《Rain On Me (KookV/Completed)》VII. Try not to Fall in Love
Advertisement
Unicode -
ကျွန်တော်နဲ့ဂျောင်ဂု ပြန်တွေ့ပြီး နှစ်ရက်မြောက်နေ့ ကျောင်းပြန်ဖွင့်ချိန်မှာတော့ ဂျောင်ဂုဟာ ကျွန်တော်တို့အတန်းရဲ့ ကျောင်းသားသစ်ဖြစ်လာခဲ့ပြီး ကျွန်တော့်ရဲ့ အခန်းဖော် ဖြစ်လာခဲ့တယ်။ ဒီနေ့လေးမှာပဲ ကျွန်တော် ဒီစာသင်နှစ်မှ သူငယ်ချင်းစလုပ်ခဲ့ရတဲ့ ကျွန်တော့်သူငယ်ချင်း နှစ်ယောက်က ကျွန်တော့်ကို surprise လုပ်ခဲ့ပါတယ်။
" မင်းအတွက် သူငယ်ချင်းထပ်ရပြီဆိုတော့ ငါတို့ မင်းကို ဖုံးကွယ်ထားတာလေး ဖွင့်ပြောချင်တယ် "
ထမင်းစားဆင်းချိန် ဂျောင်ဂုကို ကျွန်တော့်သူငယ်ချင်း နှစ်ယောက်နဲ့ မိတ်ဆက်ပေးနေတုန်း သူတို့ထဲကတစ်ယောက်ဖြစ်တဲ့ နမ်ဂျွန်းက ဒီလို ထူးဆန်းတဲ့စကားကို ပြောလာခဲ့တယ်။ သူ့ဘေးက ဆော့ဂျင်ကလည်း မလုံမလဲ ပုံစံဖြစ်နေတာကြောင့် ကျွန်တော့်မှာ သူတို့ဘာများပြောလာမလဲ တွေးတွေးပြီး ရင်တုန်နေမိတယ်။
" ဘာများလဲ နမ်ဂျွန်း။ မင်းတို့ ငါ့ကို တကယ် မခင်ခဲ့ဘူးလို့တော့ မပြောလိုက်နဲ့နော်။ လျှို့ဝှက်ချက်က အဲ့ဒါဖြစ်နေခဲ့ရင် မင်းတို့ ငါစိတ်ချမ်းသာအောင် မပြောဘဲနေလို့ရမလား "
ကျွန်တော် သူတို့ဆီက ဒီလိုစကားမျိုး ထွက်လာမှာ သေလောက်အောင် ကြောက်နေမိတယ်။ ဘဝမှာ တစ်ကျော့ပြန်အနေနဲ့ သူငယ်ချင်းထပ်ထားဖူးတဲ့ ကျွန်တော့်အတွက် အနားမှာရှိနေပေးခဲ့တဲ့ ဒီသူငယ်ချင်းနှစ်ယောက်ကို အစစ်အမှန် သူငယ်ချင်းပဲ ဖြစ်စေချင်ခဲ့တာ။
" ဟေး မင်းငါတို့ကို အဲ့လို မတွေးလိုက်ပါနဲ့ ထယ်ယောင်းရယ်။ ငါတို့နှစ်ယောက်က မင်းကို တကယ့်စိတ်ရင်းနဲ့ ခင်မင်ခဲ့တာပါကွာ။ အခု ငါတို့ပြောမယ့် လျှို့ဝှက်ချက်ဆိုတာက..."
နမ်ဂျွန်းက ကျွန်တော် ထင်သလိုမဟုတ်ကြောင်း အသည်းအသန် လက်ကာပြပြီး ငြင်းရှာတယ်။ ဒါပေမယ့် သူတို့လျှို့ဝှက်ချက်ကို ထုတ်ပြောခါနီးမှာ နမ်ဂျွန်းတစ်ယောက် ပြောရခက်နေဟန်နဲ့ သူ့စကားကို ခဏရပ်ရင်း ဆော့ဂျင်မျက်နှာကို အကူအညီတောင်းသလို လှမ်းကြည့်ပြန်ပါတယ်။
" အစ်ကိုသာ မရိပ်မိသေးတာ။ ကျွန်တော်ကတော့ သဘောပေါက်သလို ရှိလာပြီ။ ပြောမယ်ဆိုလည်း ပြောတော့လေဗျာ။ ခင်ဗျားတို့မပြောရင် ကျွန်တော် အစ်ကိုထယ့်ကို ကျွန်တော်ထင်မိနေတာတွေ ပြောပြမှာနော် "
လိပ်ခဲတည်းလည်းနဲ့ ရှေ့ဆက်မရနေတဲ့ အခြေအနေကြောင့် ဂျောင်ဂုက စကားဝိုင်းထဲ ဝင်ပါလာရပါပြီ။ သူတောင် ရိပ်မိနေပြီး ကျွန်တော် မရိပ်မိတဲ့အရာက ဘာများဖြစ်နေမလဲ။ ကျွန်တော်ကပဲ အကဲခတ်တာ ညံ့လွန်းနေတာလား။
" ဟေး အဲ့လိုတော့ မလုပ်လိုက်နဲ့ ဂျောင်ဂု။ ငါတို့ဘာသာ သူ့ကို ပြောပြမယ်။ ငါတို့ မင်းကို လျှို့ဝှက်ထားတယ်ဆိုတာက ငါနဲ့ဆော့ဂျင် မင်းမသိအောင် ခိုးတွဲနေတာ တစ်လလောက်ရှိနေပြီဆိုတာကိုပဲ။ ငါတို့နှစ်ယောက်တည်း လျှောက်သွားချင်တာမျိုးရှိပေမယ့် မင်းကို တစ်ယောက်တည်းဖယ်ထားသလို ဖြစ်မှာစိုးလို့ ငါတို့ တိတ်တိ်တ်လေးတွဲပြီး မင်းအနားမှာ ဆက်ရှိပေးခဲ့တာ။ အခု မင်းအတွက် ဂျောင်ဂုရောက်လာပြီဆိုတော့ ငါတို့ တရားဝင်တွဲတော့မယ်။ ငါတို့အတွဲ နှစ်ယောက်တည်း လျှောက်လည်နေတဲ့အချိန် ဂျောင်ဂုက မင်းအတွက် အဖော်လုပ်ပေးလို့ရပြီလေ "
