်မယ်။ ဒီတစ်ခါတော့ ထွက်မပြေးနဲ့တော့။ ]
ဝေလငါး🐳 : [ဟမ်? ဘာလို့လဲ? ]
နဂါးငွေ့တန်း🌌 : [ကျွန်တော်တို့ ဖုန်းထဲမှာ တူတူကြည့်ဖို့ ပြောထားတယ်လေ။ အစ်ကိုက ကျွန်တော့်နောက်ကွယ်မှာ အရင်ကြည့်တယ်ပေါ့။ (မဲ့ပြုံး) ကျွန်တော်နဲ့ နောက်တစ်ခါ ထပ်ကြည့်ရမယ်။ ]
ဝေလငါး🐳 : [Online Rating ကို မဖတ်ကြည့်ရသေးဘူးလား? ၅မှာ ၃.၁ပဲ ရထားတာ! တကယ့် အမှိုက်ပဲ! ငါ ထပ်မကြည့်ချင်တော့ဘူး! နောက်မှ တခြားဟာ တူတူကြည့်မယ်လေ။ ]
နဂါးငွေ့တန်း🌌 : [လုံးဝမရဘူး။ (လက်ညှိုးလှုပ်ပြ) ]
ဝေလငါး🐳 : [ဝူးဝူးဝူး~~ အစ်ကို မင်းကို မစောင့်ခဲ့တာ မဟုတ်ပါဘူးဆို။ စထွက်ထွက်ချင်း ဟိုကောင်တွေနဲ့ စောင့်ရင်း ကြည့်လိုက်လို့ပါဆို။ (အသည်းအသန်ငိုပြ) ]
ရှုကျင်း ဖုန်းပိတ်လိုက်ကာ မျက်နှာကျက်ကိုသာ အတော်အတန်ကြာအောင် တွေဝေစွာ ငေးကြည့်နေမိသည်။
ထို့နောက် ဖုန်းပြန်ဖွင့်ပြီး brower ထဲ၌ 'ရှန့်ရှင်းဟယ်'ဟူသည့် စာလုံးသုံးလုံးကို ရိုက်နှိပ်ရှာဖွေလိုက်သည်။
စာမျက်နှာတစ်ခု ပွင့်ထွက်လာပြီး ရှန့်ရှင်းဟယ်နှင့်ပတ်သက်သည့် အကြောင်းအရာများက တသီတတန်း ပေါ်ထွက်လာလေ၏။
ဓာတ်ပုံထဲတွင်တော့ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်လျက် ကင်မရာထဲမှ ကြည့်ရသည်မှာ တစ်မျိုးတစ်ဖုံ ခြားနားနေသည့် ရှန့်ရှင်းဟယ်ကို မြင်တွေ့ရလေသည်။
🐳🌌
ZAWGYI
ရွုက်င္းက ကုမၸဏီ၏ႏွစ္ကုန္ေပ်ာ္ပြဲရႊင္ပြဲ၌ ဇိမ္ခံခရီးစဥ္စုံတြဲလက္မွတ္ကို မဲေပါက္ခဲ့သည့္အတြက္ ဤကို လာျဖစ္ခဲ့ျခင္းျဖစ္သည္။
စုံတြဲလက္မွတ္ျဖစ္သည့္အေလ်ာက္ ယခုခရီးစဥ္က လူႏွစ္ေယာက္အတြက္ စီစဥ္ေပးထားျခင္းပင္။ သို႔ေပတည့္ ရွုက်င္းထံ၌ ခရီးသို႔ အပါေခၚေဆာင္ရန္ သင့္ေတာ္သူမရွိ။ ျဖစ္ခ်င္ေတာ့ ကုမၸဏီ၌ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးကလည္း ခရီးသြားလည္ပတ္ခ်င္ေနသည့္အားေလ်ာ္စြာ ရွုက်င္းက ထိုလူႏွင့္အတူ အလုပ္မွ ခြင့္ယူၿပီး ဤစုံတြဲလက္မွတ္ကို အသုံးျပဳခဲ့ျခင္းျဖစ္၏။ ရွုက်င္း၏လုပ္ေဖာ္ကိုင္ဖက္သည္လည္း ကနဦးကတည္းက ခရီးစရိတ္တစ္ဝက္ကို ေပးခံမည္ဟုေျပာေသာ္လည္း ရွုက်င္းက ျငင္းဆန္ခဲ့သည္။
ရွုက်င္းက ဤသို႔ေျပာခဲ့၏။
"မလိုပါဘူး.. ကၽြန္ေတာ္ ဒကာခံပါရေစ"
သူတို႔ကဲ့သို႔ ဝန္ထမ္းငယ္ေလးမ်ားအတြက္ ေဒၚလာေလးဆယ္တန္ဖိုးရွိ ခရီးစဥ္ဟာ မနည္းလွသည့္ပမာဏပင္။ ထိုလုပ္ေဖာ္ကိုင္ဖက္ဟာလည္း ရွုက်င္း၏ရက္ေရာမွုအေပၚ လြန္စြာမွ အံ့အားသင့္သြားခဲ့ရ၏။
"ရွုက်င္း.. မင္းက ဒီကုမၸဏီမွာ အေတြ႕အၾကဳံသက္သက္ရေအာင္ သင္တန္းလာဆင္းတဲ့ သူေဌးသားေလးေတာ့ မဟုတ္ပါဘူးေနာ္?"
