《Please Don't See Me [Mm Transl. || Completed]》CHAPTER-20
Advertisement
UNICODE
ရှုကျင်းဟာ အဝေးသို့ ထွက်မပြေးနိုင်ခဲ့။
မိသားစုဝင်တစ်ဦးအနေဖြင့် ဆေးရုံ၌ ရှုကျုံးယွမ်အားအဖော်လိုက်ပေးကာ ဆေးစစ်ချက်ရလဒ်အဖြေအတွက် စောင့်ဆိုင်းပေးရပေမည်။ ရန်ပွဲအပြင် ရှုကျင်းနှင့် ရှန့်ရှင်းဟယ်တို့၏အချစ်ရေးကိစ္စကြောင့် ရှုကျုံးယွမ်၏စိတ်အခြေအနေက ကတိမ်းကပါးဖြစ်နေ၏။ ထို့ကြောင့် ရှုကျင်းဘက်မှသာ သူနာပြုများနှင့် အခြားလူနာများ၏မကျေမနပ်ပြောသံကို နာခံရလေသည်။
နှစ်နာရီအကြာတွင် ရဲဝန်ထမ်းများက ဆေးရုံသို့လာပြီး စစ်မေးလေ၏။ ရှုကျင်းသိသမျှက ရှုကျုံးယွမ်ဟာ တစ်ဘက်မှလူအား ခေါင်းကွဲကာသွေးထွက်သည်အထိ ရိုက်နှက်ခဲ့ကြောင်းနှင့် ဆေးရုံတစ်ခုတည်း အတူတက်မနေကြောင်းတို့သာ။ မည်သို့ပင်ဖြစ်လင့်ကစား တစ်ဘက်လူ အမှုဖွင့်ထားသည့်သူက ပြစ်မှုမှတ်တမ်းရှိကာ မကြာသေးခင်ကမှ ထောင်မှထွက်လာသော ရှုကျုံးယွမ်ဖြစ်သည်လေ။
ညနေခင်း၌ ရှုကျုံးယွမ်၏ 'ကျေးဇူးမသိတတ်တဲ့အကောင်၊ မွေးရကျိုးမနပ်တဲ့သားမိုက်'အစရှိသဖြင့် ဆူပူဆဲဆိုမှုများ တဖြည်းဖြည်းလျော့ကျလာပြီးနောက် ရှုကျင်းလည်း တံခါးပိတ်ကာ အပြင်သို့ထွက်နိုင်ခဲ့ချေပြီ။ ထို့နောက် ဆေးရုံစင်္ကြံလမ်း၌ ပထမဆုံးအကြိမ် ရှန့်ရှင်းဟယ်အား စာပို့လိုက်၏။
ရှုကျင်း : ကိုအရင်ပြန်နှင့်။ တကယ်ပြောတာ ကျွန်တော့်ကို မစောင့်နဲ့တော့။
ရှန့်ရှင်းဟယ် : ကိုယ် မင်းအတွက် ထမင်းဝယ်ပေးထားတယ်။
ရှုကျင်း : စားပြီးပြီ။
ရှုကျင်းက ရှန့်ရှင်းဟယ် စိတ်ပူမည်စိုး၍ စာထပ်ပို့လိုက်၏ : ကို အိမ်ပြန်သွားမှ ကျွန်တော်စိတ်ချနိုင်မှာ။
ထပ်ခါထပ်ခါငြင်းဆိုနေသော ရှုကျင်းနှင့် ခေါင်းမာနေသည့် ရှန့်ရှင်းဟယ်။
နောက်တစ်နေ့နံနက် ရှန့်ရှင်းဟယ် ဖုန်းဆက်သော် ရှုကျင်းက တွေ့ရန် မဖြစ်သေးကြောင်း ပြောဆိုလေသည်။ သူ၏နဖူးထက်ရှိ ဒဏ်ရာအပြင် မျက်နှာထက်၌လည်း လက်ငါးချောင်းအရာကြီး ထင်ကျန်နေသေး၏။ ရှုကျုံးယွမ်က နှစ်နှစ်ဆယ်ကျော်တိုင် သားဖြစ်သူအား ကိုယ်ထိလက်ရောက်မရိုက်နှက်ဖူးသော်ငြား ယခုအခါတွင်တော့ ဧကန်ပညာပြလိုက်ပြီဖြစ်သည်။
ရှုကျင်း၏နှုတ်ခမ်းထောင့်ကလည်း ကွဲနေပြီး ပါးစပ်ဟမည်ကြံရွယ်တိုင်း သေမတတ်နာကျင်လှ၏။
ဖုန်းမှတစ်ဆင့် ရှုကျင်းက ပြောပါသည်။
"ဆောရီးပါ ကို.. ကျွန်တော် နှစ်ကူးကိုတော့ ကိုနဲ့တူတူ မရှိပေးနိုင်တော့ဘူး.. မနက်ဖြန်ကလည်း နွေဦးပွဲတော်ဆိုတော့ အဖေ့ကို ဆေးရုံမှာတစ်ယောက်တည်းထားခဲ့ဖို့ကျ အဆင်မပြေဘူး"
"ရပါတယ် ကိစ္စမရှိဘူး"
ရှန့်ရှင်းဟယ်လည်း အတင်းကာရော မတိုက်တွန်းချေ။ သူကိုယ်တိုင်မှာလည်း ရှုကျုံးယွမ်၏အခြေအနေကို စိုးရိမ်နေမိ၏။ ထို့နောက် ရှုကျင်းအား ပြောလာသည်။
"ကိုယ် မင်းအဝတ်လဲလို့ရအောင် ယူလာပေးတယ်.. အပြင်ထွက်လာယူ"
ရှုကျင်းလည်း တံခါးပေါက်ဆီ လျှောက်သွားကာ အပြင်သို့ချောင်းကြည့်၏။ မှန်တံခါးပေါက်၏အပြင်ဘက်၌ လျှောက်လမ်းတစ်ခုရှိနေပြီး သူ၏လက်ရှိအခြေအနေကို ရှန့်ရှင်းဟယ်အား မမြင်စေလို။ အလျင်စလိုကြည့်လိုက်သည့်အတွက် ရှန့်ရှင်းဟယ် အပြင်ဘက်၌ ရှိ၊မရှိကို အတပ်မသိနိုင်။
"သူနာပြုကောင်တာမှာ အပ်ထားလိုက်ရင်ရော? အခုချက်ချင်းကြီးဆို ကျွန်တော်လည်း အဆင်မပြေလို့"
ရှုကျင်းက ဤသို့လိမ်ညာလိုက်ပါသည်။
ရှန့်ရှင်းဟယ်ကိုယ်တိုင်မှာလည်း ရှုကျင်း တစ်ခုခုဖုံးကွယ်ထားမှန်း ရိပ်မိနေသည့်အလျောက် ထပ်မံမေးမြန်းခြင်းမပြုတော့ချေ။
"ကိုယ်တိုင်မသယ်ပါနဲ့.. မင်း ကိုယ့်ကို လိုမယ့်အချိန်ထိ ဒီရှေ့မှာ အချိန်မရွေး ရှိနေပေးမယ်"
ရှုကျင်းမှာ အပြစ်မကင်းစိတ်များ ဖုံးလွှမ်းခံလိုက်ရပါသလို။
ရံဖန်ရံခါဆိုလျှင် အရာအားလုံးကို ထားခဲ့ကာ အိမ်သို့ ခြေကုန်သုတ်နှင်၍ ရှန့်ရှင်းဟယ်၏ရင်ခွင်ကျယ်ထဲ ခိုအောင်းနေလိုက်ချင်တော့သည်။ သို့သော်လည်း အခွင့်မသာချေ။
ကိုယ်ပိုင်စိတ်ဒဏ်ရာများကြောင့်သာမက မမြင်ရသော်လည်း သိသာလွန်းသည့် သူတို့နှစ်ဦးကြားက အဟန့်အတား။
