《The Time Between You And Me》Extra Part 01
Advertisement
Zawgyi
Xiao Zhan ေမာင္းလာတဲ့ၿပိဳင္ကားေလးကို ေက်ာင္းေရ႔ွမွာ ရပ္လိုက္ၿပီး ကားေပၚက ဆင္းလိုက္သည္။ Yibo က ဒီေန့ ပထမဆံုး တကၠသိုလ္တက္မည့္ေန့မို႔ က်ိန္းေသလာႀကိဳရမည္ဟု အမိန္႔ေပးထားသည္ေလ။
လြန္ခဲ့တဲ့ ၂ ႏွစ္က သူတို႔ႏွစ္ေယာက္ ျပခန္းမွာ ျပန္ဆံုသည့္ေန့ကစၿပီး Xiao Zhan မွာ သူနဲ႔ အသက္ထက္ဝက္ေက်ာ္ကြာေနသည့္ ကေလးကို အရွက္ကင္းမဲ့စြာ ေနာက္ပိုးလုပ္လာခဲ့ရင္း သိပ္မၾကာခင္က ကေလးရဲ့ ၁၈ ႏွစ္ျပည့္ေမြးေန့မွာ Xiao Zhan ေသမတတ္ေမ်ွာ္လင့္ခဲ့ရသည့္ ' ခ်စ္တယ္ၪီး ' ဆိုတဲ့ စကားေလးသံုးခြန္းကို ကေလးဆီက ၾကားခြင့္ရခဲ့သည္ေလ။
ထိုေန့က Xiao Zhan မွာ အိပ္မေပ်ာ္ႏိုင္ပဲ တစ္ညလံုး လူးလြန္႔ရင္း ရူးမတတ္ေပ်ာ္ခဲ့ရသည္ မဟုတ္ပါလား။
" ၪီး ! မ်က္ႏွာက ဘာျဖစ္တာလဲ ? ၿပံဳးၿဖီးလို႔ "
Xiao Zhan ေမာ့ၾကည့္လိုက္ေတာ့ ဘယ္ခ်ိန္တည္းက အနားေရာက္ေနမွန္းသိတဲ့ Yibo က မ်က္လံုးဝိုင္းေလးေတြနဲ႔ သူ႔ကို ျပဴးၾကည့္လို႔ေနသည္။
Xiao Zhan မသိစိတ္ကေန Yibo ရဲ့ ေပါက္ဆီေလးလို ႏူးညံ့ေနတဲ့ ပါးႏုႏုေလးေတြဆီ လက္လွမ္းၿပီး ဆြဲလိုက္ရင္း
ႏႈတ္မွ ေျပာလိုက္မိသည္က " ခ်စ္တယ္ ကေလး " လို႔။
Xiao Zhan စကားလည္းဆံုးေရာ Yibo မ်က္ႏွာေလးက အတင္းတည္ထားေပမယ့္ နားရြက္ဖ်ားေတြကေတာ့ မလိမ္ႏိုင္ပဲ ရွက္ေသြးျဖန္းကာ ရဲရဲနီလို႔ေနသည္။
" ခင္ဗ်ားႀကီးကေတာ့ တေန့တျခားအရွက္မဲ့လာလိုက္တာ။ ေက်ာင္းေရ႔ွေတာင္ မေရွာင္ေတာ့ဘူး။ "
Yibo က ပြစိပြစိေျပာကာ စူေအာင့္ၿပီး Xiao Zhan ေမြးေန့တုန္းက ခ်စ္သက္လက္ေဆာင္အျဖစ္ဝယ္ေပးထားတဲ့ Spyker C 8 ၿပိဳင္ကားအနက္ေရာင္ေလးေပၚသို႔ ေမာင္းသူေနရာထံ ၪီးေအာင္အရင္ ဝင္ထိုင္ေတာ့သည္။ Yibo က ကားေမာင္းရင္ တအားၾကမ္းတာေၾကာင့္ Xiao Zhan က ေတာ္ရံုေပးေမာင္းေလ့မရိွေခ်။ ဒီေန့ေတာ့ ခ်စ္သူ ကေလးေလး စိတ္တိုင္းက် ေနေပးခ်င္သည္မို႔ Xiao Zhan ဘာမွ မေျပာေတာ့ဘဲ ေမာင္းသူခံုေဘးက Lover seat မွာသာၿငိမ္ၿငိမ္ေလး ဝင္ထိုင္လိုက္သည္။
သိပ္မၾကာခင္အခ်ိန္မွာပဲ ရွန္ဟိုင္း အႏုပညာေက်ာင္းေရ႔ွမွ ၿပိဳင္ကားေလးက ဒံုးပ်ံလို အရိွန္နဲ႔ ကဆုန္ေပါက္ ေျပးထြက္သြားေလေတာ့သည္။
