《Today, tomorrow and the day after ||Completed||》Chapter 6 (unicode)
Advertisement
ဒီလိုဖြစ်လာမယ်ဆိုတာ ရိပေါ်သိနေခဲ့ပြီးသား။ သိသိနဲ့ မျှော်လင့်ခဲ့မိတာ သူ့အမှားမဟုတ်ဘူး။ မျှော်လင့်ချက်တွေပေးခဲ့တဲ့ ဆရာရှောင်းကျန့်ရဲ့အမှား။
သူတွေးထားခဲ့တဲ့အတိုင်း ဆရာရှောင်းကျန့်က သူ့ကိုငြင်းလိုက်တယ်။ *မင်းခံစားချက်တွေကို ငါမတုံ့ပြန်နိုင်ဘူး စိတ်မကောင်းပါဘူး* ဆိုတဲ့စကားကို ရိပေါ်အား ကျောပေးလျက်သာပြောခဲ့တယ်။ မအံ့သြပါဘူး။ ကြိုတွေးပြီးသားကိစ္စက တကယ်ဖြစ်လာလို့ ဘာမှသိပ်မခံစားရဘူး။
ဒါမှမဟုတ် ခံစားချက်ကိုမျိုသိပ်တာများပြီး အကျင့်ပါသွားတာလား။
အငြင်းခံရပြီးတဲ့နောက် ရိပေါ်ရဲ့အရင်နေ့ရက်တွေ ပြန်ရောက်လာတယ်။ စာသင်ချိန်တွေ မှောက်အိပ်တယ်။ ကောချန်တို့ ပေးရှင်တို့နဲ့ ဘတ်စကတ်ဘောကစားတယ်။ တားမြစ်ထားတဲ့ တိုက်ခေါင်မိုးထပ်မှာ အအေးသောက်ပြီးခိုးအိပ်တယ်။ ကာယအချိန်တွေက ထုံးစံအတိုင်း သေမလိုပင်ပန်းတယ်။ ကျိုးချန်တစ်ကောင်မှာလည်း Uno ရှုံးတိုင်းပတ်ပြေးနေတုန်း။ ဒီလဒကို လိုက်ဖမ်းရတာလည်း ခဏခဏ။
တစ်ခုပဲပြောင်းလဲသွားတယ်....။
ရိပေါ် ဘယ်လောက်မှောက်အိပ်အိပ် ဆရာရှောင်းကျန့်က သူ့ရုံးခန်းခေါ်ပြီး အလုပ်တွေမခိုင်းတော့ဘူး။ စာအုပ်နဲ့တဖတ်ဖတ်ရိုက်ပြီး ဆူငေါက်တဲ့ အသံလေးကြားနေရတုန်းဆိုပေမယ့် အရင်လို ဆေးလိပ်ငွေ့လေး ခိုးရှူရင်း စာစစ်ပေးရတဲ့ညနေဘက်တွေကို ရိပေါ်လွမ်းလာတယ်။
"သွေးအေးလိုက်တဲ့ ဘိုးတော်"
ခပ်လှမ်းလှမ်းက ဆရာရှောင်းကျန့်ရဲ့ ရုံးခန်းပြတင်းပေါက်ကို မော့ကြည့်ရင်း မေတ္တာပို့နေမိတယ်။ သူ့မေတ္တာတွေ လွှမ်းခြုံလို့ ခလုတ်မှန်သမျှထိပြီး တွေ့သမျှဆူးနဲ့ငြိစမ်း လို့တောင် ဆုတောင်းပေးချင်သေးတာ။ ဒါပေမယ့် ဆရာ့ရဲ့ အရေပြားနုနုလေးတွေ ထိခိုက်မှာကိုလည်း မလိုလားပြန်ဘူး။
"စီနီယာရိပေါ်..."
ဘေးကိုကြည့်လိုက်တော့ ခေါင်းငုံ့ထားတဲ့ ကျောင်းသူလေးတစ်ယောက်ကိုတွေ့ရတယ်။ ဘတ်စဘတ်ဘောကစားနေတဲ့ ကျောင်းသားတွေနဲ့ အော်ဟစ်အားပေးနေတဲ့ ကျောင်းသူတွေအသံကြောင့် ကောင်မလေးအသံကို ရိပေါ် သေချာမကြားလိုက်။
"ဟမ် ဘာပြောလိုက်တာလဲ"
ကောင်မလေးက ရှက်ကိုးရှက်ကန်းနဲ့ စကတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတယ်။
"အာ...ဟို...ပြောစရာလေးရှိလို့ အချိန်ခဏရမလားဟင်"
ထုံးစံအတိုင်း ချစ်ခွင့်ပန်တော့မှာပါလား....။ ရှောင်းကျန့်ကို သဘောကျနေတယ်လို့ ကိုယ့်ကိုကိုယ်လက်ခံလိုက်ပြီးတည်းက ရည်းစားစကားအပြောမခံရတာ ကြာပြီပဲ။ ဘယ်လိုဖြစ်ဖြစ် တစ်ဖက်သားကို appreciation ပေးရမယ်မဟုတ်လား။ ကျောင်းသူလေးပြောချင်တဲ့စကားကို ရိပေါ် အသာတကြည် နားထောင်ခဲ့ပါတယ်။
.
.
.
.
