《Today, tomorrow and the day after ||Completed||》Chapter 3 (unicode)
Advertisement
၀မ်ရိပေါ် အထက်တန်းတတိယနှစ် (နောက်ဆုံးနှစ်)
ရှောင်းကျန့်တာဝန်ကျတဲ့ အတန်းက ကျောင်းသားတစ်ယောက်။ သူ့အတွက် ရှောင်းကျန့်ရဲ့ first impression ကတော့ နားလည်ရခက်တဲ့ ဂျစ်ကန်ကန်ကောင်လေး။
"ဒီနေ့မင်းတို့ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ အစမ်းမေးခွန်းဖြေခိုင်းမယ် reference စာအုပ်ကြည့်လို့ရတယ် မသိတာရှိရင်မေးလို့ရတယ် အချင်းချင်းလည်းတိုင်ပင်လို့ရတယ် ဒါပေမယ့် အဖြေတန်းမကူးချနဲ့ ငါထိုင်ကြည့်နေမှာ"
"ဟာ ငါစာအုပ်အိမ်မှာကျန်ခဲ့တယ် သေပါပြီ"
"နင့်စားပွဲထဲမှာမဟုတ်ဘူးလား"
"ငါမနေ့ကအိမ်ယူသွားပြီး ကျန်ခဲ့တာ.."
"ငါ့ဟာလာမငှားနဲ့ မပေးဘူး ဟားဟားဟား"
ကျောင်းသားတွေက စာရွက်တွေလက်ဆင့်ကမ်းနေကြချိန် ရှောင်းကျန့် နောက်ဆုံးခုံက မှုန်ကုပ်ကုပ်ရုပ်နဲ့ကောင်လေးကို ကြည့်မိတယ်။ မေးထောက်ပြီး စိတ်မပါလက်မပါနဲ့ စာရွက်လှန်နေတဲ့ ဝမ်ရိပေါ်။ ထုံးစံအတိုင်း တလောကလုံးကိုလျစ်လျူရှုပြီး don't know don't care အငွေ့အသက်တွေ လွှမ်းခြုံထားတယ်။
ဝမ်ရိပေါ်ရဲ့ အဆင့်တွေက ပုံမှန်ပဲ။ စာမညံ့သလို အတော်ဆုံးထဲမှာလည်းမပါဘူး။ သူ့ပုံစံက အမြဲပျင်းတိပျင်းရွဲနဲ့ ချောင်ထဲကုပ်နေတတ်တယ်။ တစ်ခါတလေကျလည်း တက်တက်ကြွကြွနဲ့ ဘတ်စကတ်ဘော ဆော့နေတတ်ပြန်တယ်။ ကောင်လေးက ဘာကိုမှမယ်မယ်ရရ စိတ်ဝင်စားတာမရှိဘူး။ ဒါပေမယ့် ခိုင်းတဲ့အလုပ်တွေကို အချိန်မြန်မြန်နဲ့ တိတိကျကျလုပ်တတ်တယ်။
သူ့သူငယ်ချင်းတစ်သိုက်နဲ့ ဟေးလားဟားလား လုပ်တဲ့အချိန်လည်းရှိတယ်။ ညစ်ညစ်ပတ်ပတ်စကားတွေနဲ့ စနောက်နေတာကိုလည်း ရှောင်းကျန့်ကြားဖူးတယ်။ သူ့အနေအထိုင် အပြုအမူတွေက ဆရာတစ်ယောက်အတွက် တစ်မျိုးဖြစ်နေပေမယ့် တကယ်တမ်း သူဟာ သာမန်ကျောင်းသားလေးတစ်ယောက်ပါပဲ။
ဒါပေမယ့် ဝမ်ရိပေါ်နဲ့ ပတ်သတ်လာရင် ရှောင်းကျန့်အတွေးတွေက အထင်နဲ့အမြင်လွဲနေတတ်တယ်။။