သူတို႔ႏွစ္ေယာက္ ျပန္လည္ဆံုေတြ့ၿပီးေနာက္ပိုင္း အရာအားလံုးက ေျပာင္းျပန္လွန္သြားသလိုပင္။ Yibo က သူအရမ္းအလိုလိုက္မွန္းသိလို႔ တစ္ေန့တျခား ပိုပိုၿပီး ဆိုးလာလိုက္တာ ယခုဆိုလ်ွင္ Xiao Zhan တစ္ေယာက္ Yibo က လမင္းႀကီးလိုခ်င္တယ္ဆိုပါက ၾကယ္စင္ေတြကိုမေပးရဲသည့္ အေျခအေနျဖစ္သည္။ Hao Xuan ကပင္ Xiao Zhan အား တစ္ဘဝလံုး သူမ်ားေတြကို ေခ်ခဲ့သမ်ွ ေပါင္းၿပီးဝဋ္လည္သည္ဟု ေလွာင္ေျပာင္သည့္အထိပင္။
" ၪီး... ဘာေတြေတြးေနျပန္ၿပီလဲ? ခနထဲက ၾကည့္ေနတာ ဘာလဲ အေျဖရၿပီဆိုေတာ့ ခင္ဗ်ားႀကီးက ဂရုမစိုက္ေတာ့တာလား "
" မဟုတ္ရပါဘူး Yibo ရယ္ ကိုယ္က... "
ရုတ္တရက္ Gas Pedal ကို ေဆာင့္နင္းၿပီး ကားကိုလမ္းေဘးကပ္ရပ္လိုက္တဲ့ Yibo ေၾကာင့္ Xiao Zhan မ်က္လံုးေလးျပဴးၿပီး ေဘးကို ေစာင္းငဲ့ၾကည့္လိုက္သည္။
သြားၿပီေလ။
အပြဲပြဲႏႊဲလာတဲ့ အေတြ့အႀကံဳအရ Xiao Zhan သိသည္။ ဒီပံုစံ ဒီမ်က္ႏွာ အေနအထားအရဆို Yibo တစ္ေယာက္ စိတ္တိုေနၿပီဆိုတာ။
" Xiao Laoshi ! ကြၽန္ေတာ္ ခင္ဗ်ားကို ေတာင္းထားတဲ့ ကတိ မွတ္မိေသးလား "
Yibo ဆီက Xiao Laoshi တို႔ ခင္ဗ်ားတို႔ေတာင္အေခၚခံေနရၿပီဆိုရင္ ဒါက အဝါေရာင္အဆင့္ သတိေပးခ်က္ပင္။
" က်ိန္းေသ ကိုယ္ မွတ္မိတာေပါ့ .... အခု ကိုယ္က ဘာလုပ္မိလို႔လဲ "
" ခင္ဗ်ား အခုထိ ဘာလုပ္မိမွန္း ကိုယ့္ကိုယ္ကို မသိေသးဘူးလား။ ကြၽန္ေတာ္ေျပာတယ္ေလ ကြၽန္ေတာ္နာမည္က Ji Xiang Kong လို႔ !! ကြၽန္ေတာ္ကို Wang Yibo လို႔ ေခၚတာ မႀကိဳက္ဘူးလို႔ ! ကြၽန္ေတာ္ ေျပာခဲ့လား မေျပာခဲ့ဘူးလား !! "
Xiao Zhan အခုမွ သတိထားသြားမိသည္။ ခနက သူအေတြးလြန္ၿပီး Yibo လို႔ ေယာင္ေခၚမိသြားတာပဲ။
Xiao Zhan သူ႔ေရ႔ွက Yibo နဲ႔ တစ္ပံုစံတည္း တူတဲ့ မ်က္ႏွာ လွလွေလးကို ေငးၾကည့္ရင္း သက္ျပင္းေမာ ရိႈက္လိုက္မိသည္။
ဟုတ္သည္။ ယခုသူ႔ေရ႔ွက ၁၈ ႏွစ္အရြယ္ ေကာင္ေလးသည္ Ji Xiang Kong ဟုေခၚၿပီး ယခုမွ တကၠသိုလ္စတက္ခါစ ကေလးေလးျဖစ္သည္။ Xiao Zhan ငယ္စဥ္က ရူးမတတ္ခ်စ္ခဲ့ရသည့္ ခ်ိဳက္ရီၿမိဳ႔က ဝမ္စံအိမ္ေတာ္၏ အရွင္သခင္ ဝမ္သခင္ေလးမဟုတ္ေပ။ တစ္နည္းအားျဖင့္ ဆိုရေသာ္ Xiang Kong တြင္ Yibo နဲ႔တူတာဆိုလို႔ မ်က္ႏွာေလးပဲရိွသည္။ ထို႔အျပင္ Xiang Kong ရဲ့ မွတ္ဉာဏ္ေတြထဲမွာ ၁၉ ႏွစ္အရြယ္ Xiao Zhan သို႔မဟုတ္ တခ်ိန္က ဝမ္သခင္ေလးရဲ့ ခ်စ္သူေကာင္မေလး ျဖစ္ခဲ့တဲ့ မွတ္ဉာဏ္ေတြက လံုးလံုးမရိွေတာ့ေပ။ ဒါေပမယ့္ Xiao Zhan ကေတာ့ယံုၾကည္သည္။ ယခုသူ႔ေရ႔ွက ကေလးသည္ သူ႔ရဲ့ တစ္ၪီးတည္းေသာခ်စ္ရသူ Wang Yi Bo ဆိုတာကို။
