《Please Don't See Me [Mm Transl. || Completed]》CHAPTER-11
Advertisement
UNICODE
ရှုကျင်းဟာ ရှန့်ရှင်းဟယ် ထိုသို့သော စကားဆိုခြင်းက သူ့အား နှစ်သိမ့်ခြင်းသက်သက်ဖြစ်ကြောင်း နားလည်ပါသည်။ ထိုအချိန်တုန်းက ရှန့်ရှင်းဟယ်က ငါးနှစ်ကျော်အရွယ်ရောက်နေပြီဖြစ်၍ သူ့ထက်ပင် မှတ်မိချင်မှတ်မိနေဦးမည်။
ရှန့်ရှင်းဟယ် ရှုကျင်း မည်သည်ကို ဆက်တွေးနေကြောင်း အာရုံခံမိသကဲ့သို့ ဆက်ပြောလေ၏။
"တကယ်ပါဆို"
ရှုကျင်းက ရှန့်ရှင်းဟယ်နောက်ကျောမှ အင်္ကျီစကိုသာ ဆုပ်ချေထားမိသည်။ ရှန့်ရှင်းဟယ်အား နာကျင်သည်လောဟု မေးမြန်းရန်ပင် မဝံ့ရဲတော့။ ရှုန့်ရှင်းဟယ်ဟာ ထိုအချိန်က ခံစားချက်မျိုးကို တပ်အပ်မမှတ်မိတော့ခြင်း ဖြစ်ပါလိမ့်မည်။ ရှုကျင်းက အံကြိတ်ကာ ကတုန်ကယင် မေးမြန်းလိုက်၏။
"ဒါဆို ကျွန်တော့်ကိုရော မှတ်မိလားဟင်?"
နှစ်ပေါင်းများစွာအတွင်း ထိုအကြောင်းကို ပထမဆုံးအကြိမ် ပြောဖြစ်ကြခြင်းပင်။
စက်ရုံနံဘေး မြေကွက်လပ်၌ အတူဆော့ကစားခဲ့ကြသည့် ကလေးများထဲ ရှုကျင်းပါဝင်နေကြောင်းကို ရှန့်ရှင်းဟယ် မမှတ်မိခဲ့။
ရှန့်ရှင်းဟယ်က ပြန်ဖြေ၏။
"မမှတ်မိတော့ဘူး.. ဒါပေမယ့် အဲ့နေ့တုန်းက ဘယ်လိုဖြစ်ခဲ့လဲဆိုတာကိုတော့ ရေးတေးတေးလေး မှတ်မိနေသေးတယ်.. ဆေးရုံ ဘယ်လိုတက်ခဲ့ရလဲ.. အိမ် ဘယ်လိုပြန်ဖြစ်ခဲ့လဲ.. အဲ့မှတ်ဉာဏ်တွေက ကြာလှပြီဆိုတော့ အစအဆုံးတော့ ဘယ်မှတ်မိပါဦးမလဲ.. အဲ့တုန်းက နာခဲ့တယ်ဆိုတဲ့အကြောင်းတောင် မမှတ်မိတော့ဘူး"
ခေတ္တရပ်တန့်ကာ ရှုကျင်းအား ဆက်လက်ပြောသည်။
"မင်း သိတဲ့အတိုင်းပဲ.. ဦးနှောက်ကပဲ မှတ်ဉာဏ်တွေကို ဖန်တီးတာလေ.. ပိုစဥ်းစားလေလေ အမှန်လို့ ပိုထင်ရလေလေ.. အသေးစိတ်ပိုဖြစ်လာလေလေပဲ"
ရှုကျင်းက အသံတိတ်နားထောင်နေမိသည်။ အဆမတန် ခုန်နေခဲ့သည့် နှလုံးသားသည်ကား တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခဲ့ပြီ။
__ကို ပြောတာက တကယ်ရော ဟုတ်ရဲ့လား?
နူးညံ့ကာ စိုစွတ်နေသည့် တစ်စုံတစ်ရာက သူ၏နဖူးပြင်အား လာရောက်ထိတွေ့ကြောင်း ရှုကျင်း ခံစားလိုက်မိသည်။
စက္ကန့်ပိုင်းမျှ ကြာပြီးနောက် ဤသည်က ရှန့်ရှင်းဟယ်၏နှုတ်ခမ်းသားဖြစ်ကြောင်း နားလည်လိုက်၏။
ကြောက်ရွံ့နေသည့် စာဝါငှက်ငယ်လေးကဲ့သို့ ရှုကျင်းမှာ ရှန့်ရှင်းဟယ်၏လက်မောင်းများအကြား ပုန်းခိုနေမိသည်။ နူးညံ့ညင်သာသည့် အနမ်းတစ်ပွင့်ကြောင့်တော့ တစ်မျိုးတစ်ဖုံ စိတ်သက်သာရာရခဲ့ပါသည်။ တုန်ယင်နေမှုက အချိန်ကြာမြင့်သည့်တိုင် မရပ်တန့်သေးသော်လည်း နွေးထွေးလှသည့် ပွေ့ဖက်မှုက သူ့အား စိတ်လုံခြုံမှုကို ပေးစွမ်းနိုင်ပါသည်။
ထိုညက ရှုကျင်း အတိတ်ဖြစ်အင်များကို အိပ်မက်မက်ခဲ့၏။
ညနေခင်းတစ်ချိန်၌ သူနှင့်ရှန့်ရှင်းဟယ်ဟာ အင်္ကျီလက်ပြတ်၊ ဘောင်းဘီတိုများကို ဝတ်ဆင်လျက် မြစ်ကမ်းနံဘေး၌ ခွေးကျောင်းထွက်ခဲ့သည်။ လူပြတ်လပ်သည့်နေရာသို့အရောက် ပတ်ဖ်က လည်ပတ်ကြိုးကို ဖြုတ်၍ ပြေးထွက်သွား၏။ သူတို့နှစ်ဦးဟာဖြင့် ရေပြင်ထက်သို့ ကျောက်စရစ်ခဲများ ပစ်၍ မည်သူ၏ကျောက်စရစ်ခဲလေးများက မြစ်ပြင်၏အလယ်ဗဟိုသို့ ဦးစွာရောက်ရှိကြောင်းကို ယှဥ်ပြိုင်ကြသည်။
ရှုကျင်းက မျက်လုံးတစ်ဖက်ကို ခက်ခက်ခဲခဲ မှိတ်ထားရ၏။ ကျွမ်းကျွမ်းကျင်ကျင် မထိန်းချုပ်နိုင်သေး၍ မျက်ခွံများက တုန်ယင်နေသည်။ သူ၏ကျောက်စရစ်ခဲများက ရေမျက်နှာပြင်သို့ အကြိမ်ပေါင်းများစွာ ခုန်ပေါက်ပြေးလွှားပြီးနောက် မြစ်ထဲ ပလုံခနဲ ကျသွားတော့၏။
ရှန့်ရှင်းဟယ်က မြစ်ကမ်းနံဘေး၌ အချိန်အတန်ကြာ ရှာနေပြီးနောက်မှ သင့်လျော်သည့် ကျောက်စရစ်ခဲလေးကို ရှာတွေ့လေသည်။ တစ်ချက်တည်းဖြင့် ရေကန်မျက်နှာပြင်ပေါ် ကျောက်စရစ်ခဲအား ရှပ်တိုက်ပြေးလွှားစေ၏။
အဆုံးမှာတော့ ရှုကျင်း ရှုံးနိမ့်သွားခဲ့ရသည်။ ရှန့်ရှင်းဟယ်၏ကျွမ်းကျင်မှုအပေါ် လွန်စွာမှ မကျေမနပ်ဖြစ်လို့နေ၏။
"မတရားဘူး!"
