《Please Don't See Me [Mm Transl. || Completed]》CHAPTER-6
Advertisement
UNICODE
ရှုကျင်းက ရှန့်ရှင်းဟယ်ပြောသည့်အတိုင်း ဆေးသောက်လိုက်ပြီးနောက် နောက်ထပ်တစ်နာရီခန့် အိပ်မောကျသွားပြန်သည်။
ရှုကျင်း အိပ်ရေးဝသွားပြီးနောက် ယခင်က ခြစ်ခြစ်တောက်ပူနေခဲ့သည့် ကိုယ်အပူချိန်က တဖြည်းဖြည်း ပြန်ကျသွားချေပြီ။ ရှုကျင်းလည်း နောက်တစ်ရေး ထပ်မအိပ်တော့ချေ။ အထူးသဖြင့် ရှန့်ရှင်းဟယ်က သူနှင့် အခန်းတစ်ခန်းတည်းတွင် တူတူရှိနေသည့် အချိန်မျိုးတွင်ဆိုလျှင်ပေါ့။
ထမင်းစားစားပွဲ၌ မှတ်တမ်းမှတ်ရာများဖြင့် အလုပ်ရှုပ်နေသည့် ရှန့်ရှင်းဟယ်က သတိထားမိသွားသော် ရှုကျင်းဘက်သို့ လှည့်ကြည့်လာ၏။
"အိပ်မပျော်တော့ဘူးလား?"
ရှုကျင်း : "အင်း"
ရှန့်ရှင်းဟယ်လည်း ရှုကျင်းအတွက် ရေတစ်ခွက်ခပ်လာပေးရန် မတ်တပ်ထရပ်လိုက်သည်။
ရှုကျင်းသောက်ရန်အတွက် ရေခဲသေတ္တာထဲမှရေကို ယူလာပေးရမည့်အစား ရှန့်ရှင်းဟယ်က အခန်းထဲရှိ ရေပူရေအေးစက်ထံ လျှောက်သွားကာ ခလုတ်ဖွင့်လိုက်၏။ ထို့နောက် အနှီစက်အရှေ့တွင် မတ်တပ်ရပ်ကာ ရေပူထွက်လာမည့်အချိန်အထိ ဆယ်စက္ကန့်မျှစောင့်ဆိုင်းနေတော့သည်။
ရှုကျင်းက ရှန့်ရှင်းဟယ်၏ကျယ်ပြန့်လှသော နောက်ကျောပြင်အား ငေးစိုက်ကြည့်နေမိ၏။ မထင်မှတ်ထားစွာဖြင့် အနှီလူကလည်း နောက်ပြန်လှည့်ကြည့်လိုက်ရာ ရှုကျင်းနှင့် အကြည့်ချင်းဆုံမိသော် ရှုကျင်းကိုယ်တိုင်က ရှက်ရမ်းရမ်း၍ မျက်နှာလွှဲလိုက်သည်။
ရှန့်ရှင်းဟယ်လည်း ရှုကျင်းနံဘေး၌ ဝင်ထိုင်ပြီး လက်နှစ်ဖက်ဖြင့် ရေနွေးခွက်အား ဂရုတစိုက် ပေးလေသည်။
ရှုကျင်းလည်း ဆိုဖာထက် နောက်မှီ၍ ရေတစ်ငုံ မော့သောက်လိုက်၏။ အနည်းငယ် ခြောက်သွေ့နေသည့် နှုတ်ခမ်းသားများ ရေဓာတ်ရသွားပြီးနောက် စကားပြောရ ပိုမိုအဆင်ပြေလာတော့သည်။
"ကျွန်တော် ဖျားနေမှန်း ဘယ်လိုသိတာလဲ?"
အစကနဦး၌ ရှုကျင်း မေးချင်သည့်မေးခွန်းက 'ကျွန်တော် နေမကောင်းမှန်း ဘယ်လိုသိတာလဲ'ဟူ၍။ သို့သည့်တိုင် နေမကောင်းရခြင်း အကြောင်းရင်းက ရာသီတုပ်ကွေးကြောင့်မဟုတ်သလို အပူရှပ်ခြင်းကြောင့်လည်း မဟုတ်မှန်း သတိရပြီးနောက် ခေါင်းစဥ်ပြောင်းလိုက်ရခြင်းဖြစ်သည်။
ရှန့်ရှင်းဟယ်က ဖြေ၏။
"နံနက်စာလာပို့ပေးတဲ့ ဟိုတယ်ဝန်ထမ်းက အခန်းတံခါးကို အကြာကြီး ခေါက်နေသေးတယ်တဲ့.. မင်းက မဖွင့်ပေးဘူးတဲ့.. အဲ့ဒါကြောင့် ကိုယ် ချက်ချင်းပြန်လာလိုက်တာ"
ရှုကျင်း : "အိုး"
ပူနွေးနေသော သောက်ရေက ရှုကျင်းအား နွေးနွေးထွေးထွေးရှိသွားစေသည်။ ထို့နောက် ရှန့်ရှင်းဟယ်ထံမှ တည်ငြိမ်စွာ အမေးပြုလာသော မေးခွန်းတစ်ခုကို ကြားလိုက်ရ၏။
"ရှုကျင်း ကိုယ်တို့မတွေ့ဖြစ်ကြတဲ့နှစ်တွေထဲမှာ တခြားဘာဆက်ဆံရေးမှ မရှိခဲ့ဘူးလား?"
