《The Time Between You And Me》Part 1.1
Advertisement
Zawgyi
" လိုအပ္တာရွိရင္ ေခၚလိုက္ပါေနာ္
ဆရာ Xiao ။ Wang သခင္ေလးက
ေသခ်ာမွာထားတာ မို႔ပါ "
" သြားၿပီေနာ္ အကို Xiao "
Xiao Zhan အိမ္ေတာ္ထိန္း ေျမးအဖိုးကို ၿခံျပင္ထိလိုက္ပို႔ေပးၿပီးေနာက္ ပစၥည္းေတြလဲ အကုန္ေနရာခ်ၿပီးၿပီမို႔ သူ႕အလုပ္အတြက္ စတင္ဖို႔ ျပင္ဆင္လိုက္ေတာ့သည္။
ေလဝင္ေလထြက္ေကာင္းၿပီး အလင္းေရာင္လည္း ေကာင္းေကာင္းရသည္မို႔ ဤအခန္းကို Bao Chi စကားနားေထာင္ၿပီး ေ႐ြးလိုက္သည္မွာ မွန္သြားသည္ဟု Xiao Zhan ထင္မိသည္။ ပန္းခ်ီစဆြဲၿပီဆိုတာနဲ႕ ေရေတာင္ထမေသာက္တတ္သူမို႔ ဆြဲရင္း ဆြဲရင္း ဘယ္အခ်ိန္ရွိလို႔ရွိမွန္းမသိ ေအးစိမ့္စိမ့္ျဖစ္လာသည္ဟု ခံစားရမွ အျပင္ကိုၾကည့္မိေတာ့ ေနေတာင္ဝင္ေနၿပီ။
Xiao Zhan ဆြဲလက္စ ပန္းခ်ီကားကို ရပ္ၿပီး အေညာင္းအညာေျပေအာင္ အေၾကာဆန့္လိုက္ၿပီးေနာက္ ေလေကာင္းေလသန့္ရႉဖို႔ အခန္းအျပင္ ဝရန္တာဘက္သို႔ ထြက္လိုက္သည္။ မီးေလးေတြ မွိတ္တုတ္ မွိတ္တုတ္နဲ႕အတူ မွိန္ျပျပျမင္ေနရတဲ့ ခ်ိဳက္ရီၿမိဳ႕ရဲ႕ အလွက ဟိုးအေဝးက ထိန္ထိန္သာေနတဲ့
လျပည့္ဝန္းႀကီးရဲ႕ ေအာက္မွာ လွခ်င္တိုင္း လွလို႔ေနသည္။ သဘာဝတရားရဲ႕ လွပမႈေၾကာင့္ သူအလိုလို ၿပဳံးမိၿပီး ဤျမင္ကြင္းေလးကို အမွတ္ရေနေစရန္အတြက္ ပန္းခ်ီကားတစ္ခ်ပ္ေလာက္ေတာ့ ဆြဲဦးမည္ဟု သူဆုံးျဖတ္လိုက္မိသည္။
အလင္းေရာင္ကို တျဖည္းျဖည္းတိုက္စားလာတဲ့ အေမွာင္ထုနဲ႕ အတူတူ ရာသီဥတုက ပို၍ ေအးစိမ့္လာၿပီး ေလတိုက္ႏႈန္းကလည္း ပိုၿပီးျပင္းလာသလိုလို။ Xiao Zhan က အေအးမေၾကာက္ေပမယ့္
ေလတစ္ခ်က္တိုက္တိုင္း အရိုးထဲကေန စိမ့္စိမ့္ၿပီး ေအးလာသလို ခံစားခ်က္ႀကီးေၾကာင့္ ေနမေကာင္းမျဖစ္ခင္ အိမ္ထဲျပန္ဝင္ဖို႔ သူေျခလွမ္းျပင္လိုက္တုန္း
ေလတစ္ခ်က္အေဝွ႕မွာ ေမ်ာလြင့္လာျပန္တဲ့ စႏၵကူးရနံ႕ေလး။
" ေမႊးလိုက္တာ " Xiao Zhan တစ္ဝႀကီး ရႉၿပီး အခန္းဘက္သို႔ျပန္အလွည့္
သူဆြဲထားတဲ့ ပန္းခ်ီကားေရွ႕မွာ ရပ္ၿပီး
သူ႕ကို စိုက္ၾကည့္ေနတဲ့တစ္စုံတစ္ေယာက္ေၾကာင့္ လန့္မေအာ္မိေအာင္ မနည္းထိန္းခ်ဳပ္လိုက္ရသည္။
" ဘယ္.... ဘယ္သူလဲ "
Xiao Zhan ေမးၿပီးမွ ကိုယ့္ကိုယ္ကို