ညနေ ကျောင်းဆင်းချိန် ရိပေါ် ဟိုကြောင်ပုစိရှိမယ့် ကျောင်းဆောင်နောက်ကိုထွက်လာခဲ့တယ်။ ဒါပေမယ့် ပုစိက ရှိမနေဘူး။ အမြဲတမ်း တစ်နေရာတည်းမှာ ခွေနေတတ်တဲ့ ရုပ်ဆိုးလေးက အခုမရှိတော့ဘူး။ နေစရာအသစ်ပဲရသွားသလား။ တစ်ယောက်ယောက်ပဲ မွေးစားသွားသလား....။ မတွေ့တဲ့အတူတူ ရိပေါ် အိမ်ပဲ ပြန်ခဲ့တယ်။
ဆရာ့ကိုလွမ်းတယ်......။
ဆရာက ကိုယ်ရေးကိုယ်တာကြောင့် ခွင့်ယူပြီး မွေးရပ်မြေချုန်ချင်းကို ခဏပြန်သွားတယ်။ သူတို့အတန်းကို လက်ရှိ ဆရာဟိုင်ခွမ်းက အတန်းပိုင်စောင့်ပေးနေတယ်။ ခွင့်ယူပြီးတော့တောင် သွားတာဆိုတော့ အရေးတကြီးကိစ္စဖြစ်နိုင်တယ်။ ဧကန္တ ဆရာ့အမေက လူပျိုကြီးကို အိမ်ထောင်ချပေးတော့မလို့လား.....။
သြော်.....သူနဲ့မှ မဆိုင်ဘဲလေ။
မပိုင်လည်းမပိုင် မဆိုင်လည်းမဆိုင်နိုင်တဲ့ ရိပေါ်က ဘာအကြောင်းနဲ့တွေးပူခွင့်ရှိမှာလဲ....။
ရိပေါ်မှာ အလွမ်းသယ်စရာ orange yogurt လေးရယ် အခန်းထဲခိုးသောက်တဲ့ ဆေးလိပ်တွေရယ်ပဲရှိတယ်။ ၂ယောက်အတူတူ ဂရုစိုက်ခဲ့ဖူးတဲ့ကြောင်ရုပ်ဆိုးလေးကတော့ နေရာသစ်ရသွားပုံပါပဲ။ လုံးဝရှာမတွေ့တော့ဘူး။ ရိပေါ် ကျောင်းဆောင်နောက်ကို နေ့တိုင်း သွားတယ်။ ဒါပေမယ့် တကယ်ကိုမတွေ့ရတော့ဘူး။
အင်းပေါ့ သူလည်းသတ္တဝါပဲ စိတ်အပြောင်းအလဲရှိမှာပဲ။ ဒီလိုဆိုတော့ ရိပေါ်ရော အချိန်တွေကြာလာရင် ရှောင်းကျန့်အပေါ် ရှိတဲ့ခံစားချက်တွေလည်း ပြောင်းလဲသွားမလား တွေးမိတယ်။
အင်း.....ပြောင်းသွားနိုင်ပါတယ်လေ။
"ဆောင်းရာသီအားလပ်ရက်အတွင်းမှာ အနားပဲယူမနေဘဲ စာတွေလည်းပြန်လုပ်ထားမယ်နော် ကျောင်းပြန်ဖွင့်ပြီဆိုတာနဲ့ final exam က နီးနီးလေးဖြစ်သွားပြီ ကျန်းမာရေးလည်း ဂရုစိုက်ကြဦး"
"ဟုတ်ကဲ့ ဆရာ"
ကျောင်းသားတွေရဲ့ သံပြိုင်သံအဆုံး ကျောင်းဆင်းခေါင်းလောင်းထိုးသွားတယ်။ ဆောင်းရာသီကျောင်းပိတ်ရက် စတင်ခဲ့ပြီ။ နယ်ကကျောင်းသားတွေကလည်း နေရပ်အသီးသီးကို ခဏပြန်ကြမယ်။ မြို့က လူတွေကလည်း ပိတ်ရက်မှာ အေးဆေးအပန်းဖြေကြမယ်။
ဆောင်းရာသီရောက်ပြီမို့ ဆောင်းရဲ့အခါသမယ တုန်းကျီပွဲတော် (Dongzhi Festival) တွေလည်း အနယ်နယ်အရပ်ရပ်မှာ ကျင်းပကြတော့မှာဖြစ်တယ်။ လူစုလူဝေးနဲ့စုပေါင်းလို့ ပျော်ပျော်ပါးပါး မုန့်လုပ်စားကြတဲ့ ဒီပွဲတော်ကို ဂျပန်နဲ့ ကိုရီယားနိုင်ငံမှာလည်း ကျင်းပကြတယ်။
"အေး ငါရောက်ပြီ အဝင်ဝနားမှာ.."
ပိတ်ရက် အိမ်ထဲမှာ ဆေးလိပ်တွေတစ်ဝကြီးရှူပြီး ဆရာ့ကိုလွမ်းနေမယ့်အစား ဘော်ဒါတွေနဲ့ ပွဲတော်ကိုသွားတာက ပိုကောင်းမယ်ဆိုတဲ့အတွေးလေးနဲ့ ရိပေါ် အခုလူအုပ်ကြားထဲရောက်နေတယ်။
မီးပုံးနီနီလေးတွေက ပွဲတော်ညဈေးတန်းရဲ့အလှကို ပိုမိုထင်ဟပ်စေတယ်။ ရိပေါ် သဘောတကျနဲ့ ဓာတ်ပုံရိုက်ထားလိုက်တယ်။
"ဝမ်ရိပေါ်ကတော့ ဘာဝတ်ဝတ်မိုက်နေတာပဲ"
ပေးရှင်စကားကြောင့် ကျန်တဲ့၃ယောက်ရဲ့အကြည့်တွေက ရိပေါ်ဆီလွင့်လာတယ်။ အနက်ရောင်လက်ရှည်အောက်ခံမှာ အဝါရောင်တီရှပ်လေးထပ်ပြီး အောက်က စိမ်းပုပ်ရောင်ဘောင်းဘီပွပွ ဝတ်ထားတဲ့ရိပေါ်ဟာ တကယ်ကိုကြည့်ကောင်းနေတာ။ ခါးတစ်ဝိုက်မှာတော့ ချမ်းလာရင်ဝတ်ဖို့ဆိုပြီး အနွေးထည်ကိုစည်းထားတယ်။
"စကိတ်နဲ့ လာတာလား ဆိုင်ကယ်ရော"
"နီးလို့ စကိတ်စီးလာတာ"
"စကိတ်တော့သေချာကိုင်ထားနော် လူကြပ်တယ်"
"အေးပါ"
ကျောင်းဝတ်စုံနဲ့ပဲ မြင်နေကျသူငယ်ချင်း ၄ယောက်ကလည်း အပြင်ဝတ်စုံတွေနဲ့ ကြည့်ကောင်းနေကြတယ်။ ပွဲဈေးတန်းထဲဝင်လိုက်တာနဲ့ မိန်းမပျိုတိုင်းရဲ့ တလက်လက်မျက်လုံးတွေက လူငယ် ၄ယောက်ဆီမှာပဲ စုပြုံနေကြတယ်။ ဒါပေမယ့် ကြိတ်ကြိတ်တိုးနေကြတဲ့ လူအုပ်ကြောင့် မိန်းမပျိုတို့လည်း ကြာကြာမငမ်းလိုက်ရပါဘူး။
တိုးရင်းကြိတ်ရင်းနဲ့ ရိပေါ်တို့လူစုကွဲသွားတယ်။ ခြေသွက်လက်သွက် ၃ကောင်က ရှေ့ကနေ ကော့ကော့ကော့ကော့နဲ့ ထွက်သွားတာများ ရိပေါ် ပါရဲ့လားတောင် လှည့်မကြည့်။ တော်တော်အားကိုးရတယ်...။
မထူးပါဘူး ဆိုပြီး လူရှင်းတဲ့ဘက်ကို သွားဖို့ပြင်ချိန် လူတစ်ယောက်နဲ့တိုက်မိပါရော။
Advertisement
"အာ..ဆောရီး"
"မဟုတ်တာ ကျွန်တော်ဝင်တိုက်မိ..."
