《The Time Between You And Me》Part 1.4
Advertisement
Zawgyi
" Zhan Zhan ... Zhan Zhan ... "
" Yibo .... မင်းလား "
" Zhan Zhan... "
" ဘာအဓိပ္ပါယ်လဲ ? "
" ဘာကို..... "
" Zhan Zhan ! Zhan Zhan !!"
" ဘာဖြစ်တာလဲ ? "
" Wang Yibo စုတ် !!"
အိမ်မက်လို့ ပြောရအောင် အရမ်းကို လက်တွေ့ဆန်လွန်းတဲ့ အိမ်မက်ကြောင့် Xiao Zhan စိတ်အလိုမကျစွာ နှာတရူးရူးမှုတ်ရင်း သွားတိုက်ဖို့ ပြင်ဆင်နေရင်းမှ သူ့နှာခေါင်းထဲမှာ စန္ဒကူးရနံ့ကို ပြင်းပြင်းထန်ထန်ရနေသည်မို့ သူဘေးဘီကို လိုက်ရှာကြည့်တော့ Yibo ရှိမနေ။
မယုံသင်္ကာနဲ့ ရေချိုးတံခါးကို အသာလှပ်ကြည့်တော့ Yibo ထုံးစံအတိုင်း ဝရန်တာမှာ ငေးလို့နေသည်။ ဒါဆိုသေချာပြီ စန္ဒကူးရနံ့က.... Xiao Zhan သူ့ကိုယ်သူ တရှုံ့ရှုံ့နဲ့ အနံ့ခံလိုက်သည်။
" Wang Yi Bo !!! မင်းသေချင်နေပြီလား !! "
ရေချိုးခန်းထဲက အော်သံကြားတော့ Yibo သူ့နှုတ်ခမ်းလေး သူပြန်စမ်းကြည့်ကာ ပြုံးဖြီးဖြီးလုပ်နေလိုက်သည်။ လူတွေက လက်တွေ့မှာသာ ဘယ်လောက်ပဲဖုံးကွယ်နေနေ အိမ်မက်ထဲကျရင်တော့ ကိုယ်တိုင်တောင် မသိနိုင်တဲ့ မသိစိတ်နဲ့
ပွင့်လင်းစွာ ပြုမူတတ်ကျသည်မဟုတ်ပါလား။
" Wang Yibo .... နောက်တစ်ခါ ဒါမျိုးထပ်လုပ်ရင်။ ငါမင်းကို ခွင့်မလွှတ်ဘူးနော်။ "
Xiao Zhan တနေကုန် ဆူအောင့်နေပြီး ညနေပိုင်းရောက်မှ သူတို့ကြားက တိုက်ပွဲက အဆုံးသတ်သွားသည်။
" ငါပြောပြီးသားပဲ ... အိမ်မက်ပဲဟာ
မင်းသာ စိတ်မရှိရင် ငါဘာမှ လုပ်လို့မရဘူးလို့။ "
" မင်း.... မင်း "
Xiao Zhan နောက်ဆုံးကျန်တဲ့ စုတ်တံနဲ့ Yibo ကို လှမ်းပေါက်မလို့ ရွယ်ပြီးမှ လက်ကို ပြန်ရုတ်လိုက်သည်။ ကြမ်းပြင်မှာလဲ စုတ်တံတွေပွနေပြီ။ ထပ်ပစ်လဲ ဘာမှ ထူးမှာမဟုတ်။
" ဘာပဲဖြစ်ဖြစ်... နောက်တစ်ခါထပ်လုပ်ရင် ငါမင်းကို လာပြန်မတွေ့... အဟွတ်.. အဟွတ် "
" Zhan Zhan ... ဘာဖြစ်တာလဲ? နေမကောင်းဘူးလား "
Xiao Zhan ချောင်းတွေ မရပ်မနား ဆိုးနေရင်းကြားက Yibo ကို လက်ခါပြလိုက်သည်။
" ငါအရင်က တော်ရုံမဖျားတတ်ပါဘူး။
အခုတလောမှ ဘာလို့လဲ မသိဘူး။ ဒီက ရာသီဥတုနဲ့ မတည့်လို့များလား။ "
Xiao Zhan ထရပ်လိုက်တော့ လူက မိုက်ခနဲ ဖြစ်သွားတာကြောင့် လဲမလိုဖြစ်သွားသော်လည်း Yibo က ဘေးနားကို ချက်ချင်းရောက်လာပြီး Xiao Zhan ကို ပွေ့ချီလိုက်သည်။
" Wang Yibo ... ဘာတွေလုပ်နေပြန်ပြီလဲ။ "
" ငြိမ်ငြိမ်နေစမ်းပါ။ မင်းမှ နေမကောင်းတာ။ ဒီနေ့တော့ ကောင်းကောင်းနားလိုက်ဦး။ "
ငြင်းနေရင်လည်း ဆက်ပြီးရန်ဖြစ်ဖို့သာရှိသည်မို့ Xiao Zhan အထွန့်မတက်ပဲ
ငြိမ်နေလိုက်တော့ Yibo က အိပ်ယာပေါ်သို့ ငြင်သာစွာချပေးသည်။
Advertisement
" ခန အိပ်နေလိုက်နော်။ "
" စိုးရိမ်မနေနဲ့ ... "
Xiao Zhan ပင်ပန်းလွန်းလှပြီမို့ မျက်ဝန်းတွေကို မှိတ်ချလိုက်သည်။