ေတာ္ေတာ္တုံးအသြားမွန္း သတိထားမိသည္။ ဟုတ္သားပဲ ညေတာင္ေရာက္ေနၿပီကို ဦးေလး Bao က ညစာပို႔ခိုင္းလိုက္တာေနမယ္။ ဒါေပမယ့္ အဲ့လိုဆိုရေအာင္လည္း သူ႕ေရွ႕ကလူပုံစံက အျဖဴေရာင္ရွပ္အကၤ်ီလက္ရွည္ရယ္ အျဖဴေရာင္ ေဘာင္းဘီရွည္ရယ္ကို စတိုင္က်က်ဝတ္ဆင္ထားၿပီး အသားအရည္က နည္းနည္းျဖဴဖပ္ျဖဴေရာ္ျဖစ္ေနသလို။ အရပ္က Xiao Zhan ႏွင့္ မတိမ္းမယိမ္းျဖစ္ၿပီးေသခ်ာၾကည့္ေတာ့ မ်က္ႏွာကလည္း ေခ်ာသည္ဟု ဆိုလွ်င္ အဓိပၸါယ္ေပါ့သြားမလား ထင္ရေအာင္ ေခ်ာလြန္းသည့္ လူျဖစ္သည္။ Xiao Zhan တစ္သက္နဲ႕ တစ္ကိုယ္ ဤမွ် ၿပီးျပည့္စုံလြန္းသည့္ လူသားကို မျမင္ဘူးခဲ့။ သာမန္လူတစ္ေယာက္ဟု ဆိုရသည္ထက္ ပိုးလိုဥၿပီး ေမြးထားေသာ သခင္ေလးတစ္ေယာက္လို ျဖစ္ေနသည္မို႔ Xiao Zhan မဝံ့မရဲနဲ႕ ေမးလိုက္မိသည္။
" Bao....Bao Chi တို႔နဲ႕ တူတူလာတာလား။ Bao Chi ေရာ ဘာလို႔ မင္းတစ္ေယာက္ထဲလဲ။ "
Xiao Zhan ရဲ႕ အူေၾကာင္ေၾကာင္ အေမးစကားနဲ႕ လိုက္ဖက္စြာပင္
တစ္ဖက္က ခ်စ္စဖြယ္ နတ္သားေလးကလဲ အူေၾကာင္ေၾကာင္ ျပန္ေမးလာသည္။
" ငါ့ကို ျမင္ရတာလား "
ျမင္ရလား ဆိုတာ ဘာကိုေမးတာလဲ။
ျမင္ရတာေပါ့။ ကန္းေနတာမွ မဟုတ္တာ။ ငါ့ေရွ႕မွာ အေကာင္လိုက္ႀကီးရပ္ေနတာပဲကို။ ႐ုပ္ကေလးသနားကမားနဲ႕ ႐ူးေနတာမ်ားလား။
ေျပာခ်င္သမွ်ကို မနည္းၿမိဳသိပ္ၿပီး
" ေကာင္ေလး ေနမေကာင္းရင္တစ္ေယာက္တည္းေလွ်ာက္မသြားနဲ႕။
ဟုတ္ၿပီလား။ Bao Chi ကိုသြားရွာလိုက္မယ္။ ဒီက ပစၥည္းေတြမထိနဲ႕ေနာ္။ "
Xiao Zhan မွာသာ မွာေနရေပမယ့္
စိတ္ေတာ့မခ်။ ေတာ္ၾကာ ဆြဲလက္စ သူ႕ပန္းခ်ီကားေလးကို တစ္ခုခုလုပ္လိုက္ရင္ အဆုံးသတ္ ရင္ကြဲရမွာက သူျဖစ္သည္။
Xiao Zhan အံ့ၾသေနဟန္ျဖင့္ ျပဴးၾကည့္ေနတဲ့ အျဖဴေကာင္ေလးကို
စိတ္မခ်တာနဲ႕ သူနဲ႕အတူ ေအာက္ထပ္ကို လိုက္ခဲ့ရန္ ေခၚမည္ဟု ျပင္ေနတုန္း
တံခါးဖြင့္သံႏွင့္အတူ Bao Chi ၏ ေခါင္းေလးျပဴထြက္လာတာေတြ႕လိုက္ရသည္မို႔ သူထခုန္မတတ္ ဝမ္းသာမိသြားေတာ့သည္။
" အကို Xiao ကြၽန္ေတာ္ေရာက္ၿပီ "
" Bao Chi အစကတည္းက မင္းလာပါလား။ ေနမေကာင္းတဲ့ သူကို လႊတ္လိုက္ရလား "
Xiao Zhan ဆူေငါက္လိုက္ေတာ့
Bao Chi က ေၾကာင္အမ္းသြားၿပီး
ျပန္ေမးလာသည္။
" ဘာကိုလဲ အကိုေလး "
" ဘာရမွာလဲ သူေလ.... " Xiao Zhan အေနာက္ကိုလွည့္ၿပီး အေစာက အျဖဴေကာင္ေလး ရပ္ေနသည့္ေနရာကို
လက္ညွိုးထိုးလိုက္ၿပီးမွ သူမ်က္လုံးျပဴးသြားမိသည္။
ဘယ္ေရာက္သြားတာလဲ။
အေစာပိုင္းကပဲ ဒီေနရာမွာ ရပ္ေနတာကို။ ထြက္စရာအေပါက္ကလဲ တံခါးေပါက္ကလြဲရင္ ဝရန္တာပဲရွိသည္။