ဝမ်ရိပေါ်ကို အပျော်အပါးမက်တယ်လို့ မင်းထင်လိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းကျ အနေအေးပြီး တိတ်ဆိတ်တယ်။ သူက ဘယ်အရာကိုမဆို ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်လည်းပဲ passionate ဖြစ်တာမျိုးကျတော့လည်း မရှိပြန်ဘူး။ အပေါင်းအသင်းတွေ တစ်ပြုံကြီးရှိတယ် ဒါပေမယ့် မင်းသတိထားမိချိန်တွေမှာ သူဟာ တစ်ယောက်တည်းဖြစ်နေတတ်တယ်။ စာကိုထိထိမိမိလည်း မကြိုးစားသလို club activities တွေကိုလည်း စိတ်မဝင်စားဘူး။ စကားများတဲ့ type လို့ထင်ရပေမယ့် မလိုအပ်ရင် တစ်ခွန်းမှမဟတတ်တဲ့ လူစားမျိုးလည်းဖြစ်နေတတ်တယ်။
ဝမ်ရိပေါ်ဟာ နားလည်ရခက်တယ်။ အတန်းပိုင်တစ်ယောက်အနေနဲ့ ကိုယ့်အတန်းသားတွေအကြောင်း ကောင်းကောင်းသိနေရမယ်ဆိုပေမယ့် ဝမ်ရိပေါ်ကိုတော့ သူအခုထိနားလည်ရခက်တုန်းပဲ။
ဘယ်အရာကိုမှစိတ်ဝင်တစားမရှိတဲ့ ဝမ်ရိပေါ်က ရှောင်းကျန့်ကိုဖက်ထားချိန်မှာ တုန်ယင်နေခဲ့တယ်။ ခန္ဓာကိုယ်က မဆိုသလောက်လေးပဲ တုန်နေပေမယ့် ကောင်လေးရဲ့နှလုံးခုန်သံတွေကတော့ ဝုန်းဒိုင်းကြဲနေခဲ့တယ်။
"ငါသူ့ကိုတွန်းထုတ်လို့မဖြစ်ဘူး" ဆိုတာက ရှောင်းကျန့်ခေါင်းထဲ ရောက်လာတဲ့ ပထမဆုံးအတွေး။ သူဘာလို့များ အဲလိုတွေးခဲ့မိတာလဲ.....။
"ဆရာ ကျွန်တော်ဒီအပိုင်းလေးမေးချင်လို့"
ကျောင်းသားတစ်ယောက်ခေါ်သံကြောင့် ရှောင်းကျန့်အတွေးစတွေ ပြတ်သွားတယ်။
"ဘယ်ဟာလဲ"
"question 2 နံပါတ် ၁ က ဒီလိုရေးပြီး ဒီလိုလုပ်လိုက်ရင်ရလား ဆရာ"
"မင်းဒါမျိုးတွေ ခဏခဏတွက်တယ်မဟုတ်ဘူးလား"
"ဆရာကလည်း ကျွန်တော်သင်္ချာညံ့တာ ဆရာလည်းသိရဲ့သားနဲ့"
ဆရာရှောင်းကျန့် စာရှင်းပြနေတာကို နောက်ဆုံးတန်းက မှုန်တေတေမျက်နှာနဲ့ ကျောင်းသားလေးတစ်ယောက်က ငေးကြည့်နေခဲ့တယ်။ ကျောင်းသားလေးဟာ အလင်းနှစ်ပေါင်းများစွာဝေးတဲ့ ကြယ်လေးတွေကိုလှမ်းကြည့်နေသလိုပဲ။ အကြည့်တွေကလွမ်းဆွေးဖွယ်ကောင်းတယ်။
မုန့်စားဆင်းချိန်ရောက်လို့ တစ်ကျောင်းလုံး ကျောင်းသားကျောင်းသူသံတွေနဲ့ ဆူညံသွားတယ်။ ရှောင်းကျန့်လည်း ဖိုင်တွဲကိုင်ရင်း နေ့လည်စာစားဖို့ စာသင်ခန်းထဲကထွက်လာခဲ့တယ်။ မျက်လုံးထောင့်မှာ လူတစ်ယောက်သူ့ကိုကြည့်နေတာ သတိထားမိလို့ လှည့်ကြည့်လိုက်ချိန် ဝမ်ရိပေါ်ကိုတွေ့ရတယ်။ ဝမ်ရိပေါ်က သူ့ကိုကြည့်မနေဘဲ အခြားကျောင်းသားနဲ့ စကားပြောနေတယ်။
ကျောင်းဆောင်ထောင့်မှာ ဖက်ပြီးတဲ့နေ့ကစလို့ ၁၀ရက်မြောက်နေ့မှာ ရှောင်းကျန့် တစ်ခုသတိထားမိလာတယ်။
