《Today, tomorrow and the day after ||Completed||》Chapter 4 (unicode)
Advertisement
အလုပ်တွေပိနေလို့ ရှောင်းကျန့်စိတ်ညစ်နေရတယ်။ အမှတ်ခြစ်ရမယ့်အစမ်းဖြေတွေရော စစ်ရမယ့်စာတမ်းတွေရော ကျောင်းအုပ်ကခိုင်းထားတာတွေရော တစ်ပြုံတည်းဖြစ်လာတဲ့အခါ လူကရူးချင်လာတယ်။ ဝါသနာကြောင့်သာ လုပ်နေတာ။ အသက်က ဘယ်နားကထွက်ရမယ်တောင် မသိအောင် အလုပ်များတယ်။
//ဝမ်ရိပေါ်သာရှိရင် အလုပ်တစ်ဝက်လောက် သက်သာသွားမှာပဲ//
Hold on.... ဝမ်ရိပေါ်ဆိုမှ.. အခုနောက်ပိုင်း အဲ့ကောင်လေးပြောင်းလဲလာတယ်။ ပုံမှန်ဆို စာသင်ချိန်တွေမှာ မှောက်အိပ်နေကျလူက အခုတော့ တစ်ချက်တောင်မငိုက်ဘဲ စာတွေလိုက်ရေး လိုက်မှတ်နေတယ်။ အရင်ကတော့ မှောက်အိပ်လို့ အပြစ်ဒဏ်ဆိုပြီး အလုပ်တွေကူခိုင်းရာကနေ ရိပေါ်က အငယ်တန်းတွေရဲ့ အစမ်းဖြေစာရွက်တွေကို အမှတ်ခြစ်ပေးတဲ့ ရှောင်းကျန့်လက်ထောက်လေး ဖြစ်ခဲ့တယ်။ အခုတော့ ရုတ်တရက်ကြီး လိမ္မာသွားလို့ အလုပ်တောင်ညာခိုင်းလို့မရတော့ဘူး။
//ဒီကောင်လေး င့ါကိုတကယ်ပတ်ရှောင်နေတာပဲ//
လူကိုခိုးခိုးကြည့်ပြီး မကြည့်ချင်ယောင်ဆောင်တဲ့ အပြုအမူကလည်းမရပ်သွားဘူး။ သူတကယ် တစ်ခုခုလုပ်မိလို့လား။ တစ်ခုခုလုပ်မိတယ်တွေးရအောင်လည်း လုပ်သွားတာက ဟိုကောင်စုတ်လေးလေ။ သူလည်းမလုပ်ပဲ သူက အရှောင်ကျဉ်ခံနေရတာက တကယ်မကျေနပ်စရာကောင်းတယ်။
ဝမ်ရိပေါ်က ငယ်သေးလို့ ရှောင်းကျန့်နားမလည်နိုင်တာလား။ ဝမ်ရိပေါ်ဖြစ်နေလို့ကိုပဲ နားလည်ရခက်နေတာလား ရှောင်းကျန့် ဝေခွဲလို့မရဘူး။
*ဒုန်း*
ရှောင်းကျန့် စားပွဲကို လက်သီးနဲ့ထုရင်း ဒေါသကိုဖြေလျော့မိတယ်။
//တစ်ခုခုပြောစရာရှိရင်လည်း ပြောလိုက်စမ်းပါ ဘာတွေခက်နေတာလဲ!!//
ကြာရင် သူ အဲ့ကောင်စုတ်လေးကို ထုသတ်မိတော့မယ်။
"ဝမ်ရိပေါ် မင်း အားရင် ကျောင်းဆင်းချိန် ရုံးခန်းထဲလာခဲ့ဦး မင်း တက္ကသိုလ်ရွေးတဲ့ကိစ္စ ပြောစရာရှိလို့"
"အမ် ဘယ်တက္ကသိုလ်တက်မလဲ ရွေးတဲ့စာရွက်က ပေးပြီးပြီမဟုတ်ဘူးလား"
"အေး ဒါပေမယ့် ထပ်ပြောစရာရှိသေးတယ် ဒီနေ့မအားလည်းနောက်နေ့လာ နောက်နေ့မရလည်း အားတဲ့ရက်လာခဲ့ ဘယ်ရက်ဖြစ်ဖြစ်လာ ခပ်တိုတိုပဲပြောမှာမို့လို့"
