《Today, tomorrow and the day after ||Completed||》Chapter 5 (unicode)
Advertisement
ဒီတစ်ညနေမှာ စိတ်ကူးပေါက်လို့ ရှောင်းကျန့် ယွီပင်းနဲ့အတူသောက်ဖြစ်တယ်။ မသောက်ရတာကြာတဲ့ ဘီယာတစ်ငုံက လည်ချောင်းထဲစီးဝင်သွားတယ်ဆိုရင်ဖြင့် ပင်ပန်းတာတွေ ယူပစ်သလိုပျောက်သွားတယ်။
"အစ်မရေ ဒီစားပွဲကို ဘီယာထပ်ပေးပါဦး"
"လာမယ် မောင်လေးရေ..."
ယွီပင်းနဲ့စတွေ့ခဲ့တာ တက္ကသိုလ်ဒုတိယနှစ်။ အနေအေးပြီး ရုပ်တည်တဲ့သူနဲ့ သွက်လက်ပြီးဖော်ရွေတဲ့ ယွီပင်းတို့က ထူးဆန်းစွာ အတိုင်အဖောက်ညီကြတယ်။ ကျောင်းသားဘဝကစလို့ အခုဆရာဖြစ်တဲ့အထိ ယွီပင်းဟာ ရှောင်းကျန့်ရဲ့ တစ်ယောက်တည်းသော အရင်းနှီးဆုံးသူငယ်ချင်း။
"ဒါနဲ့ ရှောင်းကျန့်ရေ ငါတစ်ခုမေးမလို့ကွ"
"မေးလေ"
"မင်းကို ကျောင်းသားတွေထဲက ရည်းစားစကားပြောတာမျိုးကြုံဖူးလား"
ရှောင်းကျန့်ပါးစပ်ထဲက ဘီယာတွေ ဖူးကနဲထွက်လာတယ်။ သြော် မေးမယ့်မေးတော့လည်း အချိန်ကိုက်ကို မေးထည့်လိုက်တော့တာပဲ။
"ဘာကြီးတုန်း အစမရှိအဆုံးမရှိ..."
"မဟုတ်ဘူးကွာ...ဟိုတလောက ငါ့အတန်းထဲက ကောင်မလေးတစ်ယောက်က စာလာမေးတယ်.. ပြီးတော့ စကားနည်းနည်းပါးပါးပြောရင်း ရယ်မောကြတယ်ပေါ့..."
ရှောင်းကျန့် တစ်ငုံထပ်သောက်ရင်း နားစွင့်တယ်။ အခုထိ ရည်းစားမထားဖူးသေးတဲ့ ယွီပင်းတစ်ယောက် စွံမယ့်စွံ ကျောင်းသူနဲ့မှစွံပြီလား။
"အဲ့မှာ ကျောင်းသူလေးကကွာ.... ဆရာရယ်လိုက်ရင် အရမ်းကြည့်လို့ကောင်းတာပဲလို့ ပြောပြီး ရှက်ရှက်နဲ့ထွက်သွားပါရောလား..."
"ဟမ် မင်းကိုရည်းစားစကားမပြောဘူးလား"
"ဘယ်ပြောမှာလဲ ငါကဆရာ သူကကျောင်းသူလေ ပြောရဲရင်တောင် ပြဿနာ မကင်းဘူးမဟုတ်လား"
အဲလိုဆိုတော့မှ သူအတင်းအကြပ်မေးလို့ ရှိသမျှအချစ်တွေဖွင့်ပြခဲ့တဲ့ ကျောင်းသားလေးကို သတိရသွားပြန်တယ်။ မပတ်သတ်ဖို့ကြိုးစားနေခဲ့တဲ့ ကလေးကို သူက ဇွတ်အတင်း ပတ်သတ်စေသလိုဖြစ်သွားလို့ ရှောင်းကျန့် လိပ်ပြာမလုံ။
"အင်း ထားပါ အဲဒါဘာလို့ငါ့လာမေးတာတုန်း"
