《Please Don't See Me [Mm Transl. || Completed]》CHAPTER-17
Advertisement
UNICODE
ထို့နောက်တွင်တော့ ရှန့်ရှင်းဟယ် သတင်းစာဌာနမှ အင်တာဗျူးမေးခံရလော၊ မခံရလောကို ရှုကျင်းသတိမထားမိတော့။
တစ်ခါပြန်ခွဲခွာခဲ့ရပြီးနောက် ကားထက်၌ ရှန့်ရှင်းဟယ် သူ့အား စိုက်ကြည့်ခဲ့သည့် အကြည့်နက်နက်များက ရှုကျင်း၏စိတ်ထဲ အစဥ်အမြဲလွှမ်းမိုးနေခဲ့သည်ပင်။ ထိုစဥ်က ရင်ခုန်နှုန်းများ မည်သို့မည်နှယ်မြန်ဆန်နေခဲ့ကြောင်းကိုလည်း မနေ့တစ်နေ့က ဖြစ်ခဲ့သလို စွဲစွဲထင်ထင်မှတ်မိနေပါသေး၏။ အမည်ဖော်မရနိုင်သည့် ဒွိဟဖြစ်စရာ ခံစားချက်များက သူတို့နှစ်ဦးအကြား တိတ်တဆိတ် ဖြစ်တည်လာခဲ့လေသည်။ ရှုကျင်းကိုယ်တိုင်ကလည်း အဖြေမရှာနိုင်ခဲ့ဘဲ တစ်စုံတစ်ရာကိုသာ ခပ်ရေးရေးမျှော်လင့်နေခဲ့မိ၏။
ဤသို့ဖြင့် ထိုအချိန်မှစ၍ သူ၏လိုအင်ဆန္ဒများက အရူးအမူး ထိုးထောင်ထွက်ပေါ်လာခဲ့လေသည်။
ရှန့်ရှင်းဟယ်အား တွေးမိစဥ်တိုင်း အတန်းဖော်များနှင့် ကစားကွင်း၌ ပြေးလွှားခြင်း၊ ရေကူးကန်၌ ရေကူးခြင်း၊ ခွေးကျောင်းခြင်း၊ စာလေ့လာခြင်း၊ အစမ်းစာမေးပွဲမေးခွန်းလွှာများကို တစ်ရွက်ပြီးတစ်ရွက်ဖြေကြည့်ခြင်းစသည်ဖြင့် အာရုံလွှဲကာ နံဘေး၌ ရှန့်ရှင်းဟယ်ရှိမနေသည့်နေ့ရက်များ၌ ပို၍ကောင်းမွန်သောလူတစ်ဦးဖြစ်လာစေရန် တတ်စွမ်းသမျှ ကြိုးပမ်းလေ၏။
ဆယ်ကျော်သက်အားအင်များကို အပြည့်အဝအသုံးချရင်း ရှုကျင်းသည်လည်း အထိအခိုက်မခံနိုင်သည့် သူဌေးသားဘဝမှသည် ကိုယ်စွမ်းဉာဏထက်သန်သည့်အရွယ်သို့ အလျင်အမြန် ရောက်ရှိလာခဲ့ချေပြီ။ အရပ်ရှည်ထွက်လာပြီး တောင့်တင်းသည့် ပခုံးသားများ၊ သန်မာသည့်ကျောရိုးများက နေရာတကျထွားကျိုင်းလာခဲ့၏။
ရှန့်ရှင်းဟယ်သည်လည်း ကောလိပ်မှ ပြန်လာချိန်သိပ်မရ။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် မျှခြေညီရှင်သန်လျက် အားတင်းကာ နောက်ပြန်ဆုတ်မည်ကြံရွယ်တိုင်း ရှေ့တစ်လှမ်းတိုး၍ ကြိုးပမ်းခဲ့လေသည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့သည့်အချိန်မှစ၍ ရှုကျင်းလည်း တစ်ဖန်ပြန်လည်ဆန်းသစ်လာရသကဲ့သို့။
ရှုကျင်း ကောလိပ်ဝင်ခွင့်ပြုစာရရှိသည်နှင့် ရှုကျုံးယွမ်မှာ ဆွေမျိုးများ၊ မိတ်ဆွေများကို ဖိတ်ကြားကာ ညစာစားပွဲကျင်းပခဲ့လေ၏။
ထိုပွဲဖြစ်မြောက်ရန် ရှုကျုံးယွမ် ပိုက်ဆံအတော်ဖြုန်းခဲ့သည်ပင်။ မြို့၌ ဈေးအကြီးဆုံး၊ အကောင်းဆုံးဟိုတယ်ကို ငှားရမ်းကာ ည၌ ရောင်စုံမီးရှူးမီးပန်းများဖြင့် တခမ်းတနားကျင်းပလေ၏။ သူ၏သားဖြစ်သူ မည်မျှအလားအလာကောင်းကြောင်း၊ မည်မျှကြိုးစားခဲ့ရကြောင်းကို လူတိုင်းအား အသိပေးချင်ခဲ့သည်။
ဧည့်သည်များ စုဝေးရောက်ရှိသည်နှင့် ရှုကျုံးယွမ်မှာ တစ်ခွက်ပြီးတစ်ခွက် သောက်တော့၏။ ရောက်လာသမျှ ဧည့်သည်များကလည်း ရှုကျုံးယွမ်ဟာ သားဖြစ်သူအား အသွန်အသင်ကောင်းမွန်ခဲ့ကြောင်း ချီးမွမ်းကြလေသည်။