Advertisement
အရင္က Xiao Zhan လူျပန္ဝင္စားတာေတြ သရဲတစၧေတြအေပၚကို ယံုၾကည္မႈ မရိွခဲ့ေပမယ့္ လြန္ခဲ့တဲ့ ၁၆ ႏွစ္ကႀကံဳခဲ့တဲ့ ျဖစ္ရပ္ေတြေၾကာင့္ ဒီကမ႓ာေပၚမွာ သဘာဝလြန္ျဖစ္ရပ္ေတြရိွတယ္ဆိုတာကို ယံုၾကည္လာခဲ့သည္ေလ။ ယခုလည္း တစ္ေန့ေန့မွာ Xiang Kong က ျပန္မွတ္မိလာမလားဆိုတာကို သူေမ်ွာ္လင့္လို႔ရတာပဲ မဟုတ္လား။
Xiao Zhan ရင္ထဲက ဆန္တက္လာတဲ့ ခံစားခ်က္ေတြကို ၿမိဳခ်လိုက္ၿပီး ေလပူတစ္ခ်က္မႈတ္လိုက္သည္။
" ကိုယ္ေတာင္းပန္တယ္... ေနာက္မျဖစ္ေစရဘူး...ေနာ္ "
" ခင္ဗ်ားကေတာ့ေလ... ထားလိုက္ပါေတာ့... ကြၽန္ေတာ္အနားမွာ အၾကာႀကီးဆက္ေနခ်င္ရင္ သတိထားတာပိုေကာင္းလိမ့္မယ္။ "
Xiao Zhan ယဲ့ယဲ့ေလးၿပံဳးလိုက္ကာ
ေခါင္းညိမ့္ျပလိုက္သည္။ ယခုခ်ိန္မွာ သူ႔ေရ႔ွက ကေလးစိတ္ခ်မ္းသာဖို႔က အေရးႀကီးဆံုးမဟုတ္လား။ Xiao Zhan ဘဝမွာ ခ်စ္ရသူကို တစ္ခါဆံုးရႈံးခဲ့ဖူးၿပီးသားမို႔ ေနာက္တစ္ႀကိမ္ ထပ္ၿပီး မဆံုးရႈံးရဖို႔ကို သူေသတဲ့အထိ ကာကြယ္သြားမယ္ဟု ဆံုးျဖတ္ၿပီးသားျဖစ္သည္။
ခ်စ္ရသူကို မကာကြယ္ႏိုင္ဘဲ ေယာက်ာ္းေကာင္းတစ္ေယာက္ မျဖစ္ႏိုင္ဘူး မဟုတ္လား။
" ကေလး... "
Xiang Kong က ျပန္မေျဖတာမို႔ Xiao Zhan သူ႔ေရ႔ွက စူပုတ္ပုတ္လုပ္ေနတဲ့ ကေလးေပါက္စကို အသဲယားစြာနဲ႔ ပါးမို႔မို႔ေလးကို လက္ညိုးနဲ႔ အသာေလးထိုးၿပီး အညင္သာဆံုး ထပ္ေခၚလိုက္သည္။
" ကေလးလို႔ ... "
အရွက္သည္းလွေသာ ထိုေပါက္စက
ၾကာၾကာသည္းမခံႏိုင္ဘူးဆိုတာ Xiao Zhan သိသည္ေလ။ ၃ စကၠန္႔ေလာက္ၾကာေတာ့ Xiao Zhan လက္ကို ပုတ္ထုတ္ၿပီး ျပန္ေျဖလာသည္။
" ဘာလဲ "
၃၇ ႏွစ္ရိွၿပီျဖစ္တဲ့ Xiao Zhan ကေတာ့ နည္းနည္းေလးေတာင္ အရွက္မရိွ။ ေဆာင့္ေအာင့္ေနတာကို
ပန္းႏွင့္ေပါက္ေနသည့္အလားပင္ ဂရုမစိုက္ဘဲ ၿပံဳးရႊင္စြာျပန္ေျဖလိုက္သည္။
" ကိုယ္ဗိုက္ဆာေနၿပီ "
" အဲ့ေတာ့ ဘာလုပ္ေပးရမွာလဲ။ မလာခင္တည္းက စားလာပါလား။ "