"အိုင်းယား အတင်းတွေ....ဒီနေ့လာခဲ့မယ်ဗျာ ဟုတ်ပြီလား"
ပြောထားတဲ့အတိုင်း ဝမ်ရိပေါ်တစ်ယောက် ရှောင်းကျန့်ရုံးခန်းဆီ ရောက်လာခဲ့တယ်။ တကယ်က မလာချင်ဘူး။ သူ ဆရာနဲ့မတွေ့ချင်ဘူး။ မလာမချင်း ဇွတ်ခေါ်မယ့်အရိပ်အယောင်တွေမြင်နေလို့ မြန်မြန်ပြီး အေးရောဆိုပြီး လာခဲ့တာ။
ကျောင်းဆင်းပြီမို့ ရုံးခန်းထဲဘယ်သူမှမရှိ။ ရိပေါ်မျက်နှာချင်းဆိုင်က ထိုင်ခုံမှာတော့ suit အပြည့်နဲ့ မျက်မှန်အဝိုင်းတပ်ထားတဲ့ ဆရာရှောင်းကျန့်က ဆေးလိပ်ဖွာရင်း လက်ပိုက်စောင့်နေတယ်။ ဘေးတိုက်မြင်နေရတဲ့ မျက်နှာအလှရယ်၊ စမတ်ကျကျထိုင်နေတဲ့ ခန္ဓာကိုယ်အချိုးအစားရယ်၊ ဆေးလိပ်တေ့ထားတဲ့ နှုတ်ခမ်းလေးရယ်။ ဒီနေရာမှာ သေမယ်ဆိုရင် ဝမ်ရိပေါ် လဲသေလို့ရပါပြီ။
//ဒီဆရာက ဘယ်လိုနေနေ sexy ဖြစ်တာပဲလား ဘယ်လိုဆရာမျိုးလဲ//
"ကျွန်တော် ရောက်ပြီ ဘာပြောမလို့လဲ"
ရိပေါ်အသံကြားတော့ ရှောင်းကျန့် နှုတ်ခမ်းက ဆေးလိပ်ကိုလက်ချောင်းရှည်ရှည်တွေကြား ညှပ်လိုက်တယ်။
"အရင်ထိုင်ပါဦး"
ရိပေါ် သက်ပြင်းတိုးတိုးချလိုက်ရင်း ခုံဆွဲထိုင်တယ်။
"ခပ်တိုတိုပဲပြောနော် ကျွန်တော်အိမ်ပြန်ချင်နေပြီ"
"ဟုတ်လား ဒါဆိုလည်း လိုရင်းပဲပြောရတာပေါ့"
ရှောင်းကျန့် ရိပေါ်ဘက် ခေါင်းငဲ့ကြည့်ရင်း မျက်လုံးတွေထဲ သေချာစိုက်ကြည့်လိုက်တယ်။
"မင်း ငါ့ကိုရှောင်နေတာမလား"
ရိပေါ် ရှိသမျှ အကြောတွေ တောင့်သွားတယ်။ ဒီဆရာကတော့.........။
"ဟမ် အဲဒါ တက္ကသိုလ်ကိစ္စနဲ့ ဘာဆိုင်လို့လဲ"
"မဆိုင်ဘူးလေ ဆင်ခြေသက်သက်ပဲ ငါအဲလိုမှမခေါ်ရင် မင်းမလာဘူးဆိုတာ သိလို့"
"ဒါသက်သက်ညစ်တာပဲ"
"sorry လူကြီးတွေက ဒီလိုပဲ ကိုင်တွယ်ဖြေရှင်းကြတယ်"
"ကျွန်တော် ဆရာ့ကိုမရှောင်ပါဘူး အခုတောင် မေးတာဖြေနေတာပဲမဟုတ်ဘူးလား"
"မင်းပုံစံက မသိသာဘူးထင်နေတာလား တစ်ခုခုရှိရင်ပြောစမ်းပါ မင်းငါ့ကိုမုန်းလို့ ကြည့်မရလို့ရှောင်တာဆိုရင် ကိစ္စမရှိဘူး အဲလိုမဟုတ်ဘဲ အခြားကြောင့်ဆိုရင် ငါတို့ဆွေးနွေးသင့်တယ်မထင်ဘူးလား"
"....."