ဦးစွာပထမ ငွေကြေးမတတ်နိုင်သည့်မိဘမဲ့ကျောင်းသားအား စည်းကမ်းတကျနေထိုင်တတ်အောင် ဆုံးမသွန်သင်ပေးကာ အကောင်းဆုံးတက္ကသိုလ်များထဲမှတစ်ခုကို တက်ရောက်နိုင်သည်အထိ တာဝန်ယူထောက်ပံ့ပေးကြောင်း၊ သားအရင်းကိုလည်း နောက်ကျမကျန်ခဲ့ရလေအောင် လမ်းပြပေးကာ နာမည်ကြီးတက္ကသိုလ်တစ်ခု၌ ဝင်ခွင့်ရသည်အထိ တာဝန်ကျပေးခဲ့ကြောင်းစသည်ဖြင့် အမွှမ်းတင်ကြ၏။ ရှုကျုံးယွမ်၏စီးပွားရေးလုပ်ငန်းမှာလည်း တက်လမ်းသာရှိနေပြီး သားအရင်းရော၊ မွေးစားသားကပါ ရှုကျုံးယွမ်၏ဂုဏ်ကို မြှင့်တင်ပေးလျက်ရှိကြောင်း ပြောဆိုကြသည်။ *ကျားအဖေကြီး၌ ခွေးသားပေါက်လေးများမရှိဟူသော စကားပုံက ရှုကျုံးယွမ်အား ထင်ဟပ်ပေးနေသယောင်။
[T/N- ကျားကနေ ခွေးမွေးမှာမဟုတ်ပါဘူး။ အဲ့လိုပဲ.. တာဝန်ကျေပွန်တဲ့ဖခင်ကောင်းတစ်ယောက် ပျိုးထောင်ပေးတဲ့ကလေးကလည်း အများသူငါလို သာမန်ပဲဖြစ်မှာမဟုတ်ဘူးလို့ ဆိုလိုတာပါ။ ]
ထိုနေ့က ရှန့်ရှင်းဟယ် ပွဲသို့ အနည်းငယ်နောက်ကျမှ ရောက်လာခဲ့လေသည်။
ပွဲ၏အမည်ခံဇာတ်လိုက်ကလေး ရှုကျင်းသည်လည်း ထိုင်ခုံ၌သာ ထိုင်နေပြီး ဧကန်ဇာတ်လိုက်ဖြစ်သူ ဖခင်အနောက်မှ ရေလိုက်ငါးလိုက်နေနေရ၏။
ရှုကျင်း ခေါင်းလှည့်ကြည့်လိုက်သော် ဟောခန်းတံခါးဝမှ လျှောက်လှမ်းလာသည့်ရှန့်ရှင်းဟယ်ကို မြင်လိုက်ရသည်။ ရှုကျင်း သူ့ကိုယ်သူ ပထမဆုံးတွေးမိသည့်အရာမှာကား ယခုအဝတ်အစားများဖြင့် ကြည့်ကောင်းနေ၍လောဟူ၍။
ရှုကျင်းက ဝတ်စုံပြည့်အား ပထမဆုံးဝတ်ဖူးခြင်းဖြစ်၏။ ထိုဝတ်စုံက သူ၏ခါးသွယ်သွယ်နှင့် ခြေတံရှည်များအား ပိုပေါ်လွင်စေရာ ဖခင်ဖြစ်သူနံဘေး၌ရပ်နေသည့် အားမာန်အပြည့်နှင့်လူငယ်လေးဟာ စိတ်အားထက်သန်နေဟန်။
ပွဲလာဧည့်သည်များဖြင့် ပြည့်နှက်နေသော ဟောခန်းထဲ၌ ရှုကျင်းဟာ သူ့ဆီတည့်တည့်လှမ်းလာနေသည့် ရှန့်ရှင်းဟယ်ကိုသာ ကွက်မြင်နေမိလေသည်။ ရှန့်ရှင်းဟယ်က ရှုကျုံးယွမ်အား ရိုကျိုးစွာဖြင့် 'ဦးလေး'ဟု နှုတ်ဆက်ကာ ရှုကျင်း၏နားအနား ကပ်ပြောလိုက်၏။
"အရပ်ရှည်လာတာပဲ"
ရှုကျင်းက အမှုမဲ့အမှတ်မဲ့ဟန်ဖြင့် ပြန်ပြောလေသည်။
"ဟားဟား.. အစ်ကို နောက်တစ်ခါ ပြန်လာတဲ့အချိန်ဆိုရင် ကျွန်တော် အစ်ကို့အရပ်ကို မှီသွားလောက်ပြီ"
ရှန့်ရှင်းဟယ်က မတ်မတ်ရပ်ကာ မျက်လုံးကို အောက်စိုက်ချ၍ ပြန်ပက်လိုက်၏။
"အဝေးကြီးလိုပါသေးတယ်"
ရှုကျင်းမှာတော့ နားရွက်ဖျားများ နီရဲတွတ်နေလျက် တည့်တည့်ရပ်လိုက်ပြန်သည်။
"ကျွန်တော်က ၁၈နှစ်မပြည့်သေးဘူးလေ.. အများကြီးထပ်ရှည်နိုင်သေးတယ်!"
"အင်း သိပ်မကြာခင်ပေါ့"
ရှန့်ရှင်းဟယ်က သက်သက်အလျှော့ပေးကာ ပြောလိုက်ခြင်းပင်။ ရှုကျင်းက ရှန့်ရှင်းဟယ်ထက် အမြဲ ခေါင်းတစ်လုံးစာပိုပုနေခဲ့သည်။
နှစ်နှစ်မျှကွာသည့် ထိုနှစ်ဦး၌ တစ်ဦးက အရပ်ရှည်နှင့်ပြီးသားဖြစ်သလို ကျန်တစ်ဦးက ထပ်ရှည်ရန်အလားအလာရှိနေသေး၏။ မည်သို့ပင်ဖြစ်စေ ထိုသို့အရပ်ချင်းယှဥ်ကာ သူတစ်ခွန်းကိုယ်တစ်ခွန်း စကားနိုင်လုရသည့်အဖြစ်က ရှုကျင်း၏နှလုံးသားအား တလှပ်လှပ်ဖြစ်စေသည်။ အပြန်အလှန်နားလည်မှုဖြင့် ဖွင့်ဟပြောရန် မလိုသော ခံစားချက်မျိုးက သူတို့နှစ်ဦး၏အနီးပတ်ဝန်းကျင်၌ ပျံ့နှံ့နေခဲ့သလို။
ရှန့်ရှင်းဟယ် ရောက်လာသည့်နောက် ရှုကျင်းက ထိုညစာစားပွဲအား ပျင်းစရာကောင်းသည်ဟု မထင်တော့ချေ။ ပွဲအပြီးထိ ဧည့်သည်များကို လိုက်နှုတ်ဆက်ရင်း ခေါင်းပူလာချိန်တိုင်း အနောက်လှည့်၍ ရှန့်ရှင်းဟယ်အား ကြည့်လိုက်သည်နှင့် ပင်ပန်းသမျှက လျော့ပါးသွားသလို။
"သားတို့နှစ်ယောက်လုံးက အဖေ့အတွက် ကြိုးစားပေးခဲ့တာပဲ!"
