《Please Don't See Me [Mm Transl. || Completed]》CHAPTER-8
Advertisement
UNICODE
ကျောင်းလွယ်အိတ်ကို လွယ်လျက် လူကူးမြင်းကျား၌ မတ်တပ်ရပ်နေသည့် ရှုကျင်းက သူ၏ညာဖက်မျက်လုံးကို မှိတ်ရန်ကြိုးပမ်းနေ၏။
မျက်လုံးတစ်ဖက်တည်းအား မည်သို့မည်နှယ် မှိတ်ရမည်မှန်း သူ မသိ။ တစ်ခါမျှလည်း မျက်စိတစ်ဖက် မှိတ်မပြဖူးပေ။ ထို့ကြောင့် မျက်ခွံများကပင် ကတုန်ကယင်ဖြစ်လာ၏။ အဆုံးတွင်တော့ လက်မြှောက်ကာ ညာဖက်လက်ဖြင့် ညာဖက်မျက်လုံးကို ဖုံးအုပ်လိုက်တော့သည်။
သူ၏အမြင်အာရုံက ရုတ်ခြည်းဆိုသလို တစ်ဝက်အတိ မှောင်မိုက်သွား၏။
လမ်းဆုံလမ်းခွရှိ မီးနီကို မြင်နေရသော်လည်း ညာဖက်လမ်းမ၌ ရပ်နားထားသည့် ကားများကို မမြင်ရ။ သူ၏ညာဖက်၌ မည်သူရပ်နေမှန်းကိုလည်း သဲသဲကွဲကွဲ မသိရှိ။ ကျောင်းမှပြန်လာကြသည့် ကျောင်းသားများ၏စကားသံကို ကြားရသော်လည်း ဟုတ်၊မဟုတ် သေချာမခွဲခြားနိုင်။ အကြောင်းမှာ အမြင်အာရုံက တဖြည်းဖြည်း ကျဥ်းမြောင်းလာသည့်အတွက်။ အကြားအာရုံပါ ချို့တဲ့သွားသလေသလောဟု ထင်ယောင်ထင်မှားဖြစ်မိသည်။
ထိုသို့ ပြုကြည့်ရန် တိုက်တွန်းသည့် သူငယ်ချင်းက ဘယ်ဖက်ပခုံးကို တွန်းကာ ပြုံးတုံ့တုံ့ဖြင့် ဆို၏။
"မျက်လုံးတစ်ဖက်မရှိတော့ နေရထိုင်ရ ပိုခက်သွားတယ်မလား"
ရှုကျင်းလည်း လက်ပြန်ချကာ သာမန်ကာလျှံကာဖြင့် ဂရုမစိုက်သလို ပြန်ပြောသည်။
"အဆင်ပြေနေတာပဲကို"
သူငယ်ချင်းဖြစ်သူက ခြေဟန်လက်ဟန်ဖြင့် ပြောပြ၏။
"ဘာကမှ အဆင်ပြေမနေဘူး.. ငါမင်းကို ညာဖက်ကနေ ထိုးပြီး မြန်မြန်ထွက်ပြေးသွားရင် မင်း တရားခံကိုတောင် ရှာတွေ့မှာမဟုတ်ဘူး.. မဟုတ်ရင် ဒီနေ့ အဲ့လိုစမ်းကြည့်ပေးရမလား?"
ရှုကျင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
"မလုပ်ချင်ပါဘူး"
ရှန့်ရှင်းဟယ် ကျောင်းလာတက်ကတည်းက ရှုကျင်းတို့သူငယ်ချင်းအုပ်စု၏စကားဝိုင်း၌ 'ရှန့်ရှင်းဟယ် မျက်လုံးတစ်ဖက်တည်းနဲ့ ကြည့်ရတာ ဘယ်လိုနေမလဲ'ဟူသည့် ခေါင်းစဥ်က တစ်မျိုးထပ်တိုးလို့လာသည်။
ကျောင်းသို့ ဒုတိယနှစ်ကျောင်းသား ရှန့်ရှင်းဟယ် စတင်ရောက်ရှိလာကတည်းက ကျောင်းသူကျောင်းသားတိုင်းက သူ၏ရုပ်ရည်သွင်ပြင်နှင့် မျက်လုံးအကြောင်းကို အထူးအဆန်းလုပ်၍ ဆွေးနွေးကြလေ၏။
ကနဦးအစ၌ ယောက်ျားလေးများက ရှန့်ရှင်းဟယ်အား ကြည့်ရန်အတွက် အတန်းအပြင်ဘက်ရှိ ကော်ရစ်ဒါ၌ တမင်တကာ ဆော့ကစားကြသည်။ ဆိုရပါလျှင် ရှန့်ရှင်းဟယ် မည်သည့်နေရာ၌မဆို ပေါ်လာတိုင်း အားလုံး၏အကြည့်များက သူ့ထံ၌သာ ခစားရ၏။ ကြာလေသော် လက်ရဲဇက်ရဲမိန်းကလေးများကလည်း မေတ္တာစာများကို တသီတတန်းရေးဖွဲ့၍ ရှန့်ရှင်းဟယ်ထံ တိုက်ရိုက်တစ်မျိုး နောက်ကွယ်တစ်ဖုံ ပေးပို့ကြလေသည်။ စာထဲ၌ ရေးထားကြသည်များက "အစ်ကိုက အရမ်းမိုက်တယ်"၊ "ကံကြမ္မာက အစ်ကို့ကို မျက်နှာသာပေးမှာပါနော် အားမငယ်နဲ့" ဤသို့ဤသို့သော စာများဖြစ်ကြ၏။
အထက်တန်းကျောင်း၌ ရှုကျင်းက ပထမနှစ်ကျောင်းသားဖြစ်နေ၍ ရှန့်ရှင်းဟယ်နှင့်လည်း စာသင်ဆောင်မတူချေ။ သို့သော် ရှန့်ရှင်းဟယ်နှင့်ပတ်သက်သာ အတင်းအဖျင်းသတင်းများကို နေ့စဥ်နေ့တိုင်း မရိုးနိုင်အောင် ကြားရသည်။
တစ်ခါကဆိုလျှင် ရှုကျင်းက သူငယ်ချင်းများ၏ပြောစကားများ တဖြည်းဖြည်း လွန်ကဲလာကြောင်း ခံစားမိ၍ တဲ့တိုးပြောလိုက်တော့၏။
"သူများရဲ့အနာပေါ် ဆားသွားမဖြူးနဲ့.. အချိန်ရရင် သူ့အဆင့်တွေကိုသာ နည်းနည်းပါးပါး အတုယူ"
အားလုံးပြန်ပြောခဲ့ကြသည်က Hyper များဟာ မွေးကတည်းက ပါရမီပါလာပြီးသားဖြစ်၍ သူတို့လိုက်မမီ ဟူ၍။
ရှုကျင်းက ပြန်ပြောလေသည်။
"ပါရမီနဲ့ ဘာမှမဆိုင်ဘူး.. သူက စာလည်း ကြိုးစားပြီး ညတိုင်း နောက်ကျတဲ့အထိ စာထိုင်လုပ်နေတာ"
အားလုံး : "မင်းက ဘယ်လိုသိ?"