္နမ်ဂျွန်းစကားကြောင့် ကျွန်တော့်မှာ အံ့သြခြင်းရော ဝမ်းသာခြင်းရော တစ်ပြိုင်တည်းဖြစ်ပေါ်လာတယ်။ သူတို့ကြိုက်နေကြတာ ကျွန်တော် မရိပ်မိခဲ့လို့ အံ့သြရသလို ကျွန်တော့်ကိုငဲ့ပြီး သမီးရည်းစားဘဝ အတူသွားလာချင်စိတ်ကို ချိုးနှိမ်ပေးခဲ့ကြတဲ့အထိ ကျွန်တော့်အပေါ် ကောင်းပေးခဲ့ကြလို့ ကြည်နူးဝမ်းသာမိတာလည်း တစ်ဖက်ပေါ့။
" မင်းတို့အတွက် ငါဂုဏ်ပြုပါတယ် သူငယ်ချင်းတို့။ ငါ့ကိုငဲ့ညာပြီး မင်းတို့်တွေ လွတ်လွတ်လပ်လပ် မပျော်ခဲ့ရတဲ့အတွက်လည်း ငါအားနာမိတယ်။ ဘာပဲဖြစ်ဖြစ် ငါ့အတွက် ဂျောင်ဂု ရှိနေပြီဆိုတော့ မင်းတို့ ဒိတ်လုပ်ချင်ရင် အချိန်မရွေး လုပ်လို့ရပြီနော်။ တစ်ခုတော့ မှာချင်တယ်။ မင်း ငါ့သူငယ်ချင်း ေဆာ့ဂျင်ကို အရမ်းမဆူရဘူးနော် နမ်ဂျွန်း။ အနိုင်လည်း မကျင့်မိစေနဲ့ "
ကျွန်တော် နမ်ဂျွန်းကို စနောက်သလိုပြောတော့ နမ်ဂျွန်းက စပ်ဖြီးဖြီးပြုံးပြတယ်။ ေဆာ့ဂျင်ကတော့ အခုထိ ဘာစကားမှ ဝင်မပြောသေးဘဲ ရှက်ရှက်နဲ့ ေခါင်းကြီးငုံ့ထားလေရဲ့။
" တကယ်တမ်းတော့ ငါ့သူ့ကို ချစ်မိသွားတာ အဲ့ဒီကနေ စတယ်ထင်တာပဲ။ ငါအော်လိုက်တိုင်း လန့်ပြီး မျက်နှာငယ်လေးဖြစ်သွားတဲ့ သူ့ပုံရိပ်လေးက ငါ့နှလုံးသားကို တဖြည်းဖြည်းချင်း အပိုင်သိမ်းယူသွားတာ။ ငါတို့တွေ ရည်းစားဖြစ်ကြပြီဆိုတော့ ငါသူ့ကို ထပ်မဆူတော့ဘူး။ သူကပဲ ငါ့သူ့ကို ဆူခဲ့ အော်ခဲ့မိသမျှအတွက် ငါ့ကို အတိုးနဲ့ ပြန်ဆိုးပြမှာ "
နမ်ဂျွန်းစကားကြောင့် ဆော့ဂျင်က ရှက်အားပိုပြီး သူ့ရည်းစားကို လှမ်းရိုက်ပါတော့တယ်။ ရိုက်မယ့်ရိုက် အားပါအောင် မရိုက်ဘဲ ရည်းစားနာမှာကြောက်ပြီး ခပ်ဖွဖွရိုက်တတ်တာမျိုးကတော့ အတွဲတိုင်းလိုလိုမှာ တွေ့ရလေ့ရှိတဲ့ မနာလိုစရာ အကျင့်တစ်ခုပါပဲ။
" အစ်ကို ဒီမှာပဲ စကားထိုင်ပြောနေတော့မှာလား။ ထမင်းစားချိန်မကုန်ခင် နေ့လည်စာသွားယူပြီး စားကြရအောင်လေ။ သူတို့က ပီတိနဲ့ ဗိုက်ပြည့်နေတာဆိုတော့ ထမင်းစားနိုင်ကြမယ် မထင်ဘူး။ လာပါ ကျွန်တော်နဲ့အတူ နေ့လည်စာသွားယူကြမယ် "
သူ့ရှေ့လာပြီး ကဲပြသည်းပြနေတဲ့ နမ်ဂျွန်းတို့အတွဲကို ရွဲ့ချင်တဲ့စိတ်ကြောင့် ဂျောင်ဂုက ပြောပြောဆိုဆို ကျွန်တော့်ကို လက်ဆွဲခေါ်တယ်။ ဒီကောင်လေး သူများအတွဲ ကြည်နူးနေတာကို ဘာတွေကြည့်မရဖြစ်နေသလဲတော့ ကျွန်တော် မသိပါဘူး။ လောလောဆယ်တော့ ကျွန်တော် သူလက်ဆွဲခေါ်ရာနောက် ပါလာခဲ့ပြီဖြစ်ပြီး ထမင်းဟင်းထည့်ပေးတဲ့ အဒေါ်ကြီးတွေဆီမှာ ပန်းကန်ကိုယ်စီနဲ့ နေ့လည်စာသွားယူနေပါပြီ။
" မင်းတို့က တကယ် စိတ်ကြီးပဲနော်။ ငါတို့လိုက်လာတာတောင် မစောင့်ကြဘူး။ ငါတို့လည်း လူပဲ ဗိုက်တော့ ဆာတတ်တာပေါ့ဟ "
Advertisement
အနောက်က အသည်းအသန်လိုက်လာပြီး ထမင်းဟင်းယူဖို့ တန်းစီလာတဲ့ ဒီအတွဲကြောင့် ကျွန်တော်နဲ့ဂျောင်ဂု တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ခိုးရယ်နေမိတယ်။ အတွဲတွေကို ကလိရတဲ့ အရသာက ဘာနဲ့မှ မတူတာကြောင့် ကျွန်တော်တို့ ပျော်နေမိတာလေ။
" မသိဘူးလေဗျာ ကျွန်တော်က ခင်ဗျားတို့ အလိုလိုဗိုက်ပြည့်နေပြီ ထင်တာ "
ဂျောင်ဂုက နောက်တစ်ကြိမ် ရွှတ်နောက်နောက်ပြောရင်း ထမင်းပန်းကန်ယူပြီး စားပွဲဆီပြန်လာခဲ့တယ်။ ကျွန်တော်လည်း ထမင်းဟင်းတွေ ရပြီဖြစ်တာကြောင့် ဂျောင်ဂုနောက်က ပန်းကန်ကိုင်ပြီး လိုက်လာခဲ့ပါတော့တယ်။ ဟိုအတွဲကတော့ ကျွန်တော်တို့နှစ်ယောက် စနေတာကို တကယ်ကြီးခံစားသွားပြီး မျက်နှာငယ်နဲ့ ကျန်နေခဲ့လေရဲ့။