"မင်းကရုပ်ချောတယ်လေကွာ ကျောင်းသားချောချောလေးတွေထက်တောင် နာမည်ကြီးသေးတာ အဲတော့ ရည်းစကားပြောခံရတဲ့ အတွေ့အကြုံရှိမယ်ထင်လို့... အဲလိုအခါကျ ဘယ်လိုဖြေရှင်းလဲသိချင်လို့ ပြဿနာကိုကြိုကာကွယ်ဖို့လေ"
"အင်း.. တစ်ခါနှစ်ခါတော့ကြုံဖူးပါတယ်"
"ဟုတ်လား ဘယ်တုန်းကလဲ ငါသိတဲ့ကျောင်းသူလား"
"လွန်ခဲ့တဲ့၂နှစ်ကပါ အခုဆို တက္ကသိုလ်တောင်ရောက်နေလောက်ပြီ"
မနေ့ကမှ ကိုယ့်အတန်းထဲက ကျောင်းသားတစ်ယောက်ရဲ့ confession ကိုရထားပါတယ်လို့ ပြောလို့မဖြစ်ဘူးမလား...။
ရှောင်းကျန့်ကို ကျောင်းသူလေးတွေ ခဏခဏ confess ကြတယ်။ အကုန်လုံးကတော့ အတည်ချစ်တာပါ အတည်ရည်ရွယ်တာပါ ပြောခဲ့ကြပေမယ့် ဝတ္တရားအရရော ကိုယ့်စိတ်ကြောင့်ရော အကုန်ငြင်းခဲ့တယ်။ ၁၇ ၁၈ အရွယ်ဆိုတာ အင်မတန်စိတ်ကစားတဲ့အရွယ်။ နုနယ်နေသေးတဲ့ ကလေးတွေကို သူ့အတွက်နဲ့ အဆိပ်အတောက်တွေ မဖြစ်လာစေချင်။
ကုတ်အင်္ကျီကိုလက်တစ်ဖက်မှာပိုက် တစ်ဖက်ကအိတ်ကိုဆွဲလို့ ရှောင်းကျန့် အိမ်ပြန်တယ်။ အိမ်ပြန်လမ်းတောက်လျှောက် သူတွေးနေမိတာက confession အကြောင်းပါပဲ။
စဉ်းစားကြည့်တော့မှ ယောက်ျားလေးတစ်ယောက်က ဖွင့်ပြောတာကိုခံရတာ ဒါပထမဆုံးပဲ။ အပြောခံရတုန်းက အံ့သြတာကလွဲ ဘာမှမရှိခဲ့ပေမယ့် အခုတော့ တောက်လျှောက်ကိုတွေးနေမိတော့တာ။ ဝမ်ရိပေါ်က သူ့ကိုဖွင့်ပြောလိုက်တာနဲ့မတူဘဲ သူခေါင်းစားအောင် လုပ်လိုက်သလိုဖြစ်နေတယ်။ ရှောင်းကျန့်ကတော့ ညတွေပါအိပ်မပျော်နိုင်။ ဘာတွေပြောခဲ့လဲ အသေးစိတ်မမှတ်မိပေမယ့် ချစ်လွန်းလို့ဘာတွေတောင်လုပ်မိတယ်ဆိုတာကိုတော့ သူသေချာမှတ်မိနေတယ်။
//ရွှေဦးနှောက်....ဒါမျိုးကျတတ်တယ်//
တွေးရင်း ကြက်သီးတွေပါထလာတယ်။
//no no no အရမ်းမစဉ်းစားနဲ့ ရှောင်းကျန့် သူကဒီအတိုင်းလွှတ်ကနဲပြောမိတာ စိတ်လျှော့ စိတ်လျှော့//
ကိုယ့်စိတ်ကိုယ်အမြဲဖုံးထားတတ်တဲ့လူတစ်ယောက်ဟာ ခံစားချက်တွေ အကုန်ထုတ်ပြောပစ်ပြီဆိုရင် သူတော်တော်နာကျင်နေလို့ ကြေကွဲနေလို့။ မျိုသိပ်ထားရတာများရင် ပေါက်ကွဲတတ်ကြတယ်။ ဒါပေမယ့် ဝမ်ရိပေါ်ကတော့ ဘယ်လောက်လေးတဲ့အလေးအပင်တွေကို ထမ်းထားရထမ်းထားရ နောက်ဆုံးအချိန်ထိထုတ်ပြောဖို့ ငြင်းနေခဲ့တာ....။