ရှုကျင်းက ခေတ္တမျှ စဥ်းစားတွေးတောလိုက်၏။ သူ့သူငယ်ချင်းအုပ်စုကို ထိုအကြောင်း ပြောပြလိုက်ခြင်းက ရှက်စရာမကောင်းဟု ခံစားမိ၍ ဖွင့်ဟဝန်ခံလိုက်သည်။
"သူ့ကို ငါ့အဖေထောက်ပံ့ပေးထားတာလေ.. အခု ငါ့အိမ်မှာ နေနေတာ"
တစ်အုပ်စုလုံး ဝိုးခနဲဝါးခနဲ တအံ့တဩဖြစ်သွားကြကာ ရှုမိသားစုအား ငွေရေးကြေးရေးထောက်ပံ့ပေးမှုအတွက် ဝိုင်းဝန်းချီးကျူးကြလေ၏။
ထိုစဥ် တစ်စုံတစ်ယောက်က စပ်စပ်စုစု ထမေးသည်။
"ဒါဆို ရှန့်ရှင်းဟယ်ရဲ့မျက်လုံး ဘာလို့ကန်းသွားလဲသိလား?"
ရှုကျင်းက ယခင်က ကြားခဲ့ဖူးသည့်အကြောင်းအရာကိုပင် ရေးတေးတေးလေးသာ မှတ်မိတော့၏။ အချိန်များ ကြာရှည်စွာ ကုန်ဆုံးခဲ့ပြီဖြစ်သည့်အတွက်။
"ငါ့အဖေစက်ရုံက အလုပ်သမားတစ်ယောက်ရဲ့ကလေးကြောင့်ဖြစ်မယ်ထင်တယ်.. ငါလည်း အဲ့ကို နှစ်ခါရောက်ဖူးတယ်.. သူတို့သူငယ်ချင်းတွေ ငယ်ငယ်လေးတုန်းက ကစားရင်းနဲ့ မတော်တဆ ဖြစ်သွားတာနေမှာပေါ့.. ငါလည်း သေချာတော့ မမေးမိဘူး.. ငါ့အဖေကတော့ စက်ရုံပိုင်ရှင်တစ်ယောက်အနေနဲ့ တာဝန်ယူသင့်တယ်ထင်လို့ သူ့ကို ထောက်ပံ့ပေးခဲ့တာ"
အဆုံးတွင်တော့ သူငယ်ချင်းအုပ်စုအား ရာဇသံပေးလိုက်၏။
"ဘာပဲဖြစ်ဖြစ် နောက်နောင် သူ့ကို အတင်းတုပ်ရဲတုပ်ကြည့်.. ဘယ်သူ့ကိုမှလည်း ငါပြောခဲ့တာတွေ သွားမပြောရဘူး.. ငါ ပြန်ကြားတာနဲ့ သေပြီသာမှတ်"
အချိန်အားဖြင့် တစ်လသာရှိသေးသော်လည်း ရှုကျင်းနှင့် ရှန့်ရှင်းဟယ်အကြားရှိ ဆက်ဆံရေးက ပို၍ပိုကာ တိုးတက်ကောင်းမွန်လာသည်။
အိမ်အကူအဒေါ်ကြီးကို ဖယ်လိုက်လျှင် သူတို့နှစ်ယောက်တည်းသာ အိမ်မှာ ရှိကြသည်လေ။ ရာသီဥတု လွန်စွာပူပြင်းလှသည့်အတွက် ရှုကျင်းလည်း လွယ်လွယ်နှင့် အပြင်မထွက်ဖြစ်။ ဂျူနီယာအထက်တန်းကျောင်းကလည်း မည်သည့်အိမ်စာမျှ မပေးသည့်အတွက် သူနှင့် ရှန့်ရှင်းဟယ်တို့က အိမ်တွင်းအောင်းကာ ဂိမ်းကစားရင်း အချိန်ဖြုန်းကြလေသည်။ နေ့ခင်းဘက်ရောက်လျှင် ခွေးလေး ပတ်ဖ်နှင့်အတူ လမ်းလျှောက်ထွက်ကြ၏။ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်လာသည်နှင့်အမျှ ရှုကျင်းက ရှန့်ရှင်းဟယ်အား အဆောင်၌ သွားမနေရန် မရမက တောင်းဆိုတော့သည်။
ရှန့်ရှင်းဟယ်၏စိတ်နေသဘောထားက နူးညံ့ပျော့ပျောင်းကာ မည်သည့်ကိစ္စကိုမဆို ဦးဆောင်ဦးရွက်ပြု၍ မဆုံးဖြတ်သော်လည်း ကလေးတစ်ယောက်ဖြစ်သည့် ရှုကျင်းကတော့ ရှန့်ရှင်းဟယ်အား ပထမဆုံး ရဖူးသည့် အစ်ကိုတစ်ယောက်အဖြစ် အားကိုးတွယ်တာလေ၏။ အိမ်၌ မလုပ်ချင်သည့် မည်သည့်အလုပ်ကိုမဆို ရှန့်ရှင်းဟယ်က ကူလုပ်ပေးလိမ့်မည်။ အဖေဖြစ်သူ ရှုကျုံးယွမ်နှင့် ရန်ဖြစ်လျှင်လည်း ရှန့်ရှင်းဟယ်က သူ့ဖက်၌ ရှိနေပေးကာ ချော့မော့ပေးလိမ့်မည်။ ထို့အပြင် နွေရာသီညနေခင်း၌ ကြံကြံဖန်ဖန်စိတ်ကူးဖြင့် ရေခဲမုန့်စားချင်ပြန်လျှင်လည်း ရှန့်ရှင်းဟယ်က ခွေးကျောင်းရင်း သွားဝယ်ပေးမည်သာ။
Advertisement
ရှန့်ရှင်းဟယ်က ရှုကျင်းထက် နှစ်နှစ်သာ ကြီး၏။ အချိန်ကြာလာသည်နှင့်အမျှ 'ဟေ့လူ ခင်ဗျား'မှသည် 'အစ်ကို'အဖြစ် ပြောင်းလဲလာခဲ့လေသည်။
လူကူးမြင်းကျားမီးပွိုင့်က အစိမ်းရောင်ပြောင်းသွားပြီ။ ရှုကျင်း၏သူငယ်ချင်းက ပခုံးလာပုတ်ကာ နှုတ်ဆက်လိုက်၏။
"ငါ ပြန်ပြီနော်"
ရှုကျင်းသည်ကား ရှန့်ရှင်းဟယ်အား စောင့်ဆိုင်းဆဲဖြစ်၍ ပျင်းရိလေးတွဲ့စွာ တုံ့ပြန်လိုက်သည်။
"အင်း.."
