《The Time Between You And Me》Part 1.5
Advertisement
Zawgyi
Xiao Zhan ဆြဲလက္စ ပန္းခ်ီကားကိုရပ္တန့္ကာ ဝရန္တာကို လွမ္းၾကည့္လိုက္သည္။ ေနဝင္ဆည္းဆာရဲ႕ ေအာက္မွာ ၿမိဳ႕ျပႀကီးက လွပေနေပမယ့္ ေအးခ်မ္းတဲ့ ခ်ိဳက္ရီၿမိဳ႕ေလးေလာက္ေတာ့ လွပမေနေပ။ အရင္လို ဝရန္တာမွာ ရပ္ေနက် တစ္စုံ တစ္ေယာက္လည္း မရွိေတာ့သည္ မဟုတ္ပါလား။
Xiao Zhan ေလးပင္ေနေသာ စိတ္ေတြနဲ႕ ဝရန္တာအျပင္ဘက္ကို ထြက္ကာ
အသက္ကို တဝႀကီးရႈလိုက္သည္။ အရင္လိုရေနက် စႏၵကူးရနံ႕ေလးကိုေတာ့ မရနိုင္ေတာ့ေပမယ့္လို႔ေပါ့။ ခ်ိဳက္ရီကေန Xiao Zhan ျပန္ေရာက္တာ ယခုဆို တစ္လျပည့္ေတာ့မည္ျဖစ္သည္။ Xiao Zhan က်န္းမာေရးက သိသိသာသာကို ျပန္ေကာင္းသြားေပမယ့္ မေကာင္းတာေတာ့ Xiao Zhan ရဲ႕ စိတ္ပင္။ ညတိုင္း လိုလို အိမ္မက္ထဲမွာ Yibo ကို ဆက္တိုက္ေတြ႕ရသည္။ မတူညီေသာ အိမ္မက္ေပါင္းစုံရဲ႕ ၾကားမွာ Yibo နဲ႕ အတူ ညတိုင္းရွိခြင့္ရခဲ့သည္။ သို႔ေပမယ့္
သူက ဘာေၾကာင့္မိန္းခေလးအသြင္ ျဖစ္ေနသည္ကိုေတာ့ သူနားမလည္ေပ။
တစ္ခု နားလည္လာတာက အတူရွိေနစဥ္က ေသခ်ာနားမလည္ခဲ့ေပမယ့္ ယခုေတာ့ Xiao Zhan သူ႕စိတ္ကိုသူ နားလည္ခဲ့ၿပီျဖစ္သည္။ သူ Yibo ကို ခ်စ္ေနမိသည္။ မတူညီတဲ့ ဘဝႏွစ္ခုကို ဘယ္လိုမွ ေပါင္းစပ္မရနိုင္မွန္း သိသိရက္ႏွင့္ကို သူခ်စ္ေနမိၿပီျဖစ္သည္။ Xiao Zhan စီးက်လာတဲ့ မ်က္ရည္စေတြကို ပုတ္ထုတ္လိုက္ရင္း ခ်ိဳက္ရီၿမိဳ႕ရွိရာကို မွန္းဆရင္း ေျပာလိုက္မိသည္။
" က်ိန္းေသ ေစာင့္ေနေနာ္။ မင္းဆီ ျပန္လာခဲ့မယ္ "
==========================
" ဆရာ Xiao ဂုဏ္ယူပါတယ္ေနာ္ ! "
Hao Xuan သူကိုင္ထားတဲ့ အရက္ခြက္သူ႕ခြက္နဲ႕ တိုက္ၿပီး Xiao Zhan ပခုံးကို ဖက္လိုက္သည္။
" ဘာျဖစ္ေနတာလဲ မင္း႐ုပ္ႀကီးက မအီမသာနဲ႕။ ရည္းစားပူမိေနတာက်ေနတာပဲ။ "
" .... "
" မင္းျပပြဲက ေအာင္ျမင္သြားၿပီဆိုေတာ့။ မင္းဘာဆက္လုပ္ဖို႔ စဥ္းစားထားလဲ ? "
Xiao Zhan သက္ျပင္းခ်ကာ Hao Xuan ဘက္ကို လွည့္လိုက္သည္။
" Hao Xuan အရင္ဆုံး ငါတစ္ခုေလာက္ အကူညီေတာင္းလို႔ ရမလား။ "
Hao Xuan က Xiao Zhan ပခုံးကို ကိုင္ထားတဲ့ လက္ကို ခ်က္ခ်င္း႐ုတ္လိုက္ကာ " ခ်ိဳက္ရီျပန္သြားမလို႔ဆို မေျပာနဲ႕။ လုံးဝမရဘူး "
" Hao Xuan .... "
" Xiao Zhan မင္းဘာျဖစ္ေနတာလဲ ?
မင္းေလာက္ ေအးတိေအးစက္လူက
ဘာလို႔ အဲ့ သရဲကိုမွ အသည္းအသန္ ျဖစ္ေနတာကို ငါနားမလည္နိုင္ေတာ့ဘူး။
ေသၿပီးသားလူနဲ႕ ရွင္ေနတဲ့သူ။ မင္းသူ႕အနားကို သြားေနရင္ ၾကာရင္ မင္းပါ ေသလိမ့္မယ္ သိရဲ႕လား။ တကယ္ပဲ
ဘာမွ မျမင္ေတာ့ေအာင္ ျပဳစားခံလိုက္ရတာမ်ားလားပဲ။ "
Hao Xuan ေျခေထာက္ကို လွမ္းကန္ၿပီး Xiao Zhan လွည့္ထြက္သြားလိုက္သည္။
" ဆရာ Xiao ! မင္း မသြားနဲ႕ေနာ္ "
အေနာက္ေအာ္ဟစ္ေနတဲ့ Hao Xuan
ရဲ႕ အသံစာစာကို Xiao Zhan လစ္လ်ဴရႈၿပီး ထြက္လာလိုက္သည္။
ငါ မသြားလို႔မရဘူး Hao Xuan...
ငါ ျပန္လာမယ္လို႔ ကတိေပးခဲ့တာ..
သူ က်ိန္းေသ ငါ့ကို ေစာင့္ေနမွာ...