ရှုကျုံးယွမ်၏အခြေအနေက ဆိုးဆိုးရွားရွားမဟုတ်ချေ။ ဆေးရုံ၌ရက်အနည်းငယ်မျှအနားယူပြီးနောက် အိမ်၌သာ နားနားနေနေနေရန် ဆရာဝန်က အကြံပြု၏။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ရှုကျင်းနှင့်ရှန့်ရှင်းဟယ်တို့မှာ အဆက်အသွယ်သိပ်မရကြ။ သို့သော်ငြား ရှုကျင်းက ရှန့်ရှင်းဟယ် သူ့အိမ်၌နေထိုင်နေကြောင်း သိသည့်အလျောက် မျှော်လင့်ချက်ရောင်ခြည်တချို့ကို ခံစားလိုက်ရသည်။ စိတ်ပိုင်းဆိုင်ရာပြင်းရှလွန်းသည့်ကိစ္စရပ်များကို မပြောဖြစ်တော့ချေ။ ရှန့်ရှင်းဟယ်ဘက်မှလည်း စကား,စမလာတော့။ နှစ်သစ်ကူးနံနက်ခင်း၌ တစ်စုံတစ်ဦးက ဆေးရုံသို့ ကိတ်မုန့်ပို့ပေးလိုက်၏။ ကိတ်မုန့်ထက်၌ အပြာရောင်ဝေလငါးရုပ်လေးအား ပုံဖော်ထားလေသည်။
ရှုကျင်းမှာ တစ်နေကုန်အလှထိုင်ကြည့်၍ ညနေစောင်းရောက်မှ စားနိုင်၏။
နှစ်သစ်ကူးအပြီး သုံးရက်မြောက်နံနက်ခင်း၌ ဖုန်းမှတဟ်ဆင့် ရှန့်ရှင်းဟယ်က အလုပ်သို့ပြန်သွားရတော့မည်ဖြစ်ကြောင်း ပြောလာသည်။
ရှုကျင်းခမျာ အနည်းငယ်ကြောက်စိတ်မွှန်သွားရ၏။
"အဲ့လောက်မြန်မြန်ကြီးလား?"
__ငါ သူ့ကိုရှောင်ပဲရှောင်နေလို့ စိတ်ဆိုးသွားတာများလားမသိ?
ရှန့်ရှင်းဟယ်က ဆက်ပြော၏။
"မတ်လကုန်လောက်မှ ပြန်လာဖြစ်မယ်ထင်တယ်.. အဲ့မတိုင်ခင် ချိန်းထားတာတွေနဲ့ အကုန်ပြည့်နေလို့.. ဒီလကုန်ပိုင်းလောက် အချိန်နည်းနည်းရမယ်ထင်တာပဲ.. အဲ့အချိန်ဆို ကိုယ် ပြန်လာလို့ရ၊မရ တစ်ချက်ကြည့်လိုက်ဦးမယ်လေ.. မင်းအလုပ်ကိုလည်း မထိခိုက်စေဘဲပေါ့"
ရှန့်ရှင်းဟယ် ဒေါသထွက်နေခြင်းမဟုတ်။
ရှုကျင်းမှာ မဆိုစလောက်လေး ငိုချင်လာသော်လည်း အောင့်ထားလိုက်ရ၏။
"ဒါဆိုလည်း မနှောင့်ယှက်တော့ဘူးနော်"
ရှန့်ရှင်းဟယ် : "မဟုတ်လည်း မင်း ကိုယ့်ဆီလာလို့ရတာပဲ"
ရှုကျင်း : "..."
"ပြောရရင် ကိုယ်က မတ်လတစ်လလုံး အလုပ်ခရီးထွက်နေမှာမဟုတ်ဘူးကွာ.. ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေဆို ကိုယ့်ဆီလာလို့ရတယ်လေ.. ဟိုကလူတွေအကုန် မင်းကိုသိတာပဲ.. အဆင်ပြေတယ်ဟုတ်?"
ရှုကျင်းခမျာ လန့်ဖျပ်သွားရသည်။
မတူညီသောနေရာ၌ တစ်ယောက်တစ်လှည့်စီ အတူနေကြလျှင်ပင် LDRS ကဖြစ်နေဆဲ။
ရှန့်ရှင်းဟယ်အား အဖြေတစ်စုံတစ်ရာပေးသင့်ကြောင့် သိပါလျက်နှင့် စိတ်ထဲ ဗျာများနေမိသည်။ ရှန့်ရှင်းဟယ်ကို မလုံခြုံသည့်စိတ်ခံစားချက်မျိုး ထပ်မပေးချင်တော့။ သို့သော်လည်း ထပ်ခါထပ်ခါ ရှုံးနိမ့်နေခဲ့သည်ပင်။
ရှန့်ရှင်းဟယ်က တစ်ဖန်ပြန်၍ မေးမြန်း၏။
"လာနိုင်လား?"
နောက်ဆုံးတော့ ရှုကျင်းက လေသံတိုးတိုးလေးဖြင့် တုံ့ပြန်လိုက်သည်။
"ထင်တာပဲ"
ရှန့်ရှင်းဟယ် မြို့မှထွက်ခွာချိန်အထိ နောက်တစ်ဖန် ထပ်မတွေ့ဖြစ်ကြတော့။
~~~
ရှုကျုံးယွမ် ဆေးရုံဆင်းမည့်နေ့၌ ရှုကျင်းက တစ်ဖက်မှ တရားစွဲဆိုထားသူနှင့် ဖြေရှင်းရန် သွားခဲ့၏။ ရဲများ၏အကူအညီနှင့် ပြန်လည်ဖျန်ဖြေနိုင်ခဲ့ပြီး တောင်းပန်သည့်အနေဖြင့် ငွေအမြောက်အများ ပေးခဲ့ရသေးသည်။
Advertisement
ရှုကျုံးယွမ်၏အရိုက်ပုတ်ခံထားရသောထိုလူကြီးမှာလည်း ရှုကျင်းကို မြင်သည်နှင့် ထပ်မံဒေါသမထွက်နိုင်တော့။ အနည်းငယ်မျှ မကျေမနပ်ပြောပြီးနောက် ရှုကျင်းအား လိုက်ပို့ပေးရန် သားဖြစ်သူကို စေခိုင်းလိုက်၏။
ရှုကျင်းနှင့်ထိုလူငယ်မှာ လမ်းသွယ်လေးမှတစ်ဆင့် လမ်းလျှောက်ထွက်လာခဲ့၏။ နောက်ဆုံး၌ တစ်ဖက်လူက စပြောလာပါသည်။
"တောင်းပန်ပါတယ်.. အာ... ငါ့အဖေက မင်းကိုမကျေနပ်တာမဟုတ်ဘူးနော်.. သူ့ကို စိတ်ထဲမထားပါနဲ့"
ရှုကျင်းက ခေါင်းညိတ်ပြလိုက်သည်။
"သိပါတယ်"
ထိုလူ၏ပုံပန်းသွင်ပြင်မှာ ပြည့်ဖောင်းဖောင်းနှင့်ဖြစ်၏။ အသားကင်ဆိုင်၌ အလုပ်လုပ်ခဲ့သည့်ကောင်လေးအသွင်မျိုး မဟုတ်တော့ချေ။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်ထပ်ကာ ကလေးပင်ရနေပြီဖြစ်သည်။ လူငယ်က ခေါင်းကုတ်၍ ရှက်ရွံ့ဟန်ဖြင့် မေးမြန်း၏။
"မင်းအဖေ.. အဲ့အကြောင်းသိတော့ မင်းကိုအော်သေးလား?"