စံအိမ်တော်ကိုရောက်တာ အခုဆို ၁ လပြည့်တော့မည်ဖြစ်သည်။ စရောက်ကတည်းကဆိုရင် တစ်ပတ်လောက်ကြာတော့ Xiao Zhan ကိုယ်က အားနည်းလာတာ အခုဆို သိသိသာသာကို အားယုတ်နေပြီဖြစ်သည်။ ဆရာဝန်တွေ ခေါ်ပြတော့လည်း အားနည်းသည်ဟုသာပြောသည်။ တခြားကြီးကြီးမားမား ဘာရောဂါမှ မတွေ့ရ။
Xiao Zhan နှာခေါင်းထဲ စန္ဒကူး ရနံ့လေးကို ရလိုက်ပြီး သူ့နဖူးလေး နွေးသွားသလို ခံစားလိုက်ရသည်။ ပုံမှန်စိတ်နဲ့သာဆို ရန်လုပ်ဦးမည်ဖြစ်သော်လည်း ယခုတော့ အရမ်းပင်ပန်းနေ၍ ရန်လုပ်ချင်စိတ်လဲမရှိ။ Yibo ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း သိနေပေမယ့်လည်း
သူကိုယ်တိုင်တော့ လက်ခံနိုင်ရန် ခက်ခဲလွန်းလှသည်။ ယောကျာ်းလေးဖြစ်နေသည့်အပြင် ဘဝပါခြားနေသေးသည် မဟုတ်လား။ တဖြည်းဖြည်းစူးရှလာတဲ့ စန္ဒကူးရနံ့က Xiao Zhan ကို ထပ်ပြီး အိမ်မက်ကမ္ဘာထဲသို့ ဆွဲခေါ်သွားပြန်တော့သည်။
ဒီတစ်ခါ Xiao Zhan အိမ်မက်မက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းကို သိနေပြီး ဝမ်အိမ်တော်ကြီးထဲမှာပဲ ဖြစ်သည်။ မတူတာက ယခုသူ့ရှေ့က အိမ်တော်ကြီးသည် ခြောက်ကပ်မနေဘဲ တိမ်လွှာပုံ ကနုတ်များ အပြည့်ပါသော သစ်လွင်တောက်ပတဲ့ ပရိဘောဂ အပြည့်နှင့် အိမ်ကြီးဖြစ်နေသည်။ အစေခံများကလည်း သူ့ရှေ့မှာ လှုပ်ရှားသွားလာနေကျပြီး Xiao Zhan မြင်တွေ့နေကျ ခြောက်ကပ်နေသော အိမ်တော်ကြီးနဲ့ လားလားမျှ မသက်ဆိုင်ပေ။
Xiao Zhan ဟိုဟိုဒီဒီလိုက်စပ်စုရင်း
Yibo ကို သတိရသွားသည်မို့ အပေါ်ထပ်လှေကားကို ပြေးတက်သွားလိုက်သည်။ ကံကောင်းလျှင် အသက်ရှင်နေတုန်းက ဝမ်စူပုတ်လေးရဲ့ အရှင်လတ်လတ် မျက်နှာကို မြင်တွေ့ခွင့်ရနိုင်သည်မဟုတ်လား။ Yibo အခန်းရှေ့ရောက်တော့ Xiao Zhan အသက်ဝဝ ရှုသွင်းကာ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ တခန်းလုံးမှာ ရိုးရှင်းတဲ့ အဖြူစွတ်စွတ် ပရိဘောဂတွေပဲ ရှိပြီး Yibo က စန္ဒရားခုံလေးမှာထိုင်ပြီး တစ်စုံတစ်ခုကို ရေးခြစ်နေသည်။ ကြည့်ရတာ သီချင်းနေတာ ထင်တယ်။ Xiao Zhan အသာလေး ခြေဖွကာ Yibo အနားကို လျှောက်သွားလိုက်သည်။ အနားရောက်တော့ ထိုင်နေတဲ့ Yibo မျက်နှာကို ငုံကြည့်မယ်ကြံကာရှိသေး Yibo က မော့ကြည့်လာသည်။
" ရောက်လာပြီလား ? "
" ..... "
Xiao Zhan သူ့ရှေ့မှာရပ်ပြီး သူတခါမှ မမြင်ဖူးတဲ့ ပုံစံနဲ့ အချိုသာဆုံးပြုံးပြပြီး သူ့ကို ရွှန်းရွှန်းစားစားကို ငေးကြည့်နေတဲ့ Yibo ကို ကြောင်အမ်းပြီးကြည့်နေမိသည်။ အခုဘာတွေဖြစ်နေလည်းဆိုတာ သူတကယ့်ကို ဉာဏ်မမှီတော့။
Yibo က Xiao Zhan ရဲ့ လက်နှစ်ဖက်ကို ဖွဖွလေးဆုတ်ကိုင်လာပြီး သူ့နဖူးပြင်ကို ငုံ့ပြီးနမ်းလာသည်။
Xiao Zhan က Yibo ထပ် အရပ်နည်းနည်းလေး ပိုရှည်သည်။ ပုံမှန်အတိုင်းဆို မျက်နှာချင်းဆိုင် ရပ်နေတဲ့ သူတို့ နှစ်ယောက်မှာ Yibo က သူ့ကို ငုံနမ်းစရာ ဘာအကြောင်းမှ မရှိပေ။ Xiao Zhan မျက်ဝန်းတွေက Yibo လက်ထဲမှာ ဆုတ်ကိုင်ထားတဲ့ သူ့လက်တွေဆီ အကြည့်ရောက်သွားတော့ သူလန့်ဖြန့်ပြီး Yibo လက်ထဲက ရုန်းထွက်လိုက်မိသည်။
" အား !!! "
" Zhan Zhan !!! Xiao Zhan !!"