ထမင်းစားခန်းထဲက စားပွဲမှာ နေရာယူပြီးချိန်မှာတော့ ကျွန်တော်တို့နှစ်ယောက် မြိုသိပ်ထားသမျှ ဖွင့်ချရင်း ပေါ့ပေါ့ပါးပါး ရယ်မောမိကြတယ်။ ကျွန်တော် သိပ်မြတ်နိုးရတဲ့ ဂျောင်ဂု မျက်လုံးဝိုင်းဝိုင်းလေးတွေက သူရယ်နေတဲ့အချိန် မှေးစင်းသွားပြီး သူမတူတဲ့ ကြည့်ကောင်းခြင်းမျိုးနဲ့ပါ။
" သြော် လက်စသတ်တော့ မင်းတို့နှစ်ယောက်က ငါတို့အတွဲကို ဝိုင်းကြပ်နေကြတာပေါ့လေ။ ငါတို့မှာတော့ ငါတို့ရည်းစားဖြစ်သွားတာ မင်းတို့ သဘောမကျဖြစ်နေတယ် ထင်လို့။ ဂျောင်ဂုရောက်လာမှပဲ တည်ငြိမ်တဲ့ ငါတို့ထယ်ယောင်းတောင် စနောက်တတ်လာပြီ "
ကျွန်တော်တို့ ရယ်ကြောမပြတ်သေးခင် မရှေးမနှောင်းမှာပဲ နမ်ဂျွန်းတို့စုံတွဲ ပန်းကန်ကိုယ်စီနဲ့ စားပွဲဆီ ပြန်ရောက်လာခဲ့ပြီး နမ်ဂျွန်းက အရွှန်းဖောက်စကားဆိုတယ်။ ကျွန်တော်လည်း သူတို့ကို ဘာမှပြန်မဖြေဖြစ်ဘဲ မျက်နှာကို စပ်ဖြီးဖြီးလုပ်နေခဲ့တယ်။ ဂျောင်ဂုကလည်း ကျွန်တော့်လို စပ်ဖြီးဖြီးမျက်နှာလေးနဲ့ပါပဲ။
ကျွန်တော်တို့ စပ်ဖြီးဖြီးလုပ်နေတာကြောင့် နမ်ဂျွန်းတို့အတွဲလည်း အပြုံးတွေကူးစက်ပြီး ပြုံးစိစိဖြစ်လာခဲ့တယ်။ မမျှော်လင့်ဘဲ တိုင်ပင်ထားသလိုမျိုး လေးယောက်သား တစ်ပြိုင်တည်း ထရယ်အပြီးမှာတော့ အပြန်အလှန် စနောက်တာတွေ ရပ်တန့်လိုက်ပြီး ကျန်နေတဲ့အချိန်ကို နေ့လည်စာစားရင်း ကုန်ဆုံးစေလိုက်ပါတော့တယ်။
#A.N ဘာစကားမှ မပြောရသေးဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ်ချင်လာပြီး တစ်ခန်းလုံး ထရယ်ဖူးတာလေး ပြန်သတိရမိလို့ ဒါလေး ထည့်ရေးဖြစ်သွားတာ။ မှတ်မှတ်ရရ philosophy အချိန် ဆရာသင်တာ ဘယ်သူမှနားမလည်တော့ ဆရာဖုန်းလာလို့ ဖုန်းထွက်ပြောရော ကိုယ်နဲ့အတန်းထဲက လူတွေ တစ်ယောက်မျက်နှာတစ်ယောက် ပြန်ကြည့်ရင်း အလိုလို ထရယ်မိကြတာ။ ဆရာပြန်လာတော့ ကလေးတို့ ဘာတွေရယ်နေကြတာလဲ။ ဆရာ့ကိုပြောပြ..ဆရာလည်း ရယ်ရတာပေါ့တဲ့။ တကယ်ပါ ကိုယ်တွေ ကျပ်မပြည့်ခဲ့တာ တကယ် လက်လံတယ်။
~~~~~xxxxx~~~~~
အစ်ကိုထယ်ယောင်းနဲ့ ပထမဆုံး ကျောင်းအတူတက်ရတဲ့နေ့က ကျွန်တော့်အတွက် စိတ်လှုပ်ရှားရာအပြည့်ပါပဲ။ ကျွန်တော်နေတဲ့နေရာကနေ ကျောင်းကိုရောက်လာတော့ အစ်ကိုအလှလေးက ကျွန်တော့်ကို ကျောင်းဝင်းအဝင်ဝမှာ အပြုံးလေးနဲ့ ဆီးကြိုနေတယ်။
သူ ဘယ်အချိန်တည်းက ကျွန်တော့်ကို စောင့်နေခဲ့သလဲတော့ သေချာမသိပါဘူး။ ဒါပေမယ့် ကျွန်တော့်ကိုဆီးကြိုပေးတဲ့ သူ့အပြုံးလေးကြောင့် ကျွန်တော့်နှလုံးသားတွေ အရည်ပျော်မတတ်ပါပဲ။ ဒါပေမယ့် ဆွန်းအိုဂုံရဲ့ နှလုံးသားကို ဂွန်းဂန်းဂိုနဲ့ ချုပ်နှောင်ထားသလိုမျိုး ကျွန်တော် နှလုံးသားကို ချုပ်နှောင်ထားတဲ့ အချို့သောအရာတွေကြောင့် အစ်ကို့ကို မချစ်မိဖို့ အကြိမ်ကြိမ် သတိပေးနေရပြန်တယ်။
ရွက်ဝါတွေ တဖွဲဖွဲကြွေနေတဲ့ ကျောင်းအဝင်ဝက သစ်ပင်လေးအောက်မှာ ကျွန်တော့်ကိုရပ်စောင့်ပေးနေတဲ့ အစ်ကိုဟာ အညိုရောင်ကုတ်အင်္ကျီလေးကြောင့် ဆောင်းဝက်ဝံညိုလေးလို ချစ်စရာကောင်းနေခဲ့တယ်။ သူကျွန်တော့်ကို ရပ်စောင့်ပေးနေတာက ကျွန်တော့်အပေါ်ထားတဲ့ သူ့ချစ်ခြင်းတွေကို ေဖာ်ပြချင်ပုံလည်း ရတယ်။
" ဂျောင်ဂုရေ ငါဒီမှာနော် "
ချိုသာလွန်းတာထက်ပိုတဲ့ သူ့အသံလေးနဲ့ ကျွန်တော့်ကို လှမ်းခေါ်လိုက်ချိိ်န်ကဆို ကျွန်တော့်နားထဲ သကာရည်လောင်းချလိုက်သလို ချိုမြန်ခြင်းအပြည့်နဲ့...။ နှလုံးသားဆီမှာ မြစ်ဖျားခံပြီး ချစ်ခြင်းမေတ္တာနယ်ကို ဖြတ်စီးလာတဲ့ မြစ်တစ်စင်းရဲ့ သံစဥ်လိုမျိုး ဒီအသံလေးက နားထဲစွဲသွားစေတယ်။