နက္နဲစြာ ေတြးေတာေလေလ ပို၍ပိုကာ အက်ိဳးအေၾကာင္းဆီေလ်ာ္ေလေလ ျဖစ္လာရသည္။
"အဲ့ဒါေၾကာင့္ မင္းက ငါ့လိုမ်ိဳး ကုမၸဏီကလြဲၿပီး ဘယ္မွမေရာက္ဖူးတဲ့ ငဒူငအမဟုတ္ဘဲ ေနရာစုံအေၾကာင္းကို အကုန္လုံးသိေနတာကိုး... ငါ ထင္တာ လြဲခဲပါတယ္လို႔"
ရွုက်င္းမွာေတာ့ မဟုတ္ေၾကာင္း ျငင္းဆိုကာ အေျဖမေတာင္းသည့္ ေမးခြန္းတစ္ခုအား အေမးျပဳလိုက္၏။
"အဲ့လိုသာဆိုရင္ အိုဗာတိုင္ဆင္းေနရတဲ့အခ်ိန္ ကၽြန္ေတာ္က ဘာလို႔ အစ္ကိုတို႔နဲ႔တူတူ (၃)မိနစ္ေခါက္ဆြဲျပဳတ္ စားေနဦးမွာလဲ?"
"အိုး.. အဲ့ဒါလည္း ဟုတ္သား"
သူ၏လုပ္ေဖာ္ကိုင္ဖက္က ရွုက်င္း၏ပခုံးကို ပုတ္ကာ ဆက္ေျပာ၏။
"ဒီလိုလုပ္ရင္ေရာ.. မင္းသူငယ္ခ်င္းေတြနဲ႔ ေဆြမ်ိဳးေတြအတြက္ ဝယ္ေပးမယ့္ အမွတ္တရလက္ေဆာင္ေတြကို ငါ အကုန္ရွင္းေပးမယ္"
ရွုက်င္း : "ကၽြန္ေတာ္ ဝယ္ခ်င္တာ ဘာမွမရွိဘူး"
လုပ္ေဖာ္ကိုင္ဖက္က ဆိုေလသည္။
"သူငယ္ခ်င္းေတြကို လက္ေဆာင္မေပးခ်င္ဘူးဆိုရင္လည္း မင္းမိဘေတြကို ေပးလို႔ရတာပဲ.. သူတို႔လည္း ေပ်ာ္မွာပါ"
ရွုက်င္းက လုပ္ေဖာ္ကိုင္ဖက္၏အႀကံေပးခ်က္ႏွင့္ပတ္သက္ၿပီး ဘာမွထပ္မေျပာေတာ့ေခ်။
ထိုေန႔လယ္ခင္း၌ သူ၏လုပ္ေဖာ္ကိုင္ဖက္က အမွတ္တရလက္ေဆာင္ပစၥည္းမ်ားကို သြားဝယ္ေလသည္။ ရွုက်င္း၌ တေရးတယူ ဝယ္စရာပစၥည္းမရွိသည့္အေလ်ာက္ ဟိုတယ္၌ပင္ ေနရစ္ခဲ့ျခင္းျဖစ္၏။
ထိုသို႔ေသာ အေျခအေနမ်ိဳးတြင္ ရွုက်င္းဟာ ပ်င္းရိျခင္း(၉၉)ပါးႏွင့္ျပည့္စုံသူျဖစ္သည့္အေလ်ာက္ လုပ္ေဖာ္ကိုင္ဖက္ႏွင့္လိုက္မသြားခဲ့ျခင္းအတြက္ လြန္စြာမွ အားရေက်နပ္မိေလသည္။
ထို႔အျပင္ ေရကူးကန္သို႔သြားကာ အရွက္တကြဲ ေခ်ာ္လဲခဲ့ျခင္းကိုလည္း ေနာင္တရမေနေတာ့ေခ်။
အဘယ္ေၾကာင့္ဆိုေသာ္ ရွန့္ရွင္းဟယ္က သူ႔အား လ်စ္လ်ဴမရွုခဲ့သည့္အတြက္။
~~~
ရွုက်င္း၏မ်က္ရည္စမ်ားက ရွန္ရွင္းဟယ္၏ရွပ္အကၤ်ီထက္၌ ရႊဲစိုထင္က်န္သြားသည္။ ရွန့္ရွင္းဟယ္၏ဂုတ္ပိုး၌လည္း မ်က္ရည္မ်ားက အရာထင္စိုစြတ္သြားေသး၏။ ရွုက်င္းက တည္ၿငိမ္ေနသည့္တစ္ဖက္လူကိုလည္း မေနတတ္မထိုင္တတ္ျဖစ္ေစရန္ ေရွ႕တည့္တည္၌ ဇြတ္တရြတ္ ႏွာညႇစ္ျပျပန္၏။ ထို႔ေနာက္ ပင့္သက္ရွိုက္ေနရင္း ေမးျမန္းလိုက္သည္။
"ကို.. ဒီကို အလုပ္ကိစၥနဲ႔လာခဲ့တာလား?"
