《Rain On Me (KookV/Completed)》III. The Life of Sweetheart
Advertisement
Unicode-
ဒီနေ့ညနေခင်းလည်း မိုးတွေထပ်ရွာလာတယ်။ ကျွန်တော်ကတော့ ကားမှတ်တိုင်က ခုံတန်းရှည်လေးမှာ ဂျောင်ဂုကို စောင့်လို့ပေါ့။ တိုက်ဆိုင်တာလား မသိပေမယ့် ဂျောင်ဂုနဲ့ကျွန်တော် ဆုံတဲ့နေ့တိုင်း မိုးကအမြဲရွာနေတော့တာပဲ။ ကျွန်တော်တို့ရဲ့ ဆုံတွေ့ခြင်းမှာ မိုးကလည်း ဇာတ်ပို့တစ်ယောက်ဖြစ်လိမ့်မယ်။
" Hyung ကျွန်တော် ရောက်ပါပြီ "
ကြည်သာခံ့ညားတဲ့ ဂျောင်ဂုရဲ့ အသံလေး။ သူရောက်လာပြီဆိုတာ အသိပေးလိုက်သည်မို့ ထယ်ယောင်းလည်း ဂျောင်ဂုမျက်နှာကို ပြုံးရွှင်စွာ မော့ကြည့်လာသည်။ မနေ့ကလိုပဲ ဂျောင်ဂုရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက သူ့ကို ရွှန်းရွှန်းစားစား ပြန်ငုံ့ကြည့်နေခဲ့သည်။
" ဒီနေ့တော့ ငါတို့ဘယ်သွားကြမလဲဆိုတာ မင်းပဲရွေးပါ ဂျောင်ဂု။ မနေ့က ငါသွားချင်တဲ့နေရာ မင်းလိုက်ပြီးပြီဆိုတော့ ဒီနေ့တော့ မင်းသွားမယ့်နေရာ ငါလိုက်ခဲ့မယ် "
ထယ်ယောင်းစကားကို အလိုမကျဟန်ဖြင့် ဂျောင်ဂု မျက်မှောင်ကြုံ့သွားသည်။ နှုတ်ခမ်းလေးကို မသိမသာစူလျှက် လက်ညှိုးလေးဖြင့် နှုတ်ခမ်းကိုပုတ်ရင်း တစ်စုံတရာကို အချက်ပြနေသည်။ ထယ်ယောင်း သဘောမပေါက်မှန်းသိတော့မှ လက်ညှိုးကိုပြန်ချရင်း-
" အစ်ကို အခုပြောသင့်တာက ကျွန်တော်တို့ ဘယ်ကိုသွားကြမလဲဆိုတာထက် မနေ့က ကျွန်တော်ပြောထားတဲ့ကိစ္စ အစ်ကို့သဘောထား ဘယ်လိုရှိတယ်ဆိုတာ အရင်ပြောသင့်တာ "
ခံစားချက်ကို သိသိသာသာထုတ်ပြနေပါလျှက် သဘောထားတောင်းခံနေသေးသော ဂျောင်ဂုကို ထယ်ယောင်း စိတ်မရှည်သလို ကြည့်မိသည်။ မနေ့က သူတို့လုပ်ခဲ့သမျှ အရာတွေက သာမာန်သူငယ်ချင်းအဆင့်ထက် အများကြီးကျော်လွန်ခဲ့သည် မဟုတ်လား။
" ငါသာ မင်းကိုမချစ်ခဲ့ရင် မင်းလက်ကိုဆုပ်ကိုင်ပြီး ပန်းခြံထဲလမ်းလျှောက်ခဲ့မှာ မဟုတ်ဘူး။ ငါ့နှာခေါင်းထိပ်လေးကို မင်းအာငွေ့လာပေးတာလည်း ငါလက်ခံခဲ့မှာ မဟုတ်ဘူး။ မနေ့က ငါမင်းကို ချစ်တယ်လို့ ပြန်ဖြေမလို့ပါပဲ။ ဒါပေမယ့် မင်းက စောင့်ပြီးနားမထောင်သွားဘူးလေ "
ထယ်ယောင်း အဖြေစကားကြားတော့ ဂျောင်ဂုက ပျော်ပြီး ကို့ယိုးကားယား ထကသည်။ မှတ်တိုင်မှာ လူရှင်းနေ၍သာ တော်ပေသေး၏။ မဟုတ်ရင် လူကြားထဲ အရှက်ကွဲလိုက်မည့်ဖြစ်ခြင်း။
" Hyungက ကျွန်တော့်ကို ပြန်ချစ်တယ်တဲ့။ ကျွန်တော် အရမ်းပျော်တာပဲ။ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်ကမှ စတွေ့ပြီး မနေ့ကမှ စကြိုက်တယ်ဆိုပေမယ့် ကျွန်တော့်အချစ်က ဘယ်လောက်စစ်မှန်တယ်ဆိုတာ အစ်ကိုသိလာအောင် တဖြည်းဖြည်းချင်း ပြသသွားပေးပါ့မယ်။ ကျွန်တော့်ကို ပွင့်လင်းပြီး ရဲတင်းလွန်းတယ်ဆိုပြီး ကျွန်တော့်အချစ်ကို အထင်မသေးပါနဲ့နော် "
ပြုံးပျော်နေသော ဂျောင်ဂုမျက်ဝန်းများက အဆွေးရိပ်သန်းကာ သနားစဖွယ်အကြည့်မျိုးအဖြစ် အသွင်ပြောင်းလဲသွားသည်။ ချစ်လွန်း၍သာ ဖွင့်ပြောလိုက်ရသော်လည်း သူ့အချစ်ကို တစ်ဖက်သား အထင်သေးမည်ကိုလည်း သူစိုးရိမ်မိသည်။
ပြိုကျတော့မည့် တိမ်မိုးမည်းသဖွယ် ရီဝေမှိုင်းညို့နေသော ဂျောင်ဂု ၏ မျက်ဝန်းအကြည့်တို့ကြောင့် ထယ်ယောင်း ကရုဏာသက်ကာ ဂျောင်ဂုပါးပြင်လေးကို သူ့လက်ဖဝါးဖြင့် ညင်သာစွာကိုင်တွယ်လိုက်သည်။ ရင်ခုန်သံမြန်ပြီး သွေးလည်ပတ်မှုမြန်လာ၍ ထင်သည်။ ခန္ဓာကိုယ်က အပူချိန်တက်ပြီး ဂျောင်ဂုပါးပြင်လေးက ပူပူနွေးနွေးဖြစ်နေသည်။