ရှန့်ရှင်းဟယ်က ခေါင်းလှည့်လာ၏။
"ဘာကိုလဲ?"
ရှုကျင်းက မကျေမနပ် ပြောဆိုသည်။
"အစ်ကိုက မျက်လုံးတစ်ဖက်တည်းပဲ သုံးရတာလေ.. ချိန်စရာတောင် မလိုတဲ့ဟာ"
ရှန့်ရှင်းဟယ်က ခွီခနဲ ရယ်လိုက်၏။
".. မင်းက တော်တော်လက်ပေါက်ကတ်တာပဲဟ"
ထို့နောက် ရှုကျင်းအနားသို့ လျှောက်လာကာ ညာဖက်မျက်လုံးကို လက်ဖြင့် အုပ်ပေးလိုက်သည်။
"လာ မင်းလည်း စမ်းကြည့်.. အဲ့ဒါတောင်မှ မင်းငါ့ကို နိုင်အောင် မပစ်နိုင်သေးရင် မင်း ပတ်ဖ်ရဲ့ချီးကို ဒီနေ့ကျုံးရမယ်"
မလှမ်းမကမ်းအရပ်၌ ပက်ဖ်မှာဖြင့် အလေးစွန့်ရန် နေရာကောင်းတစ်ခုကို ရှာဖွေနေပြီဖြစ်၏။
ရှုကျင်းက အလျှော့မပေးဘဲ ဘေးသို့ ခုန်ထွက်လိုက်သည်။
"မကြောက်ပါဘူး စိန်ခေါ်ရင် တိမ်ပေါ်ထိ တက်မှာ.. ကျွန်တော့်ကိုသာ အစ်ကို့လို ကျောက်တုံးအရင် ရှာပေးဦး"
~~~
နံနက်ရောက်၍ အိပ်ယာမှနိုးသော် ရှုကျင်း၏စိတ်အခြေအနေက ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီ။
အိပ်မက်မက်နေစဥ်အတွင်း ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်း သတိမမမူမိသော်လည်း အိပ်မောကျနေသည့် ရှန့်ရှင်းဟယ်၏မျက်နှာနှင့် ကုတင်ခြေရင်းရှိ ပူးကပ်ယှက်နွယ်နေသည့် ခြေချောင်းလေးချောင်းရှိနေသည့်အချက်တို့က ရှန့်ရှင်းဟယ် သူ့ဆီ ပြန်လာပြီဟု အတည်ပြုပေးလိုက်သလိုပင်။
ရှန့်ရှင်းဟယ်က မျက်လုံးမဖွင့်သေး။ မနိုးသေးခြင်းကြောင်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ရှုကျင်း၏အကြည့်များက မျက်နှာတည့်တည့်ရှိနေသူ၏နဖူးပြင်၊ မျက်ခုံး၊ မျက်လုံး၊ နှာခေါင်းနှင့် နှုတ်ခမ်းသားများထံ စိတ်လိုလက်ရ လူးလားခေါက်တုံ့သွားလာနေတော့သည်။
ထိုစဥ် လက်ကိုင်ဖုန်းက ရုတ်တရက် ထမြည်၏။
ရှန့်ရှင်းဟယ် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် မျက်လုံးမဖွင့်သေး။ ရှုကျင်းက ရှန့်ရှင်းဟယ်၏လက်မောင်းများကို တိတ်တဆိတ် ဖယ်ကာ ကုတင်နံဘေးရှိ ခုံပုလေးပေါ်မှ ဖုန်းကို ကောက်ကိုင်လိုက်၏။
ရှုကျုံးယွမ် စာပို့ထားခြင်းပင်။
ရှုကျင်းက ရှုကျုံးယွမ် သူ့ဆီ လာတော့မည်ကို သတိရမိသော် တစ်ကိုယ်လုံး ထူပူသွား၏။ သို့သော် စာကို ဖတ်လိုက်တော့မှ စိတ်သက်သာရာရသွားတော့သည်။
ပို့စာထဲတွင် ရှုကျုံးယွမ် ပြောထားသည်က ဤကနေ့တွင် သူငယ်ချင်းတစ်ဦးနှင့် အရေးကြီးကိစ္စဆွေးနွေးစရာရှိ၍ ရှုကျင်းထံ မလာနိုင်သေးကြောင်း ဟူ၍။
ရှုကျင်းက ကျင်းထဲကြပ်ထဲ ရောက်နေသလို ခံစားလိုက်မိသည်။ ဖြစ်နိုင်လျှင် အချိန်ကြာနိုင်သမျှကြာပါစေဟု မျှော်လင့်နေမိ၏။ အထူးသဖြင့် ရှန့်ရှင်းဟယ် နံဘေး၌ ရှိနေစဥ် ရှုကျုံးယွမ်အား မမြင်ချင်ပါ။ ကြာလေ ပိုကောင်းလေဖြစ်၍ ရှုကျုံးယွမ် ဘယ်သောအခါမှ ရှန့်ချန်းမြို့တော်ရှိအိမ်ဆီ ပြန်မလာတော့လျှင်တောင် ကိစ္စမရှိ။
Advertisement
ရှန့်ရှင်းဟယ်နိုးသော် အိပ်ယာမှ ကောက်ကာငင်ကာ ထပြီးနောက် သန့်စင်ခန်း၌ သွားတိုက်လေသည်။
ရှုကျင်းက ရှန့်ရှင်းဟယ်ရှိရာဆီ တစ်လှမ်းချင်းစီ လျှောက်သွားကာ အနောက်ဘက်မှနေ၍ ရှန့်ရှင်းဟယ်၏ခါးအား ပွေ့ဖက်လိုက်၏။ ထို့နောက် မျက်နှာကိုကား ရှန့်ရှင်းဟယ်၏နောက်ကျောဆီ အသံတိတ် အပ်ထားမိသည်။
ရှန့်ရှင်းဟယ်ကလည်း ငြင်းဆန်ခြင်းမပြုဘဲ အသာတကြည် ခွင့်ပြုပေးထား၏။
နှစ်ဦးသား သန့်စင်ခန်းထဲ၌ တိုးဝှေ့ကျီစယ်ကြပြီးနောက် ရှန့်ရှင်းဟယ်က အနောက်လှည့်ကာ ရှုကျင်း မည်သည့်နံနက်စာကို စားချင်ကြောင်း မေးမြန်းသည်။
"ဒီနားလေးမှာ ဖက်ထုပ်ပြုတ်ဆိုင်ရှိတယ်.. ကိုနဲ့တူတူသွားစားမယ်"
ရှန့်ရှင်းဟယ်က ခေါင်းညိတ်လိုက်၏။
အပြင်မထွက်မီ ရှုကျင်းက ရှန့်ရှင်းဟယ်အား လက်ဖြင့် တားလိုက်သည်။
"ကို ခဏနေဦး"
ထို့နောက် အဝတ်ဗီရိုထဲမှ လည်စီးပဝါလေးကို ထုတ်ယူလိုက်၏။ အပြင်ပန်းအရ အသစ်အတိုင်းသာ ရှိနေပြီး ရှုကျင်း သဘောကျသည့်ပုံစံမျိုးလည်း မဟုတ်ချေ။ ရှန့်ရှင်းဟယ်အား ခေါင်းငုံ့ရန် ပြောလိုက်၏။
"အပြင်မှာ အေးနေပြီ.. ပဝါလေးတော့ ပတ်ထားသင့်တယ်"
ရှန့်ရှင်းဟယ်လည်း စိတ်လိုလက်ရ ခေါင်းငုံ့ပေးပြီးနောက် ချက်ချင်းပြန်မေးသည်။
"မင်းရော?"