//သူမို့လို့ကို ငါနားမလည်တာဖြစ်မယ်//
နောက်တစ်နေ့မနက်က ခပ်မြန်မြန်ရောက်လာတယ်။ အခုကတော့ နေ့လည်ပေါ့။ အတန်းတက်ခေါင်းလောင်းထိုးပြီးလို့ ရှောင်းကျန့် 3-D ကိုလျှောက်လာခဲ့တယ်။ corridor တစ်လျှောက် စကားပြောနေကြသေးတဲ့ကျောင်းသားတွေနဲ့ ကိုယ့်အတန်းကိုပြန်နေတဲ့ ကျောင်းသူလေးတွေရှိတယ်။ 3-D အခန်းဝကိုရောက်တော့ ဝုန်းကနဲ တံခါးပွင့်လာပြီး ကျောင်းသားတစ်ယောက်က တဟားဟားရယ်ရင်း ပြေးထွက်သွားတယ်။ ရှောင်းကျန့် အလိုမကျစွာ မျက်မှောင်ကျုံ့လိုက်မိတယ်။
//ဘယ်လိုဟာတွေလဲမသိဘူး...//
နောက်မှ ဆူမယ်ဆိုပြီး အခန်းထဲဝင်ဖို့လှည့်ချိန် သူရှေ့တည့်တည့်မှာ ဝမ်ရိပေါ်မျက်နှာ ပေါ်လာတယ်။
//ဘုရားကြီးငုတ်တုတ်!!//
ရှောင်းကျန့် လန့်သွားသလို ရိပေါ်လည်းလန့်ပြီးတုန်သွားတယ်။ ငွေမှင်ရောင်ဆံနွယ်တွေက နေ့အလင်းရောင်မှာ အမြင်လှနေတယ်။ နက်မှောင်နေတဲ့မျက်လုံးတွေက ရှောင်းကျန့်ကိုပဲကြည့်နေတယ်။
"ဝမ်ရိပေါ် မင်းက 3-D မှာ ဘာလာလုပ်နေတာလဲ"
"Uno ကစားနေတာ ဟိုကောင်ကျိုးချန် ကဒ်အများဆုံး လက်ထဲကျန်တဲ့လူက အခြားလူတွေကို မုန့်ဝယ်ကျွေးကြေးလုပ်ထားတာကို သူလည်းရှုံးရော ထွက်ပြေးသွားတယ်"
"သြော်..."
ဝမ်ရိပေါ်ဘေးမှာ နောက်ထပ်ကျောင်းသား၂ယောက်ရဲ့ ခေါင်းတွေပြူကနဲပေါ်လာတယ်။ 3-D ရဲ့အသောင်းကျန်းဆုံး ချင်ပေးရှင် (ကျင်းလင်) နဲ့ ကောင်းကျွင်းရှန် (အိုးရန်ဇီကျင်း)။
"ဒါဆို ဆရာရှောင်းကျန့်ဝယ်ကျွေးမယ်တဲ့"
"ဟုတ်တယ် ဆရာဝယ်ကျွေး"
"ဘာဆိုင်လို့လဲ ခုံမှာသွားထိုင် အတန်းတက်ခေါင်းလောင်းထိုးနေပြီ"
ကျောင်းသားလေး၂ယောက်က ရှုံ့မဲ့ပြီးခုံကိုပြန်သွားတယ်။ ဝမ်ရိပေါ်ကတော့ အခုထိအပေါက်ဝကမဖယ်ဘဲ အူကြောင်ကြောင်လုပ်နေတုန်း။ ရှောင်းကျန့် လက်ထဲကစာအုပ်နဲ့ ခေါင်းဖြူဖြူကိုရိုက်ထည့်လိုက်ရင်း...။
"မင်းကဘာရပ်လုပ်နေတာလဲ သွား ကိုယ့်အတန်းကိုယ်ပြန်"
"အ!! စာအုပ်ထောင့်ကြီးနဲ့ နာတယ်ဗျ!"
