《Please Don't See Me [Mm Transl. || Completed]》CHAPTER-4
Advertisement
UNICODE
NSFW ⚠️
ရှန့်ရှင်းဟယ်က ရှုကျင်းအား ပွေ့ချီလိုက်သည့်အခါ ရှုကျင်းက ရှန့်ရှင်းဟယ်ထက် ခေါင်းတစ်လုံးစာခန့် အရပ်မြင့်သွားသကဲ့သို့။
ရှုကျင်းဟာ တီးတိုးစွာ ညည်းရှိုက်ရင်း ရှန့်ရှင်းဟယ်အား ရိုးကျိုးနာခံစွာဖြင့် ဖက်တွယ်ထားလေသည်။ အမြင်အာရုံများက မှေးမှိန်နေသည့်တိုင် ရှန့်ရှင်းဟယ် သူ့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုလည်း လုံးဝဂရုစိုက်မနေတော့။ ခေါင်းငုံ့ကာ ရှန့်ရှင်းဟယ်၏ဦးခေါင်းကို လက်ဝါးဖြင့် အုပ်၍ ထိန်းကိုင်ရင်း အငမ်းမရ နမ်းရှိုက်တော့သည်။
အခန်းအလင်းရောင်ဟာ နေ့အချိန်ထက် ညအချိန်၌ ပိုမှောင်နေချေ၏။
ရှန့်ရှင်းဟယ်၏အသက်ရှူနှုန်းများသည်လည်း ပိုမိုမြန်ဆန်ကာ လေးပင်လာသကဲ့သို့။
သူတို့နှစ်ဦး ပြန်လည်ဆုံစည်းဖြစ်ကတည်းက ရှန့်ရှင်းဟယ် မျိုသိပ်ထိန်းချုပ်ထားရသည့်အရာသည်လည်း လုံးလုံးလျားလျား လောင်မြိုက်နေချေပြီ။
အခန်းဆီသို့ ဦးတည်လျှောက်လှမ်းရင်း နှုတ်ခမ်းနှစ်စုံဟာ ပြင်းပြစွာ တစ်ဦးကိုတစ်ဦး လစ်လပ်မှုမရှိလေအောင် ကြမ်းတမ်းစွာ နမ်းရှိုက်ခဲ့ကြသည်။ နှုတ်ခမ်းလွှာများ၊ လျှာဖျားများဟာလည်း ရစ်ပတ်ယှက်နွှယ်လျက်။ ပင့်သက်ရှိုက်သံများအကြား ကသုတ်ကရက်နိုင်လှစွာ ဗျာများနေကြ၏။
နှစ်ဦးစလုံး၏အသွေးအသားများက ငတ်မွတ်ဆာလောင်နေသည့်ပမာ အငမ်းမရ ဖက်တွယ်နမ်းရှုံ့နေသည်။ အိပ်ခန်းတံခါးကို ဖွင့်ပြီးသည်နှင့် ရှန့်ရှင်းဟယ်က ရှုကျင်းအား အေးစက်လှသည့် နံရံထက်သို့ ဆတ်ခနဲ ဖိကပ်လိုက်ကာ ကျောပေးထားသူ၏နားရွက်ကို တရှုံ့ရှုံ့ နမ်းရှိုက်ရင်း လည်ပင်းကိုလည်း နေရာလပ်မကျန်အောင် ကိုက်ခဲစုပ်ယူနေတော့၏။
ရှုကျင်း၏ညအိပ်ဝတ်ဘောင်းဘီဟာလည်း အဝေးတစ်နေရာသို့ ရောက်သွားချေပြီ။ ထို့နောက် ရှန့်ရှင်းဟယ်၏အမည်နာမအား နှစ်ခါမျှ အသံထွက်ခေါ်မိ၏။
သို့ပေတည့် အသံက ပင့်သက်ရှိုက်သံများဖြင့် လုံးထွေးလျက် ကိုယ့်အသံ၌ကိုယ်နစ်မြုပ်သွားရသလိုပင်။ ထို့ကြောင့် ရှုကျင်းက 'ကို'ဟူ၍ တိုးညင်းစွာဖြင့် နှစ်ခါမျှ ခေါ်လိုက်ရ၏။