လည်ပင်းပိတ်ဆွယ်တာဝတ်ဆင်ထားပြီးဖြစ်သည့် ရှုကျင်းက မျက်နှာလွှဲလိုက်၏။
"လည်စီးပဝါ ပတ်ရတာ မကြိုက်ပါဘူး"
ရှန့်ရှင်းဟယ်၏ မျက်နှာအမူအရာက 'မကြိုက်ရင် ဘာလို့ဝယ်ထားသေးလဲ'ဟူ၍ မေးချင်သည့်ဟန်။
ရှုကျင်း : "ဝယ်ထားတာ ကြာပါပြီ.. အဲ့ဒါကို စစတွေ့ကတည်းက ကြည့်ကောင်းသားပဲဆိုပြီး ဝယ်လိုက်တာ"
ရှန့်ရှင်းဟယ်က ဤလည်စီးပဝါလေးကို ကောင်းကောင်းမွန်မွန် ပတ်ထား၏။ မေးခွန်းထပ်မေးမနေတော့ချေ။ နောက်ထပ်မေးမြန်းလျှင်မူ ရှုကျင်း၏မျက်နှာ နီရဲတွတ်၍ ပေါက်ထွက်သွားမည်ကို စိုးရပါသည်။
နှစ်ဦးသား နံနက်စာဆိုင်လေးသို့ ရောက်လာခဲ့ပြီ။ ရှုကျင်းက စားစရာ မှာယူ၏။ ရှုကျင်းအား မြင်သည်နှင့် ဆိုင်ရှင်က အကျွမ်းတဝင်ရှိစွာဖြင့် ဆိုင်ဝန်ထမ်းကို အော်ပြောလိုက်သည်။
"ဖက်ထုပ်ပြုတ် ပါဆယ်နှစ်ပွဲဟေ့"
ရှုကျင်းက ပြန်ပြော၏။
"ဒီနေ့ ပါဆယ်မထုပ်ဘူး.. ဒီမှာ စားသွားမယ်"
ဆိုင်ရှင်လည်း ပြန်ပြောင်းပြောကာ ရှန့်ရှင်းဟယ်အား ထပ်ကြည့်လိုက်၏။ စီးပွားရေးသမားတို့မည်သည် မျက်စိလျင်သည် မဟုတ်လော။ ရှုကျင်းအား ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။
"ဒီတစ်နှစ်ထဲမှာ ဦးလေး မှတ်မိရသလောက်ဆိုရင် ပါဆယ်မယူဘဲ ထိုင်စားတာ ဒါ ပထမဆုံးပဲမလား?"
ရှုကျင်းက ပြန်ဖြေ၏။
"ကျွန်တော်က အမြဲလိုလို တစ်ယောက်တည်းဆိုတော့ ဦးလေးရဲ့ထိုင်ခုံနေရာတွေကိုလည်း မောင်ပိုင်မစီးချင်လို့ပါ"
ဆိုင်၌ ဧည့်သည်များက မပြတ်။ နေရာလွတ်စားပွဲတစ်ခုကို ရှာကာ ထိုင်လိုက်ကြ၏။
ရှန့်ရှင်းဟယ်က အမေးပြုသည်။
"နေ့တိုင်း ဒီမှာ မနက်စာ လာဝယ်နေကျလား?"
"နေ့တိုင်းမဟုတ်ပေမယ့် အမြဲလိုလို ဝယ်ဖြစ်တာ.. တစ်ခါတစ်လေဆိုရင်လည်း ကုမ္ပဏီအောက်က ပေါင်မုန့်ပဲ ဝယ်စားဖြစ်တယ်"
ရှုကျင်းက တူကို ယူထုတ်ကာ ပွက်ပွက်ဆူနေသည့် ရေနွေးထဲ ထည့်လိုက်သည်။ ထို့နောက် တစ်ရှူးဖြင့် သေသေချာချာ သုတ်၏။
"ဒါပေမယ့် ကျွန်တော် ဒီနား ပြောင်းလာပြီးကတည်းက ဒီလိုထိုင်စားဖြစ်တာတော့ ပထမဆုံးပဲ"
ရှန့်ရှင်းဟယ်က ပြောလေသည်။
"အခုဆိုင်က ကိုယ်ထင်ထားတာနဲ့ ကွာနေတာပဲ"
"ဘာကွာတာလဲ?"