ယမန်နေ့ညက အဖြစ်အပျက်များကို ဆင်ခြင်သုံးသပ်ကြည့်ရသော် ရှုကျင်း၏တုံ့ပြန်ပုံများက အတွေ့အကြုံမရှိသေးပုံ ပေါက်နေသည်လေ။
သူတို့နှစ်ဦး ယခင်က ထိုသို့ကျူးကျူးလွန်လွန်ဖြစ်ခဲ့ဖူးသော်ငြား အကြိမ်ရေက လက်ချိုးရေ၍ပင်ရနိုင်၏။ ငါးနှစ်ကြာပြီးနောက်တွင်လည်း ရှုကျင်း၌ ဘာဆိုဘာမှ ပြောင်းလဲခဲ့ခြင်းမရှိ။ ယမန်နေ့ညကပင် ရှန့်ရှင်းဟယ်၏ပခုံးအား သွားရာအထင်းထင်းပေါ်သည်အထိ ကိုက်ကာ နာကျင်မှုများအကြား ကျယ်လောင်စွာ အော်ညည်းနေခဲ့သေးသည်။
ရှုကျင်း၏မျက်တောင်များက တုန်ယင်သွားခဲ့၏။ ထို့နောက် အဖြေပြန်မပေးဘဲ မေးခွန်းတစ်ခု အစားထိုးမေးလိုက်၏။
"အမ်.... ကိုကရော?"
မေးမြန်းပြီးနောက်မှ ရှုကျင်းကိုယ်တိုင်က မဆိုစလောက်လေး စိတ်တုန်လှုပ်သွားခဲ့၏။ လက်ထဲမှ ခွက်အား မြဲမြံစွာ တင်းတင်းကြပ်ကြပ်ကိုင်ထားရင်း ရှန့်ရှင်းဟယ်၏အဖြေအား မျှော်လင့်စောင့်စားနေလိုက်သည်။
__ရှိလောက်မှာပေါ့။
အဘယ်ကြောင့်ဆိုသော် ရှန့်ရှင်းဟယ်၌ မည်သူ့ကိုမှ ထပ်မချစ်မိဖို့ရာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိမနေ၍။
ရှန့်ရှင်းဟယ် မတ်တပ်ထရပ်လိုက်သည်။ အရေးမပါသည့် မေးခွန်းအား အမေးခံလိုက်ရသည့်ပမာ သာမန်ကာလျှံကာ ပြန်လည်ဖြေကြားလိုက်၏။
"အချိန်မရှိခဲ့ဘူးလေ"
ထို့နောက်တွင်မူ ရှန့်ရှင်းဟယ်က စားပွဲခုံဆီသို့ ပြန်သွားကာ ရှုကျင်းအား တစ်ဖန် ကျောပေး၍ လုပ်လက်စအလုပ်ကို ဆက်လုပ်နေတော့သည်။
ရှုကျင်းသည်ကား ရှန့်ရှင်းဟယ် ခပ်လာပေးသည့် ရေခွက်လေးအား ကိုင်လျက် ဆိုဖာထက်၌သာ ထိုင်မြဲထိုင်နေခဲ့၏။
ရှုကျင်းလည်း ဆိုဖာနောက်မှီထက်၌ လှဲလျောင်းလိုက်ပြီးနောက် တဖြည်းဖြည်းချင်း နေထိုင်ကောင်းလာတော့သည်။ ထို့နောက် ထမင်းစားစားပွဲထက်၌ တကုပ်ကုပ် အလုပ်ရှုပ်နေသူအား ငေးမောကြည့်လျက်။ နှလုံးသားထဲမှ လွင့်ထွက်သွားသော လစ်ဟာပေါ့ပါးမှုအရာတစ်ခုအား တစ်ခါပြန် ဖမ်းဆုပ်ကိုင်တွယ်၍ မရနိုင်တော့။
နှစ်ဦးသား နောက်ထပ်နှစ်ရက်ကိုလည်း ဟိုတယ်ခန်းထဲ၌သာ ကုန်ဆုံးဖြစ်ခဲ့ကြသည်။ ရံဖန်ရံခါ၌ ရှန့်ရှင်းဟယ်က အွန်လိုင်းအစည်းအဝေးတက်ခြင်း၊ အလုပ်မှ ဖုန်းခေါ်ဆိုမှုများကို ပြန်လည်ဖြေကြားခြင်း စသည်တို့ဖြင့် မအားမလပ်နိုင်အောင် ရှိနေတတ်၏။ ထိုအချိန်မျိုးတွင် ရှုကျင်းလည်း သူ၏အခန်းထဲသို့ ပြန်ကာ ရှန့်ရှင်းဟယ်၏tabletအား အသုံးပြု၍ စာဖတ်နေလေ့ရှိသည်။
စားသောက်ဖွယ်ရာများကိုမူ တစ်ခါတစ်ရံ၌ ဟိုတယ်မှ မှာစားလေ့ရှိပြီး ရံဖန်ရံခါဆိုလျှင် ဟိုတယ်အပြင်ဘက်ရှိ စားသောက်ဆိုင်များမှ မှာစားလေ့ရှိ၏။
အဝတ်သေတ္တာများကို သိမ်းဆည်းကာ ဟိုတယ်မှ ထွက်ခွာရန် အဆင်သင့်ရှိနေသည့်အချိန်မှသည် ရှန့်ရှင်းဟယ်၏အတွင်းရေးမှူး လာခေါ်ကာ ဤသို့ပြန်ရောက်လာရသည့်အချိန်အထိ ရှုကျင်း သူ၏အဝတ်အိတ်အား ဖွင့်ရန် အခွင့်မကြုံသေးချေ။ အပြင်သွားစရာလည်း မရှိသည့်အလျောက် အဝတ်လဲနေရန်လည်း မလိုအပ်သည့်အတွက်။
ရံဖန်ရံခါ၌ ဟိုတယ်မှ ရေချိုးဝတ်ရုံကိုသာ ဝတ်ထားလေ့ရှိပြီး ကျန်အချိန်များတွင်လည်း ရှန့်ရှင်းဟယ်၏ရှပ်အင်္ကျီကိုသာ ဝတ်ဆင်ဖြစ်ခဲ့သည်။