===========================
Xiao Zhan သူ႕ေရွ႕က " ဝမ္စံအိမ္ေတာ္ " ဆိုတဲ့ ဆိုင္းဘုတ္ႀကီးကို ေမာ့ၾကည့္လိုက္သည္။ ဒုတိယအႀကိမ္ ဤစံအိမ္သို႔ ေနာက္တစ္ေခါက္ ေရာက္လာရျပန္ေပမယ့္ အေနအထားကေတာ့မတူ။ ဒီတစ္ခါေတာ့ ႀကိဳဆိုမယ့္သူ မရွိသည့္အတြက္ Xiao Zhan ၿခံစည္းရိုးကို ခက္ခက္ခဲခဲ ေက်ာ္ဝင္လိုက္သည္။
Xiao Zhan အိတ္ထဲ အသင့္ပါလာတဲ့ တူကို ထုတ္ၿပီး အိမ္ေသာ့ေတြကို ရိုက္ဖ်က္ပစ္လိုက္သည္။ အခုေတာ့ ဒီလိုလုပ္ဖို႔အျပင္ နည္းလမ္းမရွိေတာ့သည္မို႔ေနာက္မွသာ Hao Xuan ကို ေတာင္းပန္လိုက္ေတာ့မည္။ Yibo အခန္းေရွ႕ေရာက္ေတာ့ Xiao Zhan လက္ေတြ တုန္ရင္ေနသည္။ ရင္ခုန္လြန္း၍ပဲလား
ဘာလားေတာ့မသိ။ Xiao Zhan အခန္းတံခါးကို ေအာင္ျမင္စြာ ခ်ိဳးဖ်က္ၿပီး တြန္းဖြင့္လိုက္ေတာ့ သူေမွ်ာ္လင့္ထားသလို
အခန္းထဲမွာ ဘာမွမရွိေတာ့ေပ။
ေျပာင္ရွင္းေနတဲ့ အခန္းအလြတ္ႀကီး
ျဖစ္ေနၿပီး Yibo ရဲ႕ အရိပ္အေယာင္ေတာင္ မျမင္ရေတာ့။
" Yibo !! Wang Yibo !!"
Xiao Zhan တစ္ခန္းလုံး ေနရာအႏွံ႕ေအာ္ဟစ္ၿပီး လိုက္ရွာေပမယ့္လည္း Yibo ကို အရိပ္အေယာင္ေလးေတာင္ မေတြ႕ရ။ သူေနာက္က်သြားၿပီလား ဆိုတဲ့ အေတြးနဲ႕ အခန္းေထာင့္ေလးမွာ ထိုင္ၿပီး
ငိုေနမိတာ ဘယ္ေလာက္ၾကာလို႔ ၾကာသြားမွန္းမသိ။ Xiao Zhan ႏွာေခါင္းတိုးဝင္လာတဲ့ စႏၵကူးရနံ႕ေလးရမွ သူေမာ့ၾကည့္လိုက္ေတာ့ သူ႕ေရွ႕မွာ သူ႕ကို ၿပဳံးၾကည့္ေနတဲ့ Yibo ရဲ႕ မ်က္ႏွာ လွလွေလး။
" Wang Yi bo !! ဘယ္ေတြေရာက္ေနတာလဲ ? ငါဘယ္ေလာက္ေတာင္ စိုးရိမ္သြားလဲ မသိဘူးလား။ "
" ေတာင္းပန္ပါတယ္ ... ငါ ေနာက္က်သြားတယ္ "
Yibo က Xiao Zhan မ်က္ဝန္းမွာ တြဲခိုေနတဲ့ မ်က္ရည္စေတြကို သုတ္ေပးရင္း
ႏူးညံ့စြာ ေျပာလာသည္။
" ဘာမွမျဖစ္ဘူး ... အခုေရာက္ေနၿပီပဲ "
Yibo ရင္ခြင္ထဲကို Xiao Zhan တိုးဝင္သြားလိုက္သည္။ အရမ္းလြမ္းေနခဲ့တာ စႏၵကူးရနံ႕ေမႊးတဲ့ ဒီရင္ခြင္ေအးစက္စက္ေလးဆီက ေႏြးေထြးမႈကို။
Yibo က Xiao Zhan ေခါင္းက ဆံႏြယ္ေလးေတြကို ညင္သာစြာ နမ္းရွိုက္ရင္း
ေမးလာသည္။
" ျပပြဲက ၿပီးၿပီလား "
Xiao Zhan ရင္ခြင္ထဲက မထြက္ဘဲ ေခါင္းညိမ့္ျပလိုက္သည္။
" ဒါဆို ဟိုေန႕က ခ်စ္သူလုပ္တမ္းေဆာ့တာ မၿပီးေသးဘူးေလ ျပန္စက်မလား။ ေႏွာက္ယွက္မယ့္သူေတြလဲ မရွိေတာ့ဘူး။ "
Yibo ဆီမ မထင္မွတ္ဘဲ ေျပာလာတဲ့ စကားေၾကာင့္ Xiao Zhan မ်က္ႏွာေလး ရဲသြားမိသည္။ ထို႔ေန႕က သူတို႔
ကုတင္ေပၚမွာ နမ္းရင္းက အရွိန္လြန္ေတာ့မလိုျဖစ္ေနဆဲမွာ Hao Xuan ဝင္ေႏွာက္တာနဲ႕ ပ်က္စီးသြားခဲ့သည္မဟုတ္ပါလား။
" ေပါက္ကရေတြ... မင္းေခါင္းက တို႔ဟူးေတြ ျပည့္ေနတာလား ? အခုမွ ေရာက္လာတဲ့ သူကို ဒါေတြေျပာေနရေအာင္။ "
" စတာပါ... စတာပါ စိတ္မဆိုးပါနဲ႕ ။
အခုဘယ္လိုလုပ္က်မလဲ ? အခန္းထဲမွာ အိပ္စရာ ကုတင္လည္း မရွိေတာ့ဘူး။
ၾကမ္းျပင္မွာပဲ အိပ္က်မလား။ "
Xiao Zhan မ်က္ႏွာတစ္ျပင္လုံး ရဲလာကာ Yibo ကို ထုရိုက္ေတာ့သည္။
Advertisement
"ဘယ္လိုျဖစ္လို႔ အိပ္တဲ့ အေၾကာင္းပဲ ေျပာေနတာလဲ Wang Yibo !! "
==========================
ႏွစ္ေယာက္သား တစ္ညလုံး တစ္ေယာက္နဲ႕ တစ္ေယာက္ ဖက္တြယ္ရင္း
စကားေတြ အမ်ားႀကီးေျပာျဖစ္ၾကသည္။ Hao Xuan ေျပာသလို အႏၲရာယ္မ်ားသည္ျဖစ္ေစ နည္းသည္ျဖစ္ေစ Xiao Zhan ကေတာ့ အခုလို Yibo အနားမွာေနၿပီး တစ္ေယာက္နဲ႕ တစ္ေယာက္ အေဖာ္ျပဳေပးေနရသည္ကို ေက်နပ္သည္။ ႐ူးတယ္ပဲ ေျပာေျပာ
တျခားမျမင္ရလည္း သူ႕အတြက္ ျပသာနာမရွိ။ အေရးႀကီးတာ သူနဲ႕ Yibo တူတူရွိေနဖို႔ပဲ ျဖစ္သည္ေလ။
Xiao Zhan ႐ုတ္တရက္ အရင္က ကိစၥကို ေတြးမိၿပီး " Yibo.... မင္း ေကာင္မေလးကို အရမ္းခ်စ္ခဲ့မွာေပါ့ေနာ္။ သူက လွလား ? လွမွာေပါ့ေနာ္ "
Yibo သူ႕ရင္ခြင္ထဲ ဝင္ထိုင္ၿပီး ေပါက္ေပါက္ေဖာက္ေနတဲ့ Xiao Zhan ကို ၾကည့္ၿပီး သေဘာက်စြာရယ္လိုက္သည္။
" ဘာလို႔ အဲ့တာေတြ ေလွ်ာက္ေမးေနတာလဲ။ သဝန္တိုလို႔လား "
" ဘာလို႔မေမးရမွာလဲ ? မင္းေျပာ ငါ့ကို ပိုခ်စ္လား ... သူကိုပိုခ်စ္လား ?"