သူကျွန်တော့်ကို အတန်းထဲခေါ်သွားပြီး အတန်းသားတွေနဲ့ မိတ်ဆက်ပေးပြန်တော့ သူ့ချစ်သူကို ပွဲထုတ်နေတဲ့အလား အစ်ကို့မျက်နှာမှာ ကျေနပ်ပီတိတွေအပြည့်။ အစ်ကို့ဘေးခုံက အခြားကျောင်းသားတစ်ယောက်က ကျွန်တော့်အတွက် နေရာလဲပေးချိန်ကဆို နှစ်ယောက်အတူ ေဘးချင်းကပ်ထိုင်ရပြီဆိုပြီး အစ်ကို ပျော်နေခဲ့သေးတာ။
စာသင်နေတဲ့ အချိန်ရောက်ပြန်တော့ အစ်ကိုက ကျွန်တော့်ကို သတိရတိုင်း လှည့်ကြည့်တတ်တယ်။ သူ့ရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာလေးကို ကျွန်တော်ပြန်ငေးကြည့်နေမိတာကိုတော့ အစ်ကို မသိရှာပါဘူး။ သိပ်လှတဲ့ မျက်တောင်စင်းစင်းလေးတွေနဲ့ ဆွဲဆောင်နိုင်လွန်းတဲ့ မျက်ဝန်းညိုတွေက ဘေးတိုက်ခိုးကြည့်တာတောင် ညှို့အားပြင်းလွန်းနေတော့ ကျွန်တော့်မှာ ရူးခါမတတ်ပါပဲ။
အချိန် တဒင်္ဂလေးအတွင်းမှာတောင် ကျွန်တော့်နှလုံးသားကို အကြိမ်ကြိမ် လှုပ်ခါနိုင်စွမ်းရှိတဲ့ အစ်ကို့ကို ဘယ်လိုရူးမိုက်မှုမျိုးနဲ့ မချစ်မိအောင် နေနေရတာလဲ။ တစ်ခါတလေတော့လည်း ကိုယ့်နှလုံးကိုယ်တောင် လွတ်လပ်ခွင့်မရနိုင်တဲ့ ဒီအခြေအနေကို ကျွန်တော် သိပ်မုန်းမိတယ်။
ကျွန်တော် ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းလိုပါပဲ။ ချစ်ချင်တိုင်း ချစ်ခွင့်မရတဲ့ဘဝဟာ ငရဲလိုမျိုး ဆင်းရဲပင်ပန်းပါတယ်။ အခု ကျွန်တော်ရင်ဆိုင်နေရတာက အလှတရားတွေနဲ့ ပြည့်နေတဲ့ အစ်ကိုထယ်ယောင်းဆိုတော့ မချစ်မိအောင်နေရတာ ဘယ်လောက်ထိ ခက်ခဲလွန်းတယ်ဆိုတာ တွေးသာကြည့်ပါတော့..။
ဒီလိုနဲ့ပဲ ထမင်းစားနားချိန် ရောက်လာတော့ အစ်ကိုထယ်က ကျွန်တော့်ကို ဆွဲဆောင်နည်းအမျိုးမျိုးနဲ့ ထပ်ဆွဲဆောင်ပြန်ပါတယ်။ သူ့သူငယ်ချင်းအတွဲကို တက်ညီလက်ညီ စနောက်ကြရင်း နှစ်ယောက်သား အတူရယ်မောနေချိန်က အပြစ်ကင်းစင်ပြီး ပေါ့ပါးကြည်လင်နေတဲ့ အစ်ကို့မျက်နှာလေးကို ကျွန်တော် ထပ်ငေးမောမိသေးတာ။
ဘုရားသခင်ကို တိုက်ရိုက်စကားပြောခွင့်ရှိမယ်ဆိုရင် ဒီလူသားလေးကို ဘယ်လိုများ လက်ရာမြောက်အောင် ဖန်ဆင်းတော်မူခဲ့သလဲဆိုတာ မေးခွန်းထုတ်ကြည့်ချင်မိတယ်။ ဘာလို့ဆို ဘုရားသခင် ဖန်ဆင်းခဲ့သမျှတွေထဲ ထယ်ယောင်းဆိုတဲ့ ဒီလူသားက ကျွန်တော့်အတွက် အပြောင်မြောက်ဆုံး masterpieceလေး ဖြစ်နေလို့ပါ။
Advertisement
ထမင်းအတူ စစားကြတော့ အစ်ကို ထမင်းစားနေတဲ့ ပုံရိပ်လေးကို ကျွန်တော် ထပ်ပြီးငေးမောမိတယ်။ အစ်ကို့နှုတ်ခမ်းဖူးဖူးလေးပေါ် ထမင်းစေ့လေး ကပ်သွားတော့ တစ်မျိုးလေး ကြည့်ကောင်းနေပြန်လို့ ကျွန်တော့်မှာ ထမင်းစေ့ဖယ်ပေးဖို့တောင် မေ့တဲ့အထိ...။
နမ်ဂျွန်းတို့ အစ်ကိုထယ့်ကို သတိပေးလာမှ ကျွန်တော်လည်း ကယ်တင်ရှင်လုပ်ပြီး အစ်ကို့နှုတ်ခမ်းပေါ်က ထမင်းစေ့လေးကို ဖယ်ပေးဖြစ်ခဲ့တယ်။ ကျွန်တော့်ကို သိပ်ချစ်နေရတဲ့ အစ်ကိုက ကျွန်တော့်ဂရုစိုက်မှုလေးရတော့ မျက်ဝန်းတွေက ကြည်နူးမှုအပြည့်နဲ့ ငေးစိုက်ကြည့်လျှက်သား...။
ညှို့နိုင်လွန်းတာထက်ကို ပိုစွမ်းအားပြင်းတဲ့ အစ်ကို့ရဲ့ မျက်ဝန်းညိုတွေအောက်မှာ ကျွန်တော့်နှလုံးသားက အကြိမ်ကြိမ် ဒူးထောက်နေမိတာတောင် စည်းတွေကခြားနေခဲ့ပြန်ပါရော။ ကျွန်တော့်အတွက် ချမှတ်ပေးထားတဲ့ ပုံစံခွက်ထဲက ရုန်းထွက်နိုင်မှသာ ကျွန်တော် အစ်ကို့ကို ချစ်ခွင့်ရှိလာမှာ။
Ting..Tong!