အထက်တန်းကျောင်း ဒုတိယနှစ်မှ ဆရာမများက နောက်ကျမှ အတန်းလွှတ်ရခြင်းကို နှစ်ခြိုက်ပုံရ၏။ ထို့ကြောင့် ရှန့်ရှင်းဟယ်သည်လည်း အမြဲတစေ ရှုကျင်းထက်နောက်ကျ၍ ကျောင်းမှ ပြန်ရလေ့ရှိသည်။
ရှုကျင်းလည်း အပျင်းထူထူဖြင့် လမ်းမီးတိုင်ကို မှီကာ အိတ်ကပ်ထဲမှ ဖုန်းကို ယူထုတ်၍ ဂိမ်းကစားနေ၏။ ဆယ်မိနစ်မျှ စောင့်ဆိုင်းပြီးနောက် ရှန့်ရှင်းဟယ် ကျောင်းဝင်းထဲမှ ထွက်လာချေပြီ။
ဆယ်ကျော်သက်လူငယ်လေးတစ်ဦး၏အရပ်အမောင်းက အရွယ်နှင့်မလိုက်။
ကျိုးတိုးကျဲတဲ လျှောက်လာကြသည့် ကျောင်းသားများအကြား ခန္ဓာကိုယ်ကျစ်လျစ်၍ အရပ်က မိုးထိနေသော်ငြား ခါးမကိုင်းဘဲ လမ်းလျှောက်လာသည့် ရှန့်ရှင်းဟယ်တစ်ယောက်တည်းကသာ ရှုကျင်း၏အမြင်အာရုံထဲ တည့်တည့်မတ်မတ် ဝင်လာခဲ့ပါသည်။
လက်တစ်ဖက်က ကျောင်းလွယ်အိတ်ကို သယ်ကာ ကျန်လက်တစ်ဖက်ကိုဖြင့် ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထား၏။ ခန္ဓာကိုယ်ထက်၌ ဆင်မြန်းထားသည့် အပြာရောင်အနားကွပ်ထားသော အဖြူရောင်ယူနီဖောင်းက အများသူငါနည်းတူဖြစ်သော်လည်း ရှန့်ရှင်းဟယ် ဝတ်လိုက်မှ ပိုကြည့်ကောင်းသွားသလို။
နုသစ်လန်းဆန်းနေသည့် မျက်နှာထက်က မီးခိုးမှိုင်းရောင် မျက်ဝန်းတစ်ဖက်ကြောင့်သာ မဟုတ်လျှင် ရှန့်ရှင်းဟယ်ဟာ တယုတယထုဆစ်ထားသည့် ပန်းပုရုပ်အလား ချောမောကြည့်ကောင်းနေမည်မှာ ဧကန်မလွဲ။
ရှုကျင်းက ဖုန်းကို အိတ်ကပ်ထဲ ပြန်သိမ်းလိုက်၏။
"ကျွန်တော်တော့ အိမ်စာအကုန် လုပ်ပြီးသွားပြီ.. အစ်ကိုရော ဘယ်တော့လုပ်ပြီးမလဲ?"
သူတို့နှစ်ဦးက two-player ဂိမ်းကို အတူတကွကစားနေကြသည်မှာ level တစ်ဝက်ပင် ရောက်နေကြပြီ။ အတန်း၏နောက်ဆုံးအချိန်၌ ရှုကျင်းက အိမ်စာကို အပြီးအစီး လက်စသတ်ခဲ့၏။ သို့မှသာလျှင် ရှန့်ရှင်းဟယ်နှင့်အတူ ညနေခင်းအမှီ ဂိမ်းကစားနိုင်မည်လေ။
ရှန့်ရှင်းဟယ်က ပြန်ဖြေ၏။
"ရှစ်နာရီ ကိုးနာရီလောက်ဆို ပြီးမယ်"
အိမ်သို့အတူတကွ ပြန်ရန် လမ်းမကြီးအား ဖြတ်မကူးခင် လူကူးမျဥ်းကျားမီးပွိုင့် စိမ်းလာမည့်အချိန်အထိ စောင့်ဆိုင်းနေကြသည်။
ရှုကျင်းက အတော်အတန် ပျော်ရွှင်စိတ်လှုပ်ရှားနေကာ ယခုကတည်းက အစီအစဥ်စဆွဲနေ၏။
"ဒါဆို ညစာစားပြီးတာနဲ့ ကျွန်တော်ပဲ ခွေးကျောင်းလိုက်မယ်လေ.. အစ်ကိုက အိမ်စာအရင်လုပ်နှင့်"
"အွန်း.. အစ်ကို မြန်မြန်လုပ်လိုက်မယ်"
ကားတစ်စီးက ဘေးမှ ရုတ်ခနဲ ဖြတ်မောင်းလာသော် ရှုကျင်းက အနောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ရှန့်ရှင်းဟယ်၏လက်မောင်းအား အလျင်အမြန် ဖမ်းဆုပ်လိုက်၏။
"အစ်ကို!"
နှလုံးစိုင်တစ်ခုလုံးက အရိုင်းဆန်စွာ ခုန်သွားသည်။ သို့သော် ကားက ရုတ်ခြည်း ရပ်သွားကာ ဂငယ်ကွေ့ကွေ့ရန် ဟန်ပြင်နေ၏။
ခုနလေးတင်ကမှ 'ရှန့်ရှင်းဟယ်၏အမြင်အာရုံ'အား အစမ်းပြုကြည့်ပြီးပြီဖြစ်၍ ပုံမှန်ထက် ပိုကြောက်နေခြင်းသာ။
ရှန့်ရှင်းဟယ်က ပြောလေ၏။
"အစ်ကို မြင်ပါတယ်"
ရှုကျင်းလည်း စိတ်လျော့သက်ပြင်းတစ်ချက်ချကာ ရှန့်ရှင်းဟယ်၏ညာဘက်သို့ သွားရပ်သည်။
"အစ်ကို မမြင်မှာကို ကျွန်တော်ကြောက်နေတာ"
"အစ်ကိုက အကျင့်ပါနေပြီလေ.. သူ့အလိုလို ခံစားလို့ရတယ်"
ညဘက်ရောက်၍ ဂိမ်းကစားကြသော် ရှုကျင်း၏ဂိမ်းဇာတ်ကောင်က အရင်သေသွား၏။ ရှန့်ရှင်းဟယ်အား ငုတ်တုတ်စောင့်ဆိုင်းနေရင်း သူ၏သူငယ်ချင်းက ကျောင်းဆင်းချိန်၌ ပြောခဲ့သည့်စကားများကို ရုတ်တရက် အမှတ်ရသွားသည်။
သူ ရှန့်ရှင်းဟယ်၏ညာဘက်၌ သွားထိုင်ကာ ရှန့်ရှင်းဟယ်၏မျက်နှာအား ခိုးကြည့်၏။
ဧည့်ခန်းထဲ၌ မီးများအားလုံးကို အမှောင်ချထား၍ တီဗီဖန်သားပြင်ထက်ရှိ အရောင်များကသာ အခန်းတစ်ခန်းလုံးကို ရောင်ပြန်ထင်ဟပ်နေသည်။ ဂိမ်းထဲ၌ နောက်ခံအရောင်ကိုလိုက်၍ ရှန့်ရှင်းဟယ်၏ အပြစ်အနာအဆာကင်းသော ပါးပြင်အရောင်ကလည်း ပြောင်းလဲသွား၏။
ရှုကျင်းက ရှန့်ရှင်းဟယ်၏မျက်လုံးကို ညာဘက်မှနေ၍ ငေးကြည့်မိသည်။ သို့သော် ရှန့်ရှင်းဟယ်က ဘာဆိုဘာမျှ သတိထားမိပုံမရ။ မီခိုးမှိုင်းရောင်ဖန်ထည်မျက်လုံးက မည်သည့်ပြောင်းလဲမှုမျှ မရှိ။
သူ အမှန်တကယ် မမြင်ရသည်လော? သို့တည်းမဟုတ် အရာအားလုံးကို အာရုံခံမိနေသည်လော?