"ဝမ်ရိပေါ်"
"တက္ကသိုလ်ကိစ္စ မဟုတ်ဘူးဆိုရင် ကျွန်တော်ပြန်တော့မယ်"
ရိပေါ် ထိုင်ခုံက ထပြီး ကျောခိုင်းလှည့်ထွက်လိုက်တယ်။ သူပြန်မှရမယ်။ သူအခုချိန်မှာ ရသလောက် လှည့်ပြန်ရမယ်။ တတ်နိုင်သမျှကျောပေးထားရမယ်။ ဒီဆရာနဲ့ဝေးရာကို ပြေးနေမှရမယ်။ မဟုတ်ရင် သူခံစားနိုင်မှာမဟုတ်ဘူး။ ဆရာနဲ့ကျောင်းသားဆိုတည်းက ဝေးနေပြီးသား အနေအထားနှစ်ခု ပိုမနီးလာခင် သူကဦးအောင် ဝေးဝေးပြေးမှရမယ်။
"နေဦး ဝမ်ရိပေါ် ငါပြောတာမပြီးသေးဘူး"
ရိပေါ် လှည့်ပြန်တာ မအောင်မြင်။ သူခြေတောင်မလှမ်းရသေးဘူး ရှောင်းကျန့်က သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲထားတယ်။ သူခေါင်းငဲ့ရုံလှည့်ကြည့်တော့ မျက်မှန်နောက်က ဆရာရှောင်းကျန့်ရဲ့ မျက်လုံးတွေက စိတ်မရှည်ဟန်ဖြစ်နေတယ်။ ရိပေါ် ဆက်မကြည့်နိုင်တော့ဘဲ ခေါင်းပြန်လှည့်လိုက်တယ်။
လက်တံကလည်း ရှည်လိုက်တာ.....ထိုင်ရာကမထတာတောင် သူ့လက်ကို အသာလေးလှမ်းမှီတယ်။
"လွှတ်"
"မင်း... တကယ်ငါ့ကို ပြောစရာမရှိဘူးလား"
"မရှိဘူး"
"အဲလိုပေါ်တင်လိမ်လို့ရလား"
"လွှတ်လို့ပြောနေတယ်လေ.."
"ဝမ်ရိပေါ်"
"ကျွန်တော် တကယ်တောင်းပန်ပါတယ် ကျွန်တော့်လက်ကို လွှတ်လိုက်ပါ..."
"မင်းတကယ် ဘာမှပြောစရာမရှိဘူးဆိုရင် ငါ့ကိုစေ့စေ့ကြည့်ပြီး ပြောလေ ဝမ်ရိပေါ်!"