Yibo မ်က္ႏွာကို လက္ၾကားထဲ ထည့္ၿပီး ဖိညစ္ကာ ေမးေနတဲ့ Xiao Zhan ေၾကာင့္ Yibo ႐ုန္းထြက္ကာ ေရွ႕တိုးၿပီး Xiao Zhan မ်က္ႏွာေလးကို နမ္းလိုက္သည္။
" ငါမသိဘူး.... Zhan Zhan။ ဒါေပမယ့္ ငါသိတာ တစ္ခုေတာ့ရွိတယ္။ ငါထြက္သြားခဲ့ရင္ ငါ့ကို ေစာင့္ေနေပးနိုင္မလား။ "
Xiao Zhan ရဲ႕ ေပ်ာ္ျမဴးေနတဲ့ စိတ္ကေလးက ခ်က္ခ်င္း ပ်က္စီးသြားေတာ့သည္။
" ဘာလို႔လဲ ? ႐ုတ္တရက္ႀကီး မင္းက ဘယ္သြားမလို႔လဲ ? ငါ့ကို အခုမွေတာ့
ထားမသြားနဲ႕ေနာ္။ "
Yibo မၾကာခင္ ေရာင္နီသမ္းလာေတာ့မည့္ မနက္ခင္းကို လွမ္းၾကည့္လိုက္ၿပီး
Xiao Zhan မ်က္ႏွာေလးကိုဆြဲယူကာ သူ႕နဖူးနဲ႕ ထိကပ္လိုက္သည္။
" ေက်းဇူးတင္ပါတယ္... အၿမဲတမ္း ငါ့ဆီေရာက္ေအာင္ ျပန္လာေပးလို႔။ ကတိတည္ေပးလို႔။ "
Yibo ေျပာေနတာေတြကို Xiao Zhan ဘာမွ နားမလည္နိုင္ေတာ့။ သူ႕စိတ္ရဲ႕ အနက္ရွိုင္းဆုံးတေနရာမွာ ျဖစ္လာေတာ့မည္ ကိစၥကို ရိပ္မိေနေပမယ့္ သိစိတ္က
အတင္းျငင္းဆန္ေနမိသည္။
" Yibo.... ဘာေတြေျပာေနတာ.. "
Xiao Zhan ရဲ႕ ႏႈတ္ခမ္းပါးပါးေလးေတြကို ႏူးညံ့စြာ နမ္းရွိုက္လာတဲ့ Yibo ...
အရင္ အနမ္းေတြနဲ႕ မတူစြာ ႏူးညံ့စြာ စားသုံးေနတဲ့ Yibo ေၾကာင့္ Xiao Zhan ရင္ေတြ တဒိန္းဒိန္းခုန္လာရသည္။
" မင္းကို ခ်စ္တယ္... "
မထင္မွတ္ထားတဲ့ ဖြင့္ဟ ဝန္ခံစကား ေၾကာင့္ Xiao Zhan တစ္ကိုယ္လုံးအပူခ်ိန္ေတြေတာင္ ေဆာင့္တက္လာသလိုပင္။
" ဘာျဖစ္ေနတာလဲ ? သက္သက္မဲ့
ရင္ခုန္ေအာင္ "
Yibo က ရယ္ၿပီး Xiao Zhan ကို ဆြဲဖက္လာသည္။
" ကိုယ့္ကို ေစာင့္ေနေနာ္ "
Xiao Zhan ရင္ထဲမွာ တစ္စုံတစ္ခုကေတာ့ အႀကီးအက်ယ္ မွားယြင္းေနသည္ကို ခံစားလာရသည္မို႔ ခ်က္ခ်င္း ႐ုန္းထြက္ဖို႔ လုပ္ေပမယ့္ Yibo က အလြတ္မေပးဘဲ တင္းၾကပ္စြာ ဖက္ထားသည္။
" Wang Yibo ! ဘာေတြျဖစ္ေနတာလဲ ? မင္းသြားရေတာ့မွာလား ? ေျပာပါဦး Yibo ... "
Xiao Zhan ႐ုန္းကန္ရင္းေအာ္ေနေတာ့
Yibo က တင္းၾကပ္စြာဖက္ထားရင္း
ေျပာလာသည္။
" ကိုယ္မင္းအနားမွာ ဆက္ေနလို႔ မျဖစ္ဘူး။ မင္းကို ထိခိုက္လိမ့္မယ္။ ကိုယ္ ေတာင္းပန္ပါတယ္ "
" Wang Yi Bo!! မလုပ္နဲ႕ေနာ္... ငါ့ကို အရမ္းခ်စ္မိေအာင္ လုပ္ၿပီးမွ အခုမွေတာ့ ငါ့ကို ထားမသြားပါနဲ႕ "
" Wang Yibo !!"
Xiao Zhan ကို တင္းၾကပ္စြာ ဖက္ထားတဲ့ လက္ေတြကို တျဖည္းျဖည္းအားေလ်ာ့လာၿပီး သူ႕မ်က္စိေရွ႕မွာတင္
အျဖဴေရာင္အခိုးအေငြ႕ေတြအျဖစ္ ေပ်ာက္ကြယ္သြားေတာ့သည္။ ဟိုးအေဝးက မနက္ခင္းရဲ႕ ဆည္းဆာ အလွကေတာ့
Xiao Zhan ႏွင့္ လားလားမွ မသက္ဆိုင္သလိုပင္။
႐ုတ္တရက္ႀကီး ေပ်ာက္ကြယ္သြားတဲ့
ခ်စ္သူကို Xiao Zhan ဘယ္လို နားလည္ေပးရမည္ဆိုတာကို မသိေတာ့။ Xiao Zhan တစ္ေယာက္တည္း
အ႐ူးလို ေအာ္ဟစ္ေနမိသည္။
" Wang Yibo ... မင္းကို
ငါေစာင့္ေနမယ္လို႔ မင္းကိုယ္မင္း
ယုံၾကည္ခ်က္ေတြရွိေနလို႔ ထြက္သြားရဲတာလား "
" ငါမေစာင့္ဘူး !! မင္းအခု ျပန္မလာရင္ ငါခ်က္ခ်င္း လက္ထပ္ပစ္မွာ !!"
