《Please Don't See Me [Mm Transl. || Completed]》CHAPTER-16
Advertisement
UNICODE
ယမန်နေ့ညက ဒေါသထွက်၍ အော်ဟစ်ခဲ့သည်မှန်သော်လည်း ရှန့်ရှင်းဟယ် အုတ်ဂူအား သန့်ရှင်းရေးလုပ်ပေးရန် လင်ကျန်းသို့ပြန်ရာ၌ ရှုကျင်းပါ လိုက်သွားခဲ့သေး၏။
ယခင်ကဆိုလျှင် ရှန့်ရှင်းဟယ်က တစ်ယောက်တည်းသာ ပြန်ဖြစ်ခဲ့သည်။ လင်ကျန်းသို့ သွားလိုပါက ရှုကျင်းတို့နေထိုင်ရာမြို့မှဆိုလျှင် တစ်နာရီကျော်မျှ ကားဖြင့်မောင်းရလေ၏။ ရှန့်ရှင်းဟယ်က အုတ်ဂူအား သန့်ရှင်းရေးလုပ်ရုံမှလွဲ၍ အခြားမည်သည့်အလုပ်မျှ လုပ်စရာမရှိသောကြောင့် နေ့ချင်းပြန်အသွားအပြန်လုပ်ဖြစ်သည်။ ထိုသို့သောနေ့မျိုးတွင် ရှုကျင်း တစ်နေကုန် အပြင်၌ ဆော့ကစား၍ အိမ်ပြန်လာသော် ရှန့်ရှင်းဟယ်က အရင်ပြန်ရောက်နှင့်နေပြီ။
သို့ပေတည့် ယခုအကြိမ်တွင်ကား နှစ်လမျှ ဝေးကွာခဲ့ရ၍ ရှုကျင်းက နံနက်စောစော အိပ်ယာမှထကာ သူပါ လိုက်လိုကြောင်း ရှန့်ရှင်းဟယ်အား အင်တင်တင် တောင်းဆိုတော့၏။
ရှန့်ရှင်းဟယ်က ရှုကျင်းဟာ ယမန်နေ့ညကိစ္စကြောင့် စိတ်ဆိုးနေဆဲဖြစ်ကြောင်း သိသည့်အလျောက် သူဝယ်လာသည့် အဆာပြေမုန့်များကို ကျွေးလေသည်။
"စိတ်မဆိုးပါနဲ့ကွာ"
ရှုကျင်းက ရှန့်ရှင်းဟယ်ဆီ ခေါင်းလှည့်ကာ စိုက်ကြည့်လျက် ပြော၏။
"အစ်ကို ဘယ်လိုမှ မနေဘူးလား? သတင်းစာထဲမှာ ပါလာမှာနော်.. အစ်ကို့အကြောင်းကို တစ်ကမ္ဘာလုံးကို ဖွင့်ပြလိုက်တာနဲ့ အတူတူပဲ"
"ဦးလေးက အစ်ကို့ကို ဆယ်နှစ်ကျော် ထောက်ပံ့ပေးခဲ့တယ်ဆိုတာက အမှန်တရားပဲကို.. ရှက်စရာကိစ္စ မဟုတ်ပါဘူး.. ဦးလေးကြောင့်သာမဟုတ်ရင် အစ်ကို ကျောင်းတက်ရဖို့တောင် မလွယ်ဘူး.. အင်တာဗျူးလုပ်ရုံပါပဲ.. ဦးလေးကို တစ်နည်းနည်းနဲ့ ကူညီပေးတယ်လို့ စိတ်ထဲတွေးထားတာပါ"
ရှုကျင်းမှာ အာစေးမိသွားရ၏။ ရှန့်ရှင်းဟယ်က မျက်နှာမပျက်လို၍ ငြင်းပယ်ရန် ကြောက်ရွံ့နေသည်ဟု ထင်ထားမိသော်ငြား စင်စစ်မှာမူ 'ကျေးဇူးပြန်ဆပ်ရန်'ဟူသော ခေါင်းစဥ်အောက်၌ စိတ်ပါလက်ပါရှိနေခဲ့သည်ပင်။ ရှုကျင်း၏အဖိုးဖြစ်သူဟာလည်း ကျေးဇူးဆပ်လို၍ သူ၏မိသားစုအတွက် ကြက်ဥများကို အဆက်မပြတ် ထောက်ပံ့ပေးခဲ့ကြောင်း ရုတ်တရက် ပြန်လည်အမှတ်ရမိသွား၏။
ရှုကျင်းဟာ ဒေါသဆက်မထွက်နိုင်တော့သော်လည်း ရင်ထဲဝယ် မွန်းကြပ်နေမိသေးသည်။
အခြားသူများကိုပါ ရှန့်ရှင်းဟယ် မည်မျှသဘောထားကြီးမားကြောင်း မြင်သာအောင် ပြပေးချင်သည့်စိတ်ဆန္ဒက တဖွားဖွား ပေါ်ပေါက်လာရ၏။ ရှန့်ရှင်းဟယ်အား အထင်မသေးစေလို။ အားနည်းသည်ဟု မမြင်စေလို။ မသနားစေလို။
အဆင်ပြေသွားသည်က ရှန့်ရှင်းဟယ်ဟာ စိတ်အခြေအနေကို သက်သာရာရအောင် ဖြေသိမ့်ပေးသည့်နေရာ၌ ကျွမ်းကျင်ခြင်းပင်။ လင်ကျန်းသို့သွားသည့် တစ်နာရီအတွင်း ရှုကျင်းအား ကောလိပ်၌ ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များနှင့်ထိုမြို့၏ဓလေ့ကို အထူးတလည်ရွေးချယ်ကာ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြ၏။ ကားထဲမှမထွက်ခင် ရှုကျင်းဟာ စိတ်ထင့်ခဲ့သည့်အရာအားလုံးကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားကာ စကားပြောရင်း စိတ်လွတ်လက်လွတ် ရယ်မောနိုင်ခဲ့လေသည်။
လင်ကျန်းမြို့လေးသို့ရောက်ရှိသော် ရှန့်ရှင်းဟယ်က ကန်တော့ပွဲလုပ်ရာ၌ လိုအပ်သည့်ပစ္စည်းများကို အရင်ဝယ်ယူကာ ရှုကျင်းအား သူကြီးပြင်းရာပတ်ဝန်းကျင်ဆီ ခေါ်ဆောင်သွား၏။
ဤသည်ကား လမ်းဟောင်းလေးတစ်ခုပင်။ စတုရန်းကျောက်ပြားများဖြင့်ခင်းထားသော လမ်းသွယ်လေး၏တစ်နေရာ၊ တိုက်အိမ်လေးတစ်အိမ်၏အပေါ်ထပ်ကား ရှန့်ရှင်းဟယ်၏အိမ်ဖြစ်၏။