//သူငါ့ကိုကြည့်နေတာ ဟုတ်တယ်မလား//
ဝမ်ရိပေါ်ဟာ သူ့ကို မကြာခဏကြည့်နေတတ်တယ် ဆိုတဲ့အချက်။
ဘယ်တည်းက စတာလဲတော့ မသိဘူး။ တစ်ယောက်ယောက်က သူ့ကိုကြည့်နေတာ အာရုံရလို့လှည့်ကြည့်လိုက်တိုင်း ဝမ်ရိပေါ်ကအဲ့နေရာမှာ အမြဲရှိနေတယ်။ မျက်လုံးချင်းတော့ တစ်ခါမှမဆုံဘူး။ တစ်ခါလေးတောင်မဆုံဖူးပါဘူး။ ဒါပေမယ့် ဝမ်ရိပေါ်ဟာ သေချာပေါက် သူ့ကိုကြည့်နေခဲ့တာ။
ဒီကောင်လေး သူ့ကိုတစ်ခုခုများ ပြောချင်နေတာလား....။
"ဝမ်ရိပေါ်"
ခေါ်တာတော့ လှည့်ကြည့်သားပဲ။
"survey မအပ်ရသေးတာ မင်းတစ်ယောက်တည်းပဲကျန်တော့တယ် မနက်ဖြန် သေချာပေါက်ယူလာခဲ့ မမေ့ခဲ့နဲ့"
ကောင်လေးက သူ့ကိုခပ်တည်တည်ပဲ ရပ်ကြည့်နေတယ်။ ကျောင်းဆင်းချိန်ဖြစ်လို့ corridor မှာ သူတို့၂ယောက်နဲ့ ကျောင်းသူအနည်းငယ်သာ ရှိတယ်။
"ဒီနေ့အပြီးထပ်ရမယ်လို့ ငါပြောထားတယ်မဟုတ်ဘူးလား မနက်ဖြန်ထပ်မေ့ခဲ့ရင် ဒဏ်ခတ်ခံရမယ်နော်"
"အာ....သိပါပြီ သိပါပြီ မနက်ဖြန်သေချာ ယူခဲ့ပါ့မယ်"
"နေဦး ဝမ်.."
"မနက်မှတွေ့မယ် ဆရာ ဘိုင့်ဘိုင်"
ဝမ်ရိပေါ်ဟာ သူ့ကို စကားပြောချင်ပုံမရဘူး။ အခုခေတ်ကလေးတွေများ နားလည်ရခက်လိုက်တာ။ ဒါမှမဟုတ် ဝမ်ရိပေါ်ဖြစ်နေလို့ကို နားလည်ရခက်နေတာပဲလား။
ရုံးခန်းထဲကို ဆရာမ ဇစ်ယျီ (ဝမ်းချင်) တစ်ယောက် စိတ်ပျက်လက်ပျက်ဝင်လာတယ်။ စားပွဲပေါ်ပစ်ချလိုက်တဲ့ ဖိုင်တွဲဆီက ဘုံးကနဲအသံကြောင့် စိတ်တိုစရာကြုံလာမှန်း သိလိုက်ကြတယ်။
"ဆရာမ ဘာမကောင်းတာဖြစ်လာလို့လဲ"
သဘောကောင်းပြီး မျက်နှာချိုတဲ့ ဆရာ လျူဟိုင်ခွမ်း (လန် ရှီးချန်) က မေးတယ်။
"ကျောင်းသားတွေက ဘုကလန့်တိုက်လိုက်လို့ ဆရာရေ...အခုကလေးတွေများ ဆိုးလိုက်တာ"
"ဘာတွေဘုကလန့်တိုက်လို့လဲ"
အတန်းပြီးလို့ပြန်ဝင်လာတဲ့ ယွီပင်း (ဝမ်းနင်) ကလည်း ဝင်စပ်စုတယ်။ ဇစ်ယျီက ရေတစ်ခွက် အဝသောက်ရင်း ဒေါသဖြေပြီးနောက် သေချာပြောပြတယ်။
"3-E က ကျောင်းသားတွေပေါ့ ဆရာမကို ရိုသေတယ်ကိုမရှိပါဘူး ဆံပင်အနက်ပြန်ဆိုးခဲ့လို့ပြောတာကို ဆရာမ ပိုက်ဆံပေးမှာမို့လို့လား ဒါဆိုးထားတာ ဘယ်လောက်ကုန်လဲသိလား ဆိုပြီးပြောတာတွေ အရမ်းဒေါသထွက်စရာကောင်းတယ်"
Advertisement