အရက်မူးနေပြီဖြစ်သည့် ရှုကျုံးယွမ်က အများရှေ့၌ ချီးကျူးနေတော့သည်။
"နောင်ကျရင်လည်း ဒီလိုပဲ အကောင်းဆုံးအတော်ဆုံး ဆက်ဖြစ်နေရမယ်နော်! ငါ ရှုကျုံးယွမ်က အာဏာတွေ ပါဝါတွေ ဘာမှမလိုချင်ဘူး.. သားတို့ကြောင့်ပဲ ဂုဏ်ယူချင်တယ်"
ရှုကျုံးယွမ်၏မျက်လုံးများက ထပ်မံနီရဲလာပြီးနောက် ရှုကျင်း၏ပခုံးထက်သို့ လက်မောင်းတင်ကာ ထပ်ပြောပြန်၏။
"သား... မင်းက အဖေ့ရဲ့ဂုဏ်ယူစရာလေးပဲ"
ပွဲပြီးသွားသော် ရှုကျင်း၏အမေက ဖုန်းဆက်ကာ ဂုဏ်ပြုစကားပြောပေးပြီး အနီရောင်စာအိတ်တစ်စောင်(အန်ပေါင်း) ပို့ပေးလိုက်လေသည်။
ထိုနေ့၌ ရှုကျင်း အင်မတန် ပျော်ရွှင်ခဲ့ရသည်ပင်။
ရှန့်ရှင်းဟယ်သည်လည်း အိမ်၌ တစ်ညအိပ်၏။ ရှုကျင်းနှင့်အတူ ဂိမ်းကစားရင်း အဖော်ပြုပေးပြီးနောက် ခွေးကလေး ပတ်ဖ်ဆီ လျှောက်သွားလေသည်။ ရှန့်ရှင်းဟယ်ဟာ ယခင်ကနှင့် အတူတူပင်ဖြစ်သော်လည်း အနည်းငယ်တော့ ခြားနားနေသလို။
Advertisement
ရှုကျင်းက ရှန့်ရှင်းဟယ်၏ညာဘက်၌ ရပ်ကာ တည့်တည့်မကြည့်ရဲတော့ချေ။
အကြောင်းမှာ ရှန့်ရှင်းဟယ်၏ငေးမောအကြည့်များက သူ့ထံ၌သာ ကျရောက်နေခဲ့သောကြောင့်။ ရှုကျင်းခမျာ ပြောနေသည့်စကားများကပင် အထစ်ထစ်အငေ့ါငေ့ါဖြစ်လာရကာ ကျော့ကွင်း၌အဖမ်းခံထားရသည့် ယုန်သူငယ်လေးပမာ ရင်တဒိတ်ဒိတ်နှင့် ဖြစ်နေရလေသည်။
သို့သော် ရှန့်ရှင်းဟယ်က ပုံမှန်အတိုင်းသာ ပြောဆိုဆက်ဆံနေသောကြောင့် ရှုကျင်း၏မရှိမဲ့ရှိမဲ့ယုံကြည်မှုလေးကပင် လျော့ပါးသွားရချေ၏။ မည်သည့်အကြောင်းအရာကိုမျှ မမေးရဲသလို ဘာဆိုဘာမျှလည်း မပြောရဲတော့ချေ။
နွေရာသီပိတ်ရက်၌ ရှန့်ရှင်းဟယ်က ရှုကျင်းရှိရာ ယွဲ့ချန်သို့ မပြန်ခဲ့ချေ။ ကောလိပ်တက်နေသည့် မြို့၌သာ ဆက်နေနေ၏။ အတန်းဖော်များနှင့် ပရောဂျက်တချို့လုပ်ကာ ကုမ္ပဏီအသေးစားလေးတစ်ခု ထောင်ရန် စီစဥ်နေကြောင်း ရှုကျင်းအား ဖုန်းဆက်ပြောပြသည်။ တစ်ဖက်တွင်တော့ ရှုကျင်းက အိမ်၌သာနေကာ လိင်တူအချစ်အကြောင်းပုံဖော်ရိုက်ကူးထားသည့် ရုပ်ရှင်များကိုသာ တစ်နေကုန်ကြည့်နေ၏။
တချို့ရုပ်ရှင်များက ရှုကျင်းအား စိတ်သက်သာရာရစေပြီး တချို့ကမူ သူ့အား စိုးရိမ်ပူပန်လာစေသည်။
ရုပ်ရှင်၏ပြည့်စုံလှပသောဇာတ်ကြောင်းက သူ့အား အမြင်သစ်တစ်မျိုး ပေးစွမ်းစေခဲ့သည်။ လူတစ်ဦးကို သဘောကျခြင်း၌ ယောက်ျား၊ မိန်းမခွဲခြားထားခြင်းမရှိဟူ၍။ ကိုယ်နှင့်လိင်တူသည့်လူတစ်ဦးအား ချစ်မြတ်နိုးမိခြင်းမှာ မမှားယွင်းချေ။ သို့သော်လည်း အဆုံးထိတူနှစ်ကိုယ်လက်တွဲကာ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ရာက ခဲယဉ်းခ
လှချေသည်။
အကယ်၍ နားလည်မှုလွဲခြင်းများ၊ လွဲမှားသောမျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပါက ခံစားချက်များကို မဖော်ပြဘဲ ဆိတ်ဆိတ်နေခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ရှန့်ရှင်းဟယ်၏အသက်နှစ်ဆယ်မြောက်မွေးနေ့၌ ရှုကျင်းက ရှန့်ရှင်းဟယ်အား သွားတွေ့ရန် လက်မှတ်တစ်စောင်ဝယ်ယူခဲ့လေသည်။
ထိုည၌ ရှုကျင်းက ရှန့်ရှင်းဟယ်၏အတန်းဖော်များ၊ အခန်းဖော်များ၊ ကုမ္ပဏီအတူတူထောင်ခဲ့ကြသည့် သူငယ်ချင်းများနှင့် တွေ့ဆုံဖြစ်ခဲ့၏။ ဉာဏ်ပညာထက်မြက်လွန်းသည့် ရှန့်ရှင်းဟယ်က အတန်းကျော်ကာ ကောလိပ်သို့ စောလျင်စွာ ဝင်ခွင့်ရခဲ့ခြင်းကြောင့် အတန်းထဲ၌ အငယ်ဆုံးဖြစ်နေလေသည်။ ယခုတော့ ရှန့်ရှင်းဟယ်ထက် အသက်ပိုငယ်သည့် ရှုကျင်း ရောက်ရှိနေလေပြီ။ အခြားလူများက သူတို့ကိုယ်သူတို့ အိုနေကြပြီဖြစ်ကြောင်းပြောဆိုရင်း စနောက်ကြ၏။
"ဒါမင်းရဲ့ညီအရင်းလား?"
"အသက်ဘယ်လောက်လဲ?"
"တော်တော်ချောတာပဲ.. ကောင်မလေးရှိနေပြီလား?"
"ဘယ်ကောလိပ်ကို တက်နေတာလဲ?"