ရှန့်ရှင်းဟယ်က ကွန်ဒုံးအထုပ်ကို ဖွင့်ဖောက်နေစဥ် မျက်နှာအမူအရာက အေးဆေးတည်ငြိမ်နေသည်။ သို့သော် ရှုကျင်းမှာတော့ မကြာခင် နာကျင်ရတော့မည်ဟူသော အသိဖြင့် အနည်းငယ် ခံစားရခက်နေချေပြီ။ ရှန့်ရှင်းဟယ်က ရှုကျင်း၏ပါးစပ်၌ ကိုက်ခဲထားသည့် ခေါင်းအုံးထောင့်ကို ဆွဲယူလိုက်ကာ ထိုအစား သူ၏လက်ညှိုးကို ထိုးထည့်လိုက်၏။
အနေအထားမျိုးစုံကို မမောနိုင်မပန်းနိုင် လုပ်ခဲ့ကြသည်မှာ ကျယ်ပြန့်လှသည့် king-size မွေ့ယာကြီး၏တကျွီကျွီဆူညံသံကပင် အခန်းတစ်ခန်းလုံးကို ဖုံးလွှမ်းသွားသည်အထိ။
ရှုကျင်းဟာလည်း မျက်ရည်စများစိုစွတ်နေလျက် ရှန့်ရှင်းဟယ်အား ငေးမောနေ၏။ မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း အနီကွက်များဖြင့် ပွထနေသည်မှာ ကျက်ကျက်ဆူအောင် အပြုတ်ခံထားရသည်ပင် ပုစွန်နှင့်ပင် တူနေတော့သည်။
ရှန့်ရှင်းဟယ်၏အသံက ယောက်ျားဆန်လှစွာဖြင့် လွှမ်းမိုးနိုင်စွမ်းရှိလွန်း၏။
"ခြေထောက် ကားလိုက်"
ကိစ္စဝိစ္စများအားလုံးပြီးဆုံးသည့်နောက် ရှန့်ရှင်းဟယ်က ရှုကျင်းအား ရေချိုးခန်းဆီသို့ ပွေ့ချီခေါ်သွားကာ အစအဆုံး သန့်ရှင်းရေးလုပ်ပေးလေသည်။ ရှုကျင်းဟာလည်း ငယ်ရွယ်ကာ အားနည်းဖျော့တော့လှသည့် လူငယ်လေးတစ်ဦးမဟုတ်တော့ပါချေ။ သို့သည့်တိုင် ရေချိုးဇလုံထဲမှ မတ်တပ်ထရပ်ရန် ကြိုးပမ်းလိုက်သည်နှင့် ခြေထောက်နှစ်ဖက်လုံး ကတုန်ကယင်ဖြစ်လာလေ၏။ ထို့ကြောင့် ရေချိုးခန်းအပြင်ဖက်သို့ ထွက်သည့်အခါတွင်လည်း ရှန့်ရှင်းဟယ်ကိုသာ ပွေ့သယ်ခွင့်ပြုလိုက်ရသည်။
အိပ်ရာခင်းများက အနည်းငယ် ညစ်ပတ်ပေရေနေ၏။ ရှန့်ရှင်းဟယ်က အားတုံ့အားနာဖြစ်ဟန်ဖြင့် အနည်းငယ် တွန့်ဆုတ်နေသော်ငြား ရှန့်ရှင်းဟယ်၏လက်မောင်းများကြားထဲ ပွေ့ဖက်ခံထားရသည့် ရှုကျင်းက ပြောလိုက်၏။
"ကျွန်တော် ဒီမှာပဲ အိပ်မယ်"
မွေ့ယာခင်းက နူးညံ့အိစက်လွန်းလှသည်။ တဆစ်ဆစ် နာကျင်ကိုက်ခဲနေသည့် ရှုကျင်း လှဲချလိုက်သည့်အခါတွင်တော့ တိမ်စိုင်များကြားထဲ နစ်မြုပ်သွားသလို ခံစားလိုက်ရ၏။
ရှုကျင်းက ခေါင်းအုံးကြားထဲ မျက်နှာကို နှစ်လိုက်သည်။ ရှန့်ရှင်းဟယ် ရှုကျင်း၏နားသီးနှင့် နောက်ကျောကို တယုတယ ပွတ်သပ်ပေးသောအခါ ဖြစ်ပေါ်လာသည့်ခံစားမှုကြောင့် မျက်နှာတစ်ပြင်လုံး နီရဲတွတ်လာရ၏။
ရှန့်ရှင်းဟယ်က ဆိုသည်။
"ကိုယ် ဆေးသွားဝယ်ပေးမယ်"
"မဝယ်ပါနဲ့တော့.. မလိုဘူး.. အခု နောက်ကျနေပြီ"
"၁၂နာရီပဲ ရှိသေးတာပါ"
"နက်ဖြန်မနက်မှ သွားတော့"