ဆရာဟိုင်ခွမ်းက စိတ်လျှော့ဖို့ပြောတယ်။ ယွီပင်းကတော့ မထူးဆန်းသလိုမျက်နှာနဲ့ သူ့စားပွဲသူထိုင်ပြီး အလုပ်ဆက်လုပ်နေတယ်။ 3-E ဆိုတာက ကျောင်းရဲ့အဆိုးဆုံးအတန်း။ နှစ်ကျတွေလည်းရှိတယ်။ အဆိုးအမိုက်ကောင်တွေလည်းရှိတယ်။ ပိုက်ဆံရှိတယ်ဆိုပြီး ထင်ရာစိုင်းတဲ့ကောင်တွေလည်းရှိတယ်။ ဆရာမတွေမပြောနဲ့ ဆရာတွေတောင် ကြောက်ချင်မှကြောက်တာ။ ထူးတော့ထူးဆန်းတယ် ဒီကောင်တွေက 3-B အတန်းပိုင် ရှောင်းကျန့်ရယ် 3-C အတန်းပိုင် ယွီပင်းရယ် ကာယဆရာ ရိကျိုး (နျဲ့မင်ကြွယ်) ကိုတော့ အသေကြောက်ကြတယ်။
ရှောင်းကျန့် သူတို့အတန်းကိုတစ်ခါ အစားဝင်သင်ပေးဖူးတယ်။ ပါးစပ်နဲ့ပြောမရတဲ့ကောင်တွေကို လက်ထဲရှိသမျှနဲ့ ကောက်ပေါက်ခဲ့ဖူးတယ်။ ဘောဖျက်နဲ့ပစ်မလား မြေဖြူနဲ့ပစ်မလား တွေ့ကရာနဲ့ပစ်မလား ဘာနဲ့ပစ်ပစ် လက်တည့်တဲ့ရှောင်းကျန့်ကို ဖြုံသွားကြတယ်။ အထက်တန်းတုန်းက ကျောင်းဘေ့စ်ဘောအဖွဲ့မှာ ရှောင်းကျန့်က Pitcher လေ (ဘောလုံးပစ်တဲ့လူ)။ ကြိုက်တဲ့ကောင်လာခဲ့ မထိဘူးဆိုတာမရှိစေရဘူး။
"ပြီးတော့ ဟိုဝမ်ရိပေါ်ဆိုတဲ့ တစ်ယောက်"
ရင်းနှီးနေတဲ့နာမည်ကိုကြားလိုက်တော့ အာရုံက ဇစ်ယျီဆီ တန်းရောက်သွားတယ်။
"သူ့ကိုလည်း ဆံပင်ပြန်ဆိုးဖို့ အခါခါပြောတယ် အခုထိခေါင်းကဖြူနေတုန်း ပြောသမျှကို ဒီဖက်နားကဝင် ဟိုဘက်နားက ထုတ်နေလားမသိဘူး"
"ဆရာမဇစ်ယျီ သူက ကျွန်တော့်စကားကိုတောင် အဖက်မလုပ်လို့ ကျွန်တော်ကိုယ်တိုင်လျစ်လျူရှုထားတာ ဆရာမသူ့အတွက် အပင်ပန်းခံမနေပါနဲ့"
တောက်လျှောက်တိတ်နေခဲ့တဲ့ ရှောင်းကျန့်ဆီက အသံထွက်လာတာမို့ အားလုံးရဲ့အကြည့်က ရှောင်းကျန့်ဆီရောက်လာတယ်။ ရှောင်းကျန့်ကတော့ အေးရာအေးကြောင်း typing ရိုက်နေဆဲ။
ဇစ်ယျီရဲ့ ပွစိပွစိအသံက ငြိမ်ကျသွားတယ်။ ရှောင်းကျန့်က အခြားသူကိစ္စတွေကို ဘယ်တော့မှဝင်မပါဘူး။ သူ့ကိစ္စကိုဝင်ပါလာရင်လည်း မကြိုက်ဘူး။ ဒါကြောင့် အကြောင်းသိတဲ့ဇစ်ယျီက စကားလှမ်းကြောင်းလွှဲပြီးတော့ အလုပ်ဆက်လုပ်နေတယ်။ ယွီပင်းကတော့ ပြုံးစိစိ။
ကျောင်းဆင်းချိန်မို့လို့ ဘောလုံးကွင်းထဲမှာ ကျောင်းဘောလုံးအသင်းက လေ့ကျင့်ရေးဆင်းနေကြတယ်။ ရှောင်းကျန့်တစ်ယောက်ကတော့ လူသိပ်မလာတဲ့ ကျောင်းဆောင်ထောင့်ကို ရောက်နေတယ်။ ဟို ကြောင်ရုပ်ဆိုးလေး ကိုအခြေအနေလာကြည့်ခြင်း။