ရှန့်ရှင်းဟယ်နှင့်အတူ သင်္ချိုင်း၌ သွားကန်တော့သည့်သူများထဲ အလှမ်းဝေးသည့်ဆွေမျိုးများပါ ပါဝင်သည်။ ရှုကျင်းပါ အတူတကွလိုက်ပါရန် မလိုအပ်သောကြောင့် ရှန့်ရှင်းဟယ်က သော့ပေးထားကာ အိမ်ထဲအရင်ဝင်နေစေ၏။
ရှုကျင်း သိရှိလိုက်ရသည်က ရှန့်ရှင်းဟယ်၏နေအိမ်ဟာ ရှုကျုံးယွမ်၏စက်ရုံနှင့် နီးကပ်စွာတည်ရှိသည့်အကြောင်းပင်။
မြို့လေးထဲ၌ လမ်းအနည်းငယ်သာရှိ၍ လမ်းအဆုံးထိ ဆက်လျှောက်ကာ လယ်ကွင်းကို ကျော်ဖြတ်လိုက်ရုံမျှဖြင့် စက်ရုံဂိတ်တံခါးဝသို့ ရောက်ရှိနိုင်၏။
ရှုကျုံးယွမ်က နံနက်စောစောကတည်းက အိမ်မှထွက်ခွာသွားခဲ့သည်။ ယခုအချိန်၌ စက်ရုံ၌ ရှိ၊မရှိကိုဖြင့် မသိချေ။ ရှုကျင်းလည်း တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် စက်ရုံဆီ ကိုယ်တိုင်သွားကာ ဖခင်ဖြစ်သူအား အင်တာဗျူးကိစ္စ ပြောကြည့်ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် ရှန့်ရှင်းဟယ်ပေးထားသည့်ပိုက်ဆံကို ဂျာကင်အိတ်ကပ်ထဲထည့်ကာ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားတော့သည်။
ယခင်က ရှုကျင်း ဤမြို့လေးသို့ ရောက်ဖူးသော်ငြား ပျော်စရာအထူးအထွေမရှိချေ။ ထို့ကြောင့် ရှုကျုံးယွမ်နှင့်အတူ ဤသို့ လိုက်လာရခြင်းထက် အိမ်မှာပင် ပျော်ပျော်ကြီး ပုံဆွဲကာ နေရစ်ခဲ့သည်။
မရောက်ဖြစ်သည်မှာ ကြာမြင့်လှပြီဖြစ်၍ ဤနေရာနှင့်ပတ်သက်သည့် အကြောင်းအရာများကို ခပ်ရေးရေးမျှသာ မှတ်မိတော့၏။
ဂိတ်တံခါးအား ဖြတ်လျှောက်လာပြီးနောက် လုံခြုံရေးဦးလေးကြီးထံ မည်သူမည်ဝါဖြစ်ကြောင်း အကြောင်းကြားပြီးသော် အဖေဖြစ်သူအား လာတွေ့ခြင်းဖြစ်ကြောင်း ပြောပြ၏။ လုံခြုံရေးဦးလေးကြီးလည်း ရှုကျင်းအား တွေ့တွေ့ချင်း မှတ်မိသွားကာ စိတ်အားတက်ကြွစွာဖြင့် ဆိုလေသည်။
"ရှောင်ကျင်း.. မတွေ့တာကြာတော့ ထွားလာလိုက်တာ.. သား ဒီကိုနောက်ဆုံးလာတုန်းကဆိုရင် လက်တောက်လေးပဲ ရှိသေးတာ.. အခုတော့ ဦးလေးထက်တောင် အရပ်ရှည်သွားပြီပဲ"
ရှုကျင်းက ရှိုးတိုးရှန့်တန့်ဖြင့် အမေးပြု၏။
"ကျွန်တော့်ကို သိတာလားဗျ?"
"ဒါပေါ့! သားကို ဘယ်လိုလုပ် မသိဘဲနေရမှာလဲ! သား ငယ်ငယ်လေးတုန်းက ဦးလေးသားရယ်၊ တခြားကလေးလေးတွေနဲ့အတူတူ ဆော့နေကျလေ.. ကလေးအုပ်စုက ဟိုးနားက ကွင်းပြင်ကြီးမှာ ကစားရတာကို အရမ်းသဘောကျတာ---"
လုံခြုံရေးဦးလေးက အဝေးတစ်နေရာသို့ လက်ညှိုးညွှန်ပြ၏။
ရှုကျင်းလည်း လက်ညှိုးညွှန်ရာကို လိုက်ကြည့်သည်။ စက်ရုံပြင်ပရှိ ကွင်းပြင်ကျယ်ကြီးတစ်ခုပင်။ အပင်များက လမ်းဘယ်ညာတစ်လျှောက် စိမ်းစိမ်းစိုစိုပေါက်ရောက်နေကာ သဘာဝခြံစည်းရိုးတစ်ခုပမာ။ ကလေးများက ထိုနေရာ၌ လုံလုံခြုံခြုံကစားနိုင်ကြလေသည်။
ရှုကျင်း ထိုကွင်းပြင်ကျယ်အား မမှတ်မိတော့ချေ။
လုံခြုံရေးဦးလေးက တက်တက်ကြွကြွ ပြောပြ၏။
"နှစ်တွေ ဘယ်လောက်တောင် ကြာသွားပြီလဲ.. သားလည်း ဟိုအက်ဆီးဒင့်ဖြစ်ပြီးကတည်းက မလာဖြစ်တော့တာနော်"
ရှုကျင်းက တွေးတွေးဆဆဖြင့် ပြန်မေး၏။
"ဘာအက်ဆီးဒင့်လဲဗျ?"
"ရှန့်မိသားစုရဲ့ကလေးလေးကိစ္စလေ.. သားတောင် အဲ့နေ့က အရမ်းကြောက်နေခဲ့တာမလား.. ဒါကြောင့်ပဲ သူဌေးရှုက သားကို ထပ်မခေါ်လာတော့တာနေမယ်"
Advertisement
လုံခြုံရေးဦးလေးက ကျယ်ကျယ်ပြန့်ပြန့်မရှင်းပြခဲ့ချေ။ သို့သော်ငြား မည်သည်ကိုဆိုလိုမှန်း ရှုကျင်း ချက်ချင်းနားလည်လိုက်ပြီ။
ရှုကျင်း၏မျက်နှာအမူအရာက ရုတ်ခြည်း ပြောင်းလဲသွား၏။ ထို့နောက် သံသယလွန်ကဲစွာဖြင့် မေးမြန်းလိုက်သည်။
"အဲ့နေ့က ကျွန်တော်လည်း ရှိနေခဲ့တာလား?"