ရှုကျင်း၏နားသီးကို ပွတ်သပ်ပေးနေသည့် ရှန့်ရှင်းဟယ်၏လက်ချောင်းများ လွတ်ထွက်သွားသည့်အခါ လက်တစ်ဖက်က ချက်ချင်းပြန်ဆွဲယူလိုက်၏။
ရှုကျင်းက ပိတ်တစ်ဝက်ဖွင့်တစ်ဝက်မျက်ဝန်းများဖြင့် ခပ်ဝါးဝါးမြင်နေရသည့် ရှန့်ရှင်းဟယ်၏ပုံရိပ်ကို ငေးမောကြည့်ရင်း ပါးစပ်ဟကာ ရှန့်ရှင်းဟယ်၏လက်ချောင်းများအား ညင်သာစွာ ကိုက်ငုံလိုက်သည်။
ရှန့်ရှင်းဟယ်လည်း ရှုကျင်းအား ခေတ္တခဏ စူးစိုက်ကြည့်ပြီးသည့်နောက် ချက်ချင်း အိပ်ယာထက်မှ ပြန်ပွေ့ခေါ်ကာ ပေါင်ပေါ်၌ မျက်နှာချင်းဆိုင် ထိုင်ချစေလိုက်၏။
လုံးလုံးလျားလျား ပြီးမြောက်သွားသည့်အချိန်ကား နံနက်မိုးသောက် အရုဏ်ဦးပင် ကျော်နေလေပြီ။
ရှုကျင်းမှာတော့ မျက်လုံးကို မနည်းဖွင့်လိုက်ရ၏။ မိန်းမောတွေဝေလျက် အချိန်အတန်ကြာ အိပ်စက်နေပြီးနောက်မှ နိုးထလာသည့်အခါ တစ်စုံတစ်ရာက အေးမြနေသည်ကို ခံစားလိုက်ရသည်။ ရှန့်ရှင်းဟယ်က သူ့အား ဆေးလိမ်း၊ ဆေးထည့်ပေးထားခြင်းပင်။
ရှန့်ရှင်းဟယ်က သူ့နံဘေးတွင် အိပ်မောကျနေလျက်။
အမှောင်ထု၌ မျက်လုံးများကို ဖွင့်ထားလျက်နှင့် ရှန့်ရှင်းဟယ် သူ၏နံဘေးတစ်နေရာ၌ ပထမဆုံး အိပ်စက်ခဲ့သည့် ညကို တစ်ခါပြန်သတိရမိသည်။
သူတို့နှစ်ဦး စတင်တွေ့ဆုံခဲ့ချိန်က သန်းခေါင်ကျော်တော့မည့် ညအချိန်အခါပင် ဖြစ်၏။
ရှုကျင်း အိပ်မောကျတော့မည့်ဆဲဆဲမှာပင် ဂိုဒေါင်တံခါးဖွင့်သံကို ကြားလိုက်ရသည်။ နောက်ဆက်တွဲ ကြားလိုက်ရသည်က အိမ်မွေးခွေးလေး၏တဝုတ်ဝုတ် ဟောင်သံ။ ရှုကျင်းက အတန်းဖော်များနှင့် အွန်လိုင်းဂိမ်း ကစားခဲ့ပြီးနောက် အလွန်အမင်း အိပ်ငိုက်နေပြီဖြစ်၏။ သို့တစေ အိမ်တွင်းစီးဖိနပ်ပါးကို စီးကာ အောက်ထပ်ကို ဆင်းရန် ပြန်ဆင်လိုက်သည်။
အဖေဖြစ်သူ ရှုကျုံးယွမ်က တံခါးဖွင့်ကာ အိမ်အတွင်းသို့ ဝင်လာ၏။ ခွေးကလေးမှာလည်း သခင့်အပေါ် တွယ်တာမှုကို ပြလိုသည့်သဘောဖြင့် အားရရွှင်မြူးစွာဖြင့် ရှုကျုံးယွမ်ဆီ ပြေးသွားသည်။
ရှုကျုံးယွမ်၏အနောက်၌ အခြားလူတစ်ယောက်ပါလာသည်ကို မြင်သော် ခွေးကလေးက အရှေ့သို့ နှစ်လှမ်းမျှ ခုန်ပေါက်ပြေးသွားကာ လူနှစ်ယောက်အား ဝိုင်းကြီးပတ်ပတ် ပတ်ပြေး၏။ ရှုကျုံးယွမ်က ပြုံးစစနှင့် ခွေးကလေးကို ဆူပူလိုက်သည်။
Advertisement
ရှုကျင်းက အောက်ထပ်သို့ တစ်လှမ်းချင်းဆင်းလာရင်း မေးလိုက်၏။
"အဖေ? ဘယ်သူပါ ပါလာတာလဲ?"