Xiao Zhan မောဟိုက်စွာ အိပ်ယာက လန့်နိုးလာတော့ သူ့တစ်ကိုယ်လုံး ချွေးတွေရွှဲနေသည်။ သူချက်ချင်း သူ့လက်နှစ်ဖက်ကို မြှောက်ကြည့်လိုက်ပြီးမှ သက်ပြင်းချလိုက်မိသည်။ အိမ်မက်ထဲမှာ ကျိန်းသေ သူမြင်လိုက်တာ ဖြူဖြူသွယ်သွယ် လက်ချောင်းသေးသေးလေးတွေ။
" Zhan Zhan မင်းကဘယ်လိုဖြစ်တာလဲ? တခါမှ မဖျားဘူးတဲ့လူက "
Xiao Zhan ကုတင်ပေါ်မှာ ထိုင်ပြီး အဘွားကြီးလို ဆူပူနေတဲ့ Hao Xuan ကိုကြည့်ပြီး ခေါင်းရမ်းလိုက်သည်။
" မင်း..က ဘယ်လို..ရောက်..လာတာလဲ "
ဘယ်လောက်ကြာကြာ အိပ်ပျော်နေမှန်းမသိ။ Xiao Zhan လည်ပင်းတွေတောင်
အက်ကွဲခြောက်သွေ့နေသည်။
Hao Xuan က ရေခွက်ကို ကမ်းပေးရင်း သက်ပြင်းချကာ ပြောလာသည်။
" ဘယ်လိုရောက်လာရမှာလဲ ? ငါမင်းကို မပြောဘူးလား ငါလာမယ်လို့။ ငါမနေ့ညတည်းက ရောက်တာ။ ရောက်ကတည်းက မင်းက နှိုးလို့ကိုမရတာ။ မင်းနိုးမလာတော့ရင် ဆေးရုံတောင် ပို့တော့မလို့။ "
Xiao Zhan အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ညနေတောင်စောင်းနေပြီ။ ကြည့်ရတာ သူမနေ့ကတည်းက တောက်လျှောက် အိပ်ပျော်သွားပုံပဲ။
" Zhan Zhan ... မင်းပွဲအတွက် စိတ်လောနေမှန်းသိတယ်။ ဒါပေမယ့် အဲ့လောက်ကြီး မဖြစ်ပါနဲ့။ မင်းအိပ်နေတုန်းက ဆရာဝန် ဆေးလာချိတ်သွားသေးတယ်။ သုံးရက်လောက်နားဖို့ ပြောသွားတယ်။ အခုရက်ပိုင်း ဘာပန်းချီကားမှ မဆွဲနဲ့ဦး။ ဟုတ်ပြီလား။ "
" ဆရာဝမ်ရယ် ငါနားပါရစေဦး။ ဗြစ်တောက် ဗြစ်တောက် မပြောစမ်းပါနဲ့။ "
Xiao Zhan အိပ်ယာထဲ ပြန်လှဲချပြီး
ပြောလိုက်တော့ Hao Xuan က ထုံးစံအတိုင်းပင် ဆဲရေးနေတော့သည်။
" Zhan Zhan .. ပန်းချီကားက ဘယ်လိုဖြစ်တာလဲ ? မင်းတစ်ခါမှ ဒီလိုမျိုးတွေ မဆွဲဖူးပါဘူး။ ချောတော့ ချောသားပဲ။ငါ့လောက်တော့ မချောဘူး ဆိုပေမယ့်။ "
Xiao Zhan အိပ်ယာပေါ်ကနေ လှမ်းကြည့်လိုက်တော့ Yibo ရဲ့ မျက်နှာကိုပဲ အသေးစိပ်ဆွဲထားတဲ့ ပုံတူပန်းချီကားကို ဆွဲထုတ်လာပြီး မေးနေသော Hao Xuan။
" မင်း ဘိုးဘေးလေ အဲ့တာ။ ကြုံတုန်း
အမွှေးတိုင်ထွန်းပြီး ကန်တော့လိုက်။ "
Xiao Zhan တစ်စက်လေးမှ အငြိမ်မနေနိုင်နဲ့ Hao Xuan ကို အမြင်ကပ်စွာနဲ့ ပြောပြီးတော့မှ Yibo ကို သတိရသွားသည်။ သူနိုးလာကတည်းက Yibo ကို လုံးဝမတွေ့။ Hao Xuan ရှိလို့ ထွက်မလာဖြစ်လိမ့်မည်။
" ဘယ်ဘက်က ဘိုးဘေးလဲ။ အဖေဘက်ကဆိုရင်တော့ နိုးပဲ။ "
Hao Xuan က ပန်းချီကားကို သေချာစွာကြည့်နေရင်းမှ Xiao Zhan ကိုလည်း ပြန်ရွဲ့ဖို့ မမေ့သေးချေ။