လုံခြုံရေးဦးလေးက ပုံမှန်အတိုင်း ပြန်ဖြေ၏။
"ဟုတ်တယ်လေ.. သားလည်း အဲ့ကလေးအုပ်စုနဲ့ ရှိနေခဲ့တာလေ.. သား မမှတ်မိတော့တာလည်း မထူးဆန်းပါဘူး.. အဲ့တုန်းက ဘယ်နှနှစ်ပဲ ရှိသေးတာမို့လို့လဲ"
ရှုကျင်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
သူ့အနီးအနားက မည်သူတစ်ဦးတစ်ယောက်ထံမှမျှ ထိုကိစ္စအကြောင်းပြောသံကို မကြားဖူးခဲ့ချေ။
လုံခြုံရေးဦးလေးလည်း မိနစ်အနည်းငယ်ကြာ စကားစမြည်ပြောဆိုပြီးနောက် ရုံးခန်းဆီ ဖုန်းဆက်လိုက်၏။ ထို့နောက် ရှုကျင်းအား ရှုကျုံးယွမ်ဟာ စက်ရုံ၌မရှိဘဲ စစ်ဆေးရေးကိစ္စများနှင့် အလုပ်များလျက်ရှိကြောင်း၊ ထို့ကြောင့် ခေတ္တမျှ ထပ်မံစောင့်ဆိုင်းပါရန် ပြောကြားသည်။
ရှုကျင်းလည်း ဂိတ်တံခါးဝ၌ ခေတ္တစောင့်ဆိုင်းပြီးနောက် အချိန်လွန်ကြောင်း သတိမူသော် ရှန့်ရှင်းဟယ် အိမ်ထဲ ဝင်မရဖြစ်နေမည်ကို စိုးရိမ်၍ လုံခြုံရေးဦးလေးအား နှုတ်ဆက်ကာ ပြန်လာခဲ့၏။
လမ်းကျဥ်းလေးထဲ ဝင်လာသော် ရှန့်ရှင်းဟယ်က ရောက်နှင့်နေပြီဖြစ်သည်။ ထို့နောက် ရှုကျင်းအား ဖုန်းခေါ်ဆိုနေ၏။
ရှုကျင်းလည်း ခပ်သုတ်သုတ် လျှောက်သွားသည်။
"အစ်ကို!"
ရှန့်ရှင်းဟယ်လည်း ဖုန်းကို ငုံ့ကြည့်နေရာမှ ချက်ချင်း ခေါင်းထောင်လာ၏။ ကြည်လင်ကာ တောက်ပလွန်းသည့် မျက်နှာထက်၌ ရွှန်းစိုလှသည့် အမည်းရောင်မျက်ဝန်းတစ်ဖက်နှင့် သူစိမ်းဆန်လှသည့် မီးခိုးမှိုင်းရောင်မျက်ဝန်းတစ်ဖက်က အသီးသီးနေရာယူလျက်။
ရှုကျင်းမှာ တစ်မျိုးတစ်ဖုံ တုန်လှုပ်သွားရသလို။
သို့သော် အတွေးထဲ၌ ဖြစ်ပေါ်လာသည့် အောင့်သက်သက်ခံစားချက်ကြီးကို မောင်းထုတ်ကာ ရှန့်ရှင်းဟယ်အား မေးမြန်းလိုက်၏။
"ပြန်ရောက်လာတာ မြန်သားပဲ"
"အယ်.. မင်းတစ်ယောက်တည်း စောင့်နေရရင် ပျင်းနေမှာစိုးလို့.. ဘာလို့အပေါ်မတက်သေးတာလဲ?"
"ကျွန်တော် စက်ရုံဆီ သွားနေလို့"
နှစ်ဦးသား အိမ်အပေါ်ထပ်သို့ တက်လာခဲ့သည်။ ရှန့်ရှင်းဟယ်က အိမ်တံခါးသော့ဖွင့်ပေး၏။
အလုံပိတ်ထားသည့်အိမ်၌ ဖုန်နံ့များက တဟောင်ဟောင်။ သို့သော် သဘာဝအလင်းရောင်ကြောင့် တစ်အိမ်လုံးက လင်းလင်းကျင်းကျင်း ရှိနေ၏။ အိမ်ကလေးက ရှုကျင်း ထင်ထားသလို အနုပ်စုတ်ကုပ်စုတ်မဟုတ်ဘဲ သက်တမ်းရင့်နေသည့်ထည်ဝါမှုများက ဝန်းရံလျက်။
ရှန့်ရှင်းဟယ်၏အဘိုးဖြစ်သူဟာ ငယ်ရွယ်စဥ်က ဆရာတစ်ဦးဖြစ်ခဲ့ဖူးသည်။ အချိန်ယွင်းသော် နာမကျန်းဖြစ်လာရကား အသက်လေးဆယ်ကျော်တွင် အငြိမ်းစားယူကာ ဇနီးဖြစ်သူ၏မစို့မပို့လစာကို မှီခို၍ အသက်ဆက်ရလေသည်။ ထို့ကြောင့် ဤအိမ်၌ ဇရာဒုဗ္ဗလများနေထိုင်ခဲ့ကြောင်းကို ဖော်ပြသည့် ရှေးဟောင်းအငွေ့အသက်များကို ခံစားနိုင်၏။
လမ်းတစ်လျှောက်၌ ပြောလာခဲ့သော သူတို့နှစ်ဦး၏အာလာပသလ္လာပစကားများက အသေးအဖွဲမျှသာ ဖြစ်သော်လည်း ရှန့်ရှင်းဟယ်က အချို့သော အိမ်တွင်းရေးကိစ္စများကို ပြောပြခဲ့သည်။ သူဟာ မိဘနှစ်ဦးလက်မထပ်သေးခင် မွေးဖွားလာခဲ့ရသည့် ကလေးဖြစ်ကြောင်း၊ ဖခင်ကိုလည်း တစ်ခါမျှ မတွေ့ဖူးကြောင်း၊ မိခင်ဖြစ်သူမှာလည်း မွေးပြီးပြီးချင်း သူ့အား သူ(မ)၏မိဘများထံ ပေးပစ်ခဲ့ကာ လုံးဝပြန်မလာတော့ကြောင်းအစရှိသည်ဖြင့်။
ရှန့်ရှင်းဟယ်က အိမ်သို့ရောက်သည်နှင့် လိုအပ်သည့်ပစ္စည်းပစ္စယများကို စစ်ဆေးကာ ဖုန်အလိမ်းလိမ်းထနေသည့် တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်၏။
ရှုကျင်းက ကူညီချင်သော်ငြား ရှန့်ရှင်းဟယ်က ငြင်းပယ်ခဲ့၍ အိမ်ထဲဟိုဟိုသည်သည် လျှောက်လိုက်ကြည့်နေသည်။ ဦးစွာ ရှန့်ရှင်းဟယ်၏အခန်းထဲ သွားကြည့်ကာ ထိုနေရာလေး၌ ရှန့်ရှင်းဟယ် မည်သို့မည်နှယ် ကြီးပြင်းလာခဲ့ကြောင်း စိတ်ကူးယဥ်မိ၏။ ထို့နောက် မီးဖိုချောင်သို့လည်းကောင်း၊ ခြံဝင်းထဲသို့လည်းကောင်း သွားကြည့်လေသည်။
ခြံဝင်းထဲ၌ ကြက်အချို့ကို မွေးမြူထား၏။ အိမ်ထောင်စုတစ်စုချင်းစီက အနည်းငယ်စီ ပိုင်ဆိုင်သည့်ပုံပင်။ ရေတွင်းကလည်း မြစ်ရေနှင့် မရောနှောဘဲ သီးသန့်တည်ရှိ၏။ ရှုကျင်းက ရှန့်ရှင်းဟယ်၏အဖိုးဖြစ်သူလည်း ယခင်က ဤနေရာ၌ ကြက်များကို မွေးမြူခဲ့ခြင်းဖြစ်နိုင်ကြောင်း မှန်းဆမိသည်။ ယခုအချိန်တွင်တော့ အခြားသူများက ပိုင်ဆိုင်သွားချေပြီ။
နှလုံးစိုင်က ပွန်းပဲ့ကာ မွန်းကြပ်မှုများဖြင့် ပြည့်လျှမ်းလာသလို။ ထို့နောက် သံချေးတက်နေသည့် လက်ရန်းများနှင့် ကွဲအက်နေသည့်ပြတင်းပေါက်မှန်အား မော့ကြည့်မိ၏။
ရှုကျင်းက မေးမြန်းလိုက်ပါသည်။
"ဟိုဘက်လမ်းက အိမ်မှာ လူမနေဘူးလား?"