ဆရာ ဘာလို့ဒီလိုတွေလုပ်နေတာလဲ။ သူရှောင်နေမှန်းသိရင် ရှောင်နေတယ်လို့မှတ်လိုက်လေ။ ကိုယ်နဲ့မဆိုင်သလိုနေလိုက်လေ။ ဒီလောက်များတဲ့ ကျောင်းသားတွေထဲ ရိပေါ်တစ်ယောက်က ရှောင်နေတာကို လျစ်လျူရှုလိုက်လို့ ဘာဖြစ်သွားမှာလဲ။ ဘာလို့ ပြေးဖို့ကြိုးစားနေတဲ့သူ့ကို ဆွဲထားတာလဲ။
မလုပ်ပါနဲ့.......ကျွန်တော့်ဘာသာ နေပါရစေ ဆရာရယ်...။
"မပြောဘူး"
"ဝမ်ရိပေါ် မင်းဘာလို့အဲလောက်ခေါင်းမာရတာလဲ စိတ်ထဲမထားနဲ့တို့ ဘာမှမဖြစ်ပါဘူးတို့ အဲလိုစကားတွေကျ ပြောပြီး မင်းကိုယ်တိုင်ကဖြစ်နေတာကိုသိလား! တစ်ခုခုပြောချင်နေတာတောင်မှ မျိုသိပ်ပြီး ဘာလို့ တစ်ယောက်တည်းဖြေရှင်းဖို့ လုပ်နေရတာလဲ"
"ကျွန်တော့်လက်ကို လွှတ်ပါ ဆရာရှောင်းကျန့်"
"မလွှတ်ဘူး စကားပြောတာမပြီးမချင်း မလွှတ်နိုင်ဘူး"
Advertisement
"ဆရာ ဘာလို့ဒီလိုလုပ်နေတာလဲ"
"ငါ့အတန်းသားကို ငါစိတ်ပူတာထူးဆန်းလို့လား မင်းကသာ ထူးဆန်းနေတာ! ယောင်လည်လည်လုပ်နေတာ ရပ်ပြီး ပွင့်လင်းစမ်းပါ"
"ဆရာက တကယ်ငတုံးပဲ..."
"ဘာ.."
ရိပေါ် သူ့ကိုဆွဲထားတဲ့ ရှောင်းကျန့်လက်ကို ခါထုတ်ပြီး လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်တယ်။ ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေကြောင့် ရှောင်းကျန့် မျက်ခုံးပင့်သွားရပြီး ကြောင်ကြည့်နေမိတယ်။
"ဆရာသာ မသိချင်ယောင်ဆောင်နေလိုက်ရင် အရာအားလုံးက အဆင်ပြေသွားမှာကို..."
"ဝမ်ရိပေါ်?"
"ကျွန်တော် ဘာလို့ဒီလိုဖြစ်နေတာလဲ ဟုတ်လား"
သူ့မျက်လုံးတွေကို သေချာစိုက်ကြည့်နေတဲ့ ရိပေါ်ဟာ ထိန်းချုပ်ထားတဲ့ အတိုင်းအတာလွန်သွားတဲ့ပုံ။ ကျုံ့ထားတဲ့မျက်ခုံးထင်းထင်းတွေဟာ ခြင်္သေ့တစ်ကောင် မာန်ဖီနေသလိုပဲ။
"ဘာလို့လဲဆိုတော့ ကျွန်တော် ဆရာ့ကိုပြဿနာမတက်စေချင်လို့.. ကျွန်တော် ဆရာနဲ့မပတ်သတ်မိအောင် ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ် ဒါပေမယ့်အနည်းဆုံးတော့ ဆရာ့ကို ကျွန်တော်အဝေးကနေ ငေးကြည့်ခွင့်တော့ရှိတယ်ဆိုတဲ့ စိတ်လေးနဲ့ကြည့်နေခဲ့တာ ကျွန်တော် အဲလိုတောင်ကြည့်ခွင့်မရှိတော့ဘူးလား"
"ဝမ်ရိပေါ် ငါနားမလည်ဘူး"
"ဆရာပဲ ကျွန်တော့်ကိုအတင်းပြောခိုင်းတာ မဟုတ်ဘူးလား အခုပြောနေပြီလေ"
"ဟေး မင်း..."