ရှုကျုံးယွမ်က အထက်သို့ မော့ကြည့်ပြီးနောက် သားဖြစ်သူကို မြင်သော် စကားဆိုလိုက်သည်။
"မင်း မအိပ်သေးဘူးပဲ"
ထို့နောက် ရှုကျုံးယွမ်က သူ့အနောက်ဘက်ရှိ မီးမဖွင့်ထား၍ မှောင်မဲနေသည့် စင်္ကြံလမ်း၌ တိတ်တဆိတ် မတ်တပ်ရပ်နေသူအား ထွက်လာခိုင်းလိုက်၏။
"အဖေ မင်းကို မိတ်ဆက်ပေးမယ်.. ဒါက မင်းရဲ့အစ်ကို ရှန့်ရှင်းဟယ်ပဲ.. သူက ခုနကမှ လင်ကျန်းက ရောက်လာတာ.. နောက်ပိုင်း သူ စာသင်ဖို့အတွက် ဒီမြို့မှာပဲ နေဖြစ်လိမ့်မယ်.. မင်းလည်း အဖော်ရတာပေါ့"
ဧည့်ခန်းက မီးအလင်းရောင်များဖြင့် နွေးနွေးထွေးထွေး လင်းထိန်လို့နေသည်။
ရှုကျင်းက အနှီကောင်လေး၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်ဝယ် လှေကားထက်၌ပင် အံ့ဩမှင်တက်စွာ ရပ်တန့်နေမိတော့၏။
ရှုကျုံးယွမ်က ရှုကျင်းထက် အသက်နှစ်နှစ်၊ သုံးနှစ်ခန့်ကြီးသည့် လူငယ်တစ်ဦးကို ခေါ်လာခဲ့ခြင်းဖြစ်သည်။ အရပ်ကလည်း မိုးထိုးနေသည့်ပမာ အတော်အတန် မြင့်မား၏။ ချောမောကြည့်ကောင်းလွန်းသည့် မျက်နှာပေါက်ထက်၌ မျက်ခုံး၊ နှာတံ၊ မေးရိုးများဟာ သဘာဝအတိုင်း အထင်းသား ဖြစ်တည်နေလျက်။ အပြစ်အနာအဆာကင်းမဲ့လွန်းသည့် ရုပ်ရည်ပိုင်ရှင်များကို မြင်နေကျ၊ တွေ့နေကျဖြစ်သည့် ရှုကျင်းကပင် ပါးစပ်အဟောင်းသား အံ့အားသင့်သွားရတော့သည်။
သို့သော်ငြား အနှီလူသား၏မျက်လုံးများက အင်မတန် ကြောက်မက်ဖွယ်ကောင်းလှ၏။ မျက်လုံးတစ်ဖက်ကသာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ကာ ကျန်တစ်ဖက်ကမူ ခံစားမှုနတ္ထိဖြစ်သည့် ဖန်ဂေါ်လီလုံးတစ်လုံးပမာ မီးခိုးမှိုင်းရောင် သန်းနေလေသည်။ ရှုကျင်း၏နှလုံးစိုင်ကပင် တင်းကြပ်လာရပါသလို။
အနှီကောင်လေး မည်သူမည်ဝါဖြစ်ကြောင်း သူ ကောင်းကောင်းကြီး သိပါသည်။
ရှန့်ရှင်းဟယ်.. အသက် ၁၆နှစ်ရှိပြီး ရှုကျုံးယွမ် ဆယ်နှစ်ကြာ ထောက်ပံ့ပေးထားသည့် ဆင်းရဲနွမ်းပါးသူ ကျောင်းသားတစ်ဦး။
လင်ကျန်းက မြို့ပြနှင့်အတော်အတန်ဝေးကွာလွန်းသည့် နယ်မြို့လေးတစ်မြို့ဖြစ်သည်။
ထိုနယ်မြို့လေး၌ ရှုကျုံးယွမ်၏စက်ရုံရှိသည့်အလျောက် မကြာခဏ ထိုသို့သွားဖြစ်၏။ ရှုကျင်းသည်ပင် တစ်ကြိမ်၊ နှစ်ကြိမ်မျှ ရောက်ဖူး၏။ ရှုကျင်း ပေါက်စနအရွယ်ကတည်းက ရှန့်ရှင်းဟယ်ဟူသည့် အမည်နာမအား ကြားဖူးနေခဲ့ခြင်းပင်ဖြစ်သည်။
ရှုကျုံးယွမ်က ရှန့်ရှင်းဟယ်အား ကြင်နာစွာ အရေးတယူဆက်ဆံပေး၏။
ငယ်ရွယ်စဥ်ကလေးဘဝကတည်းက ရှုကျင်း၌ရှိသည့် မည်သည့်ပစ္စည်းမဆို ရှုကျုံးယွမ်က ရှန့်ရှင်းဟယ်အတွက် အလားတူ ဝယ်ပေးနေကျပင်။