"ပြောင်းသွားကြပြီ.. အရင်ကတော့ လူနေတယ်"
"အိုး.. သရဲခြောက်နေတဲ့အိမ်ကြီးအတိုင်းပဲ.. ရောင်းမထွက်သေးဘူးလား မသိ?"
ရှန့်ရှင်းဟယ်က သစ်သားကြမ်းခင်းပေါ် ရေပုံးကို နေရာချကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။
"ဒီလိုနယ်မြို့လေးမှာရှိတဲ့ အိမ်တွေက ရောင်းထွက်ဖို့မလွယ်ဘူး.. အားလုံးက ရုန်းကန်နေကြရတာ"
ရှန့်ရှင်းဟယ်၏မျက်နှာအနေအထားက ဖြူဖတ်ဖြူရော်ဖြစ်လို့သွားသည်။
ရှုကျင်းလည်း တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိ၏။ တွေဝေစွာ ရပ်နေပြီးနောက်မှ ရှုကျုံးယွမ်၏စကားကို မှတ်မိသွားသည်။ ရှန့်ရှင်းဟယ်အား မျက်စိကွယ်စေခဲ့သည့်သူ၏မိသားစုဝင်က သူ၏စက်ရုံ၌ အလုပ်လုပ်ခဲ့ဖူးသလို ရှန့်ရှင်းဟယ်၏အိမ်နီးချင်းလည်း ဖြစ်ကြောင်း။
ထို့အပြင် ရှန့်ရှင်းဟယ်သည်လည်း မိသားစုတစ်စုလုံးက ထိုဖြစ်ရပ်ကြောင့် နယ်ပြောင်းသွားခဲ့ကြောင်း ပြောပြဖူးသေးသည်။
ရှုကျင်း၏လည်ချောင်းတစ်ခုလုံး ခြောက်သွေ့သွားသည့်နှယ်။ မှောင်မည်းနေသည့် ပြတင်းပေါက်အား မော့ကြည့်ရင်း ရုတ်တရက်ဆိုသလို ဒေါသထွက်လာမိပြန်သည်။
"ဒါဆို အဲ့ဒါက သူတို့အိမ်ပေါ့ ဟုတ်လား?"
ရှန့်ရှင်းဟယ်က ခေါင်းညိတ်ပြ၏။
"အင်"
ရှုကျင်းက ဆိုလေသည်။
"ဒီလိုအိမ်စုတ်အိမ်ပဲ့ကြီး ရောင်းမထွက်တာ သူတို့ထိုက်နဲ့ သူတို့ကံပဲ.. ကျွန်တော့်အဖေလည်း ပြောဖူးသေးတယ်.. ပထမက အစ်ကို့ကို လျော်ကြေး သိပ်မပေးခဲ့ဘူးဆို.. ဒီအိမ်အိုကြီးကို ရောင်းထွက်အောင်လုပ်ပြီး အစ်ကို့ကို ငွေအကုန်ပေးခဲ့သင့်တာ"
ရှန့်ရှင်းဟယ်က ရှုကျင်း ဒေါသူပုန်ထကာ မျက်လုံးများက မီးတောက်နေသည်ကိုမြင်သော် ပြုံး၍ ရှုကျင်း၏ခေါင်းအား ပုတ်လိုက်၏။
Advertisement
"သူများမိသားစုကို မွဲပြာကျအောင် လျှောက်ပြောနေတော့တာပဲ"
ရှုကျင်းက ရှန့်ရှင်းဟယ်၏စကားအဆုံး၌ လိုက်ပြောသည်။
"အစ်ကို စိတ်မဆိုးဘူးလား?"
"သူတို့အတွက်လည်း မလွယ်ဘူးလေ.. အစကတည်းက အကြွေးတွေရှိပြီးသားဆိုတော့ အဆင်မှပြေမနေခဲ့တာ"
ရှုကျင်း : "..."