ရှန့်ရှင်းဟယ်၏အတွင်းရေးမှူးသည်လည်း အခန်းထဲသို့ ရောက်မလာတော့ချေ။ ရှုကျင်း၏မှန်းဆချက်အရ အနှီအတွင်းရေးမှူးလည်း သူတို့၏ဆက်ဆံရေးကို ခန့်မှန်းနိုင်လောက်ပြီ။ ထို့ကြောင့် သူဌေးဖြစ်သူ၏သီးသန့်ပိုင်နက်အား နောက်တစ်ဖန် ဝင်ရောက်မလာတော့ခြင်း ဖြစ်ရမည်။ မည်သို့ပင်ဆိုစေကာမူ ရှုကျင်း၏လုပ်ဖော်ကိုင်ဖက်များကတော့ မက်ဆေ့ချ်တစ်စောင်ပြီးတစ်စောင်ပို့နေကြ၏။ 'ရှန့်ရှင်းဟယ်ဟာ ရှုကျင်း၏အစ်ကိုဖြစ်ကြောင်း'ကို လင်ဝမ်းက ဌာနမှအသိအကျွမ်းများအားလုံးကို ဆင့်ကဲမျှဝေပြီးလောက်ပြီ။
အရွယ်ရောက်ပြီးသားလူများဟာလည်း အတင်းမတုပ်ဘဲ မနေနိုင်သည့်အချိန်ရှိသည်လေ။ ရှုကျင်းကိုယ်တိုင်သည်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ဒေါသထွက်စရာ မည်သည့်အကြောင်းမှ ရှိမနေဟု ခံစားမိသည်။ အမေးစကားများအား သူနှင့် ရှန့်ရှင်းဟယ် အဆက်အသွယ်မရှိတော့သည်မှာ လွန်စွာကြာမြင့်လှပြီဟူ၍သာ ပြန်လည်တုံ့ပြန်ဖြစ်၏။
Advertisement
လင်ဝမ်း : [မေးပြောခေါ်ထူးဖြစ်ခဲ့တာတောင်မှ မင်းတို့ရဲ့ဆက်ဆံရေးက အရမ်းကောင်းနေတုန်းပဲလေ။ သူစိမ်းသက်သက်ပဲဆိုရင် အရင်တုန်းက အကြောင်းတွေ ပြောချင်လို့ဆိုပြီး မင်းကို ဆက်နေခိုင်းမှာတဲ့လား။]
ရှုကျင်း : [သူ စိတ်ကုန်မယ့်ကိစ္စတစ်ခုကို ကျွန်တော် လုပ်ခဲ့ဖူးတယ်။]
လင်ဝမ်း : [သူက မင်းအစ်ကို မဟုတ်ဘူးလား? မင်း အမှားကို ဝန်ခံလိုက်တာနဲ့ မင်းကို အပြစ်တင်တော့မှာ မဟုတ်ပါဘူး။]
ရှုကျင်းလည်း အချိန်အတန်ကြာသည်အထိ ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေမိသည်။ ထို့နောက် ဖုန်းပိတ်လိုက်၏။
ဆိုရပါလျှင် ရှန့်ရှင်းဟယ် မည်သို့မည်နှယ် တွေးနေမှန်း ရှုကျင်းလည်း မမှန်းဆတတ်ပါချေ။
ဘောက်မဲ့ကြောင့် ရှုကျင်းအား သူ့အနား၌ နေစေခဲ့သနည်း။ ဘောက်မဲ့ကြောင့် ရှုကျင်းနှင့် အတူအိပ်စက်ခဲ့လေသနည်း။ ရှုကျင်းသိသည့် တစ်ခုတည်းသော အကြောင်းအရာသည်ကား ရှန့်ရှင်းဟယ်က ဟိုတယ်ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းအား ရှုကျင်းထံ လိမ်းဆေးသွားပို့ခိုင်းခဲ့သည်ကိုပင်။ အကယ်၍များ ရှုကျင်းက ရှန့်ရှင်းဟယ်၏ဖုန်းနံပါတ်အား ပြန်လည်မေးမြန်းခြင်းမပြုခဲ့ပါလျှင် သူတို့နှစ်ဦး၏ပြန်လည်ဆုံစည်းမှုက ကနဦး ဓာတ်လှေကားထဲ၌ပင် နိဂုံးချုပ်သွားကာ ရှန့်ရှင်းဟယ်လည်း သူ့အား ဆက်နေရန် ခေါ်ထားမည်မဟုတ်တော့ချေ။
ရှန့်ရှင်းဟယ်က အမြဲတစေ မာနကြီးသောလူတစ်ဦးဖြစ်နေခဲ့သည်ပင်။
ရှန့်ရှင်းဟယ် ဆယ်ကျော်သက်အရွယ်ကတည်းက၊ ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာ၌ မိဘမဲ့တစ်ဦးဖြစ်ခဲ့စဥ်ကတည်းက မည်သည့်အကြောင်းပြချက်နှင့်မှ သူ့ကိုယ်သူ အကျည်းတန်အောင် မပြုခဲ့ဖူးချေ။
ရှုကျုံးယွမ်က ရှန့်ရှင်းဟယ်အား ရှုမိသားစုထဲ ခေါ်ဆောင်ကာ ကျောင်းအသစ်တစ်ကျောင်းသို့ ပြောင်းစေခဲ့သည်။
နယ်မြို့လေးမှကျောင်းနှင့် ကွဲပြားခြားနားစွာ မြို့ပေါ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများက ပညာသင်ဆုများကို ရက်ရက်ရောရောပေးလေ့ရှိ၏။ ရှန့်ရှင်းဟယ်ကမူ ပထမစာသင်နှစ်ကတည်းက ပညာသင်ဆုကို ထိုက်ထိုက်တန်တန်ရရှိကာ ထိုအချိန်မှစ၍ ရှုကျုံးယွမ်၏ထောက်ပံ့မှုအကူအညီကိုလည်း မလိုအပ်တော့ချေ။