နှစ်စဥ်နှစ်တိုင်း အဝတ်အစားများ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ဂိမ်းစက်များ၊ တောင်တက်စက်ဘီးများပါမကျန် ရှုကျင်း၌ရှိသည့် အရာအားလုံးကို ရှန့်ရှင်းဟယ်အတွက် အရည်အသွေးတန်းတူ ဝယ်ပေးခဲ့သည်။ ရှုကျင်းက ရှုကျုံးယွမ်အား ဝတ္ထုတစ်ခုခု ဝယ်ပေးရန်ပူဆာတိုင်း ရှုကျုံးယွမ်ဟာ ရှန့်ရှင်းဟယ်အတွက် ဆင်တူဝယ်ပေးလိမ့်မည်။ အကယ်၍များ အလုပ်ကိစ္စများနှင့် ပြည့်နှက်နေ၍ လင်ကျင်းသို့ မသွားဖြစ်သည့်တိုင် လူကြုံလွှတ်၍ ပေးခိုင်းလိမ့်မည်။
အထူးသဖြင့် ရှုကျင်းဟာ အခြားလူများနှင့် မျှဝေခံစားရသည်ကို မနှစ်မြို့သူဖြစ်သည်။ သူ့အတွက်တော့ ရှန့်ရှင်းဟယ်ဆိုသည့် လူဟာ သူ အပြည့်အဝ ရသင့်ရထိုက်သည့် အချစ်မေတ္တာများကို တစ်ဝက် လုယူသွားခဲ့သူသာသာ။
ရှုကျင်းအား ပို၍ပိုကာ မခံမရပ်နိုင်ဖြစ်စေသည့်အရာက ရှုကျုံးယွမ်က သူ့အရှေ့၌ ရှန့်ရှင်းဟယ်၏ကောင်းကြောင်းများကို ဂုဏ်ယူဝံ့ကြွားစွာဖြင့် ခေါင်းတမော့မော့ ပြောဆိုခြင်းပင်ဖြစ်၏၊
'ရှန့်ရှင်းဟယ်က အဆင့်တစ် ရပြန်ပြီ'
'ရှန့်ရှင်းဟယ်က လူရည်ချွန်ဖြစ်သွားပြန်ပြီ.. သင်္ချာမှာလည်း အမှတ်တစ်ရာအပြည့်ပဲတဲ့'
'ရှန့်ရှင်းဟယ်ရဲ့ဆရာမက သူ့တပည့်လေး ဘယ်လောက်တော်ကြောင်းကို ချီးကျူးချင်လို့ ကျောင်းကို လာဖို့ခေါ်လိုက်တယ်' အစရှိသဖြင့်...
ရှုကျင်း၏အဆင့်များကလည်း ကောင်းပါသည်။ ထို့ကြောင့် ရှုကျင်းက အထင်အမြင်သေးစွာဖြင့် မထီမဲ့မြင်ပြုကာ ပြောဆိုခဲ့၏။
"အဲ့နယ်မြို့လေးက ကျောင်းမှာ လူဘယ်နှယောက်တက်မှာမို့လို့လဲ? ကျွန်တော်တို့ကျောင်းကို လာပြီး အဆင့်တစ်ရအောင် အရင် လုပ်ခိုင်းကြည့်ပါဦး"
ရှုကျုံးယွမ်က ထိုသို့ ဆိုလေသည်။
"မင်းတို့ကျောင်းမှာ အဆင့်တစ်ရဖို့ဆိုတာ သူ့အတွက် ကလေးကစားစရာလောက်ပဲရှိတာ.. ရှန့်ရှင်းဟယ်က အထက်တန်းကျောင်းဝင်ခွင့်ဖြေတုန်းက သိပ္ပံမှာ နံပါတ်တစ်ကျောင်းသားဖြစ်ခဲ့တာ.. ကျောင်းဘယ်နှကျောင်းက သူတို့ဆီလာတက်ဖို့ အပြေးအလွှားလာခေါ်ကြလဲဆိုတာ မင်းမသိပါဘူး"
ရှုကျင်းမှာ ဒေါသထွက်လွန်း၍ တရှူးရှူးတရှဲရှဲဖြစ်နေလေပြီ။
"သူ အဲ့လောက်တော် အဲ့လောက်တတ်နေရင်လည်း အဲ့ကျောင်းစုတ်မှာ ဘာလို့ဆက်တက်နေသေးတာတဲ့လဲ?"
ရှုကျုံးယွမ်က ကျေနပ်အားရနေသည့် မျက်နှာထားဖြင့် သက်ပြင်းတစ်ရှိုက်ချပြီးနောက် ပြောလေ၏။
"ဒီကောင်လေးက သိတတ်လွန်းတာပါကွာ.. သူ့အဖိုးက နေမကောင်းဖြစ်နေတာလေ.. အဲ့ဒါကြောင့် သူ့ဆီကမ်းပေးလာတဲ့ အခွင့်အရေးတွေကို လက်လွှတ်ပြီး သူ့အဖိုးကိုပဲ ပြုစုပေးနေခဲ့တာ.. မင်းတို့အရွယ် ကလေးဘယ်နှယောက်လောက်ကများ အဲ့လိုလုပ်နိုင်မှာတဲ့လဲ?"