" ဘာလို့ မင်းအဖေဘက်ကို တအားမုန်းနေတာလဲ။ အဲ့တာကြောင့် ဒီအိမ်ကို ပစ်ထားတာမဟုတ်လား။ မင်းဘိုးဘေးတွေသိရင် စိတ်မကောင်းဖြစ်နေတော့မယ်။ "
Xiao Zhan စကားကို Hao Xuan က ပခုံးတွန့်ပြပြီး ဂရုမစိုက်သလို ဟန်ပြုသည်။
" သခင်လေး ဆန်ပြုတ်... "
နှစ်ယောက်သား အခြေအတင်ဖြစ်နေရာမှ အခန်းဝက ပန်းကန်ကျကွဲသံကြောင့်
လှမ်းကြည့်လိုက်တော့ အိမ်တော်ထိန်း Bao က အခန်းဝမှာ ရပ်လို့နေသည်။
မျက်ဝန်းတွေက မယုံကြည်နိုင်မှုတွေ
အံ့သြမှုတွေ အပြည့်နှင့်။
" လေးလေး Bao ဘာဖြစ်လို့လဲ ? "
Hao Xuan က လက်ထဲက ပန်းချီကားကို စန္ဒရားခုံပေါ်လှမ်းတင်ကာ Bao ဦးလေးကို ခေါ်ပြီး အခန်းထဲကထွက်သွားသည်။
Advertisement
Xiao Zhan ကျိန်းသေမြင်လိုက်သည်။
အစောက အိမ်တော်ထိန်း Bao ရဲ့ မျက်ဝန်းတွေက Yibo ရဲ့ ပုံတူပန်းချီကားကို သေချာစိုက်ကြည့်နေသည်ဆိုတာ။ Bao ဦးလေးက Yibo ကို သိနေတာများလား။
Xiao Zhan အတွေးနဲ့ အိပ်ယာပေါ်က ကုန်းထဖို့ ကြံရွယ်လိုက်တော့ လက်တစ်ဖက်က သူ့ကို တားဆီးလာသည်။
" ဘယ်သွားဦးမလို့လဲ ? မင်းဆေးပိုက်ကြီး တန်းလန်းနဲ့ကို "
Yibo လက်ကို ပြန်ကိုင်ဆွဲရင်း
Xiao Zhan ဝမ်းသာအားရပြောလိုက်သည်။
" Yibo ... Bao ဦးလေးက တခုခုသိပုံပဲ။ ငါသွားမေးကြည့်မယ် မင်းအကြောင်းတစ်ခုခု သိရနိုင်တယ်။ "
" မင်းက သိတော့ ဘာလုပ်မလို့လဲ "
Xiao Zhan ဘာပြန်ဖြေရမှန်းမသိဖြစ်သွားသည်။
Yibo က အေးစက်စွာ ထပ်မေးလာသည်။ " မင်းက ငါ့ကို အဲ့လောက်တောင် သွားစေချင်ပြီလား။ မင်းအနားမှာ ရှိနေတာ မကြိုက်လို့လား။ "
" အဲ့လို မဟုတ်ဘူးလေ Yibo.. ငါ..မင်းကို ဒီပုံစံတိုင်းကြီး မကြည့်ရက်ဘူး။ ငါ... ကူညီလို့ ရရင်"
ရုတ်တရက် အခန်းတံခါးပွင့်လာပြီး Hao Xuan ဝင်လာသည်မို့ Xiao Zhan စကားတွေ ရပ်တန့်သွားသည်။
" Zhan Zhan မင်းဘယ်သူနဲ့ စကားပြောနေတာလဲ ? "
" ..... "
Hao Xuan ပုံစံက တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံနဲ့ ထူးထူးဆန်းဆန်း တည်ငြိမ်နေသည်။
" ငါက ဘယ်သူနဲ့ စကားပြောရမှာလဲ ? မင်းကလည်း.. "
" ပြီးတာပဲ... Bao Chi ! လာဦး မင်းအကိုလေး ပစ္စည်းတွေလာသိမ်းတော့။ "
Xiao Zhan မျက်လုံးပြူးသွားမိသည်။
" ဘာလို့လဲ ? ငါပန်းချီဆွဲလို့မှ မပြီးသေးတာ။ တစ်လ ကျန်သေးတယ်လေ။ "
" မနက်ဖြန်မင်းပြန်ရမယ်။ ငါ့ကို ဘာမှ ထပ်မပြောနဲ့။ "
" ဒါသဘောလဲ Wang Hao Xuan ?
ငါမပြန်နိုင်ဘူး "
" Xiao Zhan !!!"
