《Please Don't See Me [Mm Transl. || Completed]》CHAPTER-21
Advertisement
UNICODE
ရှုကျင်း မြို့မှထွက်ခွာခါနီးအချိန်၌ အမှားတစ်စုံတစ်ရာ ပြုခဲ့မိ၏။ အဝေးပြေးကားမှတ်တိုင်၏ဆားဗစ်ဧရိယာတစ်ဝိုက်၌ ဖုန်းကျန်ခဲ့ခြင်းပင်။
မည်သည့်အချိန်၌ ကျပျောက်သွားသည်ကို ရှုကျင်း မသိရှိ။ ရေနှင့်အစာ သွားဝယ်ခဲ့ရုံသာ။ အဝေးပြေးကားက ၁၂ကီလိုမီတာခန့် မောင်းနှင်ပြီးနောက်မှ သူ ဖုန်းပျောက်နေခြင်းမှန်း သတိထားမိခြင်း။
ဒရိုင်ဘာ၏ဖုန်းကို ငှားယူကာ ဖုန်းခေါ်ကြည့်သော်ငြား ဖုန်းက စက်ပိတ်ထားနှင့်ပြီးဖြစ်သည်။
တစ်စုံတစ်ယောက်က ကောက်ယူသွားခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်၏။
ထိုဖုန်းအား ရှုကျင်း သုံးစွဲနေခဲ့သည်မှာ သုံးနှစ်ခန့်ကြာမြင့်နေလေပြီ။ မော်ဒယ်နိမ့်ကာ တန်ဖိုးမရှိတော့ချေ။
ထို့ကြောင့် ဒရိုင်ဘာက လာမည့်အထွက်ဂိတ်၌ ကားပြန်လှည့်ကာ သွားယူပေးရန် လိုအပ်၊ မအပ် မေးလာခဲ့ချိန်၌ ရှုကျင်း ထိုအကူအညီကို ငြင်းပယ်ခဲ့လေသည်။ ရှန့်ရှင်းဟယ်က နောက်တစ်နေ့တွင် အချိန်ပိုဆင်းမည်ကို သိထားပြီးသည့်အပြင် ရှန့်ရှင်းဟယ်တည်ရှိရာ ရုံးအဆောက်အအုံ၏လိပ်စာကိုလည်း အင်တာနက်မှတစ်ဆင့် ရှာဖွေနှင့်ပြီးပြီ။
သွားလိုရာခရီးဆုံးသော် ရှုကျင်းက သူ့အတွက် စိမ်းသက်သောအဆောက်အအုံ၌ မတ်တပ်ရပ်နေမိ၏။ မိုးထိမြင့်တက်နေသည့်အဆောက်အအုံကြီးကို မျှော်ကြည့်ရင်း ရှုကျင်းသဘောပေါက်လိုက်မိသည်က သူ အလျင်စလိုထွက်လာမိခဲ့လေခြင်းဟူ၍။ ဤသို့ သုတ်တီးသုတ်ပျာရောက်လာခဲ့ခြင်းက ရှန့်ရှင်းဟယ်အတွက် စိတ်တုန်လှုပ်စရာလော၊ အံ့ဩစရာလောကိုဖြင့် ရှုကျင်း မသိရှိ။
ယနေ့ဟာ နွေဦးပွဲတော်ပိတ်ရက်နောက်ဆုံးနေ့ပင်။ ထို့ကြောင့် အဆောက်အအုံအတွင်း၌ အနည်းငယ် လူရှင်းနေ၏။
ရှုကျင်းထံ၌ အလုပ်ကဒ်ပြားမရှိ၍ လုံခြုံရေးအစောင့်က သူ့အား ဝင်ခွင့်မပေး။ ထို့ကြောင့် ရှန့်ရှင်းဟယ်၏ကုမ္ပဏီနာမည်ကို ပြော၍ ရှန့်ရှင်းဟယ်ဆီ ဆက်သွယ်ပေးရန် အစောင့်အား အကူအညီတောင်းရလေ၏။
ရှုကျင်းအား လာကြိုပေးသည့်လူက ရှန့်ရှင်းဟယ်၏အတွင်းရေးမှူးပင်။
"ရှုကျင်း!"
ရှုကျင်းကိုမြင်သော် အတွင်းရေးမှူး၏မျက်ဝန်းများက ဝင်းလက်သွား၏။ ထို့နောက် စိတ်အားထက်သန်စွာဖြင့် ရှုကျင်းအား နှုတ်ဆက်လေသည်။
"ဒီကို ဘယ်လိုရောက်လာတာလဲ? အစ်မကို မှတ်မိသေးလား?"
ရှုကျင်းက ရှက်ရွံ့စွာဖြင့် ပြန်နှုတ်ဆက်၏။
"မင်္ဂလာပါ.. ဟုတ် မှတ်မိတယ်ခင်ဗျ"
ရှန့်ရှင်းဟယ်က ဤအတွင်းရေးမှူး၏အမည်မှာ ကျန်းကျန်းဖြစ်ကြောင်း ပြောပြခဲ့ဖူးသည်။
"ရောက်လာတာ စောသားပဲ.. ကြိုပြောထားရမှာကို.. လေယာဥ်ဆိုက်တာနဲ့ အစ်မလာကြိုပေးလို့ရတာပဲ"
ကျန်းကျန်းက ပြုံးပြရင်း ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။
"ရှုကျင်းကို ကြည့်ရတာ သေချာမအိပ်ရသေးတဲ့ပုံပဲ.. မနက်စောစော လေယာဥ်တွေက အဆိုးဆုံးပဲ! လေယာဥ်ပေါ် ဘယ်လိုမှအိပ်ပျော်မှာမဟုတ်ဘူး"
ရှုကျင်း၏မျက်နှာက သေးသေးသွယ်သွယ်နှင့်ဖျော့တော့ပြီး ဆံပင်များက ရှုပ်ပွနေလေရာ အလွန်ငယ်ရွယ်သည့်ပုံပေါက်နေလေ၏။
"ကျေးဇူးပါ.. အဲ့လိုဆို အစ်မတို့ အလုပ်ပိုရှုပ်သွားမှာစိုးလို့ပါ.. ချက်ချင်းကြီးရောက်လာတော့ အလုပ်ကိုနှောင့်ယှက်မိသလို ဖြစ်သွားလားဟင်?"