လက်ဖဝါးနုလေး၏ ပါးပြင်ပေါ်လာရောက်ထိတွေ့မှုကြောင့် ဂျောင်ဂုလည်း ရင်ထဲနွေးသွားသလို ခံစားလိုက်ရသည်။ ထယ်ယောင်း၏ ဖြူနုသော လက်ဖဝါးလေးကို သူ့ပါးပြင်ဆီမှ ခွာမသွားစေဖို့ ဂျောင်ဂုလက်တစ်ဖက်က ထယ်ယောင်းလက်ဖဝါးပေါ် အုပ်ကိုင်ထားလိုက်၏။
" ငါ မင်းအချစ်ကို အထင်မသေးဝံ့ပါဘူး ဂျောင်ဂုရယ်။ ငါလည်း မင်းလိုပဲ အချိန်တစ်ခဏအတွင်း မင်းကိုချစ်မိခဲ့တာမို့ မင်းအချစ်ကို ငါနားလည်ပေးနိုင်ပါတယ်။ ဒီနေ့ကစပြီး ငါတို့နှစ်ယောက် ချစ်သူတွေအဖြစ် တရားဝင်စတွဲကြမယ်နော် "
ထယ်ယောင်း၏ မျက်ဝန်းအကြည့်တို့က အချစ်ရိပ်များဖြင့် ရွှန်းစိုတောက်ပနေသည်။ မျက်တောင်စင်းစင်းလေးများကြောင့် မျက်ဝန်း၏အလှက အကြည့်မလွှဲရက်နိုင်အောင် စွဲဆောင်အားကောင်းနေသည်။ မထူလွန်း မပါးလွန်းသော မျက်ခုံးနက်နက်ကလေးများက ချိုမြိန်သောမျက်ဝန်းအကြည့်ကို အားဖြည့်ပုံဖော်ပေးနေ၏။
ယောက်ျားလေးနှစ်ယောက်၏ ထူးထူးဆန်းဆန်း အပြုအမူတွေကြောင့် ဖြတ်သွားဖြတ်လာအချို့ မျက်လုံးအပြူးသားဖြင့် ကြည့်သွားကြသည်။ ဤသို့တိုင် ချစ်သူနှစ်ယောက်သားမှာ အကြည့်မခွာရက်နိုင်သေး။ အချစ်ဖြင့်ဖန်ဆင်းအပ်သော ကမ္ဘာသစ်တစ်ခုတွင်
မျောလွင့်နေကြသည်မို့ လက်ရှိကမ္ဘာလောကကို သူတို့မေ့ထားနိုင်ကြသည်။
မိုးက ပိုသည်းလာ၍ထင်သည်။ ကားမှတ်တိုင် အမိုးအောက်က သူတို့နှစ်ယောက်ကိုပင် မိုးရေတွေလာစင်နေ၏။ ဒီနေရာမှာနေဖို့ မဖြစ်တော့သည်မို့ ထီးတစ်ချောင်းကိုအတူစောင်းရင်း ထယ်ယောင်းကပဲ ဦးဆောင်ကာ ဂျောင်ဂုကို ကော်ဖီဆိုင်လေးဆီ ခေါ်လာခဲ့သည်။
ကော်ဖီဆိုင်ထဲရောက်တော့ စတွေ့တွေ့ချင်းနေ့က သူတို့ထိုင်ခဲ့သည့် စားပွဲမှာ ဝင်ထိုင်လိုက်ကြသည်။ သူတို့ကိုမြင်တော့ ဆိုင်ဝန်ထမ်းအစ်ကိုကြီးက သဘက်တစ်ထည်ယူလာပြီး သူတို့ဆီလျှောက်လာပြီးမှ တုန့်ခနဲရပ်ကာ ငါးစက္ကန့်မျှငြိမ်သက်သွားသည်။ ထို့နောက် သဘက်နောက်တစ်ထည် သွားယူလာကာ ထယ်ယောင်းလက်ထဲ တဘက်နှစ်ထည် ကမ်းပေးလိုက်သည်။
" ဒီနေ့တော့ အစ်ကိုတို့ဆိုင်က သဘက်လုံလောက်သွားပြီ ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါပဲ အစ်ကိုရယ်။ ကျွန်တော်တို့လည်း အပြင်မှာ မိုးနည်းနည်းစိုလာတော့ ရေသုတ်ဖို့လိုနေတယ်လေ "
ထယ်ယောင်းလည်း ဆိုင်ဝန်ထမ်းအစ်ကိုကြီးကို ကျေးဇူးတင်စကားပြောရင်း လေးထောင့်ဆန်သော အပြုံးလေးဖြင့် ပြုံးပြလိုက်သည်။ တဘက်တစ်ထည်ကို ဂျောင်ဂုဆီ ကမ်းပေးလိုက်ရင်း သူကိုယ်တိုင်လည်း သူ့ဆံပင်သူ ရေပြန်သုတ်နေလိုက်၏။
ထယ်ယောင်း မသိလိုက်သည်တစ်ခုမှာ သူတို့နှစ်ယောက်စားပွဲက ကျောခိုင်းပြန်လာသည့် ဆိုင်ဝန်ထမ်းအစ်ကိုကြီး၏ စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းကာ ပင့်သက်ရှည်ကြီး ချလိုက်သည်ကိုပင်။ ဆိုင်ကောင်တာမှ ဆိုင်ရှင်အဒေါ်ကြီးသည်လည်း ထယ်ယောင်းတို့ရှိရာဘက် မေးငေါ့ရင်း ဝန်ထမ်းအစ်ကိုကြီးကို တစ်စုံတရာ မေးမြန်းနေခဲ့သည်။
ထယ်ယောင်း ရေသုတ်ပြီးလောက်သောအခါမှ ဆိုင်ဝန်ထမ်းအစ်ကိုကြီး ပြန်ရောက်လာခဲ့သည်။ ထုံးစံအတိုင်း ထယ်ယောင်းလည်း သဘက်နှစ်ထည်ကို ဝန်ထမ်းအစ်ကိုကြီးလက်ထဲ ပြန်အပ်ရင်း menuကို သေချာကြည့်သည်။ ကော်ဖီနှင့် ကိတ်မုန့်အပြင် ခေါက်ဆွဲပြုတ်ပါ ရနိုင်သဖြင့် ဂျောင်ဂုသဘောတူလျှင် ခေါက်ဆွဲပြုတ်ပြောင်းစားဖို့ သူစဥ်းစားမိသည်။
Advertisement
" ဂျောင်ဂု ဒီနေ့တော့ ငါတို့ ခေါက်ဆွဲပြုတ် ပြောင်းစားကြမလား။ ရာသီဥတုက အေးအေးနဲ့ဆိုတော့ ခေါက်ဆွဲပြုတ်ချဥ်စပ် ပူပူနွေးနွေးလေးသောက်လိုက်ရင် သိပ်ကိုလိုက်ဖက်မှာပဲ "