Xiang Kong ေလးက ေျပာလည္းေျပာ ကားကိုလည္း ခ်က္ခ်င္းေမာင္းထြက္လိုက္သည္။
" ဘာစားခ်င္တာလဲ "
Xiao Zhan ရယ္ခ်င္စိတ္ကို မနည္းၿမိဳသိပ္ထားရသည္။ ဤကေလးက အၿမဲ ထိုအတိုင္းပင္။ အေျပာၾကမ္းသလိုလိုနဲ႔ မူရင္းစိတ္ကို အၿမဲဖံုးကြယ္ထားတတ္သည္။
" ကိုယ္စားခ်င္တာ.... "
Xiao Zhan ေျပာရင္း ရပ္လိုက္ကာ
ကေလးအနားသို႔ တိုးကပ္သြားၿပီး
ႏွစ္ေယာက္တည္းၾကားႏိုင္သည့္ အေနအထားေရာက္မွ ေျပာလိုက္သည္။
" မင္းကိုေလ.... "
" ခင္ဗ်ားႀကီးကေတာ့ !! "
ထို႔ေနာက္တြင္ေတာ့
ရွန္ဟိုင္းရဲ့ လမ္းမႀကီးေပၚမွာ Spyker C8 အနက္ေရာင္ေလးက ေႁမြလိမ္ေႁမြေကာက္ တြန္႔လိမ္ၿပီးသြားေနေတာ့ေလသည္။
Unicode
Xiao Zhan မောင်းလာတဲ့ပြိုင်ကားလေးကို ကျောင်းရှေ့မှာ ရပ်လိုက်ပြီး ကားပေါ်က ဆင်းလိုက်သည်။ Yibo က ဒီနေ့ ပထမဆုံး တက္ကသိုလ်တက်မည့်နေ့မို့ ကျိန်းသေလာကြိုရမည်ဟု အမိန့်ပေးထားသည်လေ။
လွန်ခဲ့တဲ့ ၂ နှစ်က သူတို့နှစ်ယောက် ပြခန်းမှာ ပြန်ဆုံသည့်နေ့ကစပြီး Xiao Zhan မှာ သူနဲ့ အသက်ထက်ဝက်ကျော်ကွာနေသည့် ကလေးကို အရှက်ကင်းမဲ့စွာ နောက်ပိုးလုပ်လာခဲ့ရင်း သိပ်မကြာခင်က ကလေးရဲ့ ၁၈ နှစ်ပြည့်မွေးနေ့မှာ Xiao Zhan သေမတတ်မျှော်လင့်ခဲ့ရသည့် ' ချစ်တယ်ဦး ' ဆိုတဲ့ စကားလေးသုံးခွန်းကို ကလေးဆီက ကြားခွင့်ရခဲ့သည်လေ။
ထိုနေ့က Xiao Zhan မှာ အိပ်မပျော်နိုင်ပဲ တစ်ညလုံး လူးလွန့်ရင်း ရူးမတတ်ပျော်ခဲ့ရသည် မဟုတ်ပါလား။
" ဦး ! မျက်နှာက ဘာဖြစ်တာလဲ ? ပြုံးဖြီးလို့ "
Xiao Zhan မော့ကြည့်လိုက်တော့ ဘယ်ချိန်တည်းက အနားရောက်နေမှန်းသိတဲ့ Yibo က မျက်လုံးဝိုင်းလေးတွေနဲ့ သူ့ကို ပြူးကြည့်လို့နေသည်။
Xiao Zhan မသိစိတ်ကနေ Yibo ရဲ့ ပေါက်ဆီလေးလို နူးညံ့နေတဲ့ ပါးနုနုလေးတွေဆီ လက်လှမ်းပြီး ဆွဲလိုက်ရင်း
နှုတ်မှ ပြောလိုက်မိသည်က " ချစ်တယ် ကလေး " လို့။
Xiao Zhan စကားလည်းဆုံးရော Yibo မျက်နှာလေးက အတင်းတည်ထားပေမယ့် နားရွက်ဖျားတွေကတော့ မလိမ်နိုင်ပဲ ရှက်သွေးဖြန်းကာ ရဲရဲနီလို့နေသည်။
" ခင်ဗျားကြီးကတော့ တနေ့တခြားအရှက်မဲ့လာလိုက်တာ။ ကျောင်းရှေ့တောင် မရှောင်တော့ဘူး။ "