ဝမ်ရိပေါ်တစ်ယောက် အရိုက်ခံရလို့စူပုတ်ပုတ်နဲ့ ခေါင်းကုတ်ပြီးထွက်သွားတယ်။ ပိန်ပိန်သွယ်သွယ် ကျောပြင်ကျယ်ကိုကြည့်ရင်း ရှောင်းကျန့် မသိမသာပြုံးလိုက်ပြီး အတန်းထဲဝင်လိုက်တယ်။
ကုပ်ချောင်းချောင်းနဲ့ အတန်းပြန်သွားတဲ့ ဝမ်ရိပေါ်ကလည်း ပြုံးနေခဲ့ပါတယ်။ ဆရာ စာအုပ်နဲ့ရိုက်တာခံချင်လို့ တမင်မဖယ်ဘဲနေတာ ဆရာငတုံးကသိမှာမဟုတ်ပါဘူးလေ...။
ရှောင်းကျန့်ရဲ့နေ့ရက်တိုင်းက ဝမ်ရိပေါ်အကြောင်းနဲ့ပြည့်နှက်နေတယ်။ ဝမ်ရိပေါ်က ဘာလို့ သူလိုအေးတိအေးစက် ခပ်တည်တည်ကိုကြိုက်ရတာလဲ ပြီးတော့လည်း ယောက်ျားတစ်ယောက်။ ဝမ်ရိပေါ်အရွယ်က ချစ်စရာကောင်းတဲ့မိန်းကလေးတွေကို သဘောကျရမယ့်အချိန်မှာ သူ့ထက် ၁၄နှစ်တောင်ကြီးတဲ့ ယောက်ျားတစ်ယောက်ကို ချစ်ပါတယ်တဲ့။ ဝမ်ရိပေါ်ဟာ နားလည်ရခက်နေဆဲ။
Advertisement
စာကြည့်တိုက်ဆောင်ရဲ့ အပေါ်ဆုံးထပ်က တစ်ယောက်တည်းအချိန်ဖြုန်းချင်ရင် နေလို့သိပ်ကောင်းတဲ့နေရာ။ ကျောင်းသားကျောင်းသူတွေမတက်ဖို့ တားမြစ်ထားတာကြောင့် ဆရာတွေကလည်းမလာကြဘူး။ ရှောင်းကျန့်ကတော့ ဘယ်သူမှမသိအောင် လာတတ်တယ်။ လေတဖြူးဖြူးနဲ့ တွေးချင်ရာတွေး ငေးချင်ရာငေးနေရတဲ့ အရသာက ငယ်တုန်းကအချိန်တွေကို သတိရစေတယ်။
*ကျွီ*
အတွေးတွေမျောနေလိုက်တာ တံခါးဖွင့်သံကြားမှ ပတ်ဝန်းကျင်ကိုသတိရတယ်။
တံခါးနောက်ကထွက်လာသူက ဝမ်ရိပေါ်။ ကာယအချိန်မို့လို့ ဘောင်းဘီတိုနဲ့ရှပ်အင်္ကျီအဖြူပေါ် jersey ထပ်ဝတ်ထားတယ်။ ရှောင်းကျန့်ခုမှသတိထားမိတယ် ဝမ်ရိပေါ် ဘောင်းဘီတိုဝတ်တာ သူတစ်ခါမှမမြင်ဖူးဘူး။
ဝမ်ရိပေါ်က သူ့ကိုမြင်မြင်ချင်းပဲ ဟိုကြည့်ဒီကြည့်လုပ်ရင်း.....။
"နှောင့်ယှက်မိလို့ ဆောရီးပါ"
တံခါးပိတ်ပြီး လှည့်ပြန်တော့မယ့်ကောင်လေးကို ရှောင်းကျန် လှမ်းခေါ်လိုက်တယ်။
"ဝမ်ရိပေါ် ဒီကိုခဏလာခဲ့ဦး"
"အိုကေ"
ခေါ်တော့လည်း လာရှာသားပဲ။ ပတ်ပြေးဖို့ကြံနေတာ ဒါမျိုးဘယ်ရမလဲ။
ရှောင်းကျန့် ဆေးလိပ်တစ်ချက်ဖွာတယ်။ ရိပေါ်က သူ့ဘေးနား တစ်ယောက်စာအကွာမှာ လာရပ်ပြီး နံရံကိုမှီတယ်။ ဘောင်းဘီအိတ်ထဲက တစ်ခုခုထုတ်နေတာမို့ ဒီကောင်လေး ဆေးလိပ်ခိုးသောက်ဖို့လာတာလားလို့ တွေးလိုက်တယ်။ တကယ်တမ်း ရိပေါ်လက်ထဲပါလာတာက orange yogurt အအေးဘူးလေး။
*ကျွန်တော်က စည်းကမ်းရှိပါတယ်* အမြဲပြောတတ်တဲ့ ကောင်လေးက တကယ်စည်းကမ်းရှိတာပဲလား ရှောင်းကျန့်ရှေ့မို့လို့ မလုပ်တာလား စဉ်းစားလို့မရ။