ရှုကျင်းက ခေတ္တတွေးတောပြီးနောက် ဆက်ပြောသည်။
"သူက ကျွန်တော်လာမယ်မှန်း ကြိုမသိထားတော့လေ.. တကယ်တော့ သူ့ကို စကားနည်းနည်းပြောစရာရှိရုံပါ"
ကျန်းကျန်းက ရယ်မော၏။
"မဖြစ်ပါဘူးကွယ်! စိတ်မပူနဲ့.. ကုမ္ပဏီမှာ လူသုံး၊လေးယောက်လောက်ပဲ ရှိတာရယ်.. တခြားဝန်ထမ်းတွေ ရောက်မလာကြသေးဘူး"
ကျန်းကျန်းလည်း ရိုးရိုးထသွားထလာဝတ်စုံကို ဝတ်ဆင်ထားမှန်း သတိပြုမိမှ ရှုကျင်းတစ်ယောက် စိတ်သက်သာရာရသွားလေသည်။
ရှန့်ရှင်းဟယ်အလုပ်လုပ်နေသည့်နေရာကို ရောက်လာရန် ရှုကျင်း မရည်ရွယ်ခဲ့။ ဤသည်က သူ့ကို မဆင်မခြင်ပြုမူမိသလို ခံစားစေရလေ၏။
ရှုကျင်းက ခေါင်းညိတ်ပြလိုက်သည်။
"တော်သေးတာပေါ့"
ဓာတ်လှေကားရောက်လာသော် ကျန်းကျန်းက ၃၇ထပ်ကို နှိပ်လိုက်၏။
ရှုကျင်းလည်း အနောက်ဆုတ်ကာ ကျန်းကျန်းနှင့် အနည်းငယ် ခပ်ခွာခွာနေလိုက်သည်။
ဓာတ်လှေကားတက်သွားသည်နှင့်အမျှ အထပ်နံပါတ်များကလည်း ဆက်တိုက်ပြောင်းလဲနေတော့၏။ လွန်ခဲ့သည့်တစ်လခန့်က သူတို့စတင်တွေ့ဆုံခဲ့သည့်နေ့အား ရုတ်ခနဲ ပြန်လည်အမှတ်ရမိသွားသည်။ ထိုနေ့၌လည်း ဤအနေအထားအတိုင်း ဓာတ်လှေကားထဲ၌ ရပ်နေခဲ့ခြင်းပင်။ ထိုအချိန်တုန်းကလည်း ဒေါက်ဖိနပ်စီးထားသည့်ကျန်းကျန်းက ရှုကျင်းအား မည်သည့်အထပ်သို့ သွားလိုကြောင်း မေးမြန်းခဲ့လေသည်။
ဤတစ်ကြိမ်တွင်တော့ ကျန်းကျန်း မေးနေရန်ပင် မလိုအပ်တော့။
တိုတောင်းလှသည့် တစ်လတာအပြောင်းအလဲကြောင့် ရှုကျင်းဟာ ရှန့်ရှင်းဟယ်၏ဘဝထဲသို့ တစ်ခါပြန်ဝင်ခွင့်ရခဲ့၏။
ထိုနေ့က ရှန့်ရှင်းဟယ်၏မျက်နှာအမူအရာအား မှတ်မိနေပါသေးသည်။ ရှန့်ရှင်းဟယ်၏မျက်တောင်များက ရှည်လျားထူထပ်လွန်း၍ အောက်သို့တွဲကျနေသယောင်။ နှုတ်ခမ်းပါးပါးဟာလည်း မျဥ်းကြောင်းတစ်ကြောင်းပမာ။ မျက်ဝန်းအရောင်က အလွန်တရာမှေးမှိန်လှ၏။ ဓာတ်လှေကားတက်သည်နှင့် စခရင်ထက်က အထပ်နံပါတ်များကိုသာ မျက်နှာသေဖြင့် စိုက်ကြည့်နေပြီး လက်တစ်ဖက်ကိုမူ ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားရာ ထိုအရာများက ရှုကျင်းအတွက် ထူးဆန်းသယောင် ဖြစ်ခဲ့လေသည်။
__ကို အဲ့နေ့က ဘာတွေတွေးနေခဲ့ပါလိမ့်?
မည်သို့ပင်ဖြစ်လင့်ကစား တစ်ဦးနှင့်တစ်ဦးတွေ့ဆုံဖြစ်သည့် ရက်အနည်းငယ်ပြီးနောက် ယခုတစ်ကြိမ်ထပ်မံတွေ့ဆုံရတော့မည့်အကြောင်းအား ထပ်မံစဥ်းစားလိုက်ရုံဖြင့် ရှုကျင်း၏နှလုံးသားက တားမရဆီးမရ အရိုင်းဆန်လာခဲ့သည်။
ကျန်းကျန်းနောက်မှလိုက်၍ ဓာတ်လှေကားမှထွက်သော် ရင်ခုန်နှုန်းက ပိုမိုမြန်ဆန်လာလေ၏။ နောက်စက္ကန့်ပိုင်းအတွင်း အသည်းစိုင်က ရင်ဘတ်ထဲမှ ပေါက်ထွက်တော့မတတ်။ လက်သီးဆုပ်ကို ကျစ်ကျစ်ဆုပ်၍ စိတ်ပြန်ငြိမ်အောင် ထိန်းလိုက်ရသည်။
မြောက်များလှစွာသောဈေးကွက်များထဲ ဂန္တဝင်မူပိုင်ကုမ္ပဏီဖြစ်သည့် နာမည်ကြီးကုမ္ပဏီ၏တံခါးပေါက်ကို ဖြတ်လာခဲ့ပြီ။ ထို့နောက် လျှောက်လမ်းအရှည်ကြီးကိုဖြတ်၍ ရုံးခန်းများစွာကို ကျော်လွန်သော် အခန်းတစ်ခန်း၏တံခါးရှေ့၌ ခြေလှမ်းရပ်တန့်သွားသည်။
ကျန်းကျန်းက ကျွမ်းကျင်စွာဖြင့် တံခါးကို တဒါက်ဒေါက်ခေါက်ပြီးနောက် တံခါးကို ဆွဲမဖွင့်မီ : "မစ္စတာရှန့် ရှုကျင်းရောက်ပါပြီ"
ကျယ်ဝန်းလှသည့် ရုံးခန်းအတွင်း ရှန့်ရှင်းဟယ်က သူ့စားပွဲ၌ စာရွက်စာတမ်းများဖြင့် အလုပ်ရှုပ်နေရင်း မျက်နှာသေဖြင့် ခေါင်းမော့ကြည့်၏။ မျက်နှာထားက တခဏချင်း အံ့အားသင့်သွားသည့်ဟန်။
ရှုကျင်း၏မျက်နှာတစ်ပြင်လုံး နီရဲတွတ်သွားရလေသည်။
ရှုကျင်းက ရုံးခန်းအတွင်းသို့ လျှောက်သွားရာ ကျန်းကျန်းက တံခါးပိတ်ကာ ထွက်သွား၏။ ရုံးခန်းထဲဝယ် သူတို့နှစ်ဦးသာ ရှိနေတော့သည်။ ခန္ဓာကိုယ်အနှံ့ အသုံးမကျခြင်းများကို ခံစားမိရသလို : "..."