ႏွစ္ထပ္ထဲဆိုေပမယ့္ အိမ္ေတာ္က ယခုေခတ္ ေလးထပ္ေလာက္ ျမင့္သည္မို႔
Advertisement
ခုန္ခ်သြားတာလဲ မျဖစ္နိုင္။ Xiao Zhan
မယုံၾကည္နိုင္ေသာ မ်က္ဝန္းမ်ားျဖင့္
ေရခ်ိဳးခန္း၊ အိမ္သာေတြသာမက ဘီဒိုေတြပါ ဖြင့္ၿပီး လိုက္ရွာေတာ့သည္။
Xiao Zhan လုပ္ေနတာေတြကို အစအဆုံး နားမလည္သလို ၾကည့္ေနတဲ့
Bao Chi က အတန္ၾကာေတာ့ ငိုမဲ့မဲ့ အသံေလးနဲ႕ ေျပာလာသည္။
" အကို Xiao ကြၽန္ေတာ္ေၾကာက္လာၿပီ။ ကြၽန္ေတာ္တို႔ ေအာက္ထပ္ဆင္းရေအာင္ေလေနာ္။ "
ေခတ္ပညာတတ္ပီပီ သရဲ၊ တေစၦဆိုတာ အယုံအၾကည္မရွိသည့္မို႔ Xiao Zhan
ေသခ်ာေအာင္ ထပ္ေမးလိုက္သည္။
" Bao Chi ဒီအိမ္ေတာ္မွာ ငါေျပာတဲ့
ပုံစံနဲ႕လူ မရွိတာ ေသခ်ာလား။ မင္းငါ့ကို ေနာက္ေနတာဆို မလြယ္ဘူးေနာ္။ "
" အကိုေလးကလဲ။ ကြၽန္ေတာ္က ဘယ္လိုသတၱိနဲ႕ လိမ္ရဲမွာလဲ။ တကယ္ပါ
မယုံရင္ ပါးပါးကို ေမးၾကည့္လို႔ရတယ္။ "
Xiao Zhan သက္ျပင္းခ်ရင္း
" ဒါဆို ဒီၿခံထဲမွာ စႏၵကူးပင္ရွိလား။ "
Bao Chi က အူလည္လည္ျဖစ္သြားပုံနဲ႕
ျပန္ေျဖလာသည္။
" မရွိပါဘူး။ ကြၽန္ေတာ္ေမြးကတည္းက
ေနလာတာပဲ ဒီၿခံထဲမွာ စႏၵကူးပင္ရယ္လို႔မရွိပါဘူး "
Xiao Zhan ဇြဲမေလ်ာ့ေပ။
" ဒါဆို ဒီၿခံနဲ႕ မနီးမေဝးမွာေရာ ရွိလား။
မျမင္ဘူးရင္ေတာင္ကြာ ေလတိုက္ရင္ အနံ႕ပဲျဖစ္ျဖစ္ရဖူးလား "
" မရွိပါဘူးဆို... အကိုေလးကလည္း။ ကြၽန္ေတာ္ေၾကာက္လာၿပီ။ ေအာက္ထပ္မွာ စားဖို႔ျပင္ေပးထားတယ္။ အရင္ဆုံးဆင္းက်ရေအာင္ပါေနာ္။ လာပါ ေနာက္မွေမးပါေတာ့။ "
Bao Chi က သူ႕လက္ကို အတင္းဆြဲၿပီး ေအာက္ထပ္ကို ေခၚသြားတာေၾကာင့္ ပါသြားေပမယ့္လည္း Xiao Zhan စိတ္ထဲမွာ မတင္မက်ျဖစ္ေနၿပီး မေက်နပ္နိုင္ေပ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီေန႕ေတာ့ ညဥ့္နက္ေနၿပီမို႔ မနက္ျဖန္က်မွ အေျဖရွာၾကည့္လဲ ေနာက္မက်ေသးပါဘူးေလ။
သူ ဒီအိမ္ေတာ္မွာ ၂ လ ေလာက္ေတာ့ေနရဦးမွာပဲကို။ အခ်ိန္ေတြရွိပါေသးတယ္။ အိမ္အႀကီးႀကီးမွာ တစ္ေယာက္တည္းမို႔ ပ်င္းစရာေကာင္းမယ္ထင္တာ။ အခုလိုဆိုေတာ့လည္း မဆိုးပါဘူး။ စိတ္ဝင္စားစရာ ေကာင္းသားပဲ။
အျဖဴေကာင္ေလးေရ တကယ္ပဲ မင္းက
ဘာလဲ။
The Time Between You And Me
Unicode
" လိုအပ်တာရှိရင် ခေါ်လိုက်ပါနော်
ဆရာ Xiao ။ Wang သခင်လေးက
သေချာမှာထားတာ မို့ပါ "
" သွားပြီနော် အကို Xiao "