Yibo က ပွစိပွစိပြောကာ စူအောင့်ပြီး Xiao Zhan မွေးနေ့တုန်းက ချစ်သက်လက်ဆောင်အဖြစ်ဝယ်ပေးထားတဲ့ Spyker C 8 ပြိုင်ကားအနက်ရောင်လေးပေါ်သို့ မောင်းသူနေရာထံ ဦးအောင်အရင် ဝင်ထိုင်တော့သည်။ Yibo က ကားမောင်းရင် တအားကြမ်းတာကြောင့် Xiao Zhan က တော်ရုံပေးမောင်းလေ့မရှိချေ။ ဒီနေ့တော့ ချစ်သူ ကလေးလေး စိတ်တိုင်းကျ နေပေးချင်သည်မို့ Xiao Zhan ဘာမှ မပြောတော့ဘဲ မောင်းသူခုံဘေးက Lover seat မှာသာငြိမ်ငြိမ်လေး ဝင်ထိုင်လိုက်သည်။
Advertisement
သိပ်မကြာခင်အချိန်မှာပဲ ရှန်ဟိုင်း အနုပညာကျောင်းရှေ့မှ ပြိုင်ကားလေးက ဒုံးပျံလို အရှိန်နဲ့ ကဆုန်ပေါက် ပြေးထွက်သွားလေတော့သည်။
သူတို့နှစ်ယောက် ပြန်လည်ဆုံတွေ့ပြီးနောက်ပိုင်း အရာအားလုံးက ပြောင်းပြန်လှန်သွားသလိုပင်။ Yibo က သူအရမ်းအလိုလိုက်မှန်းသိလို့ တစ်နေ့တခြား ပိုပိုပြီး ဆိုးလာလိုက်တာ ယခုဆိုလျှင် Xiao Zhan တစ်ယောက် Yibo က လမင်းကြီးလိုချင်တယ်ဆိုပါက ကြယ်စင်တွေကိုမပေးရဲသည့် အခြေအနေဖြစ်သည်။ Hao Xuan ကပင် Xiao Zhan အား တစ်ဘဝလုံး သူများတွေကို ချေခဲ့သမျှ ပေါင်းပြီးဝဋ်လည်သည်ဟု လှောင်ပြောင်သည့်အထိပင်။
" ဦး... ဘာတွေတွေးနေပြန်ပြီလဲ? ခနထဲက ကြည့်နေတာ ဘာလဲ အဖြေရပြီဆိုတော့ ခင်ဗျားကြီးက ဂရုမစိုက်တော့တာလား "
" မဟုတ်ရပါဘူး Yibo ရယ် ကိုယ်က... "
ရုတ်တရက် Gas Pedal ကို ဆောင့်နင်းပြီး ကားကိုလမ်းဘေးကပ်ရပ်လိုက်တဲ့ Yibo ကြောင့် Xiao Zhan မျက်လုံးလေးပြူးပြီး ဘေးကို စောင်းငဲ့ကြည့်လိုက်သည်။
သွားပြီလေ။
အပွဲပွဲနွှဲလာတဲ့ အတွေ့အကြုံအရ Xiao Zhan သိသည်။ ဒီပုံစံ ဒီမျက်နှာ အနေအထားအရဆို Yibo တစ်ယောက် စိတ်တိုနေပြီဆိုတာ။
" Xiao Laoshi ! ကျွန်တော် ခင်ဗျားကို တောင်းထားတဲ့ ကတိ မှတ်မိသေးလား "
Yibo ဆီက Xiao Laoshi တို့ ခင်ဗျားတို့တောင်အခေါ်ခံနေရပြီဆိုရင် ဒါက အဝါရောင်အဆင့် သတိပေးချက်ပင်။
" ကျိန်းသေ ကိုယ် မှတ်မိတာပေါ့ .... အခု ကိုယ်က ဘာလုပ်မိလို့လဲ "
" ခင်ဗျား အခုထိ ဘာလုပ်မိမှန်း ကိုယ့်ကိုယ်ကို မသိသေးဘူးလား။ ကျွန်တော်ပြောတယ်လေ ကျွန်တော်နာမည်က Ji Xiang Kong လို့ !! ကျွန်တော်ကို Wang Yibo လို့ ခေါ်တာ မကြိုက်ဘူးလို့ ! ကျွန်တော် ပြောခဲ့လား မပြောခဲ့ဘူးလား !! "