Advertisement
မည်သူကမျှ စကားမဆိုကြသေး။
ရှန့်ရှင်းဟယ်က မတ်တပ်ထရပ်ရာ ဆုံလည်ကုလားထိုင်က အနောက်ရွေ့သွားသည့်အသံ ထွက်ပေါ်လာ၏။ ရှန့်ရှင်းဟယ်ဘက်မှ စတင်မလှုပ်ရှားမိခင်မှာပင် ရှုကျင်းက သူရှိရာတည့်တည့်ဆီ အပြေးသွားရင်း ပွေ့ဖက်လိုက်တော့သည်။
ချက်ချင်းပင် ရှန့်ရှင်းဟယ်က အနေအထားပြောင်းလိုက်ရာ ရှုကျင်းမှာ ရှန့်ရှင်းဟယ်၏လက်မောင်းများအကြား၊ ရင်ပြင်ကျယ်ကြီးအတွင်း နစ်မြုပ်သွားလေသည်။
ရှုကျင်း၏မျက်နှာက ရှန့်ရှင်းဟယ်၏ပခုံး၌ မှီထားမိ၏။ ယခုထိတိုင် အပြင်ဘက်မှ ချမ်းအေးမှုက ပါလာဆဲ။ ဆံပင်က အေးစက်နေပြီး ခန္ဓာကိုယ်၌လည်း မည်သည့်နေရာက ကပ်ပါလာမှန်းမသိသည့် အပေါစားရေမွှေးနံ့တစ်မျိုးက စွဲထင်နေသေး၏။
ရှန့်ရှင်းဟယ်က အသံဩရှရှဖြင့် ဆိုလေသည်။
"ဘာလို့ဖုန်းပိတ်ထားတာလဲ? ကိုယ် မင်းကို အများကြီးခေါ်ထားတယ်.. မနေ့ညကနေ ခုနကအထိပဲ"
"ကျွန်တော် ဖုန်းပျောက်သွားလို့..."
ရှုကျင်းခမျာ မချင့်မရဲဖြစ်နေရင်း ရုတ်ခြည်းဆိုသလို မာန်ပါလာ၏။
"ချင့်ဟယ်အဝေးပြေးဆားဗစ်ဧရိယာမှာ ပျောက်သွားတာ.. ဒီလိုဖုန်းစုတ်ကို ဘယ်သူက စိတ်ဝင်စားမှာမို့လို့လဲ? ရောင်းရင်တောင် များများစားစားရမှာမဟုတ်ဘူး"
ရှန့်ရှင်းဟယ်က လျင်မြန်စွာ သဘောပေါက်သွားသည်။
"ကားနဲ့လာခဲ့တာပေါ့"
"အင်း ဘာလက်မှတ်မှမရှိတော့လို့.. လေယာဥ်လက်မှတ်ရော၊ အမြန်ရထားလက်မှတ်ရော.. အဲ့ဒါကြောင့် ကားနဲ့မြန်မြန်လာခဲ့တာ"
ရှန့်ရှန်းဟယ်က ဘာမျှမတုံ့ပြန်နိုင်ခင် ရှုကျင်းက နောက်အနည်းငယ်ဆုတ်လိုက်၏။ လက်ကိုဖြင့် မလွှတ်ပေးသေး။ ထို့နောက် ခေါင်းမော့ကာ စကားဆိုလိုက်သည်။
"ကျွန်တော့်ကို ဖုန်းအရင်ငှားထားပေးလေ.. ဖုန်းတော့ ဝယ်ကိုဝယ်မှဖြစ်မယ်"
သို့သော်ငြား ရှန့်ရှင်းဟယ်၏မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက် နှလုံးသားထဲမှ အတိုင်းမသိနာကျင်မှုက ပြည့်လျှံတက်လာ၏။
တစ်ဖက်မျက်လုံးက ဝင်းလဲ့တောက်ပနေသော်ငြား မီးခိုမှိုင်းရောင်မျက်ဝန်းမှာမူ မှေးမှိန်ဖျော့တော့နေသည်။ သူတို့၏ဆက်ဆံရေး ကွဲရှလွယ်နေသေးသည့်အချိန် အဘယ်ကြောင့်များ ရှန့်ရှင်းဟယ်နှင့် အဆက်အသွယ်ပြတ်အောင် နေနိုင်ရလေသနည်း? ယခင်က ထိုအကြောင်းအား အဘယ်ကြောင့် မတွေးမိရလေသနည်း?
ရှန့်ရှင်းဟယ်၏လက်ကိုင်ဖုန်းနံပါတ်ကိုဖြင့် မှတ်ထားသင့်ဖို့ ကောင်းပါသည်။
ရှန့်ရှင်းဟယ်က သဘာဝကျကျပြန်ပြောလိုက်၏။
"ကောင်းပြီလေ.. ညနေလောက် သွားဝယ်ကြတာပေါ့.. ဘာလို့ ဒီကို ချက်ချင်းကြီး ရောက်လာတာလဲ?"
"လာချင်တဲ့စိတ်ပေါ်လာလို့ လာလိုက်တာ"
ရုံးခန်းဧရိယာအတွင်းတွင်တော့ ဖွင့်ဟဝန်ခံဖို့ရာ ရှုကျင်းအတွက် ရှက်ရွံ့စရာကောင်းသည်လေ။
သို့သော် ရုံးခန်းထဲဝင်လာချိန်၌ ရှန့်ရှင်းဟယ်၏စိတ်အခြေအနေက အနည်းငယ်သာသာယာယာရှိလာကြောင်းကို တိတိပပခံစားမိ၏။ ထိုအရာကပင် ရှုကျင်းအား စိတ်သက်သာရာရစေသည်။
ရှန့်ရှင်းဟယ်က ရှုကျင်း၏မျက်နှာအား အသာအယာပွတ်သပ်ရင်း ပင်ပန်းနေလောဟု မေးမြန်း၏။
ရှုကျင်းလည်း ဗိုက်အနည်းငယ်ဆာနေပြီဖြစ်ကြောင်း ပြန်ဖြေရာ ရှန့်ရှင်းဟယ်က မီးဖိုဆောင်နှင့်တွဲ၍ စားစရာများထားသည့်အခန်းထဲ ဝင်သွားပြီး ကျန်းကျန်းယူလာသည့် နေ့လယ်စာအား ယူထုတ်ကာ ရှုကျင်းစားရန် နွှေးပေးလေသည်။
ရှုကျင်းက လန့်ဖျပ်သွား၏။ ဘော့စ်ဖြစ်သူက ဝန်ထမ်းများအား ဤကဲ့သို့ ခေါင်းပုံဖြတ်လိမ့်မည်ဟု မထင်ထားချေ။ နောက်မှ ရှန့်ရှင်းဟယ်က ဆိုလာ၏။
"နေ့လယ်လောက်ရောက်မှ သူစားဖို့ တစ်ခုခုဝယ်ကျွေးလိုက်မယ်"
ရှုကျင်း : "အဆင်ပြေပါ့မလားဟင်?"