Xiao Zhan အိမ်တော်ထိန်း မြေးအဖိုးကို ခြံပြင်ထိလိုက်ပို့ပေးပြီးနောက် ပစ္စည်းတွေလဲ အကုန်နေရာချပြီးပြီမို့ သူ့အလုပ်အတွက် စတင်ဖို့ ပြင်ဆင်လိုက်တော့သည်။
လေဝင်လေထွက်ကောင်းပြီး အလင်းရောင်လည်း ကောင်းကောင်းရသည်မို့ ဤအခန်းကို Bao Chi စကားနားထောင်ပြီး ရွေးလိုက်သည်မှာ မှန်သွားသည်ဟု Xiao Zhan ထင်မိသည်။ ပန်းချီစဆွဲပြီဆိုတာနဲ့ ရေတောင်ထမသောက်တတ်သူမို့ ဆွဲရင်း ဆွဲရင်း ဘယ်အချိန်ရှိလို့ရှိမှန်းမသိ အေးစိမ့်စိမ့်ဖြစ်လာသည်ဟု ခံစားရမှ အပြင်ကိုကြည့်မိတော့ နေတောင်ဝင်နေပြီ။
Xiao Zhan ဆွဲလက်စ ပန်းချီကားကို ရပ်ပြီး အညောင်းအညာပြေအောင် အကြောဆန့်လိုက်ပြီးနောက် လေကောင်းလေသန့်ရှူဖို့ အခန်းအပြင် ဝရန်တာဘက်သို့ ထွက်လိုက်သည်။ မီးလေးတွေ မှိတ်တုတ် မှိတ်တုတ်နဲ့အတူ မှိန်ပြပြမြင်နေရတဲ့ ချိုက်ရီမြို့ရဲ့ အလှက ဟိုးအဝေးက ထိန်ထိန်သာနေတဲ့
လပြည့်ဝန်းကြီးရဲ့ အောက်မှာ လှချင်တိုင်း လှလို့နေသည်။ သဘာဝတရားရဲ့ လှပမှုကြောင့် သူအလိုလို ပြုံးမိပြီး ဤမြင်ကွင်းလေးကို အမှတ်ရနေစေရန်အတွက် ပန်းချီကားတစ်ချပ်လောက်တော့ ဆွဲဦးမည်ဟု သူဆုံးဖြတ်လိုက်မိသည်။
အလင်းရောင်ကို တဖြည်းဖြည်းတိုက်စားလာတဲ့ အမှောင်ထုနဲ့ အတူတူ ရာသီဥတုက ပို၍ အေးစိမ့်လာပြီး လေတိုက်နှုန်းကလည်း ပိုပြီးပြင်းလာသလိုလို။ Xiao Zhan က အအေးမကြောက်ပေမယ့်
လေတစ်ချက်တိုက်တိုင်း အရိုးထဲကနေ စိမ့်စိမ့်ပြီး အေးလာသလို ခံစားချက်ကြီးကြောင့် နေမကောင်းမဖြစ်ခင် အိမ်ထဲပြန်ဝင်ဖို့ သူခြေလှမ်းပြင်လိုက်တုန်း
လေတစ်ချက်အဝှေ့မှာ မျောလွင့်လာပြန်တဲ့ စန္ဒကူးရနံ့လေး။
" မွှေးလိုက်တာ " Xiao Zhan တစ်ဝကြီး ရှူပြီး အခန်းဘက်သို့ပြန်အလှည့်
သူဆွဲထားတဲ့ ပန်းချီကားရှေ့မှာ ရပ်ပြီး
သူ့ကို စိုက်ကြည့်နေတဲ့တစ်စုံတစ်ယောက်ကြောင့် လန့်မအော်မိအောင် မနည်းထိန်းချုပ်လိုက်ရသည်။
" ဘယ်.... ဘယ်သူလဲ "
Xiao Zhan မေးပြီးမှ ကိုယ့်ကိုယ်ကို
တော်တော်တုံးအသွားမှန်း သတိထားမိသည်။ ဟုတ်သားပဲ ညတောင်ရောက်နေပြီကို ဦးလေး Bao က ညစာပို့ခိုင်းလိုက်တာနေမယ်။ ဒါပေမယ့် အဲ့လိုဆိုရအောင်လည်း သူ့ရှေ့ကလူပုံစံက အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ရယ် အဖြူရောင် ဘောင်းဘီရှည်ရယ်ကို စတိုင်ကျကျဝတ်ဆင်ထားပြီး အသားအရည်က နည်းနည်းဖြူဖပ်ဖြူရော်ဖြစ်နေသလို။ အရပ်က Xiao Zhan