ထိုအစ်ကို၊ အစ်မများ စကားအတော်များလွန်းကြသောကြောင့် ရှုကျင်းခမျာ လိုက်မမှီတော့။ ကံကောင်းစွာဖြင့်ပင် ရှန့်ရှင်းဟယ် ရောက်ချလာလေသည်။ ရှုကျင်းအား လက်မှဆွဲကိုင်ကာ သူ့နံဘေး၌ ထိုင်စေ၏။
လက်ဖဝါးချင်း ပူးကပ်နေကြသည်မှာ ကြားလေပင် မသွေးနိုင်တော့အံ့ထင့်။
ရှန့်ရှင်းဟယ်က နှုတ်ခမ်းစွန်း၌ အပြုံးဆင်မြန်းလျက် ရှုကျင်းအား တစ်ဖျတ်ကြည့်ကာ သူ့သူငယ်ချင်းများနှင့် စကားဆက်ပြောနေ၏။
ရှုကျင်းက အပြစ်အနာအဆာကင်းမဲ့လှသော ရှန့်ရှင်းဟယ်၏မျက်နှာအား ကြည့်ရင်း မီးခိုးမှိုင်းရောင်မျက်လုံးအား မြင်လိုက်ရသော် အသည်းစိုင်အား ဆူးနှင့်ထိုးစိုက်ဘိသကဲ့သို့ ခံစားလိုက်ရသည်။
တစ်စုံတစ်ဦးက ရှန့်ရှင်းဟယ်အား အုပ်စုထဲတွင် ရှိမနေသောမိန်းကလေးတစ်ဦးနှင့် ပေးစားရင်း စနောက်ပြောဆိုနေ၏။
ရှုကျင်းလည်း အားစိုက်နားထောင်ရင်း စားပွဲထက်ရှိ ဟင်းပွဲများကိုသာ ခေါင်းငုံ့ရင်း စားလျက်ရှိသည်။
ထို့နောက် ရှန့်ရှင်းဟယ်၏စကားသံအား ကြားလိုက်ရ၏။
"မဖြစ်နိုင်တာကွာ.. ငါ့မျက်လုံးနဲ့"
ထိုသူငယ်ချင်းက ဆက်ပြောသည်။
"မင်းက အရာရာပြည့်စုံပြီးသားလေ.. ဘယ်သူက မျက်လုံးတွေကို ဂရုစိုက်မှာလဲ.. ဆင်ခြေမပေးစမ်းနဲ့"
ရှန့်ရှင်းဟယ်၏လေသံအနေအထားက အပြောင်းအလဲသိပ်မရှိချေ။ ထို့နောက် အေးဆေးသက်သာစွာ စကားဆိုလိုက်၏။
"သူ့မိဘတွေက ရမလား.. တွဲပြီးမှ လမ်းခွဲရတာထက်စာရင် သူတို့အချိန်တွေကို မဖြုန်းတာပဲကောင်းပါတယ်"
ရှန့်ရှင်းဟယ်က အထက်တန်းကျောင်းတက်စဥ်ကလည်း မိန်းကလေးအတန်းဖော်များနှင့် ပတ်သက်လာလျှင် ထိုဆင်ခြေကိုသာ လက်ကိုင်စွဲထားခဲ့သည်။
စင်စစ်တွင် ရှန့်ရှင်းဟယ် ထိုသို့တွေးနေခြင်းမျိုးမဟုတ်ကြောင်း ရှုကျင်းတစ်ဦးတည်းသာ သိလေ၏။ ရှန့်ရှင်းဟယ်တွေးထားသည်က ထိုသို့အချစ်နွံထဲနစ်ရခြင်းဟာ စာကျက်ချိန်ထိခိုက်ကာ အားအင်လည်း ကုန်ခမ်းစေသည်ဟူ၍။ သို့သော် တစ်ဖက်ရှိ မိန်းကလေးများက အားမလိုအားမရဖြစ်လာကာ ပို၍ပင် ရဲတင်းလာကြသေးသည်။ ထို့ကြောင့် ဤသို့ဆင်ခြင်ပေးလိုက်မှသာလျှင် အကုန်အသံတိတ်သွားကြလေ၏။
သို့ပေတည့် ထိုအချိန်တွင် ရှန့်ရှင်းဟယ်၏ဆင်ခြင်ကို နောက်တစ်ဖန် ထပ်ကြားလိုက်ရသည့်အခါ ရင်ဘတ်ထဲ အောင့်လာရသည်။
ညဥ့်နက်လာသည့်အခါ ရှန့်ရှင်းဟယ်၏အခန်းဖော်တစ်ဦးက အိမ်ပြန်အိပ်ပေးကာ ရှုကျင်းအား သူတို့အဆောင်၌ တစ်ညအိပ်စေ၏။
ရှန့်ရှင်းဟယ်က ပြောလေသည်။
"သူ ဒီမှာဆို အိပ်ပျော်မှာမဟုတ်ဘူး.. အပြင်ခေါ်ထုတ်သွားလိုက်မယ်"
အခန်းဖော်က ရယ်မောကာ ဆိုလာ၏။
"ကြည့်ပါဦး.. ကာကွယ်ပေးနေလိုက်တာ.. မင်းညီက ကျောင်းကအဆောင်မှာ မအိပ်ဖူးလို့လား?"
အဆုံးတွင်တော့ ရှန့်ရှင်းဟယ်က ရှုကျင်းအား ခေါ်ထုတ်လာကာ ဟိုတယ်၌အခန်းတစ်ခန်း ငှားပေးလိုက်လေသည်။
ရှုကျင်းက အဆောင်၌ လုံးဝမအိပ်တတ်ချေ။ အလိုလိုက်ခံထားရကာ အသန့်ကြိုက်သော လူငယ်တစ်ဦးဖြစ်သည့်အားလျော်စွာ ရှုကျုံးယွမ်က ကောလိပ်တက်သည့် ပထမဆုံးနေ့ကတည်းက ပြင်ပ၌ တိုက်ခန်းတစ်ခန်းငှားပေးထား၏။ ထိုသို့အုပ်စုဖွဲ့နေရသည့်ဘဝအား တစ်ခါမျှ မကြုံဖူးသည့်အပြင် သူစိမ်းများနှင့်ပြည့်နှက်နေသည့် အဆောင်ခန်း၌ အိပ်ပျော်မည်မဟုတ်ချေ။
လမ်းလျှောက်နေရင်း ရှုကျင်းက အမေးပြုလိုက်၏။
"အစ်ကို.. မိန်းကလေးတွေက အစ်ကို့မျက်လုံးကို အရေးစိုက်တယ်ထင်တာလား?"
"ဘာလို့အဲ့လိုမေးတာလဲ?"
ရှုကျင်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ဖြေသည်။
"ဒီအတိုင်း မေးချင်လို့ပါ.. အစ်ကိုက ဒီအတိုင်း ဆင်ခြင်သက်သက်ပေးနေတာလား.. တကယ်ပဲ အဲ့လိုတွေးနေတာလားဆိုတာ သိချင်လို့"
ရှန့်ရှင်းဟယ်က ရှုကျင်းအား ကြည့်လိုက်၏။
"ဒီအတိုင်း စကားအဖြစ်ပြောတာနဲ့ စိတ်ထဲတကယ်ခံစားနေရတာနဲ့ ကွာလို့လား?"