မလှမ်းမကမ်းမှနေ၍ ကျန်းကျန်း၏ 'ရတာပေါ့~~~"ဟူသည့်အသံရှည်ကြီးကို ကြားလိုက်ရ၏။ ရှန့်ရှင်းဟယ်က နှုတ်ခမ်းထောင့်စွန်းကို ကွေးညွတ်၍ အစားအစာဘူးနှင့်တကွ ရှုကျင်းအား အခန်းထဲ တွန်းခေါ်သွားလေသည်။
ရှုကျင်းက ရှန့်ရှင်းဟယ်၏အခန်းထဲ စားနေချိန်၌ အခြားလုပ်ဖော်ကိုင်ဖက်တစ်ဦး ဝင်လာ၏။ ထိုလုပ်ဖော်ကိုင်ဖက်မှာလည်း ဘော့စ်၏စားပွဲထက်၌ တစ်စုံတစ်ယောက်က မထီလေးစား အစာစားရဲသည်ဟူသော အချက်ကို အလေးမထားဘဲ ရှုကျင်းကိုသာ ပြုံးပြုံးလေးနှုတ်ဆက်သည်။
အလုပ်အကြောင်းဆွေးနွေးပြီးနောက် အခန်းမှထွက်မသွားခင် ထိုလုပ်ဖော်ကိုင်ဖက်က ရှန့်ရှင်းဟယ်၏စားပွဲထက်၌ ချောကလက်နှစ်တုံးကို ယူဆောင်သွား၏။ ပါကင်ဘူးက အနီရောင်ဖြစ်နေ၍ နွေဦးပွဲတော်အတွင်း လာပို့ထားသည့် လက်ဆောင်ဖြစ်ရမည်။ လုပ်ဖော်ကိုင်ဖက်က ရှုကျင်းအား ပြုံးဖြီးဖြီးနှင့် မေးလေ၏။
"ဒီည မစ္စတာရှန့်နဲ့ ညစာတူတူစားကြမှာပေါ့?"
ရလဒ်သည်ကား အနှီလုပ်ဖော်ကိုင်ဖက်မှာ ရှန့်ရှင်းဟယ်၏မောင်းထုတ်ခြင်းကိုသာ ခံလိုက်ရလေသည်။
အပြင်လောကက ရှန့်ရှင်းဟယ်အား မောက်မာခက်ထန်သည့်လုပ်ငန်းရှင်တစ်ဦးအဖြစ် သတ်မှတ်ထားကြသော်ငြား ကုမ္ပဏီအတွင်းတွင်တော့ ရှုကျင်း ထင်ထားသည်နှင့် လုံးလုံးလျားလျားကွဲပြားနေခဲ့၏။
ရှုကျင်းက ထမင်းတစ်ငုံအပြည့်ဝါး၍ ပါးနှစ်ဖက်က ဘောလုံးလို ဖောင်းကားနေလေသည်။ ထို့နောက် ရှန့်ရှင်းဟယ်အား ဗလုံးဗထွေးမေးလာ၏။
"..... ကျွန်တော် ဘယ်သူလဲဆိုတာ သူတို့အကုန်လုံးသိတာလား?"
ရှန့်ရှင်းဟယ်အား စာရိုက်ရင်း ဟန်ဆောင်ပန်ဆောင် ပြောလေသည်။
"အိုး မင်းက ဘယ်သူတဲ့လဲ?"
ရှန့်ရှင်းဟယ်က ရှုကျင်းအား မော့ကြည့်လိုက်၏။ မေးသည့်လူကိုယ်တိုင်ကို ဖြေခိုင်းစေချင်သည့်ပုံပင်။
ရှုကျင်း : "..."
ယခုထိပင် ရှုကျင်းခမျာ ကိစ္စများကို ရှင်းလင်းအောင် မဖြေရှင်းနိုင်သေး။ သူ မည်သူမည်ဝါဖြစ်ကြောင်း ပြန်ပြောနိုင်မည့်သတ္တိက အဘယ်မှာ ရှိအံ့နည်း။ ခေါင်းငုံ့ကာ ဆက်စားနေရင်း ရှန့်ရှင်းဟယ်အား မည်သို့မည်ပုံ ဝန်ခံရမည်ကိုသာ တွေးတောနေတော့သည်။
ရှန့်ရှင်းဟယ်၏ရုံး၌ အချိန်ပိုဆင်းရာတွင် နားရန်အတွက် အခန်းငယ်လေးတစ်ခု ထားရှိပေးထား၏။
အစာစားပြီးသော် ရှန့်ရှင်းဟယ်က ရှုကျင်းအား ထိုအခန်းအတွင်း ခေါ်သွား၍ အိပ်စက်အနားယူစေသည်။ ဝန်ထမ်းများရှိမနေသောကြောင့် ကုမ္ပဏီတစ်ခုလုံးက တိတ်ဆိတ်နေ၏။ အပြင်ဘက်၌ ရှန့်ရှင်းဟယ်က လုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောနေသည်ကို ခပ်ရေးရေးလေးကြားနေရသည်။ မကြာမီတွင် ရှုကျင်း အိပ်ပျော်သွားလေ၏။ မည်မျှကြာသွားသည်မသိ။ နောက်ကျော၌ ရင်းနှီးနေသည့်ရနံ့တစ်မျိုးကို အာရုံခံစားလိုက်ရ၏။ ခါးသည်လည်း လက်နှစ်ဖက်ဖြင့် အပွေ့ခံလိုက်ရလေသည်။
ရှုကျင်းက အိပ်ချင်မူးတူးဖြင့် မေး၏။
"ကို?"