ထမင်းစားနေရင်းမှာပဲ ကျွန်တော့်ဖုန်းဆီက အချက်ပေးသံကြောင့် ဖုန်းကိုထုတ်ကြည့်တော့ ဖုန်းမျက်နှာပြင်ပေါ်က စာတစ်စောင်ကြောင့် အစ်ကိုမမြင်အောင် ဖုန်းကိုကွယ်လိုက်ရပါတယ်။ ဒီစာတစ်စောင်က ကျွန်တော့်နှလုံးသားကို ချုပ်နှောင်ထားတဲ့ အရာတွေနဲ့လည်း သက်ဆိုင်နေခဲ့တယ်။
" ID no.xxxxx xxxမှ လွှဲပို့ငွေ ဝမ်ဆယ်သိန်းအား လက်ခံရရှိပါတယ်။ လုပ်ငန်းစဥ် နံပါတ် xxxxx xxxx "
ဖုန်းမျက်နှာပြင်မှာ ပေါ်နေတဲ့စာကို အစ်ကိုမမြင်အောင် ကာကွယ်လိုက်နိုင်ပေမယ့် မလုံမလဲဖြစ်နေတဲ့ ကျွန်တော့်ပုံစံကြောင့် အစ်ကိုထယ်ယောင်းစိတ်ထဲ တစ်ခုခုထင့်သွားပုံပါပဲ။ သူ့မျက်နှာထားကို ချက်ချင်းပြင်လိုက်ပေမယ့် မျက်မှောင်ကြုံပြီး တစ်ခုခုတွေးလိုက်တဲ့ အစ်ကို့ပုံရိပ်ကို ကျွန်တော် လက်မတင်ကလေး မြင်လိုက်ရတယ်။
Ting...Tong!
နောက်တစ်ကြိမ် ဖုန်းအသံမြည်လာခြင်းနဲ့အတူ စာနောက်တစ်စောင် ထပ်ဝင်လာခဲ့ပြန်တာမို့ ကျွန်တော် မူမပျက်အောင်ဟန်ဆောင်ရင်း စာကို ခိုးဖတ်ရပြန်ပါတယ်။ ဒီစာကလည်း ကျွန်တော့်နှလုံးသားကို ချုပ်နှောင်ထားတဲ့အရာနဲ့ သက်ဆိုင်နေပြန်ပါတယ်။
" မင်းအတွက် ပိုက်ဆံလွှဲလိုက်ပြီ။ ဦးလေးသားကို သေချာ စောင့်ရှောက်ပေးပါဦး "
ကျွန်တော် ရင်ထဲပေါ့သွားအောင် သက်ပြင်းချချင်မိပေမယ့် အစ်ကို့ရှေ့မှာမို့ မြိုသိပ်ထားရပါတယ်။ ပိုက်ဆံမရရင်တောင် အစ်ကို့ကို ကျွန်တော်စောင့်ရှောက်ပေးနိုင်တယ်။ မလွှဲသာလို့ ပိုက်ဆံယူခဲ့ရတာတွေက အစ်ကိုနဲ့ကျွန်တော် ချစ်သူဖြစ်လာတဲ့အခါ ပြန်ပြီး ပြတ်စဲစေလောက်တဲ့အထိ ပြဿနာကြီးနိုင်တာ ကျွန်တော်သိနေခဲ့တာကြောင့်လည်း မချစ်မိအောင် ချုပ်ထိန်းထားခဲ့ရတာ။
ပိုက်ဆံယူမိတာက ပြဿနာမဟုတ်ဘူးလို့ ယူဆလိုက်ရင်တောင် နောက်ကွယ်မှာ ဒီထပ်ပိုကြီးတဲ့ ပြဿနာကြီးရှိနေသေးတာကို ကျွန်တော် သတိထားနေရတာမို့ အစ်ကို့ကို မချစ်မိသွားအောင် ဆက်ကြိုးစားရဦးမယ်။ ဘယ်အချိန်ထိ မချစ်မိအောင် တောင့်ခံထားနိုင်မလဲ မသိနိုင်ပေမယ့်ပေါ့...။
To be continued...