Xiao Zhan အခုမှ သတိထားသွားမိသည်။ ခနက သူအတွေးလွန်ပြီး Yibo လို့ ယောင်ခေါ်မိသွားတာပဲ။
Xiao Zhan သူ့ရှေ့က Yibo နဲ့ တစ်ပုံစံတည်း တူတဲ့ မျက်နှာ လှလှလေးကို ငေးကြည့်ရင်း သက်ပြင်းမော ရှိုက်လိုက်မိသည်။
ဟုတ်သည်။ ယခုသူ့ရှေ့က ၁၈ နှစ်အရွယ် ကောင်လေးသည် Ji Xiang Kong ဟုခေါ်ပြီး ယခုမှ တက္ကသိုလ်စတက်ခါစ ကလေးလေးဖြစ်သည်။ Xiao Zhan ငယ်စဥ်က ရူးမတတ်ချစ်ခဲ့ရသည့် ချိုက်ရီမြို့က ဝမ်စံအိမ်တော်၏ အရှင်သခင် ဝမ်သခင်လေးမဟုတ်ပေ။ တစ်နည်းအားဖြင့် ဆိုရသော် Xiang Kong တွင် Yibo နဲ့တူတာဆိုလို့ မျက်နှာလေးပဲရှိသည်။ ထို့အပြင် Xiang Kong ရဲ့ မှတ်ဉာဏ်တွေထဲမှာ ၁၉ နှစ်အရွယ် Xiao Zhan သို့မဟုတ် တချိန်က ဝမ်သခင်လေးရဲ့ ချစ်သူကောင်မလေး ဖြစ်ခဲ့တဲ့ မှတ်ဉာဏ်တွေက လုံးလုံးမရှိတော့ပေ။ ဒါပေမယ့် Xiao Zhan ကတော့ယုံကြည်သည်။ ယခုသူ့ရှေ့က ကလေးသည် သူ့ရဲ့ တစ်ဦးတည်းသောချစ်ရသူ Wang Yi Bo ဆိုတာကို။
အရင်က Xiao Zhan လူပြန်ဝင်စားတာတွေ သရဲတစ္ဆေတွေအပေါ်ကို ယုံကြည်မှု မရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ ၁၆ နှစ်ကကြုံခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ဒီကမ္ဘာပေါ်မှာ သဘာဝလွန်ဖြစ်ရပ်တွေရှိတယ်ဆိုတာကို ယုံကြည်လာခဲ့သည်လေ။ ယခုလည်း တစ်နေ့နေ့မှာ Xiang Kong က ပြန်မှတ်မိလာမလားဆိုတာကို သူမျှော်လင့်လို့ရတာပဲ မဟုတ်လား။
Xiao Zhan ရင်ထဲက ဆန်တက်လာတဲ့ ခံစားချက်တွေကို မြိုချလိုက်ပြီး လေပူတစ်ချက်မှုတ်လိုက်သည်။
" ကိုယ်တောင်းပန်တယ်... နောက်မဖြစ်စေရဘူး...နော် "
" ခင်ဗျားကတော့လေ... ထားလိုက်ပါတော့... ကျွန်တော်အနားမှာ အကြာကြီးဆက်နေချင်ရင် သတိထားတာပိုကောင်းလိမ့်မယ်။ "
Xiao Zhan ယဲ့ယဲ့လေးပြုံးလိုက်ကာ
ခေါင်းညိမ့်ပြလိုက်သည်။ ယခုချိန်မှာ သူ့ရှေ့က ကလေးစိတ်ချမ်းသာဖို့က အရေးကြီးဆုံးမဟုတ်လား။ Xiao Zhan ဘဝမှာ ချစ်ရသူကို တစ်ခါဆုံးရှုံးခဲ့ဖူးပြီးသားမို့ နောက်တစ်ကြိမ် ထပ်ပြီး မဆုံးရှုံးရဖို့ကို သူသေတဲ့အထိ ကာကွယ်သွားမယ်ဟု ဆုံးဖြတ်ပြီးသားဖြစ်သည်။
ချစ်ရသူကို မကာကွယ်နိုင်ဘဲ ယောကျာ်းကောင်းတစ်ယောက် မဖြစ်နိုင်ဘူး မဟုတ်လား။
" ကလေး... "