ရွန့္ရွင္းဟယ္က လက္တစ္ေပြ႕စာမၽွရွိသည့္ ခါးကို ေပြ႕ဖက္ထားသည့္ ရွုက်င္း၏လက္ကို ညင္သာစြာ ဖယ္လိုက္ကာ ျပန္ေျဖသည္။
"ဟုတ္တယ္"
ရွုက်င္းက ဆိုပါ၏။
"ကၽြန္ေတာ္က ဒီအတိုင္း အေပ်ာ္ခရီးသက္သက္ပဲ"
ရွန့္ရွင္းဟယ္ ေခါင္းတစ္ခ်က္ညိတ္ျပလိုက္သည္။
ရွုက်င္းက ငိုယိုထားသည့္အတြက္ ေခတၱမၽွ အသက္မရွူနိုင္ဘဲ မြန္းေန၏။ ထို႔ေနာက္တြင္မွ ေျပာစရာစကားလုံးမ်ား ႏွုတ္မွတတြတ္တြတ္ ထြက္လာေလသည္။
"ကၽြန္ေတာ္က ကုမၸဏီႏွစ္ပတ္လည္ပြဲမွာ လူႏွစ္ေယာက္စာ ဇိမ္ခံခရီးလက္မွတ္ကို မဲေပါက္သြားတာေလ.. မိုက္တယ္မလား?"
ရွုက်င္း ယခုထိုင္ေနသည့္အေနအထားက ဒဏ္ရာရေနသည့္ ဒူးေခါင္းအား ျပင္းျပင္းထန္ထန္ နာက်င္ခံစားရေစသည္။ ဆိုဖာ၌ ခင္းထားသည့္ လီနင္ခ်ည္သားကို ဒူးျဖင့္ပြတ္တိုက္မိတိုင္း ေနမထိထိုင္မသာျဖစ္လာရ၏။
ထို႔အျပင္ ဒူးေခါင္းထက္ရွိ လိမ္းေဆးက ဆိုဖာအခင္းထက္သို႔ စီးက်စြန္းထင္းသြားပါက အခန္း check in ဝင္သည့္အခါ သန့္ရွင္းခသက္သက္ ေပးေဆာင္ရေပဦးမည္။ ဤအေတြးေၾကာင့္ သက္သာစျပဳေနသည့္ ဒဏ္ရာကပင္ ပိုမိုကိုက္ခဲလာသေယာင္။
ရွုက်င္းသည္ ရွန့္ရွင္းဟယ္အား လႊတ္ေပးလိုက္သည္ႏွင့္ သူ႔အား ထားသြားေတာ့မည္ကို ေၾကာက္လန့္ေနမိသည္။
ကာလၾကာရွည္စြာ အဆက္အသြယ္မရွိခဲ့ျခင္းေၾကာင့္ ႏွစ္ဦးစလုံး၌ ေျပာစရာစကားလုံးမ်ား ေပ်ာက္ရွေနခဲ့၏။
အခန္းထဲ၌ စိမ္းသက္မွုေလထုက လႊမ္းျခဳံေနစဥ္ ရွုက်င္းဘက္မွ စတင္၍ စကားဝိုင္းႏွင့္မသက္ဆိုင္ကာ အနည္းငယ္ပ်င္းရိဖြယ္ေကာင္းသည့္ စကားမ်ားကို ေျပာဆိုေတာ့သည္။
Advertisement
- In Serial6 Chapters
The Beauty In Death
The Kingdom of Coldfalls, while ruled by an elected King, is controlled by a source much older than the lands themselves. A entity which has laid claim to the land, and remains behind the curtains of power. A series of events begins to pull back those veils, gradually revealing the terrible bridge between mortals, and the Ancients that hide themselves among them.How far could you walk into the darkness, unaware of what waits for you?