ရှုကျင်း အသက်၁၄နှစ်ရောက်သော် အထက်တန်းကျောင်းတက်ရ၏။ ထိုအချိန်ဝယ် အသက်တစ်နှစ်သာ ကြီးသည့် ရှန့်ရှင်းဟယ်က အထက်တန်းကျောင်းရှိ သင်ရိုးညွှန်းတမ်းများအားလုံးကို သင်ယူပြီးကာ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့လေသည်။ ရှန့်ရှင်းဟယ်၏ဉာဏ်ရည်က သာမညလူများ လိုက်မမှီသည့် အဆင့်တစ်ရပ်တွင် တည်ရှိနေ၏။
ထိုကောလိပ်၌လည်း ရှန့်ရှင်းဟယ်က အချိန်တစ်နှစ်တည်းဖြင့် အကုန်အစင် တက်ရောက်ပြီးစီးခဲ့၏။ အထက်တန်းကျောင်း၌ နာမည်တွင်ခဲ့သည့် 'မျက်လုံးတစ်ဖက်ကန်းနေသော ကောင်ချောလေး'အဖြစ်မှသည့် 'သောက်ရမ်းချောသည့် လူရည်ချွန်'အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ဘွဲ့ရပြီးချိန်၌လည်း ကျောင်းသားများအကြား၌ အကျော်ဇေယျတစ်ဦးအဖြစ် ပြောစမှတ်တွင်နေခဲ့သေး၏။
ရှုကျင်း ကောလိပ်တက်သည့်အချိန်၌ ရှန့်ရှင်းဟယ်အကြောင်း သတင်းအစအနပင် သိပ်မကြားရတော့ချေ။
သူတို့နှစ်ဦး လမ်းခွဲပြတ်စဲသည့်နေ့၌ ရှန့်ရှင်းဟယ် ပြောခဲ့သည့် စကားတစ်လုံးချင်းစီတိုင်းကို ရှုကျင်း ရှင်းလင်းပြတ်သားစွာ မှတ်မိပါသေးသည်။
"ငါ့လမ်းငါ ဖောက်တော့မယ်.. အခုကစပြီး မင်းက ငါ့ဘဝထဲမှာ မရှိတော့ဘူး ရှုကျင်း"
ညပေါင်းအလီလီ ကျော်ဖြတ်ခဲ့ပြီးနောက် ရှုကျင်းဟာ သန်းခေါင်ယံညအလယ် ထိုစကားများကို ပြန်လည်တွေးတော၍ ရှိုက်ကြီးတငင် ငိုကြွေးနေဆဲ။ နှလုံးသားတစ်ခုလုံးဟာလည်း ရက်ရက်စက်စက် ဆုပ်ညှစ်ချေမွဖျက်ဆီးခံလိုက်ရသကဲ့သို့။ နာကျင်လွန်း၍ အသံထွက်အော်မငိုမိစေရန် အထပ်ထပ်အခါခါ ပင့်သက်ရှိုက်ကာ အောင့်အည်းသည်းခံခဲ့ရလေ၏။
ZAWGYI
ရွုက်င္းက ရွန့္ရွင္းဟယ္ေျပာသည့္အတိုင္း ေဆးေသာက္လိုက္ၿပီးေနာက္ ေနာက္ထပ္တစ္နာရီခန့္ အိပ္ေမာက်သြားျပန္သည္။
ရွုက်င္း အိပ္ေရးဝသြားၿပီးေနာက္ ယခင္က ျခစ္ျခစ္ေတာက္ပူေနခဲ့သည့္ ကိုယ္အပူခ်ိန္က တျဖည္းျဖည္း ျပန္က်သြားေခ်ၿပီ။ ရွုက်င္းလည္း ေနာက္တစ္ေရး ထပ္မအိပ္ေတာ့ေခ်။ အထူးသျဖင့္ ရွန့္ရွင္းဟယ္က သူႏွင့္ အခန္းတစ္ခန္းတည္းတြင္ တူတူရွိေနသည့္ အခ်ိန္မ်ိဳးတြင္ဆိုလၽွင္ေပါ့။
ထမင္းစားစားပြဲ၌ မွတ္တမ္းမွတ္ရာမ်ားျဖင့္ အလုပ္ရွုပ္ေနသည့္ ရွန့္ရွင္းဟယ္က သတိထားမိသြားေသာ္ ရွုက်င္းဘက္သို႔ လွည့္ၾကည့္လာ၏။
"အိပ္မေပ်ာ္ေတာ့ဘူးလား?"
ရွုက်င္း : "အင္း"
ရွန့္ရွင္းဟယ္လည္း ရွုက်င္းအတြက္ ေရတစ္ခြက္ခပ္လာေပးရန္ မတ္တပ္ထရပ္လိုက္သည္။
ရွုက်င္းေသာက္ရန္အတြက္ ေရခဲေသတၱာထဲမွေရကို ယူလာေပးရမည့္အစား ရွန့္ရွင္းဟယ္က အခန္းထဲရွိ ေရပူေရေအးစက္ထံ ေလၽွာက္သြားကာ ခလုတ္ဖြင့္လိုက္၏။ ထို႔ေနာက္ အႏွီစက္အေရွ႕တြင္ မတ္တပ္ရပ္ကာ ေရပူထြက္လာမည့္အခ်ိန္အထိ ဆယ္စကၠန့္မၽွေစာင့္ဆိုင္းေနေတာ့သည္။
ရွုက်င္းက ရွန့္ရွင္းဟယ္၏က်ယ္ျပန့္လွေသာ ေနာက္ေက်ာျပင္အား ေငးစိုက္ၾကည့္ေနမိ၏။ မထင္မွတ္ထားစြာျဖင့္ အႏွီလူကလည္း ေနာက္ျပန္လွည့္ၾကည့္လိုက္ရာ ရွုက်င္းႏွင့္ အၾကည့္ခ်င္းဆုံမိေသာ္ ရွုက်င္းကိုယ္တိုင္က ရွက္ရမ္းရမ္း၍ မ်က္ႏွာလႊဲလိုက္သည္။
ရွန့္ရွင္းဟယ္လည္း ရွုက်င္းနံေဘး၌ ဝင္ထိုင္ၿပီး လက္ႏွစ္ဖက္ျဖင့္ ေရေႏြးခြက္အား ဂ႐ုတစိုက္ ေပးေလသည္။
ရွုက်င္းလည္း ဆိုဖာထက္ ေနာက္မွီ၍ ေရတစ္ငုံ ေမာ့ေသာက္လိုက္၏။ အနည္းငယ္ ေျခာက္ေသြ႕ေနသည့္ ႏွုတ္ခမ္းသားမ်ား ေရဓာတ္ရသြားၿပီးေနာက္ စကားေျပာရ ပိုမိုအဆင္ေျပလာေတာ့သည္။
"ကၽြန္ေတာ္ ဖ်ားေနမွန္း ဘယ္လိုသိတာလဲ?"