နှင့် မတိမ်းမယိမ်းဖြစ်ပြီးသေချာကြည့်တော့ မျက်နှာကလည်း ချောသည်ဟု ဆိုလျှင် အဓိပ္ပါယ်ပေါ့သွားမလား ထင်ရအောင် ချောလွန်းသည့် လူဖြစ်သည်။ Xiao Zhan တစ်သက်နဲ့ တစ်ကိုယ် ဤမျှ ပြီးပြည့်စုံလွန်းသည့် လူသားကို မမြင်ဘူးခဲ့။ သာမန်လူတစ်ယောက်ဟု ဆိုရသည်ထက် ပိုးလိုဥပြီး မွေးထားသော သခင်လေးတစ်ယောက်လို ဖြစ်နေသည်မို့ Xiao Zhan မဝံ့မရဲနဲ့ မေးလိုက်မိသည်။
Advertisement
" Bao....Bao Chi တို့နဲ့ တူတူလာတာလား။ Bao Chi ရော ဘာလို့ မင်းတစ်ယောက်ထဲလဲ။ "
Xiao Zhan ရဲ့ အူကြောင်ကြောင် အမေးစကားနဲ့ လိုက်ဖက်စွာပင်
တစ်ဖက်က ချစ်စဖွယ် နတ်သားလေးကလဲ အူကြောင်ကြောင် ပြန်မေးလာသည်။
" ငါ့ကို မြင်ရတာလား "
မြင်ရလား ဆိုတာ ဘာကိုမေးတာလဲ။
မြင်ရတာပေါ့။ ကန်းနေတာမှ မဟုတ်တာ။ ငါ့ရှေ့မှာ အကောင်လိုက်ကြီးရပ်နေတာပဲကို။ ရုပ်ကလေးသနားကမားနဲ့ ရူးနေတာများလား။
ပြောချင်သမျှကို မနည်းမြိုသိပ်ပြီး
" ကောင်လေး နေမကောင်းရင်တစ်ယောက်တည်းလျှောက်မသွားနဲ့။
ဟုတ်ပြီလား။ Bao Chi ကိုသွားရှာလိုက်မယ်။ ဒီက ပစ္စည်းတွေမထိနဲ့နော်။ "
Xiao Zhan မှာသာ မှာနေရပေမယ့်
စိတ်တော့မချ။ တော်ကြာ ဆွဲလက်စ သူ့ပန်းချီကားလေးကို တစ်ခုခုလုပ်လိုက်ရင် အဆုံးသတ် ရင်ကွဲရမှာက သူဖြစ်သည်။
Xiao Zhan အံ့သြနေဟန်ဖြင့် ပြူးကြည့်နေတဲ့ အဖြူကောင်လေးကို
စိတ်မချတာနဲ့ သူနဲ့အတူ အောက်ထပ်ကို လိုက်ခဲ့ရန် ခေါ်မည်ဟု ပြင်နေတုန်း
တံခါးဖွင့်သံနှင့်အတူ Bao Chi ၏ ခေါင်းလေးပြူထွက်လာတာတွေ့လိုက်ရသည်မို့ သူထခုန်မတတ် ဝမ်းသာမိသွားတော့သည်။
" အကို Xiao ကျွန်တော်ရောက်ပြီ "
" Bao Chi အစကတည်းက မင်းလာပါလား။ နေမကောင်းတဲ့ သူကို လွှတ်လိုက်ရလား "
Xiao Zhan ဆူငေါက်လိုက်တော့
Bao Chi က ကြောင်အမ်းသွားပြီး
ပြန်မေးလာသည်။
" ဘာကိုလဲ အကိုလေး "
" ဘာရမှာလဲ သူလေ.... " Xiao Zhan အနောက်ကိုလှည့်ပြီး အစောက အဖြူကောင်လေး ရပ်နေသည့်နေရာကို
လက်ညှိုးထိုးလိုက်ပြီးမှ သူမျက်လုံးပြူးသွားမိသည်။
ဘယ်ရောက်သွားတာလဲ။
အစောပိုင်းကပဲ ဒီနေရာမှာ ရပ်နေတာကို။ ထွက်စရာအပေါက်ကလဲ တံခါးပေါက်ကလွဲရင် ဝရန်တာပဲရှိသည်။
နှစ်ထပ်ထဲဆိုပေမယ့် အိမ်တော်က ယခုခေတ် လေးထပ်လောက် မြင့်သည်မို့
ခုန်ချသွားတာလဲ မဖြစ်နိုင်။ Xiao Zhan
မယုံကြည်နိုင်သော မျက်ဝန်းများဖြင့်