ရှုကျင်း၏နဖူးထက်၌ ဖူးယောင်နေသည့်အမာရွတ်တစ်ခုရှိနေ၍ ကိုယ်တိုင်လည်း မငြင်းနိုင်တော့။
လူငယ်က ထပ်မံပြော၏။
"ရှုကျင်း မင်းက လူကောင်းမှန်းသိပါတယ်.. မင်းအဖေလို မဟုတ်ပါဘူး.. ငါလည်း အရင်က မင်းကို မကျေမနပ်ဖြစ်ဖူးပေမဲ့ ခွင့်လွှတ်ခဲ့တာလည်း ကြာပါပြီ"
ရှုကျင်းက မျက်လွှာချထားလိုက်သည်။
လူငယ်က ဆိုပါ၏။
"တကယ်တော့ အဲ့ဒါမင်းအပြစ်မဟုတ်ဘူး.. စဥ်းစားကြည့်ရင်လည်း အဲ့တုန်းက ငါတို့အကုန်ငယ်ငယ်လေးပဲရှိသေးတာကို.. ငါကိုယ်တိုင်ကလည်း အဲ့တုန်းက လူကြီးတွေကို ငါမဟုတ်ဘူးဆိုပြီး ငြင်းသင့်မှန်းသိပါတယ်.. အစက အဲ့ထဲက ကလေးတစ်ယောက်ကလည်း ငါမဟုတ်ဘူးလို့ ကူပြောပေးသေးတယ်.. ဒါပေမဲ့ ခဏခဏမေးပေါင်းများလာတော့ ငါကိုယ်တိုင်ကတောင် ငါလုပ်တယ်လို့ပဲ ထင်သွားတော့တယ်"
ထိုစကားများအား ရှုကျင်း ပထမဆုံး ကြားဖူးခြင်းပင်။
နဂိုက ရှုကျင်းမှာ တည်တည်ငြိမ်ငြိမ်နေလိုသည့်တိုင် ထိုသို့သောစကားများကို ကြားရလိမ့်မည်ဟု မျှော်လင့်မထား။ 'ငါတို့အကုန်ငယ်ငယ်လေးပဲရှိသေးတာကို.. မင်းအပြစ်မဟုတ်ပါဘူး' ဟူသော စကားများ။ မျက်ရည်များ တဖြိုင်ဖြိုင် စီးပြိုကျတော့မတတ် ဝမ်းနည်းနာကျင်မှုများ ရင်ဘတ်ထဲ တလိပ်လိပ်တက်လာရတော့သည်။
လူငယ်က ဆက်လက်ပြောဆို၏။
"တကယ်တော့ အဆုံးမှာလည်း ငါတို့အားလုံးစိတ်မကောင်းဖြစ်ရပါတယ်.. ငါ့အဖေကလည်း ရှုကျုံးယွမ်ကို လက်စားချေချင်လို့ ဆက်ပြီးတရားစွဲဖို့ကြိုးစားတုန်းဆိုတော့"
ရှုကျင်းက မျက်လုံးများကိုပွတ်ရင်း ခေါင်းခါကာ ပြောလေသည်။
"မတရားတာလုပ်ခဲ့တာက သူပဲကို"
ရှုကျင်း ထွက်မသွားမီ ထိုလူငယ်က မေးမြန်းလာ၏။
"ရှန့်ရှင်းဟယ်နဲ့ရော အဆက်အသွယ်ရှိသေးလား?"
ရှုကျင်းမှာ သူ၏မေးခွန်းကြောင့် အာစေးမိသွားရသည်။ မည်သို့မည်ပုံ ပြန်ဖြေရမည်မှန်း မသိရှိ။
"သူက မင်းအိမ်မှာ အကြာကြီးနေခဲ့တာမလား.. ငါ့အမြင်တော့ မင်းတို့နှစ်ယောက် တော်တော်ရင်းနှီးကြတဲ့ပုံပဲ"
ထိုလူငယ်က စကားဆုံးသော် မသင့်လျော်သည့်တစ်စုံတစ်ရာအား ပြောမိသွားသည့်နှယ် ခံစားလိုက်ရသည်။ ထို့ကြောင့် ပြန်ပြင်ပြော၏။
"တကယ်တော့ သူက လူကောင်းတစ်ယောက်ပါ.. အရင်ကဆို ငါအဆူခံရလည်း သူအမြဲကာပြောပေးခဲ့တာ.. ငါ သူ့ကို နာအောင်လုပ်မိတယ်ထင်ပြီး ငါ့ကို သေလောက်အောင်မုန်းတဲ့ကိစ္စတော့ မပါဘူးပေါ့"
ရှုကျင်း : "..."