"အာ.. ကွာတယ်လေ"
ရှုကျင်းက ခေတ္တမျှ တွေးတောရင်း ဆက်ပြောသည်။
"နောက်တစ်ခါ လက်လွှတ်စပယ်မပြောပါနဲ့.. ကျွန်တော်လည်း အဲ့တာတွေ ကြားနေရတာမကြိုက်ပါဘူး.. တကယ်ဆို အပြင်ပန်းက အရမ်းမှမကြီးဘဲ.. အစ်ကို့သူငယ်ချင်းပြောသလိုပဲ အစ်ကိုက အရာရာပြည့်စုံနေပြီးသားကို ဘယ်သူက အဲ့ဒါကို ဂရုစိုက်နေဦးမှာလဲ?"
Advertisement
ရှန့်ရှင်းဟယ်က ရှုကျင်း၏စကားများကို စိတ်ထဲမထားသကဲ့သို့ သာမန်ကာလျှံကာ တုံ့ပြန်လေ၏။
ရှုကျင်းက အားမလိုအားမရဖြစ်ဟန်ဖြင့် မေးလိုက်သည်။
"အစ်ကို နားရောထောင်နေရဲ့လား?"
"နားထောင်နေတယ်လေ"
ရှုကျင်းက အမှန်တကယ် စိတ်ဆိုးသွားလေပြီ။
*ဧကရာဇ်မင်းက အလျင်မလိုသော်ငြား မိန်းမစိုးက ဆန္ဒစောနေရသည်။ ရှန့်ရှင်းဟယ်၌ ရှုကျင်းအား ဒေါသထွက်ရန်လုပ်ဖို့ရာ နည်းအဖြာဖြာရှိနေတတ်၏။
[T/N- ကာယကံရှင်က တည်ငြိမ်နေပေမဲ့ ဘေးက ထိုင်ကြည့်နေရတဲ့လူက စိတ်သောကရောက်တယ်လို့ဆိုလိုခြင်းပါ။ ]
ဟိုတယ်သို့ရောက်သော် ရှန့်ရှင်းဟယ်က အခန်းတံခါးအား ကတ်ဖြင့် ပွတ်ဆွဲလိုက်သည်။
ရှန့်ရှင်းဟယ်က ရုတ်တရက် မေးလာ၏။
"မင်းရော စိတ်ထဲထားမှာလား?"
အခန်းထဲရောက်သော် ကတ်အား ကတ်ထည့်သည့်နေရာသို့ မထိုးသွင်းရသေးသောကြောင့် တစ်ခန်းလုံးမည်းမှောင်နေကာ တံခါးနားရှိ မီးရောင်မှိန်မှိန်လေးသာ ထွန်းလင်းနေလေသည်။
ရှုကျင်းက နားကြားလွဲသွားလေသလောဟုပင် တွေးထင်မိ၏။
"ဟင်?"
ခေါင်းမော့ကြည့်ရာ ရှန့်ရှင်းဟယ်က သူ့အား ငေးစိုက်ကြည့်နေသည်ကို သတိထားမိသည်။ မသိစိတ်ဖြင့် အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်လေ၏။ အလင်းရောင်က ရှန့်ရှင်းဟယ်၏မျက်နှာတစ်ခြမ်းကိုသာ ထွန်းလင်းပေးနေရာ မျက်လုံးနက်နက်ဟာ ကြယ်တာရာအလား တောက်ပနေသည်။
ရှန့်ရှင်းဟယ်က တစ်ခါပြန် ထပ်မေးလေ၏။
"အစ်ကို့မျက်လုံးက တခြားသာမန်လူတွေလို အသုံးမဝင်ဘူး.. ကိုယ်လုပ်ချင်တာ ကိုယ်မြင်ချင်တာကို မမြင်နိုင်တဲ့အခါမျိုးလည်းရှိတယ်.. ကိုယ်မြင်နေရတဲ့ကမ္ဘာကလည်း မင်းမြင်နေတာရဲ့တစ်ဝက်ပဲရှိတယ်.. မင်းဆိုရင်ရော အဲ့ဒီအားနည်းချက်ကို လိုက်ကြည့်မှာလား?"
ရှုကျင်း၌ ယခင်က ခံစားခဲ့ဖူးသည့် မရေရာမပြတ်သားခြင်းမျိုးက ထပ်မံ ထွက်ပေါ်လာလေသည်။
မီးရောင်စိုးစဥ်းမျှမရှိသော ပိန်းပိတ်အောင် မည်းမှောင်နေသည့် လမ်းမထက်၌ ရောက်ရှိနေသကဲ့သို့။ သို့တည်းမဟုတ် လင်ကျန်းသို့ပြန်လာခဲ့စဥ်က ကား၏အနောက်ခုံ၌ ထိုင်နေရသကဲ့သို့။
တစ်ခါပြန်လည်၍ ရှုကျင်း ရှင်းရှင်းလင်းလင်းသိသွားရသည်။ ရှန့်ရှင်းဟယ်၏စက်ကွင်းဟာ ယခင်က ပျောက်ဆုံးနေခဲ့သောခံစားချက်များအား ပြန်လည်ဆွဲယူဖော်ထုတ်နိုင်ကြောင်း။ ထိုအရာကပင် ရှုကျင်းအား တင်းတင်းကြပ်ကြပ် ချည်နှောင်ထားခြင်း ဖြစ်ပေလိမ့်မည်။ အဆုံးတွင်တော့ *မိုးကြိုးပစ်၍ ကမ္ဘာမြေမီးလောင်ချေပြီ။
[T/N- လူနှစ်ယောက် အပြန်အလှန်သစ္စာစောင့်ထိန်းပြီး ချစ်ခဲ့ကြတဲ့အချစ်က ဒက်ခနဲ အရှိန်တက်လာခဲ့တယ်လို့ ဆိုလိုခြင်းပါ။ ]
ရှုကျင်းက အထစ်ထစ်အငေါ့ငေါ့ဆိုလေ၏။
"ကျွန်-ကျွန်တော်က ဘာလို့စိတ်ထဲထားရမှာလဲ ဟမ်? အစ်ကို့ကို တကယ့်အစ်ကိုတစ်ယောက်လို သဘောထားပြီး ကျွန်တော်ကောင်းပေးနေတာပဲ"
"အစ်ကို့အပေါ် ကောင်းပေးဖို့မလိုဘူး"
တံခါးအနီးရှိ မီးအလင်းရောင်လည်း ရုတ်တရက် မှိန်လျော့သွားခဲ့ပြီ။
အမှောင်ထုထဲဝယ် ရှန့်ရှင်းဟယ်၏အသံ တစ်ဖန်ထွက်ပေါ်လာ၏။
"ရှုကျင်း... အစ်ကိုလိုချင်တာက ဒီလိုညီအစ်ကိုပုံစံမျိုးနဲ့ ကောင်းပေးဖို့ မဟုတ်ဘူး"
ဗုန်း----
ရှုကျင်းမှာ နားစည်ကြီးကွဲထွက်သွားမတတ်။
တစ်ကိုယ်လုံး ကတုန်ကယင်ဖြစ်လာရသည်။ အချိန်မည်မျှကြာသွားသည်မသိ။ 'တင်'ခနဲအသံကြားကာ တစ်ခန်းလုံး မီးအပြည့်လင်းလာမှသာ သတိပြန်လည်လာ၏။