Hao Xuan နဲ့သိခဲ့တာ ငယ်ငယ်လေးတည်းက ဖြစ်ပြီး အမြဲလိုလို ပြုံးရွှင်နေတတ်တဲ့ Hao Xuan က အခုလို ဒေါသတွေကြီးနေတာ Xiao Zhan တစ်ခါမှ မမြင်ဖူးပေ။
" Wang Hao Xuan ! မင်းလည်း ငါ့အကြောင်းသိတာပဲ။ ဘာလို့ ငါက ဒီကနေ ထွက်သွားဖို့ လိုတာလဲ အရင်ပြော။ "
" ကောင်းပြီလေ .. သူက ဘယ်သူလဲ။
ငါ့ကို အမှန်တိုင်းပြော "
Hao Xuan က Yibo ရဲ့ ပုံတူ ပန်းချီကို ညွှန်ပြပြီးမေးလာသည်မို့ Xiao Zhan ကိစ္စတွေကို သဘောပေါက်သလိုရှိလာသည်။ အချိန်ကိုက်မှာပဲ Bao မြေးအဖိုးက အခန်းထဲ ဝင်လာသည်မို့ Xiao Zhan သူ့ဘေးနားမှာ ငြိမ်ငြိမ်လေး ရပ်နေတဲ့ Yibo ကို တစ်ချက်ကြည့်ကာ
သက်ပြင်းချလိုက်သည်။
" Bao ဦးလေး ... Yibo ကို သိတယ်မဟုတ်လား "
Xiao Zhan မေးလိုက်တော့ Bao ဦးလေးက သူ့ကို တလှည့် Hao Xuan ကိုတလှည့် ကြည့်ပြီး ဖြေသင့်မဖြေသင့် ချင့်ချိန်နေပုံရသည်။
Hao Xuan က ခေါင်းငြိမ့်ပြလိုက်တော့မှာ Bao ဦးလေးက သက်ပြင်းချပြီး ဖြေလာသည်။
" ကျွန်တော် သေချာ မမှတ်မိပေမယ့်
Wang Yibo သခင်လေးက အဲ့ပန်းချီကားထဲက လူဆိုတာတော့ သေချာပါတယ်။ "
" အကိုလေး ... အကိုလေးက သေပြီးသားလူတွေကို မြင်ရတာလား။ "
Bao Chi က တုန်တုန်ရင်ရင်နဲ့ မေးပြီး
သူ့အဖိုးဖြစ်သူအနားကို တိုးကပ်သွားသည်မို့ Xiao Zhan ခေါင်းရမ်းပြီး ရယ်လိုက်မိသည်။
" မမြင်ရပါဘူး။ ငါသူ့ကိုပဲ မြင်ရတာ။
ဘာကြောင့်လဲတော့ ငါ့လည်းမသိဘူး "
Xiao Zhan သူ့ဘေးမှာ ရပ်နေတဲ့
Yibo ကို လက်ညိုးထိုးပြီး ပြောလိုက်တော့ အကုန်လုံးရဲ့ ခေါင်းတွေက Xiao Zhan ညွှန်ပြတဲ့ ဘက်ကို လိုက်ကြည့်ကျသည်။
" သူက အဲ့မှာပေါ့ "
Hao Xuan အမေးကို Xiao Zhan ခေါင်းငြိမ့်ပြလိုက်သည်။
" Bao ဦးလေး Yibo ဘယ်လို သေသွားလဲဆိုတာရော မှတ်မိသေးလား "
" သူ့ကိုယ်သူ သတ်သေတာ "
" ဘာလို့လဲ ! "
သူတို့ သုံးယောက်လုံးဆီက ပြိုင်တူ အမေးထွက်လာသည်။ Yibo ကလည်း
တစ်စုံတစ်ခုကို သေချာတွေးနေသလို မျက်နှာလေးနဲ့ လိုက်ကြည့်နေသည်။
" သေချာတော့ မသိပေမယ့်။ သခင်လေးက ဇာတ်နိမ့်တဲ့ သူနဲ့ ကြိုက်လို့ အတင်းခွဲရာကနေ ဖြစ်တာလို့ထင်တယ်။ "
" ချီးပဲ ! ငါအဲ့တာတွေကြောင့် ဝမ်မျိုးရိုးကို မုန်းတာ "
Hao Xuan ကတော့ ထုံးစံအတိုင်း ပွစိပွစိ ဖြစ်လို့နေသည်။
Xiao Zhan တွေဝေနေတဲ့ Yibo မျက်နှာလေးကို လှမ်းကြည့်ပြီး မေးလိုက်သည်။
" သူ့ချစ်သူကရော ဘယ်ရောက်သွားတာလဲ "
" အကိုလေးထက် အရင်သေသွားတာလို့ထင်တယ်။ အကိုလေးက ဒီအခန်းထဲမှာပဲ ဟိုး စန္ဒရားခုံပေါ်မှာ လက်ကောက်ဝတ်ကို လှီးပြီး သတ်သေခဲ့တာ။ အဲ့တုန်းက အရင်ဆုံးမြင်ခဲ့တာ ကျွန်တော်ဆိုတော့ အဲ့တစ်ခုတော့ သေချာမှတ်မိတယ်။ "
Xiao Zhan စန္ဒရားခုံကို လှည့်ကြည့်ပြီး Yibo ဘက်ပြန်လှည့်ကြည့်တော့ Yibo က နေရာမှာ ရှိမနေတော့ပေ။
" Wang Yi bo !! ဘယ်ရောက်သွားတာလဲ "
" ဘာလို့လဲ ထွက်သွားပြီလား ? မြန်လိုက်တာ "
Hao Xuan ရဲ့ ပေါက်ကရစကားတွေကတော့ အဆုံးမရှိပေ။ အရေးကြီးတဲ့ အချိန်မှာတောင် နောက်နိုင်သေးသည်။
" ဆရာ Xiao အရင် ဒီက ထွက်သွားတာ ပိုသင့်တော်မယ်ထင်တယ်။ "