ရှန့်ရှင်းဟယ်က သတိပေးလိုက်၏။
"လက် သတိထား.. အပူလောင်မယ်"
ဆိုင်ဝန်ထမ်းက ပူပူနွေးနွေးဖက်ထုပ်စွပ်ပြုတ်နှစ်ပွဲနှင့် ရေညှိဟင်းချိုတစ်ပန်းကန် စားပွဲထက် အလျင်အမြန် လာချ၏။
ယခင်ကဆိုလျှင် ရှုကျင်းက အပြင်စာ မစားတတ်။ ထိုသို့ လမ်းဘေးဈေးဆိုင်ငယ်လေးများသို့ သွားရသည်ကိုပင် မသတီ။ သို့သော် ယခုကဲ့သို့ ဆီအနည်းငယ်ပေကျံနေသည့် စားပွဲခုံ၊ အများသုံး တူများ၊ သန့်ရှင်းကာ အရသာရှိသည့် နံနက်စာ၊ ထပ်ပေါင်းဆိုရလျှင် ဘေးနားရှိ ဧည့်သည်များ၏တတွတ်တွတ် စကားပြောဆိုသံ.. ဤအရာအားလုံးက ရှုကျင်းအတွက် အံဝင်ခွင်ကျဖြစ်နေပါသလို။ မသိလျှင် ဤမြို့၌ ငယ်စဥ်ကတည်းက ကြီးပြင်းလာခဲ့သည့်အလား။ ရှန့်ရှင်းဟယ်အတွက်တော့ တစ်မျိုးတစ်ဖုံ အံ့အားသင့်စရာလိုပင်။
ရှုကျင်းက ရှန့်ရှင်းဟယ် အဘယ့်ကြောင့် ထိုသို့ပြောမှန်း မသိရှိ။ အနည်းငယ် ရှိုးတိုးရှန့်တန့်ဖြစ်သွားပြီးနောက် ရှန့်ရှင်းဟယ်အား စကားဆိုလိုက်သည်။
"ဒီနေ့လယ်ကျရင် စားကောင်းတဲ့ဆိုင် ပို့ပေးပါ့မယ်"
ရှန့်ရှင်းဟယ်က ထိုသို့ဆိုလိုခြင်း မဟုတ်သော်လည်း ထပ်မံရှင်းပြမနေတော့။
"ကောင်းပြီ"
ဆိုင်ဝန်ထမ်းက အင်မတန် အလုပ်များလို့နေသည်။ ငံပြာရည်ခွက်ကို စားပွဲနံဘေး၌ ချထားပစ်ခဲ့၏။
ရှုကျင်းက တည်ငြိမ်စွာပင် ငံပြာရည်ခွက်ကို စားပွဲအလယ်သို့ နေရာချပေးသည်။ ရှန့်ရှင်းဟယ် တစ်လုတ်စားလိုက်ပြီးနောက် ရှုကျင်း ချက်ချင်း ခေါင်းမော့ကာ အရသာ မည်သို့မည်နှယ်ရှိကြောင်း မေးမြန်းလေ၏။
ရှန့်ရှင်းဟယ်က အနည်းငယ် အံ့ဩသွားကာ ပြန်ဖြေလိုက်သည်။
"စားကောင်းတယ်"
ရှုကျင်း၏မျက်ဝန်းအစုံက ဝင်းပသွားရ၏။
"ကျွန်တော် ဒီမှာ ပထမဆုံး လာစားဖူးကတည်းက ကို ကြိုက်မယ့်အရသာလို့ သိနေတယ်"
နှစ်ဦးသား စားနေချိန်အတွင်း ရှုကျင်းက အားမလိုအားရဖြစ်စွာဖြင့် ထပြောသည်။
"ဒါပေမယ့် သူတို့က တရုတ်နှစ်သစ်ကူးနေ့ဆိုရင် ဆိုင်ပိတ်မှာ.. နံရံမှာ ကပ်ထားတာ မြင်တယ်မလား.. မနက်ဖြန်က ပိတ်ရက်ပဲ"
"အင်း ကိုယ်တို့တခြားဟာလုပ်စားလည်း ရပါတယ်"
ရှုကျင်းလည်း သဘောတူလိုက်၏။
နံနက်စာ စားကြပြီးနောက် ရှုကျင်းက စားသောက်ကုန်အချို့ဝယ်ရန်အတွက် စျေးဝယ်စင်တာသို့ သွားဖို့ရာ ရှန့်ရှင်းဟယ်အား အဖော်ညှိ၏။
Advertisement
ကြီးမားကျယ်ဝန်းလှသည့် ဈေးဝယ်စင်တာကြီး၌ နှစ်ကူးအတွက် အမျိုးမျိုးအထွေထွေ လာဝယ်ကြသည့် လူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။ ရှုကျင်းက မြင်ကွင်းထဲ တွေ့သမျှ အကုန် လိုချင်နေတော့၏။ လိုချင်သည့်တစ်ခုချင်းစီတိုင်းအတွက် ရှန့်ရှင်းဟယ်ပါ ကြိုက်၊မကြိုက် စဥ်းစားရသေးသည်။ နှစ်တချို့ကြာမြင့်ခဲ့ပြီးနောက် ရှန့်ရှင်းဟယ်၏အကြိုက်များလည်း ပြောင်းလဲသွားလောက်ပြီ။
ကောင်တာအနီး ဖြတ်အလျှောက် ရှုကျင်းက အဝေးတစ်နေရာသို့ ရုတ်တရက် မော့ကြည့်လိုက်၏။
"ကို ဒီမှာ ခဏစောင့်နေဦးနော်"
ရှန့်ရှင်းဟယ်လည်း ခေါင်းညိတ်ပြလိုက်၏။
ရှုကျင်းက အနည်းငယ်တုံ့ဆိုင်းနေသည်။
"ကို ဘယ်မှာ လျှောက်မသွားနဲ့နော်"
နံဘေးမှ ဖြတ်သွားဖြတ်လာလုပ်နေကြသည့်လူများအကြား ရှန့်ရှင်းဟယ်က တွန်းလှည်းကို လက်တစ်ဖက်တည်းဖြင့် ပြောင်းကိုင်ကာ ကျန်လက်တစ်ဖက်က အိတ်ကပ်ထဲရှိ ဖုန်းကို ယူထုတ်၍ တတီတီ နှိပ်နေ၏။
ရှုကျင်း၏ဖုန်းက တုန်ခါလာလေသည်။ ထုတ်ကြည့်လိုက်သည့်အခါ အံ့အားသင့်သွားရ၏။ ဖုန်းမျက်နှာပြင်ထက်တွင်ကား နံပါတ်စိမ်းတစ်ခု ပေါ်နေသည်။ ဤသည်က မလွဲဧကန် ရှန့်ရှင်းဟယ်၏ဖုန်းနံပါတ်ပင်။
ရှန့်ရှင်းဟယ်က လွန်စွာ တည်ငြိမ်နေ၏။ သူ့နောက်စေ့ကို လက်ဖဝါးဖြင့် ပွတ်ကာ ပြောလာသည်။
"မင်း ကိုယ့်ကို မတွေ့တော့ရင် ဖုန်းခေါ်လိုက်"
ရှုကျင်းက ဖုန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိ၏။ နှလုံးစိုင်တစ်ခုလုံး ပူလောင်ပြင်းပြလာကာ နောက်လှည့်မကြည့်ရဲတော့ဘဲ လမ်းလျှောက်ထွက်လာလိုက်သည်။
အချိန်အတန်ကြာ လမ်းလျှောက်ပြီးသည့်နောက်တွင်ပင် လက်ဖဝါးများက ပူနွေးနေသေး၏။ ထို့နောက် ရှန့်ရှင်းဟယ်၏ဖုန်းနံပါတ်အား ဖုန်းထဲတွင် သိမ်းမှတ်ထားလိုက်တော့သည်။ ထိုနည်းဖြင့်ဆိုလျှင် သူတို့နှစ်ဦးအကြား ဆုံမှတ်တစ်ခုတော့ နောက်တစ်ဖန် ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပြီ မဟုတ်လော။
ရှုကျင်း၏ဘဝ၌ ရှန့်ရှင်းဟယ်ဟာ ယခင်ကလို စိတ်ကူးယဥ်မှုများဖြင့်သာ လွမ်းဆွေးနေရမည့် လူတစ်ဦး မဟုတ်တော့ပါ။
ထိုအစား ဖုန်းတစ်ချက် ဆက်လိုက်ရုံဖြင့် ဩရှရှအသံလေးကို ချက်ချင်းကြားနိုင်လောက်မည့် အသံပိုင်ရှင်လေး ဖြစ်လာပါတော့သည်။
ZAWGYI
ရွုက်င္းဟာ ရွန့္ရွင္းဟယ္ ထိုသို႔ေသာ စကားဆိုျခင္းက သူ႔အား ႏွစ္သိမ့္ျခင္းသက္သက္ျဖစ္ေၾကာင္း နားလည္ပါသည္။ ထိုအခ်ိန္တုန္းက ရွန့္ရွင္းဟယ္က ငါးႏွစ္ေက်ာ္အရြယ္ေရာက္ေနၿပီျဖစ္၍ သူ႔ထက္ပင္ မွတ္မိခ်င္မွတ္မိေနဦးမည္။
ရွန့္ရွင္းဟယ္ ရွုက်င္း မည္သည္ကို ဆက္ေတြးေနေၾကာင္း အာ႐ုံခံမိသကဲ့သို႔ ဆက္ေျပာေလ၏။
"တကယ္ပါဆို"
ရွုက်င္းက ရွန့္ရွင္းဟယ္ေနာက္ေက်ာမွ အကၤ်ီစကိုသာ ဆုပ္ေခ်ထားမိသည္။ ရွန့္ရွင္းဟယ္အား နာက်င္သည္ေလာဟု ေမးျမန္းရန္ပင္ မဝံ့ရဲေတာ့။ ရွုန့္ရွင္းဟယ္ဟာ ထိုအခ်ိန္က ခံစားခ်က္မ်ိဳးကို တပ္အပ္မမွတ္မိေတာ့ျခင္း ျဖစ္ပါလိမ့္မည္။ ရွုက်င္းက အံႀကိတ္ကာ ကတုန္ကယင္ ေမးျမန္းလိုက္၏။
"ဒါဆို ကၽြန္ေတာ့္ကိုေရာ မွတ္မိလားဟင္?"