"ဆရာရှောင်းကျန့် ဆေးလိပ်သောက်နေတာပဲ"
"အေး ရုံးခန်းထဲမှာသောက်လို့မရဘူးလေ"
"ကျွန်တော်နဲ့စာစစ်ရင်တော့ သောက်ပါတယ်"
"အဲဒါဘယ်သူမှမရှိတဲ့အချိန်လေ ပြီးတော့ မင်းကလည်း ဆေးလိပ်သောက်တယ်ဆိုတော့ အားနာစရာမလိုဘူး"
"တော်လိုက်တဲ့ဆရာ... အဲတော့ အခုမဝင်ရနယ်မြေမှာ ဆေးလိပ်လာသောက်နေတယ်ဆိုပါစို့"
"မင်းကပဲ ပြောရတယ်ရှိသေး ငါတို့ကအခုတစ်လှေတည်းစီးနေတာမဟုတ်ဘူးလား"
ဝမ်ရိပေါ်က ခေါင်းတငြိမ့်ငြိမ့်နဲ့ အအေးဆက်သောက်တယ်။ ရှောင်းကျန့်လည်း ဆေးလိပ်ထပ်ဖွာလိုက်ရင်း.....။
"ဝမ်ရိပေါ် မင်းငါ့ကိုဘာကြည့်ကြိုက်တာလဲ"
ရိပေါ် အအေးနင်သွားတယ်။ ဒီဆရာရဲ့ တည့်တိုးမေးတတ်တဲ့အကျင့်နဲ့တော့ ဝမ်ရိပေါ် ဘယ်ချက်နှလုံးရောဂါရမလဲ မသိဘူး။
"wow တည့်တိုးကြီးပါလား ဒီလောက်ပွင့်လင်းတဲ့လူ မမြင်ဖူးဘူး"
"ဘာစိတ်မှတော့မရှိပါဘူး ဒီအတိုင်းနားမလည်လို့မေးတာ မင်းအရင်တုန်းကငါ့ကိုမတည့်ဘူးလေ ဘာလို့အခုမှဒီလိုဖြစ်သွားလဲသိချင်ရုံပဲ မဖြေချင်လည်းရတယ်"
လေထုကတိတ်ဆိတ်သွားတယ်။ ရိပေါ် ဘာပြန်ဖြေရမလဲစဉ်းစားတယ်။ ရှောင်းကျန့်ကတော့ ဆေးလိပ်တဖွာဖွာနဲ့ပဲ။
"ဆရာမေးတာဖြေချင်ပေမယ့် ကျွန်တော်ကိုယ်တိုင်လည်းမသိဘူး"
"....."
"ကျွန်တော်အရင်က ဆရာ့ကိုကြည့်မရတာမှန်ပါတယ် ဒါပေမယ့် ကိုယ်တိုင်တောင် မသိလိုက်ဘဲ အဲလိုဖြစ်သွားတာ... ပြောရရင် ကျွန်တော့်အရွယ်က မိန်းမလှလေးနဲ့တွဲနေရမှာဆိုပေမယ့် ကျွန်တော့်မျက်လုံးကတော့ အသက်ကြီးကြီးဆရာတစ်ယောက်ကို ကြွေသွားတယ် သိသိချင်းပဲ စိတ်ဓာတ်တွေကျလိုက်တာမှ...."
ရှောင်းကျန့် ဝမ်ရိပေါ်ကိုသေချာကြည့်နေတယ်။ အဝေးကိုငေးပြီး စကားပြောနေတဲ့ ကောင်လေးရဲ့ဘေးတိုက်မြင်ကွင်းဟာ သိပ်မဆိုးလှဘူးလို့ သူကောက်ချက်ချမိတယ်။ ဝမ်ရိပေါ်က တကယ်ကို လူချောလေးတစ်ယောက်။ မှုန်ကုပ်ကုပ်သာဖြစ်မနေဘူးဆိုရင် အမြဲတမ်းပြုံးရယ်နေမယ်ဆိုရင် သူ့အနီးနားပတ်ဝန်းကျင်တစ်ခုလုံး ချိုမြိန်နေမယ်လို့ ရှောင်းကျန့်ထင်တယ်။
"ဒါပေမယ့်ဗျာ... ဆရာ့အကြောင်းတွေးတာနဲ့ မတ်လာတာက ခဏခဏပဲ မတွေးချင်လေ ပိုတွေးမိလေပဲ.. porn ကြည့်ပြီးတော့တောင် မဖြေလျှော့တတ်တဲ့ကျွန်တော်က ဆရာ့ကိုတွေးပြီးလျှော့တတ်လာတယ်... ကိုယ့်ကိုကိုယ်လည်း တကယ်နားမလည်ပါဘူး"
"မင်း.... အဲ့လျှော့တဲ့ကိစ္စမပါလို့မရဘူးလား..."