ရှန့်ရှင်းဟယ်အတွက် အင်မတန် စိတ်မကောင်းဖြစ်မိသည်။
ဆယ်စက္ကန့်မျှ ငေးစိုက်ကြည့်နေမိပြီးနောက် ရှန့်ရှင်းဟယ်၏ညာဘက်သို့ လက်သီးတစ်လုံး ထောင်ပြ၏။
ရှန့်ရှင်းဟယ်က မတုံ့ပြန်လာ။
အနီးသို့ တိုးကပ်သွားကာ လက်သီးတစ်လုံး ထပ်ထောင်ပြမည်အပြု ရှန့်ရှင်းဟယ်က ရုတ်ခြည်း ခေါင်းလှည့်လာ၏။
"ဘာဖြစ်တာလဲ?"
မမျှော်လင့်ထားစွာနှင့် ရှုကျင်း လူမိသွားချေပြီ။
ရှန့်ရှင်းဟယ်က မျက်လုံးမှေး၍ ရှုကျင်း၏ပါးပြင်ပေါ် အကြည့်ရောက်၏။
"အစ်ကို့မျက်နှာပေါ်မှာ တစ်ခုခု ပေနေလို့လား?"
ရှုကျင်း၏အသည်းနှလုံးက ခုန်ဆွခုန်ဆွနှင့်။ တစ်ဖက်လူ ကြားနိုင်သွားမည်ကိုပင် စိုးရွံ့နေမိသည်။ နောက်ပြန်ဆုတ်ကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြော၏။
"ဒီအတိုင်းပဲ.. အစ်ကို့ရဲ့ညာဘက်ကနေ မျက်နှာပြောင်ပြရင် အစ်ကိုမြင်နိုင်မလားလို့ စမ်းကြည့်ချင်လို့"
ရှန့်ရှင်းဟယ်က ဂိမ်းမျက်နှာပြင်ထက်သို့ အကြည့်လွှဲသွားသည်။
"ဟင့်အင်း မမြင်နိုင်ဘူး"
ရှုကျင်းက အံ့အားသင့်သွားရ၏။
"ဒါဆို ကျွန်တော် ကြည့်နေတာကျတော့ ဘယ်လိုသိတာလဲ?"
"မင်း အနားတိုးလာတော့ အသက်ရှူငွေ့က လည်ပင်းကို လာရိုက်တယ်လေ"
ရှုကျင်း : "..."
အတော်အတန်ကြာသော် ရှုကျင်းက ထမေး၏။
"အစ်ကို.. အစ်ကို့မျက်လုံးကို ဒီလိုဖြစ်အောင်လုပ်တဲ့လူကို မမုန်းဘူးလားဟင်?"
ယခင်က ထိုနက်နဲလှသည့်ကိစ္စအား တစ်ခါမှ မပြောဖူးသေး။
Advertisement
ထို့နောက် ရှုကျင်းက အတည်တကျ ဆက်ပြော၏။
"သူ့ကြောင့်သာမဟုတ်ရင် အစ်ကို့မျက်လုံးက ဒီလိုဖြစ်မှာမဟုတ်ဘူးလေ.. အစ်ကိုက မွေးလာကတည်းက မျက်လုံးအကောင်းတိုင်းနဲ့ ကမ္ဘာကြီးကို မြင်ခဲ့ရတာ.. တချို့အချိန်တွေမှာ သူ့ကို အရမ်းမုန်းလား? ကျွန်တော်သာ အစ်ကိုဆိုရင်တော့ သူ့ကို သေချာပေါက် မုန်းမိမှာ"
ရှန့်ရှင်းဟယ်က အလေးအနက် တွေးတောဟန်ဖြင့် ခေတ္တတုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေသည်။
"ဒါပေါ့.. ဒါပေမယ့် သူ့မိသားစုက အလျော်ပေးပြီးပြီလေ.. နောက်ပိုင်း သူတို့မိသားစုကို မြို့ထဲမှာ ထပ်တွေ့တော့ အဲ့ကောင်လေးကို ဒီကိစ္စကြောင့် မြို့ထဲ ထပ်မလာခိုင်းတော့ဘူးတဲ့.. တခြားနေရာမှာပဲ စာဆက်သင်ခိုင်းထားတယ်တဲ့"
ရှုကျင်းက အလန့်တကြားဖြစ်သွား၏။
"အဲ့လိုကြီးလား?"