ရေချိုးခန်း၊ အိမ်သာတွေသာမက ဘီဒိုတွေပါ ဖွင့်ပြီး လိုက်ရှာတော့သည်။
Xiao Zhan လုပ်နေတာတွေကို အစအဆုံး နားမလည်သလို ကြည့်နေတဲ့
Bao Chi က အတန်ကြာတော့ ငိုမဲ့မဲ့ အသံလေးနဲ့ ပြောလာသည်။
" အကို Xiao ကျွန်တော်ကြောက်လာပြီ။ ကျွန်တော်တို့ အောက်ထပ်ဆင်းရအောင်လေနော်။ "
ခေတ်ပညာတတ်ပီပီ သရဲ၊ တစ္ဆေဆိုတာ အယုံအကြည်မရှိသည့်မို့ Xiao Zhan
သေချာအောင် ထပ်မေးလိုက်သည်။
" Bao Chi ဒီအိမ်တော်မှာ ငါပြောတဲ့
ပုံစံနဲ့လူ မရှိတာ သေချာလား။ မင်းငါ့ကို နောက်နေတာဆို မလွယ်ဘူးနော်။ "
" အကိုလေးကလဲ။ ကျွန်တော်က ဘယ်လိုသတ္တိနဲ့ လိမ်ရဲမှာလဲ။ တကယ်ပါ
မယုံရင် ပါးပါးကို မေးကြည့်လို့ရတယ်။ "
Xiao Zhan သက်ပြင်းချရင်း
" ဒါဆို ဒီခြံထဲမှာ စန္ဒကူးပင်ရှိလား။ "
Bao Chi က အူလည်လည်ဖြစ်သွားပုံနဲ့
ပြန်ဖြေလာသည်။
" မရှိပါဘူး။ ကျွန်တော်မွေးကတည်းက
နေလာတာပဲ ဒီခြံထဲမှာ စန္ဒကူးပင်ရယ်လို့မရှိပါဘူး "
Xiao Zhan ဇွဲမလျော့ပေ။
" ဒါဆို ဒီခြံနဲ့ မနီးမဝေးမှာရော ရှိလား။
မမြင်ဘူးရင်တောင်ကွာ လေတိုက်ရင် အနံ့ပဲဖြစ်ဖြစ်ရဖူးလား "
" မရှိပါဘူးဆို... အကိုလေးကလည်း။ ကျွန်တော်ကြောက်လာပြီ။ အောက်ထပ်မှာ စားဖို့ပြင်ပေးထားတယ်။ အရင်ဆုံးဆင်းကျရအောင်ပါနော်။ လာပါ နောက်မှမေးပါတော့။ "
Bao Chi က သူ့လက်ကို အတင်းဆွဲပြီး အောက်ထပ်ကို ခေါ်သွားတာကြောင့် ပါသွားပေမယ့်လည်း Xiao Zhan စိတ်ထဲမှာ မတင်မကျဖြစ်နေပြီး မကျေနပ်နိုင်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တော့ ညဥ့်နက်နေပြီမို့ မနက်ဖြန်ကျမှ အဖြေရှာကြည့်လဲ နောက်မကျသေးပါဘူးလေ။
သူ ဒီအိမ်တော်မှာ ၂ လ လောက်တော့နေရဦးမှာပဲကို။ အချိန်တွေရှိပါသေးတယ်။ အိမ်အကြီးကြီးမှာ တစ်ယောက်တည်းမို့ ပျင်းစရာကောင်းမယ်ထင်တာ။ အခုလိုဆိုတော့လည်း မဆိုးပါဘူး။ စိတ်ဝင်စားစရာ ကောင်းသားပဲ။
အဖြူကောင်လေးရေ တကယ်ပဲ မင်းက
ဘာလဲ။
The Time Between You And Me
Advertisement
- In Serial375 Chapters
Young Adversary
Mundus, a world where every being from every mythology exist. In this world these beings once lived in harmony, under the rule of a being only known as the Supreme Being. However, this peace was broken when the Supreme Being suddenly decided to step down and told the Gods