"ဟင်....ဆရာရှောင်းကျန့်??"
"ဟမ်..."
ဘဝက ရုပ်ရှင်ဆန်လိမ့်မယ်လို့ ရိပေါ်တစ်ခါမှ စိတ်မကူးဖူးဘူး။ အခုအဖြစ်ကတော့ တကယ်ကို စိတ်ကူးယဉ်ဆန်တယ်။ သူဖတ်ဖူးတဲ့ webtoon ထဲက ဇာတ်လိုက်ကောင်လေးနဲ့ ဇာတ်လိုက်ရဲ့ crush ကောင်မလေးတို့ ပွဲတော်မှာဆုံကြသလိုပဲ သူကိုယ်တိုင်လည်း သူ့ crush နဲ့ ဒီလိုပွဲမှာလာဆုံပါသတဲ့။ တစ်ခုပဲ ရိပေါ်ရဲ့ crush ကတော့ ကောင်မလေးမဟုတ်ဘူးပေါ့လေ။
ဆရာတပည့် ၂ယောက် လူအသွားအလာကြဲတဲ့ အုတ်တံတိုင်းလေးတစ်ခုမှာ မှီပြီး စကားပြောဖြစ်ကြတယ်။
"ဆရာ ပြန်မရောက်သေးဘူးထင်တာ"
"မနေ့ကပဲ ပြန်ရောက်တယ်... ဒါနဲ့ ငါမင်းကိုဒီမှာတွေ့မယ် မထင်ထားဘူး"
"ဘာလို့လဲ"
"မင်းက ကျောင်းမှာ အမြဲငြိမ်ကုပ်နေတာက များတော့ အိမ်ထဲပဲကုပ်နေမယ်ထင်ထားတာ"
"အင်း....အစကတော့အခန်းအောင်းမလို့ပဲ ဒါပေမယ့် ချောင်ထဲကုပ်နေလေ တစ်ယောက်ယောက်ကို သတိရလေဖြစ်နေတာနဲ့ အပြင်ထွက်လာခဲ့တာ"
ရှောင်းကျန့်က ခပ်ဖျော့ဖျော့ပြုံးရင်း ကော်ဖီတစ်ငုံသောက်တယ်။ suit နဲ့အမြဲမြင်နေကျ ဆရာက အပြင်ဝတ်စုံနဲ့လည်း ကြည့်ကောင်းတာပဲ။ အနက်ရောင်ကုတ်အင်္ကျီရှည်နဲ့ မာဖလာပတ်ထားတဲ့ ဆရာက စမတ်ကျတယ်။ မျက်မှန်မတပ်ထားတာမို့ ပိုပြီးတော့တောင် အရွယ်တင်သွားသေးတယ်။
သပ်တင်ထားနေကျဆံပင်တွေကလည်း အခုအုပ်အုပ်လေးဖြစ်နေလို့ ချစ်ဖို့ကောင်းနေတယ်။ ကော်ဖီခွက်ကိုင်ထားတဲ့ လက်ချောင်းသွယ်သွယ်တွေက ဖမ်းဆုပ်ချင်စရာ...။
//စိတ်ထိန်းမယ် ဝမ်ရိပေါ်.. အသက်မှန်မှန်ရှူစမ်း//
ချမ်းစိမ့်စိမ့်ဖြစ်လာတာမို့ ခါးမှာစည်းထားတဲ့ အနွေးထည်ကိုဝတ်လိုက်တယ်။
"ဒါနဲ့ ဟိုကြောင်ရုပ်ဆိုးလေးမရှိတော့ဘူး နေရာသစ်ရသွားပြီလားမသိဘူး"
ရှောင်းကျန့် ခဏငြိမ်သွားတယ်။ ပြီးတော့မှ လေပူတစ်ချက်မှုတ်ထုတ်ရင်း...။
"အာ...တကယ်တော့ ကြောင်က ငါခေါ်သွားတာ"
"ဟမ်?!"
"အေး ဟုတ်တယ်"
"ဆရာ အဲလောက်လည်း ကြောင်မချစ်ဘဲနဲ့.."
"ဘယ်သူပြောလဲ ငါကြောင်မချစ်ဘူးလို့"
"သြော် ဟုတ်သားပဲ မေ့သွားတယ်... ဆရာက ကြောင်ချစ်မှာပေါ့ လူပျိုကြီးအပျိုကြီးတွေက ကြောင်အရမ်းချစ်တယ်တဲ့"
"ဝမ်ရိပေါ်..."
အခုနေ ရှောင်းကျန့်လက်ထဲ စာအုပ်ရှိရင် ရိပေါ်အထုခံရမှာ အသေအချာ။ ရိပေါ် ပြုံးစိစိနဲ့ တစ်ဖက်လှည့် မသိချင်ယောင်ဆောင်နေတယ်။ သူ့နောက်က ဆရာကတော့ သေချာပေါက် မျက်စောင်းကြီးနဲ့ ကြည့်နေမှာ။
"ဆရာ ဘာလို့ချုန်ချင်းပြန်သွားတာလဲ"
မမေးဘူးလို့ ဆုံးဖြတ်ထားပေမယ့်လည်း မေးလိုက်မိတာပါပဲ။ အချစ်နဲ့တွေ့တော့လည်း အသိစိတ်က ဦးနှောက်ကို နားမထောင်တော့ဘူး။
"သိချင်တယ်ပေါ့"
"သိချင်တယ်"
"ဘာလို့သိချင်တာလဲ"
"ကိုယ်သဘောကျနေတဲ့လူ ဘာလုပ်လုပ်သိချင်တာ သဘာဝပဲမဟုတ်ဘူးလား"
ရိပေါ်အဖြေကို ရှောင်းကျန့်က သဘောတကျနဲ့ပြုံးတယ်။
"ငါ့အိမ် လိုက်လည်မလား ဝမ်ရိပေါ်"
ရိပေါ် ရှောင်းကျန့်ကို မျက်လုံးပြူးပြီး ကြည့်လိုက်မိတယ်။ ဗြုန်းစားကြီး မဆိုင်တာတွေ ထထပြောနေလိုက်! ဒီလူက ဘယ်တော့ နှလုံးရပ်သေမလဲမသိဘူး။
နေစမ်းပါဦး...ဒီဆရာက အန္တရာယ်ကို လက်ယက်ခေါ်နေတာပဲ။ စိတ်တော့မှန်သေးရဲ့လား ကိုယ့်ကိုကြိုက်နေတဲ့လူကို အိမ်ခေါ်ရဲတယ်?? ဒါမလုပ်သင့်ဘူးမလား!
"လိုက်မယ်လေ"
.
.
.
.
.