Zawgyi -
ကြၽန္ေတာ္နဲ႔ေဂ်ာင္ဂု ျပန္ေတြ႕ၿပီး ႏွစ္ရက္ေျမာက္ေန႔ ေက်ာင္းျပန္ဖြင့္ခ်ိန္မွာေတာ့ ေဂ်ာင္ဂုဟာ ကြၽန္ေတာ္တို႔အတန္းရဲ႕ ေက်ာင္းသားသစ္ျဖစ္လာခဲ့ၿပီး ကြၽန္ေတာ္႕ရဲ႕ အခန္းေဖာ္ ျဖစ္လာခဲ့တယ္။ ဒီေန႔ေလးမွာပဲ ကြၽန္ေတာ္ ဒီစာသင္ႏွစ္မွ သူငယ္ခ်င္းစလုပ္ခဲ့ရတဲ့ ကြၽန္ေတာ္႕သူငယ္ခ်င္း ႏွစ္ေယာက္က ကြၽန္ေတာ္႕ကို surprise လုပ္ခဲ့ပါတယ္။
" မင္းအတြက္ သူငယ္ခ်င္းထပ္ရၿပီဆိုေတာ့ ငါတို႔ မင္းကို ဖုံးကြယ္ထားတာေလး ဖြင့္ေျပာခ်င္တယ္ "
ထမင္းစားဆင္းခ်ိန္ ေဂ်ာင္ဂုကို ကြၽန္ေတာ္႕သူငယ္ခ်င္း ႏွစ္ေယာက္နဲ႔ မိတ္ဆက္ေပးေနတုန္း သူတို႔ထဲကတစ္ေယာက္ျဖစ္တဲ့ နမ္ဂြၽန္းက ဒီလို ထူးဆန္းတဲ့စကားကို ေျပာလာခဲ့တယ္။ သူ႕ေဘးက ေဆာ့ဂ်င္ကလည္း မလုံမလဲ ပုံစံျဖစ္ေနတာေၾကာင့္ ကြၽန္ေတာ္႕မွာ သူတို႔ဘာမ်ားေျပာလာမလဲ ေတြးေတြးၿပီး ရင္တုန္ေနမိတယ္။
" ဘာမ်ားလဲ နမ္ဂြၽန္း။ မင္းတို႔ ငါ့ကို တကယ္ မခင္ခဲ့ဘူးလို႔ေတာ့ မေျပာလိုက္နဲ႔ေနာ္။ လွ်ိဳ႕ဝွက္ခ်က္က အဲ့ဒါျဖစ္ေနခဲ့ရင္ မင္းတို႔ ငါစိတ္ခ်မ္းသာေအာင္ မေျပာဘဲေနလို႔ရမလား "
ကြၽန္ေတာ္ သူတို႔ဆီက ဒီလိုစကားမ်ိဳး ထြက္လာမွာ ေသေလာက္ေအာင္ ေၾကာက္ေနမိတယ္။ ဘဝမွာ တစ္ေက်ာ့ျပန္အေနနဲ႔ သူငယ္ခ်င္းထပ္ထားဖူးတဲ့ ကြၽန္ေတာ္႕အတြက္ အနားမွာ႐ွိေနေပးခဲ့တဲ့ ဒီသူငယ္ခ်င္းႏွစ္ေယာက္ကို အစစ္အမွန္ သူငယ္ခ်င္းပဲ ျဖစ္ေစခ်င္ခဲ့တာ။
" ေဟး မင္းငါတို႔ကို အဲ့လို မေတြးလိုက္ပါနဲ႔ ထယ္ေယာင္းရယ္။ ငါတို႔ႏွစ္ေယာက္က မင္းကို တကယ့္စိတ္ရင္းနဲ႔ ခင္မင္ခဲ့တာပါကြာ။ အခု ငါတို႔ေျပာမယ့္ လွ်ိဳ႕ဝွက္ခ်က္ဆိုတာက..."
နမ္ဂြၽန္းက ကြၽန္ေတာ္ ထင္သလိုမဟုတ္ေၾကာင္း အသည္းအသန္ လက္ကာျပၿပီး ျငင္း႐ွာတယ္။ ဒါေပမယ့္ သူတို႔လွ်ိဳ႕ဝွက္ခ်က္ကို ထုတ္ေျပာခါနီးမွာ နမ္ဂြၽန္းတစ္ေယာက္ ေျပာရခက္ေနဟန္နဲ႔ သူ႕စကားကို ခဏရပ္ရင္း ေဆာ့ဂ်င္မ်က္ႏွာကို အကူအညီေတာင္းသလို လွမ္းၾကည့္ျပန္ပါတယ္။
" အစ္ကိုသာ မရိပ္မိေသးတာ။ ကြၽန္ေတာ္ကေတာ့ သေဘာေပါက္သလို ႐ွိလာၿပီ။ ေျပာမယ္ဆိုလည္း ေျပာေတာ့ေလဗ်ာ။ ခင္ဗ်ားတို႔မေျပာရင္ ကြၽန္ေတာ္ အစ္ကိုထယ့္ကို ကြၽန္ေတာ္ထင္မိေနတာေတြ ေျပာျပမွာေနာ္ "
လိပ္ခဲတည္းလည္းနဲ႔ ေ႐ွ႕ဆက္မရေနတဲ့ အေျခအေနေၾကာင့္ ေဂ်ာင္ဂုက စကားဝိုင္းထဲ ဝင္ပါလာရပါၿပီ။ သူေတာင္ ရိပ္မိေနၿပီး ကြၽန္ေတာ္ မရိပ္မိတဲ့အရာက ဘာမ်ားျဖစ္ေနမလဲ။ ကြၽန္ေတာ္ကပဲ အကဲခတ္တာ ညံ့လြန္းေနတာလား။
" ေဟး အဲ့လိုေတာ့ မလုပ္လိုက္နဲ႔ ေဂ်ာင္ဂု။ ငါတို႔ဘာသာ သူ႕ကို ေျပာျပမယ္။ ငါတို႔ မင္းကို လွ်ိဳ႕ဝွက္ထားတယ္ဆိုတာက ငါနဲ႔ေဆာ့ဂ်င္ မင္းမသိေအာင္ ခိုးတြဲေနတာ တစ္လေလာက္႐ွိေနၿပီဆိုတာကိုပဲ။ ငါတို႔ႏွစ္ေယာက္တည္း ေလွ်ာက္သြားခ်င္တာမ်ိဳး႐ွိေပမယ့္ မင္းကို တစ္ေယာက္တည္းဖယ္ထားသလို ျဖစ္မွာစိုးလို႔ ငါတို႔ တိတ္တိ္တ္ေလးတြဲၿပီး မင္းအနားမွာ ဆက္႐ွိေပးခဲ့တာ။ အခု မင္းအတြက္ ေဂ်ာင္ဂုေရာက္လာၿပီဆိုေတာ့ ငါတို႔ တရားဝင္တြဲေတာ့မယ္။ ငါတို႔အတြဲ ႏွစ္ေယာက္တည္း ေလွ်ာက္လည္ေနတဲ့အခ်ိန္ ေဂ်ာင္ဂုက မင္းအတြက္ အေဖာ္လုပ္ေပးလို႔ရၿပီေလ "