အစကနဦး၌ ရွုက်င္း ေမးခ်င္သည့္ေမးခြန္းက 'ကၽြန္ေတာ္ ေနမေကာင္းမွန္း ဘယ္လိုသိတာလဲ'ဟူ၍။ သို႔သည့္တိုင္ ေနမေကာင္းရျခင္း အေၾကာင္းရင္းက ရာသီတုပ္ေကြးေၾကာင့္မဟုတ္သလို အပူရွပ္ျခင္းေၾကာင့္လည္း မဟုတ္မွန္း သတိရၿပီးေနာက္ ေခါင္းစဥ္ေျပာင္းလိုက္ရျခင္းျဖစ္သည္။
ရွန့္ရွင္းဟယ္က ေျဖ၏။
"နံနက္စာလာပို႔ေပးတဲ့ ဟိုတယ္ဝန္ထမ္းက အခန္းတံခါးကို အၾကာႀကီး ေခါက္ေနေသးတယ္တဲ့.. မင္းက မဖြင့္ေပးဘူးတဲ့.. အဲ့ဒါေၾကာင့္ ကိုယ္ ခ်က္ခ်င္းျပန္လာလိုက္တာ"
ရွုက်င္း : "အိုး"
ပူေႏြးေနေသာ ေသာက္ေရက ရွုက်င္းအား ေႏြးေႏြးေထြးေထြးရွိသြားေစသည္။ ထို႔ေနာက္ ရွန့္ရွင္းဟယ္ထံမွ တည္ၿငိမ္စြာ အေမးျပဳလာေသာ ေမးခြန္းတစ္ခုကို ၾကားလိုက္ရ၏။
"ရွုက်င္း ကိုယ္တို႔မေတြ႕ျဖစ္ၾကတဲ့ႏွစ္ေတြထဲမွာ တျခားဘာဆက္ဆံေရးမွ မရွိခဲ့ဘူးလား?"
ယမန္ေန႔ညက အျဖစ္အပ်က္မ်ားကို ဆင္ျခင္သုံးသပ္ၾကည့္ရေသာ္ ရွုက်င္း၏တုံ႔ျပန္ပုံမ်ားက အေတြ႕အၾကဳံမရွိေသးပုံ ေပါက္ေနသည္ေလ။
သူတို႔ႏွစ္ဦး ယခင္က ထိုသို႔က်ဴးက်ဴးလြန္လြန္ျဖစ္ခဲ့ဖူးေသာ္ျငား အႀကိမ္ေရက လက္ခ်ိဳးေရ၍ပင္ရနိုင္၏။ ငါးႏွစ္ၾကာၿပီးေနာက္တြင္လည္း ရွုက်င္း၌ ဘာဆိုဘာမွ ေျပာင္းလဲခဲ့ျခင္းမရွိ။ ယမန္ေန႔ညကပင္ ရွန့္ရွင္းဟယ္၏ပခုံးအား သြားရာအထင္းထင္းေပၚသည္အထိ ကိုက္ကာ နာက်င္မွုမ်ားအၾကား က်ယ္ေလာင္စြာ ေအာ္ညည္းေနခဲ့ေသးသည္။
Advertisement
ရွုက်င္း၏မ်က္ေတာင္မ်ားက တုန္ယင္သြားခဲ့၏။ ထို႔ေနာက္ အေျဖျပန္မေပးဘဲ ေမးခြန္းတစ္ခု အစားထိုးေမးလိုက္၏။
"အမ္.... ကိုကေရာ?"