ရိပေါ်က ကျန်လက်တစ်ဖက်နဲ့ ရှောင်းကျန့်ပခုံးကိုတွန်းလာတယ်။ အားပါတာကြောင့် ဘီးတပ်ကုလားထိုင်က အနောက်ကိုရွေ့ရွေ့သွားတယ်။ အနောက်က စားပွဲနဲ့ တိုက်သွားမှ ရပ်သွားတယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်လက်ကိုလည်းမလွှတ် ပခုံးကိုလည်းတွန်းထားတာကြောင့် ရှောင်းကျန့်ရုန်းလို့မရ။ ကောင်လေးက လူကောင်သေးပေမယ့် အားကတော့သန်သည်။
"ဆရာ အရမ်းကြားချင်နေရင် ပြောပြမယ် ဒါပေမယ့် အပေးအယူအနေနဲ့ ပြဿနာရှိလာခဲ့ရင် ကျွန်တော် ဆရာ့ကိုပဲအပြစ်ပုံချမယ် ရတယ်မလား"
"ဝမ်ရိပေါ် ခဏ..."
"တကယ့်အမှန်က...."
အနေအထားက ထိုင်နေတဲ့ရှောင်းကျန့်ကို ရိပေါ်က မတ်တပ်ရပ်ပြီး အုပ်မိုးထားတယ်။ နေရခက်တဲ့အခြေအနေကြီးကြောင့် ရှောင်းကျန့် နှလုံးခုန်မြန်လာတယ်။ ဝမ်ရိပေါ်ရဲ့ မျက်လုံးတွေသာ ထိုးဖောက်နိုင်စွမ်းရှိတယ်ဆိုရင် ရှောင်းကျန့်ကိုယ်ကို ထုပ်ချင်းဖောက်သွားမှာ သေချာတယ်။
"ကျွန်တော် ဆရာ့ကိုချစ်လို့"
ရှောင်းကျန့်မျက်လုံးတွေ ဝိုင်းစက်သွားတယ်။ ဘာဖြစ်တယ်?? ဝမ်ရိပေါ်က သူ့ကိုဘာဖြစ်တယ်??
"ကျွန်တော် ဆရာ့ကိုချစ်တယ် အရမ်းအရမ်းချစ်တယ် ချစ်လွန်းလို့အခုချက်ချင်း ဆရာ့ကို တွန်းလှဲပြီး အသက်ရှူကြပ်တဲ့အထိ ဖက်နမ်းပစ်ချင်တယ်"
"........"
"ကျွန်တော့်အောက်ပိုင်းကလည်း ဆရာ့အကြောင်းတွေးတိုင်း မတ်မတ်လာတယ် ပြန်လျှော့ရင်လည်း ဆရာ့ကိုပဲတွေးပြီး လျှော့တယ် ဒါမဖြစ်သင့်ဘူးပုံမှန်မဟုတ်ဘူး ဆိုတာ သိလည်း ကျွန်တော်မရပ်မိဘူး အဲလိုလုပ်တာ ဘယ်နှခေါက်ရှိနေပြီလဲတောင် မမှတ်မိဘူး"
"ဝမ်ရိ...ပေါ်.."
"ကျွန်တော် အဲ့လိုမျက်လုံးတွေနဲ့ ဆရာ့ကို တောက်လျှောက်ကြည့်နေခဲ့တာ"
ရှောင်းကျန့်က လက်ကိုရုန်းဖို့လုပ်တော့ ရိပေါ် ရှောင်းကျန့်လက်ကောက်ဝတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း သူနဲ့နီးအောင်ပိုဆွဲလိုက်တယ်။ ကျန်လက်တစ်ဖက်က နောက်ကျောက စားပွဲကိုထောက်လိုက်တဲ့အခါ ခေါင်းမော့ထားတဲ့ရှောင်းကျန့်နဲ့ ခေါင်းငုံ့ကြည့်နေတဲ့ရိပေါ်ရဲ့ မျက်နှာ၂ခုက တော်တော်နီးကပ်သွားတယ်။
"တွေ့လား ဆရာလန့်သွားပြီမလား..."