လူငယ်က ဆက်ပြောသည်။
"ဒီကိစ္စကို ဒီမှာပဲ ထားခဲ့ကြရအောင်.. မင်း ငါတို့အပေါ် ဘာဆိုဘာမှ အကြွေးတင်မနေပါဘူး.. ပြန်ပြင်ဆင်ချင်တယ်ဆိုရင်တောင် မင်းပြောင်းလဲပေးသင့်တဲ့သူက ရှန့်ရှင်းဟယ်ကိုပါပဲ"
~~~
ရှုကျုံးယွမ် ဆေးရုံမှဆင်းပြီးနောက် သားဖြစ်သူ၏အိမ်၌ နေရမည့်အစား ဟိုတယ်၌သာ ပေကပ်၍နေလေသည်။ ဤသို့ဖြစ်ရခြင်းက သူ၏လိင်စိတ်တိမ်းညွတ်မှုနှင့် သက်ဆိုင်လိမ့်မည်ဟု ရှုကျင်း ခန့်မှန်းမိ၏။
သားအဖနှစ်ယောက် ရံဖန်ရံခါမှသာ စကားပြောဖြစ်ကြပြီး ရှုကျုံးယွမ်က ရှုကျင်းအား ရန်သူသဖွယ် ရန်လိုနေတတ်သည်။ ပို၍ထူးဆန်းသည်က ရှုကျင်း ထိုကိစ္စနှင့်ပတ်သက်ပြီး ဝမ်းနည်းမနေခြင်းပင်။
အိမ်အလွတ်သို့ တစ်ဦးတည်း ပြန်ရောက်သည့်အခိုက် ရှုကျင်း ရုတ်ခြည်းပင်ပန်းနွမ်းနယ်သွားရသည်။
တံခါးမှ အိမ်အတွင်းသို့ ဝင်လိုက်သည်နှင့် ရှိသမျှစွမ်းအင်များ ယုတ်လျော့ကျသွားသည့်နှယ်။ တံခါးဘောင်အား မှီလျက် ကြမ်းပြင်ထက် ဖြည်းညင်းစွာ ထိုင်ချလိုက်၏။ လွန်ခဲ့သည့်ငါးနှစ်ခန့်က ကမောက်ကမဖြစ်ခဲ့ရသည့်နေ့ရက်များက ယခုထိတိုင် အဆင်မပြေသေးကြောင်း ခံစားရသည်။ ဘယ်သောအခါကမှ ရုန်းထွက်နိုင်ခဲ့ခြင်းလည်းမရှိ။
"မင်း ငါတို့အပေါ် ဘာဆိုဘာမှအကြွေးတင်မနေပါဘူး"ဟူသည့် ထိုလူငယ်၏စကားများကို တွေးတောရင်း မိမိအဖြစ်ကို နှစ်သိမ့်နေမိသည်။
အနည်းဆုံးတော့ သူ ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့သည့် တစ်စုံတစ်ရာပင်။
ကြမ်းပြင်ထက်၌ပင် ထိုင်ချရင်း ယခုအခြေအနေအား ရှင်းပြရန် မိခင်ဖြစ်သူဆီ ဖုန်းခေါ်၏။ အတော်အတန်ကြာ စကားဆိုကြပြီးနောက် စိတ်သက်သာရာရသွားပြီဖြစ်ကြောင်း သိသိသာသာ ခံစားလာရသည်။
မိခင်ဖြစ်သူက ဆိုပါ၏။
"သားလုပ်ခဲ့တာကောင်းပါတယ် ရှောင်ကျင်း.. အဲ့ကလေးက ဘာမှမမှားခဲ့ပါဘူး.. တကယ်မှားခဲ့တာက လူကြီးတွေ.. သားက အမှန်ပြင်ပေးခဲ့တာပဲ.. ကိုယ်စိုက်တဲ့အသီးကို ကိုယ်ပဲစားရမှာ.. အနှေးနဲ့အမြန် သူလုပ်ခဲ့တာကို သူပဲ ပြန်ခံစားရမှာပဲ.. အဲ့လိုတစ်နေ့ ရှိလာလိမ့်မယ်"
အစပိုင်း၌ ရှုကျင်း ရှန့်ရှင်းဟယ်နှင့်တွဲနေသည့်ကိစ္စအား လက်ခံရန် ခဲယဥ်းခဲ့သည်မှလွဲ၍ ရှုကျင်း၏မိခင်က ပြစ်တင်ကြိမ်းမောင်းခြင်းမရှိခဲ့။ နှစ်ပေါင်းများစွာကြာပြီးနောက်လည်း ထိုည၌ မိခင်ဖြစ်သူက တူညီသည့်မေးခွန်းကိုသာ မေးမြန်းခဲ့သည်။
"သားနဲ့ရှောင်ရှန့်.. အခုထိ အလားအလာရှိတုန်းပဲလား?"
ရှုကျင်းက သူ ရှန့်ရှင်းဟယ်နှင့်ပြန်ဆုံခဲ့သည့်အကြောင်းအား မိခင်ဖြစ်သူထံ မပြောရသေး။
ထို့ကြောင့် ယခု ရှုကျုံးယွမ်၏အရေးကိစ္စက ရှန့်ရှင်းဟယ်နှင့် တစ်မျိုးတစ်ဖုံ ဆက်စပ်နေမှန်း မသိခဲ့ချေ။
"သား သူ့ကို ကြိုက်သေးရင်လည်း သူနဲ့ပြန်ဆက်သွယ်ဖို့ ကြိုးစားကြည့်ပေါ့.. ရှောင်ရှန့်က သူ့ဘဝရှေ့ရေးအတွက် ကြိုးစားတဲ့ကလေးတစ်ယောက်ပါပဲ.. သားအဖေပြောတာ ကြားရသလောက် အဲ့တုန်းက ရှောင်ရှန့်က ပြောတယ်တဲ့.. သူ့ကို နာကျင်အောင်လုပ်တဲ့လူက သားဖြစ်နေပါစေ သားကိုပဲ လိုချင်တာဆိုပြီး"
Advertisement
"ပြီးတော့ ပြောသေးတယ်.. ဒီကိစ္စကြောင့် သားကို လျစ်လျူရှုမှာလည်း မဟုတ်သလို အပြစ်တင်မှာလည်း မဟုတ်ဘူးတဲ့.. အရင်တုန်းကလိုပဲ သူ့ရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ သားကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးချင်တာတဲ့.. အနာဂတ်က ပြောင်းသွားလိမ့်မယ်လို့ သားကြောက်နေရင်လည်း သူကိုယ်တိုင်က လုံးဝမပြောင်းပစ်ဘူးဆိုတာ အာမခံပါတယ်တဲ့.. ဘာလျော်ကြေးမှလည်း မလိုချင်ဘူး သားရှိရုံနဲ့တင် လုံလောက်ပြီတဲ့"