သေးငယ်လှသည့် နယ်မြို့လေးထဲ၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများက အချိန်ကြာမြင့်သွားသည့်တိုင် မှုန်ဝါးမပျောက်ကွယ်သွားနိုင်။ အကြောင်းမှာ သည်လူနှင့်သည်လူ အခါအခွင့်သင့်တိုင်း ဆုံမိနေဦးမည်ဖြစ်၍။
ပြုသူနှင့် ဖြစ်သူ.. နှစ်ဦးနှစ်ဖက်စလုံးက ငယ်ရွယ်ခဲ့ကြသေးသော်လည်း တစ်ဖက်မိသားစုက ကာယကံရှင်အတွက် စဥ်းစားပေးကာ ရှောင်ပေးခဲ့သည်လေ။ ဤသည်က ကာယကံရှင် ခံစားရမည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအား တစ်မျိုးတစ်ဖုံ လျော့နည်းသက်သာသွားစေ၏။
ထိုအချိန်ဝယ် ရှန့်ရှင်းဟယ်၏အနာဂတ်တစ်ပိုင်းတစ်စအား ဖျက်ဆီးပစ်ခဲ့သည့် လူနေရာ၌ ထပ်တူခံစားခြင်း မပြုနိုင်တော့။
သို့သော်ငြား ဤမတော်တဆမှုဖြစ်ရပ်က ရှန့်ရှင်းဟယ်၏ငယ်ဘဝသာမက အခြားလူများ၏ဘဝများကိုပါ ပျက်စီးယိုယွင်းစေခဲ့လေသည်။
ထို့နောက်တွင်မူ အရာအားလုံးဟာ ဇောက်ထိုးမိုးမျှော်ဖြစ်သွားရ၏။
ကနဦး၌ ရှုကျင်းက ထိုမတော်တဆမှုဖြစ်ရပ်၏ပြင်ပတွင် ရှိနေခဲ့သော်ငြား တစ်နေ့သောအခါဝယ် သူဟာ ထိုဝဲဂယက်ကြီး၏ အဓိကလူ၊ တစ်နည်းအားဖြင့် အလယ်ဗဟိုမှလူဖြစ်နေခဲ့ကြောင်း နားလည်သွားပါလိမ့်မည်။
ZAWGYI
ေက်ာင္းလြယ္အိတ္ကို လြယ္လ်က္ လူကူးျမင္းက်ား၌ မတ္တပ္ရပ္ေနသည့္ ရွုက်င္းက သူ၏ညာဖက္မ်က္လုံးကို မွိတ္ရန္ႀကိဳးပမ္းေန၏။
မ်က္လုံးတစ္ဖက္တည္းအား မည္သို႔မည္ႏွယ္ မွိတ္ရမည္မွန္း သူ မသိ။ တစ္ခါမၽွလည္း မ်က္စိတစ္ဖက္ မွိတ္မျပဖူးေပ။ ထို႔ေၾကာင့္ မ်က္ခြံမ်ားကပင္ ကတုန္ကယင္ျဖစ္လာ၏။ အဆုံးတြင္ေတာ့ လက္ေျမႇာက္ကာ ညာဖက္လက္ျဖင့္ ညာဖက္မ်က္လုံးကို ဖုံးအုပ္လိုက္ေတာ့သည္။
သူ၏အျမင္အာ႐ုံက ႐ုတ္ျခည္းဆိုသလို တစ္ဝက္အတိ ေမွာင္မိုက္သြား၏။
လမ္းဆုံလမ္းခြရွိ မီးနီကို ျမင္ေနရေသာ္လည္း ညာဖက္လမ္းမ၌ ရပ္နားထားသည့္ ကားမ်ားကို မျမင္ရ။ သူ၏ညာဖက္၌ မည္သူရပ္ေနမွန္းကိုလည္း သဲသဲကြဲကြဲ မသိရွိ။ ေက်ာင္းမွျပန္လာၾကသည့္ ေက်ာင္းသားမ်ား၏စကားသံကို ၾကားရေသာ္လည္း ဟုတ္၊မဟုတ္ ေသခ်ာမခြဲျခားနိုင္။ အေၾကာင္းမွာ အျမင္အာ႐ုံက တျဖည္းျဖည္း က်ဥ္းေျမာင္းလာသည့္အတြက္။ အၾကားအာ႐ုံပါ ခ်ိဳ႕တဲ့သြားသေလသေလာဟု ထင္ေယာင္ထင္မွားျဖစ္မိသည္။
ထိုသို႔ ျပဳၾကည့္ရန္ တိုက္တြန္းသည့္ သူငယ္ခ်င္းက ဘယ္ဖက္ပခုံးကို တြန္းကာ ျပဳံးတုံ႔တုံ႔ျဖင့္ ဆို၏။
"မ်က္လုံးတစ္ဖက္မရွိေတာ့ ေနရထိုင္ရ ပိုခက္သြားတယ္မလား"
ရွုက်င္းလည္း လက္ျပန္ခ်ကာ သာမန္ကာလၽွံကာျဖင့္ ဂ႐ုမစိုက္သလို ျပန္ေျပာသည္။
"အဆင္ေျပေနတာပဲကို"
သူငယ္ခ်င္းျဖစ္သူက ေျခဟန္လက္ဟန္ျဖင့္ ေျပာျပ၏။
"ဘာကမွ အဆင္ေျပမေနဘူး.. ငါမင္းကို ညာဖက္ကေန ထိုးၿပီး ျမန္ျမန္ထြက္ေျပးသြားရင္ မင္း တရားခံကိုေတာင္ ရွာေတြ႕မွာမဟုတ္ဘူး.. မဟုတ္ရင္ ဒီေန႔ အဲ့လိုစမ္းၾကည့္ေပးရမလား?"
ရွုက်င္းက ႏွုတ္ခမ္းကို တင္းတင္းေစ့လိုက္သည္။
"မလုပ္ခ်င္ပါဘူး"
ရွန့္ရွင္းဟယ္ ေက်ာင္းလာတက္ကတည္းက ရွုက်င္းတို႔သူငယ္ခ်င္းအုပ္စု၏စကားဝိုင္း၌ 'ရွန့္ရွင္းဟယ္ မ်က္လုံးတစ္ဖက္တည္းနဲ႔ ၾကည့္ရတာ ဘယ္လိုေနမလဲ'ဟူသည့္ ေခါင္းစဥ္က တစ္မ်ိဳးထပ္တိုးလို႔လာသည္။
ေက်ာင္းသို႔ ဒုတိယႏွစ္ေက်ာင္းသား ရွန့္ရွင္းဟယ္ စတင္ေရာက္ရွိလာကတည္းက ေက်ာင္းသူေက်ာင္းသားတိုင္းက သူ၏႐ုပ္ရည္သြင္ျပင္ႏွင့္ မ်က္လုံးအေၾကာင္းကို အထူးအဆန္းလုပ္၍ ေဆြးေႏြးၾကေလ၏။
ကနဦးအစ၌ ေယာက္်ားေလးမ်ားက ရွန့္ရွင္းဟယ္အား ၾကည့္ရန္အတြက္ အတန္းအျပင္ဘက္ရွိ ေကာ္ရစ္ဒါ၌ တမင္တကာ ေဆာ့ကစားၾကသည္။ ဆိုရပါလၽွင္ ရွန့္ရွင္းဟယ္ မည္သည့္ေနရာ၌မဆို ေပၚလာတိုင္း အားလုံး၏အၾကည့္မ်ားက သူ႔ထံ၌သာ ခစားရ၏။ ၾကာေလေသာ္ လက္ရဲဇက္ရဲမိန္းကေလးမ်ားကလည္း ေမတၱာစာမ်ားကို တသီတတန္းေရးဖြဲ႕၍ ရွန့္ရွင္းဟယ္ထံ တိုက္ရိုက္တစ္မ်ိဳး ေနာက္ကြယ္တစ္ဖုံ ေပးပို႔ၾကေလသည္။ စာထဲ၌ ေရးထားၾကသည္မ်ားက "အစ္ကိုက အရမ္းမိုက္တယ္"၊ "ကံၾကမၼာက အစ္ကို႔ကို မ်က္ႏွာသာေပးမွာပါေနာ္ အားမငယ္နဲ႔" ဤသို႔ဤသို႔ေသာ စာမ်ားျဖစ္ၾက၏။
အထက္တန္းေက်ာင္း၌ ရွုက်င္းက ပထမႏွစ္ေက်ာင္းသားျဖစ္ေန၍ ရွန့္ရွင္းဟယ္ႏွင့္လည္း စာသင္ေဆာင္မတူေခ်။ သို႔ေသာ္ ရွန့္ရွင္းဟယ္ႏွင့္ပတ္သက္သာ အတင္းအဖ်င္းသတင္းမ်ားကို ေန႔စဥ္ေန႔တိုင္း မရိုးနိုင္ေအာင္ ၾကားရသည္။
တစ္ခါကဆိုလၽွင္ ရွုက်င္းက သူငယ္ခ်င္းမ်ား၏ေျပာစကားမ်ား တျဖည္းျဖည္း လြန္ကဲလာေၾကာင္း ခံစားမိ၍ တဲ့တိုးေျပာလိုက္ေတာ့၏။
"သူမ်ားရဲ့အနာေပၚ ဆားသြားမျဖဴးနဲ႔.. အခ်ိန္ရရင္ သူ႔အဆင့္ေတြကိုသာ နည္းနည္းပါးပါး အတုယူ"
အားလုံးျပန္ေျပာခဲ့ၾကသည္က Hyper မ်ားဟာ ေမြးကတည္းက ပါရမီပါလာၿပီးသားျဖစ္၍ သူတို႔လိုက္မမီ ဟူ၍။
ရွုက်င္းက ျပန္ေျပာေလသည္။
"ပါရမီနဲ႔ ဘာမွမဆိုင္ဘူး.. သူက စာလည္း ႀကိဳးစားၿပီး ညတိုင္း ေနာက္က်တဲ့အထိ စာထိုင္လုပ္ေနတာ"
အားလုံး : "မင္းက ဘယ္လိုသိ?"