"မင်းက တကယ်ရုပ်ဆိုးလေးပဲ"
အရင်နေရာလေးမှာပဲ ခွေအိပ်နေတဲ့ကြောင်ဖြူလေးက သူ့ကိုမော့ကြည့်တယ်။ ရှောင်းကျန့် ဆောင့်ကြောင့်ထိုင်ပြီး အမွေးဖြူဖြူတွေကို ပွတ်ပေးတော့ ပျင်းပျင်းရိရိနဲ့ သမ်းတယ်။ ရှောင်းကျန့်မျက်လုံးထဲ စာသင်ချိန်တွေဆို သမ်းနေတတ်တဲ့ ဝမ်ရိပေါ်ကိုပြေးမြင်မိတယ်။
"pfft သေချာကြည့်တော့ မင်းက ဝမ်ရိပေါ်နဲ့ တော်တော်တူတာပဲ"
ကြောင်လေးက သူပြောတာကိုဂရုမစိုက်ဘဲ ပြန်အိပ်နေတယ်။ ကြောင်ရုပ်ဆိုးလေးက တကယ်ကို ဝမ်ရိပေါ်နဲ့တူတယ်။ ပျင်းတိပျင်းရွဲနဲ့ မျက်နှာကလည်း ပေကပ်ကပ်။ အမြဲတမ်း ချောင်ထဲကုပ်ပြီးငြိမ်နေတယ်။ လူကိုလည်းဂရုမစိုက် တစ်လောကလုံးကိုဂရုမစိုက်။
"ကျွန်တော့်ကို ရုပ်ဆိုးတယ်လို့ပြောတာပေါ့လေ"
အသံကြားတာနဲ့ ဘယ်သူဆိုတာပြောစရာမလို။ ရှောင်းကျန့် မသိမသာပြုံးလိုက်ရင်း လှည့်ကြည့်လိုက်တယ်။
"သူများကို ရုပ်ဆိုးတယ်ပြောတာမကောင်းဘူးနော် ဆရာ... မယဉ်ကျေးရာရောက်တယ်"
"ငါက မင်းနဲ့တူတယ်ပဲပြောတာလေ မင်းရုပ်ဆိုးတယ်မပြောပါဘူး"
"သူကရုပ်ဆိုးတယ်လေ ကျွန်တော်နဲ့တူတယ်လို့ပြောတာက ကျွန်တော့်ကိုရုပ်ဆိုးတယ်ပြောတာနဲ့ အတူတူပဲ မဟုတ်ဘူးလား"
"လျှာရှည်လိုက်တာ..."
ရိပေါ်လည်း ရှောင်းကျန့်နား ဆောင့်ကြောင့်ထိုင်ရင်း ကြောင်လေးကိုပွတ်သပ်တယ်။
"မင်းက ဒီကိုဘာလာလုပ်ပြန်တာလဲ"
"ဒီရုပ်ဆိုးကို အခြေအနေလာကြည့်တာလေ တော်တော်တောင်ကြာနေပြီ သူအခုထိဒီမှာပဲနေနေတုန်း"
"အင်း သူတစ်ယောက်တည်းနေနေရင် ကိစ္စမရှိပါဘူး အခြားကြောင်တွေထပ်မခေါ်လာရင် ဖြစ်တယ်"
ဒီလိုကျတော့လည်း သူတို့က ဘာမှမဖြစ်ခဲ့တဲ့အတိုင်း စကားတွေအေးဆေးပြောနေကြတယ်။
//အရင်တည်းက ဒီလိုအေးဆေး ဆက်ဆံရင် ပြီးနေတာပဲကို...အူကြောင်ကြားလေး//
ရိပေါ်က ကြောင်ကိုပွတ်သပ်ရင်း ပြုံးတယ်။ ရှောင်းကျန့်သတိထားမိတယ်။ ဒီကောင်လေးက သူ့လိုပဲ အရယ်အပြုံးနည်းတယ်။ ဒါပေမယ့် စိတ်လိုလက်ရ ပြုံးရယ်လာပြီဆိုရင် အပေါ်နှုတ်ခမ်းက အသည်းပုံခုံးလေးလို ဖြစ်သွားတတ်တယ်။ ရိပေါ်ကိုသူကြည့်မရပေမယ့် ပြုံးလိုက်ရင် ချစ်ဖို့ကောင်းတာကတော့ ငြင်းလို့မရတယ်။
//မင်းက ရုပ်မဆိုးပါဘူး ဝမ်ရိပေါ်//
"ဝမ်ရိ.."