ဤသည်က ရှန့်ရှင်းဟယ် သမာဓိပျောက်ဆုံးသွားသည့် ပထမဆုံးအကြိမ်ပင်။ ထို့အပြင် ပထမဆုံးအကြိမ်အဖြစ် ယခုအရွယ်၌ရှိသည့်ရှိထိုက်သည့် ပူပန်သောကများကို ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်၏။ ရှန့်ရှင်းဟယ် ထိုအရာကို ပိရိစွာဖုံးကွယ်ထားသော်ငြား သူ့အား ပြန်သဘောကျနေကြောင်းကို ရှုကျင်းရိပ်မိနေခဲ့သည်။ ထို့နောက် အကြောင်းတစ်ခုအား ရိပ်ခနဲ နားလည်သဘောပေါက်သွားတော့၏ : သေချာပါသည်။ ရှန့်ရှင်းဟယ်ကလည်း သူ့အား အမှန်တကယ် ချစ်မိနေပါပြီ။
ရှန့်ရှင်းဟယ်ဟာ အပြင်ပန်းချို့ယွင်းအားနည်းချက်ကြောင့် ထိုအကြောင်းအား ကျကျနနလျှို့ဝှက်ထားခဲ့၏။ ရှုကျင်းထက်ပင် ပို၍တွေးတောကာ ပို၍စိတ်ပင်ပန်းခဲ့ရလေသည်။
တစ်ဦးနှင့်တစ်ဦး စနောက်ကျီစယ်ရင်း၊ တစ်ဦးကတစ်ဦးအတွက် မရှိမဖြစ် လိုအပ်ရင်း တစ်ချိန်တည်းမှာပင် စိတ်ယိုင်နဲ့လာခဲ့၏။
နှစ်ဦးအကြားရှိ စိုးရိမ်ပူပန်မှုများ၊ အောင့်အည်းသည်းခံလာရသည့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများက မြင့်တက်လျက်ရှိပြီး မည်သည့်အချိန်၌ ကန့်သတ်စည်းသို့ ရောက်ရှိသွားကြောင်း မသိရှိလိုက်ကြ။
သူတို့မှာ စိတ်ခံစားချက်များကို သိုဝှက်ထားနိုင်ခြင်းငှာ မစွမ်းသာတော့။ ရှန့်ရှင်းဟယ်ကိုယ်တိုင်ကပင် မတတ်သာသည့်အဆုံး မရေမရာဖြင့် ဖွင့်ပြောရသည်အထိ။
ထိုချုပ်တည်းမှုများ ပြေလျော့သွားမည့်အချိန်ကို နှစ်ဦးစလုံး အချိန်ကြာမြင့်စွာ မျှော်လင့်တောင့်တနေခဲ့ရသည်။
ရှုကျင်း မည်သို့ပြန်လည်တုံ့ပြန်မည်ကိုပင် မစောင့်ဆိုင်းတော့ဘဲ ရှန့်ရှင်းဟယ်က အခန်းအတွင်းဝင်ရန် ပြင်လိုက်၏။
ရှုကျင်းက နာမည်တစ်ချက်ခေါ်လိုက်ကာ ရှန့်ရှင်းဟယ်၏အင်္ကျီလက်အနားကို ဆွဲလိုက်သည်။
ဟိုတယ်ခန်းအဝင်ဝ၌ ဖြစ်၏။
တစ်ဦးနံဘေးတစ်ဦးရပ်နေကြသည်။
ရှုကျင်း၏မျက်နှာက ခရမ်းချဥ်သီးတစ်လုံးပမာ နီရဲတွတ်နေ၏။
"ဘာကို ဆိုလိုတာလဲဟင်? အစ်ကို ကျွန်တော့်ကို ကြိတ်သဘောကျနေတာလား? ပြောလေ!"
တစ်မိနစ်ခန့်ကြာပြီးနောက်
ရှုကျင်းက အဓိပ္ပာယ်မရှိသည့်စကားများကို စတင်ရေရွတ်လာတော့သည်။
"အစ်ကို ကျွန်တော့်ကို ကစားနေတာလား? ဒါနောက်စရာမဟုတ်ဘူးနော်.. အဲ့လိုဟာသမျိုးတွေ နောက်တစ်ခါထပ်မပြောပါနဲ့ ကျွန်တော်က အစ်ကို့ကိုဆို လွယ်လွယ်ခွင့်လွှတ်ပေးပြီး အနိုင်မယူဘူးဆိုတိုင်း---"
"ကြိတ်သဘောကျတာမျိုး မရှိဘူး"
ရှန့်ရှင်းဟယ်က ရှုကျင်း၏စကားကို ကြားဖြတ်ပြောလိုက်သည်။
"ကိုယ် မင်းကို ဒီအတိုင်း... သဘောကျတာ ရှုကျင်း"
ZAWGYI
ထို႔ေနာက္တြင္ေတာ့ ရွန့္ရွင္းဟယ္ သတင္းစာဌာနမွ အင္တာဗ်ဴးေမးခံရေလာ၊ မခံရေလာကို ရွုက်င္းသတိမထားမိေတာ့။
တစ္ခါျပန္ခြဲခြာခဲ့ရၿပီးေနာက္ ကားထက္၌ ရွန့္ရွင္းဟယ္ သူ႔အား စိုက္ၾကည့္ခဲ့သည့္ အၾကည့္နက္နက္မ်ားက ရွုက်င္း၏စိတ္ထဲ အစဥ္အျမဲလႊမ္းမိုးေနခဲ့သည္ပင္။ ထိုစဥ္က ရင္ခုန္ႏွုန္းမ်ား မည္သို႔မည္ႏွယ္ျမန္ဆန္ေနခဲ့ေၾကာင္းကိုလည္း မေန႔တစ္ေန႔က ျဖစ္ခဲ့သလို စြဲစြဲထင္ထင္မွတ္မိေနပါေသး၏။ အမည္ေဖာ္မရနိုင္သည့္ ဒြိဟျဖစ္စရာ ခံစားခ်က္မ်ားက သူတို႔ႏွစ္ဦးအၾကား တိတ္တဆိတ္ ျဖစ္တည္လာခဲ့ေလသည္။ ရွုက်င္းကိုယ္တိုင္ကလည္း အေျဖမရွာနိုင္ခဲ့ဘဲ တစ္စုံတစ္ရာကိုသာ ခပ္ေရးေရးေမၽွာ္လင့္ေနခဲ့မိ၏။
ဤသို႔ျဖင့္ ထိုအခ်ိန္မွစ၍ သူ၏လိုအင္ဆႏၵမ်ားက အ႐ူးအမူး ထိုးေထာင္ထြက္ေပၚလာခဲ့ေလသည္။
ရွန့္ရွင္းဟယ္အား ေတြးမိစဥ္တိုင္း အတန္းေဖာ္မ်ားႏွင့္ ကစားကြင္း၌ ေျပးလႊားျခင္း၊ ေရကူးကန္၌ ေရကူးျခင္း၊ ေခြးေက်ာင္းျခင္း၊ စာေလ့လာျခင္း၊ အစမ္းစာေမးပြဲေမးခြန္းလႊာမ်ားကို တစ္ရြက္ၿပီးတစ္ရြက္ေျဖၾကည့္ျခင္းစသည္ျဖင့္ အာ႐ုံလႊဲကာ နံေဘး၌ ရွန့္ရွင္းဟယ္ရွိမေနသည့္ေန႔ရက္မ်ား၌ ပို၍ေကာင္းမြန္ေသာလူတစ္ဦးျဖစ္လာေစရန္ တတ္စြမ္းသမၽွ ႀကိဳးပမ္းေလ၏။
ဆယ္ေက်ာ္သက္အားအင္မ်ားကို အျပည့္အဝအသုံးခ်ရင္း ရွုက်င္းသည္လည္း အထိအခိုက္မခံနိုင္သည့္ သူေဌးသားဘဝမွသည္ ကိုယ္စြမ္းဉာဏထက္သန္သည့္အရြယ္သို႔ အလ်င္အျမန္ ေရာက္ရွိလာခဲ့ေခ်ၿပီ။ အရပ္ရွည္ထြက္လာၿပီး ေတာင့္တင္းသည့္ ပခုံးသားမ်ား၊ သန္မာသည့္ေက်ာရိုးမ်ားက ေနရာတက်ထြားက်ိဳင္းလာခဲ့၏။