ရွုက်င္းက ေခတၱမၽွ စဥ္းစားေတြးေတာလိုက္၏။ သူ႔သူငယ္ခ်င္းအုပ္စုကို ထိုအေၾကာင္း ေျပာျပလိုက္ျခင္းက ရွက္စရာမေကာင္းဟု ခံစားမိ၍ ဖြင့္ဟဝန္ခံလိုက္သည္။
"သူ႔ကို ငါ့အေဖေထာက္ပံ့ေပးထားတာေလ.. အခု ငါ့အိမ္မွာ ေနေနတာ"
တစ္အုပ္စုလုံး ဝိုးခနဲဝါးခနဲ တအံ့တဩျဖစ္သြားၾကကာ ရွုမိသားစုအား ေငြေရးေၾကးေရးေထာက္ပံ့ေပးမွုအတြက္ ဝိုင္းဝန္းခ်ီးက်ဴးၾကေလ၏။
ထိုစဥ္ တစ္စုံတစ္ေယာက္က စပ္စပ္စုစု ထေမးသည္။
"ဒါဆို ရွန့္ရွင္းဟယ္ရဲ့မ်က္လုံး ဘာလို႔ကန္းသြားလဲသိလား?"
ရွုက်င္းက ယခင္က ၾကားခဲ့ဖူးသည့္အေၾကာင္းအရာကိုပင္ ေရးေတးေတးေလးသာ မွတ္မိေတာ့၏။ အခ်ိန္မ်ား ၾကာရွည္စြာ ကုန္ဆုံးခဲ့ၿပီျဖစ္သည့္အတြက္။
"ငါ့အေဖစက္႐ုံက အလုပ္သမားတစ္ေယာက္ရဲ့ကေလးေၾကာင့္ျဖစ္မယ္ထင္တယ္.. ငါလည္း အဲ့ကို ႏွစ္ခါေရာက္ဖူးတယ္.. သူတို႔သူငယ္ခ်င္းေတြ ငယ္ငယ္ေလးတုန္းက ကစားရင္းနဲ႔ မေတာ္တဆ ျဖစ္သြားတာေနမွာေပါ့.. ငါလည္း ေသခ်ာေတာ့ မေမးမိဘူး.. ငါ့အေဖကေတာ့ စက္႐ုံပိုင္ရွင္တစ္ေယာက္အေနနဲ႔ တာဝန္ယူသင့္တယ္ထင္လို႔ သူ႔ကို ေထာက္ပံ့ေပးခဲ့တာ"
အဆုံးတြင္ေတာ့ သူငယ္ခ်င္းအုပ္စုအား ရာဇသံေပးလိုက္၏။
"ဘာပဲျဖစ္ျဖစ္ ေနာက္ေနာင္ သူ႔ကို အတင္းတုပ္ရဲတုပ္ၾကည့္.. ဘယ္သူ႔ကိုမွလည္း ငါေျပာခဲ့တာေတြ သြားမေျပာရဘူး.. ငါ ျပန္ၾကားတာနဲ႔ ေသၿပီသာမွတ္"
အခ်ိန္အားျဖင့္ တစ္လသာရွိေသးေသာ္လည္း ရွုက်င္းႏွင့္ ရွန့္ရွင္းဟယ္အၾကားရွိ ဆက္ဆံေရးက ပို၍ပိုကာ တိုးတက္ေကာင္းမြန္လာသည္။
အိမ္အကူအေဒၚႀကီးကို ဖယ္လိုက္လၽွင္ သူတို႔ႏွစ္ေယာက္တည္းသာ အိမ္မွာ ရွိၾကသည္ေလ။ ရာသီဥတု လြန္စြာပူျပင္းလွသည့္အတြက္ ရွုက်င္းလည္း လြယ္လြယ္ႏွင့္ အျပင္မထြက္ျဖစ္။ ဂ်ဴနီယာအထက္တန္းေက်ာင္းကလည္း မည္သည့္အိမ္စာမၽွ မေပးသည့္အတြက္ သူႏွင့္ ရွန့္ရွင္းဟယ္တို႔က အိမ္တြင္းေအာင္းကာ ဂိမ္းကစားရင္း အခ်ိန္ျဖဳန္းၾကေလသည္။ ေန႔ခင္းဘက္ေရာက္လၽွင္ ေခြးေလး ပတ္ဖ္ႏွင့္အတူ လမ္းေလၽွာက္ထြက္ၾက၏။ တစ္ဦးႏွင့္တစ္ဦး ရင္းႏွီးကၽြမ္းဝင္လာသည္ႏွင့္အမၽွ ရွုက်င္းက ရွန့္ရွင္းဟယ္အား အေဆာင္၌ သြားမေနရန္ မရမက ေတာင္းဆိုေတာ့သည္။
ရွန့္ရွင္းဟယ္၏စိတ္ေနသေဘာထားက ႏူးညံ့ေပ်ာ့ေပ်ာင္းကာ မည္သည့္ကိစၥကိုမဆို ဦးေဆာင္ဦးရြက္ျပဳ၍ မဆုံးျဖတ္ေသာ္လည္း ကေလးတစ္ေယာက္ျဖစ္သည့္ ရွုက်င္းကေတာ့ ရွန့္ရွင္းဟယ္အား ပထမဆုံး ရဖူးသည့္ အစ္ကိုတစ္ေယာက္အျဖစ္ အားကိုးတြယ္တာေလ၏။ အိမ္၌ မလုပ္ခ်င္သည့္ မည္သည့္အလုပ္ကိုမဆို ရွန့္ရွင္းဟယ္က ကူလုပ္ေပးလိမ့္မည္။ အေဖျဖစ္သူ ရွုက်ဳံးယြမ္ႏွင့္ ရန္ျဖစ္လၽွင္လည္း ရွန့္ရွင္းဟယ္က သူ႔ဖက္၌ ရွိေနေပးကာ ေခ်ာ့ေမာ့ေပးလိမ့္မည္။ ထို႔အျပင္ ေႏြရာသီညေနခင္း၌ ႀကံႀကံဖန္ဖန္စိတ္ကူးျဖင့္ ေရခဲမုန့္စားခ်င္ျပန္လၽွင္လည္း ရွန့္ရွင္းဟယ္က ေခြးေက်ာင္းရင္း သြားဝယ္ေပးမည္သာ။
ရွန့္ရွင္းဟယ္က ရွုက်င္းထက္ ႏွစ္ႏွစ္သာ ႀကီး၏။ အခ်ိန္ၾကာလာသည္ႏွင့္အမၽွ 'ေဟ့လူ ခင္ဗ်ား'မွသည္ 'အစ္ကို'အျဖစ္ ေျပာင္းလဲလာခဲ့ေလသည္။
လူကူးျမင္းက်ားမီးပြိဳင့္က အစိမ္းေရာင္ေျပာင္းသြားၿပီ။ ရွုက်င္း၏သူငယ္ခ်င္းက ပခုံးလာပုတ္ကာ ႏွုတ္ဆက္လိုက္၏။
"ငါ ျပန္ၿပီေနာ္"
ရွုက်င္းသည္ကား ရွန့္ရွင္းဟယ္အား ေစာင့္ဆိုင္းဆဲျဖစ္၍ ပ်င္းရိေလးတြဲ႕စြာ တုံ႔ျပန္လိုက္သည္။
"အင္း.."