"ဆရာ"
ရိပေါ်ရဲ့ သြရှရှအသံက ရှောင်းကျန့်အသံကိုဖုံးသွားတယ်။
"ဟိုနေ့က ကိစ္စအတွက် ကျွန်တော်တောင်းပန်ပါတယ်"
"ဟမ်... အခုမှဘာထဖြစ်တာလဲ"
"တောင်းပန်စကား တစ်ခွန်းလောက်တော့ပြောသင့်တယ်ထင်လို့... အဲ့နေ့က ကျွန်တော့် စိတ်အခြေအနေက မတည်မငြိမ်ဖြစ်ပြီး ဆရာ့ကို အဆင်မပြေဖြစ်သွားစေတာ...တောင်းပန်ပါတယ်"
ဝမ်ရိပေါ်က နားလည်ရခက်တယ်။ ရက်သတ္တပတ်ကျော်လွန်နေပြီဖြစ်တဲ့ ကိစ္စကို ဘာလို့အခုမှ လာတောင်းပန်နေရတာလဲ။ သူ့ခေါင်းထဲ တကယ်ပဲ ဘာတွေတွေးနေတာလဲ။
"မင်းတောင်းပန်စရာမလိုပါဘူး ဘာမှအထွေအထူးဖြစ်သွားတာမှ မဟုတ်တာ..."
ဝမ်ရိပေါ် မျက်နှာတစ်မျိုးဖြစ်သွားတာ သူမြင်လိုက်တယ်။
"ဒါဆို ကျွန်တော်ပြန်တော့မယ်"
ရိပေါ် ကျောပိုးအိတ်လွယ်ကာ သူ့ကိုကျောခိုင်းထွက်သွားတယ်။
"ဝမ်ရိပေါ် မင်းမှာတစ်ခုခု အခက်အခဲရှိနေရင် ငါ့ကိုပြောလ့ိုရတယ်နော် ငါနားထောင်ပေးမယ်"
ရိပေါ် ရှောင်းကျန့်ကို လှည့်မကြည့်ဘူး။
"ကျွန်တော် ဘာမှမဖြစ်ပါဘူး စိတ်ထဲမထားနဲ့"
ကျောပြင်လေးက တဖြည်းဖြည်းဝေးကွာသွားတယ်။ ရှောင်းကျန့် တစ်ယောက် ငေးရင်းကျန်ခဲ့တယ်။
//ဘာကိုစိတ်ထဲမထားရမှာလဲ ဝမ်ရိပေါ် ဘာမှမရှိတာ ဘာကိုစိတ်ထဲထားရမှာလဲ//
To be continued~~
_______________________________
အငယ်တွေက မကောင်းဘူးနော်
Advertisement
- In Serial38 Chapters
Love Changes (Love series: book 1) ✓
Hit 1 Million reads on 14th July 2020!Hit 2 Million reads on 19th December 2020!Hit 3 Million reads on 7th August 2021!Hit 4 Million reads on 3rd December 2021! (Completed- 20/07/19) The amazing - beautiful, matching cover made by talented @teIIyouwhat Ella Snow is a successful celebrity event planner. At the age of twenty-four she has made a life for herself, and her four and half year old daughter. After being hurt by the only man she ever loved... that man was Scott Vaughan, her high-school sweetheart, and the father of her daughter. Scott Vaughan is famous football player, being the youngest player to ever be fast-tracked into the NFL. But to be able to do the thing that he loves, he had to give up the one person he has ever truly loved. And that person was Ella Snow, the only girl he ever loved and still loves. When Ella gets a new client, to plan a newly engaged celebrity couple engagement party. She has no idea the party she is planning is for Oliver Vaughan, the older brother of her Ex-Boyfriend, the father of her child. Can Ella keep the secret of daughter getting out?