ရှောင်းကျန့်ရဲ့ တိုက်ခန်းလေးက လူတစ်ယောက်စာအတွက် တကယ်နေလို့ကောင်းမယ့်နေရာလေး။ နည်းနည်းကျဉ်းတယ်ဆိုပေမယ့် အေးအေးဆေးဆေး နေမယ်ဆိုရင် နေချင်စရာကောင်းတယ်။ ရိပေါ် ဆိုဖာပေါ်ထိုင်ပြီး အိမ်အပြင်အဆင်ကို လိုက်ကြည့်နေတုန်း ပေါက်ကရအတွေးတွေဝင်လာတယ်။
Woww!! တစ်အိမ်လုံးက ဆရာ့အငွေ့အသက်တွေနဲ့။ ဆရာဖတ်နေကျစာအုပ်တွေနဲ့ အဝတ်တန်းမှာလှမ်းထားတဲ့ ဆရာ့အင်္ကျီတွေ...။
//fuck တင်းလာပြီ...//
ရိပေါ် သောင်းကျန်းလှတဲ့ အငယ်ကောင်ကို ဘေးကခေါင်းလုံးသေးလေးနဲ့ ဖုံးဖိလိုက်ရတယ်။ သူပျာယာခတ်နေချိန်မှာပဲ ရှောင်းကျန့်ရောက်လာလို့ လန့်သွားချက်ပဲ။
"ဘာတွေဖြစ်နေတာတုန်း ငါမင်းကိုဝါးမစားပါဘူးဟ"
//တကယ်တမ်း အစားခံရမှာ သူမှန်းမသိဘဲနဲ့...//
ရိပေါ် ရှောင်းကျန့် မမြင်အောင်မျက်စောင်းထိုးလိုက်တယ်။ ရှောင်းကျန့်က သူ့ကို ကော်ဖီကမ်းပေးလာတယ်။
"ကော်ဖီသောက်ပါဦး"
"ကျေးဇူးတင်ပါတယ်"
ရိပေါ် အိန္ဒြေဆည်ရင်း ကော်ဖီနံ့သင်းသင်းလေးကို ရှူလိုက်မိတယ်။
//ဆရာ ဖျော်ထားတဲ့ကော်ဖီ....//
ရိပေါ်နှုတ်ခမ်းလေးတွေ ပြုံးလာတယ်။ ကိုယ်ချစ်တဲ့လူဖျော်ပေးတဲ့ကော်ဖီက အရမ်းသောက်လို့ကောင်းတယ်လို့ အတန်းထဲကသူတွေပြောတာ ကြားဖူးတယ်။ တစ်ငုံလောက်သောက်ပြီးနောက်မှာ ထိုစကားမှန်ကြောင်း ရိပေါ်သိလိုက်ရတယ်။
"ဟိုရုပ်ဆိုးရော"
"အိပ်နေတယ်ထင်တယ်"
ရှောင်းကျန့်က အိပ်ခန်းထဲဝင်သွားတယ်။ ခဏနေတော့ ရှောင်းကျန့်နဲ့အတူ ရုပ်ဆိုးလေး ထွက်လာတယ်။ ရုပ်ဆိုးလေးက ရိပေါ်ကိုမှတ်မိပုံရတယ် ရိပေါ်အနားမှာ လာခွေတယ်။ ရှောင်းကျန့်လည်း ဆိုဖာပေါ်ထိုင်ရင်း ဘီယာတစ်ဘူးဖောက်သောက်တယ်။
"မတရားဘူး ကျွန်တော့်ကျ ကော်ဖီပေးတယ်"
"လျှာမရှည်နဲ့ ပေးတာသောက်"
ရိပေါ် နှုတ်ခမ်းထော်ပြီး ကြောင်ကိုပွတ်ဖို့လက်လှမ်းလိုက်တယ်။ ကျေးဇူးရှင်က ဖက်ကနဲကုပ်ပြီး ခုန်ဆင်းသွားတယ်။ ဒီကြောင်သူတောင်းစားလေးကတော့......။
"ဟားဟား မင်းတို့၂ယောက်က တကယ်မတည့်ကြတာပဲ"
"သူကိုကမူမမှန်တာ.. ရုပ်လည်းဆိုးသေး စိတ်ကလည်းပုပ်သေး"
ရှောင်းကျန့်က တဟားဟားရယ်ပြီး ဘီယာဆက်သောက်တယ်။ ရိပေါ် ကော်ဖီကို အရသာခံသောက်ရင်း သူသိပ်ချစ်တဲ့ဆရာ့ကို စိုက်ကြည့်မိတယ်။ မျက်မှန်မတပ်ထားတဲ့ ဆရာရှောင်းကျန့်။ ဘီယာရှိန်နဲ့ ပါးလေးတွေနည်းနည်းရဲနေတဲ့ ဆရာရှောင်းကျန့်။ ဝမ်ရိပေါ်ချစ်တဲ့ ဆရာရှောင်းကျန့်။
"ဟင် တစ်ဘူးကလည်းမခံလိုက်တာ..."
ရှောင်းကျန့် ထိုင်ရာကထပြီး ရေခဲသေတ္တာထဲက နောက်ထပ် တစ်ဘူးဆွဲထုတ်တယ်။ ပြီးတော့ အနားမှာပြန်လာထိုင်တယ်။
"ဆရာ သောက်နိုင်သားပဲ"
"သောက်နိုင်တာပေါ့"
ဘီယာဘူးကနေ ရှဲကနဲအသံထွက်လာပြီး အခန်းကပြန်လည်တိတ်ဆိတ်သွားပြန်တယ်။ ရှောင်းကျန့် အခုထိ ရိပေါ်မေးတာကို မဖြေသေး။ ဆိုဖာကိုကျောမှီထိုင်ရင်း ဘီယာသောက်နေတဲ့ ဆရာက စောက်ရမ်း sexy ကျနေတာ ရိပေါ်အငယ်ကောင်က ပိုပိုတင်းလာတယ်။
Advertisement
Fuck fuck fuck!! တော်ပါတော့ဟ!
"ချုန်ချင်းကိုပြန်သွားတာက အမေ နေမကောင်းလို့"
အဖြေက ရိပေါ်ထင်ထားသလိုမဟုတ်လို့ နည်းနည်းတော့စိတ်အေးသွားတယ်။
"ကျန်းမာရေးကောင်းတဲ့အမေက ရုတ်တရက်သတိလစ်သွားတာဆိုတော့ ငါလည်းလန့်သွားတယ်"
"အခုအဆင်ပြေရဲ့လား"
"အင်း ပြေတယ် အားနည်းလို့ဖြစ်တာတဲ့ အခုလုံးဝပြန်သက်သာသွားလို့ ပြန်လာတာ"
"တော်ပါသေးတယ်..."