"မတတ်နိုင်ဘူးလေ! ဆရာကအရမ်း sexy ဖြစ်တာကိုး! ဆရာ့အပြစ်ပဲ"
"ဘာကိစ္စငါ့အပြစ်တုန်း?! Sexy ကျတယ်ပြောရအောင် ငါကဘာလုပ်နေလို့လဲ"
"ဟမ်?! ကိုယ်လုံးနဲ့ fit ဖြစ်တဲ့ suit ကိုတစ်ချိန်လုံးဝတ်ထားတာ ဆရာ့ရဲ့ အဲ့ခါးသေးသေးလေးက ဆွဲဖက်ချင်စရာကောင်းပြီး အရမ်းဆွဲဆောင်မှုရှိတယ်ဗျ မသိဘူး sexy ကျတယ်!!"
"အိုင်းယား...အမေရေ.."
ရှောင်းကျန့်တစ်ယောက် ပူလာတဲ့မျက်နှာကို လက်နဲ့အုပ်လိုက်ရတယ်။ ဒီကောင်စုတ်လေးက ရှောင်းကျန့်ကိုကျ တည့်တိုးသမားလို့ပြောတယ် သူကိုယ်တိုင်ကျတော့ရော ဘာထူးလို့လဲ...။ အမေရေ အမေ့သားလူပျိုကြီးကို ဒီပေါက်စနလက်က ကယ်တင်ပေးပါ။
ထပ်ခိုးပေါ်က ဆရာ့တပည့်၂ယောက်ရဲ့ ငြင်းခုံသံက တိတ်ဆိတ်သွားပြန်တယ်။ ကုန်သွားတဲ့အအေးဘူးကို ခပ်ကျစ်ကျစ်ဆုပ်ကိုင်ရင်း ဝမ်ရိပေါ် ရှောင်းကျန့်ကိုကြည့်တယ်။ မကြာဘူး တံတွေးတွေမျိုချပြီး မျက်နှာပြန်လွှဲလိုက်ရတယ်။ သူအခုနေ ဆက်ကြည့်နေမယ်ဆိုရင် ဒီဆရာ သူ့လက်ထဲ လုံးပါး ပါးလိမ့်မယ်။
"ဆရာ မရွံသွားဘူးလား...ကျွန်တော့်ကို..."
မမေးရဲမေးရဲနဲ့ သူမေးလိုက်ရတယ်။
"ယောက်ျားဖြစ်နေလို့ မိန်းမကိုပဲချစ်ရမယ်မှမရှိတာ ငါအဲလောက်ရှေးရိုးမဆန်ပါဘူး...ဒါပေမယ့် အခြားလူဆိုရင်တော့ တစ်မျိုးဖြစ်မိမယ်ထင်တယ် မင်းကတော့ ငါ့အတန်းသားလည်းဖြစ် ငါအမြဲမြင်တွေ့ဆက်ဆံနေရတဲ့လူမို့လို့ စိတ်အေးတာနေမယ်"
ဆရာရှောင်းကျန့်ဟာ အနှောင့်အသွားမလွတ်တဲ့ စကားတွေပြောတတ်တယ်။
လက်ကိုလွှတ်ပါလို့ပြောခဲ့တုန်းက *စကားပြောလို့မပြီးမချင်းမလွှတ်နိုင်ဘူး* လို့ပြောတာတို့၊ မရွံဘူးလားမေးတာကို *မင်းဖြစ်နေလို့ စိတ်ထဲအေးတာ* ဆိုတဲ့ လေယူလေသိမ်းမျိုးတို့။ လက်ကိုမလွှတ်နိုင်ဘူးပြောခဲ့တုန်းက ရိပေါ်ဘယ်လောက်တောင် ကြိတ်ပျော်ခဲ့တယ်ထင်လဲ။ အခုလည်းတစ်မျိုးတစ်ဖုံ ရိပေါ်ကို ရင်ခုန်အောင်လုပ်နေပြန်ပြီ။