ဦလေး Bao ရဲ့ စကားကို Xiao Zhan ထူးဆန်းသွားတာကြောင့် ပြန်မေးလိုက်သည်။
" ဘာလို့လဲ ? "
" ဘာကို ဘာရမှာလဲ ? မင်းက နှစ် ၆၀ လောက်ရှိတဲ့ သရဲနဲ့ တစ်ခန်းတူတူအိပ်ချင်လို့လား။ အရူးရဲ့ မင်းအဲ့တာကြောင့် တနေ့တခြား အားနည်းလာတာ မသိဘူးလား။ လိုက်သေတော့မလို့လား "
ပြစ်ပြစ်နှစ်နှစ်ကို ပြောဆိုနေတဲ့ Hao Xuan ကို Xiao Zhan မျက်စောင်းထိုးလိုက်သည်။ ဟုတ်တော့ဟုတ်သည် တခါမှ နှာတောင်မစေးဘူးသည့်သူက ဒီရောက်တော့မှ ခနခနဖျားပြီး မူးလဲနေသည်မှာ သူကိုယ်တိုင်လဲ ထူးဆန်းပေမယ့် Yibo ကြောင့်ရယ်လို့တော့ မထင်မိတာ အမှန်ပင်။ Xiao Zhan ဘယ်လိုမှ လက်မခံနိုင်ပေ။
" Bao Chi ပစ္စည်းတွေသိမ်းလိုက်။
ငါအစတည်းက မင်းကို ပေးမနေသင့်တာ။ သရဲခြောက်တယ် ဘာညာဆိုတာ မယုံလို့သာ ပေးနေလိုက်တာ။ "
" Hao Xuan မင်းမယုံဘူးမှတ်လား အဲ့လို ကိစ္စတွေကို။ "
ပွစိပွစိလုပ်နေတဲ့ Hao Xuan ကို Xiao Zhan လှမ်းပြောလိုက်တော့ " မယုံဘူး။ ဒါပေမယ့် မင်းကတော့ တစ်ခုခုဖြစ်လို့ မရဘူး။ ပြန်ကျတာပိုကောင်းမယ်။ "
" ဘာလို့လဲ။ မင်းဘိုးဘေးလေ။ မင်းက ပိုတောင် ကူညီသင့်သေးတယ်မဟုတ်လား။ "
" အထွန့်တက်မနေပါနဲ့တော့ ဆရာ Xiao ရယ်။ တစ်ခါလောက်တော့ ငါ့စကားနားထောင်စမ်းပါ။ ငါတောင်မမြင်ဖူးတဲ့ သေသွားတဲ့ ဘိုးဘေးကို ငါဂရုမစိုက်ဘူး။ ငါ့အတွက်တော့ အသက်ရှင်နေတဲ့ မင်းက ပိုအရေးကြီးတယ် ဟုတ်ပြီလား။ "
Xiao Zhan နှာခေါင်းရှုံ့ပြီး ပြန်ပြောလိုက်သည်။
" အပိုတွေ !! ဒီတစ်နေ့တော့ ဒီမှာ ငါအိပ်ဦးမယ်။ ပစ္စည်းတွေ သိမ်းပြီးရင် မင်းထွက်သွားတော့။ "
" ငါက မင်းအခိုင်းအစေလား .. "
Hao Xuan က ပွစိပွစိလုပ်ရင်း
သိမ်းဆည်းပြီး ထွက်သွားကျတဲ့အချိန်ထိ Xiao Zhan အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ အကုန်လုံး အောက်ထပ်ရောက်သွားသံကြားတော့မှ Xiao Zhan အိပ်ယာပေါ်က လူးလဲ ထလိုက်သည်။
" ဘယ်သွားဦးမလို့လဲ ?"
အသံနဲ့ အတူ Yibo က Xiao Zhan ဘေးနားကို ချက်ချင်းရောက်လာသည်။
" Yibo ... မင်းမှတ်မိပြီလား အခု။ "
" ရေးတေးတေးပဲ မှတ်မိသေးတယ်။
သေချာတော့ မမှတ်မိသေးဘူး "
" ကောင်းတယ်...ကောင်းတယ် ဖြေးဖြေးခြင်း စဉ်းစား။ မလောနဲ့ "
Yibo က ဖျော့တော့စွာနဲ့ ပြုံးကာ
Xiao Zhan ပခုံးပေါ် ခေါင်းလေးမှီလာသည်။
" ငါ့ကို အဲ့လောက်တောင် ထွက်သွားစေချင်လို့လား .... "
Yibo ဆီက အသံတိုးတိုးလေးက Xiao Zhan အသည်းတစ်ခုလုံးကို ဆွဲခါသွားသလိုပင်။
" မသွားစေချင်ဘူး... ဒါပေမယ့် ငါ့အတ္တကြောင့် မင်းကို ဒီလိုပုံစံမျိုးနဲ့ ဆက်မမြင်ချင်ဘူး "
Yibo က Xiao Zhan ကို အိမ်မက်ထဲကလို ပြုံးပြီး ကြည့်လာသည်။ Xiao Zhan မျက်နှာလေးကို ဆွဲယူကာ နဖူးပြင်ကို ခပ်ဖွဖွလေးနမ်းရင်း " Zhan Zhan မင်းမနက်ဖြန်ဆို သွားတော့မှာ မဟုတ်လား။ ဒီနေ့တစ်ရက်လောက်တော့ ငါ့ရည်းစားလုပ်ပေးပါလား။ "
Xiao Zhan ရယ်လိုက်မိသည်။
" တစ်ရက်တာ ချစ်သူပေါ့ ? "
" အင်း... တစ်ရက်တာ ချစ်သူ "
Xiao Zhan ခေါင်းညိမ့်ပြကာ Yibo ပြောတာကို လွယ်လွယ်ပဲ သဘောတူလိုက်မိသည်။ ဘာကြောင့် သူ သဘောတူလိုက်သည် ဆိုတာကိုလည်း