"အဲ့တုန်းက သားတို့က ကလေးပဲရှိသေးတာလေ.. သူပြောတဲ့စကားကို တကယ်တည်ပေးနိုင်ပါ့မလားဆိုတာ အမေလည်း မယုံရဲခဲ့ဘူး.. အစကတော့ ဒီအကြောင်းတွေ မပြောဘဲနေမလို့ပဲ.. ဒါပေမဲ့ သားတစ်ယောက်တည်း အထီးကျန်နေတာကိုမြင်တိုင်း အမေ အမှားလုပ်မိသလို ခံစားရတယ်"
ဖုန်းချပြီးနောက် ရှုကျင်းက ကြမ်းပြင်ထက်မှ ထရပ်ကာ တွေဝေငေးမောနေမိတော့သည်။
ဖိနပ်စင်သေးသေးလေးကို ဆွဲဖွင့်ကာ ဖိနပ်လဲစီးရန် ပြင်၏။ ထို့နောက် အမြင်အာရုံထဲ ဝင်လာသည်က သူကိုယ်တိုင်ကိုယ်ကျ ရွေးပေးခဲ့သော အမျိုးသားစီးဖိနပ်တစ်ရံ။ တစ်နည်းအားဖြင့် ရှန့်ရှင်းဟယ် ပိုင်ဆိုင်သည့်အရာ။
ဧည့်ခန်းသို့ လျှောက်သွားသော် ဆိုဖာထက်၌ ခေါင်းအုံးအပိုနှစ်လုံး ရှိနေ၏။ ယခင်က ရှုပ်ပွနေသည့် စာအုပ်အပုံလိုက်ကြီးမှာလည်း သေသေသပ်သပ်။
အိပ်ခန်းထဲ ဆက်လျှောက်သွားရာ အိပ်ယာခင်းက လဲလှယ်ပြီးသားဖြစ်နေ၏။ မူလအစက လေးလံကာ သက်သောင့်သက်သာမရှိသောမွေ့ယာနေရာ၌ ပေါ့ပါးနူးညံ့ပြီး အိပ်ချင့်စဖွယ်ကောင်းသည့် ငှက်မွေးဂွမ်းကပ်က အစားထိုးတည်ရှိနေသည်။ ကုတင်ထက်၌ အမွေးနုခေါင်းအုံးနှစ်လုံး ရှိကာ ညဘက်အသုံးပြုရန်အတွက် မီးအိမ်လေးတစ်လုံးလည်း အပိုတည်ရှိနေသေး၏။
ရေချိုးခန်းထဲ၌ ပလုတ်ကျင်းခွက်အတွင်း သွားတိုက်တံနှစ်ချောင်းက မှီလျက်သား။
ရှုကျင်းက ဤနေရာအား ယာယီတည်းခိုရာနေရာဟုသာ သတ်မှတ်ထားသည့်တိုင် လူတချို့က နေအိမ်လေးအဖြစ် မှတ်ယူပေးခဲ့သည်။
တစ်စုံတစ်ရာကြောင့် နိုးကြားလာရသကဲ့သို့ နှာခေါင်းက ယားကျိကျိဖြစ်လာ၏။
ဤသည်က လွန်ခဲ့သောငါးနှစ်မဟုတ်တော့။
ခွဲခွာပြီး ငါးနှစ်အကြာတွင် သူတို့နှစ်ဦး ပြန်လည်တွေ့ဆုံခဲ့သည်။ မသေချာမရေရာသည့်တိုင် ရှန့်ရှင်းဟယ်က သူရှိရာမြို့လေးဆီ လာရောက်ခဲ့သည်။ နောက်တစ်ဖန်ပြန်၍ သူ၏ဘဝထဲ ချဥ်းကပ်လာခဲ့သည်။ ရှုကျင်းက နှလုံးသားတံခါးကို မဖွင့်ပေးခဲ့သည့်တိုင် ရှန့်ရှင်းဟယ်က လက်မလျှော့ခဲ့။ ရှုကျင်းဟာ ယခင်က အမြဲတစေ သူရဲဘောကြောင်နေခဲ့သော်ငြား ပြန်လည်ဆုံစည်းချိန်၌ ရဲရဲဝံ့ဝံ့ ရှေ့တစ်လှမ်းတိုးလာခဲ့သည်။ ရှန့်ရှင်းဟယ်၏ဟိုတယ်အခန်းနံပါတ်အား မေးရင်း ရှန့်ရှင်းဟယ်ထံမှ မိသွားရ၏။
ထို့နောက် ရုတ်တရက်ဆိုသလို ရှုကျုံးယွမ် ထောင်မှထွက်လာခဲ့သည်။ ခိုက်ရန်ဖြစ်ပွားမှုများ၊ ရန်ငြိုးဟောင်းများက မျှော်လင့်ခဲ့ရသည့်နွေဦးပွဲတော်လေးကို နှောင့်ယှက်ခဲ့လေ၏။
သို့သော်ငြား အတော်အတန် ထူးဆန်းပါသည်။ ငါးနှစ်ကြာပြီးနောက် ဤတစ်ကြိမ်တွင်တော့ ရှုကျင်းတစ်ယောက် တဇွတ်ထိုးလုပ်ပစ်ချင်တော့၏။ အချိန်ကြာမြင့်စွာ ခိုအောင်းနေခဲ့သည့်ခံစားချက်များက ရုတ်တရက် ပွင့်ထွက်လာသကဲ့သို့။ အမှန်ဆိုလျှင် လွန်ခဲ့သည့်ငါးနှစ်ကတည်းက ပေါက်ကွဲပစ်ဖို့ကောင်းပါသည်။
စောလည်း မစောသလို နောက်လည်းမကျခဲ့။
လွတ်မြောက်ရန် ထွက်ပြေးနေဆဲဖြစ်သည့်တိုင် တစ်ဖက်တွင်လည်း ရှန့်ရှင်းဟယ်၏ရင်ခွင်ထဲ ပြေးဝင်ပစ်ချင်သည့် ဆန္ဒများက တဟူးဟူးအုံကြွလာခဲ့၏။
ငါးနှစ်ကြာပြီးနောက် သူ အရဲစွန့်ရမည့်အချိန်ကျလာခဲ့ပြီ။
ဖုန်းကို ယူထုတ်ကာ အမြန်ရထားလက်မှတ်များ၊ လေယာဥ်လက်မှတ်များ ကျန်၊ မကျန် ရှာဖွေကြည့်၏။ ကံကြမ္မာက မျက်နှာသာမပေးခဲ့။ တရုတ်နှစ်ကူးအတွင်း ခရီးသည်များ တိုးပွားနေမှုကြောင့် လက်မှတ်အကုန် ရောင်းထွက်သွားပြီဖြစ်သည်။
ထို့ကြောင့် အဝေးပြေးကားဖြင့်သွားရန် သင့်လျော်သည့်ကုမ္ပဏီကို ရှာဖွေရ၏။
ဤမျှဝေးလံလှသည့်ခရီးအတွက် နွေဦးပွဲတော်ပိတ်ရက်အတွင်း အချို့သောကားများသာ ပြေးဆွဲကြမည်ဖြစ်သည်။ အချိန်က ကြာချင်ကြာနိုင်သည်။