ဒါပေမယ့် အဆုံးသတ်မှာတော့ငြင်းမှာပါပဲ။ ဟုတ်တယ် ဆရာရှောင်းကျန့် ရိပေါ်ကိုငြင်းလိမ့်မယ်။ ဒါကိုသိနေလို့ သူခပ်ခွာခွာနေခဲ့ပေမယ့် ဆရာရှောင်းကျန့်ကိုယ်တိုင်က ဆွဲထားခဲ့ပြီး ပိုချစ်လာအောင်လုပ်ခဲ့တာ။ ပြုသူက ပြုလိုက်ပေမယ့် ခံရသူရဲ့ရင်ထဲက ဒဏ်ရာတွေကိုဘယ်မြင်မလဲ။
"ဒါနဲ့ တက္ကသိုလ်ဝင်တန်းသင်္ချာမေးခွန်းအစမ်းဖြေမှာ မင်းအမှတ်ကောင်းတယ်နော် ၈၀ ကျော်လားမသိဘူး"
"၈၂ မှတ်... ဒီအတိုင်းဖြေလိုက်တာပါပဲ သူ့ဘာသာဖြစ်သွားတာ"
"မထင်ရဘူး မင်းကစာသင်ချိန်တွေ အမြဲမှောက်အိပ်နေတာ သူများထက်တောင်ဖြေနိုင်သေးတယ်"
"ပြောသားပဲ အိပ်နေတာမဟုတ်ဘူး ဒီအတိုင်းမှေးပြီးနားထောင်နေတာပါလို့"
"အေးပါအေးပါ မင်းကကြိုးစားရင် တကယ်ဖြစ်မြောက်တယ်ဆိုတာ ငါသိပြီးသား"
ထိုစကားတစ်ခွန်းပြောအပြီး ရိပေါ်ရဲ့ငွေမှင်ရောင်ခေါင်းလေးကို ပွတ်ပေးလာတဲ့ရှောင်းကျန့်။ ရိပေါ်ရဲ့အချိန်တွေ ရုတ်ချည်းရပ်တန့်သွားတယ်။ သူသိတာ သူ့ဆံပင်တွေကြား ထိုးဖွပွတ်သပ်ပေးနေတဲ့ ရှောင်းကျန့်ရဲ့လက်သွယ်သွယ်တွေ။ နှလုံးခုန်မြန်လာချက်က သူ့ကိုယ်သူတောင် ပြန်ကြားနေရတယ်။ သူဘာလုပ်ရမလဲ သူ...ဘာလုပ်ရမလဲ???
တစ်ဖက်မှာလည်း ရျောင်းကျန့်တစ်ယောက် သူကိုယ်တိုင်တောင်မသိဘဲ လက်ကအလိုလို ဝမ်ရိပေါ်ခေါင်းကို ပွတ်ပေးမိတာကို အံ့သြနေတယ်။
//ကိုင်ကြည့်တော့မှ ဒီကောင်လေးဆံပင်တွေ နူးညံ့လိုက်တာ...//
ဝမ်ရိပေါ်ကို ကြည့်မိတဲ့အခါ ရှောင်းကျန့်မျက်လုံးပြူးသွားရတယ်။ ကောင်လေးရဲ့ပါးပြင်တွေက နီရဲနေတာမှ စတော်ဘယ်ရီသီးလိုပဲ။ ဝမ်ရိပေါ်ရဲ့မျက်လုံးတွေက ဝိုင်းစက်နေပြီး ကြမ်းပြင်ကိုပဲကြည့်နေတယ်။ ဇာတ်ကားတွေထဲမှာပဲ မြင်ဖူးခဲ့တဲ့ blushing face ဆိုတာကို ရှောင်းကျန့် အခုမျက်မြင် တွေ့နေရတယ်။
ခေါင်းလေးပွတ်ပေးမိတာ အဲလောက်တောင် မျက်နှာနီရဲသွားတယ်တဲ့လား...။
"ဝမ်...ဝမ်ရိပေါ်.."