ရှန့်ရှင်းဟယ်က ထပ်ပြော၏။
"အဖိုးရှိတုန်းကဆိုရင် သူတို့မိသားစု ဒီနယ်မြို့လေးကို ပြန်ရောက်ဖြစ်တိုင်း အိမ်ကို လာလာလည်ပြီး လက်ဆောင်တွေယူလာပေးနေကျ"
ရှန့်ရှင်းဟယ်က နေရာ၌သာ မတ်တပ်ရပ်နေခဲ့ရင်း တစ်စုံတစ်ရာကို တွေးတောပြီးနောက် ဆက်ပြောသည်။
"အဲ့ကောင်လေးကလည်း အစ်ကို့ကို တွေ့ရမှာ ကြောက်နေတာ.. အစ်ကို့ကို အဝေးကနေ တွေ့တိုင်း တမင်ရှောင်ထွက်သွားရော.. အဲ့ကိစ္စက သူ့ကိုလည်း အရှိုက်တော်တော်ထိသွားစေခဲ့တာ"
ရှန့်ရှင်းဟယ်ပြောပြနေသည့်ကောင်လေးဆိုသူက မျက်လုံးတည့်တည့် ဆူးချွန်ဖြင့် ထိုးစိုက်ခဲ့သူမှန်း ရှုကျင်း သိလိုက်ပါသည်။
ထိုနှစ်က မတော်တဆမှုဖြစ်ရပ်ကြီး။
ထိုအချိန်၌ ပြုသူ၊ ဖြစ်သူ နှစ်ယောက်စလုံးက ငယ်ငယ်ရွယ်ရွယ် သက်တူရွယ်တူမျှသာ ရှိဦးမည်။ သို့သော် နှစ်ဦးစလုံးအပေါ် ကျရောက်ခဲ့သည့် ပျက်စီးမှုအတိုင်းအတာက အရွယ်နှင့်မလိုက်အောင် ကြီးမားလွန်းနေခဲ့၏။
ထို့ကြောင့် ရှုကျင်းက ဒေါသထွက်နေသည့်တိုင် ရှန့်ရှင်းဟယ်၏စကားကို ကြားပြီးနောက် အနည်းငယ်မျှ စိတ်လျော့သွားခဲ့သည်။
အပြန်လမ်းတစ်လျှောက်၌ ရှုကျင်းက ကားပြတင်းပေါက်မှန်အား မှီ၍ အိပ်မောကျလျက် လိုက်လာ၏။
သူ နိုးလာသည့်အခိုက် ရှန့်ရှင်းဟယ်က အိပ်ပျော်လျက်ရှိသေးသည်။ မျက်တောင်ရှည်ရှည်စိပ်စိပ်များက မျက်ခွံတစ်လျှောက်ကို ဖုံးကာထား၏။ မျက်ခုံးရိုးက ဖြောင့်တန်းနေကာ ချို့ယွင်းချက်ဟူ၍ စိုးစဉ်းမျှမရှိသည့် သာမန်လူတစ်ယောက်ပမာ။ ရှုကျင်း၏လက်တစ်ဖက်က ရှန့်ရှင်းဟယ်၏ဖမ်းဆုပ်ခြင်းကို ခံလိုက်ရ၏။ အိပ်မောကျနေသေး၍ အားက သိပ်မပြင်းလှ။
ရှုကျင်းလည်း ရှန့်ရှင်းဟယ်၏မျက်နှာအား အချိန်အတန်ကြာ ငေးမောကြည့်နေမိ၏။ ပြန်အိပ်မည်အပြု မျက်လုံးထဲ၌ စိုစွတ်မှုအချို့ကို ခံစားလိုက်ရသည်။
နှလုံးစိုင်အား သံချွန်နှင့် ထိုးစိုက်ခြစ်ကုတ်နေပါသလို နေရသိပ်ခက်လှ၏။
သူ ရှန့်ရှင်းဟယ်အား သဘောကျသည်။ မခံမရပ်နိုင်ဖြစ်စွာဖြင့် စိတ်ထဲ၌ တွေးလိုက်မိ၏။ ထိုမတော်တဆမှုဖြစ်ရပ်ကြီးသာ မဖြစ်ပွားခဲ့လျှင် အရာအားလုံးက အဆင်ပြေပြေရှိနေလိမ့်မည်သာ။ ထိုနေ့ကဖြစ်ရပ်၌ သူကိုယ်တိုင်လည်း ရှိနေခဲ့၍ ဟန့်တားနိုင်ခဲ့လျှင် မည်မျှကောင်းလိုက်လိမ့်မည်နည်း။
ထိုအခါ ရှန့်ရှင်းဟယ်သည်လည်း ယခုထက်ပို၍ပြီးပြည့်စုံသည့်ဘဝမျိုးကို ပိုင်ဆိုင်ရလိမ့်မည်။
အချိန်အတန်ကြာသော် ရှုကျင်းက မျက်လုံးများကို တစ်ဖန် ပြန်ဖွင့်လိုက်၏။
ရှန့်ရှင်းဟယ်က နိုးနှင့်ပြီဖြစ်ပြီး သူ့အား စိုက်ကြည့်နေသည်။
ကားတစ်စီးလုံး ဆူညံနေ၏။ ကားပေါ်ရှိ အခြားခရီးသည်များက မိုဘိုင်းဖုန်းများဖြင့် ဂိမ်းကစားနေကြသည်။ အချို့ခရီးသည်များကလည်း အော်ကြီးဟစ်ကျယ် စကားပြောနေကြ၏။ ထိုတဒင်္ဂဝယ် ရှုကျင်းတစ်ယောက်တည်းမှာတော့ တစ်လောကလုံး တိတ်ဆိတ်သွားခဲ့ရသလို။
ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်နေသည့် သူ၏နှလုံးသားမှလွဲ၍.......
ZAWGYI
ယမန္ေန႔ညက ေဒါသထြက္၍ ေအာ္ဟစ္ခဲ့သည္မွန္ေသာ္လည္း ရွန့္ရွင္းဟယ္ အုတ္ဂူအား သန့္ရွင္းေရးလုပ္ေပးရန္ လင္က်န္းသို႔ျပန္ရာ၌ ရွုက်င္းပါ လိုက္သြားခဲ့ေသး၏။
ယခင္ကဆိုလၽွင္ ရွန့္ရွင္းဟယ္က တစ္ေယာက္တည္းသာ ျပန္ျဖစ္ခဲ့သည္။ လင္က်န္းသို႔ သြားလိုပါက ရွုက်င္းတို႔ေနထိုင္ရာၿမိဳ႕မွဆိုလၽွင္ တစ္နာရီေက်ာ္မၽွ ကားျဖင့္ေမာင္းရေလ၏။ ရွန့္ရွင္းဟယ္က အုတ္ဂူအား သန့္ရွင္းေရးလုပ္႐ုံမွလြဲ၍ အျခားမည္သည့္အလုပ္မၽွ လုပ္စရာမရွိေသာေၾကာင့္ ေန႔ခ်င္းျပန္အသြားအျပန္လုပ္ျဖစ္သည္။ ထိုသို႔ေသာေန႔မ်ိဳးတြင္ ရွုက်င္း တစ္ေနကုန္ အျပင္၌ ေဆာ့ကစား၍ အိမ္ျပန္လာေသာ္ ရွန့္ရွင္းဟယ္က အရင္ျပန္ေရာက္ႏွင့္ေနၿပီ။
သို႔ေပတည့္ ယခုအႀကိမ္တြင္ကား ႏွစ္လမၽွ ေဝးကြာခဲ့ရ၍ ရွုက်င္းက နံနက္ေစာေစာ အိပ္ယာမွထကာ သူပါ လိုက္လိုေၾကာင္း ရွန့္ရွင္းဟယ္အား အင္တင္တင္ ေတာင္းဆိုေတာ့၏။
ရွန့္ရွင္းဟယ္က ရွုက်င္းဟာ ယမန္ေန႔ညကိစၥေၾကာင့္ စိတ္ဆိုးေနဆဲျဖစ္ေၾကာင္း သိသည့္အေလ်ာက္ သူဝယ္လာသည့္ အဆာေျပမုန့္မ်ားကို ေကၽြးေလသည္။
"စိတ္မဆိုးပါနဲ႔ကြာ"
ရွုက်င္းက ရွန့္ရွင္းဟယ္ဆီ ေခါင္းလွည့္ကာ စိုက္ၾကည့္လ်က္ ေျပာ၏။