နံရံကပ်နာရီသံက တချောက်ချောက်။ ဘာပြောလို့ပြောရမယ်မသိတော့လည်း ကော်ဖီပဲသောက်ရုံပေါ့။ နည်းနည်းစိတ်အေးသွားတော့ ရိပေါ်အငယ်ကောင်လည်း မာန်ကျသွားတယ်။ မဟုတ်ရင်လည်း နာလွန်းလို့ သေတော့မယ်။
"ငါတို့စမ်းကြည့်ကြမလား ဝမ်ရိပေါ်"
ရိပေါ် ကော်ဖီသောက်နေရင်း မျက်လုံးပြူးသွားတယ်။ သူ ရှောင်းကျန့်ကို မကြည့်ဘူး။ အခုနေဘေးကိုကြည့်လိုက်ရင် ပါးတွေရဲနေတဲ့ ဆရာ့ရဲ့ရီဝေေ၀အကြည့်တွေကို မြင်ရမှာ။ သူသေသွားလိမ့်မယ်။ မသေချင်သေးဘူး ကျေးဇူးတင်ပါတယ်။ မသေပါရစေနဲ့ဦး။
"ကျောင်းသားလေးကို ဘာတွေလာမေးနေတာလဲ ဆရာရှောင်းကျန့် ဘာကိုစမ်းရမှာလဲ"
"နမ်းတာကိုလေ..."
ရှိသမျှဘုရားတွေအကုန် ကယ်တော်မူကြပါ။ ဒီဆရာ ရေချိန်ကိုက်ပြီး ကျွန်တော်မျိုးကို နှိပ်စက်နေပါတယ်!!
ရိပေါ် ကော်ဖီဆက်မသောက်နိုင်တော့ဘဲ ရှေ့ကစားပွဲပေါ်တင်လိုက်ရတယ်။ ဘေးက ဆရာကိုကြည့်လိုက်တော့ ထင်ထားတဲ့အတိုင်း သူ့ကိုပြုံးပြုံးလေးကြည့်နေတယ်။
//တွန်းလှဲပစ်ချင်တယ် ပက်ပက်စက်စက်ကို နမ်းပစ်လိုက်ချင်တယ်//
"ဆရာ မူးနေပြီလား"
"မမူးသေးပါဘူး အခုမှအစပဲရှိသေးတာ"
မမူးသေးဘူးသာပြောတယ် မျက်နှာက မက်မွန်သီးနဲ့ပြိုင် ဘယ်သူနိုင် ဖြစ်နေပြီ။
ရိပေါ် ရှောင်းကျန့် အနားတိုးသွားမိတယ်။ ဟုတ်တယ် မူးနေတုန်း အသားယူတယ်ပြောပြော ဒါတစ်သက်မှာတစ်ခါပဲရမယ့် အခွင့်အရေး။ သူ ဆရာ့ကိုနမ်းချင်တယ်။ မိန်းကလေးတိုင်းထိဖူးချင်နေကြတဲ့ မှဲ့နက်လေးကို ရိပေါ်နမ်းပစ်ချင်တယ်။ ပိန်ပိန်သွယ်သွယ် ကိုယ်လုံးလေးကို သိမ်းကျုံးဖက်ထားချင်တယ်။
တစ်ယောက်ရဲ့ဝင်သက်ထွက်သက်က တစ်ယောက်မျက်နှာကိုထိခတ်သည်အထိ သူတို့နီးကပ်လာတယ်။
ရှောင်းကျန့်မျက်လုံးတွေမှိတ်ထားတယ်။ အနီးကပ်ကြည့်မိတော့မှ ရှောင်းကျန့်ရဲ့မျက်တောင်တွေကလည်း သိပ်လှတယ်ဆိုတာ ရိပေါ်သိလိုက်တယ်။ ဆရာက အရမ်းလှတယ်။ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် ပြီးပြည့်စုံနေတဲ့ ဆရာရှောင်းကျန့်ကို ရိပေါ်ဖွက်ထားချင်တယ်။
*ဖတ်!!*
ရိပေါ် ထိုလူရဲ့မျက်နှာလှလှလေးကို လက်ဝါးနဲ့ ဖတ်ကနဲကာလိုက်တယ်။ သူမလုပ်နိုင်ဘူး....။ သူ ဆရာ့ကိုသိပ်ချစ်တယ် သိပ်ပိုင်ဆိုင်ချင်တယ်။ ဒါပေမယ့် ဒီလိုမျိုးတော့မဟုတ်ဘူး။
"နာတယ် ကောင်စုတ်လေးရဲ့"
ရှောင်းကျန့်က နာသွားတဲ့မျက်နှာကို ကိုင်ရင်း ဆူတယ်။ ရိပေါ်ကတော့ စကိတ်ဘုတ်ကို ကောက်ကိုင်ရင်း အိမ်ပြန်ဖို့လုပ်ရတယ်။ သူ အသိစိတ်ရှိတုန်းလေး ဒီအိမ်ကနေ မြန်မြန်ထွက်မှဖြစ်မယ်။
"ပြန်တော့မလို့လား ဝမ်ရိပေါ်"
"ဟုတ်တယ် ဆရာ မူးနေပြီ အိပ်တော့"
"ငါလိုက်ပို့မယ်လေ"
"ဘယ်ကိုလိုက်ပို့မှာလဲ သောက်ထားတာကို... အိမ်မှာပဲအေးဆေးနေခဲ့ ကျွန်တော့်အိမ်က သိပ်မဝေးဘူး"
ဝမ်ရိပေါ်က ဖိနပ်ကိုအမြန်ဝတ်ပြီး တံခါးဖွင့်ထွက်သွားတယ်။ ကျန်နေခဲ့တဲ့ ရှောင်းကျန့်က ပိတ်သွားတဲ့တံခါးလေးကို ကြည့်နေမိတယ်။ ထိုစဉ် ရုတ်တရက် တံခါးပွင့်လာပြီး ဝမ်ရိပေါ်ပြန်ပြေးဝင်လာတယ်။ ရှောင်းကျန့် ကြောင်ကြည့်နေတုန်းမှာပဲ ကောင်လေးက သူ့တစ်ကိုယ်လုံးကိုသိမ်းကျုံးဖက်ပြီး သူ့ပခုံးမှာမျက်နှာနှစ်လိုက်တယ်။
ဘုရားရေ.........။ ရှောင်းကျန့် နှလုံးခုန်ရပ်မတတ် ဖြစ်သွားရတယ်။
သူ့ထက် နည်းနည်းပိုနိမ့်တဲ့ကောင်လေးက ပိန်သွယ်တဲ့သူ့ကို တင်းကြပ်နေအောင်ဖက်ထားတယ်။ ကောင်လေးရဲ့ ဝုန်းဒိုင်းကြဲရင်ခုန်သံတွေကို ရှောင်းကျန့် အတိုင်းသားကြားနေရတယ်။ ကောင်လေးရဲ့ ဝင်သက်ထွက်သက်က သူ့လည်ပင်းကို ရိုက်ခတ်နေတယ်။
"ကျွန်တော့်ကို ဒီထက်ပိုရူးအောင် မလုပ်ပါနဲ့တော့ တောင်းပန်ပါတယ်.."