ရှုကျင်း : "....."
ရှန့်ရှင်းဟယ်အပေါ်ထားရှိသည့် ရှုကျုံးယွမ်၏မေတ္တာတရားက လိုက်မမှီသည့် အဆင့်သို့ရောက်သွားချေပြီ။ ရှုကျင်းကိုယ်တိုင်ကပင် အပိုဇာချဲ့ပြောနေသည်ဟု ခံစားမိရသည်အထိ။
ထို့နောက် ရှုကျုံးယွမ်ဟာ အိမ်သို့ တစ်လတိတိ ပြန်မလာခဲ့ဘဲ လင်ကျန်း၌ နေကာ အသုဘပွဲတစ်ခုကို ရှန့်ရှင်းဟယ်နှင့်အတူ ကျင်းပပေးခဲ့လေသည်။ ရှုကျင်း ကြားသည်ကတော့ ရှန့်ရှင်းဟယ်၏အဖိုးဖြစ်သူ ကွယ်လွန်သွားကာ မိသားစုထဲ၌ သူတစ်ယောက်တည်းသာ ကျန်တော့သည်ဟူ၍။ ထို့ကြောင့် ရှုကျုံးယွမ်က ရှန့်ရှင်းဟယ်ဟူသည့် လူအတွက် ကိစ္စကြီးငယ်အသွယ်သွယ်ကို ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ရမည်။
ရှုကျင်းလည်း အထက်တန်းကျောင်းဝင်ခွင့်ဖြေသည့်အခါ မျှော်မှန်းထားသည်ထက်ပင် ပိုမိုအဆင်ပြေနေခဲ့၏။
ရှုကျင်း အရည်အချင်းစစ်မှတ်တမ်း ရပြီးချိန်မှစ၍ ရှုကျုံးယွမ်၏ချီးကျူးမှုကို စောင့်ဆိုင်းလျက်ရှိနေခဲ့သည်။ တစ်လကြာသည့်တိုင် ရှုကျုံးယွမ် ပေါ်မလာသည့်နောက် ရှုကျင်းလည်း စိတ်ကုန်လာတော့၏။ ရှန့်ရှင်းဟယ်ဟူသည့် ကောင်ကိုလည်း ပို၍ပိုကာ မုန်းတီးမိလာရသည်။
Advertisement
ယခုတော့ ရှုကျုံးယွမ်က အနှီလူအား လင်ကျန်းမှ တိုက်ရိုက်ခေါ်ဆောင်လာခဲ့ချေပြီ။ အနှီအိတ်အကြီးကြီးကို ကြည့်ခြင်းဖြင့် ရှန့်ရှင်းဟယ်တစ်ယောက် သူ၏အိမ်ပေါ်၌ တက်နေတော့မည်မှာ လွဲနိုင်စရာမရှိတော့။
ရှုကျုံးယွမ်လည်း ရှုကျင်းအား မိတ်ဆက်ပေးပြီးနောက် ရှန့်ရှင်းဟယ်ကို ပြောလိုက်၏။
"ဒါက မင်းရဲ့ညီလေး.. ရှုကျင်းလို့ခေါ်တယ်.. ဒေါသနည်းနည်းကြီးပေမယ့် လိမ္မာရေးခြားတော့ရှိပါတယ်"
ကာယကံရှင်ကိုယ်တိုင်က သူများအိမ်၌ ကပ်ပါးကောင်ဖြစ်မည့်အရေးကို သတိပြုမိသည့်ပုံမပေါ်။
ရိုကျိုးနာခံခြင်းလည်းမရှိ၊ မောက်မာခြင်းလည်းမရှိသည့် ကောင်လေးက သူ၏တစ်ဖက်တည်းသော မျက်လုံးကြည်ကြည်ဖြင့် ရှုကျင်းအား ကြည့်လာ၏။ ထို့နောက် ပေါ့ပေါ့ပါးပါး ခေါင်းတစ်ချက် ညိတ်ပြကာ နှုတ်ဆက်လိုက်သည်။
"ဟယ်လို"
ရှုကျင်း၏အကြည့်ကတော့ ထိုမီးခိုးမှိုင်းရောင်မျက်ဝန်းတစ်ဖက်ကိုသာ ကျရောက်မြဲ။ အနည်းငယ်တော့ ထိတ်လန့်နေမိသည်။
"......"