" Wang Yibo ... မင္းျပန္လာခဲ့ပါ ...
မင္းမရွိရင္ ငါမေနတတ္ေတာ့ဘူး..
ငါေတာင္းပန္ပါတယ္ "
" ငါအစတည္းက မင္းကို ဖြင့္ေျပာခဲ့သင့္တာ... ငါ့ကို မက်ေနပ္လို႔ လက္စားေခ်ေနတာလား "
" Yibo.... ငါမင္းကို ခ်စ္တယ္လို႔ေတာင္
မေျပာရေသးဘူးေလ "
" WANG YI BO !!"
Xiao Zhan တစ္ေယာက္တည္း ေအာ္ဟစ္ငိုေႂကြးေနမိရင္း ဘယ္ေလာက္ၾကာသြားမွန္းမသိဘဲ သူ႕ကမာၻႀကီးက အေမွာင္ဖုံးသြားေတာ့သည္။ Xiao Zhan မ်က္ဝန္းေတြကို တြန္းဖြင့္လိုက္ေတာ့ သူ႕ကို မ်က္ရည္စေတြနဲ႕ ငုံၾကည့္ေနတဲ့ Yibo ကို ေတြ႕လိုက္ရသည္။ ဝမ္းဗိုက္ဆီက နာက်င္မႈေၾကာင့္ သူငုံၾကည့္လိုက္ေတာ့ ေသြးေတြ႐ြဲႏွစ္လို႔ေနသည္။
Xiao Zhan သူ႕ကိုယ္သူေတာင္ မထိန္းခ်ဳပ္နိုင္ေတာ့ဘဲ ေသြးစြန္းေနတဲ့ လက္ေတြနဲ႕ Yibo ရဲ႕ မ်က္ရည္ေတြကို သုတ္ေပးလိုက္မိသည္။
ထို႔ေနာက္ ႏႈတ္မွ အလိုအေလ်ာက္ထြက္က်လာတဲ့ စကား။
" မငိုပါနဲ႕.... က်ိန္းေသ ျပန္လာရွာမွာမို႔ ေစာင့္ေနေနာ္ "
Yibo က မ်က္ရည္ေတြၾကားကေန
သူ႕ကို ၿပဳံးျပကာ ေျပာလာသည္။
" ကိုယ္ေစာင့္ေနမယ္ ... ကိုယ္မင္းကို ေစာင့္ေနမွာမို႔ က်ိန္းေသျပန္လာရမယ္ေနာ္ "
မ်က္ရည္ေတြႏွင့္ ေၾကကြဲစြာ ေျပာေနတဲ့ Yibo ကို Xiao Zhan ေခါင္းၿငိမ့္ျပလိုက္သည္။ သူဘာေၾကာင့္ ထိုသို႔ေသာ စကားကို ေျပာလိုက္လဲဆိုတာေတာ့ သူ
မသိေပ။ Xiao Zhan အိမ္မက္ေတြက လက္ေတြ႕ဆန္ၿပီး အၿမဲလိုလို ျပဇာတ္တစ္ပုဒ္ကေနရသလိုပင္။ တျဖည္းျဖည္းနဲ႕ အျမင္အာ႐ုံေတြက ေဝးဝါးလာၿပီး Xiao Zhan အမွောင္ထုထဲသို႔ ျပန္ေရာက္သြားျပန္ေတာ့သည္။
ဒီတစ္ႀကိမ္ Xiao Zhan နိုးလာေတာ့
မ်က္ႏွာၾကတ္အျဖဴေရာင္ႀကီးကို အရင္ျမင္လိုက္ရသည္။
" နိုးလာၿပီလား "
အသံလာရာကို ၾကည့္လိုက္ေတာ့
သူ႕ကို စိုးရိမ္စြာ ၾကည့္ေနတဲ့ Hao Xuan။
Advertisement
" မသြားပါနဲ႕ ဆိုတာကို။ ဘာျဖစ္လို႔ အဲ့ေနရာကို သြားမွန္းမသိဘူး။ မင္းေနာက္တစ္ခါထပ္သြားရင္ ငါအဲ့အိမ္ကို မီးရွို႔ပစ္မွာေနာ္ "
" ေတာင္းပန္ပါတယ္... "
Xiao Zhan တိုးတိုးေလး ေတာင္းပန္လိုက္ေတာ့ Hao Xuan က ေခါင္းကုတ္ကာ ေျပာလာသည္။
" ထားလိုက္ေတာ့ ေနာက္တစ္ခါသာ ထပ္မလုပ္နဲ႕။ ေနာက္တစ္ခါဆို မင္းအသက္ျပန္ပါလာပါ့မလား မေသခ်ာဘူး။ ငါဆရာဝန္သြားေခၚလိုက္ဦးမယ္ "
" မစိုးရိမ္ပါနဲ႕ ငါေနာက္ထပ္မသြားေတာ့ပါဘူး... သြားစရာလည္း မလိုေတာ့ဘူး။ "
Hao Xuan က Xiao Zhan ေျပာတာကို နားမလည္နိုင္ေပမယ့္လည္း ေခါင္းညိမ့္ျပၿပီး အခန္းထဲက ထြက္သြားေတာ့သည္။
Xiao Zhan အခုေတာ့ အျဖစ္အပ်က္ေတြကို နည္းနည္းနားလည္ လာသလိုရွိလာသည္။ သူဘာေၾကာင့္ Yibo အသက္ရွိစဥ္က ျဖစ္ခဲ့တာေတြကို အိမ္မက္အေနနဲ႕ ျပန္ျပန္ျမင္ေနသည္ ဆိုတာကို နားမလည္ေပမယ့္ သူသိလိုက္တာတစ္ခုက ဘာမဟုတ္တဲ့ ကတိတစ္ခုေၾကာင့္ Yibo က ဘယ္မွ မသြားနိုင္ဘဲ
အႏွစ္ ၅၀ ေက်ာ္ထိ ေစာင့္ေနခဲ့သည္။
အခုလည္း သူ႕ကို ေစာင့္ခိုင္းသြားျပန္ၿပီ။
Wang Yibo ငါက်ိန္းေသ ေစာင့္ေနမွာမို႔ ဆက္ဆက္ျပန္လာခဲ့ေနာ္။
မင္းကို ယုံၾကည္ၿပီး ေစာင့္ေနမွာ။