အဲ့တစ်ခွန်းပဲပြောပြီး ပြန်ပြေးထွက်သွားတယ်။ ကျန်နေခဲ့တဲ့ ရှောင်းကျန့်တစ်ယောက်ကတော့ အံ့သြမှုကြောင့် ဖင်ထိုင်လျက်လဲကျသွားတယ်။ ထိုနေ့ညက အိမ်ခန်းကျဉ်းလေးထဲမှာ ကိုယ့်ရင်ဘတ်ကိုကိုင်ပြီး စိတ်လှုပ်ရှားနေခဲ့တဲ့ လူတစ်ယောက်နဲ့ လမ်းမပေါ်မှာ စကိတ်ဘုတ်ကိုင်ပြီး ပြေးနေခဲ့တဲ့ ကောင်လေးတစ်ယောက် ရှိခဲ့တယ်။ လမ်းမပေါ်ကကောင်လေးရဲ့မျက်ဝန်းမှာတော့ မျက်ရည်စတွေ ပြည့်နေခဲ့တယ်။
.
.
.
.
ဆရာရှောင်းကျန့် ကျောင်းပြန်လာတယ်။ ပုံမှန်အတိုင်းစာပြန်သင်တယ်။ ပြီးတော့ ရိပေါ်ကို ရုံးခန်းခေါ်ခဲ့တယ်။ *ငါအဲနေ့က နည်းနည်းမူးသွားတယ် စိတ်ထဲမထားနဲ့* လို့ပြောခဲ့တယ်။ ရိပေါ်ကလည်း ဖက်မိတဲ့အတွက် တောင်းပန်ကြောင်း ပြန်ပြောခဲ့တယ်။
စိတ်ထဲမထားနဲ့ လို့ပြောခံရတာက တော်တော်အောင့်သက်သက်ဖြစ်မှန်း ရိပေါ်သိလိုက်ရတယ်။ နောက်ဆို သူ ဒီစကားဘယ်တော့မှ မသုံးဘူးလို့ ဆုံးဖြတ်လိုက်တယ်။ သြော်...စိတ်ထဲမထားနဲ့တဲ့။ စိတ်ထဲမထားချင်ရင်တောင် မေ့လို့မရဘူးလေ ဆရာရယ်...။ ကျွန်တော် ဘယ်လိုမေ့နိုင်မယ်တဲ့လဲ...။
Final exam ကြီးဖြေရပြီ။ ကျောင်းသားတွေရော ဆရာတွေရော အလုပ်များနေကြပြီ။ မြတ်ဆရာနဲ့ သူနဲ့လည်း မတွေ့ဖြစ်တော့သလို စကားလည်းမပြောဖြစ်တော့ဘူး။ စာမေးပွဲက အိုကေပါတယ်။ ပြီးခဲ့တဲ့ဘာသာတွေအကုန် ရိပေါ်သေချာဖြေခဲ့တယ်။ အထူးသဖြင့် သင်္ချာဘာသာပေါ့။
//မနက်ဖြန်ဆို ပြီးပါပြီ......မနက်ဖြန်အထိပဲ သည်းခံလိုက် ဝမ်ရိပေါ်//
မနက်ဖြန်ဆို final exam ပြီးပြီ။ သူတို့အထက်တန်းပြီးပြီ။ ရိပေါ်ရဲ့ ခံစားချက်တွေလည်း ပြီးဆုံးသွားမယ်မျှော်လင့်ပါရဲ့...။
.
.
.
~~Graduation Ceremony~~
ကျောင်းအုပ်ကြီးနဲ့ ဆရာတွေက ကျောင်းသားတွေကို အထက်တန်းအောင်လက်မှတ်တွေ ချီးမြှင့်တယ်။ သူ့ဆရာရှောင်းကျန့်ကတော့ ဆုပေးတဲ့ဆရာတွေထဲမပါခဲ့ဘူး။ ဆရာတွေထိုင်တဲ့ဘက်မှာ စမတ်ကျကျ ထိုင်ပြီး ပီတိပြုံးလေးချိတ်ဆွဲထားတဲ့ ဆရာရှောင်းကျန့်ကို တစ်ဝကြီး ထိုင်ကြည့်ခဲ့တယ်။ နောက်ဆို ဒီမျက်နှာလေး သူတွေ့ခွင့်မရှိတော့ဘူးလေ။
"ဘိုင့်ဘိုင် ရိပေါ်...နောက်မှထပ်တွေ့ကြမယ်"
"အေးအေး"
သူငယ်ချင်းတစ်သိုက်ကတော့ နောက်ဆုံးနေ့မှာ ကစားကွင်းသွားကြမယ်တဲ့။ ရိပေါ်ကတော့ စိတ်မပါလို့ လိုက်မသွားတော့ဘူး။ ဘယ်လိုလုပ်လုပ် ဒီဆရာကို သူ့ခေါင်းထဲကထုတ်မရမယ့်အတူတူ အိမ်ပြန်အိပ်တော့မယ်။
//ဆရာ့ကို မမြင်ခင် ငါအိမ်အမြန်လစ်...//
ရိပေါ်ရဲ့အကြံမအောင်မြင်။ သူလည်း စာသင်ခန်းအပြင်အထွက် ဆရာရှောင်းကျန့်ကလည်း စာသင်ခန်းဘက်ကိုအလာ။
//fuck ပြေးပြီ//
ရိပေါ် တကယ်ထွက်ပြေးတာပာ။ ပြေးတာမှ လှစ်ကနဲပဲ။ ကျောင်းဆောင်နောက်ကို ရောက်တဲ့အခါမှာတော့ ရိပေါ်ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။
သူဘာလို့ထွက်ပြေးလာခဲ့တာလဲ။ အနည်းဆုံး စကားတစ်ခွန်းနှစ်ခွန်းလောက်တော့ ပြောခွင့်ပေးလိုက်ရမှာ။ ဆရာတစ်ယောက်အနေနဲ့ မှာချင်တာတွေရှိမှာပဲလေ။ နောက်ဆို တွေ့ရတော့မှာမဟုတ်ဘူး။ ထွက်မပြေးခဲ့ရင်ကောင်းသား။
နောက်ဆို....မတွေ့ရတော့ဘူး...။ အင်း ဟုတ်တယ်။ ရိပေါ် ဒီလူကိုလုံးဝထပ်မတွေ့တော့ဘူး။
"ဝမ်ရိပေါ်....!!"