ထယ်ယောင်း ဒီလို အဖော်ညှိလာတော့ ဂျောင်ဂုက မငြင်းဆန်ခဲ့။ အပြုံးဖြင့် ခေါင်းတစ်ချက်ညိမ့်ပြရင်း သဘောတူကြောင်း ပြသလာသည်မို့ ထယ်ယောင်းလည်း နှစ်ယောက်စာ ခေါက်ဆွဲပြုတ်နှစ်ပွဲနှင့် အချဥ်အစပ်ပြေသောက်ဖို့ bubble tea တစ်ဘူးစီ မှာလိုက်သည်။ ဆိုင်ဝန်ထမ်းအစ်ကိုကြီးလည်း ဟိုတစ်နေ့ကကဲ့သို့ စပ်စုခြင်းမရှိတော့သော်လည်း တစ်ချက်တစ်ချက်တော့ ဂျောင်ဂုထိုင်နေရာဆီ ကွက်ကြည့်ကွက်ကြည့်လုပ်တတ်သည်။
ဝန်ထမ်းအစ်ကိုကြီး ထွက်သွားပြီးသည့်နောက် ထယ်ယောင်းမျက်လုံးထဲ လျှပ်စီးလက်သွားသည်ကို မြင်လိုက်ရ၍ နားနှစ်ဖက်ကို လက်ဝါးဖြင့်အုပ်လိုက်သည်။ လျှပ်စီးလက်ပြီးလျှင် ကျယ်လောင်ပြီး ကြောက်မက်စရာကောင်းသော မိုးခြိမ်းသံကြီးပါလာတတ်သည်မို့ ထိုအသံမကြားရအောင် နားပိတ်ထားလိုက်ခြင်းပေ။
" အစ်ကိုက မိုးခြိမ်းသံကို ကြောက်တတ်တာလား။ ဒါက သဘာဝဖြစ်စဥ်တစ်ခုပဲလေ။ မကြောက်ပါနဲ့ အစ်ကိုရဲ့။ အစ်ကို့ရှေ့မှာ ကျွန်တော်တစ်ယောက်လုံး ရှိနေပြီပဲဟာကို "
ဂျောင်ဂုဆီက အားပေးစကားကြောင့် ထယ်ယောင်း မချင့်မရဲဖြင့် နားပေါ်အုပ်ထားသည့် လက်တွေကို ပြန်ဖယ်လိုက်သည်။ ဆိုင်ထဲရောက်နေ၍ ထင်သည်။ မိုးခြိမ်းသံကို အတိုင်းသားကြားလိုက်ရသော်လည်း အသံသိပ်မကျယ်သလို သူခံစားရသည်။
" ကြောက်တာတော့ မဟုတ်ပါဘူး။ ရုတ်တရက်ကြီး အသံအကျယ်ကြီးနဲ့ ထမြည်ဟီးတတ်တော့ အစ်ကို လန့်လန့်သွားလို့ပါ။ ဂျောင်ဂုက အခုလို အားပေးစကားပြောလာမှတော့ အစ်ကို မလန့်တတ်အောင် ကြိုးစားနေကြည့်ပါ့မယ် "
ခဏကြာတော့ ဆိုင်ဝန်ထမ်းအစ်ကိုကြီးက ခေါက်ဆွဲပြုတ်နှင့် Bubble tea လာချပေးရင်း ထယ်ယောင်းကို ပြုံးပြသည်။ ပြုံးပြသည်ဆိုသော်ငြား မျက်ဝန်းများက ကရုဏာသက်ဟန်ပေါ်သည်။ သို့သော် ဤအရာကို ထယ်ယောင်း အမှုမထားမိခဲ့။
" အရသာရှိရှိ သုံးဆောင်ကြပါ ညီလေးတို့။ ကောင်းသော ညနေခင်းလေးဖြစ်ပါစေ "
ပြောသွားသော စကားလုံးတိုင်းနီးပါးက အသက်ပါလှသော်လည်း ညီလေးတို့ ဟူသော စကားလုံးကိုမူ အသက်မပါသလို ပြောသွားခဲ့သည်။ ထယ်ယောင်း သတိပြုမိလိုက်သော်လည်း သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်က မိန်းမဇာတ်သွင်းနေ၍သာ ထိုသို့ပြောသွားသည်ဟု ယူဆထားလိုက်သည်။
~~~~~xxxxx~~~~~
နောက်တစ်နေ့က ဂျောင်ဂု ကျောင်းပိတ်ရက်မို့ နှစ်ယောက်သား နေ့လည်ဘက် ချိန်းတွေ့ဖြစ်ကြသည်။ ဒီနေ့တော့ ကားမှတ်တိုင်နေရာလေးကနေ ခပ်ဝေးဝေးအထိ သူတို့လမ်းလျှောက်ထွက်ဖြစ်သည်။ တစ်ယောက်လက်ကိုတစ်ယောက် ကြင်ကြင်နာနာဆုပ်ကိုင်ရင်း စကားတပြောပြောဖြင့် ခြေလှမ်းတွေသွက်လက်စွာ လျှောက်လှမ်းလာခဲ့သည်။
" ကျွန်တော်နဲ့ လျှောက်လည်ရတာ ပျော်ရဲ့လား အစ်ကို "
ရုတ်တရက် ထမေးလာသော ဂျောင်ဂု၏ မေးခွန်း။ ကြံကြံဖန်ဖန် သူမို့ မေးရက်သည်။ ကိုယ့်ရည်းစားနဲ့ လျှောက်လည်ရသည်ကို ဘယ်သူက မပျော်ဘဲရှိနိုင်ပါ့မလဲ။ တစ်စုံတစ်ယောက်က မပျော်ဘူးဆိုလာလျှင် ထိုသူက အရူးသာဖြစ်လိမ့်မည်။
" ဘယ်လိုတွေတောင် မေးရက်လိုက်တာလဲကွာ။ ကိုယ့်ရည်းစားနဲ့ လျှောက်လည်နေရတာကို ဘယ်သူက မပျော်ဘဲရှိပါ့မလဲ။ ငါလေ မင်းနဲ့အတူလျှောက်လည်ရချိန်တိုင်း စကားလုံးတွေနဲ့ ဖော်ပြနိုင်တဲ့ အတိုင်းအတာထက်ကို ပိုပျော်နေမိတာ "
ထယ်ယောင်းအဖြေကြောင့် ဂျောင်ဂု ကျေကျေနပ်နပ်ပြုံးလိုက်သည်။ တကယ်တမ်းတော့ ထယ်ယောင်း လမ်းလျှောက်ရင်း ပျင်းနေမည်စိုး၍ တမင် စကားစရှာပြီး မေးလိုက်ခြင်းပါ။