ႏွစ္ေပါင္းမ်ားစြာအတြင္း ထိုအေၾကာင္းကို ပထမဆုံးအႀကိမ္ ေျပာျဖစ္ၾကျခင္းပင္။
စက္႐ုံနံေဘး ေျမကြက္လပ္၌ အတူေဆာ့ကစားခဲ့ၾကသည့္ ကေလးမ်ားထဲ ရွုက်င္းပါဝင္ေနေၾကာင္းကို ရွန့္ရွင္းဟယ္ မမွတ္မိခဲ့။
ရွန့္ရွင္းဟယ္က ျပန္ေျဖ၏။
"မမွတ္မိေတာ့ဘူး.. ဒါေပမယ့္ အဲ့ေန႔တုန္းက ဘယ္လိုျဖစ္ခဲ့လဲဆိုတာကိုေတာ့ ေရးေတးေတးေလး မွတ္မိေနေသးတယ္.. ေဆး႐ုံ ဘယ္လိုတက္ခဲ့ရလဲ.. အိမ္ ဘယ္လိုျပန္ျဖစ္ခဲ့လဲ.. အဲ့မွတ္ဉာဏ္ေတြက ၾကာလွၿပီဆိုေတာ့ အစအဆုံးေတာ့ ဘယ္မွတ္မိပါဦးမလဲ.. အဲ့တုန္းက နာခဲ့တယ္ဆိုတဲ့အေၾကာင္းေတာင္ မမွတ္မိေတာ့ဘူး"
ေခတၱရပ္တန့္ကာ ရွုက်င္းအား ဆက္လက္ေျပာသည္။
"မင္း သိတဲ့အတိုင္းပဲ.. ဦးေႏွာက္ကပဲ မွတ္ဉာဏ္ေတြကို ဖန္တီးတာေလ.. ပိုစဥ္းစားေလေလ အမွန္လို႔ ပိုထင္ရေလေလ.. အေသးစိတ္ပိုျဖစ္လာေလေလပဲ"
ရွုက်င္းက အသံတိတ္နားေထာင္ေနမိသည္။ အဆမတန္ ခုန္ေနခဲ့သည့္ ႏွလုံးသားသည္ကား တျဖည္းျဖည္း ပုံမွန္ျပန္ျဖစ္လာခဲ့ၿပီ။
__ကို ေျပာတာက တကယ္ေရာ ဟုတ္ရဲ့လား?
ႏူးညံ့ကာ စိုစြတ္ေနသည့္ တစ္စုံတစ္ရာက သူ၏နဖူးျပင္အား လာေရာက္ထိေတြ႕ေၾကာင္း ရွုက်င္း ခံစားလိုက္မိသည္။
စကၠန့္ပိုင္းမၽွ ၾကာၿပီးေနာက္ ဤသည္က ရွန့္ရွင္းဟယ္၏ႏွုတ္ခမ္းသားျဖစ္ေၾကာင္း နားလည္လိုက္၏။
ေၾကာက္ရြံ႕ေနသည့္ စာဝါငွက္ငယ္ေလးကဲ့သို႔ ရွုက်င္းမွာ ရွန့္ရွင္းဟယ္၏လက္ေမာင္းမ်ားအၾကား ပုန္းခိုေနမိသည္။ ႏူးညံ့ညင္သာသည့္ အနမ္းတစ္ပြင့္ေၾကာင့္ေတာ့ တစ္မ်ိဳးတစ္ဖုံ စိတ္သက္သာရာရခဲ့ပါသည္။ တုန္ယင္ေနမွုက အခ်ိန္ၾကာျမင့္သည့္တိုင္ မရပ္တန့္ေသးေသာ္လည္း ေႏြးေထြးလွသည့္ ေပြ႕ဖက္မွုက သူ႔အား စိတ္လုံျခဳံမွုကို ေပးစြမ္းနိုင္ပါသည္။
ထိုညက ရွုက်င္း အတိတ္ျဖစ္အင္မ်ားကို အိပ္မက္မက္ခဲ့၏။
ညေနခင္းတစ္ခ်ိန္၌ သူႏွင့္ရွန့္ရွင္းဟယ္ဟာ အကၤ်ီလက္ျပတ္၊ ေဘာင္းဘီတိုမ်ားကို ဝတ္ဆင္လ်က္ ျမစ္ကမ္းနံေဘး၌ ေခြးေက်ာင္းထြက္ခဲ့သည္။ လူျပတ္လပ္သည့္ေနရာသို႔အေရာက္ ပတ္ဖ္က လည္ပတ္ႀကိဳးကို ျဖဳတ္၍ ေျပးထြက္သြား၏။ သူတို႔ႏွစ္ဦးဟာျဖင့္ ေရျပင္ထက္သို႔ ေက်ာက္စရစ္ခဲမ်ား ပစ္၍ မည္သူ၏ေက်ာက္စရစ္ခဲေလးမ်ားက ျမစ္ျပင္၏အလယ္ဗဟိုသို႔ ဦးစြာေရာက္ရွိေၾကာင္းကို ယွဥ္ၿပိဳင္ၾကသည္။
ရွုက်င္းက မ်က္လုံးတစ္ဖက္ကို ခက္ခက္ခဲခဲ မွိတ္ထားရ၏။ ကၽြမ္းကၽြမ္းက်င္က်င္ မထိန္းခ်ဳပ္နိုင္ေသး၍ မ်က္ခြံမ်ားက တုန္ယင္ေနသည္။ သူ၏ေက်ာက္စရစ္ခဲမ်ားက ေရမ်က္ႏွာျပင္သို႔ အႀကိမ္ေပါင္းမ်ားစြာ ခုန္ေပါက္ေျပးလႊားၿပီးေနာက္ ျမစ္ထဲ ပလုံခနဲ က်သြားေတာ့၏။
ရွန့္ရွင္းဟယ္က ျမစ္ကမ္းနံေဘး၌ အခ်ိန္အတန္ၾကာ ရွာေနၿပီးေနာက္မွ သင့္ေလ်ာ္သည့္ ေက်ာက္စရစ္ခဲေလးကို ရွာေတြ႕ေလသည္။ တစ္ခ်က္တည္းျဖင့္ ေရကန္မ်က္ႏွာျပင္ေပၚ ေက်ာက္စရစ္ခဲအား ရွပ္တိုက္ေျပးလႊားေစ၏။
အဆုံးမွာေတာ့ ရွုက်င္း ရွုံးနိမ့္သြားခဲ့ရသည္။ ရွန့္ရွင္းဟယ္၏ကၽြမ္းက်င္မွုအေပၚ လြန္စြာမွ မေက်မနပ္ျဖစ္လို႔ေန၏။
"မတရားဘူး!"