Xiang Kong က ပြန်မဖြေတာမို့ Xiao Zhan သူ့ရှေ့က စူပုတ်ပုတ်လုပ်နေတဲ့ ကလေးပေါက်စကို အသဲယားစွာနဲ့ ပါးမို့မို့လေးကို လက်ညိုးနဲ့ အသာလေးထိုးပြီး အညင်သာဆုံး ထပ်ခေါ်လိုက်သည်။
" ကလေးလို့ ... "
အရှက်သည်းလှသော ထိုပေါက်စက
ကြာကြာသည်းမခံနိုင်ဘူးဆိုတာ Xiao Zhan သိသည်လေ။ ၃ စက္ကန့်လောက်ကြာတော့ Xiao Zhan လက်ကို ပုတ်ထုတ်ပြီး ပြန်ဖြေလာသည်။
" ဘာလဲ "
၃၇ နှစ်ရှိပြီဖြစ်တဲ့ Xiao Zhan ကတော့ နည်းနည်းလေးတောင် အရှက်မရှိ။ ဆောင့်အောင့်နေတာကို
ပန်းနှင့်ပေါက်နေသည့်အလားပင် ဂရုမစိုက်ဘဲ ပြုံးရွှင်စွာပြန်ဖြေလိုက်သည်။
" ကိုယ်ဗိုက်ဆာနေပြီ "
" အဲ့တော့ ဘာလုပ်ပေးရမှာလဲ။ မလာခင်တည်းက စားလာပါလား။ "
Xiang Kong လေးက ပြောလည်းပြော ကားကိုလည်း ချက်ချင်းမောင်းထွက်လိုက်သည်။
" ဘာစားချင်တာလဲ "
Xiao Zhan ရယ်ချင်စိတ်ကို မနည်းမြိုသိပ်ထားရသည်။ ဤကလေးက အမြဲ ထိုအတိုင်းပင်။ အပြောကြမ်းသလိုလိုနဲ့ မူရင်းစိတ်ကို အမြဲဖုံးကွယ်ထားတတ်သည်။
" ကိုယ်စားချင်တာ.... "
Xiao Zhan ပြောရင်း ရပ်လိုက်ကာ
ကလေးအနားသို့ တိုးကပ်သွားပြီး
နှစ်ယောက်တည်းကြားနိုင်သည့် အနေအထားရောက်မှ ပြောလိုက်သည်။
" မင်းကိုလေ.... "
" ခင်ဗျားကြီးကတော့ !! "
ထို့နောက်တွင်တော့
ရှန်ဟိုင်းရဲ့ လမ်းမကြီးပေါ်မှာ Spyker C8 အနက်ရောင်လေးက မြွေလိမ်မြွေကောက် တွန့်လိမ်ပြီးသွားနေတော့လေသည်။
Advertisement
- In Serial17 Chapters
Conspiracyland
A hardened full-time conspiracy theorist, Jones, finds himself in a timeline where everything seems to have gone wrong. Armed with the knowledge of a veteran internet shitposter and the power of paranoia, he sets out to break the conditioning. Join our heroes as they traverse an absurd world filled with mutant lizardmen, ufos, and nefarious secret organizations.
8 252 - In Serial79 Chapters
Hunters' Shadow (Book one of the Hunter Chronicles)