of myth to decide a new ruler among themselves. A war broke out among gods of Greek, Norse, Egyptian, and every other mythology. Eventually, demons, Beasts, and Human Heroes of different mythologies joined the war as well. After countless years of fighting, the four factions decided to sign a ceasefire agreement among themselves and instead implemented a system called the Proxy System, where lower beings fought in their place. 10,000 years after the Proxy System was created a descendant of the oldest recorded god, and the first dragon Tiamat was born. His name was Gamiko Dragna, nicknamed Miko. The birth of this child had unknowingly changed the world forever, and it was now his time to enter this war. What changes will this child, who was seen as a cursed monster, will bring to the battle for the title of Supreme Being? Follow his journey and see if he'll become history's most revered God or most feared evil.
8 124 - In Serial9 Chapters
Next Life: Awakening
Welcome to Novus! Where the only limit, is that of your imagination! Upon the decimation of the earths surface due to nuclear war. What was left of humanity was forced deep within the Earths crust, far from the deadly radiation. The human life has been reduced to a virtual reality paradise, that is, SO vivid and realistic that it feel as though you are REALLY living! Explore a vast landscape populated with countless species and structures designed by our very own pilots! In Novus, you can find adventure, danger, or even love. So make the best out of your new life in that stasis chamber and try your luck in the world of Novus! Where the only limit is your imagination! Good luck!
8 159 - In Serial23 Chapters
Skinwalker / War Chief