ရွန့္ရွင္းဟယ္က ေခါင္းလွည့္လာ၏။
"ဘာကိုလဲ?"
ရွုက်င္းက မေက်မနပ္ ေျပာဆိုသည္။
"အစ္ကိုက မ်က္လုံးတစ္ဖက္တည္းပဲ သုံးရတာေလ.. ခ်ိန္စရာေတာင္ မလိုတဲ့ဟာ"
ရွန့္ရွင္းဟယ္က ခြီခနဲ ရယ္လိုက္၏။
".. မင္းက ေတာ္ေတာ္လက္ေပါက္ကတ္တာပဲဟ"
ထို႔ေနာက္ ရွုက်င္းအနားသို႔ ေလၽွာက္လာကာ ညာဖက္မ်က္လုံးကို လက္ျဖင့္ အုပ္ေပးလိုက္သည္။
"လာ မင္းလည္း စမ္းၾကည့္.. အဲ့ဒါေတာင္မွ မင္းငါ့ကို နိုင္ေအာင္ မပစ္နိုင္ေသးရင္ မင္း ပတ္ဖ္ရဲ့ခ်ီးကို ဒီေန႔က်ဳံးရမယ္"
မလွမ္းမကမ္းအရပ္၌ ပက္ဖ္မွာျဖင့္ အေလးစြန့္ရန္ ေနရာေကာင္းတစ္ခုကို ရွာေဖြေနၿပီျဖစ္၏။
ရွုက်င္းက အေလၽွာ့မေပးဘဲ ေဘးသို႔ ခုန္ထြက္လိုက္သည္။
"မေၾကာက္ပါဘူး စိန္ေခၚရင္ တိမ္ေပၚထိ တက္မွာ.. ကၽြန္ေတာ့္ကိုသာ အစ္ကို႔လို ေက်ာက္တုံးအရင္ ရွာေပးဦး"
~~~
နံနက္ေရာက္၍ အိပ္ယာမွနိုးေသာ္ ရွုက်င္း၏စိတ္အေျခအေနက ပုံမွန္ျပန္ျဖစ္သြားခဲ့ၿပီ။
အိပ္မက္မက္ေနစဥ္အတြင္း ဘယ္ဆီဘယ္ဝယ္ေရာက္ေနမွန္း သတိမမမူမိေသာ္လည္း အိပ္ေမာက်ေနသည့္ ရွန့္ရွင္းဟယ္၏မ်က္ႏွာႏွင့္ ကုတင္ေျခရင္းရွိ ပူးကပ္ယွက္ႏြယ္ေနသည့္ ေျခေခ်ာင္းေလးေခ်ာင္းရွိေနသည့္အခ်က္တို႔က ရွန့္ရွင္းဟယ္ သူ႔ဆီ ျပန္လာၿပီဟု အတည္ျပဳေပးလိုက္သလိုပင္။
ရွန့္ရွင္းဟယ္က မ်က္လုံးမဖြင့္ေသး။ မနိုးေသးျခင္းေၾကာင္း ျဖစ္ပါလိမ့္မည္။ ထို႔ေၾကာင့္ ရွုက်င္း၏အၾကည့္မ်ားက မ်က္ႏွာတည့္တည့္ရွိေနသူ၏နဖူးျပင္၊ မ်က္ခုံး၊ မ်က္လုံး၊ ႏွာေခါင္းႏွင့္ ႏွုတ္ခမ္းသားမ်ားထံ စိတ္လိုလက္ရ လူးလားေခါက္တုံ႔သြားလာေနေတာ့သည္။
ထိုစဥ္ လက္ကိုင္ဖုန္းက ႐ုတ္တရက္ ထျမည္၏။
ရွန့္ရွင္းဟယ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သို႔ေသာ္ မ်က္လုံးမဖြင့္ေသး။ ရွုက်င္းက ရွန့္ရွင္းဟယ္၏လက္ေမာင္းမ်ားကို တိတ္တဆိတ္ ဖယ္ကာ ကုတင္နံေဘးရွိ ခုံပုေလးေပၚမွ ဖုန္းကို ေကာက္ကိုင္လိုက္၏။
ရွုက်ဳံးယြမ္ စာပို႔ထားျခင္းပင္။
ရွုက်င္းက ရွုက်ဳံးယြမ္ သူ႔ဆီ လာေတာ့မည္ကို သတိရမိေသာ္ တစ္ကိုယ္လုံး ထူပူသြား၏။ သို႔ေသာ္ စာကို ဖတ္လိုက္ေတာ့မွ စိတ္သက္သာရာရသြားေတာ့သည္။
ပို႔စာထဲတြင္ ရွုက်ဳံးယြမ္ ေျပာထားသည္က ဤကေန႔တြင္ သူငယ္ခ်င္းတစ္ဦးႏွင့္ အေရးႀကီးကိစၥေဆြးေႏြးစရာရွိ၍ ရွုက်င္းထံ မလာနိုင္ေသးေၾကာင္း ဟူ၍။
ရွုက်င္းက က်င္းထဲၾကပ္ထဲ ေရာက္ေနသလို ခံစားလိုက္မိသည္။ ျဖစ္နိုင္လၽွင္ အခ်ိန္ၾကာနိုင္သမၽွၾကာပါေစဟု ေမၽွာ္လင့္ေနမိ၏။ အထူးသျဖင့္ ရွန့္ရွင္းဟယ္ နံေဘး၌ ရွိေနစဥ္ ရွုက်ဳံးယြမ္အား မျမင္ခ်င္ပါ။ ၾကာေလ ပိုေကာင္းေလျဖစ္၍ ရွုက်ဳံးယြမ္ ဘယ္ေသာအခါမွ ရွန့္ခ်န္းၿမိဳ႕ေတာ္ရွိအိမ္ဆီ ျပန္မလာေတာ့လၽွင္ေတာင္ ကိစၥမရွိ။
ရွန့္ရွင္းဟယ္နိုးေသာ္ အိပ္ယာမွ ေကာက္ကာငင္ကာ ထၿပီးေနာက္ သန့္စင္ခန္း၌ သြားတိုက္ေလသည္။
ရွုက်င္းက ရွန့္ရွင္းဟယ္ရွိရာဆီ တစ္လွမ္းခ်င္းစီ ေလၽွာက္သြားကာ အေနာက္ဘက္မွေန၍ ရွန့္ရွင္းဟယ္၏ခါးအား ေပြ႕ဖက္လိုက္၏။ ထို႔ေနာက္ မ်က္ႏွာကိုကား ရွန့္ရွင္းဟယ္၏ေနာက္ေက်ာဆီ အသံတိတ္ အပ္ထားမိသည္။
ရွန့္ရွင္းဟယ္ကလည္း ျငင္းဆန္ျခင္းမျပဳဘဲ အသာတၾကည္ ခြင့္ျပဳေပးထား၏။
ႏွစ္ဦးသား သန့္စင္ခန္းထဲ၌ တိုးေဝွ႕က်ီစယ္ၾကၿပီးေနာက္ ရွန့္ရွင္းဟယ္က အေနာက္လွည့္ကာ ရွုက်င္း မည္သည့္နံနက္စာကို စားခ်င္ေၾကာင္း ေမးျမန္းသည္။
"ဒီနားေလးမွာ ဖက္ထုပ္ျပဳတ္ဆိုင္ရွိတယ္.. ကိုနဲ႔တူတူသြားစားမယ္"
ရွန့္ရွင္းဟယ္က ေခါင္းညိတ္လိုက္၏။
အျပင္မထြက္မီ ရွုက်င္းက ရွန့္ရွင္းဟယ္အား လက္ျဖင့္ တားလိုက္သည္။
"ကို ခဏေနဦး"
ထို႔ေနာက္ အဝတ္ဗီရိုထဲမွ လည္စီးပဝါေလးကို ထုတ္ယူလိုက္၏။ အျပင္ပန္းအရ အသစ္အတိုင္းသာ ရွိေနၿပီး ရွုက်င္း သေဘာက်သည့္ပုံစံမ်ိဳးလည္း မဟုတ္ေခ်။ ရွန့္ရွင္းဟယ္အား ေခါင္းငုံ႔ရန္ ေျပာလိုက္၏။
"အျပင္မွာ ေအးေနၿပီ.. ပဝါေလးေတာ့ ပတ္ထားသင့္တယ္"
ရွန့္ရွင္းဟယ္လည္း စိတ္လိုလက္ရ ေခါင္းငုံ႔ေပးၿပီးေနာက္ ခ်က္ခ်င္းျပန္ေမးသည္။
"မင္းေရာ?"