" အစ်ကိုပျော်တယ်ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ။ ကျွန်တော်က အစ်ကို့ကို ကမ္ဘာပေါ်က အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲ ပေးချင်မိတယ်။ အဲ့ဒီအရာတွေထဲက ကျွန်တော် အရင်ဆုံးဖြည့်ဆည်းပေးနိုင်တာက အစ်ကို့ကို ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး လူသားတစ်ယောက် ဖြစ်စေဖို့ပဲ။ ကျွန်တော်လေ အစ်ကို့ကို အမြဲတမ်း ပျော်ရွှင်အောင်ထားမှာ။ မဟုတ်သေးဘူး.. တစ်သက်လုံးကို ပျော်အောင်ထားပစ်မှာ "
အာဝဇ္ဇာန်းရွှင်စွာဖြင့် စကားတွေတစ်သီကြီးပြောနေသော ဂျောင်ဂုက အပြုံးလေးဖြင့် နားထောင်ပေးနေသော ထယ်ယောင်းကြောင့် မမောနိုင်မပန်းနိုင်ရှာ။ ချစ်သူ့မျက်နှာ လှလှလေးဆီမှ ပန်းလေးပွင့်လန်းလာသလို အပြုံးလေးများက ဂျောင်ဂုအတွက် အမောပြေဆေးတစ်ခွက်အလား။
" အင်းပါ ငါယုံပါတယ် ဂျောင်ဂုရယ်။ မင်းနဲ့သာ အချိန်တိုင်း အတူရှိခွင့်ရမယ်ဆိုရင် ငါအရာရာကို ရင်ဆိုင်ပစ်လိုက်မှာ။ ငါ့ဘဝက ငါ့ကို ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ မင်းရှိရင် ပြီးပြည့်စုံနေပြီ "
ပြောရင်းဆိုရင်း ရုတ်တရက် ရွာချလာသောမိုးကြောင့် ထယ်ယောင်း ထီးကိုဖွင့်ဆောင်းလိုက်သည်။ ဂျောင်ဂုမှာ ထီးပါပုံရသော်လည်း နှစ်ယောက်အတူ ထီးတစ်ချောင်းတည်းဆောင်းချင်၍ ထယ်ယောင်းထီးကိုသာ အသုံးပြုစေသည်။
" အစ်ကို ခဏလေး "
ဂျောင်ဂု အပြောကြောင့် ဘာလဲဟူသော အကြည့်ဖြင့် ထယ်ယောင်း ပြန်ကြည့်လာသည်။ ဂျောင်ဂုက သူ့လက်ဝါးတစ်ဖက်ကို မိုးရေထဲဆန့်ထုတ်ရင်း -
" မိုးပေါ်ကကျလာတဲ့ မိုးရေစက်လေးတွေကို မြေပြင်ပေါ်မကျခင် လက်ဝါးနဲ့ခံပြီး ထိတွေ့ခံစားကြည့်ပါလား။ ရေစက်လေးတွေ လက်ဝါးပေါ် တပေါက်ပေါက်ကျလာတဲ့ ခံစားချက်က အရမ်းမိုက်တယ် "
ဂျောင်ဂုစကားကို ယုံကြည်ပြီး ထယ်ယောင်း တွဲထားသည့်လက်ကိုခဏဖြုတ်ရင်း မိုးရွာထဲ လက်ကိုဆန့်ထုတ်ကာ မိုးရေစက်များအား လက်ဝါးဖြင့်ခံယူကြည့်သည်။ ထိုအခိုက် အေးစိမ့်စိမ့် မိုးရေစက်တို့၏ ကလူကျီစယ်မှုကြောင့် ထယ်ယောင်းစိတ်ထဲ ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရသည်။
" မင်းပြောတာ ဟုတ်သားပဲ ဂျောင်ဂုရဲ့။ မိုးရေစက်လေးတွေ လက်ဖဝါးပေါ်ကျလာတဲ့ ခံစားချက်က လူကို freshဖြစ်သွားစေတယ်။ မိုးစက်လေးတွေကြား ဖြတ်ပြီးတိုက်လာတဲ့ လတ်လတ်ဆတ်ဆတ်လေညင်းကိုပါ တစ်ဆက်တည်း ရှူရှိုက်လိုက်တော့ ရင်ထဲရှိသမျှ အရှုပ်အထွေးတွေပါ ရှင်းလင်းသွားသလိုပဲ "
Advertisement
ထယ်ယောင်းဆီက ကျေနပ်လောက်စရာ အဖြေစကားကြောင့် ဂျောင်ဂု ပီတိဖြစ်ကာ ပြုံးနေမိသည်။ ထယ်ယောင်းလည်း ထိုနည်းတူစွာ ဂျောင်ဂုကို ပြန်ကြည့်သည်။ တစ်ယောက်အတွက် တစ်ယောက်က ရှုမငြီးနိုင်သည့် ချစ်စရာမျက်နှာလှလှ ပိုင်ရှင်များပေမို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မဝဖြစ်ရသည်က အချိန်တိုင်းလိုလိုပင်။
" မင်း..ငါ့မိဘတွေနဲ့ လိုက်တွေ့ချင်လား "
ထယ်ယောင်း ပြောသင့်မပြောသင့် အတော်လေးချင့်ချိန်ပြီးမှ ပြောလိုက်သော ထိုစကား။ ရုတ်တရက်မို့ ဂျောင်ဂုလည်း အံ့သြသွားဟန်ဖြင့် မျက်လုံးအပြူးသားဖြင့် ပြန်ကြည့်လာခဲ့သည်။ ဂျောင်ဂု မယုံမည်စိုး၍ ထယ်ယောင်းက နောက်တစ်ကြိမ် ထပ်ပြောပြန်၏။
" မင်းကို ငါ့မိဘတွေနဲ့ တွေ့ပေးချင်လို့။ အဲ့ဒါ မင်းလိုက်တွေ့ချင်ရဲ့လားလို့ ငါမေးနေတာ "
ထယ်ယောင်း ထပ်ပြောလာတော့ ဂျောင်ဂု ခဏတာငြိမ်သက်ကာ တဖွဲဖွဲရွာနေသော မိုးစက်ကလေးများဆီ ငေးမျှော်ကြည့်ရင်း အနည်းငယ် စဥ်းစားသွားရသည်။ နောက်မှ စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် ပင့်သက်တစ်ချက်ချရင်း ခေါင်းညိမ့်ပြလာခဲ့၏။