ဧည့်ခန်းက ခေတ္တခဏ တိတ်ဆိတ်ငြိမ်သက်သွားရသည်။
ရှုကျုံးယွမ်က ဆို၏၊
"အပေါ်ထပ်ကို ပစ္စည်းတွေ သယ်သွားပေးမယ်.. မင်းက အခုကစပြီး ရှုကျင်းအခန်းနံဘေးက အခန်းမှာ နေရမှာ.. ဦးလေး မနက်ဖြန် ကျောင်းသွားပြီး ကျောင်းပြောင်းလာမယ့် ကိစ္စအတွက် စီစဥ်စရာရှိတာ အကုန်စီစဥ်လာပေးခဲ့မယ်.. အဲ့ဒါဆို မင်းတို့နှစ်ယောက် ကျောင်းတစ်ကျောင်းတည်းမှာ စာတူတူသင်ရတော့မှာ"
ရှုကျင်းက စိတ်ချောက်ချားတုန်လှုပ်သွား၏။
ဒုတိယထပ်တစ်ထပ်လုံးက ရှုကျင်း၏ကိုယ်ပိုင်နေရာလေးသာ။ ဤအရာကို ရှုကျုံးယွမ်ကိုယ်တိုင်ကလည်း ကောင်းကောင်းကြီး သိနားလည်သည်။
အပြင်လူတစ်ယောက်က သူ၏ပိုင်နက်ကို ကျူးကျော်လာသည့်ခံစားချက်မျိုးက ရှုကျင်းအား စိတ်ပျက်သွားစေ၏။ ဘောက်မဲ့ကြောင့် ရှုကျုံးယွမ်က သူစိမ်းတစ်ယောက်အား သူ၏အိမ်သို့ ခေါ်ဆေောင်လာပြီး သူပိုင်သည့်အရာအားလုံးကို မျှဝေခံစားစေသည့်အကြောင်းရင်းကို ရှုကျင်း လုံးဝ နားမလည်နိုင်တော့ပေ။
ရှုကျင်းက ရုတ်တရက် ထပြော၏။
"ကျွန်တော် အဲ့လိုမလုပ်ချင်ဘူး.. အဖေ ကျွန်တော့်အမြင်ကို တစ်ခွန်းတောင် မေးကြည့်ဖူးလို့လား?"
ရှုကျုံးယွမ်က နောက်တစ်ဖန် မော့ကြည့်လိုက်သည်။
"မင်းလို ကလေးမျိုးက ဘာပြောဖို့လိုလို့လဲ? မင်းရဲ့အစ်ကိုက အိမ်မှာလာနေတာ ကောင်းတဲ့ကိစ္စပဲမဟုတ်ဘူးလား?"
ထို့နောက် ရှုကျုံးယွမ်လည်း လက်ဆွဲသေတ္တာကို ကိုင်ဆောင်၍ ရှန့်ရှင်းဟယ်အား စကားအနည်းငယ် ဆိုပြီးနောက် နှစ်ဦးသား အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။
ခွေးကလေးကလည်း သူတို့နောက်မှ လိုက်လာ၏။ အတော်အတန် ပျော်ရွှင်မြူးတူးနေသည့်ပုံပင်။ ရှုကျင်းတစ်ယောက်တည်းကသာ ဘာမှမသက်ဆိုင်သည့် အပြင်လူပမာ။
ရှုကျင်းနံဘေးမှ ဖြတ်လျှောက်သွားချိန်၌ ရှုကျင်း တီးတိုးပြောလိုက်၏။
တစ်အိမ်လုံး ရုတ်တရက် တိတ်ဆိတ်သွားရပြန်သည်။
"နောက်ဆုံးမှပဲ အမေ ဘာလို့ အဖေ့ကို ကွာရှင်းခဲ့လဲဆိုတာကို နားလည်တော့တယ်.. ရှန့်ရှင်းဟယ်ရဲ့မျိုးရိုးနာမည်က တကယ်တော့ 'ရှု' ဖြစ်နေခဲ့တာပဲ"
ရှုကျုံးယွမ်အနောက်မှ ထိုကောင်လေးလည်း ကြားသွားသည်ပင်။
ထို့နောက်တွင်တော့ ရှုကျင်းလည်း ရှုကျုံးယွမ်၏မျက်နှာအမူအရာကို မော့ကြည့်မနေတော့ဘဲ အိပ်ခန်းထဲသို့ ပြေးဝင်သွားတော့၏။ ထို့နောက် ကျယ်လောင်လှသည့် တံခါးပိတ်သံကြီး ထွက်လာလေသည်။
ထိုညက ရှုကျင်း မငိုခဲ့ချေ။ အိပ်ယာထက်၌ ငုတ်တုတ်ထိုင်ကာ တစ်ယောက်တည်း ငေးငိုင်မှိုင်တွေနေရုံသာ။
ရှုကျုံးယွမ် နယ်မြေကျူးကျော်လာသူကို တတွတ်တွတ်မှာနေသည့်စကားများအား ရှုကျင်း ခပ်ရေးရေးလေး ကြားနေရသည်။ ဖြစ်နိုင်သည်ကတော့ အိမ်ခန်းအပြင်အဆင်ကို ပြောပြနေခြင်း သို့တည်းမဟုတ် အိပ်ယာကူပြင်ပေးနေခြင်း။
အသက်မရှိတော့သော သန်းခေါင်ယံညဝယ် အထုပ်အပိုးပစ္စည်းပစ္စယများကို ဖြည်ချသံများက တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။
ဘေးအခန်း၌ မည်သူမှ မရှိတော့သည့်ပမာ အသံတစ်စက်မျှ မကြားရတော့ချေ။
သို့ပေတည့် ရှုကျင်း သိပါသည်။ ထိုလူက ဘေးအခန်း၌ ရှိနေဆဲဖြစ်ကြောင်းကို။
ထိုအချိန်မှစတင်ကာ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရှုကျင်းက မဖိတ်ခေါ်ဘဲ ရောက်ရှိလာသည့် ဧည့်သည်တစ်ဦးကို သူ၏ဘဝထဲ ထည့်သွင်းခဲ့၏။
ရှန့်ရှင်းဟယ်က သူ၏ဘဝထဲသို့ ဤသို့နှယ် စတင်ဝင်ရောက်လာခဲ့လေသည်။
ZAWGYI
NSFW ⚠️
"ခြေထောက် ကားလိုက်"
"၁၂နာရီပဲ ရှိသေးတာပါ"
"အဖေ? ဘယ်သူပါ ပါလာတာလဲ?"
"မင်း မအိပ်သေးဘူးပဲ"
Advertisement
- In Serial48 Chapters
Pieces of Me Too
A collection of song lyrics from the soul of a caged bird with a bleeding heart. Please read Note to Reader first.
8 210 - In Serial80 Chapters
You, my Punishment (Islamic Story)