အထက္တန္းေက်ာင္း ဒုတိယႏွစ္မွ ဆရာမမ်ားက ေနာက္က်မွ အတန္းလႊတ္ရျခင္းကို ႏွစ္ၿခိဳက္ပုံရ၏။ ထို႔ေၾကာင့္ ရွန့္ရွင္းဟယ္သည္လည္း အျမဲတေစ ရွုက်င္းထက္ေနာက္က်၍ ေက်ာင္းမွ ျပန္ရေလ့ရွိသည္။
ရွုက်င္းလည္း အပ်င္းထူထူျဖင့္ လမ္းမီးတိုင္ကို မွီကာ အိတ္ကပ္ထဲမွ ဖုန္းကို ယူထုတ္၍ ဂိမ္းကစားေန၏။ ဆယ္မိနစ္မၽွ ေစာင့္ဆိုင္းၿပီးေနာက္ ရွန့္ရွင္းဟယ္ ေက်ာင္းဝင္းထဲမွ ထြက္လာေခ်ၿပီ။
ဆယ္ေက်ာ္သက္လူငယ္ေလးတစ္ဦး၏အရပ္အေမာင္းက အရြယ္ႏွင့္မလိုက္။
က်ိဳးတိုးက်ဲတဲ ေလၽွာက္လာၾကသည့္ ေက်ာင္းသားမ်ားအၾကား ခႏၶာကိုယ္က်စ္လ်စ္၍ အရပ္က မိုးထိေနေသာ္ျငား ခါးမကိုင္းဘဲ လမ္းေလၽွာက္လာသည့္ ရွန့္ရွင္းဟယ္တစ္ေယာက္တည္းကသာ ရွုက်င္း၏အျမင္အာ႐ုံထဲ တည့္တည့္မတ္မတ္ ဝင္လာခဲ့ပါသည္။
လက္တစ္ဖက္က ေက်ာင္းလြယ္အိတ္ကို သယ္ကာ က်န္လက္တစ္ဖက္ကိုျဖင့္ ေဘာင္းဘီအိတ္ကပ္ထဲ ထည့္ထား၏။ ခႏၶာကိုယ္ထက္၌ ဆင္ျမန္းထားသည့္ အျပာေရာင္အနားကြပ္ထားေသာ အျဖဴေရာင္ယူနီေဖာင္းက အမ်ားသူငါနည္းတူျဖစ္ေသာ္လည္း ရွန့္ရွင္းဟယ္ ဝတ္လိုက္မွ ပိုၾကည့္ေကာင္းသြားသလို။
ႏုသစ္လန္းဆန္းေနသည့္ မ်က္ႏွာထက္က မီးခိုးမွိုင္းေရာင္ မ်က္ဝန္းတစ္ဖက္ေၾကာင့္သာ မဟုတ္လၽွင္ ရွန့္ရွင္းဟယ္ဟာ တယုတယထုဆစ္ထားသည့္ ပန္းပု႐ုပ္အလား ေခ်ာေမာၾကည့္ေကာင္းေနမည္မွာ ဧကန္မလြဲ။
ရွုက်င္းက ဖုန္းကို အိတ္ကပ္ထဲ ျပန္သိမ္းလိုက္၏။
"ကၽြန္ေတာ္ေတာ့ အိမ္စာအကုန္ လုပ္ၿပီးသြားၿပီ.. အစ္ကိုေရာ ဘယ္ေတာ့လုပ္ၿပီးမလဲ?"
သူတို႔ႏွစ္ဦးက two-player ဂိမ္းကို အတူတကြကစားေနၾကသည္မွာ level တစ္ဝက္ပင္ ေရာက္ေနၾကၿပီ။ အတန္း၏ေနာက္ဆုံးအခ်ိန္၌ ရွုက်င္းက အိမ္စာကို အၿပီးအစီး လက္စသတ္ခဲ့၏။ သို႔မွသာလၽွင္ ရွန့္ရွင္းဟယ္ႏွင့္အတူ ညေနခင္းအမွီ ဂိမ္းကစားနိုင္မည္ေလ။
ရွန့္ရွင္းဟယ္က ျပန္ေျဖ၏။
"ရွစ္နာရီ ကိုးနာရီေလာက္ဆို ၿပီးမယ္"
အိမ္သို႔အတူတကြ ျပန္ရန္ လမ္းမႀကီးအား ျဖတ္မကူးခင္ လူကူးမ်ဥ္းက်ားမီးပြိဳင့္ စိမ္းလာမည့္အခ်ိန္အထိ ေစာင့္ဆိုင္းေနၾကသည္။
ရွုက်င္းက အေတာ္အတန္ ေပ်ာ္ရႊင္စိတ္လွုပ္ရွားေနကာ ယခုကတည္းက အစီအစဥ္စဆြဲေန၏။
"ဒါဆို ညစာစားၿပီးတာနဲ႔ ကၽြန္ေတာ္ပဲ ေခြးေက်ာင္းလိုက္မယ္ေလ.. အစ္ကိုက အိမ္စာအရင္လုပ္ႏွင့္"
"အြန္း.. အစ္ကို ျမန္ျမန္လုပ္လိုက္မယ္"
ကားတစ္စီးက ေဘးမွ ႐ုတ္ခနဲ ျဖတ္ေမာင္းလာေသာ္ ရွုက်င္းက အေနာက္သို႔ ေျခတစ္လွမ္းဆုတ္ကာ ရွန့္ရွင္းဟယ္၏လက္ေမာင္းအား အလ်င္အျမန္ ဖမ္းဆုပ္လိုက္၏။
"အစ္ကို!"