လည္ပင္းပိတ္ဆြယ္တာဝတ္ဆင္ထားၿပီးျဖစ္သည့္ ရွုက်င္းက မ်က္ႏွာလႊဲလိုက္၏။
"လည္စီးပဝါ ပတ္ရတာ မႀကိဳက္ပါဘူး"
ရွန့္ရွင္းဟယ္၏ မ်က္ႏွာအမူအရာက 'မႀကိဳက္ရင္ ဘာလို႔ဝယ္ထားေသးလဲ'ဟူ၍ ေမးခ်င္သည့္ဟန္။
ရွုက်င္း : "ဝယ္ထားတာ ၾကာပါၿပီ.. အဲ့ဒါကို စစေတြ႕ကတည္းက ၾကည့္ေကာင္းသားပဲဆိုၿပီး ဝယ္လိုက္တာ"
ရွန့္ရွင္းဟယ္က ဤလည္စီးပဝါေလးကို ေကာင္းေကာင္းမြန္မြန္ ပတ္ထား၏။ ေမးခြန္းထပ္ေမးမေနေတာ့ေခ်။ ေနာက္ထပ္ေမးျမန္းလၽွင္မူ ရွုက်င္း၏မ်က္ႏွာ နီရဲတြတ္၍ ေပါက္ထြက္သြားမည္ကို စိုးရပါသည္။
ႏွစ္ဦးသား နံနက္စာဆိုင္ေလးသို႔ ေရာက္လာခဲ့ၿပီ။ ရွုက်င္းက စားစရာ မွာယူ၏။ ရွုက်င္းအား ျမင္သည္ႏွင့္ ဆိုင္ရွင္က အကၽြမ္းတဝင္ရွိစြာျဖင့္ ဆိုင္ဝန္ထမ္းကို ေအာ္ေျပာလိုက္သည္။
"ဖက္ထုပ္ျပဳတ္ ပါဆယ္ႏွစ္ပြဲေဟ့"
ရွုက်င္းက ျပန္ေျပာ၏။
"ဒီေန႔ ပါဆယ္မထုပ္ဘူး.. ဒီမွာ စားသြားမယ္"
ဆိုင္ရွင္လည္း ျပန္ေျပာင္းေျပာကာ ရွန့္ရွင္းဟယ္အား ထပ္ၾကည့္လိုက္၏။ စီးပြားေရးသမားတို႔မည္သည္ မ်က္စိလ်င္သည္ မဟုတ္ေလာ။ ရွုက်င္းအား ျပဳံးတုံ႔တုံ႔ျဖင့္ ေျပာလိုက္သည္။
"ဒီတစ္ႏွစ္ထဲမွာ ဦးေလး မွတ္မိရသေလာက္ဆိုရင္ ပါဆယ္မယူဘဲ ထိုင္စားတာ ဒါ ပထမဆုံးပဲမလား?"
ရွုက်င္းက ျပန္ေျဖ၏။
"ကၽြန္ေတာ္က အျမဲလိုလို တစ္ေယာက္တည္းဆိုေတာ့ ဦးေလးရဲ့ထိုင္ခုံေနရာေတြကိုလည္း ေမာင္ပိုင္မစီးခ်င္လို႔ပါ"
ဆိုင္၌ ဧည့္သည္မ်ားက မျပတ္။ ေနရာလြတ္စားပြဲတစ္ခုကို ရွာကာ ထိုင္လိုက္ၾက၏။
ရွန့္ရွင္းဟယ္က အေမးျပဳသည္။
"ေန႔တိုင္း ဒီမွာ မနက္စာ လာဝယ္ေနက်လား?"
"ေန႔တိုင္းမဟုတ္ေပမယ့္ အျမဲလိုလို ဝယ္ျဖစ္တာ.. တစ္ခါတစ္ေလဆိုရင္လည္း ကုမၸဏီေအာက္က ေပါင္မုန့္ပဲ ဝယ္စားျဖစ္တယ္"
ရွုက်င္းက တူကို ယူထုတ္ကာ ပြက္ပြက္ဆူေနသည့္ ေရေႏြးထဲ ထည့္လိုက္သည္။ ထို႔ေနာက္ တစ္ရွူးျဖင့္ ေသေသခ်ာခ်ာ သုတ္၏။
"ဒါေပမယ့္ ကၽြန္ေတာ္ ဒီနား ေျပာင္းလာၿပီးကတည္းက ဒီလိုထိုင္စားျဖစ္တာေတာ့ ပထမဆုံးပဲ"
ရွန့္ရွင္းဟယ္က ေျပာေလသည္။
"အခုဆိုင္က ကိုယ္ထင္ထားတာနဲ႔ ကြာေနတာပဲ"
"ဘာကြာတာလဲ?"