မင္း ကတိတည္တယ္ဆိုတာ ငါသိတယ္။
The Time Between You And Me
Unicode
Xiao Zhan ဆွဲလက်စ ပန်းချီကားကိုရပ်တန့်ကာ ဝရန်တာကို လှမ်းကြည့်လိုက်သည်။ နေဝင်ဆည်းဆာရဲ့ အောက်မှာ မြို့ပြကြီးက လှပနေပေမယ့် အေးချမ်းတဲ့ ချိုက်ရီမြို့လေးလောက်တော့ လှပမနေပေ။ အရင်လို ဝရန်တာမှာ ရပ်နေကျ တစ်စုံ တစ်ယောက်လည်း မရှိတော့သည် မဟုတ်ပါလား။
Xiao Zhan လေးပင်နေသော စိတ်တွေနဲ့ ဝရန်တာအပြင်ဘက်ကို ထွက်ကာ
အသက်ကို တဝကြီးရှုလိုက်သည်။ အရင်လိုရနေကျ စန္ဒကူးရနံ့လေးကိုတော့ မရနိုင်တော့ပေမယ့်လို့ပေါ့။ ချိုက်ရီကနေ Xiao Zhan ပြန်ရောက်တာ ယခုဆို တစ်လပြည့်တော့မည်ဖြစ်သည်။ Xiao Zhan ကျန်းမာရေးက သိသိသာသာကို ပြန်ကောင်းသွားပေမယ့် မကောင်းတာတော့ Xiao Zhan ရဲ့ စိတ်ပင်။ ညတိုင်း လိုလို အိမ်မက်ထဲမှာ Yibo ကို ဆက်တိုက်တွေ့ရသည်။ မတူညီသော အိမ်မက်ပေါင်းစုံရဲ့ ကြားမှာ Yibo နဲ့ အတူ ညတိုင်းရှိခွင့်ရခဲ့သည်။ သို့ပေမယ့်
သူက ဘာကြောင့်မိန်းခလေးအသွင် ဖြစ်နေသည်ကိုတော့ သူနားမလည်ပေ။
တစ်ခု နားလည်လာတာက အတူရှိနေစဥ်က သေချာနားမလည်ခဲ့ပေမယ့် ယခုတော့ Xiao Zhan သူ့စိတ်ကိုသူ နားလည်ခဲ့ပြီဖြစ်သည်။ သူ Yibo ကို ချစ်နေမိသည်။ မတူညီတဲ့ ဘဝနှစ်ခုကို ဘယ်လိုမှ ပေါင်းစပ်မရနိုင်မှန်း သိသိရက်နှင့်ကို သူချစ်နေမိပြီဖြစ်သည်။ Xiao Zhan စီးကျလာတဲ့ မျက်ရည်စတွေကို ပုတ်ထုတ်လိုက်ရင်း ချိုက်ရီမြို့ရှိရာကို မှန်းဆရင်း ပြောလိုက်မိသည်။
" ကျိန်းသေ စောင့်နေနော်။ မင်းဆီ ပြန်လာခဲ့မယ် "
==========================
" ဆရာ Xiao ဂုဏ်ယူပါတယ်နော် ! "
Hao Xuan သူကိုင်ထားတဲ့ အရက်ခွက်သူ့ခွက်နဲ့ တိုက်ပြီး Xiao Zhan ပခုံးကို ဖက်လိုက်သည်။
" ဘာဖြစ်နေတာလဲ မင်းရုပ်ကြီးက မအီမသာနဲ့။ ရည်းစားပူမိနေတာကျနေတာပဲ။ "
" .... "
" မင်းပြပွဲက အောင်မြင်သွားပြီဆိုတော့။ မင်းဘာဆက်လုပ်ဖို့ စဥ်းစားထားလဲ ? "
Xiao Zhan သက်ပြင်းချကာ Hao Xuan ဘက်ကို လှည့်လိုက်သည်။
" Hao Xuan အရင်ဆုံး ငါတစ်ခုလောက် အကူညီတောင်းလို့ ရမလား။ "
Hao Xuan က Xiao Zhan ပခုံးကို ကိုင်ထားတဲ့ လက်ကို ချက်ချင်းရုတ်လိုက်ကာ " ချိုက်ရီပြန်သွားမလို့ဆို မပြောနဲ့။ လုံးဝမရဘူး "
" Hao Xuan .... "
" Xiao Zhan မင်းဘာဖြစ်နေတာလဲ ?
မင်းလောက် အေးတိအေးစက်လူက
ဘာလို့ အဲ့ သရဲကိုမှ အသည်းအသန် ဖြစ်နေတာကို ငါနားမလည်နိုင်တော့ဘူး။
သေပြီးသားလူနဲ့ ရှင်နေတဲ့သူ။ မင်းသူ့အနားကို သွားနေရင် ကြာရင် မင်းပါ သေလိမ့်မယ် သိရဲ့လား။ တကယ်ပဲ
ဘာမှ မမြင်တော့အောင် ပြုစားခံလိုက်ရတာများလားပဲ။ "
Hao Xuan ခြေထောက်ကို လှမ်းကန်ပြီး Xiao Zhan လှည့်ထွက်သွားလိုက်သည်။
" ဆရာ Xiao ! မင်း မသွားနဲ့နော် "
အနောက်အော်ဟစ်နေတဲ့ Hao Xuan
ရဲ့ အသံစာစာကို Xiao Zhan လစ်လျူရှုပြီး ထွက်လာလိုက်သည်။
ငါ မသွားလို့မရဘူး Hao Xuan...
ငါ ပြန်လာမယ်လို့ ကတိပေးခဲ့တာ..
သူ ကျိန်းသေ ငါ့ကို စောင့်နေမှာ...