ေမးျမန္းၿပီးေနာက္မွ ရွုက်င္းကိုယ္တိုင္က မဆိုစေလာက္ေလး စိတ္တုန္လွုပ္သြားခဲ့၏။ လက္ထဲမွ ခြက္အား ျမဲၿမံစြာ တင္းတင္းၾကပ္ၾကပ္ကိုင္ထားရင္း ရွန့္ရွင္းဟယ္၏အေျဖအား ေမၽွာ္လင့္ေစာင့္စားေနလိုက္သည္။
__ရွိေလာက္မွာေပါ့။
အဘယ္ေၾကာင့္ဆိုေသာ္ ရွန့္ရွင္းဟယ္၌ မည္သူ႔ကိုမွ ထပ္မခ်စ္မိဖို႔ရာ အေၾကာင္းျပခ်က္ ခိုင္ခိုင္လုံလုံရွိမေန၍။
ရွန့္ရွင္းဟယ္ မတ္တပ္ထရပ္လိုက္သည္။ အေရးမပါသည့္ ေမးခြန္းအား အေမးခံလိုက္ရသည့္ပမာ သာမန္ကာလၽွံကာ ျပန္လည္ေျဖၾကားလိုက္၏။
"အခ်ိန္မရွိခဲ့ဘူးေလ"
ထို႔ေနာက္တြင္မူ ရွန့္ရွင္းဟယ္က စားပြဲခုံဆီသို႔ ျပန္သြားကာ ရွုက်င္းအား တစ္ဖန္ ေက်ာေပး၍ လုပ္လက္စအလုပ္ကို ဆက္လုပ္ေနေတာ့သည္။
ရွုက်င္းသည္ကား ရွန့္ရွင္းဟယ္ ခပ္လာေပးသည့္ ေရခြက္ေလးအား ကိုင္လ်က္ ဆိုဖာထက္၌သာ ထိုင္ျမဲထိုင္ေနခဲ့၏။
ရွုက်င္းလည္း ဆိုဖာေနာက္မွီထက္၌ လွဲေလ်ာင္းလိုက္ၿပီးေနာက္ တျဖည္းျဖည္းခ်င္း ေနထိုင္ေကာင္းလာေတာ့သည္။ ထို႔ေနာက္ ထမင္းစားစားပြဲထက္၌ တကုပ္ကုပ္ အလုပ္ရွုပ္ေနသူအား ေငးေမာၾကည့္လ်က္။ ႏွလုံးသားထဲမွ လြင့္ထြက္သြားေသာ လစ္ဟာေပါ့ပါးမွုအရာတစ္ခုအား တစ္ခါျပန္ ဖမ္းဆုပ္ကိုင္တြယ္၍ မရနိုင္ေတာ့။
ႏွစ္ဦးသား ေနာက္ထပ္ႏွစ္ရက္ကိုလည္း ဟိုတယ္ခန္းထဲ၌သာ ကုန္ဆုံးျဖစ္ခဲ့ၾကသည္။ ရံဖန္ရံခါ၌ ရွန့္ရွင္းဟယ္က အြန္လိုင္းအစည္းအေဝးတက္ျခင္း၊ အလုပ္မွ ဖုန္းေခၚဆိုမွုမ်ားကို ျပန္လည္ေျဖၾကားျခင္း စသည္တို႔ျဖင့္ မအားမလပ္နိုင္ေအာင္ ရွိေနတတ္၏။ ထိုအခ်ိန္မ်ိဳးတြင္ ရွုက်င္းလည္း သူ၏အခန္းထဲသို႔ ျပန္ကာ ရွန့္ရွင္းဟယ္၏tabletအား အသုံးျပဳ၍ စာဖတ္ေနေလ့ရွိသည္။
စားေသာက္ဖြယ္ရာမ်ားကိုမူ တစ္ခါတစ္ရံ၌ ဟိုတယ္မွ မွာစားေလ့ရွိၿပီး ရံဖန္ရံခါဆိုလၽွင္ ဟိုတယ္အျပင္ဘက္ရွိ စားေသာက္ဆိုင္မ်ားမွ မွာစားေလ့ရွိ၏။
အဝတ္ေသတၱာမ်ားကို သိမ္းဆည္းကာ ဟိုတယ္မွ ထြက္ခြာရန္ အဆင္သင့္ရွိေနသည့္အခ်ိန္မွသည္ ရွန့္ရွင္းဟယ္၏အတြင္းေရးမွူး လာေခၚကာ ဤသို႔ျပန္ေရာက္လာရသည့္အခ်ိန္အထိ ရွုက်င္း သူ၏အဝတ္အိတ္အား ဖြင့္ရန္ အခြင့္မၾကဳံေသးေခ်။ အျပင္သြားစရာလည္း မရွိသည့္အေလ်ာက္ အဝတ္လဲေနရန္လည္း မလိုအပ္သည့္အတြက္။
ရံဖန္ရံခါ၌ ဟိုတယ္မွ ေရခ်ိဳးဝတ္႐ုံကိုသာ ဝတ္ထားေလ့ရွိၿပီး က်န္အခ်ိန္မ်ားတြင္လည္း ရွန့္ရွင္းဟယ္၏ရွပ္အကၤ်ီကိုသာ ဝတ္ဆင္ျဖစ္ခဲ့သည္။
ရွန့္ရွင္းဟယ္၏အတြင္းေရးမွူးသည္လည္း အခန္းထဲသို႔ ေရာက္မလာေတာ့ေခ်။ ရွုက်င္း၏မွန္းဆခ်က္အရ အႏွီအတြင္းေရးမွူးလည္း သူတို႔၏ဆက္ဆံေရးကို ခန့္မွန္းနိုင္ေလာက္ၿပီ။ ထို႔ေၾကာင့္ သူေဌးျဖစ္သူ၏သီးသန့္ပိုင္နက္အား ေနာက္တစ္ဖန္ ဝင္ေရာက္မလာေတာ့ျခင္း ျဖစ္ရမည္။ မည္သို႔ပင္ဆိုေစကာမူ ရွုက်င္း၏လုပ္ေဖာ္ကိုင္ဖက္မ်ားကေတာ့ မက္ေဆ့ခ်္တစ္ေစာင္ၿပီးတစ္ေစာင္ပို႔ေနၾက၏။ 'ရွန့္ရွင္းဟယ္ဟာ ရွုက်င္း၏အစ္ကိုျဖစ္ေၾကာင္း'ကို လင္ဝမ္းက ဌာနမွအသိအကၽြမ္းမ်ားအားလုံးကို ဆင့္ကဲမၽွေဝၿပီးေလာက္ၿပီ။
အရြယ္ေရာက္ၿပီးသားလူမ်ားဟာလည္း အတင္းမတုပ္ဘဲ မေနနိုင္သည့္အခ်ိန္ရွိသည္ေလ။ ရွုက်င္းကိုယ္တိုင္သည္လည္း ထိုကိစၥႏွင့္ပတ္သက္၍ ေဒါသထြက္စရာ မည္သည့္အေၾကာင္းမွ ရွိမေနဟု ခံစားမိသည္။ အေမးစကားမ်ားအား သူႏွင့္ ရွန့္ရွင္းဟယ္ အဆက္အသြယ္မရွိေတာ့သည္မွာ လြန္စြာၾကာျမင့္လွၿပီဟူ၍သာ ျပန္လည္တုံ႔ျပန္ျဖစ္၏။
လင္ဝမ္း : [ေမးေျပာေခၚထူးျဖစ္ခဲ့တာေတာင္မွ မင္းတို႔ရဲ့ဆက္ဆံေရးက အရမ္းေကာင္းေနတုန္းပဲေလ။ သူစိမ္းသက္သက္ပဲဆိုရင္ အရင္တုန္းက အေၾကာင္းေတြ ေျပာခ်င္လို႔ဆိုၿပီး မင္းကို ဆက္ေနခိုင္းမွာတဲ့လား။]
ရွုက်င္း : [သူ စိတ္ကုန္မယ့္ကိစၥတစ္ခုကို ကၽြန္ေတာ္ လုပ္ခဲ့ဖူးတယ္။]
လင္ဝမ္း : [သူက မင္းအစ္ကို မဟုတ္ဘူးလား? မင္း အမွားကို ဝန္ခံလိုက္တာနဲ႔ မင္းကို အျပစ္တင္ေတာ့မွာ မဟုတ္ပါဘူး။]