ရွန့္ရွင္းဟယ္က သတိေပးလိုက္၏။
"လက္ သတိထား.. အပူေလာင္မယ္"
ဆိုင္ဝန္ထမ္းက ပူပူေႏြးေႏြးဖက္ထုပ္စြပ္ျပဳတ္ႏွစ္ပြဲႏွင့္ ေရညႇိဟင္းခ်ိဳတစ္ပန္းကန္ စားပြဲထက္ အလ်င္အျမန္ လာခ်၏။
ယခင္ကဆိုလၽွင္ ရွုက်င္းက အျပင္စာ မစားတတ္။ ထိုသို႔ လမ္းေဘးေဈးဆိုင္ငယ္ေလးမ်ားသို႔ သြားရသည္ကိုပင္ မသတီ။ သို႔ေသာ္ ယခုကဲ့သို႔ ဆီအနည္းငယ္ေပက်ံေနသည့္ စားပြဲခုံ၊ အမ်ားသုံး တူမ်ား၊ သန့္ရွင္းကာ အရသာရွိသည့္ နံနက္စာ၊ ထပ္ေပါင္းဆိုရလၽွင္ ေဘးနားရွိ ဧည့္သည္မ်ား၏တတြတ္တြတ္ စကားေျပာဆိုသံ.. ဤအရာအားလုံးက ရွုက်င္းအတြက္ အံဝင္ခြင္က်ျဖစ္ေနပါသလို။ မသိလၽွင္ ဤၿမိဳ႕၌ ငယ္စဥ္ကတည္းက ႀကီးျပင္းလာခဲ့သည့္အလား။ ရွန့္ရွင္းဟယ္အတြက္ေတာ့ တစ္မ်ိဳးတစ္ဖုံ အံ့အားသင့္စရာလိုပင္။
Advertisement
- In Serial10 Chapters
No, we are just friends
Jake and I are destined to be friends but when life tkes an unexpected turn what should I do?
8 122 - In Serial36 Chapters
The Lost Elixir
After years of training to take over her father's position as Alpha of the Moonshine pack, Rayne Leighann Vance is put to the ultimate test when she agrees to take their nemesis, Jarrah Pinestone, King of the Fae, to find a hidden elixir that will destroy the rebel vampire clan once and for all. ******Rayne, who is next in line to be alpha, is willing to do whatever it takes to protect her people from the wrath of an ancient vampire lord that seeks to wipe out the fae and werewolf population forever. One morning after training, Rayne is surprised by her father's recent capture, the King of Fae, whom is more than reluctant to help them. When Rayne learns of the famous elixir that can defeat the vampire lord, she forces her father to let her and the King of Fae go in search of their last hope. Along the way to salvation, Rayne is tested in more ways than one. Can she find the elixir? Will she make it back in time before the war breaks out? And most importantly, will she be able to choose her duty to her people over her heart if they win the war?
8 150 - In Serial18 Chapters
Crossing Boundaries| Bellamy Blake
When she was little, people told her stories about how fire fell from the sky destroying everything and everyone on Earth. And up from the ground, a new world was created. One, in which, her people thrived in.Until one day, something fell from the sky again, landing in her clan's territory. Expect it wasn't fire, like the stories she grew up with, people feel from the sky, and they believed they knew everything about this world.Little do they know that her people are here on Earth, and they will not show mercy on the Sky People. And without her help, they won't survive. Season 1| The 100Book 1BellamyxOCmature content and graphic imagesAlso: book 2 is up and it's called Meeting Halfway!!
8 220 - In Serial36 Chapters
The Dating Pact | ✓
"Ma, wait, listen to me first." I say and she halts in her way."I am in love. That's true. It's not an excuse. I did not tell you because the person I'm in love with wanted to keep it private." I continue.Her right eyebrow raises."I am not going to buy this excuse missy. Elaborate. Who is this person? What does he do? Give me a name at the very least." She says and my mind goes blank for a couple of seconds. I run my eyes across my room.My eyes settle on today's newspaper kept on the nightstand, and I take a peek at it.'Mehrotra Group of Restaurants' opening a new branch in Mumbai next month, says owner, Arjun Mehrotra.' is the headline my eyes manage to read."Arjun. His name is Arjun Mehrotra." I finally replied.****Shravya Arora is a happy go lucky accountant who loves her job behind the desk, playing with numbers. Her mother however is hell bent on finding a suitable guy for her and get her hitched as soon as possible. Shravya has no plans of marrying anyone not for the next couple of years atleast, but her mother just won't stop matchmaking and introducing her to suitable partners.To put a full stop to her mother's matchmaking, Shravya makes up a story. A story about her having a lover and that lover being, Arjun Mehrotra, owner of the largest chain of restaurants in Mumbai. Everything goes as per Shravya's plans for a while without Arjun Mehrotra knowing about her existence or about the fact that she's made him her fake lover, until her mother starts demanding for her fake boyfriend to make a real appearance in her life.To continue with the pretence Shravya approaches Arjun Mehrotra and requests him to enter into a dating pact with her. One that will benefit them both.Join me in this fun ride filled with humor and romance to know what happens Next.Cover Credits : cookiedough0104 (me)Copyright © Yumna 2021. All rights reserved.
8 74 - In Serial45 Chapters
I Broke into the Alpha's House ✔
Highest rank: #2 in Werewolf 2018She was running from her brother into the woods when she found a big house with lights on. She did not waste any second and opened the door to see more than 20 males watching a football game. They turned to look at her, amused and alarmed. "Please help." Stella is an 18-year-old teenager who was abused for more than eight years by her brother. He hit her whenever he felt like it. She was lucky if he was in a good mood because he would only punch her in the stomach. He claims to have a reason for his abuse. Julian Woods is the soon-to-be alpha of the Graymod pack. He's 20 years old and has been looking for his mate for about two years. What will he do when he sees his abused mate in his house?~~~I am slowly editing this book, so be patient with me. (Every chapter that does not have "Edited once" is still not edited)DO NOT STEAL ANYTHING FROM MY BOOK!All Rights Reserved2017
8 313 - In Serial50 Chapters
Wrongfully His
#2 in Werewolf 12/05/18 Mated to a Beta and marked by his Alpha. A unique twist on the clichéd possessive Alpha stories."W-what are you doing?" I stuttered helplessly as he stepped closer so I couldn't get away since all that was around was two brick walls that were closing me in. Slowly he stepped closer, each second feeling like minutes. He let out a guttural chuckle that left my entire being trembling. "Paying Carter back" he whispered huskily cocking his head sideways causing me to gulp as his gigantic arms gripped my hips roughly. Forcefully he shifted my body up against the wall, closing the small gap in between us. Ramming his lower half into mine, he allowed every groove of his body to mesh with mine. With no thought his lips attacked my neck as I beat on his chest with all my power hoping and praying to remove him."Leave me alone!" I cried but he didn't listen. His tongue grazed my flesh expertly and in any other case I would have melted under his touch. Inhaling sharply he held me tightly, savoring the moment. Suddenly Nate pulled back slightly and just when I thought he was going to back off he did the unexpected. He opened his mouth revealing his large canine teeth. "No" I pleaded, wounding my fists in his shirt as I pushed against him. Slowly his tongue glided over them, flickering off when he hit the ends. Within a milisecond his teeth plunged deep into my flesh making me let out an ear piercing scream though no one came to my rescue. My wolf was cowering in fear of the demon man that was over powering us with each second that past. "Please" I begged weakly though he ignored me only to grip my sides harder ignoring the pitiful whimpers escaping my lips.My neck felt like it was on fire as his wolf controlled mine with little care. My knees began to shake at a rapid pace though he held me up as he continued dominating me. I grew dizzy and within seconds everything went black.
8 150