"အစ္ကို ဘယ္လိုမွ မေနဘူးလား? သတင္းစာထဲမွာ ပါလာမွာေနာ္.. အစ္ကို႔အေၾကာင္းကို တစ္ကမၻာလုံးကို ဖြင့္ျပလိုက္တာနဲ႔ အတူတူပဲ"
"ဦးေလးက အစ္ကို႔ကို ဆယ္ႏွစ္ေက်ာ္ ေထာက္ပံ့ေပးခဲ့တယ္ဆိုတာက အမွန္တရားပဲကို.. ရွက္စရာကိစၥ မဟုတ္ပါဘူး.. ဦးေလးေၾကာင့္သာမဟုတ္ရင္ အစ္ကို ေက်ာင္းတက္ရဖို႔ေတာင္ မလြယ္ဘူး.. အင္တာဗ်ဴးလုပ္႐ုံပါပဲ.. ဦးေလးကို တစ္နည္းနည္းနဲ႔ ကူညီေပးတယ္လို႔ စိတ္ထဲေတြးထားတာပါ"
ရွုက်င္းမွာ အာေစးမိသြားရ၏။ ရွန့္ရွင္းဟယ္က မ်က္ႏွာမပ်က္လို၍ ျငင္းပယ္ရန္ ေၾကာက္ရြံ႕ေနသည္ဟု ထင္ထားမိေသာ္ျငား စင္စစ္မွာမူ 'ေက်းဇူးျပန္ဆပ္ရန္'ဟူေသာ ေခါင္းစဥ္ေအာက္၌ စိတ္ပါလက္ပါရွိေနခဲ့သည္ပင္။ ရွုက်င္း၏အဖိုးျဖစ္သူဟာလည္း ေက်းဇူးဆပ္လို၍ သူ၏မိသားစုအတြက္ ၾကက္ဥမ်ားကို အဆက္မျပတ္ ေထာက္ပံ့ေပးခဲ့ေၾကာင္း ႐ုတ္တရက္ ျပန္လည္အမွတ္ရမိသြား၏။
ရွုက်င္းဟာ ေဒါသဆက္မထြက္နိုင္ေတာ့ေသာ္လည္း ရင္ထဲဝယ္ မြန္းၾကပ္ေနမိေသးသည္။
အျခားသူမ်ားကိုပါ ရွန႔္ရွင္းဟယ္ မည္မၽွသေဘာထားႀကီးမားေၾကာင္း ျမင္သာေအာင္ ျပေပးခ်င္သည့္စိတ္ဆႏၵက တဖြားဖြား ေပၚေပါက္လာရ၏။ ရွန့္ရွင္းဟယ္အား အထင္မေသးေစလို။ အားနည္းသည္ဟု မျမင္ေစလို။ မသနားေစလို။
အဆင္ေျပသြားသည္က ရွန့္ရွင္းဟယ္ဟာ စိတ္အေျခအေနကို သက္သာရာရေအာင္ ေျဖသိမ့္ေပးသည့္ေနရာ၌ ကၽြမ္းက်င္ျခင္းပင္။ လင္က်န္းသို႔သြားသည့္ တစ္နာရီအတြင္း ရွုက်င္းအား ေကာလိပ္၌ ၾကဳံေတြ႕ခဲ့ရသည့္အျဖစ္အပ်က္မ်ားႏွင့္ထိုၿမိဳ႕၏ဓေလ့ကို အထူးတလည္ေရြးခ်ယ္ကာ စိတ္ဝင္စားဖြယ္ျဖစ္ေအာင္ ေျပာျပ၏။ ကားထဲမွမထြက္ခင္ ရွုက်င္းဟာ စိတ္ထင့္ခဲ့သည့္အရာအားလုံးကို ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားကာ စကားေျပာရင္း စိတ္လြတ္လက္လြတ္ ရယ္ေမာနိုင္ခဲ့ေလသည္။
လင္က်န္းၿမိဳ႕ေလးသို႔ေရာက္ရွိေသာ္ ရွန့္ရွင္းဟယ္က ကန္ေတာ့ပြဲလုပ္ရာ၌ လိုအပ္သည့္ပစၥည္းမ်ားကို အရင္ဝယ္ယူကာ ရွုက်င္းအား သူႀကီးျပင္းရာပတ္ဝန္းက်င္ဆီ ေခၚေဆာင္သြား၏။
ဤသည္ကား လမ္းေဟာင္းေလးတစ္ခုပင္။ စတုရန္းေက်ာက္ျပားမ်ားျဖင့္ခင္းထားေသာ လမ္းသြယ္ေလး၏တစ္ေနရာ၊ တိုက္အိမ္ေလးတစ္အိမ္၏အေပၚထပ္ကား ရွန့္ရွင္းဟယ္၏အိမ္ျဖစ္၏။
ရွန့္ရွင္းဟယ္ႏွင့္အတူ သခၤ်ိဳင္း၌ သြားကန္ေတာ့သည့္သူမ်ားထဲ အလွမ္းေဝးသည့္ေဆြမ်ိဳးမ်ားပါ ပါဝင္သည္။ ရွုက်င္းပါ အတူတကြလိုက္ပါရန္ မလိုအပ္ေသာေၾကာင့္ ရွန့္ရွင္းဟယ္က ေသာ့ေပးထားကာ အိမ္ထဲအရင္ဝင္ေနေစ၏။
ရွုက်င္း သိရွိလိုက္ရသည္က ရွန့္ရွင္းဟယ္၏ေနအိမ္ဟာ ရွုက်ဳံးယြမ္၏စက္႐ုံႏွင့္ နီးကပ္စြာတည္ရွိသည့္အေၾကာင္းပင္။
ၿမိဳ႕ေလးထဲ၌ လမ္းအနည္းငယ္သာရွိ၍ လမ္းအဆုံးထိ ဆက္ေလၽွာက္ကာ လယ္ကြင္းကို ေက်ာ္ျဖတ္လိုက္႐ုံမၽွျဖင့္ စက္႐ုံဂိတ္တံခါးဝသို႔ ေရာက္ရွိနိုင္၏။
ရွုက်ဳံးယြမ္က နံနက္ေစာေစာကတည္းက အိမ္မွထြက္ခြာသြားခဲ့သည္။ ယခုအခ်ိန္၌ စက္႐ုံ၌ ရွိ၊မရွိကိုျဖင့္ မသိေခ်။ ရွုက်င္းလည္း တစ္ခဏမၽွ ေတြးေတာလိုက္ၿပီးေနာက္ စက္႐ုံဆီ ကိုယ္တိုင္သြားကာ ဖခင္ျဖစ္သူအား အင္တာဗ်ဴးကိစၥ ေျပာၾကည့္ရန္ ဆုံးျဖတ္လိုက္၏။ ထို႔ေနာက္ ရွန့္ရွင္းဟယ္ေပးထားသည့္ပိုက္ဆံကို ဂ်ာကင္အိတ္ကပ္ထဲထည့္ကာ ျဖည္းျဖည္းခ်င္း လမ္းေလၽွာက္သြားေတာ့သည္။
ယခင္က ရွုက်င္း ဤၿမိဳ႕ေလးသို႔ ေရာက္ဖူးေသာ္ျငား ေပ်ာ္စရာအထူးအေထြမရွိေခ်။ ထို႔ေၾကာင့္ ရွုက်ဳံးယြမ္ႏွင့္အတူ ဤသို႔ လိုက္လာရျခင္းထက္ အိမ္မွာပင္ ေပ်ာ္ေပ်ာ္ႀကီး ပုံဆြဲကာ ေနရစ္ခဲ့သည္။
မေရာက္ျဖစ္သည္မွာ ၾကာျမင့္လွၿပီျဖစ္၍ ဤေနရာႏွင့္ပတ္သက္သည့္ အေၾကာင္းအရာမ်ားကို ခပ္ေရးေရးမၽွသာ မွတ္မိေတာ့၏။
ဂိတ္တံခါးအား ျဖတ္ေလၽွာက္လာၿပီးေနာက္ လုံျခဳံေရးဦးေလးႀကီးထံ မည္သူမည္ဝါျဖစ္ေၾကာင္း အေၾကာင္းၾကားၿပီးေသာ္ အေဖျဖစ္သူအား လာေတြ႕ျခင္းျဖစ္ေၾကာင္း ေျပာျပ၏။ လုံျခဳံေရးဦးေလးႀကီးလည္း ရွုက်င္းအား ေတြ႕ေတြ႕ခ်င္း မွတ္မိသြားကာ စိတ္အားတက္ႂကြစြာျဖင့္ ဆိုေလသည္။
"ေရွာင္က်င္း.. မေတြ႕တာၾကာေတာ့ ထြားလာလိုက္တာ.. သား ဒီကိုေနာက္ဆုံးလာတုန္းကဆိုရင္ လက္ေတာက္ေလးပဲ ရွိေသးတာ.. အခုေတာ့ ဦးေလးထက္ေတာင္ အရပ္ရွည္သြားၿပီပဲ"
ရွုက်င္းက ရွိုးတိုးရွန့္တန့္ျဖင့္ အေမးျပဳ၏။
"ကၽြန္ေတာ့္ကို သိတာလားဗ်?"