သောက်ကျိုးနည်း!! လိုက်လာတယ်ဟ! ရှောင်းကျန့် တကယ်ကိုပြေးလိုက်လာကြောင်း မောဟိုက်နေတဲ့ ပုံစံကိုမြင်တာနဲ့သိသာပါတယ်။ ရိပေါ် အလန့်တကြားထရပ်လိုက်မိတယ်။
"ဘာလို့လိုက်လာတာလဲ!!"
"မင်းက ရုတ်တရက်ကြီး ထွက်ပြေးတာကိုး!"
"အဲဒါနဲ့ပဲ ပြေးလိုက်စရာလား ရူးနေတာလား!!"
"မင်းအတန်းပိုင်ကို မလေးမစား မြင်တာနဲ့ထွက်ပြေးရလား ဘယ်လိုကောင်လေးလဲမသိဘူး!!"
ရှောင်းကျန့်က စိတ်အိုက်စွာနဲ့ necktie ကိုလျှော့လိုက်တယ်။ ရိပေါ် မခံစားနိုင်တော့ဘူး။ ဒီဆရာ ဘာလို့ သူ့ကိုလိုက်နှောင့်ယှက်နေတာလဲ။ တမင်ကို ရည်ရွယ်ချက်ရှိရှိ နှိပ်စက်နေတာ။ ရိပေါ် ရှောင်းကျန့်နားကနေ ဖြတ်လျှောက်လိုက်တယ်။ သူ ဒီဆရာကိုမမြင်ချင်တော့ဘူး။ ချစ်လွန်းလို့ ထပ်မတွေ့ချင်တော့ဘူး။ မြင်သာမြင် မကြင်ရတဲ့ဘဝကြီးကို ရိပေါ်မခံစားနိုင်ဘူး။
ထုံးစံအတိုင်း စိတ်ရှုပ်ဖို့ကောင်းတဲ့ဆရာက သူ့ကိုသွားခွင့်မပေးခဲ့ပါဘူး။ သူ့လက်ကောက်ဝတ်ကို ဆွဲထားပြန်တယ်။ ဒီဆရာ ဘာဖြစ်ချင်နေတာလဲ။
"ကျွန်တော့်ကိုလွှတ်ပါ ဆရာရှောင်းကျန့်... ဆရာ့မှာလုပ်စရာမရှိဘူးလား ဘာလို့ကျွန်တော့်ကိုပဲ လိုက်နှောင့်ယှက်နေရတာလဲ"
ရိပေါ် လေသံအေးအေးနဲ့ပဲ ပြောလိုက်တယ်။ ရှောင်းကျန့်လက်က သူ့ကိုဆွဲထားဆဲ။
"ငါ့ကိုကြည့်"
"မကြည့်ဘူး"
ရိပေါ် တကယ်ဒေါသထွက်လာတယ်။ ခင်ဗျားတို့စဉ်းစားကြည့်စမ်း။ ကိုယ့် crush က ကိုယ့်ကိုလည်း ပြန်မချစ်ဘူး။ သူပြန်မချစ်လို့ ကိုယ်က သူ့အနားကထွက်သွားမယ်ဆိုတော့လည်း သွားခွင့်မပေးဘူး။ ဘာဖြစ်ချင်နေတာလဲ တကယ်ပဲ ဘယ်လိုလုပ်ပေးမှ ကျေနပ်နိုင်မှာလဲ။
"ဒီလိုလုပ်နေတာတွေ ရပ်တန်းကရပ်ပါတော့ ကျွန်တော် ဆရာ့ရှေ့ တစ်သက်လုံးပေါ်မလာဘဲနေပါ့မယ် ဆရာ့ကိုလည်း တစ်သက်လုံးစကားမပြောတော့ဘူး လမ်းမှာတွေ့ရင်လည်း မသိချင်ယောင်ဆောင်သွားမှာမို့လို့ ဘာမှစိုးရိမ်မနေနဲ့ ကျွန်တော်ဒီထက်ပိုမခံစားနိုင်တော့ဘူး ကျွန်တော့်ကို လွှတ်ပေးလိုက်ပါ ကျွန်တော် ဆရာ့အနားကနေ အပြီးတိုင်ထွက်သွားပါရစေ!!!"
ရှောင်းကျန့် ဝမ်ရိပေါ်လက်ကို အားနဲ့ဆောင့်ဆွဲပြီး နံရံမှာကပ်ပစ်လိုက်တယ်။ ရုတ်တရက်မို့ ဝမ်ရိပေါ် မျက်လုံးပြူးသွားရတယ်။ ဆရာရှောင်းကျန့်က သူ့ပခုံး၂ဖက်ကို ကိုင်ပြီး သူ့ကိုနံရံမှာတွန်းထားတယ်။
သြော် ဘဝကလည်း manga ဆန်လိုက်တာ....။
"ငါ့ကိုကြည့်လို့ မင်းကိုပြောနေတယ်လေ"
"ဘာ...ဘာလား.."
ရှောင်းကျန့် မျက်နှာက လူသတ်တော့မလိုလို....။
"ဝမ်ရိပေါ် အထက်တန်းအောင်သွားတာ ဂုဏ်ယူပါတယ်"
ရိပေါ် ရင်ထဲနွေးသွားပြီး လက်သီးကျစ်ကျစ်ဆုပ်လိုက်မိတယ်။ ဒီစကားကို သူ့နားနဲ့ကြားရလိမ့်မယ်မထင်ခဲ့သလို kabedon လုပ်ခံရပြီး ပြောခံရမယ်လို့လည်း မတွေးခဲ့ဖူးဘူး။
"ဘာ...ဘာလဲ ဒါလေးပြောရဖို့အတွက် ပြေးလိုက်လာတာလား... ကျွန်တော်အရူးမဟုတ်ဘူးနော် အကွက်တွေလာမရွှေ့နဲ့"
"ငါမေးစရာရှိလို့လိုက်လာတာ.."
ရှောင်းကျန့်က သူ့ပခုံးတွေကိုလွှတ်ပေးပြီး နံရံမှာ လက်တစ်ဖက်ထောက်လိုက်တယ်။ ရိပေါ်ကတော့ မြေကြီးကိုပဲ အကြည့်တွေပို့ထားတယ်။ ဒီဆရာရဲ့မျက်လုံးတွေကို သူထပ်မကြည့်ရဲတော့ဘူး။
"ဝမ်ရိပေါ်... မင်းငါ့ကိုချစ်သေးလား"
"...........ဘာလို့မေးတာလဲ"
"မေးတာပဲဖြေ"
ရိပေါ် မဲ့ပြုံးပြုံးလိုက်မိတယ်။
"ဆရာသိလား.. ဟိုနေ့က ကောင်မလေးတစ်ယောက် ကျွန်တော့်ကိုလာဖွင့်ပြောတယ် ကောင်မလေးကချစ်စရာလေး တကယ်ချစ်သူတော်ချင်စရာမိန်းကလေးမျိုး..."