8 182 - In Serial39 Chapters
Falling For His Nanny [Book #1]
Book #1 of the "Falling" book seriesWarning: Mature (18+) Content!#1 in Agegap 2022#2 in Daddy 2022#6 in Steamy 2022#1 in Mature 2022#3 in Lovestory 2022#2 in Sexual 2022#34 in Explicit 2022#1 in Kids 2022#4 in Love 2022#1 in Drama 2022#3 in Humor 2022#1 in Cute 2022#1 in Sweet 2022#7 in Romance 2022#2 in Family 2022#90 in Obssessed 2022****After losing her job, 22 year old Laurel Flynn struggles to find a job where she can make enough money to pay off her student loans and pay for her grandmother's housing. And just when she begins to feel all is lost, a wealthy single father looking for a live-in Nanny offers her a job.34 year old Levi Isaacs hires an attractive young woman to care for his mute four year old son. After his ex-wife abandoned their son, Levi never thought his nanny would be the one to flip their entire world upside down.****Overprotective of his little boy, will Laurel be able to break Levi out of the shell he placed around himself and get him to trust again? Find out what happens in this sweet and steamy romance when two worlds collide.
8 280 - In Serial53 Chapters
Julius ✔️
Julius Santo was a name that had every human's skin crawling. Most people know of him due to the lethal Mafia he leads, his silver eyes that have watched countless souls fade away, or the sinister scar that crosses his brow.But for Hazel Alexis, Julius Santo was a man of kindness. Someone who was willing to listen to her vent, converse with her, or simply be in her company.Julius was a saviour to Hazel. A hero who guarded, supported, and kept her safe.Hazel Alexis is an innocent, quite oblivious, nineteen-year-old woman. She works as a nurse in a small health clinic, aiming to earn enough money to leave her toxic household, and also spends her weekdays studying at her local college.As her new friendship with Julius evolves, she can't help but fight the overwhelming feelings that develop between them. Obtaining a crush on your best friend could never end well, could it?Every day, the simple things he does drive her deeper into the obsessional crush she has with him.But the hidden truth that remains between the two was the undeniable reality of how their end could possibly be.The mixture of his secret, her obliviousness, and the ultimate reality of it all was bound to cause chaos.What happens when Hazel discovers Julius Santo's true identity?•••Ranks#4 Friendstolovers - March 2022#1 GrumpyxSunshine - May 2022#8 Chicklit - May 2022
8 335 - In Serial43 Chapters
Faux Real
Kennedy Carmichael never kisses strangers, let alone arrogant foreign exchange students from the UK but when her ex-boyfriend shows up to Hilton Prep Academy on the first day of senior year, hand in hand with her arch nemesis, Kenny does the unthinkable.Oliver Knight is in exile, living with his overbearing Aunt Bessie. After being kicked out of almost every private school in London, his parents ship him off to the US, hoping that Hilton Prep, with their strict schedules and world-renowned faculty, will whip Ollie into shape. After several turbulent encounters, Kenny and Oliver find themselves thrust into a mutually beneficial, yet mildly complicated friendship. They'll pretend to date to show Sawyer what he's missing, while at the same time demonstrating to Ollie's aunt that he can stay out of trouble.What starts off as a harmless charade soon spirals into something deeper, darker, and...real? With endless antics, bitchy mean girls, familial pressures, and spilled secrets, senior year just got a little more interesting. Will Kennedy and Oliver be able to overcome all the obstacles in their way or will their relationship remain a total faux?Warnings: Explicit language, snarky comments, sexual innuendos, and underage drinking/drugs.
8 168 - In Serial28 Chapters
Extra Ordinary
Fed up with being picked on, a geeky boy with a big secret hires the school's toughest senior as a bodyguard to protect him from the bullies.Cover by @glynfrans
8 172 - In Serial38 Chapters
Arranged Marriage to The Devil
How would you feel if your parents forced you to get married after the age of 18? With the guy you absolutely despise? Would you allow your parents to plan the wedding? Or find a possible way of trying to escape the agreement? Join Alexandra on her adventure of finding herself, struggling to find love and deciding her destiny. Oh yes and trying to end her crazy Arranged Marriage to the Devil.
8 152