"ဒါေပါ့! သားကို ဘယ္လိုလုပ္ မသိဘဲေနရမွာလဲ! သား ငယ္ငယ္ေလးတုန္းက ဦးေလးသားရယ္၊ တျခားကေလးေလးေတြနဲ႔အတူတူ ေဆာ့ေနက်ေလ.. ကေလးအုပ္စုက ဟိုးနားက ကြင္းျပင္ႀကီးမွာ ကစားရတာကို အရမ္းသေဘာက်တာ---"
လုံျခဳံေရးဦးေလးက အေဝးတစ္ေနရာသို႔ လက္ညႇိုးညႊန္ျပ၏။
ရွုက်င္းလည္း လက္ညႇိုးညႊန္ရာကို လိုက္ၾကည့္သည္။ စက္႐ုံျပင္ပရွိ ကြင္းျပင္က်ယ္ႀကီးတစ္ခုပင္။ အပင္မ်ားက လမ္းဘယ္ညာတစ္ေလၽွာက္ စိမ္းစိမ္းစိုစိုေပါက္ေရာက္ေနကာ သဘာဝၿခံစည္းရိုးတစ္ခုပမာ။ ကေလးမ်ားက ထိုေနရာ၌ လုံလုံျခဳံျခဳံကစားနိုင္ၾကေလသည္။
ရွုက်င္း ထိုကြင္းျပင္က်ယ္အား မမွတ္မိေတာ့ေခ်။
လုံျခဳံေရးဦးေလးက တက္တက္ႂကြႂကြ ေျပာျပ၏။
"ႏွစ္ေတြ ဘယ္ေလာက္ေတာင္ ၾကာသြားၿပီလဲ.. သားလည္း ဟိုအက္ဆီးဒင့္ျဖစ္ၿပီးကတည္းက မလာျဖစ္ေတာ့တာေနာ္"
ရွုက်င္းက ေတြးေတြးဆဆျဖင့္ ျပန္ေမး၏။
"ဘာအက္ဆီးဒင့္လဲဗ်?"
"ရွန့္မိသားစုရဲ့ကေလးေလးကိစၥေလ.. သားေတာင္ အဲ့ေန႔က အရမ္းေၾကာက္ေနခဲ့တာမလား.. ဒါေၾကာင့္ပဲ သူေဌးရွုက သားကို ထပ္မေခၚလာေတာ့တာေနမယ္"
လုံျခဳံေရးဦးေလးက က်ယ္က်ယ္ျပန့္ျပန့္မရွင္းျပခဲ့ေခ်။ သို႔ေသာ္ျငား မည္သည္ကိုဆိုလိုမွန္း ရွုက်င္း ခ်က္ခ်င္းနားလည္လိုက္ၿပီ။
ရွုက်င္း၏မ်က္ႏွာအမူအရာက ႐ုတ္ျခည္း ေျပာင္းလဲသြား၏။ ထို႔ေနာက္ သံသယလြန္ကဲစြာျဖင့္ ေမးျမန္းလိုက္သည္။
"အဲ့ေန႔က ကၽြန္ေတာ္လည္း ရွိေနခဲ့တာလား?"
လုံျခဳံေရးဦးေလးက ပုံမွန္အတိုင္း ျပန္ေျဖ၏။
"ဟုတ္တယ္ေလ.. သားလည္း အဲ့ကေလးအုပ္စုနဲ႔ ရွိေနခဲ့တာေလ.. သား မမွတ္မိေတာ့တာလည္း မထူးဆန္းပါဘူး.. အဲ့တုန္းက ဘယ္ႏွႏွစ္ပဲ ရွိေသးတာမို႔လို႔လဲ"
ရွုက်င္းက ႏွုတ္ခမ္းကို တင္းတင္းေစ့ထားလိုက္သည္။
သူ႔အနီးအနားက မည္သူတစ္ဦးတစ္ေယာက္ထံမွမၽွ ထိုကိစၥအေၾကာင္းေျပာသံကို မၾကားဖူးခဲ့ေခ်။
လုံျခဳံေရးဦးေလးလည္း မိနစ္အနည္းငယ္ၾကာ စကားစျမည္ေျပာဆိုၿပီးေနာက္ ႐ုံးခန္းဆီ ဖုန္းဆက္လိုက္၏။ ထို႔ေနာက္ ရွုက်င္းအား ရွုက်ဳံးယြမ္ဟာ စက္႐ုံ၌မရွိဘဲ စစ္ေဆးေရးကိစၥမ်ားႏွင့္ အလုပ္မ်ားလ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ ေခတၱမၽွ ထပ္မံေစာင့္ဆိုင္းပါရန္ ေျပာၾကားသည္။
ရွုက်င္းလည္း ဂိတ္တံခါးဝ၌ ေခတၱေစာင့္ဆိုင္းၿပီးေနာက္ အခ်ိန္လြန္ေၾကာင္း သတိမူေသာ္ ရွန့္ရွင္းဟယ္ အိမ္ထဲ ဝင္မရျဖစ္ေနမည္ကို စိုးရိမ္၍ လုံျခဳံေရးဦးေလးအား ႏွုတ္ဆက္ကာ ျပန္လာခဲ့၏။
လမ္းက်ဥ္းေလးထဲ ဝင္လာေသာ္ ရွန့္ရွင္းဟယ္က ေရာက္ႏွင့္ေနၿပီျဖစ္သည္။ ထို႔ေနာက္ ရွုက်င္းအား ဖုန္းေခၚဆိုေန၏။
ရွုက်င္းလည္း ခပ္သုတ္သုတ္ ေလၽွာက္သြားသည္။
"အစ္ကို!"