ရှန့်ရှင်းဟယ်က အသံနက်နက်ဖြင့် ပြောလာသည်။
"ဆက်အိပ် ဆက်အိပ်.. သူတို့စဥ်းစားတတ်တယ်.. ကိုယ်တို့ကို လာနှောင့်ယှက်ရဲမှာမဟုတ်ဘူး"
Advertisement
ရှုကျင်း၏မျက်ခွံများ လေးလံသွားရပြန်၏။
ရှန့်ရှင်းဟယ်က သူ၏ကုတ်အင်္ကျီကိုမချွတ်ဘဲ စောင်ထဲတူတူဝင်လှဲလိုက်သည်ကို ရှုကျင်းခံစားမိ၏။ ဝတ်စုံပြည့်နှင့် အိပ်စက်မည့်ပုံပင်။
ရှန့်ရှင်းဟယ်က ထပ်ပြော၏။
"နည်းနည်းထပ်အိပ်လိုက်ဦး.. ကိုယ် နှိုးစက်ပေးထားမယ်.. မနေ့ညက ကိုယ်လည်း သိပ်မအိပ်ရသေးဘူး"
ရှုကျင်းက ရှန့်ရှင်းဟယ်ဘက် လှည့်လိုက်၏။ သက်သောင့်သက်သာရှိသည့် အနေအထားကို ရှာတွေ့ပြီးနောက် ရှန့်ရှင်းဟယ်၏ရှပ်အင်္ကျီအား လက်တစ်ဖက်ဖြင့် လှမ်းဆွဲလိုက်သည်။
ရှန့်ရှင်းဟယ်အား လာရှာသည့် ပထမဆုံးနေ့၌ပင် ရှန့်ရှင်းဟယ်၏ရင်ခွင်ထဲ ခေါင်းတိုးဝင်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် "ကျွန်တော် ကို့ကို ချစ်တယ်"ဟု ဗလုံးဗထွေးပြောလိုက်လေသည်။ နေရာသည်ကား စိတ်ကူးယဥ်ဆန်ဆန်နေရာမဟုတ်ဘဲ ရှန့်ရှင်းဟယ်အလုပ်လုပ်သည့်နေရာဖြစ်နေခဲ့သည်။
ညအထိ သူမစောင့်နိုင်တော့။
ZAWGYI
ရွုက်င္း ၿမိဳ႕မွထြက္ခြာခါနီးအခ်ိန္၌ အမွားတစ္စုံတစ္ရာ ျပဳခဲ့မိ၏။ အေဝးေျပးကားမွတ္တိုင္၏ဆားဗစ္ဧရိယာတစ္ဝိုက္၌ ဖုန္းက်န္ခဲ့ျခင္းပင္။
မည္သည့္အခ်ိန္၌ က်ေပ်ာက္သြားသည္ကို ရွုက်င္း မသိရွိ။ ေရႏွင့္အစာ သြားဝယ္ခဲ့႐ုံသာ။ အေဝးေျပးကားက ၁၂ကီလိုမီတာခန့္ ေမာင္းႏွင္ၿပီးေနာက္မွ သူ ဖုန္းေပ်ာက္ေနျခင္းမွန္း သတိထားမိျခင္း။
ဒရိုင္ဘာ၏ဖုန္းကို ငွားယူကာ ဖုန္းေခၚၾကည့္ေသာ္ျငား ဖုန္းက စက္ပိတ္ထားႏွင့္ၿပီးျဖစ္သည္။
တစ္စုံတစ္ေယာက္က ေကာက္ယူသြားခဲ့ျခင္း ျဖစ္ေကာင္းျဖစ္နိုင္၏။
ထိုဖုန္းအား ရွုက်င္း သုံးစြဲေနခဲ့သည္မွာ သုံးႏွစ္ခန့္ၾကာျမင့္ေနေလၿပီ။ ေမာ္ဒယ္နိမ့္ကာ တန္ဖိုးမရွိေတာ့ေခ်။
ထို႔ေၾကာင့္ ဒရိုင္ဘာက လာမည့္အထြက္ဂိတ္၌ ကားျပန္လွည့္ကာ သြားယူေပးရန္ လိုအပ္၊ မအပ္ ေမးလာခဲ့ခ်ိန္၌ ရွုက်င္း ထိုအကူအညီကို ျငင္းပယ္ခဲ့ေလသည္။ ရွန့္ရွင္းဟယ္က ေနာက္တစ္ေန႔တြင္ အခ်ိန္ပိုဆင္းမည္ကို သိထားၿပီးသည့္အျပင္ ရွန့္ရွင္းဟယ္တည္ရွိရာ ႐ုံးအေဆာက္အအုံ၏လိပ္စာကိုလည္း အင္တာနက္မွတစ္ဆင့္ ရွာေဖြႏွင့္ၿပီးၿပီ။
သြားလိုရာခရီးဆုံးေသာ္ ရွုက်င္းက သူ႔အတြက္ စိမ္းသက္ေသာအေဆာက္အအုံ၌ မတ္တပ္ရပ္ေနမိ၏။ မိုးထိျမင့္တက္ေနသည့္အေဆာက္အအုံႀကီးကို ေမၽွာ္ၾကည့္ရင္း ရွုက်င္းသေဘာေပါက္လိုက္မိသည္က သူ အလ်င္စလိုထြက္လာမိခဲ့ေလျခင္းဟူ၍။ ဤသို႔ သုတ္တီးသုတ္ပ်ာေရာက္လာခဲ့ျခင္းက ရွန့္ရွင္းဟယ္အတြက္ စိတ္တုန္လွုပ္စရာေလာ၊ အံ့ဩစရာေလာကိုျဖင့္ ရွုက်င္း မသိရွိ။
ယေန႔ဟာ ေႏြဦးပြဲေတာ္ပိတ္ရက္ေနာက္ဆုံးေန႔ပင္။ ထို႔ေၾကာင့္ အေဆာက္အအုံအတြင္း၌ အနည္းငယ္ လူရွင္းေန၏။
ရွုက်င္းထံ၌ အလုပ္ကဒ္ျပားမရွိ၍ လုံျခဳံေရးအေစာင့္က သူ႔အား ဝင္ခြင့္မေပး။ ထို႔ေၾကာင့္ ရွန့္ရွင္းဟယ္၏ကုမၸဏီနာမည္ကို ေျပာ၍ ရွန့္ရွင္းဟယ္ဆီ ဆက္သြယ္ေပးရန္ အေစာင့္အား အကူအညီေတာင္းရေလ၏။
ရွုက်င္းအား လာႀကိဳေပးသည့္လူက ရွန့္ရွင္းဟယ္၏အတြင္းေရးမွူးပင္။
"ရွုက်င္း!"
ရွုက်င္းကိုျမင္ေသာ္ အတြင္းေရးမွူး၏မ်က္ဝန္းမ်ားက ဝင္းလက္သြား၏။ ထို႔ေနာက္ စိတ္အားထက္သန္စြာျဖင့္ ရွုက်င္းအား ႏွုတ္ဆက္ေလသည္။
"ဒီကို ဘယ္လိုေရာက္လာတာလဲ? အစ္မကို မွတ္မိေသးလား?"