ရှောင်းကျန့် ဘာမှပြန်မပြောနိုင်။ ရိပေါ်ကိုသာ ကြည့်နေမိတယ်။
"ဆရာဒါမျိုးတွေ မကြားချင်ဘူး ဟုတ်တယ်မလား..."
ရိပေါ် နာကျင်စွာ ပြုံးလိုက်ရင်း ရှောင်းကျန့်လက်ကိုလွှတ်ပေးလိုက်တယ်။ ဒါပမေယ့် သူ့ကိုယ်က ဆရာ့ကိုအုပ်မိုးထားတုန်းပဲ။ ဆရာကတော့ ထိုင်ခုံမှာထိုင်လျက်သား သူ့ကိုတအံ့တသြကြည့်နေတုန်းပဲ။
"ကျွန်တော် အခု ဆရာ့ကို အရမ်းအရမ်းကို ဖက်နမ်းပစ်ချင်တယ် ဒါပေမယ့် စိတ်ထိန်းထားတယ်... ဘာလို့လဲဆိုရင် ကျွန်တော်တို့က ဆရာနဲ့ကျောင်းသားဖြစ်နေလို့..."
ရိပေါ် ခေါင်းငိုက်စိုက်ချပြီး သက်ပြင်းရှည်ကြီး ချလိုက်မိတယ်။
"ကျွန်တော် ဆရာ့ကျောင်းသားတွေထဲက တစ်ယောက်မဖြစ်ချင်ဘူး.....ဆရာ့ချစ်သူပဲ ဖြစ်ချင်တာ.."
သူပြောလိုက်မိပြီ။ သူမျိုသိပ်ထားသမျှ စိတ်ထဲရှိတာအကုန်ပြောလိုက်မိပြီ။
.
.
.
.
.
အဲနေ့က စိတ်ထဲရှိတာတွေ အကုန်ဖွင့်ထုတ်ပြလိုက်တဲ့နောက် ဝမ်ရိပေါ်ဟာ သူ့ကို သွားတော့မယ် တစ်ခွန်းပဲပြောပြီး ပြန်သွားခဲ့တယ်။
နောက်ဆုံးတော့ စဉ်းစားရခက်နေတဲ့ပုစ္ဆာက အဖြေထွက်သွားခဲ့ပြီ။ ဒါပေမယ့် ရှောင်းကျန့်စိတ်တွေက ပေါ့ပါးမသွားဘဲ ပိုတောင်ထုံထိုင်းသွားတယ်။ ညကလည်း အိပ်မပျော်ဘူး။ သူက သာမန်ဆို အိပ်ချိန်မှန်စားချိန်မှန်တဲံ လူတစ်ယောက်။ ဟိုငချွတ်လေးရဲ့ confession ကိုကြားပြီးတဲ့ညက သူ့ခမျာ တစ်ညလုံး ဟိုလှိမ့်ဒီလှိမ့်နဲ့ အိပ်မပျော်ခဲ့။
//အာ....ခေါင်းမကြည်လိုက်တာ..//
စာသင်ချင်စိတ်မရှိပေမယ့် စာသင်ချိန်ကရှိနေတာကြောင့် အခု ရှောင်းကျန့်တစ်ယောက် မှုန်ကုပ်ကုပ်နဲ့ 3-B ကိုသွားနေရတယ်။