သူကိုယ်တိုင်တောင် နားမလည်နိုင်တော့။ Yibo ကို ဒီဘဝက ကျွတ်လွတ်စေချင်တာလား သူကိုယ်တိုင်က ဆွဲထားချင်နေတာလားဆိုတာကိုတော့ သူ့ကိုယ်သူတောင် နားမလည်နိုင်တော့ပေ။
Unicode
" Zhan Zhan ... Zhan Zhan ... "
Xiao Zhan နားထဲမှာ ခေါ်သံ တိုးတိုးလေးကြားနေရသည်မို့ ပတ်ဝန်းကျင်မှာ လိုက်ရှာကြည့်တော့ မှောင်မည်းနေတာကြောင့် ဘာမှ မမြင်နိုင်ပေ။ ခေါ်သံလာရာကို စမ်းတဝါးဝါးနဲ့ လှမ်းလျှောက်သွားတော့ မီးအလင်းရောင် မှိန်ပြပြလေး မြင်လိုက်ရသည်မို့ ထိုနေရာသို့ ဦးတည်ပြီး သူလျှောက်သွားလိုက်သည်။
အနားရောက်တော့ ဖြူစွတ်နေတဲ့ စန္ဒရားခုံကြီးကို မြင်လိုက်ရပြီး ထိုစန္ဒရားရှေ့တွင် အဖြူဝမ်းဆက်ဖြင့် နောက်ကျောပေးရပ်နေသော လူတစ်ယောက်။
" Yibo .... မင်းလား "
Xiao Zhan တုန်ရင်စွာနဲ့ လှမ်းခေါ်လိုက်တော့ နောက်ကျောပေးထားတဲ့သူက သူ့ဘက်ကို တဖြည်းဖြည်းလှည့်လာသည်။
" Zhan Zhan... "
အဖြူရောင် ဝမ်းဆက်နဲ့ အမြဲလိုလို မြင်ရတဲ့ ဖြူဖျော့ဖျော့ Yibo ရဲ့ မျက်နှာလေးက ယခုတော့ ပန်းသွေးရောင်သမ်းလို့နေသည်။ Yibo က သူ့ရဲ့ လက်တစ်ဖက်ကို ရှေ့သို့ ဆန့်တန်းပြီး Xiao Zhan ကို ကမ်းပေးလာသည်။ Xiao Zhan ယောင်နနနဲ့ ကမ်းပေးလာတဲ့ လက်ကို ပြန်ကိုင်ဆွဲကာ Yibo အနားသို့ တိုးကပ်သွားလိုက်သည်။
" Zhan Zhan ငါ့ကို ထားမသွားပါနဲ့ "
အနားရောက်လာတာနဲ့ Xiao Zhan ရင်ခွင်ထဲ တိုးဝင်ပြီး ပြောလာတဲ့ Yibo စကားကြောင့် သူ့ရုတ်တရက်မို့ ကြောင်အမ်းသွားမိသည်။ ခနကြာမှ Yibo ရဲ့ ကျောပြင်လေးကို ဖွဖွပုတ်ကာ " ဘာလို့ ငါက မင်းကို ထားသွားမယ်လို့ ထင်နေတာလဲ? ငါ့ကို မယုံလို့လား "
Yibo က သူ့ရင်ခွင်ထဲကနေ လှုပ်စိ လှုပ်စိနဲ့ ခေါင်းလေး ရမ်းနေသည်။
" ငါကြောက်လို့.... မင်းမရှိတော့ရင်
ငါတစ်ယောက်တည်း ပြန်ဖြစ်မှာ ကြောက်တယ် "
" အရူးလေး... ငါမထားခဲ့ပါဘူး။ "
" ဒါဆို ငါနဲ့ တစ်သက်လုံးတူတူနေပေးမှာလား ? "
ရင်ခွင်ထဲကနေ မျက်နှာငယ်လေးနဲ့ မော့ကြည့်ပြီး မေးလာတဲ့ Yibo ကြောင့်
Xiao Zhan အသည်းယားစွာနဲ့ Yibo ရဲ့ နှာခေါင်းလုံးလုံးလေးကို ဆွဲခါလိုက်သည်။
" နေပေးမှာပေါ့ ... ငါတို့ သူငယ်ချင်းကောင်းတွေ လုပ်ကျမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား။ "
" ဒါပေမယ့် ငါကမှ မင်းနဲ့ သူငယ်ချင်း မဖြစ်ချင်တာ။ "
Yibo ရဲ့ အေးအေးစက်စက်နဲ့ ပြောလာတဲ့ စကားကို Xiao Zhan နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။
" ဘာအဓိပ္ပါယ်လဲ ? "
" မင်း မသိဘူးလား ... ငတုံးလေး "
" ဘာကို..... "
Xiao Zhan ရဲ့ စကားတွေက နူးညံ့လှတဲ့ နှုတ်ခမ်းသားလေးရဲ့ အထိအတွေ့အောက်မှာ ရပ်တန့် သွားရသည်။ တစ်ကိုယ်လုံးကို စန္ဒကူးရနံ့တွေ လွှမ်းခြုံသွားကာ ခံတွင်းကတဆင့် အူတွင်းကလီစာတွေထိပါ အမွှေးနံ့တွေ ကူးစက်ကုန်ပြီလားတောင် ထင်ရသည်။ ဘဝမှာ တစ်ခါမှ မခံစားဘူးတဲ့ စွဲလမ်းဖွယ် အထိအတွေ့ကြောင့် Xiao Zhan တစ်ယောက် ရုန်းထွက်ဖို့နေနေသာသာ မျက်ဝန်းတွေကို ပိတ်ကားချပြီး ရစ်မူးပျော်ဝင်နေမိသည်။
" Zhan Zhan ! Zhan Zhan !!"