"I know that we will never be a real couple, but we can at least be nice to each other Aneel" I told him. I've had enough. Tears were starting to prick my eyes, but I didn't let them fall. He looked over at me in a weird expression. Like if I died in front of him, he wouldn't care."You don't get it, do you?! I. will. never. love. you! I will never care for you. You wait, every day, for me to come home and have dinner with you like normal couples do- you are pathetic. You are nothing! Absolutely nothing to me. You are not even worth my words. You are a loser who has nobody- your parents? They are just like me. They knew that you were worthless and wanted to get rid of you" he said angrily. I was not angry at him. He was telling the truth. I'm nothing. Never was, never will. I nodded. He was right. He was so damn right. Sahra Ali is eighteen years old when she gets married. It was not a marriage out of love, no, she was forced into it. Shre grew up being abused. Her parents sold her for money. No parent would do that, so are her so called parents her real parents? She is trying to survive this marriage, because she believes in Allah and knows that He had a good reason that He gave her all these pain.Aneel Osman is a badboy who wants nothing to do with Islam. He was a muslim when he was younger, but when something bad happened, he blamed Allah for it. Deep inside he knows that it is wrong, but shoves that thought away. He began doing the things Allah prohibited. There was no one to hold onto or to pull him out. He kept falling and falling. And when he has to deal with that girl his parents wants him to marry, he is losing himself more and more.Read the description in the book for the fully version! This is a short draft!~Salaam guys, this story is edited! Almost everything has CHANGED and it is now a mature story. I like how it turned out. Thank you for all your support! It still contains small grammar mistakes. You have been warned:)
8 160 - In Serial6 Chapters
The Tailor: A Short Story
A tailor had been commissioned to make a set of dresses for a lady of a castle which sparks jealousy and insecurity. This is the third story in my short story collection.
8 193 - In Serial6 Chapters
rebirth tycoon
This is about a guy who got sent back in time and got a money making app on his phone and lived the life of his fantasies and become one of the richest people on the planet.
8 119 - In Serial56 Chapters
Meant To Be,Finds The Way!
Kim Taehyung,a talented student graduating in business accounts.Hard working,lives alone after the death of parents 10 years ago.Cheerful,confident on his own!Jeon Jungkook,son of Mr.Jeon,founder and CEO of Jeon enterprises.Promising personality as father,medalist in graduation from business accounting.Firm and straight forward in professional aspect,an ideal son with loving personality by personal aspect.[Editing Complete]#6 vkook: on 1st Feb 2022#4 bottomtae : on 20th june 2022📑Author's note:Username changed from @alizeykhan09 to @Ibakhan09 plz don't get confused !
8 181 - In Serial39 Chapters
A Beautiful Nightmare
The much loved Diwali track
8 272