ထိုအခိုက်အတန့်ဝယ် ရှုကျင်းက သူ့နံဘေးကလူများ ပြောခဲ့သည့်စကားများကို ပြန်လည်တွေးတောနေမိ၏။
လင်ဝမ်း : "သူက မင်းကို ဟိုးအရင်ကတည်းက ခွင့်လွှတ်ပေးပြီးသားပါ"
ဆယ်စုနှစ်ကျော်ကြာ ရှုကျင်းအား အပြစ်တင်ခဲ့သည့်လူငယ် : "မင်း တကယ်ပြောင်းလဲပေးသင့်တဲ့လူက ရှန့်ရှင်းဟယ်ကိုပါပဲ"
ထို့နောက် မိခင်ဖြစ်သူ : "သူက သားရှိနေသရွေ့ ဘာလျော်ကြေးမှမလိုချင်ပါဘူးတဲ့.. သားနဲ့တင် လုံလောက်ပါပြီတဲ့"
ထို့နောက် ရှန့်ရှင်းဟယ် : "မင်း ကိုယ့်အပေါ် စိတ်မကောင်းဖြစ်ရင် အခုကစပြီး အပြစ်ကြွေးဆပ်နေတယ်လို့ပဲ သဘောထားပေးပါလား"
အွန်လိုင်းမှ အဝေးပြေးကားလက်မှတ်ဝယ်ယူကာ ညလုံးပေါက်ကြာချင်ကြာပါစေ၊ ရှန့်ရှင်းဟယ်ရှိရာ မြို့တော်ဆီ အပြေးသွားချင်မိ၏။
ရှန့်ရှင်းဟယ်အား "နောက်မှ ဆက်ပြောကြတာပေါ့"ဟု စိတ်မပါလက်မပါပြောမည့်အစား၊ မသေချာမရေရာသည့်၊ အာမမခံသည့် "ထင်တာပဲ"ဟူသော ပေါ့ပြက်ပြက်ပြောမည့်အစား ရှုကျင်း ပြောလိုက်ချင်သည်က ------
သူဟာ အင်မတန်လောဘကြီးကြောင်း၊ အမြဲတစေ ရှန့်ရှင်းဟယ်ကိုသာ လိုအပ်ကြောင်း၊ အပြစ်မကင်းစိတ်များ၊ ဝန်ထုပ်ဝန်ပိုးများ မရှိဘဲ ရှန့်ရှင်းဟယ်နှင့်သာ အတူတူရှိနေချင်ကြောင်း ဟူ၍။
ZAWGYI
ရွုက်င္းဟာ အေဝးသို႔ ထြက္မေျပးနိုင္ခဲ့။
မိသားစုဝင္တစ္ဦးအေနျဖင့္ ေဆး႐ုံ၌ ရွုက်ဳံးယြမ္အားအေဖာ္လိုက္ေပးကာ ေဆးစစ္ခ်က္ရလဒ္အေျဖအတြက္ ေစာင့္ဆိုင္းေပးရေပမည္။ ရန္ပြဲအျပင္ ရွုက်င္းႏွင့္ ရွန့္ရွင္းဟယ္တို႔၏အခ်စ္ေရးကိစၥေၾကာင့္ ရွုက်ဳံးယြမ္၏စိတ္အေျခအေနက ကတိမ္းကပါးျဖစ္ေန၏။ ထို႔ေၾကာင့္ ရွုက်င္းဘက္မွသာ သူနာျပဳမ်ားႏွင့္ အျခားလူနာမ်ား၏မေက်မနပ္ေျပာသံကို နာခံရေလသည္။
ႏွစ္နာရီအၾကာတြင္ ရဲဝန္ထမ္းမ်ားက ေဆး႐ုံသို႔လာၿပီး စစ္ေမးေလ၏။ ရွုက်င္းသိသမၽွက ရွုက်ဳံးယြမ္ဟာ တစ္ဘက္မွလူအား ေခါင္းကြဲကာေသြးထြက္သည္အထိ ရိုက္ႏွက္ခဲ့ေၾကာင္းႏွင့္ ေဆး႐ုံတစ္ခုတည္း အတူတက္မေနေၾကာင္းတို႔သာ။ မည္သို႔ပင္ျဖစ္လင့္ကစား တစ္ဘက္လူ အမွုဖြင့္ထားသည့္သူက ျပစ္မွုမွတ္တမ္းရွိကာ မၾကာေသးခင္ကမွ ေထာင္မွထြက္လာေသာ ရွုက်ဳံးယြမ္ျဖစ္သည္ေလ။
ညေနခင္း၌ ရွုက်ဳံးယြမ္၏ 'ေက်းဇူးမသိတတ္တဲ့အေကာင္၊ ေမြးရက်ိဳးမနပ္တဲ့သားမိုက္'အစရွိသျဖင့္ ဆူပူဆဲဆိုမွုမ်ား တျဖည္းျဖည္းေလ်ာ့က်လာၿပီးေနာက္ ရွုက်င္းလည္း တံခါးပိတ္ကာ အျပင္သို႔ထြက္နိုင္ခဲ့ေခ်ၿပီ။ ထို႔ေနာက္ ေဆး႐ုံစႀကႍလမ္း၌ ပထမဆုံးအႀကိမ္ ရွန့္ရွင္းဟယ္အား စာပို႔လိုက္၏။
ရွုက်င္း : ကိုအရင္ျပန္ႏွင့္။ တကယ္ေျပာတာ ကၽြန္ေတာ့္ကို မေစာင့္နဲ႔ေတာ့။
ရွန့္ရွင္းဟယ္ : ကိုယ္ မင္းအတြက္ ထမင္းဝယ္ေပးထားတယ္။
ရွုက်င္း : စားၿပီးၿပီ။
ရွုက်င္းက ရွန့္ရွင္းဟယ္ စိတ္ပူမည္စိုး၍ စာထပ္ပို႔လိုက္၏ : ကို အိမ္ျပန္သြားမွ ကၽြန္ေတာ္စိတ္ခ်နိုင္မွာ။
ထပ္ခါထပ္ခါျငင္းဆိုေနေသာ ရွုက်င္းႏွင့္ ေခါင္းမာေနသည့္ ရွန့္ရွင္းဟယ္။
ေနာက္တစ္ေန႔နံနက္ ရွန့္ရွင္းဟယ္ ဖုန္းဆက္ေသာ္ ရွုက်င္းက ေတြ႕ရန္ မျဖစ္ေသးေၾကာင္း ေျပာဆိုေလသည္။ သူ၏နဖူးထက္ရွိ ဒဏ္ရာအျပင္ မ်က္ႏွာထက္၌လည္း လက္ငါးေခ်ာင္းအရာႀကီး ထင္က်န္ေနေသး၏။ ရွုက်ဳံးယြမ္က ႏွစ္ႏွစ္ဆယ္ေက်ာ္တိုင္ သားျဖစ္သူအား ကိုယ္ထိလက္ေရာက္မရိုက္ႏွက္ဖူးေသာ္ျငား ယခုအခါတြင္ေတာ့ ဧကန္ပညာျပလိုက္ၿပီျဖစ္သည္။
ရွုက်င္း၏ႏွုတ္ခမ္းေထာင့္ကလည္း ကြဲေနၿပီး ပါးစပ္ဟမည္ႀကံရြယ္တိုင္း ေသမတတ္နာက်င္လွ၏။
ဖုန္းမွတစ္ဆင့္ ရွုက်င္းက ေျပာပါသည္။