ၷမ္ဂြၽန္းစကားေၾကာင့္ ကြၽန္ေတာ္႕မွာ အံ့ၾသျခင္းေရာ ဝမ္းသာျခင္းေရာ တစ္ၿပိဳင္တည္းျဖစ္ေပၚလာတယ္။ သူတို႔ႀကိဳက္ေနၾကတာ ကြၽန္ေတာ္ မရိပ္မိခဲ့လို႔ အံ့ၾသရသလို ကြၽန္ေတာ္႕ကိုငဲ့ၿပီး သမီးရည္းစားဘဝ အတူသြားလာခ်င္စိတ္ကို ခ်ိဳးႏွိမ္ေပးခဲ့ၾကတဲ့အထိ ကြၽန္ေတာ္႕အေပၚ ေကာင္းေပးခဲ့ၾကလို႔ ၾကည္ႏူးဝမ္းသာမိတာလည္း တစ္ဖက္ေပါ့။
" မင္းတို႔အတြက္ ငါဂုဏ္ျပဳပါတယ္ သူငယ္ခ်င္းတို႔။ ငါ့ကိုငဲ့ညာၿပီး မင္းတို္႕ေတြ လြတ္လြတ္လပ္လပ္ မေပ်ာ္ခဲ့ရတဲ့အတြက္လည္း ငါအားနာမိတယ္။ ဘာပဲျဖစ္ျဖစ္ ငါ့အတြက္ ေဂ်ာင္ဂု ႐ွိေနၿပီဆိုေတာ့ မင္းတို႔ ဒိတ္လုပ္ခ်င္ရင္ အခ်ိန္မေ႐ြး လုပ္လို႔ရၿပီေနာ္။ တစ္ခုေတာ့ မွာခ်င္တယ္။ မင္း ငါ့သူငယ္ခ်င္း ေဆာ့ဂ်င္ကို အရမ္းမဆူရဘူးေနာ္ နမ္ဂြၽန္း။ အႏိုင္လည္း မက်င့္မိေစနဲ႔ "
ကြၽန္ေတာ္ နမ္ဂြၽန္းကို စေနာက္သလိုေျပာေတာ့ နမ္ဂြၽန္းက စပ္ၿဖီးၿဖီးျပဳံးျပတယ္။ ေဆာ့ဂ်င္ကေတာ့ အခုထိ ဘာစကားမွ ဝင္မေျပာေသးဘဲ ႐ွက္႐ွက္နဲ႔ ေခါင္းႀကီးငုံ႔ထားေလရဲ႕။
" တကယ္တမ္းေတာ့ ငါ့သူ႕ကို ခ်စ္မိသြားတာ အဲ့ဒီကေန စတယ္ထင္တာပဲ။ ငါေအာ္လိုက္တိုင္း လန္႔ၿပီး မ်က္ႏွာငယ္ေလးျဖစ္သြားတဲ့ သူ႕ပုံရိပ္ေလးက ငါ့ႏွလုံးသားကို တျဖည္းျဖည္းခ်င္း အပိုင္သိမ္းယူသြားတာ။ ငါတို႔ေတြ ရည္းစားျဖစ္ၾကၿပီဆိုေတာ့ ငါသူ႕ကို ထပ္မဆူေတာ့ဘူး။ သူကပဲ ငါ့သူ႕ကို ဆူခဲ့ ေအာ္ခဲ့မိသမွ်အတြက္ ငါ့ကို အတိုးနဲ႔ ျပန္ဆိုးျပမွာ "
နမ္ဂြၽန္းစကားေၾကာင့္ ေဆာ့ဂ်င္က ႐ွက္အားပိုၿပီး သူ႕ရည္းစားကို လွမ္း႐ိုက္ပါေတာ့တယ္။ ႐ိုက္မယ့္႐ိုက္ အားပါေအာင္ မ႐ိုက္ဘဲ ရည္းစားနာမွာေၾကာက္ၿပီး ခပ္ဖြဖြ႐ိုက္တတ္တာမ်ိဳးကေတာ့ အတြဲတိုင္းလိုလိုမွာ ေတြ႕ရေလ့႐ွိတဲ့ မနာလိုစရာ အက်င့္တစ္ခုပါပဲ။
" အစ္ကို ဒီမွာပဲ စကားထိုင္ေျပာေနေတာ့မွာလား။ ထမင္းစားခ်ိန္မကုန္ခင္ ေန႔လည္စာသြားယူၿပီး စားၾကရေအာင္ေလ။ သူတို႔က ပီတိနဲ႔ ဗိုက္ျပည့္ေနတာဆိုေတာ့ ထမင္းစားႏိုင္ၾကမယ္ မထင္ဘူး။ လာပါ ကြၽန္ေတာ္နဲ႔အတူ ေန႔လည္စာသြားယူၾကမယ္ "
သူ႕ေ႐ွ႕လာၿပီး ကဲျပသည္းျပေနတဲ့ နမ္ဂြၽန္းတို႔အတြဲကို ႐ြဲ႕ခ်င္တဲ့စိတ္ေၾကာင့္ ေဂ်ာင္ဂုက ေျပာေျပာဆိုဆို ကြၽန္ေတာ္႕ကို လက္ဆြဲေခၚတယ္။ ဒီေကာင္ေလး သူမ်ားအတြဲ ၾကည္ႏူးေနတာကို ဘာေတြၾကည့္မရျဖစ္ေနသလဲေတာ့ ကြၽန္ေတာ္ မသိပါဘူး။ ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္ သူလက္ဆြဲေခၚရာေနာက္ ပါလာခဲ့ၿပီျဖစ္ၿပီး ထမင္းဟင္းထည့္ေပးတဲ့ အေဒၚႀကီးေတြဆီမွာ ပန္းကန္ကိုယ္စီနဲ႔ ေန႔လည္စာသြားယူေနပါၿပီ။
" မင္းတို႔က တကယ္ စိတ္ႀကီးပဲေနာ္။ ငါတို႔လိုက္လာတာေတာင္ မေစာင့္ၾကဘူး။ ငါတို႔လည္း လူပဲ ဗိုက္ေတာ့ ဆာတတ္တာေပါ့ဟ "
အေနာက္က အသည္းအသန္လိုက္လာၿပီး ထမင္းဟင္းယူဖို႔ တန္းစီလာတဲ့ ဒီအတြဲေၾကာင့္ ကြၽန္ေတာ္နဲ႔ေဂ်ာင္ဂု တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း ခိုးရယ္ေနမိတယ္။ အတြဲေတြကို ကလိရတဲ့ အရသာက ဘာနဲ႔မွ မတူတာေၾကာင့္ ကြၽန္ေတာ္တို႔ ေပ်ာ္ေနမိတာေလ။
" မသိဘူးေလဗ်ာ ကြၽန္ေတာ္က ခင္ဗ်ားတို႔ အလိုလိုဗိုက္ျပည့္ေနၿပီ ထင္တာ "