ဘာဖြစ်ဖြစ် သူ့ဘက်ကတော့ အတန်းပိုင်ဆရာပီသရမယ်။ ဆရာနဲ့ကျောင်းသား ဆက်ဆံသလို ပုံမှန်ဆက်ဆံရမယ်။ အရင်တည်းက အဲလိုပဲဆက်ဆံခဲ့တာဆိုပေမယ့် အခုအခြေအနေက အီလည်လည်နဲ့။ သူဘယ်လိုမျက်နှာနဲ့ စကားပြောရပါ့။
//အဲ့ကောင်စုတ်လေးကတော့...//
"မင်္ဂလာနံနက်ခင်းပါ ဆရာရှောင်းကျန့်"
သူ့အကြောင်းတွေးတိုင်း အနားရောက်ရောက်လာတတ်တာ ဘာအထာလဲ။ ဆင့်ခေါ်ခံရတဲ့နတ်ဆိုးတောင်မှ သူ့ထက်နှေးနေဦးမယ်။
"ဘာလို့စိုက်ကြည့်နေတာလဲ ကျွန်တော့်မျက်နှာ ဘာပေနေလို့လဲ"
"ဟမ် ဘာ..ဘာမှမဟုတ်ပါဘူး"
"အယ် ဆရာ့ပုံစံက အိပ်ချင်နေသလိုပဲ ညကအိပ်မပျော်ဘူးထင်တယ်.. အင်းပေါ့လေ လန့်သွားမှာပေါ့ ဘယ်သူမဆိုလန့်နိုင်တာပဲ ကျွန်တော်လည်း မျက်နှာတည့်တည့်စိုက်ကြည့်ပြီး အဲလိုပြောခံရရင် လန့်မှာပဲ"
ဘာလဲဟ...ဒီကောင်လေး။ ဘာမှမဖြစ်သလိုပြောနေတာ...။ မနေ့က ပြောခဲ့တာတွေအကုန် အတည်ရောဟုတ်ရဲ့လား။ ခံစားချက်မကောင်းလိုက်တာ ဘယ်လိုကြီးတုန်း။
"ဝမ်ရိပေါ် အချိန်ရရင် ငါနဲ့သီးသန့်စကားပြောရအောင်.. အမ်...ဘယ်လိုပြောရမလဲ လူကြားထဲသိပ်ပြောလို့မကောင်းတော့.."
"ဟမ်?? မပြောချင်ပါဘူး"
EXCUSE ME What the fuck?
"ကျွန်တော် အခုတလော ဆရာနဲ့ ၂ကိုယ်တည်းရှိလို့မဖြစ်သေးဘူး ဆရာ့လုံခြုံရေးအတွက် အာမမခံနိုင်ဘူး အဲဗတာ့ စကားပြောချင်ရင် နည်းနည်းစောင့်ပေးမှရမယ်"
ခြေလှမ်းမြန်တဲ့ကောင်လေးက သူ့ထက်အရင် အတန်းပေါက်ဝကိုရောက်သွားပြီး သူ့ဘက်လှည့်ကြည့်တယ်။
"ကျွန်တော် အရင်ဝင်တာဆိုတော့ ဆရာ့ထက်နောက်မကျဘူးမလား"
ရှောင်းကျန့် နှုတ်ခမ်းလှုပ်ရုံ ပြုံးလိုက်မိတယ်။ ဝမ်ရိပေါ်က သူ့ကိုသာမန်အတိုင်း ဆက်ဆံလို့ သူနည်းနည်းစိတ်အေးသွားရတယ်။ မဟုတ်ရင် သူ့ဘက်က တော်တော်နေရခက်နေမှာလေ။
ရှောင်းကျန့် လက်ထဲက စာအုပ်နဲ့ ရိပေါ်ခေါင်းကို ရိုက်ထည့်လိုက်ရင်း..