"ေဆာရီးပါ ကို.. ကၽြန္ေတာ္ ႏွစ္ကူးကိုေတာ့ ကိုနဲ႔တူတူ မရွိေပးနိုင္ေတာ့ဘူး.. မနက္ျဖန္ကလည္း ေႏြဦးပြဲေတာ္ဆိုေတာ့ အေဖ့ကို ေဆး႐ုံမွာတစ္ေယာက္တည္းထားခဲ့ဖို႔က် အဆင္မေျပဘူး"
"ရပါတယ္ ကိစၥမရွိဘူး"
ရွန့္ရွင္းဟယ္လည္း အတင္းကာေရာ မတိုက္တြန္းေခ်။ သူကိုယ္တိုင္မွာလည္း ရွုက်ဳံးယြမ္၏အေျခအေနကို စိုးရိမ္ေနမိ၏။ ထို႔ေနာက္ ရွုက်င္းအား ေျပာလာသည္။
"ကိုယ္ မင္းအဝတ္လဲလို႔ရေအာင္ ယူလာေပးတယ္.. အျပင္ထြက္လာယူ"
ရွုက်င္းလည္း တံခါးေပါက္ဆီ ေလၽွာက္သြားကာ အျပင္သို႔ေခ်ာင္းၾကည့္၏။ မွန္တံခါးေပါက္၏အျပင္ဘက္၌ ေလၽွာက္လမ္းတစ္ခုရွိေနၿပီး သူ၏လက္ရွိအေျခအေနကို ရွန့္ရွင္းဟယ္အား မျမင္ေစလို။ အလ်င္စလိုၾကည့္လိုက္သည့္အတြက္ ရွန့္ရွင္းဟယ္ အျပင္ဘက္၌ ရွိ၊မရွိကို အတပ္မသိနိုင္။
"သူနာျပဳေကာင္တာမွာ အပ္ထားလိုက္ရင္ေရာ? အခုခ်က္ခ်င္းႀကီးဆို ကၽြန္ေတာ္လည္း အဆင္မေျပလို႔"
ရွုက်င္းက ဤသို႔လိမ္ညာလိုက္ပါသည္။
ရွန့္ရွင္းဟယ္ကိုယ္တိုင္မွာလည္း ရွုက်င္း တစ္ခုခုဖုံးကြယ္ထားမွန္း ရိပ္မိေနသည့္အေလ်ာက္ ထပ္မံေမးျမန္းျခင္းမျပဳေတာ့ေခ်။
"ကိုယ္တိုင္မသယ္ပါနဲ႔.. မင္း ကိုယ့္ကို လိုမယ့္အခ်ိန္ထိ ဒီေရွ႕မွာ အခ်ိန္မေရြး ရွိေနေပးမယ္"
ရွုက်င္းမွာ အျပစ္မကင္းစိတ္မ်ား ဖုံးလႊမ္းခံလိုက္ရပါသလို။
ရံဖန္ရံခါဆိုလၽွင္ အရာအားလုံးကို ထားခဲ့ကာ အိမ္သို႔ ေျခကုန္သုတ္ႏွင္၍ ရွန့္ရွင္းဟယ္၏ရင္ခြင္က်ယ္ထဲ ခိုေအာင္းေနလိုက္ခ်င္ေတာ့သည္။ သို႔ေသာ္လည္း အခြင့္မသာေခ်။
ကိုယ္ပိုင္စိတ္ဒဏ္ရာမ်ားေၾကာင့္သာမက မျမင္ရေသာ္လည္း သိသာလြန္းသည့္ သူတို႔ႏွစ္ဦးၾကားက အဟန့္အတား။
ရွုက်ဳံးယြမ္၏အေျခအေနက ဆိုးဆိုးရြားရြားမဟုတ္ေခ်။ ေဆး႐ုံ၌ရက္အနည္းငယ္မၽွအနားယူၿပီးေနာက္ အိမ္၌သာ နားနားေနေနေနရန္ ဆရာဝန္က အႀကံျပဳ၏။
လြန္ခဲ့သည့္ရက္အနည္းငယ္အတြင္း ရွုက်င္းႏွင့္ရွန့္ရွင္းဟယ္တို႔မွာ အဆက္အသြယ္သိပ္မရၾက။ သို႔ေသာ္ျငား ရွုက်င္းက ရွန့္ရွင္းဟယ္ သူ႔အိမ္၌ေနထိုင္ေနေၾကာင္း သိသည့္အေလ်ာက္ ေမၽွာ္လင့္ခ်က္ေရာင္ျခည္တခ်ိဳ႕ကို ခံစားလိုက္ရသည္။ စိတ္ပိုင္းဆိုင္ရာျပင္းရွလြန္းသည့္ကိစၥရပ္မ်ားကို မေျပာျဖစ္ေတာ့ေခ်။ ရွန့္ရွင္းဟယ္ဘက္မွလည္း စကား,စမလာေတာ့။ ႏွစ္သစ္ကူးနံနက္ခင္း၌ တစ္စုံတစ္ဦးက ေဆး႐ုံသို႔ ကိတ္မုန့္ပို႔ေပးလိုက္၏။ ကိတ္မုန့္ထက္၌ အျပာေရာင္ေဝလငါး႐ုပ္ေလးအား ပုံေဖာ္ထားေလသည္။
ရွုက်င္းမွာ တစ္ေနကုန္အလွထိုင္ၾကည့္၍ ညေနေစာင္းေရာက္မွ စားနိုင္၏။
ႏွစ္သစ္ကူးအၿပီး သုံးရက္ေျမာက္နံနက္ခင္း၌ ဖုန္းမွတဟ္ဆင့္ ရွန့္ရွင္းဟယ္က အလုပ္သို႔ျပန္သြားရေတာ့မည္ျဖစ္ေၾကာင္း ေျပာလာသည္။
ရွုက်င္းခမ်ာ အနည္းငယ္ေၾကာက္စိတ္မႊန္သြားရ၏။
"အဲ့ေလာက္ျမန္ျမန္ႀကီးလား?"
__ငါ သူ႔ကိုေရွာင္ပဲေရွာင္ေနလို႔ စိတ္ဆိုးသြားတာမ်ားလားမသိ?
ရွန့္ရွင္းဟယ္က ဆက္ေျပာ၏။
"မတ္လကုန္ေလာက္မွ ျပန္လာျဖစ္မယ္ထင္တယ္.. အဲ့မတိုင္ခင္ ခ်ိန္းထားတာေတြနဲ႔ အကုန္ျပည့္ေနလို႔.. ဒီလကုန္ပိုင္းေလာက္ အခ်ိန္နည္းနည္းရမယ္ထင္တာပဲ.. အဲ့အခ်ိန္ဆို ကိုယ္ ျပန္လာလို႔ရ၊မရ တစ္ခ်က္ၾကည့္လိုက္ဦးမယ္ေလ.. မင္းအလုပ္ကိုလည္း မထိခိုက္ေစဘဲေပါ့"
ရွန့္ရွင္းဟယ္ ေဒါသထြက္ေနျခင္းမဟုတ္။
ရွုက်င္းမွာ မဆိုစေလာက္ေလး ငိုခ်င္လာေသာ္လည္း ေအာင့္ထားလိုက္ရ၏။
"ဒါဆိုလည္း မေႏွာင့္ယွက္ေတာ့ဘူးေနာ္"
ရွန့္ရွင္းဟယ္ : "မဟုတ္လည္း မင္း ကိုယ့္ဆီလာလို႔ရတာပဲ"
ရွုက်င္း : "..."
"ေျပာရရင္ ကိုယ္က မတ္လတစ္လလုံး အလုပ္ခရီးထြက္ေနမွာမဟုတ္ဘူးကြာ.. ႐ုံးပိတ္ရက္ စေန၊ တနဂၤေႏြဆို ကိုယ့္ဆီလာလို႔ရတယ္ေလ.. ဟိုကလူေတြအကုန္ မင္းကိုသိတာပဲ.. အဆင္ေျပတယ္ဟုတ္?"