Hunter's Shadow...Twenty Six year old Blake Hunter is the Alpha of the largest pack in the region. Finding his mate is the last thing on his mind. But, in the midst of dealing with uninvited relations, aspiring future Lunas and increasing rogue attacks on his eastern borders, a young woman stumbles out of the forest into his arms. Injured, afraid, and with no idea who she is or how she got there, she brings out his wolf's protective nature.To keep her safe and unravel the mystery surrounding his new charge, Blake must navigate dangers from both inside and outside his own pack, even as they both struggle against their undeniable attraction. When her past returns to claim her will he risk his pack's safety to keep her by his side? Or will the shadows surrounding them tear them apart for good?***Acheivements:*3rd in the Rainberry Awards (Supernatural)*1st in the Black and Gold Leaf Awards (Werewolf/Vampire)*3rd place in the Writers Choice Awards (Fantasy)***My story is copyrighted and belongs exclusively to me, please don't use my story, book cover or characters in any way without my permission, thank you!
8 233 - In Serial42 Chapters
Cocaine| c.g. [UNDER CONSTRUCTION]
"You know, you're like cocaine.""Only crackheads like me?""No. You're addicting."« shameless u.s. »no. 1 in #shamelessusno. 1 in #cutkoskyno. 1 in #carlgallagherno. 2 in #ethancutkoskyno. 18 in #shamelessno. 855 in fanfiction
8 92 - In Serial62 Chapters
ASTRO || S E L C A || book 1 || ✅
"Smile. And think of me" Where a normal high school meets an uzzlang through selca. Start: 23-02-16 End: 12-11-16
8 82 - In Serial61 Chapters
wires, steve harrington
❝ the wires got the best of him ❞s. harrington x henderson!ocstranger things seasons two, three, and fourlowercase intended© hollywillow-- awarded best steve harrington fanfic 2022
8 148 - In Serial42 Chapters
My Poems
8 111