ရွုက်င္းက ရွက္ရြံ႕စြာျဖင့္ ျပန္ႏွုတ္ဆက္၏။
"မဂၤလာပါ.. ဟုတ္ မွတ္မိတယ္ခင္ဗ်"
ရွန့္ရွင္းဟယ္က ဤအတြင္းေရးမွူး၏အမည္မွာ က်န္းက်န္းျဖစ္ေၾကာင္း ေျပာျပခဲ့ဖူးသည္။
"ေရာက္လာတာ ေစာသားပဲ.. ႀကိဳေျပာထားရမွာကို.. ေလယာဥ္ဆိုက္တာနဲ႔ အစ္မလာႀကိဳေပးလို႔ရတာပဲ"
က်န္းက်န္းက ျပဳံးျပရင္း ဓာတ္ေလွကားခလုတ္ကို ႏွိပ္လိုက္သည္။
"ရွုက်င္းကို ၾကည့္ရတာ ေသခ်ာမအိပ္ရေသးတဲ့ပုံပဲ.. မနက္ေစာေစာ ေလယာဥ္ေတြက အဆိုးဆုံးပဲ! ေလယာဥ္ေပၚ ဘယ္လိုမွအိပ္ေပ်ာ္မွာမဟုတ္ဘူး"
ရွုက်င္း၏မ်က္ႏွာက ေသးေသးသြယ္သြယ္ႏွင့္ေဖ်ာ့ေတာ့ၿပီး ဆံပင္မ်ားက ရွုပ္ပြေနေလရာ အလြန္ငယ္ရြယ္သည့္ပုံေပါက္ေနေလ၏။
"ေက်းဇူးပါ.. အဲ့လိုဆို အစ္မတို႔ အလုပ္ပိုရွုပ္သြားမွာစိုးလို႔ပါ.. ခ်က္ခ်င္းႀကီးေရာက္လာေတာ့ အလုပ္ကိုေႏွာင့္ယွက္မိသလို ျဖစ္သြားလားဟင္?"
ရွုက်င္းက ေခတၱေတြးေတာၿပီးေနာက္ ဆက္ေျပာသည္။
"သူက ကၽြန္ေတာ္လာမယ္မွန္း ႀကိဳမသိထားေတာ့ေလ.. တကယ္ေတာ့ သူ႔ကို စကားနည္းနည္းေျပာစရာရွိ႐ုံပါ"
က်န္းက်န္းက ရယ္ေမာ၏။
"မျဖစ္ပါဘူးကြယ္! စိတ္မပူနဲ႔.. ကုမၸဏီမွာ လူသုံး၊ေလးေယာက္ေလာက္ပဲ ရွိတာရယ္.. တျခားဝန္ထမ္းေတြ ေရာက္မလာၾကေသးဘူး"
က်န္းက်န္းလည္း ရိုးရိုးထသြားထလာဝတ္စုံကို ဝတ္ဆင္ထားမွန္း သတိျပဳမိမွ ရွုက်င္းတစ္ေယာက္ စိတ္သက္သာရာရသြားေလသည္။
ရွန့္ရွင္းဟယ္အလုပ္လုပ္ေနသည့္ေနရာကို ေရာက္လာရန္ ရွုက်င္း မရည္ရြယ္ခဲ့။ ဤသည္က သူ႔ကို မဆင္မျခင္ျပဳမူမိသလို ခံစားေစရေလ၏။
ရွုက်င္းက ေခါင္းညိတ္ျပလိုက္သည္။
"ေတာ္ေသးတာေပါ့"
ဓာတ္ေလွကားေရာက္လာေသာ္ က်န္းက်န္းက ၃၇ထပ္ကို ႏွိပ္လိုက္၏။
ရွုက်င္းလည္း အေနာက္ဆုတ္ကာ က်န္းက်န္းႏွင့္ အနည္းငယ္ ခပ္ခြာခြာေနလိုက္သည္။
ဓာတ္ေလွကားတက္သြားသည္ႏွင့္အမၽွ အထပ္နံပါတ္မ်ားကလည္း ဆက္တိုက္ေျပာင္းလဲေနေတာ့၏။ လြန္ခဲ့သည့္တစ္လခန့္က သူတို႔စတင္ေတြ႕ဆုံခဲ့သည့္ေန႔အား ႐ုတ္ခနဲ ျပန္လည္အမွတ္ရမိသြားသည္။ ထိုေန႔၌လည္း ဤအေနအထားအတိုင္း ဓာတ္ေလွကားထဲ၌ ရပ္ေနခဲ့ျခင္းပင္။ ထိုအခ်ိန္တုန္းကလည္း ေဒါက္ဖိနပ္စီးထားသည့္က်န္းက်န္းက ရွုက်င္းအား မည္သည့္အထပ္သို႔ သြားလိုေၾကာင္း ေမးျမန္းခဲ့ေလသည္။
ဤတစ္ႀကိမ္တြင္ေတာ့ က်န္းက်န္း ေမးေနရန္ပင္ မလိုအပ္ေတာ့။
တိုေတာင္းလွသည့္ တစ္လတာအေျပာင္းအလဲေၾကာင့္ ရွုက်င္းဟာ ရွန့္ရွင္းဟယ္၏ဘဝထဲသို႔ တစ္ခါျပန္ဝင္ခြင့္ရခဲ့၏။
ထိုေန႔က ရွန့္ရွင္းဟယ္၏မ်က္ႏွာအမူအရာအား မွတ္မိေနပါေသးသည္။ ရွန့္ရွင္းဟယ္၏မ်က္ေတာင္မ်ားက ရွည္လ်ားထူထပ္လြန္း၍ ေအာက္သို႔တြဲက်ေနသေယာင္။ ႏွုတ္ခမ္းပါးပါးဟာလည္း မ်ဥ္းေၾကာင္းတစ္ေၾကာင္းပမာ။ မ်က္ဝန္းအေရာင္က အလြန္တရာေမွးမွိန္လွ၏။ ဓာတ္ေလွကားတက္သည္ႏွင့္ စခရင္ထက္က အထပ္နံပါတ္မ်ားကိုသာ မ်က္ႏွာေသျဖင့္ စိုက္ၾကည့္ေနၿပီး လက္တစ္ဖက္ကိုမူ ေဘာင္းဘီအိတ္ကပ္ထဲ ထည့္ထားရာ ထိုအရာမ်ားက ရွုက်င္းအတြက္ ထူးဆန္းသေယာင္ ျဖစ္ခဲ့ေလသည္။