ရွုက်င္းခမ်ာ လန့္ဖ်ပ္သြားရသည္။
မတူညီေသာေနရာ၌ တစ္ေယာက္တစ္လွည့္စီ အတူေနၾကလၽွင္ပင္ LDRS ကျဖစ္ေနဆဲ။
ရွန့္ရွင္းဟယ္အား အေျဖတစ္စုံတစ္ရာေပးသင့္ေၾကာင့္ သိပါလ်က္ႏွင့္ စိတ္ထဲ ဗ်ာမ်ားေနမိသည္။ ရွန့္ရွင္းဟယ္ကို မလုံျခဳံသည့္စိတ္ခံစားခ်က္မ်ိဳး ထပ္မေပးခ်င္ေတာ့။ သို႔ေသာ္လည္း ထပ္ခါထပ္ခါ ရွုံးနိမ့္ေနခဲ့သည္ပင္။
ရွန့္ရွင္းဟယ္က တစ္ဖန္ျပန္၍ ေမးျမန္း၏။
"လာနိုင္လား?"
ေနာက္ဆုံးေတာ့ ရွုက်င္းက ေလသံတိုးတိုးေလးျဖင့္ တုံ႔ျပန္လိုက္သည္။
"ထင္တာပဲ"
ရွန့္ရွင္းဟယ္ ၿမိဳ႕မွထြက္ခြာခ်ိန္အထိ ေနာက္တစ္ဖန္ ထပ္မေတြ႕ျဖစ္ၾကေတာ့။
~~~
Advertisement
- In Serial9 Chapters
Change My Mind (Updates Fridays)
Alex Gartlan has abilities her mother tries to keep secret: abilities to manipulate what other people see, hear, and – when she's in the zone – think. When someone in her class reveals powers of their own and starts exerting them in frightening ways, Alex discovers that her family secret might not be so secret after all. Even weirder, this stranger might know what happened the night her brother disappeared: something that, up until now, only Alex's mother knows. It's a race for Alex to determine the identity of her superpowered peer before she is herself exposed. But once she starts falling for her dangerous classmate, can she protect her own mind?
8 173 - In Serial65 Chapters
Beach Baby
𝐀𝐔𝐋𝐎𝐑𝐀 𝐉𝐀𝐃𝐄 𝐌𝐀𝐃𝐃𝐄𝐍 is a 18-year-old single mother. She is nice, caring, a wonderful mom. She is in her first year of college with a five-month-old baby girl to take care of. She isn't looking for anyone but what happens when someone sweeps in and steals her heart without her noticing.𝐊𝐀𝐈 𝐄𝐋𝐈 𝐁𝐑𝐎𝐎𝐊𝐒 is a 19-year old college student. He is your typical bad boy minus the sleeping with someone else everyday. He's blunt, doesn't care about anyone, and has no patience's. Except for with her he can't seem to act that way. What happens when a little baby melts his heart but that mother completely steals it?With Aulora being a single mother and Kai being a reckless boy will they ever see eye to eye? Will their differences keep them apart or make them closer?Warnings in book. ━━━━━━━━━━━━━━━━━━━━━𝐓𝐎𝐏 𝐑𝐀𝐓𝐈𝐍𝐆𝐒-#1 in baby mama: 6/17/22#1 in single parent: 6/30/22#1 in college romance: 6/20/22#1 in teen romance: 6/21/22#1 in sunshine: 6/23/22#1 in babies: 6/26/22#2 in good girl: 6/17/22#2 in beach: 6/17/22#5 in love story: 6/23/22#5 in heartwarming: 6/4/22#1 in soft spot: 6/23/22#5 in college: 6/23/22#2 in college student: 7/17/22#9 in humor: 6/20/22 #10 in young adult: 6/23/22#14 in possessive: 6/23/22 #1 in badboyxgoodgirl: 7/12/22#1 in badboygoodgirl: 7/12/22#3 in strangertolovers: 7/17/22
8 248 - In Serial50 Chapters
The Playboy's Wicked Revenge
All she ever wanted was someone who can love her, understand her and respect her but destiny has something else stored.All her life she prayed for one thing which is, not to be a BURDEN on anyone, but life's not fair at allShe thought its love but it was a revenge where she loses herself while he was only standing there with a smirk on his face and a wine in his handsIntroducing Sia Evans and Xander Black where one craves for someone who can understand her while other doesn't give damn to anyoneOne is innocent, other is evilOne is clumsy and awkward while other is PerfectionistOne has so many things to say to the world while the other doesn't give a fuckOne is ice and other is fireFollow their story and see how an evil minded person turn into hopelessly and unconditionally in loveSpoiler alert:The main character will get back to each other, so no one's gonna die or anything but before the happily ever after there will be tears, revenge, innocence and love.YOU ARE GOING TO HATE THE MALE LEAD, SO READ AT YOUR OWN RISK.Hate comments would be deleted immediately.There can be some grammatical error, and I'm sorry for that.You can always leave feedback for the storyPlease give the book a chanceDon't forget to vote and followMost Impressive Ranking so far: #1- Random#1- Tears #1- BackstabbingXoxo ❣️Marbil20 Oct, 2020 - 21 April 2021
8 445 - In Serial38 Chapters
Bestfriend's Dad| lrh
❝Luke? What if someone sees us..❞❝Then let them baby, I need you right now.❞It isn't easy to hide an affair, but it becomes harder when it's none other than your best friends dad.Highest ranking:#2 in romance ~#1 in hemmings ~#1 in luke~~~~~~
8 202 - In Serial87 Chapters
LOVE ME TILL THE END (REPUBLISHED)
Hello guys!!!!! This is Chubby!!! ᐠ( ᐛ )ᐟWell this book is a completed book and due to some own reasons got deleted. But now as all readers want to reread it again.... So I'm publishing it again!!! Mew Suppasit.......CEO of Jongcheevat enterprises. Rich🤑, Handsome💋, Fun loving😃, Flirty boy😏, Sexy🥵, Everyone is ready to spread their legs for him🔥, A playboy😎, Charming😍, Never care about anyone's feeling😒. Selfish🙄..... but when it's comes to his loved ones, he can do anything for them🥰. Hardworking🤓. Gulf Kanawut..... just an employee on Jongcheevat enterprises, who never comes under Mew's charm....yet.Silent😞, Sweet☺, Caring🥰, Broken💔, Respect everyone🙏🏻, Naive🙂, Hardworking🤓, but due to some incident, he can't easily trust anyone😔😔 except his besties mild🤪 and champ😋. Workaholic😎....most importantly SINGLE DAD👨🏻YES, Gulf was a single dad. He has a son name Type kanawut 👦🏻. Gulf is a rare case in which he can give birth😍😇. But no support from his husband🙁🙁, Marky... Why???You will get the answer soon.. 😉What will happen when the fun loving flirty rich playboy will fall for a broken and alone single dad????Will Mew accept Gulf and his son Type? 🤔🤔Will he LOVE HIM TILL THE END???😍😍 or.... 😲😲Let's find out together.... AGAIN! This is a republishing book! Hope you all will enjoy again!!
8 175 - In Serial78 Chapters
Just Friends // Pierre Gasly
Y/n has never had much of a family, it was always her best friend Jules and after the accident the Leclerc's took her in. Falling short of her promise with Jules to always be an F1 fan she get torn in deciding to do what's best or what's easiest. Getting tangled in drama, pain and messy relationships she has to start making some hard choices. Everything seems to be a blur until Charles brought a friend home, then the world seemed to come into focus...
8 94