ရွုက်င္းလည္း အခ်ိန္အတန္ၾကာသည္အထိ ဖုန္းမ်က္ႏွာျပင္ကို စိုက္ၾကည့္ေနမိသည္။ ထို႔ေနာက္ ဖုန္းပိတ္လိုက္၏။
ဆိုရပါလၽွင္ ရွန့္ရွင္းဟယ္ မည္သို႔မည္ႏွယ္ ေတြးေနမွန္း ရွုက်င္းလည္း မမွန္းဆတတ္ပါေခ်။
ေဘာက္မဲ့ေၾကာင့္ ရွုက်င္းအား သူ႔အနား၌ ေနေစခဲ့သနည္း။ ေဘာက္မဲ့ေၾကာင့္ ရွုက်င္းႏွင့္ အတူအိပ္စက္ခဲ့ေလသနည္း။ ရွုက်င္းသိသည့္ တစ္ခုတည္းေသာ အေၾကာင္းအရာသည္ကား ရွန့္ရွင္းဟယ္က ဟိုတယ္ဝန္ေဆာင္မွုေပးသည့္ ဝန္ထမ္းအား ရွုက်င္းထံ လိမ္းေဆးသြားပို႔ခိုင္းခဲ့သည္ကိုပင္။ အကယ္၍မ်ား ရွုက်င္းက ရွန့္ရွင္းဟယ္၏ဖုန္းနံပါတ္အား ျပန္လည္ေမးျမန္းျခင္းမျပဳခဲ့ပါလၽွင္ သူတို႔ႏွစ္ဦး၏ျပန္လည္ဆုံစည္းမွုက ကနဦး ဓာတ္ေလွကားထဲ၌ပင္ နိဂုံးခ်ဳပ္သြားကာ ရွန့္ရွင္းဟယ္လည္း သူ႔အား ဆက္ေနရန္ ေခၚထားမည္မဟုတ္ေတာ့ေခ်။
ရွန့္ရွင္းဟယ္က အျမဲတေစ မာနႀကီးေသာလူတစ္ဦးျဖစ္ေနခဲ့သည္ပင္။
ရွန့္ရွင္းဟယ္ ဆယ္ေက်ာ္သက္အရြယ္ကတည္းက၊ ထိန္းသိမ္းေစာင့္ေရွာက္ေရးေဂဟာ၌ မိဘမဲ့တစ္ဦးျဖစ္ခဲ့စဥ္ကတည္းက မည္သည့္အေၾကာင္းျပခ်က္ႏွင့္မွ သူ႔ကိုယ္သူ အက်ည္းတန္ေအာင္ မျပဳခဲ့ဖူးေခ်။
ရွုက်ဳံးယြမ္က ရွန့္ရွင္းဟယ္အား ရွုမိသားစုထဲ ေခၚေဆာင္ကာ ေက်ာင္းအသစ္တစ္ေက်ာင္းသို႔ ေျပာင္းေစခဲ့သည္။
နယ္ၿမိဳ႕ေလးမွေက်ာင္းႏွင့္ ကြဲျပားျခားနားစြာ ၿမိဳ႕ေပၚရွိ ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ားက ပညာသင္ဆုမ်ားကို ရက္ရက္ေရာေရာေပးေလ့ရွိ၏။ ရွန့္ရွင္းဟယ္ကမူ ပထမစာသင္ႏွစ္ကတည္းက ပညာသင္ဆုကို ထိုက္ထိုက္တန္တန္ရရွိကာ ထိုအခ်ိန္မွစ၍ ရွုက်ဳံးယြမ္၏ေထာက္ပံ့မွုအကူအညီကိုလည္း မလိုအပ္ေတာ့ေခ်။
ရွုက်င္း အသက္၁၄ႏွစ္ေရာက္ေသာ္ အထက္တန္းေက်ာင္းတက္ရ၏။ ထိုအခ်ိန္ဝယ္ အသက္တစ္ႏွစ္သာ ႀကီးသည့္ ရွန့္ရွင္းဟယ္က အထက္တန္းေက်ာင္းရွိ သင္ရိုးညႊန္းတမ္းမ်ားအားလုံးကို သင္ယူၿပီးကာ ေကာလိပ္ဝင္ခြင့္စာေမးပြဲကို ေျဖဆိုခဲ့ေလသည္။ ရွန့္ရွင္းဟယ္၏ဉာဏ္ရည္က သာမညလူမ်ား လိုက္မမွီသည့္ အဆင့္တစ္ရပ္တြင္ တည္ရွိေန၏။
ထိုေကာလိပ္၌လည္း ရွန့္ရွင္းဟယ္က အခ်ိန္တစ္ႏွစ္တည္းျဖင့္ အကုန္အစင္ တက္ေရာက္ၿပီးစီးခဲ့၏။ အထက္တန္းေက်ာင္း၌ နာမည္တြင္ခဲ့သည့္ 'မ်က္လုံးတစ္ဖက္ကန္းေနေသာ ေကာင္ေခ်ာေလး'အျဖစ္မွသည့္ 'ေသာက္ရမ္းေခ်ာသည့္ လူရည္ခၽြန္'အျဖစ္သို႔ ေျပာင္းလဲသြားေလသည္။ ဘြဲ႕ရၿပီးခ်ိန္၌လည္း ေက်ာင္းသားမ်ားအၾကား၌ အေက်ာ္ေဇယ်တစ္ဦးအျဖစ္ ေျပာစမွတ္တြင္ေနခဲ့ေသး၏။
ရွုက်င္း ေကာလိပ္တက္သည့္အခ်ိန္၌ ရွန့္ရွင္းဟယ္အေၾကာင္း သတင္းအစအနပင္ သိပ္မၾကားရေတာ့ေခ်။
သူတို႔ႏွစ္ဦး လမ္းခြဲျပတ္စဲသည့္ေန႔၌ ရွန့္ရွင္းဟယ္ ေျပာခဲ့သည့္ စကားတစ္လုံးခ်င္းစီတိုင္းကို ရွုက်င္း ရွင္းလင္းျပတ္သားစြာ မွတ္မိပါေသးသည္။
"ငါ့လမ္းငါ ေဖာက္ေတာ့မယ္.. အခုကစၿပီး မင္းက ငါ့ဘဝထဲမွာ မရွိေတာ့ဘူး ရွုက်င္း"
ညေပါင္းအလီလီ ေက်ာ္ျဖတ္ခဲ့ၿပီးေနာက္ ရွုက်င္းဟာ သန္းေခါင္ယံညအလယ္ ထိုစကားမ်ားကို ျပန္လည္ေတြးေတာ၍ ရွိုက္ႀကီးတငင္ ငိုေႂကြးေနဆဲ။ ႏွလုံးသားတစ္ခုလုံးဟာလည္း ရက္ရက္စက္စက္ ဆုပ္ညႇစ္ေခ်မြဖ်က္ဆီးခံလိုက္ရသကဲ့သို႔။ နာက်င္လြန္း၍ အသံထြက္ေအာ္မငိုမိေစရန္ အထပ္ထပ္အခါခါ ပင့္သက္ရွိုက္ကာ ေအာင့္အည္းသည္းခံခဲ့ရေလ၏။
Advertisement
- In Serial1546 Chapters
The Rest Of My Life Is For You
Yu Yuehan is the usual rich, perfect, aloof president—the richest man in City H; but one day, a female toddler suddenly appears in his life as his daughter! Despite being certain that he has never touched a woman before, DNA tests certify that the toddler is his! He soon becomes a good 'daddi' for the little toddler, Xiao Liuliu.
8 275 - In Serial48 Chapters
Et Nos Cedamus Amori