"အင်း"
"ဒါပေမယ့် ကျွန်တော် သူ့ကိုငြင်းလိုက်တယ်..ကျွန်တော် အငြင်းခံရတဲ့ခံစားချက်ကို သိပေမယ့် ကောင်မလေးကိုလက်မခံနိုင်ခဲ့ဘူး...ခံစားနေရတာတွေ မေ့လိုမေ့ငြား နောက်တစ်ယောက်တွဲဖို့ ကျွန်တော်မလုပ်ရဲခဲ့ဘူး.. ကိုယ့်ကိုငြင်းခဲ့တဲ့လူကိုပဲ တွေးနေမိတယ်"
"အင်း အဲတော့??"
မြေကြီးကိုစိုက်ကြည့်နေတဲ့ ရိပေါ်မျက်လုံးတွေက မျက်ရည်တွေဝဲလာတယ်။ မြေပြင်ပေါ်က ဆရာရှောင်းကျန့်ရဲ့ ဖိနပ်ကိုသေချာမမြင်တော့လောက်အောင် ေ၀ဝါးလာတယ်။
"ဒီနေ့ဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ်... သန်သက်ခါပဲဖြစ်ဖြစ်..."
ရိပေါ်ခေါင်းငုံ့သွားတယ်။ သူမငိုချင်ဘူး။ ဒါပေမယ့် မတတ်နိုင်ဘူး။ ချစ်တတ်တဲ့အခါ နာကျင်မှုကိုခံစားတတ်လာတယ်။ နာကျင်တာတွေများလာတဲ့အခါ မျက်ရည်ကျတတ်လာတယ်။
"နေ့တိုင်းနေ့တိုင်း ကျွန်တော် ဆရာ့ကိုချစ်နေမှာ.."
"......"
ရှောင်းကျန့် ခေါင်းငုံ့နေတဲ့ကောင်လေးကို သေချာကြည့်မိတယ်။ ကောင်လေး ငိုနေတယ်။ နံရံကိုထောက်ထားတဲ့ သူ့လက်ကို ခပ်ဖွဖွကိုင်ထားတဲ့ ကောင်လေးလက်တွေက တုန်ယင်နေတယ်။
"လူငယ်အရွယ်ဆိုတာ အမှားလွယ်လွယ်လုပ်တတ်တယ် လမ်းမှားတတ်တယ် နားလည်မှုလည်းလွဲတတ်ကြတယ် လွယ်လွယ်ချစ်ပြီး လွယ်လွယ်မေ့ပစ်နိုင်ကြတယ်"
"....."
"ငါငြင်းလိုက်တာတောင်မှ မင်းကလမ်းကြောင်းမပြောင်းဘဲ လမ်းမှန်ကိုလျှောက်နေသေးတယ်ဆိုရင်.. ဆိုတဲ့အတွေးနဲ့ ငါမင်းကိုငြင်းခဲ့တာ"
ရှောင်းကျန့်လက်ကိုဆုပ်ကိုင်ထားတဲ့ ရိပေါ်လက်လေး တင်းကနဲဖြစ်သွားတယ်။
Advertisement
- In Serial44 Chapters
Loving Ashe - Book 1 of the Celebrity Series
Twenty-three year old Riley Eames is still haunted by the heartbreak from three years ago. After the unexpected encounter with rising Hollywood star Ashe Hunter, will she finally open up or will her heart stay tormented by the past? *** After being dumped three years ago by her celebrity boyfriend, Riley Eames remained unable to truly heal and move on. So when he invites her to meet-up in a hotel, she agrees, albeit reluctantly. But plans are ruined when she gets stuck in an elevator with British actor Ashe Hunter. They may have hit it off at the start but it would take a lot of convincing before Riley lets him into her life. With all the doubts and baggages that's coming back from her past, will another celebrity open up Riley's heart?Cover Designed By Daniela
8 174 - In Serial29 Chapters
mike wheeler x reader
a new student at hawkins that discovers love is not so easy.
8 212 - In Serial104 Chapters
the festival ; pjm ✓
there was someone behind you, not really behind you, but beside you.the empty side of your bed sunk as you were about to sleep.you live alone.-"You made a deal with the devil, peaches," "You're a ghost!" you snarled, fury bubbling within you as you stared at the smirking phantom."When you said we had to save your friends, you didn't mention the fact that I, a mortal, had to go down to hell."[completed]
8 201 - In Serial41 Chapters
Don't Say NO [Book 1]
Warning: may contain strong language, sexual contact, and violence Dawn acts like a complete airhead at times. She's not scared of anything until she gets kidnapped by a couple of men. Kidnapped and forced into a supernatural black market and sold to the Wolff clan, were humans don't last long. She must pleasure her master at all cost or she would be eaten. But then again wouldn't she get eaten anyway. But before all this she lived a quiet life. A life filled with untold secrets. Her sister's death. Her step father's disappearance. And the father she never knew. Struggling to stay alive Dawn tries to save the man she should call master, from himself while she finds the truth about her family secrets. This story has been known for being addicting, emotional, and to have the best ending from what I have been told. Highest Ranking #1 in vampire Edited by: little_aussie_girl
8 66 - In Serial45 Chapters
Chasing Rain ✓
Rain Carter unintentionally brought her little heaven to hell.Damien Black intentionally brought his hell upon the little heaven.But as we know hell and heaven can't stick together for long and when the underworld is involved, well happiness is a mirage and the only thing that is destined to come is death. ~*~Damien had scars on his body but his past was forgotten and Rain had scars in her heart with a past to relive. ~*~Meet Rain Carter, a caring single mother to her beautiful mute daughter Amber. She already has a fiancé whom she plans to marry maybe not out of love but for her daughter. But all her plans came crashing down when her daughter is in the operation chamber and the father's bone marrow is required.Meet Damien Black also known as a beast of a man, a ruthless billionaire tycoon and the king of underworld. He has no plans of settling down. But when the same woman who he had slapped four years ago comes back to his office, on her knees, begging to give her daughter his bone marrow. All his plans come crashing down. Now Damien is more than shocked when his DNA matches with Amber's. Now wanting his woman and daughter back. We need to see how far the beast can go. ~*~When you think the story has ended that is the place it will all start again from.
8 240 - In Serial114 Chapters
Kuch Ankahi Baatein
Another story of our beloved AnuSeena, their relation starts from School with lots of twists and turns.Hope you all will like it.Do give your comments for bettermentThe credit of the story goes to @KRV2020 (thought to recreate the idea with the characters of maddam sir)CC: @Barbie08123
8 70