ခေါ်သံကြောင့် Xiao Zhan မျက်ဝန်းတွေကို တွန်းဖွင့်လိုက်တော့ မနက်ခင်းရဲ့ အလင်းရောင်အောက်မှာ သူ့ကို ပြုံးကာ ငုံကြည့်နေတဲ့ Yibo ရဲ့ ဖြူဖျော့ဖျော့မျက်နှာလေး။
Xiao Zhan ဝုန်းခနဲ အိပ်ယာမှ ကုန်းထလိုက်မိသည်။
" ဘာဖြစ်တာလဲ ? "
Yibo က အံ့သြတကြီးနဲ့ မေးတော့
Xiao Zhan ဘာပြန်ဖြေရမှန်းမသိ။
သူဘေးမှာ လာထိုင်နေတဲ့ Yibo မျက်နှာကို လှမ်းကြည့်ပြီး မျက်ဝန်းတွေက Yibo ရဲ့ နှုတ်ခမ်းတွေဆီ ကျရောက်သွားတော့ အိမ်မက်ထဲက အဖြစ်အပျက်တွေက ရုပ်ရှင်ပြသလို မှတ်ဉာဏ်ထဲကို ရှင်း
ရှင်းလင်းလင်းကြီး တိုးဝင်လာပြန်သည်။
" Wang Yibo စုတ် !!"
Xiao Zhan သူ့ဘာသာ ရှက်ရမ်းရမ်းပြီး
ခေါင်းအုံးနဲ့ လွှဲရိုက်လိုက်တော့ ခေါင်းအုံးက Yibo ကို ဖြတ်သန်းပြီး ဝင်သွားသည်မို့ အမြင်ကပ်စွာနဲ့ မျက်စောင်းတွေသာ လိမ့်ထိုးပြီး ရေချိုးခန်းထဲ တန်းပြေးသွားတော့သည်။
Advertisement
- In Serial12 Chapters
Shizen: A Reader's Journey
Every reader has wished to live life in a fantasy and rule the world. Kim Sheon also wished the same and was transmigrated into a world of magic and martial arts. But reality is different from fantasy. Seven years into the world, he finds himself as a weak and ordinary warrior. In a cruel twist of fate, his life changes.
8 220 - In Serial11 Chapters
Windwakers
Isak's family were known for being the best handicrafts in Northern Europe, owning a very successful store in the city of Gothenburg. Their naïvety didn't last long till the tragic night that took them all, except for the young Isak. Caught in a void he is transported to another world, a world filled with kingdoms ruling the lands, lands filled with beings only known to mankind as fantasy. As the world changes and fluctuates, a new age is on the horizon, all leading to royals being overthrown and new lands being created. As the prophecies are being foretold to mirror the future, Isak is left to explore the lands, the wonders and atrocities this new world has to offer.
8 104 - In Serial8 Chapters
The Cursed Sword Of Hephalio
A man befallen with some terrible luck due to a combination of unfortunate circumstances and as well as the work of a noble, Mathias Sparrow is doomed to be a slave for Nobles. And yet with a twist of fate and a bit of luck he encounters something that changes his life forever. The Cursed Sword of Hephalio. Follow him on his journey to uncover what secrets this sword contains and what curses it will unleash upon our poor protagonist. But first, he needs to escape his life as a slave for his journey to even begin.
8 180 - In Serial113 Chapters
Army of the Damned
"When are we gonna go home?" as the man in a General uniform looks at the beautiful setting Sun. An Isekai about Politics, Strategy and War. Players suddenly got transported into an Isekai world. Our cast of people are forced to accept the new world and adapt or die. They have the means to do damage and commit war, but are now forced to face the music of morals as now, they're not playing with Code. But actual human life. What will they do? What choices and mistakes will they make in their attempt to go back home?-Story by KFCLover from Archives of Stories
8 136 - In Serial49 Chapters
JR A Jeid Fanfic
JJ and Reid are head over heels for each other, but when a case in NYC goes horribly wrong, just as the light at the end of the tunnel is seen, something else happened that could potentially put them all in danger of their lives, will they be able to find a way out? Will their lives and love be enough to fight for?
8 263 - In Serial14 Chapters
It was only love || Hope Mikealson
a human girl in the supernatural world surrounded by the powerful, how far would she go to protect herself, does she stay human for long?
8 158