__ကို အဲ့ေန႔က ဘာေတြေတြးေနခဲ့ပါလိမ့္?
မည္သို႔ပင္ျဖစ္လင့္ကစား တစ္ဦးႏွင့္တစ္ဦးေတြ႕ဆုံျဖစ္သည့္ ရက္အနည္းငယ္ၿပီးေနာက္ ယခုတစ္ႀကိမ္ထပ္မံေတြ႕ဆုံရေတာ့မည့္အေၾကာင္းအား ထပ္မံစဥ္းစားလိုက္႐ုံျဖင့္ ရွုက်င္း၏ႏွလုံးသားက တားမရဆီးမရ အရိုင္းဆန္လာခဲ့သည္။
က်န္းက်န္းေနာက္မွလိုက္၍ ဓာတ္ေလွကားမွထြက္ေသာ္ ရင္ခုန္ႏွုန္းက ပိုမိုျမန္ဆန္လာေလ၏။ ေနာက္စကၠန့္ပိုင္းအတြင္း အသည္းစိုင္က ရင္ဘတ္ထဲမွ ေပါက္ထြက္ေတာ့မတတ္။ လက္သီးဆုပ္ကို က်စ္က်စ္ဆုပ္၍ စိတ္ျပန္ၿငိမ္ေအာင္ ထိန္းလိုက္ရသည္။
ေျမာက္မ်ားလွစြာေသာေဈးကြက္မ်ားထဲ ဂႏၲဝင္မူပိုင္ကုမၸဏီျဖစ္သည့္ နာမည္ႀကီးကုမၸဏီ၏တံခါးေပါက္ကို ျဖတ္လာခဲ့ၿပီ။ ထို႔ေနာက္ ေလၽွာက္လမ္းအရွည္ႀကီးကိုျဖတ္၍ ႐ုံးခန္းမ်ားစြာကို ေက်ာ္လြန္ေသာ္ အခန္းတစ္ခန္း၏တံခါးေရွ႕၌ ေျခလွမ္းရပ္တန့္သြားသည္။
က်န္းက်န္းက ကၽြမ္းက်င္စြာျဖင့္ တံခါးကို တဒါက္ေဒါက္ေခါက္ၿပီးေနာက္ တံခါးကို ဆြဲမဖြင့္မီ : "မစၥတာရွန့္ ရွုက်င္းေရာက္ပါၿပီ"
က်ယ္ဝန္းလွသည့္ ႐ုံးခန္းအတြင္း ရွန့္ရွင္းဟယ္က သူ႔စားပြဲ၌ စာရြက္စာတမ္းမ်ားျဖင့္ အလုပ္ရွုပ္ေနရင္း မ်က္ႏွာေသျဖင့္ ေခါင္းေမာ့ၾကည့္၏။ မ်က္ႏွာထားက တခဏခ်င္း အံ့အားသင့္သြားသည့္ဟန္။
ရွုက်င္း၏မ်က္ႏွာတစ္ျပင္လုံး နီရဲတြတ္သြားရေလသည္။
ရွုက်င္းက ႐ုံးခန္းအတြင္းသို႔ ေလၽွာက္သြားရာ က်န္းက်န္းက တံခါးပိတ္ကာ ထြက္သြား၏။ ႐ုံးခန္းထဲဝယ္ သူတို႔ႏွစ္ဦးသာ ရွိေနေတာ့သည္။ ခႏၶာကိုယ္အႏွံ့ အသုံးမက်ျခင္းမ်ားကို ခံစားမိရသလို : "..."
မည္သူကမၽွ စကားမဆိုၾကေသး။
ရွန့္ရွင္းဟယ္က မတ္တပ္ထရပ္ရာ ဆုံလည္ကုလားထိုင္က အေနာက္ေရြ႕သြားသည့္အသံ ထြက္ေပၚလာ၏။ ရွန့္ရွင္းဟယ္ဘက္မွ စတင္မလွုပ္ရွားမိခင္မွာပင္ ရွုက်င္းက သူရွိရာတည့္တည့္ဆီ အေျပးသြားရင္း ေပြ႕ဖက္လိုက္ေတာ့သည္။
ခ်က္ခ်င္းပင္ ရွန့္ရွင္းဟယ္က အေနအထားေျပာင္းလိုက္ရာ ရွုက်င္းမွာ ရွန့္ရွင္းဟယ္၏လက္ေမာင္းမ်ားအၾကား၊ ရင္ျပင္က်ယ္ႀကီးအတြင္း နစ္ျမဳပ္သြားေလသည္။
ရွုက်င္း၏မ်က္ႏွာက ရွန႔္ရွင္းဟယ္၏ပခုံး၌ မွီထားမိ၏။ ယခုထိတိုင္ အျပင္ဘက္မွ ခ်မ္းေအးမွုက ပါလာဆဲ။ ဆံပင္က ေအးစက္ေနၿပီး ခႏၶာကိုယ္၌လည္း မည္သည့္ေနရာက ကပ္ပါလာမွန္းမသိသည့္ အေပါစားေရေမႊးနံ႔တစ္မ်ိဳးက စြဲထင္ေနေသး၏။
ရွန့္ရွင္းဟယ္က အသံဩရွရွျဖင့္ ဆိုေလသည္။
"ဘာလို႔ဖုန္းပိတ္ထားတာလဲ? ကိုယ္ မင္းကို အမ်ားႀကီးေခၚထားတယ္.. မေန႔ညကေန ခုနကအထိပဲ"
"ကၽြန္ေတာ္ ဖုန္းေပ်ာက္သြားလို႔..."
ရွုက်င္းခမ်ာ မခ်င့္မရဲျဖစ္ေနရင္း ႐ုတ္ျခည္းဆိုသလို မာန္ပါလာ၏။
"ခ်င့္ဟယ္အေဝးေျပးဆားဗစ္ဧရိယာမွာ ေပ်ာက္သြားတာ.. ဒီလိုဖုန္းစုတ္ကို ဘယ္သူက စိတ္ဝင္စားမွာမို႔လို႔လဲ? ေရာင္းရင္ေတာင္ မ်ားမ်ားစားစားရမွာမဟုတ္ဘူး"
ရွန့္ရွင္းဟယ္က လ်င္ျမန္စြာ သေဘာေပါက္သြားသည္။
"ကားနဲ႔လာခဲ့တာေပါ့"
"အင္း ဘာလက္မွတ္မွမရွိေတာ့လို႔.. ေလယာဥ္လက္မွတ္ေရာ၊ အျမန္ရထားလက္မွတ္ေရာ.. အဲ့ဒါေၾကာင့္ ကားနဲ႔ျမန္ျမန္လာခဲ့တာ"
ရွန့္ရွန္းဟယ္က ဘာမၽွမတုံ႔ျပန္နိုင္ခင္ ရွုက်င္းက ေနာက္အနည္းငယ္ဆုတ္လိုက္၏။ လက္ကိုျဖင့္ မလႊတ္ေပးေသး။ ထို႔ေနာက္ ေခါင္းေမာ့ကာ စကားဆိုလိုက္သည္။
"ကၽြန္ေတာ့္ကို ဖုန္းအရင္ငွားထားေပးေလ.. ဖုန္းေတာ့ ဝယ္ကိုဝယ္မွျဖစ္မယ္"
သို႔ေသာ္ျငား ရွန့္ရွင္းဟယ္၏မ်က္ႏွာအမူအရာကို ရွင္းရွင္းလင္းလင္းျမင္ၿပီးေနာက္ ႏွလုံးသားထဲမွ အတိုင္းမသိနာက်င္မွုက ျပည့္လၽွံတက္လာ၏။
တစ္ဖက္မ်က္လုံးက ဝင္းလဲ့ေတာက္ပေနေသာ္ျငား မီးခိုမွိုင္းေရာင္မ်က္ဝန္းမွာမူ ေမွးမွိန္ေဖ်ာ့ေတာ့ေနသည္။ သူတို႔၏ဆက္ဆံေရး ကြဲရွလြယ္ေနေသးသည့္အခ်ိန္ အဘယ္ေၾကာင့္မ်ား ရွန့္ရွင္းဟယ္ႏွင့္ အဆက္အသြယ္ျပတ္ေအာင္ ေနနိုင္ရေလသနည္း? ယခင္က ထိုအေၾကာင္းအား အဘယ္ေၾကာင့္ မေတြးမိရေလသနည္း?