A System Apocalypse Fan Fiction I started reading Litrpg about two years ago. I fell in love with Tao Wong's System Apocalypse series. He is an excellent writer and I loved his world building, but when the second series arc went elsewhere It kind of lost me a little. I wanted to create a little parallel world that was very familiar to his fans but skewed off in a different, darker direction. If you haven't read Tao's work, you're missing out! Look him up on Amazon and read The System Apocalypse. One of the best in the genre.
8 173 - In Serial9 Chapters
A Mutant Magus's Journal
Mazran wanted to become a magus since the day he was saved by one. Hydapset is burdened with glorius purpose in a secret war for the free multiverse. Jayadrath joins the sacred order to get revenge on the demon that killed his family. All struggling to survive the uncaring void of existence. As magic regains its glory, and a new golden age arrives, watch the curtains lift upon the first magus world war and the rise of new legends upon the graves of the old!
8 66 - In Serial18 Chapters
3 Kings
Louis is the omega if his kingdom that is ruled by his father. He is in a arranged marriage with the neighboring kingdom of Cheshire. He is a shy and quiet boy and gets extremely nervous around alphas. So what will happen when he has to be mated with three? Will he go thru with it or will he risk his peoples peace?Alpha!HarryAlpha!MarcelAlpha!EdwardOmega!Louis
8 189 - In Serial5 Chapters
ʀᴇᴅᴇᴍᴀɴᴄʏ
Redamancy means loving in return.__________________________________Tarnished by her forever counter part and her namesake fiancée, Bani decides to run away from her miseries and she stumbles upon Veeranshu Singhania.She didn't dare to flirt with danger until him.🏅#5 in betrayel of 1.1k stories🏅#3 in Veer of 367 stories🏅#1 in Surbhi Chandna of 285 storiesCover : @xriaholic
8 174