"Let us yield to love."Brett Yang knew from the very moment he saw Eddy Chen. He knew that this was the man that he had to be with. It was his soul begging him to love the man and he gave in. He always knew.Eddy Chen was always looking for love in the wrong places. Brett Yang had been there ever since he could remember but he never knew Brett was in love with him. He has a girlfriend, he loves her and the relationship had grown steady but something in his gut tells him he's in love with someone else. Brett deals with a confession from a friend but it was the same time Eddy realized his feelings for Brett. Will Brett pick Eddy at the end of his time? Or will he pick the one who loves him in order to give him a chance?As they say, let us yield to love.
8 238 - In Serial68 Chapters
The Mafia Bride ♡
Catalaiya Snyder, a 23 years old businesswoman was obligated to have an arranged marriage to a guy named Mason Mcbelt. She hated the idea of arranged marriage and always dream about a love marriage but unfortunately, she didn't have the best luck in love. She tried dating but it didn't work out for her. She eventually gave up and accepted her parents request to get an arranged marriage.Little did she know that she will be known as the Mafia Bride.Aziel Alvaro, a 26 years old Mafia Leader and a businessman was forced to commit to a deal that he thought he avoided. Aziel was known for his cold, intimidating and fearful aura. Angry and pissed, he made sure that she knows that it was just a deal. Misunderstanding and poor communication can make things worst.Follow their journey to see how they cop when they each found out that they were both stuck in this together.WARNING ⚠️: Grammatical Error; Read at your own risk. ⚠: Family-Friendly
8 409 - In Serial47 Chapters
Get Pucked
The plan has always been simple. Finish college and open my own bakery while supporting my best friend in his journey to the NHL.After a not-so-good experience last year, I've been avoiding most of the hockey team. That is until I finally met their newest teammate whose green eyes have been stuck in my brain ever since. Did I mention he's also my best friend's roommate?
8 111 - In Serial27 Chapters
One of Us (Hitachiin Twins)
COMPLETED. "By the way," Hikaru glanced back at her, smirking, "You won the game."(Hikaru X Haruhi, Kaoru X Haruhi, Hikaru X Kaoru)
8 197 - In Serial47 Chapters
Lawfully Wedded
*COMPLETED*This is the story about Rohan and SanjanaRohan Mehra is an established lawyer who always fights for justice, who doesn't care about money if it means he'll bring justice. He and his brother co-own a law firm. Sanjana Shukla is a girl with many issues. She has trust issues and suffered from nightmares. She holds two degrees in law. So what happens when Sanjana, who hates men is pulled into the twist of fate? What will happen to them? Will she finally let go of her prejudices and let Rohan in? Or will she push him away too?
8 72985