ရွန့္ရွင္းဟယ္၏လက္ကိုင္ဖုန္းနံပါတ္ကိုျဖင့္ မွတ္ထားသင့္ဖို႔ ေကာင္းပါသည္။
ရွန့္ရွင္းဟယ္က သဘာဝက်က်ျပန္ေျပာလိုက္၏။
"ေကာင္းၿပီေလ.. ညေနေလာက္ သြားဝယ္ၾကတာေပါ့.. ဘာလို႔ ဒီကို ခ်က္ခ်င္းႀကီး ေရာက္လာတာလဲ?"
"လာခ်င္တဲ့စိတ္ေပၚလာလို႔ လာလိုက္တာ"
႐ုံးခန္းဧရိယာအတြင္းတြင္ေတာ့ ဖြင့္ဟဝန္ခံဖို႔ရာ ရွုက်င္းအတြက္ ရွက္ရြံ႕စရာေကာင္းသည္ေလ။
သို႔ေသာ္ ႐ုံးခန္းထဲဝင္လာခ်ိန္၌ ရွန့္ရွင္းဟယ္၏စိတ္အေျခအေနက အနည္းငယ္သာသာယာယာရွိလာေၾကာင္းကို တိတိပပခံစားမိ၏။ ထိုအရာကပင္ ရွုက်င္းအား စိတ္သက္သာရာရေစသည္။
ရွန့္ရွင္းဟယ္က ရွုက်င္း၏မ်က္ႏွာအား အသာအယာပြတ္သပ္ရင္း ပင္ပန္းေနေလာဟု ေမးျမန္း၏။
ရွုက်င္းလည္း ဗိုက္အနည္းငယ္ဆာေနၿပီျဖစ္ေၾကာင္း ျပန္ေျဖရာ ရွန့္ရွင္းဟယ္က မီးဖိုေဆာင္ႏွင့္တြဲ၍ စားစရာမ်ားထားသည့္အခန္းထဲ ဝင္သြားၿပီး က်န္းက်န္းယူလာသည့္ ေန႔လယ္စာအား ယူထုတ္ကာ ရွုက်င္းစားရန္ ေႏႊးေပးေလသည္။
ရွုက်င္းက လန့္ဖ်ပ္သြား၏။ ေဘာ့စ္ျဖစ္သူက ဝန္ထမ္းမ်ားအား ဤကဲ့သို႔ ေခါင္းပုံျဖတ္လိမ့္မည္ဟု မထင္ထားေခ်။ ေနာက္မွ ရွန့္ရွင္းဟယ္က ဆိုလာ၏။
"ေန႔လယ္ေလာက္ေရာက္မွ သူစားဖို႔ တစ္ခုခုဝယ္ေကၽြးလိုက္မယ္"
ရွုက်င္း : "အဆင္ေျပပါ့မလားဟင္?"
မလွမ္းမကမ္းမွေန၍ က်န္းက်န္း၏ 'ရတာေပါ့~~~"ဟူသည့္အသံရွည္ႀကီးကို ၾကားလိုက္ရ၏။ ရွန့္ရွင္းဟယ္က ႏွုတ္ခမ္းေထာင့္စြန္းကို ေကြးညြတ္၍ အစားအစာဘူးႏွင့္တကြ ရွုက်င္းအား အခန္းထဲ တြန္းေခၚသြားေလသည္။
ရွုက်င္းက ရွန့္ရွင္းဟယ္၏အခန္းထဲ စားေနခ်ိန္၌ အျခားလုပ္ေဖာ္ကိုင္ဖက္တစ္ဦး ဝင္လာ၏။ ထိုလုပ္ေဖာ္ကိုင္ဖက္မွာလည္း ေဘာ့စ္၏စားပြဲထက္၌ တစ္စုံတစ္ေယာက္က မထီေလးစား အစာစားရဲသည္ဟူေသာ အခ်က္ကို အေလးမထားဘဲ ရွုက်င္းကိုသာ ျပဳံးျပဳံးေလးႏွုတ္ဆက္သည္။
Advertisement
- In Serial71 Chapters
Beautiful Infatuation
The worst mistake that Sneha could do was to save a girl from getting assaulted. That is because the girl whom she saved was none other than the sister of the Mafia boss of Mumbai. Turned out that the mafia boss started doubting Sneha for being an accomplice of the assault. But, when her innocence was revealed, the unfortunate had already happened.The mafia boss had developed a beautiful infatuation with her. And, he would not stop until she is his.This is the story of Sneha, who comes from a humble family and wants to have a simple life. But, life threw her straight into the arms of a lively hurricane...the boss of Mumbai Mafia. How will she try to free herself from the chains of the man who is determined to have her in his life? Or will she succumb to his passionate desires?(Regular Updates){Beginning: 1 Oct 2021}
8 491 - In Serial26 Chapters
The Tyrant's Enchantress
Catherine Bel Swan, the only daughter of the king and the most beautiful enchantress is sent to another kingdom to fulfill her grandfather's dying wish. All she ever wanted was to live with her brother after his coronation and explore the vast lands and mountains on the southern islands, and to become a powerful enchantress. Now, Catherine's life turned for the worse when she least expects it. Hi! I update every Wednesdays and Fridays! [Photo is not mine. Credits to the owner.]
8 186 - In Serial40 Chapters
Devil's Eyes
You've got the devil in your eyesYou went and took me by surpriseSay what you wanna say I won't go backIf you wanna hit the road then let's go thenLet's just go and see the world and just show themWhat it really means to live life goldenIn which Sage Baglio meets the notorious Dave East, self proclaimed King of New York, and enters his world, one opposite from hers.
8 89 - In Serial45 Chapters
Lady Sarah's Secret
Sarah is in trouble, so she's willing to fall back on an old betrothal contract to save herself from a lecherous guardian out for her inheritance. One problem - her last hope is long dead and now it's his brother with the title and estate. The brother she always loved... and the one who never wanted her. Can she keep her secret long enough to outrun her guardian? Or will someone recognize her while she hides in plain sight?
8 97 - In Serial15 Chapters
Don't Disappoint Me
I find the Noah/MC relationship in the Love Island game extremely unsatisfying, so I have created my own story where Noah and MC can be together, no snakes or slimy feelings involved. I also wanted a LI to appreciate MC for something besides her style and loyalty, so I've incorporated a lot of that as well.
8 174 - In Serial15 Chapters
Writer Room
Get a behind-the-scenes look at my writing process, craft tips, publishing advice, sneak peeks at new books, and discussions about everything from mafia movies to dogs!
8 134