===========================
Xiao Zhan သူ့ရှေ့က " ဝမ်စံအိမ်တော် " ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို မော့ကြည့်လိုက်သည်။ ဒုတိယအကြိမ် ဤစံအိမ်သို့ နောက်တစ်ခေါက် ရောက်လာရပြန်ပေမယ့် အနေအထားကတော့မတူ။ ဒီတစ်ခါတော့ ကြိုဆိုမယ့်သူ မရှိသည့်အတွက် Xiao Zhan ခြံစည်းရိုးကို ခက်ခက်ခဲခဲ ကျော်ဝင်လိုက်သည်။
Xiao Zhan အိတ်ထဲ အသင့်ပါလာတဲ့ တူကို ထုတ်ပြီး အိမ်သော့တွေကို ရိုက်ဖျက်ပစ်လိုက်သည်။ အခုတော့ ဒီလိုလုပ်ဖို့အပြင် နည်းလမ်းမရှိတော့သည်မို့နောက်မှသာ Hao Xuan ကို တောင်းပန်လိုက်တော့မည်။ Yibo အခန်းရှေ့ရောက်တော့ Xiao Zhan လက်တွေ တုန်ရင်နေသည်။ ရင်ခုန်လွန်း၍ပဲလား
ဘာလားတော့မသိ။ Xiao Zhan အခန်းတံခါးကို အောင်မြင်စွာ ချိုးဖျက်ပြီး တွန်းဖွင့်လိုက်တော့ သူမျှော်လင့်ထားသလို
အခန်းထဲမှာ ဘာမှမရှိတော့ပေ။
ပြောင်ရှင်းနေတဲ့ အခန်းအလွတ်ကြီး
ဖြစ်နေပြီး Yibo ရဲ့ အရိပ်အယောင်တောင် မမြင်ရတော့။
" Yibo !! Wang Yibo !!"
Xiao Zhan တစ်ခန်းလုံး နေရာအနှံ့အော်ဟစ်ပြီး လိုက်ရှာပေမယ့်လည်း Yibo ကို အရိပ်အယောင်လေးတောင် မတွေ့ရ။ သူနောက်ကျသွားပြီလား ဆိုတဲ့ အတွေးနဲ့ အခန်းထောင့်လေးမှာ ထိုင်ပြီး
ငိုနေမိတာ ဘယ်လောက်ကြာလို့ ကြာသွားမှန်းမသိ။ Xiao Zhan နှာခေါင်းတိုးဝင်လာတဲ့ စန္ဒကူးရနံ့လေးရမှ သူမော့ကြည့်လိုက်တော့ သူ့ရှေ့မှာ သူ့ကို ပြုံးကြည့်နေတဲ့ Yibo ရဲ့ မျက်နှာ လှလှလေး။
" Wang Yi bo !! ဘယ်တွေရောက်နေတာလဲ ? ငါဘယ်လောက်တောင် စိုးရိမ်သွားလဲ မသိဘူးလား။ "
" တောင်းပန်ပါတယ် ... ငါ နောက်ကျသွားတယ် "
Yibo က Xiao Zhan မျက်ဝန်းမှာ တွဲခိုနေတဲ့ မျက်ရည်စတွေကို သုတ်ပေးရင်း
နူးညံ့စွာ ပြောလာသည်။
" ဘာမှမဖြစ်ဘူး ... အခုရောက်နေပြီပဲ "
Yibo ရင်ခွင်ထဲကို Xiao Zhan တိုးဝင်သွားလိုက်သည်။ အရမ်းလွမ်းနေခဲ့တာ စန္ဒကူးရနံ့မွှေးတဲ့ ဒီရင်ခွင်အေးစက်စက်လေးဆီက နွေးထွေးမှုကို။
Yibo က Xiao Zhan ခေါင်းက ဆံနွယ်လေးတွေကို ညင်သာစွာ နမ်းရှိုက်ရင်း
မေးလာသည်။
" ပြပွဲက ပြီးပြီလား "
Xiao Zhan ရင်ခွင်ထဲက မထွက်ဘဲ ခေါင်းညိမ့်ပြလိုက်သည်။
" ဒါဆို ဟိုနေ့က ချစ်သူလုပ်တမ်းဆော့တာ မပြီးသေးဘူးလေ ပြန်စကျမလား။ နှောက်ယှက်မယ့်သူတွေလဲ မရှိတော့ဘူး။ "
Yibo ဆီမ မထင်မှတ်ဘဲ ပြောလာတဲ့ စကားကြောင့် Xiao Zhan မျက်နှာလေး ရဲသွားမိသည်။ ထို့နေ့က သူတို့
ကုတင်ပေါ်မှာ နမ်းရင်းက အရှိန်လွန်တော့မလိုဖြစ်နေဆဲမှာ Hao Xuan ဝင်နှောက်တာနဲ့ ပျက်စီးသွားခဲ့သည်မဟုတ်ပါလား။
" ပေါက်ကရတွေ... မင်းခေါင်းက တို့ဟူးတွေ ပြည့်နေတာလား ? အခုမှ ရောက်လာတဲ့ သူကို ဒါတွေပြောနေရအောင်။ "
" စတာပါ... စတာပါ စိတ်မဆိုးပါနဲ့ ။
အခုဘယ်လိုလုပ်ကျမလဲ ? အခန်းထဲမှာ အိပ်စရာ ကုတင်လည်း မရှိတော့ဘူး။
ကြမ်းပြင်မှာပဲ အိပ်ကျမလား။ "
Xiao Zhan မျက်နှာတစ်ပြင်လုံး ရဲလာကာ Yibo ကို ထုရိုက်တော့သည်။
"ဘယ်လိုဖြစ်လို့ အိပ်တဲ့ အကြောင်းပဲ ပြောနေတာလဲ Wang Yibo !! "
==========================
နှစ်ယောက်သား တစ်ညလုံး တစ်ယောက်နဲ့ တစ်ယောက် ဖက်တွယ်ရင်း
စကားတွေ အများကြီးပြောဖြစ်ကြသည်။ Hao Xuan ပြောသလို အန္တရာယ်များသည်ဖြစ်စေ နည်းသည်ဖြစ်စေ Xiao Zhan ကတော့ အခုလို Yibo အနားမှာနေပြီး တစ်ယောက်နဲ့ တစ်ယောက် အဖော်ပြုပေးနေရသည်ကို ကျေနပ်သည်။ ရူးတယ်ပဲ ပြောပြော
တခြားမမြင်ရလည်း သူ့အတွက် ပြသာနာမရှိ။ အရေးကြီးတာ သူနဲ့ Yibo တူတူရှိနေဖို့ပဲ ဖြစ်သည်လေ။
Xiao Zhan ရုတ်တရက် အရင်က ကိစ္စကို တွေးမိပြီး " Yibo.... မင်း ကောင်မလေးကို အရမ်းချစ်ခဲ့မှာပေါ့နော်။ သူက လှလား ? လှမှာပေါ့နော် "
Yibo သူ့ရင်ခွင်ထဲ ဝင်ထိုင်ပြီး ပေါက်ပေါက်ဖောက်နေတဲ့ Xiao Zhan ကို ကြည့်ပြီး သဘောကျစွာရယ်လိုက်သည်။
" ဘာလို့ အဲ့တာတွေ လျှောက်မေးနေတာလဲ။ သဝန်တိုလို့လား "
" ဘာလို့မမေးရမှာလဲ ? မင်းပြော ငါ့ကို ပိုချစ်လား ... သူကိုပိုချစ်လား ?"