ရွန့္ရွင္းဟယ္လည္း ဖုန္းကို ငုံ႔ၾကည့္ေနရာမွ ခ်က္ခ်င္း ေခါင္းေထာင္လာ၏။ ၾကည္လင္ကာ ေတာက္ပလြန္းသည့္ မ်က္ႏွာထက္၌ ရႊန္းစိုလွသည့္ အမည္းေရာင္မ်က္ဝန္းတစ္ဖက္ႏွင့္ သူစိမ္းဆန္လွသည့္ မီးခိုးမွိုင္းေရာင္မ်က္ဝန္းတစ္ဖက္က အသီးသီးေနရာယူလ်က္။
ရွုက်င္းမွာ တစ္မ်ိဳးတစ္ဖုံ တုန္လွုပ္သြားရသလို။
သို႔ေသာ္ အေတြးထဲ၌ ျဖစ္ေပၚလာသည့္ ေအာင့္သက္သက္ခံစားခ်က္ႀကီးကို ေမာင္းထုတ္ကာ ရွန့္ရွင္းဟယ္အား ေမးျမန္းလိုက္၏။
"ျပန္ေရာက္လာတာ ျမန္သားပဲ"
"အယ္.. မင္းတစ္ေယာက္တည္း ေစာင့္ေနရရင္ ပ်င္းေနမွာစိုးလို႔.. ဘာလို႔အေပၚမတက္ေသးတာလဲ?"
"ကၽြန္ေတာ္ စက္႐ုံဆီ သြားေနလို႔"
ႏွစ္ဦးသား အိမ္အေပၚထပ္သို႔ တက္လာခဲ့သည္။ ရွန့္ရွင္းဟယ္က အိမ္တံခါးေသာ့ဖြင့္ေပး၏။
Advertisement
- In Serial37 Chapters
The Alpha's Warrior
Ruthless. Cold. Calculating. That's how Rey's always been seen, but she was a warrior after all, and a damn good one at that. Warriors don't take sides. They don't let their feelings get the best of them, but when she discovers her mate is at the head of the largest war in werewolf history, she may just have to start caring.**contains mature language and contentCOMPLETE
8 357 - In Serial77 Chapters
Come Back To Me, Kiwi.
Vidal Ferrari is an engineer who's ready to start his own family but with no suitable woman in sight. His wealth seems to attract the wrong kind of girl and he's becoming restless. He's a large rough man who is only ever gentle with his nieces. But he knows that'll have to change if he wants to find himself a wife.Kiara is a heavily traumatized young woman, stuck in an awful facility for sixteen years of her life. Trained to be enslaved and sold. She never had a childhood, never felt love of any kind. When she's saved from the facility, she lands in a hospital in Vancouver. She's in desperate need of someone to look after her and help her heal. Someone gentle and never rough. Can these two find the love they need in each other?Will Vidal be able to be the gentle, careful man that Kiara needs?Will Kiara ever heal from the deep scars her life has left her with?Can the engineer and the scared girl truly be the ones for each other?---"Kiwis..." He said softly. I examined them, seeing how some had some white parts and some were free of the black specks."I like these a lot." He smiled. He brought one to my lips and I bit into it. It was very different from the others. Much less sweet."These ones match your eyes, don't they? Your pretty green eyes." He said to me, wiping away more of my tears while I was too distracted by the explosion of flavour in my mouth.I rubbed my irritated eyes and he fed me another kiwi slice. It tasted good but it made my body shiver a little from the little sting it had in its taste."Is it too sour? Sorry about that." He chuckled, gently raking his fingers through my hair as I relaxed a little.I wanted more. I liked kiwi."You want more?" He asked me.I looked at the kiwi and then at him. He really, really wanted me to talk. He fed me the rest of the kiwi pieces even though he hadn't gotten an answer from me and then he smiled."All done." He said to me, brushing my hair away from my face with a smile.
8 169 - In Serial48 Chapters
her dark lycan
| complete & edited |"screw, screw this, I'm rejecting you," she hissed through clenched teeth.Her hands clenching to fists by her side, her chocolate brown eyes flashing with anger.His eyes darkened upon her outburst, the ocean blue of his left eye turning black, while simultaneously the green of his right eye that had gold specks surrounding the pupil started to dim, the darkness taking over, both orbs turning black.His Lycan was trying to push through, her announcement of rejecting him didn't sit well with his Lycan, who was trying to take control and mark her, to make her his. Forever."I Venus Harrison, reject you Dante En-" her statement got cut off by a pair of warm and firm lips over hers.Sparks flew upon their touch, as he moved his lips against hers, growling when she wouldn't open her mouth for him, he squeezed her derrière in his rough hands and forcefully pushed his tongue into her mouth for it to clash with hers.--------------------------------------------------------------Venus Harrison was on the run, trying to find a pack to settle into after her old pack Blood Moon was destroyed by the Dark Crescent pack. She only wanted to live as a normal werewolf and escape her abusive past.Dante Enzo Salvatore is the only lycan left and the Alpha of the biggest and fiercest pack ever known. Cold and ruthless, Dante had no intentions of ever finding his mate, he didn't want one.But the plans of both change when Venus stumbles into Dantes pack, only to find they both were mates.Despite the shadows lurking in the corners, will they learn to accept and love each other?Or will they go up in flames?#1 in dominion 10/4/19#1 in family secrets 22/9/19mature content and swearing, read at your own risk
8 421 - In Serial35 Chapters
The boy next door (an Impractical Jokers Fanfiction)
Zoey just moved into her new house, little did she know that her life was going to change right before her very eyes when she meets the boy next door.
8 244 - In Serial101 Chapters
A YEAR WITH THE BILLIONAIRE
Isabella needs a huge sum of money for her aged grandmother's surgery. She has nowhere to go for help and she decides to seek help from her Billionaire boss, Jayden.Jayden doesn't believe in marriages and happily ever after but he needs a wife so his mother will stop pestering him. He plans to prove to his mother that marriage isn't for him by getting divorced after a year.Isabella comes to him for help at the right time; a contract is signed and there will be no strings attached. After a year, they would go their separate ways.What will happen after a night of drunken passion between them?Will Isabella be able to endure his cruelty for just a year or leave before the stipulated time for their marriage to end?Will Jayden find Isabella or let her go with his seed growing inside her?
8 280 - In Serial10 Chapters
Regular Love ⚡Idol Love [ Re-Edit ]
Hiseo Middle School is a school categorized in half. The Idol Department and the Regular Department. The Idol Department is where 'rich' kids attend to become famous idols, athletes, artists and more. The Regular Department is where 'average' students attend to learn like every other school. Akira Akibara is a girl who attends the Regulat Department but some Idol Department students get interested in her making her stuck between the two Departments. How did that happen? And will love prevail?Cover By: @Random_Pizza
8 175