8 182 - In Serial56 Chapters
The Charming Billionaire.
| ZAEEF BOOK I |-UNEDITED- "So destiny huh" he said and I looked away. Destiny. "It was all Allah's plan. Guess my prayers got answered" he said, looking at me as I stared at his blurry reflection in the steel walls. "You prayed for me" I said and he chuckled. "You don't want someone in your life so much until you begin praying for them each day"________Amyrah Saleh liked to think she was an independent young woman with a great big world to explore. Well she was one, no doubt. But with everything she had, she felt something lacked. Kayan Zaeef was the billionaire everyone was fond of. From being nice and friendly to being the most charming person at any event, he brought light to everything. They met by chance, He fell in love by choice. And he was determined to make her feel the same. After all, he was the charming billionaire. Join the fiery Amyrah with the gray eyed charmer, as they take on the unknown journey most like to call love. copyright scopian_16 2017
8 130 - In Serial53 Chapters
Falsely Yours, Arthur
Arthur Fucking walker would someday ruin me.•Ever since the day Marnie set her eyes on Arthur she knew she was done for.With dark eyes and dark hair, the girl in the band was someone she wanted to know everything about.Secrets would come out and blood would be bound to spill but in the green lights or the golden sun rays, Arthur would burn every soul to grant Marnie warmth.•Arthur's hand came up to my hips as she grabbed it tightly, staining my skirt with her bloody hands. My whole body was trembling.The knife.I turned around abruptly taking out my knife and pressing it to her neck, but she was quicker as she pressed her knife to my bare thigh. One of her hands was still on my hips as she pushed close to me.I flinched at the cold metal pressed on my upper thigh. But my hand didn't falter. I pressed the knife against her neck harder. A drop of blood dripped down her neck and trailed to her collarbone. Slowly trailing down and travelling down the curve of her and inside her shirt."What did you see my angel?" She asked, her voice mocking as she stepped closer. I took a step back my back meeting the cold metal and her knife sliding higher."Nothing," I whispered, panting.Fucking hell."Nothing, I saw nothing." I breathed out and she grinned."Shit liar baby." She shook her head kissing my temple and my collarbone. Her lips lingered for more than a second."Get your knife away from me." I grit my teeth."And here I thought you liked a knife between your legs." She whispered grinning, I swallowed as I could feel the blood drip down from the cut.
8 131 - In Serial48 Chapters
သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)
D ShinenaNay Yatt WonMahar Myittar
8 157 - In Serial43 Chapters
Caged In
A day trip to a local wildlife refuge was Cage's last idea for a date with a female. Being dragged into it by his friends, he would rather be back in the packlands planning out where to look next. Kirsten isn't his mate but everyone around him pushed him toward her at a chance for a future. After years of looking, wolves start to wonder if their mates are out there, and the hope he has starts to twindle every year. The wolf pushes still to pursue the search. He believes she is out there, shouldn't Cage?When an odd feeling like an itch he can't scratch starts to rise and a shiver runs through him, Cage's wolf leads him forward from his friends as a playful southern voice rings out in the crowd and he stops in his tracks as his gaze lands on a woman standing up in front of the crowd. Consumed by the bond and moving forward their eyes meet with a mixture of excitement and confusion swirls in her eyes. Finally found Cage throws caution to the wind in the pursuit to get to her and fill the bond, the only problem is, she's a human and he has to win her over before he can reveal his true identity to her. Meanwhile, old rivals and sinister plans threaten to rock the peace of his pack and the safety of its future as they hide in the shadows and backgrounds, slowly pushing forward to throw them into war. Pulled between his pack and his mate, Cage is forced into two directions and choices to make.
8 133 - In Serial60 Chapters
The Fragmented Luna
Rowen Whitley is your typical seventeen year old girl and, although she has a tragic past and a fragmented memory, the only thing she wants to do before graduating high school is make it through the year unnoticed. All those hopes of remaining unnoticed this year are tossed away in a single moment of rage when Rowen punches the most popular girl at school in the face. Now Rowen must change her plans for a peaceful year and accept that sometimes letting people in might not be a bad idea after all. After all there are other dark forces in this world, that are much scarier than a jealous bully, and they may very well be coming for her. Check out this exciting story, filled with twists at every corner, in The Fragmented Luna by Mariah Karris.#1 in Haunted#10 in JourneyCurrently reediting
8 257