"အာ.. ဆောရီး.. မကြည့်နဲ့ မကြည့်နဲ့!! ကျွန်တော်မရ...ah shit"
ဂနာမငြိမ်ဖြစ်နေတဲ့ကောင်လေးကို ရှောင်းကျန့်လွှတ်ပေးလိုက်ရတယ်။ ကောင်လေးက မျက်နှာကို ရှောင်းကျန့်မမြင်အောင် လက်နဲ့ကွယ်ထားပြီး ခပ်တိုးတိုးပြောတယ်။
"ဘာလို့လဲ....အမြဲတမ်း ခေါင်းကိုစာအုပ်နဲ့ရိုက်နေပြီးတော့... ဘာလို့အခုမှ..."
ဝမ်ရိပေါ်ဟာ မျက်နှာကိုလက်နဲ့ကွယ်လျက်ပင် ရှောင်းကျန့်အနားက ထွက်သွားတယ်။ ကျောခိုင်းသွားတဲ့ ရိပေါ်က နောက်မှာကျန်နေခဲ့တဲ့ သူ့ဆရာလည်း ပါးပြင်တွေရဲနေခဲ့တာကိုတော့ မမြင်ခဲ့ဘူး။ ဆရာရှောင်းကျန့် blush ရတဲ့အကြောင်းရင်းကတော့ တပည့်လေးရဲ့ရှက်တတ်မှုကို မြင်လိုက်ရလို့ပါတဲ့။
To be continued~~
Advertisement
- In Serial657 Chapters
My Beautiful Love
After being separated from him for three years, Wan Jia had only one goal: to take back her daughter from him.
8 371 - In Serial1073 Chapters
Sweet Rustic Love: Four Brothers’ Wife
Sold by her own grandmother to become a shared wife to the poverty-stricken Ye brothers for twenty taels of silver, Liu Duo, unwilling to succumb to her fate, escaped in the night. She slipped and fell and died an inexplicable death.
8 307 - In Serial53 Chapters
Julius ✔️
Julius Santo was a name that had every human's skin crawling. Most people know of him due to the lethal Mafia he leads, his silver eyes that have watched countless souls fade away, or the sinister scar that crosses his brow.But for Hazel Alexis, Julius Santo was a man of kindness. Someone who was willing to listen to her vent, converse with her, or simply be in her company.Julius was a saviour to Hazel. A hero who guarded, supported, and kept her safe.Hazel Alexis is an innocent, quite oblivious, nineteen-year-old woman. She works as a nurse in a small health clinic, aiming to earn enough money to leave her toxic household, and also spends her weekdays studying at her local college.As her new friendship with Julius evolves, she can't help but fight the overwhelming feelings that develop between them. Obtaining a crush on your best friend could never end well, could it?Every day, the simple things he does drive her deeper into the obsessional crush she has with him.But the hidden truth that remains between the two was the undeniable reality of how their end could possibly be.The mixture of his secret, her obliviousness, and the ultimate reality of it all was bound to cause chaos.What happens when Hazel discovers Julius Santo's true identity?•••Ranks#4 Friendstolovers - March 2022#1 GrumpyxSunshine - May 2022#8 Chicklit - May 2022
8 335 - In Serial64 Chapters
Pronto Para Ser Esposa? Soon to be Wife?
This book is teacherxstudent love story and of course it is girl x girlSira is a teenage girl who suffers from anger issues and has a tiny crush on her teacher who also happens to be married. What happens when Sira finds out something about her teacher's past life and helps her out. What if helping her teacher out makes Sira to put her life in danger, what would Sira do help her crush out or not put her life in danger and avoid.I upload 2 chapters every week
8 134 - In Serial27 Chapters
BL Novel List
List of BL novel I have read & likes. Links included. If the link doesn't works please search them on novelupdates, I get them from there. Just fyi this list contains novels from fluff to angst. Not much of yandere coz I don't prefer it. Maybe you will find something interesting here.Note: after I put more books on this list, after some time I will rearrange the order by alphabet.
8 239 - In Serial43 Chapters
Shadow Thief
Shadow is a mystery to the city of Lament. A thief by night and an average bystander by day. With no family to lean on, she was left to fend for herself in the dangerous district of Orchid. Killing became a means for survival. When she's targeted by the government, she's taken captive. Prepared for death, she's met with a choice; work with the government under Project Reform or die a young death. Seeing the obvious choice, she decides to work with the government as a supervised mentor to five trainees. Any slip ups could cost her her life. However, with a hidden past and an unknown future, she seems all too willing to be there.
8 115