Yibo မျက်နှာကို လက်ကြားထဲ ထည့်ပြီး ဖိညစ်ကာ မေးနေတဲ့ Xiao Zhan ကြောင့် Yibo ရုန်းထွက်ကာ ရှေ့တိုးပြီး Xiao Zhan မျက်နှာလေးကို နမ်းလိုက်သည်။
" ငါမသိဘူး.... Zhan Zhan။ ဒါပေမယ့် ငါသိတာ တစ်ခုတော့ရှိတယ်။ ငါထွက်သွားခဲ့ရင် ငါ့ကို စောင့်နေပေးနိုင်မလား။ "
Xiao Zhan ရဲ့ ပျော်မြူးနေတဲ့ စိတ်ကလေးက ချက်ချင်း ပျက်စီးသွားတော့သည်။
" ဘာလို့လဲ ? ရုတ်တရက်ကြီး မင်းက ဘယ်သွားမလို့လဲ ? ငါ့ကို အခုမှတော့
ထားမသွားနဲ့နော်။ "
Yibo မကြာခင် ရောင်နီသမ်းလာတော့မည့် မနက်ခင်းကို လှမ်းကြည့်လိုက်ပြီး
Xiao Zhan မျက်နှာလေးကိုဆွဲယူကာ သူ့နဖူးနဲ့ ထိကပ်လိုက်သည်။
" ကျေးဇူးတင်ပါတယ်... အမြဲတမ်း ငါ့ဆီရောက်အောင် ပြန်လာပေးလို့။ ကတိတည်ပေးလို့။ "
Yibo ပြောနေတာတွေကို Xiao Zhan ဘာမှ နားမလည်နိုင်တော့။ သူ့စိတ်ရဲ့ အနက်ရှိုင်းဆုံးတနေရာမှာ ဖြစ်လာတော့မည် ကိစ္စကို ရိပ်မိနေပေမယ့် သိစိတ်က
အတင်းငြင်းဆန်နေမိသည်။
" Yibo.... ဘာတွေပြောနေတာ.. "
Xiao Zhan ရဲ့ နှုတ်ခမ်းပါးပါးလေးတွေကို နူးညံ့စွာ နမ်းရှိုက်လာတဲ့ Yibo ...
အရင် အနမ်းတွေနဲ့ မတူစွာ နူးညံ့စွာ စားသုံးနေတဲ့ Yibo ကြောင့် Xiao Zhan ရင်တွေ တဒိန်းဒိန်းခုန်လာရသည်။
" မင်းကို ချစ်တယ်... "
မထင်မှတ်ထားတဲ့ ဖွင့်ဟ ဝန်ခံစကား ကြောင့် Xiao Zhan တစ်ကိုယ်လုံးအပူချိန်တွေတောင် ဆောင့်တက်လာသလိုပင်။
" ဘာဖြစ်နေတာလဲ ? သက်သက်မဲ့
ရင်ခုန်အောင် "
Yibo က ရယ်ပြီး Xiao Zhan ကို ဆွဲဖက်လာသည်။
" ကိုယ့်ကို စောင့်နေနော် "
Xiao Zhan ရင်ထဲမှာ တစ်စုံတစ်ခုကတော့ အကြီးအကျယ် မှားယွင်းနေသည်ကို ခံစားလာရသည်မို့ ချက်ချင်း ရုန်းထွက်ဖို့ လုပ်ပေမယ့် Yibo က အလွတ်မပေးဘဲ တင်းကြပ်စွာ ဖက်ထားသည်။
" Wang Yibo ! ဘာတွေဖြစ်နေတာလဲ ? မင်းသွားရတော့မှာလား ? ပြောပါဦး Yibo ... "
Xiao Zhan ရုန်းကန်ရင်းအော်နေတော့
Yibo က တင်းကြပ်စွာဖက်ထားရင်း
ပြောလာသည်။
" ကိုယ်မင်းအနားမှာ ဆက်နေလို့ မဖြစ်ဘူး။ မင်းကို ထိခိုက်လိမ့်မယ်။ ကိုယ် တောင်းပန်ပါတယ် "
" Wang Yi Bo!! မလုပ်နဲ့နော်... ငါ့ကို အရမ်းချစ်မိအောင် လုပ်ပြီးမှ အခုမှတော့ ငါ့ကို ထားမသွားပါနဲ့ "
" Wang Yibo !!"
Xiao Zhan ကို တင်းကြပ်စွာ ဖက်ထားတဲ့ လက်တွေကို တဖြည်းဖြည်းအားလျော့လာပြီး သူ့မျက်စိရှေ့မှာတင်
အဖြူရောင်အခိုးအငွေ့တွေအဖြစ် ပျောက်ကွယ်သွားတော့သည်။ ဟိုးအဝေးက မနက်ခင်းရဲ့ ဆည်းဆာ အလှကတော့
Xiao Zhan နှင့် လားလားမှ မသက်ဆိုင်သလိုပင်။
ရုတ်တရက်ကြီး ပျောက်ကွယ်သွားတဲ့
ချစ်သူကို Xiao Zhan ဘယ်လို နားလည်ပေးရမည်ဆိုတာကို မသိတော့။ Xiao Zhan တစ်ယောက်တည်း
အရူးလို အော်ဟစ်နေမိသည်။
" Wang Yibo ... မင်းကို
ငါစောင့်နေမယ်လို့ မင်းကိုယ်မင်း
ယုံကြည်ချက်တွေရှိနေလို့ ထွက်သွားရဲတာလား "
" ငါမစောင့်ဘူး !! မင်းအခု ပြန်မလာရင် ငါချက်ချင်း လက်ထပ်ပစ်မှာ !!"
" Wang Yibo ... မင်းပြန်လာခဲ့ပါ ...
မင်းမရှိရင် ငါမနေတတ်တော့ဘူး..
ငါတောင်းပန်ပါတယ် "
" ငါအစတည်းက မင်းကို ဖွင့်ပြောခဲ့သင့်တာ... ငါ့ကို မကျေနပ်လို့ လက်စားချေနေတာလား "
" Yibo.... ငါမင်းကို ချစ်တယ်လို့တောင်
မပြောရသေးဘူးလေ "
" WANG YI BO !!"