" ဟုတ်ကဲ့ ကျွန်တော် အစ်ကို့မိဘတွေနဲ့ လိုက်တွေ့ပါ့မယ်။ မနက်ဖြန်က တနင်္ဂနွေနေ့ဆိုတော့ အစ်ကို့မိဘတွေလည်း အလုပ်ပိတ်မှာပဲ။ မနက်ဖြန် ကျွန်တော် အစ်ကိုနဲ့လိုက်ခဲ့ပြီး အစ်ကို့မိဘတွေဆီ လိုက်တွေ့မယ်နော် "
ဂျောင်ဂုဆီက ကျေနပ်စရာ အဖြေရသွား၍ ထယ်ယောင်း ကျေနပ်စွာပြုံးလိုက်သည်။ ထင်သလောက် လွယ်ကူမည်မဟုတ်မှန်း သူသိထားသော်လည်း မဖြစ်မနေ ရင်ဆိုင်ရမည့်အရေးမို့ စောစောဖြေရှင်းထားသည်က အကောင်းဆုံးဖြစ်လိမ့်မည်။ မနက်ဖြန်တစ်ရက်သည် သူတို့နှစ်ယောက်လုံးအတွက် အရေးအကြီးဆုံး နေ့တစ်နေ့ဖြစ်လာလိမ့်မည်။
~~~~~xxxxx~~~~~
" အဖေကြီး ရှင့်သားလေး ပြောသွားတာတွေ ရှင်ဘယ်လိုထင်လဲ။ အပြင်ထွက်တာ သုံးလေးရက်ပဲရှိသေးတဲ့ ကလေးက ရည်းစားကိုအိမ်ခေါ်လာမယ်ဆိုတော့ "
ဇနီးဖြစ်သူ၏ စိုးရိမ်တကြီးစကားကြောင့် မစ္စတာကင်ထယ်ဟို သက်ပြင်းရှည်ကြီးချရင်း လေးတွဲ့စွာ ခေါင်းခါယမ်းမိသည်။ ဒီဘက်ခေတ်ကလေးတွေ ခြေဆလက်ဆသွက်လွန်းတာ သူသိပြီးဖြစ်သော်လည်း သူတို့သားလေးကိုတော့ ဒီလိုဖြစ်လာမည် မထင်မိခဲ့။
" ဘယ်တတ်နိုင်ပါ့မလဲ မိန်းမရယ်။ ဖြစ်လာသမျှကို အကောင်းဆုံး စီမံရမှာပေါ့။ ကိုယ်တို့တွေ သားလေးဘဝကို ဝင်စွက်ဖက်လွန်းခဲ့လို့ သားလေးကို ဆုံးရှုံးရတော့မလို ဖြစ်ခဲ့ပြီးပြီ။ သားလေးဘဝအတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံးဖြစ်မယ်ဆိုရင် သူ့ရည်းစားကိုလည်း ကိုယ်တို့တွေ လက်ခံကြည်ဖြူပေးရမှာပေါ့ "
ခင်ပွန်းဖြစ်သူ အကျိုးသင့်အကြောင်းသင့် ဖြောင်းဖျပေးတော့ မစ္စဟန်ဆူယောင်း သူ့စိတ်သူပြန်ဖြေသိမ့်ရင်း ခေါင်းတစ်ချက်ညိမ့်ပြလာသည်။ မတော်တလျော် တွေ့ကရာလူ မဖြစ်ပါစေနှင့် ဟူ၍သာ စိတ်ထဲဆုတောင်းနေမိရင်း သားဖြစ်သူ ပြန်အလာကို စောင့်မျှော်နေမိ၏။
~~~~~xxxxx~~~~~
" အစ်ကို ဘာမှမစိုးရိမ်နဲ့နော်။ ကျွန်တော် အစ်ကို့မိဘတွေရှေ့မှာ စိတ်ငြိုငြင်စရာ အပြုအမူမျိုး လုံးဝမလုပ်မိစေရဘူး။ ကျွန်တော့်ကို သူတို့ ဘာတွေပဲပြောလာပါစေ ကျွန်တော် အပြုံးလေးနဲ့ပဲ တုန့်ပြန်ပေးမယ် "
ခြံထဲမဝင်သေးခင် ဂျောင်ဂုက ထယ်ယောင်းကို အားပေးစကားပြောနေသည်။ အစီအစဉ်ကို စလုပ်ခဲ့သည်မှာ ထယ်ယောင်းပင်ဖြစ်သော်လည်း လက်တွေ့တွင်မူ ထယ်ယောင်း ချီတုံချတုံဖြစ်နေသဖြင့် ဂျောင်ဂုက ပြန်အားပေးနေရ၏။
" မင်းနဲ့သာဆို ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကြိုးစားရပါစေ အရာရာကို ငါကျော်ဖြတ်သွားမှာပါ။ မင်းလည်း ဘာမှမကြောက်နဲ့နော်။ ငါ့မိဘတွေ မင်းကိုမလိုလားလည်း ငါ မင်းဘက်ကရှိနေပေးမယ် "
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အားပေးရင်း နှလုံးသား အနွေးဓာတ်ရစေဖို့ ခဏတာမျှ ပွေ့ဖက်လိုက်ကြသည်။ စိတ်အဆင်သင့်ဖြစ်သောအခါမှ ခြံတံခါးကိုတွန်းဖွင့်ကာ ခြံထဲဝင်လာခဲ့သည်။ ဧည့်ခန်းမှလှမ်းကြည့်လျှင် ခြံအဝင်ဝကို မြင်နေရသည်မို့ ထယ်ယောင်းမိဘတွေလည်း ဂျောင်ဂုကို မြင်သွားလောက်ပေပြီ။
ဂျောင်ဂုလက်ကိုဆွဲရင်း ခြံထဲဝင်လာခဲ့သော ထယ်ယောင်းကို မိဘနှစ်ပါး မျက်လုံးအပြူးသားဖြင့် လှမ်းကြည့်သည်။ ထို့နောက် နားမလည်နိုင်သော မျက်ဝန်းတို့ဖြင့် တစ်ယောက်ကိုတစ်ယောက် ပြန်ပြည့်ကာ ပဟေဠိဖြစ်နေကြသည်။
" သား...ယောင်းလေး မင်း..."
ဖခင်ဖြစ်သူ၏စကားက အံ့အားသင့်ခြင်းတို့ လွှမ်းမိုးနေသောစိတ်ကြောင့် လေထဲမှာရပ်တန့်နေသည်။ တကယ်လည်း အံ့သြထိတ်လန့်စရာ ကိစ္စပေမို့ ထယ်ယောင်း ကောင်းစွာနားလည်ပေးနိုင်သည်။ ဂျောင်ဂုလက်ကို ဆုပ်ကိုင်ရက်သားဖြင့် မိဘတွေရှေ့က ဆိုဖာပေါ် ဝင်ထိုင်လိုက်ကြရင်း-