ရွန့္ရွင္းဟယ္သည္လည္း ေကာလိပ္မွ ျပန္လာခ်ိန္သိပ္မရ။ ထို႔ေၾကာင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ မၽွေျခညီရွင္သန္လ်က္ အားတင္းကာ ေနာက္ျပန္ဆုတ္မည္ႀကံရြယ္တိုင္း ေရွ႕တစ္လွမ္းတိုး၍ ႀကိဳးပမ္းခဲ့ေလသည္။
ေကာလိပ္ဝင္ခြင့္စာေမးပြဲကို ေအာင္ျမင္ခဲ့သည့္အခ်ိန္မွစ၍ ရွုက်င္းလည္း တစ္ဖန္ျပန္လည္ဆန္းသစ္လာရသကဲ့သို႔။
ရွုက်င္း ေကာလိပ္ဝင္ခြင့္ျပဳစာရရွိသည္ႏွင့္ ရွုက်ဳံးယြမ္မွာ ေဆြမ်ိဳးမ်ား၊ မိတ္ေဆြမ်ားကို ဖိတ္ၾကားကာ ညစာစားပြဲက်င္းပခဲ့ေလ၏။
ထိုပြဲျဖစ္ေျမာက္ရန္ ရွုက်ဳံးယြမ္ ပိုက္ဆံအေတာ္ျဖဳန္းခဲ့သည္ပင္။ ၿမိဳ႕၌ ေဈးအႀကီးဆုံး၊ အေကာင္းဆုံးဟိုတယ္ကို ငွားရမ္းကာ ည၌ ေရာင္စုံမီးရွူးမီးပန္းမ်ားျဖင့္ တခမ္းတနားက်င္းပေလ၏။ သူ၏သားျဖစ္သူ မည္မၽွအလားအလာေကာင္းေၾကာင္း၊ မည္မၽွႀကိဳးစားခဲ့ရေၾကာင္းကို လူတိုင္းအား အသိေပးခ်င္ခဲ့သည္။
ဧည့္သည္မ်ား စုေဝးေရာက္ရွိသည္ႏွင့္ ရွုက်ဳံးယြမ္မွာ တစ္ခြက္ၿပီးတစ္ခြက္ ေသာက္ေတာ့၏။ ေရာက္လာသမၽွ ဧည့္သည္မ်ားကလည္း ရွုက်ဳံးယြမ္ဟာ သားျဖစ္သူအား အသြန္အသင္ေကာင္းမြန္ခဲ့ေၾကာင္း ခ်ီးမြမ္းၾကေလသည္။
ဦးစြာပထမ ေငြေၾကးမတတ္နိုင္သည့္မိဘမဲ့ေက်ာင္းသားအား စည္းကမ္းတက်ေနထိုင္တတ္ေအာင္ ဆုံးမသြန္သင္ေပးကာ အေကာင္းဆုံးတကၠသိုလ္မ်ားထဲမွတစ္ခုကို တက္ေရာက္နိုင္သည္အထိ တာဝန္ယူေထာက္ပံ့ေပးေၾကာင္း၊ သားအရင္းကိုလည္း ေနာက္က်မက်န္ခဲ့ရေလေအာင္ လမ္းျပေပးကာ နာမည္ႀကီးတကၠသိုလ္တစ္ခု၌ ဝင္ခြင့္ရသည္အထိ တာဝန္က်ေပးခဲ့ေၾကာင္းစသည္ျဖင့္ အမႊမ္းတင္ၾက၏။ ရွုက်ဳံးယြမ္၏စီးပြားေရးလုပ္ငန္းမွာလည္း တက္လမ္းသာရွိေနၿပီး သားအရင္းေရာ၊ ေမြးစားသားကပါ ရွုက်ဳံးယြမ္၏ဂုဏ္ကို ျမႇင့္တင္ေပးလ်က္ရွိေၾကာင္း ေျပာဆိုၾကသည္။ *က်ားအေဖႀကီး၌ ေခြးသားေပါက္ေလးမ်ားမရွိဟူေသာ စကားပုံက ရွုက်ဳံးယြမ္အား ထင္ဟပ္ေပးေနသေယာင္။
[T/N- က်ားကေန ေခြးေမြးမွာမဟုတ္ပါဘူး။ အဲ့လိုပဲ.. တာဝန္ေက်ပြန္တဲ့ဖခင္ေကာင္းတစ္ေယာက္ ပ်ိဳးေထာင္ေပးတဲ့ကေလးကလည္း အမ်ားသူငါလို သာမန္ပဲျဖစ္မွာမဟုတ္ဘူးလို႔ ဆိုလိုတာပါ။ ]
ထိုေန႔က ရွန့္ရွင္းဟယ္ ပြဲသို႔ အနည္းငယ္ေနာက္က်မွ ေရာက္လာခဲ့ေလသည္။
ပြဲ၏အမည္ခံဇာတ္လိုက္ကေလး ရွုက်င္းသည္လည္း ထိုင္ခုံ၌သာ ထိုင္ေနၿပီး ဧကန္ဇာတ္လိုက္ျဖစ္သူ ဖခင္အေနာက္မွ ေရလိုက္ငါးလိုက္ေနေနရ၏။
ရွုက်င္း ေခါင္းလွည့္ၾကည့္လိုက္ေသာ္ ေဟာခန္းတံခါးဝမွ ေလၽွာက္လွမ္းလာသည့္ရွန႔္ရွင္းဟယ္ကို ျမင္လိုက္ရသည္။ ရွုက်င္း သူ႔ကိုယ္သူ ပထမဆုံးေတြးမိသည့္အရာမွာကား ယခုအဝတ္အစားမ်ားျဖင့္ ၾကည့္ေကာင္းေန၍ေလာဟူ၍။
ရွုက်င္းက ဝတ္စုံျပည့္အား ပထမဆုံးဝတ္ဖူးျခင္းျဖစ္၏။ ထိုဝတ္စုံက သူ၏ခါးသြယ္သြယ္ႏွင့္ ေျခတံရွည္မ်ားအား ပိုေပၚလြင္ေစရာ ဖခင္ျဖစ္သူနံေဘး၌ရပ္ေနသည့္ အားမာန္အျပည့္ႏွင့္လူငယ္ေလးဟာ စိတ္အားထက္သန္ေနဟန္။
ပြဲလာဧည့္သည္မ်ားျဖင့္ ျပည့္ႏွက္ေနေသာ ေဟာခန္းထဲ၌ ရွုက်င္းဟာ သူ႔ဆီတည့္တည့္လွမ္းလာေနသည့္ ရွန့္ရွင္းဟယ္ကိုသာ ကြက္ျမင္ေနမိေလသည္။ ရွန့္ရွင္းဟယ္က ရွုက်ဳံးယြမ္အား ရိုက်ိဳးစြာျဖင့္ 'ဦးေလး'ဟု ႏွုတ္ဆက္ကာ ရွုက်င္း၏နားအနား ကပ္ေျပာလိုက္၏။
"အရပ္ရွည္လာတာပဲ"
ရွုက်င္းက အမွုမဲ့အမွတ္မဲ့ဟန္ျဖင့္ ျပန္ေျပာေလသည္။
"ဟားဟား.. အစ္ကို ေနာက္တစ္ခါ ျပန္လာတဲ့အခ်ိန္ဆိုရင္ ကၽြန္ေတာ္ အစ္ကို႔အရပ္ကို မွီသြားေလာက္ၿပီ"
ရွန့္ရွင္းဟယ္က မတ္မတ္ရပ္ကာ မ်က္လုံးကို ေအာက္စိုက္ခ်၍ ျပန္ပက္လိုက္၏။
"အေဝးႀကီးလိုပါေသးတယ္"
ရွုက်င္းမွာေတာ့ နားရြက္ဖ်ားမ်ား နီရဲတြတ္ေနလ်က္ တည့္တည့္ရပ္လိုက္ျပန္သည္။
"ကၽြန္ေတာ္က ၁၈ႏွစ္မျပည့္ေသးဘူးေလ.. အမ်ားႀကီးထပ္ရွည္နိုင္ေသးတယ္!"
"အင္း သိပ္မၾကာခင္ေပါ့"
Advertisement
- In Serial233 Chapters
Taming The Queen Of Beasts