"ငါအတန်းထဲဝင်ချိန် မင်းကထိုင်ခုံမှာ ထိုင်ပြီးသားဖြစ်နေရမှာ လဒရဲ့"
"အ! နာလိုက်တာ"
စတွေ့ချိန်တုန်းက ဝမ်ရိပေါ်ဟာ နားလည်ရခက်တဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်။ ကောင်လေးက အဆိုးအပေလေးနဲ့ တူနေပေမယ့်လည်း တကယ်တမ်း အရွယ်နဲ့မမျှအောင် လိမ္မာပါးနပ်တယ်။
နားလည်ရခက်တယ် လို့ ရှောင်းကျန့်သတ်မှတ်ထားတဲ့ ကောင်လေးက သူ့ကိုချစ်လွန်းလို့ အဝေးကိုပြေးဖို့ကြိုးစားခဲ့တဲ့ အရူးလေးလည်း ဟုတ်တယ်။
To be continued~~
Advertisement
- In Serial52 Chapters
Alpha Dylan
"We have a feisty one," he mumbled, tracing kisses down my neck, settling just above my breasts as he admired them, licking his lips."She said no!" someone growled, the voice sending a shiver down my spine.Suddenly, the man was ripped off of me and I gasped as he was punched, his lifeless body falling to the floor and landing in a heap, blood dribbling down from a busted lip. I stared in shock as my mate stood in front of me, his chest heaving as he growled, glaring at the guy who had attacked me. After a few seconds, he turned to me, his eyes, which were now black, piercing mine. I stood there motionless, my entire body shaking as I tried to regain my normal breathing rate. "Go," my mate ordered, swallowing harshly.Highest ranking: #1 in werewolf
8 522 - In Serial45 Chapters
The Sun and Moon and Stars✔
Has there ever been a day when you'd ever think that your loved ones would disappear? Well, they did for June Vargo and everyone else, supernatural or human, who remained on earth. Now stuck in a world with only one fourth of the population remaining, June lives with her step dad and step brother in the woods while everyone else moved South. She learned to cope with the disappearance of her mother through writing stories about where she could have gone, but not even that couldn't tamper her soul deep loneliness; only added to by the fact that she got the Vampirism Curse while her family are born Werewolves.But the best things come out of being alone sometimes. And the day she meet him altered her future in ways she never thought possible. He led her to them. And for them, she would give up the Sun and Moon and Stars.
8 161 - In Serial22 Chapters
marriage proposal
8 136 - In Serial50 Chapters
Donna d'onore
"Principessa everyone loves a villain. They just don't realize it. The villain is the only interesting thing in the entire movie."-he says in a sexy, deep voice. Dianora Rossi is your definition of a classy lady. She is the daughter of Stefano Rossi, one of the richest people in Italy. Her world turns upside down when she finds out that her beloved father is murdered and that everything they have is now property of Domenico Del Vecchio a ruthless man capable of anything. And you know what the worst part is?? Even Dianora is now his property. The girl is now a lady and she has to get her belonging place and revenge against the man who killed his father and took everything away from her, but... There was something she wasn't planing, Love. Love for the exact same person she wants revenge Domenico del Vecchio....WARNING! The book also contains a few inappropriate scenes. It is recommended for the age 17+ Read at your own risk.
8 120 - In Serial24 Chapters
Withering Away| d.winchester
"Do you have to leave?" I asked him, Deans breath fanned my face with his hands on my hips. I hated when he left for the weekend. I was lonely. Finally after a small awkward silence between us he looked up at me. "I'll be back on Monday babe." Dean told me, his hands running down my sides. I nodded to him before I gripped his neck and let my lips slide over his. But when Monday came around Dean didn't come back. When she goes to the cops she finds out that the Dean Wayland she knew doesn't actually exist, so she goes digging through his things so she can find the boy she loves. (A Dean Winchester/ Supernatural Story)
8 187 - In Serial71 Chapters
Another World: Book I
In the novel "The Prince and the Peasant", the male lead prince Chen Heng Li was once betrothed to the Western Border's General first daughter, Bai Fan. But the male protagonist never really liked Bai Fan as she was rude and unruly. As the plot unravels, Chen Heng Li met the female lead, Ming Shu, who was an orphan. Both the leads went against the world just to prove their love for each other. As for Bai Fan, she ended up dead as a result of her own wicked schemes.As you can guess, I am not the female lead.In this world, I am Bai Fan, daughter to Western Border's General Bai Long He. I am one of the countless villains in the story. Add up the fact that in the story, I won't have a happy ending.So I decided to change my fate. How tiresome.original story•••
8 480