" ကျွန်တော် ခေါ်လာတဲ့သူက မိန်းကလေးမဟုတ်ဘဲ ယောက်ျားလေးတစ်ယောက်ဖြစ်နေလို့ အဖေတို့ အံ့သြနေကြမှာပေါ့။ ဒါက သဘာဝကျမကျဆိုတာ သားသေချာမသိပေမယ့် သူက သားအတွက် အသင့်တော်ဆုံးသူမို့ သားသူ့ကို ရွေးချယ်ခဲ့မိတာပါ။ သူသာရှိမယ်ဆိုရင် သားဘဝက အရာရာပြီးပြည့်စုံပြီး ပျော်ရွှင်နိုင်မှာမို့ သားတို့ကို နားလည်ပေးဖို့ မျှော်လင့်ပါတယ် "
ထယ်ယောင်း စကားအဆုံးမှာ ဖခင်ဖြစ်သူက ပြောစရာစကားပျောက်သွားဟန်ဖြင့် သက်ပြင်းအကြိမ်ကြိမ်ချသည်။ ကြိတ်မနိုင်ခဲမဖြစ်စွာ မချိတင်ကဲအံ့ကြိတ်ရင်း ဇနီးဖြစ်သူအခြေအနေကိုလည်း အကဲခတ်ကြည့်သည်။ ငိုချမိတော့မလို ဖြစ်နေခဲ့သော ဇနီးဖြစ်သူ၏ မျက်ဝန်းများကြောင့် ရင်ထဲနင့်သွားရပြန်သည်။
မိဘတွေ ဘာမှပြန်မပြောနိုင်သေးသည်မို့ ထယ်ယောင်းလည်း အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ သူလိုချင်သောနေရာထိရောက်အောင် သူ့စကားကို ထပ်ဆက်ပြန်သည်။
" အမေတို့ သားဘဝကို ၁၈နှစ်နီးပါး စိတ်ကြိုက်စီမံခဲ့ပြီးပြီ။ ဒီတစ်ကြိမ်တော့ သားဖြစ်ချင်သလို ဖြစ်ခွင့်ပေးပါနော်။ သူသာမရှိရင် သားဘယ်လိုမှ အသက်ဆက်ရှင်နိုင်မယ် မထင်ဘူး။ အထီးကျန်နေမယ့်အတူတူ သတ်သေလိုက်တာမှ ပိုကောင်းသေးတယ် "
သားဖြစ်သူ ထပ်ပြောလာခဲ့သော စကားကြောင့် မိခင်ဖြစ်သူမှာ မငိုမိအောင်ထိန်းထားသည့်ကြားမှ မျက်ရည်တစ်ပေါက်ပေါက်ကျလာသည်။ ဖခင်ဖြစ်သူမှာလည်း အံကိုကြိတ်ကာ စိတ်ကိုမနည်းတင်းထားရသည်။ နောင်မှရသော နောင်တသည် ဤမျှလောက်အထိ ပူလောင်စေမှန်းသာ ကြိုသိခဲ့ပါလျှင် သားဖြစ်သူကို သူတို့ချုပ်ခြယ်ခဲ့လိမ့်မည်မဟုတ်။
" တားလို့လည်း ရမယ့်ပုံမပေါ်တော့ သားပျော်သလိုသာ နေပါတော့ကွာ။ အဖေတို့ သားဘဝကို စိတ်ရှိသလို ချုပ်ခြယ်မိခဲ့တဲ့အတွက်လည်း နောင်တအကြီးအကျယ်ရမိပါတယ်။ သားစိတ်ထဲရှိသလို သားဘဝကို ပျော်ပျော်ကြီးရှေ့ဆက်ပါ။ အဖေတို့ သားဘဝကို ဝင်မစွက်ဖက်တော့ဘူးနော် "
မငိုမိအောင် အံကြိတ်တင်းခံနေသော ဖခင်မှာလည်း မတတ်နိုင်တော့သည့်အဆုံး မျက်ဝန်းဆီမှ မျက်ရည်တစ်စက် စီးကျလာခဲ့သည်။ ထယ်ယောင်းမှာတော့ ဖခင်စကားကြောင့် ပျော်လွန်း၍ မျက်ရည်ကျမိသည်အထိ။
မျက်ရည်ကိုယ်စီဖြစ်နေသော မိဘနှစ်ပါးဆီသွားကာ ထယ်ယောင်း ပွေ့ဖက်နှစ်သိမ့်လိုက်တော့ မိဘနှစ်ပါးက သူ့ကိုအလိုက်သင့်ပြန်ဖက်ထားကာ မျက်ရည်များ ဆက်လက်စီးကျလျှက်။ ထယ်ယောင်း အမြင်မှာတော့ စသိသိချင်းမို့သာ မိဘများ အခုလိုဖြစ်နေသော်လည်း အချိန်တန်လျှင် အသားကျသွားလိမ့်မည်ဟု သူယူဆထားသည်။
ထိုမှဆက်၍ ထယ်ယောင်းက ဂျောင်ဂုကို သူ့မိဘနှစ်ပါးနှင့် မိတ်ဆက်ပေးခဲ့ပြီး လေးယောက်သား နေ့လည်စာအတူစားခဲ့ကြသည်။ နေ့လည်စာအတူစားနေချိန် မိဘနှစ်ပါး မျက်နှာမကောင်းသော်လည်း တစ်ချက်တစ်ချက်တော့ ခပ်ယဲ့ယဲ့ကလေး ပြုံးပြသည်မို့ ထယ်ယောင်း အနည်းငယ် စိတ်အေးရသည်။
အားလုံး ထမင်းစားပြီးခါနီးချိန် ဂျောင်ဂုက အရေးပေါ် အိမ်ပြန်ရမည်ဆိုလာတော့ ထယ်ယောင်းလည်း မိဘတွေကိုခွင့်ပန်ကာ ဂျောင်ဂုကို ပြန်လိုက်ပို့ပေးသည်။ ထယ်ယောင်းတို့ ထွက်သွားပြီးသောအခါမှ မိခင်ဖြစ်သူဆူယောင်းလည်း ထိန်းထားသမျှလွှတ်ချကာ ရှိုက်ကြီးတငင်ငိုချမိသည်။
" ဖြစ်မှဖြစ်ရလေ သားလေးရယ်။ အမေတို့ ငါ့သားလေးကို အရာရာ လိုက်ကန့်သတ်ခဲ့တာက သားလေးကို ဘေးမတွေ့စေချင်လို့ပါ။အခုလိုတွေ ဖြစ်လာမယ်မှန်းသာသိရင် အမေတို့သားလေးကို လွတ်လပ်ခွင့်လေးပေးခဲ့မှာပါ။ အခုတော့ ကိုယ်ကျိုးတွေနည်းကုန်ပြီထင်တယ် အဖေကြီးရေ။ ကျွန်မတို့သားလေးကို ဘယ်လိုလုပ်ကြမလဲ "