ႏွလုံးစိုင္တစ္ခုလုံးက အရိုင္းဆန္စြာ ခုန္သြားသည္။ သို႔ေသာ္ ကားက ႐ုတ္ျခည္း ရပ္သြားကာ ဂငယ္ေကြ႕ေကြ႕ရန္ ဟန္ျပင္ေန၏။
ခုနေလးတင္ကမွ 'ရွန့္ရွင္းဟယ္၏အျမင္အာ႐ုံ'အား အစမ္းျပဳၾကည့္ၿပီးၿပီျဖစ္၍ ပုံမွန္ထက္ ပိုေၾကာက္ေနျခင္းသာ။
ရွန့္ရွင္းဟယ္က ေျပာေလ၏။
"အစ္ကို ျမင္ပါတယ္"
ရွုက်င္းလည္း စိတ္ေလ်ာ့သက္ျပင္းတစ္ခ်က္ခ်ကာ ရွန့္ရွင္းဟယ္၏ညာဘက္သို႔ သြားရပ္သည္။
"အစ္ကို မျမင္မွာကို ကၽြန္ေတာ္ေၾကာက္ေနတာ"
"အစ္ကိုက အက်င့္ပါေနၿပီေလ.. သူ႔အလိုလို ခံစားလို႔ရတယ္"
ညဘက္ေရာက္၍ ဂိမ္းကစားၾကေသာ္ ရွုက်င္း၏ဂိမ္းဇာတ္ေကာင္က အရင္ေသသြား၏။ ရွန့္ရွင္းဟယ္အား ငုတ္တုတ္ေစာင့္ဆိုင္းေနရင္း သူ၏သူငယ္ခ်င္းက ေက်ာင္းဆင္းခ်ိန္၌ ေျပာခဲ့သည့္စကားမ်ားကို ႐ုတ္တရက္ အမွတ္ရသြားသည္။
သူ ရွန့္ရွင္းဟယ္၏ညာဘက္၌ သြားထိုင္ကာ ရွန့္ရွင္းဟယ္၏မ်က္ႏွာအား ခိုးၾကည့္၏။
ဧည့္ခန္းထဲ၌ မီးမ်ားအားလုံးကို အေမွာင္ခ်ထား၍ တီဗီဖန္သားျပင္ထက္ရွိ အေရာင္မ်ားကသာ အခန္းတစ္ခန္းလုံးကို ေရာင္ျပန္ထင္ဟပ္ေနသည္။ ဂိမ္းထဲ၌ ေနာက္ခံအေရာင္ကိုလိုက္၍ ရွန့္ရွင္းဟယ္၏ အျပစ္အနာအဆာကင္းေသာ ပါးျပင္အေရာင္ကလည္း ေျပာင္းလဲသြား၏။
Advertisement
- In Serial116 Chapters
Return To The Past: I Won't Choose Humility This Time!
In her previous life, as Yun Xi laid in d for the terminally ill, she was heartlessly informed by her famous painter husband, "Yun Xi, let's divorce. Back then, if you hadn't posed as your sister and took her place, did you think I would marry you? The person who saved me was clearly your sister." Yun Xi was dumbstruck. It was actually her who saved Mo Ran! She struggled to look at her sister, Yun Lian, trying to obtain verification from her. Yet, what she saw made her heart sink into her stomach. Yun Lian lowered her gaze to conceal the emotion in her eyes as she said, "Sister, I'm sorry. My Brother-in-law and I truly love each other. I've been hiding this truth for so long now, and I can't hide it any longer.Yun Xi and Yun Lian are twins, but because Yun Xi was always better in terms of studies and had a better husband, both society and their parents preferred Yun Xi. Yun Xi suddenly felt her world spin, and the past flashed through her mind. Her sister had always asked her about how she saved Mo Ran in detail and constantly sowed discord in between her and Mo Ran. Yun Xi used to dote on Yun Lian, giving her most of her opportunities, including the chance to go to school. Now that she was given another chance at life, Yun Xi swore to take back what was hers.Whatever she was owed and whatever that was taken from her, she would start from this high school admission opportunity! As for her ex-husband,. Yun Xi decided to let Yun Lan have him. However, the new Yun Xi, who had become aloof instead of her old humble self, was further loved by the world.Disclaimer: The content of the story is not mine. They are uploaded here, not for any bad purposes but for entertainment only. I did not write nor translate this story, all credit to the author and translator
8 89 - In Serial16 Chapters
Cultivation Can Wait; Anime Is My Fate!
After reincarnating into a world where qigong cultivation is commonplace, our main character makes the obvious decision to become a weeb.
8 164 - In Serial52 Chapters
Mending Broken Hearts
#2 in the desi medical romance seriesHe couldn't get over his ex-fiancé who had unceremoniously broken off their engagement just five days before their wedding. She was engaged to a man who did not respect her or her work. Neither were looking for love. Yet, while they were busy saving lives, dealing with exes, living through a pandemic and the social upheaval around them, their feelings and emotions still got in the way. Read on to find out more about the lives of two physicians, one a South Asian immigrant, and another who was born and bred in the US, as they discover themselves, each other and the world around them. This is supposed to be sequel to 'Clash of Cultures'. If you haven't read it, what are you waiting for?However, I have tried to reference the other book as much as possible so you could read it as a stand alone novel too. But seriously...read 'Clash of Cultures'! You will not regret it...Highest ratings:#1 in India out of 44K stories!! (July 2022)#3 in Pakistan out of 72K stories!! (Jun 2022)#2 in classism#3 in physician#6 in pandemic#7 in immigration #7 in desi#10 in lockdown
8 113 - In Serial39 Chapters
Frigid Flora
Flora Montgomery - more commonly known as Frigid Flo - has a secret fear of touching and being touched. When a certain incident brings her face to face with Parker Heywood, the school's infamous flirt, her life begins spiralling downhill. What's worse, he can't seem to keep his hands off her.// beautiful cover created by the talented @MuchMoreMuchier //
8 154 - In Serial26 Chapters
Fan Boy | Adrien Agreste x reader
After famous manga author, Y/N L/N transfers to College Francoise Dupont, she meets new people that will change her life forever. One of them being her fan-boy, Adrien Agreste.- cover picture does NOT belong to me- miraculous ladybug belongs to thomas astruc- bad writing in the beginning - will be jojo references
8 229 - In Serial37 Chapters
Master's Boy (mxb)
[Book 2] Jerry McQueen was a needy bottom and proud to admit it. However, even he couldn't deal with the attention of a very persistent older man.Jerry didn't think that a man twice his age was an appropriate partner, but would his curiosity get the best of him? And what if curiosity - and, admittedly, intimacy - turned into something more?-Book 1: Professor's Pet*PS: Mature and naughty things happen within the electronic pages of this book.*Disclaimer: Why is the boy on the cover smoking? I have no clue. None of these characters smoke. It looks artsy I guess. Don't smoke, people.
8 209