Xiao Zhan တစ်ယောက်တည်း အော်ဟစ်ငိုကြွေးနေမိရင်း ဘယ်လောက်ကြာသွားမှန်းမသိဘဲ သူ့ကမ္ဘာကြီးက အမှောင်ဖုံးသွားတော့သည်။ Xiao Zhan မျက်ဝန်းတွေကို တွန်းဖွင့်လိုက်တော့ သူ့ကို မျက်ရည်စတွေနဲ့ ငုံကြည့်နေတဲ့ Yibo ကို တွေ့လိုက်ရသည်။ ဝမ်းဗိုက်ဆီက နာကျင်မှုကြောင့် သူငုံကြည့်လိုက်တော့ သွေးတွေရွဲနှစ်လို့နေသည်။
Xiao Zhan သူ့ကိုယ်သူတောင် မထိန်းချုပ်နိုင်တော့ဘဲ သွေးစွန်းနေတဲ့ လက်တွေနဲ့ Yibo ရဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်မိသည်။
ထို့နောက် နှုတ်မှ အလိုအလျောက်ထွက်ကျလာတဲ့ စကား။
" မငိုပါနဲ့.... ကျိန်းသေ ပြန်လာရှာမှာမို့ စောင့်နေနော် "
Yibo က မျက်ရည်တွေကြားကနေ
သူ့ကို ပြုံးပြကာ ပြောလာသည်။
" ကိုယ်စောင့်နေမယ် ... ကိုယ်မင်းကို စောင့်နေမှာမို့ ကျိန်းသေပြန်လာရမယ်နော် "
မျက်ရည်တွေနှင့် ကြေကွဲစွာ ပြောနေတဲ့ Yibo ကို Xiao Zhan ခေါင်းငြိမ့်ပြလိုက်သည်။ သူဘာကြောင့် ထိုသို့သော စကားကို ပြောလိုက်လဲဆိုတာတော့ သူ
မသိပေ။ Xiao Zhan အိမ်မက်တွေက လက်တွေ့ဆန်ပြီး အမြဲလိုလို ပြဇာတ်တစ်ပုဒ်ကနေရသလိုပင်။ တဖြည်းဖြည်းနဲ့ အမြင်အာရုံတွေက ဝေးဝါးလာပြီး Xiao Zhan အမှောင်ထုထဲသို့ ပြန်ရောက်သွားပြန်တော့သည်။
ဒီတစ်ကြိမ် Xiao Zhan နိုးလာတော့
မျက်နှာကြတ်အဖြူရောင်ကြီးကို အရင်မြင်လိုက်ရသည်။
" နိုးလာပြီလား "
အသံလာရာကို ကြည့်လိုက်တော့
သူ့ကို စိုးရိမ်စွာ ကြည့်နေတဲ့ Hao Xuan။
Advertisement
- In Serial17 Chapters
Meg The Heavenly Merchant
Updates once a week.(This is a rough draft) Author's Note: This story has grown in ways I did not predict and while it still features a merchant those aspects have gotten less page time than the fighting and romance elements. I have updated the description to represent the story better) For the past fourteen years Meg has dedicated herself to walking the path of a Heavenly Dragon Knight in her favorite videogame, Tattered Realms:Chaos Age. But now the game is shutting down and everyone wants to know what she plans to do for the sequel. Meg isn't sure at first. She knows only that she yearns for the days when she could lose herself in a game without worrying about boss strategies and crushing her rivals. And when her friend suggests playing a merchant her heart is filled with the same wanderlust and inspiration that launched her gaming career in the first place. But if she isn't dominating dungeons and setting records will people still watch her play? And can she really walk away from all the fighting for a quiet life of buying and selling?
8 119 - In Serial22 Chapters
Lyra's Tale - a second chronicle of the Children of the Bear
Ambition. Lyra Bryndotter has it in spades. Plus the black heart and skills to achieve her goals. This is a chronicle of Lyra's fight to the top, reaching beyond what even her father aimed for. And Lyra the Tigress always gets what she wants and woe to anyone who tries to stop her. Please note the rating for graphic violence, torture, sexual content (including noncon), and abuse
8 190 - In Serial45 Chapters
Lemillion In The MCU
WHAT-IF during the battle against Overhall, Mirio dodged the Quirk-Erasure bullet, avoiding the loss of his quirk? As the battle progressed and Eri grew more excited, her quirk activated, but instead of rewinding Mirio's existence, she instead unconsciously fast-forwarded his quirk, granting him a potent increase in strength. Sadly, with the strengthened quirk came the future Mirio's shadow, a will that made up the essence of his future self... With a powerful quirk, a quirk he could not control, Mirio permeated through the barriers separating the Multiverse, finding himself in a new universe - The Marvel Cinematic Universe.
8 132 - In Serial6 Chapters
It's About the Journey
Alegría "Joy" Rodriguez-Thayer had been many things: a typical American corporate drone, an armchair linguist, a starving musician, and most recently, struggling to make ends meet with a mid-tier non-profit job after being widowed at 40, dreams of world travel stifled and ultimately shattered by a lifetime of missed opportunity. In another time and place, schoolgirl Izumi Yoshiko looked forward to her Coming of Age Day, having lived her whole life in the rural town of Takasane-machi in the land of Mikata-no-kuni. Being one of the few in her town born pureblooded human, she eagerly awaited the prophecy that she would become host to a "reborn soul".With their meeting, they set off to go see this great new world and make new friends along the way. The destination doesn't matter: it's about the journey.
8 228 - In Serial34 Chapters
My Pirate System
To hunt down the Gods and snatch their powers, I embarked on a journey to loot the world. Allies? Foes? I need none.All I want is revenge, revenge for the death of my parents. *Ding* [ New Mission – Become A Pirate ] [ -> Gain 2 Allies ] [ -> Find a ship to sail ] I couldn’t be any happier after receiving the first mission. But making allies? Ha… I will make allies for sure, but they won’t have my trust. They will only be my pawns! [Warning: A bit slow paced, mc only gets system in chap 21. Aggressive progress after that. ]
8 187 - In Serial28 Chapters
✓THE WAR DIVIDING US|| TodoBakuDeku Au
{TodoBakuDeku World War II Au} Home. After these past few years Izuku wasn't entirely sure what that word meant . . . what it truly felt to have a home. You can have four walls, and a roof over your head- but what was the real definition of 'Home'? The answer to this seemingly easy question is nothing, there is no real answer- because there are no real homes. At least not for a Japanese-American caught in the backlash of World War II.Being in an Internment Camp wasn't so bad at first. But as the hours dragged on, so did the minutes, which turned into days, weeks, and inevitably years. The Military guards watching them, with fierce and intense eyes- waiting for someone to slip up, make a wrong move. New soldiers come in every month like clockwork- replacing a few of the old ones. This wasn't new.But when Izuku met them . . . those two boys would change his life forever.
8 154