ဇနီးဖြစ်သူထံမှ ကြေကြေကွဲကွဲ ငိုကြွေးမြည်တမ်းသံကြောင့် မစ္စတာထယ်ဟို မျက်ရည်ထပ်ကျရပြန်သည်။ သားဖြစ်သူကို အကောင်းဆုံးဖြစ်စေချင်၍ လမ်းမှားမရောက်အောင် တားမြစ်ပိတ်ပင်မှုတွေ များစွာလုပ်မိခဲ့ခြင်းက ဒီလိုအကျိုးဆက်တွေ ဖြစ်လာဖို့မဟုတ်ခဲ့။ ယခုအတွက်မူ ဖြစ်သည့်ကိစ္စက ဖြစ်ပြီးနေပြီမို့ အကောင်းဆုံး ရင်ဆိုင်ဖို့သာရှိတော့သည်။
" လောလောဆယ်တော့ သားလေးကို ဒီအတိုင်းပဲ ဆက်ထားလိုက်ပါဦးကွာ။ ကိုယ် စီစဉ်စရာရှိတာတွေ စီစဉ်ပြီးတော့မှပဲ သားကိစ္စကို သေချာလေး ကိုင်တွယ်ကြတာပေါ့။ ကိုယ်တို့သားလေးကို ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံရအောင် ကိုယ် အစွမ်းကုန်လုပ်သွားမယ် "
မစ္စဆူယောင်းလည်း ခင်ပွန်းဖြစ်သူစကားကို ခေါင်းတညိမ်ညိမ့်ဖြင့် နားထောင်ရင်း စကားဆုံးတော့ ခင်ပွန်းဖြစ်သူကို ဖက်ငိုပြန်သည်။ ခင်ပွန်းဖြစ်သူမှာတော့ ထယ်ယောင်း ထိုင်သည့်နေရာဘေးမှ ထည့်ထားသည့်အတိုင်း မလျော့ဘဲရှိနေသော ထမင်းအပြည့်ဖြင့် ထမင်းပန်းကန်လုံးကိုလှမ်းကြည့်ရင်း လေးပင်စွာ သက်ပြင်းချလိုက်မိသည်။ ထမင်းတွေပေါ်မှာတော့ သားဖြစ်သူထည့်ပေးထားသော စားမည့်သူမရှိသည့် ဟင်းများက ပုံလျက်သားပင်။
~~~~~
Unicode - 4133 words
Zawgyi -
Advertisement
- In Serial25 Chapters
HATEFUL SIN
Sin was his name and hate was all he knew. Born under cruel circumstances and treated as if he was the lowest scum to have ever existed, it was impossible for him to know what love was. The only thing that kept him going was the thought, that one day he would be able to return all that he was given, ten fold. ^_^ >. As you can see i suck at writing synopsis, but if you wish feel free to read the first chapter and then you can decide wether you wish to continue reading my first attempt at this genre or you can turn tail and run, whichever you please.
8 84 - In Serial19 Chapters
Earth Ravaged: The Alliance Chronicles Book 1
Originally published on Amazon in 2013, now published here as a serial for the free enjoyment of all. Book 3 to come later this year. This one could also stand a complete re-write with the knowledge and skill I've developed in the interim, and I may do so once I have pushed out chapters for the third book in the series. In the not too distant future, a group of seven people will set out on a mission of exploration to a nearby star system. Their destination is the Tau Ceti system, one of ten planned destinations as part of a new privately-funded space programme, involving many countries across the Earth. However, old problems still exist, and while they make their successful launch, they have no idea what begins to take place at home, what they will face on their journey, and who decides to pay Earth a visit while they are gone.
8 168 - In Serial165 Chapters
The Heart is a Void: Ashes to Ashes