Elreth is a Princess in the world of Anima—where humans can shift into the form of their animal ancestors. As the Lion King's daughter, Elreth breaks a thousand-year tradition when she challenges her father for dominance—and wins. But as the first known dominant Alpha Female, she faces a lonely, and dangerous Rule.
8 142 - In Serial49 Chapters
Off The Grid | j. christopher
in which she finds out that, after all this time, he was the oneorin which he goes off the grid with her
8 221 - In Serial40 Chapters
Forever Heart♡ | ✓
||BOOK ONE IN FOREVER SERIES♡||•Stand-alone•A simple story to knock your hearts with love.Abhimaan and Sameera loved each other with their imperfections and flaws. They were each other's sanity and made them not just fall in love with one another but also to themselves.▪️Cover Credit - @meha-kStarted on: 25th October 2021Finished on: 6th February 2022Most Impressive Ranking#1 in sunset category out of 3.5k#14 in wattpad2021 category out of 556#44 in heart category out of 45.8k#2 in wattpadindia out of 3.12k
8 67 - In Serial54 Chapters
Designs of Love (TP2)
(Complete) When Jennifer Dixon entered their impeccably decorated apartment, she was glad it was quiet and empty. She could call home. She missed her mother and father. When she went into the bedroom to change, she found Sterling in their bed and he wasn't alone. Shocked, her heart was pounding as she said, "I'm calling Sydney to tell her that we're taking the project..."Alex Goodwin really didn't think his day could get any worse? It did when Sydney Thompson called to say that some big deal designer was coming up from New York City to do work on the house he was building. By the time he reached The Point, it was way past noon. His head was throbbing and he was starving. He walked into The Landing and Rick was not there. Instead a strange woman was behind the counter. Betrayed Jen left New York to go home to her family on The Point. The last thing she expected was have to work with a builder who seemed to hate her as much as she hated him.Ranked #1 Builder, infidelity, divorce, frienemy, break up #4 adultfiction© 2018 Pseudoannie All rights reserved
8 258 - In Serial50 Chapters
THE WEDDING PLANNER(Complete)
Elena kingsley - A simple, kind and bubbly girl working as a wedding planner comes to plan the wedding of The Hayden McCarthy of McCarthy industries - A rude and distant billionaire who pretends he has everything yet all he needs is warmth and attention.What happens when Hayden got that from Elena when she comes to plan the former's wedding...lets dive in their lives...Note - Plagiarism is a crime. Do not i repeat do not steal the content. Any incident or situation coinciding with yours or your story is purely unintentional because this is a work of fictionP.S. : This story contains some swearing here and there. There are no as such mature or sexual scenes. So it is safe to read for every kind of reader...
8 236 - In Serial10 Chapters
Remember Me
Sometimes the best memories are sad because you know they will never happen again.Winner of the 2021 Colfer Awards.
8 61