For Karel, the search for power erodes the sense of mercy. When a bug traps players in a new, immersive VRMMO, and begins to undermine the system that protects them from experiencing pain in combat, the players scramble to avoid becoming victimised. Some seek to hide or gain protection in Guilds, others seek power at all costs. Rumours of torture and possibly even real death begin to spread. Many would-be heroes strive to protect themselves and others by becoming powerful mages, mastering the power of the elements, or training at combat with large weapons. While Karel had begun by trying to enhance his mage powers as far as possible, he eventually becomes disillusioned with this as he sees the power of others who use unconventional and amoral means to take advantage of the bugged game. As he explores this new, Free-For-All world, he must turn to cunning and ruthlessness to get ahead.
8.18 215 - In Serial32 Chapters
12 am » poetry
it's 12 am and i'm wide awake---just a short disclaimer from the author in 2021, please do note that this was written by a 15 year old.
8 118 - In Serial34 Chapters
The Hunt
Cecily's blade swung, hitting its mark as always. The man's arm fell to the cold grass of the prison with a familiar thud. He let out a blood curdling scream. A warning to the rest. Stay away, the Hunter is here. That's the name they'd given her, the Hunter. After she cut off the man who tried to rape hers masculinity, they stayed away. She'd made it clear anyone who tried to touch her would be hunted and slaughtered. Cecily kneeled down, pushing the man's face into the dirt so she could use his back as a seat while she trifled through his belongings. "You're hurting my ears," she told him, no remorse in her voice. "Quiet down before I really do kill you."The man but his lip, well aware that she wasn't lying. Sobs shook him, making for an uncomfortable seat. She, however, didn't particularly feel the beed to kill him. It happened, not often, but it did. "Oh, hush up," she hissed, taking out a bag of rations with her metal hand, "it doesn't hurt that bad."With her good, human hand, she dropped the plastic bag of food into her own bag. She pushed up, off the man back. As she was about to walk away, bag slung over her shoulder, brushing against her autumn colored braid, she turned back to him. "Consider yourself lucky," she said, no hatred in her voice, there never was. "Consider yourself lucky that you didn't do anything stupid. And even luckier if one of the scum bagged criminals in here feel a little light in their hearts and help you. Consider yourself luckier if you die there."With that, her old black and white Nike sneakers carried her off into the brush of the huge prison.
8 161 - In Serial16 Chapters
Jackson and Max's wedgie fanfic (Fuller house)
Small stories about mostly Jackson and other guys from the fuller house cast.
8 177