ေဂ်ာင္ဂုက ေနာက္တစ္ႀကိမ္ ႐ႊတ္ေနာက္ေနာက္ေျပာရင္း ထမင္းပန္းကန္ယူၿပီး စားပြဲဆီျပန္လာခဲ့တယ္။ ကြၽန္ေတာ္လည္း ထမင္းဟင္းေတြ ရၿပီျဖစ္တာေၾကာင့္ ေဂ်ာင္ဂုေနာက္က ပန္းကန္ကိုင္ၿပီး လိုက္လာခဲ့ပါေတာ့တယ္။ ဟိုအတြဲကေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ စေနတာကို တကယ္ႀကီးခံစားသြားၿပီး မ်က္ႏွာငယ္နဲ႔ က်န္ေနခဲ့ေလရဲ႕။
ထမင္းစားခန္းထဲက စားပြဲမွာ ေနရာယူၿပီးခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ၿမိဳသိပ္ထားသမွ် ဖြင့္ခ်ရင္း ေပါ့ေပါ့ပါးပါး ရယ္ေမာမိၾကတယ္။ ကြၽန္ေတာ္ သိပ္ျမတ္ႏိုးရတဲ့ ေဂ်ာင္ဂု မ်က္လုံးဝိုင္းဝိုင္းေလးေတြက သူရယ္ေနတဲ့အခ်ိန္ ေမွးစင္းသြားၿပီး သူမတူတဲ့ ၾကည့္ေကာင္းျခင္းမ်ိဳးနဲ႔ပါ။
" ေၾသာ္ လက္စသတ္ေတာ့ မင္းတို႔ႏွစ္ေယာက္က ငါတို႔အတြဲကို ဝိုင္းၾကပ္ေနၾကတာေပါ့ေလ။ ငါတို႔မွာေတာ့ ငါတို႔ရည္းစားျဖစ္သြားတာ မင္းတို႔ သေဘာမက်ျဖစ္ေနတယ္ ထင္လို႔။ ေဂ်ာင္ဂုေရာက္လာမွပဲ တည္ၿငိမ္တဲ့ ငါတို႔ထယ္ေယာင္းေတာင္ စေနာက္တတ္လာၿပီ "
ကြၽန္ေတာ္တို႔ ရယ္ေၾကာမျပတ္ေသးခင္ မေ႐ွးမေႏွာင္းမွာပဲ နမ္ဂြၽန္းတို႔စုံတြဲ ပန္းကန္ကိုယ္စီနဲ႔ စားပြဲဆီ ျပန္ေရာက္လာခဲ့ၿပီး နမ္ဂြၽန္းက အ႐ႊန္းေဖာက္စကားဆိုတယ္။ ကြၽန္ေတာ္လည္း သူတို႔ကို ဘာမွျပန္မေျဖျဖစ္ဘဲ မ်က္ႏွာကို စပ္ၿဖီးၿဖီးလုပ္ေနခဲ့တယ္။ ေဂ်ာင္ဂုကလည္း ကြၽန္ေတာ္႕လို စပ္ၿဖီးၿဖီးမ်က္ႏွာေလးနဲ႔ပါပဲ။
ကြၽန္ေတာ္တို႔ စပ္ၿဖီးၿဖီးလုပ္ေနတာေၾကာင့္ နမ္ဂြၽန္းတို႔အတြဲလည္း အျပဳံးေတြကူးစက္ၿပီး ျပဳံးစိစိျဖစ္လာခဲ့တယ္။ မေမွ်ာ္လင့္ဘဲ တိုင္ပင္ထားသလိုမ်ိဳး ေလးေယာက္သား တစ္ၿပိဳင္တည္း ထရယ္အၿပီးမွာေတာ့ အျပန္အလွန္ စေနာက္တာေတြ ရပ္တန္႔လိုက္ၿပီး က်န္ေနတဲ့အခ်ိန္ကို ေန႔လည္စာစားရင္း ကုန္ဆုံးေစလိုက္ပါေတာ့တယ္။
#A.N ဘာစကားမွ မေျပာရေသးဘဲ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း ရယ္ခ်င္လာၿပီး တစ္ခန္းလုံး ထရယ္ဖူးတာေလး ျပန္သတိရမိလို႔ ဒါေလး ထည့္ေရးျဖစ္သြားတာ။ မွတ္မွတ္ရရ philosophy အခ်ိန္ ဆရာသင္တာ ဘယ္သူမွနားမလည္ေတာ့ ဆရာဖုန္းလာလို႔ ဖုန္းထြက္ေျပာေရာ ကိုယ္နဲ႔အတန္းထဲက လူေတြ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ျပန္ၾကည့္ရင္း အလိုလို ထရယ္မိၾကတာ။ ဆရာျပန္လာေတာ့ ကေလးတို႔ ဘာေတြရယ္ေနၾကတာလဲ။ ဆရာ့ကိုေျပာျပ..ဆရာလည္း ရယ္ရတာေပါ့တဲ့။ တကယ္ပါ ကိုယ္ေတြ က်ပ္မျပည့္ခဲ့တာ တကယ္ လက္လံတယ္။ ~~~~~xxxxx~~~~~
အစ္ကိုထယ္ေယာင္းနဲ႔ ပထမဆုံး ေက်ာင္းအတူတက္ရတဲ့ေန႔က ကြၽန္ေတာ္႕အတြက္ စိတ္လႈပ္႐ွားရာအျပည့္ပါပဲ။ ကြၽန္ေတာ္ေနတဲ့ေနရာကေန ေက်ာင္းကိုေရာက္လာေတာ့ အစ္ကိုအလွေလးက ကြၽန္ေတာ္႕ကို ေက်ာင္းဝင္းအဝင္ဝမွာ အျပဳံးေလးနဲ႔ ဆီးႀကိဳေနတယ္။
သူ ဘယ္အခ်ိန္တည္းက ကြၽန္ေတာ္႕ကို ေစာင့္ေနခဲ့သလဲေတာ့ ေသခ်ာမသိပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္႕ကိုဆီးႀကိဳေပးတဲ့ သူ႕အျပဳံးေလးေၾကာင့္ ကြၽန္ေတာ္႕ႏွလုံးသားေတြ အရည္ေပ်ာ္မတတ္ပါပဲ။ ဒါေပမယ့္ ဆြန္းအိုဂုံရဲ႕ ႏွလုံးသားကို ဂြန္းဂန္းဂိုနဲ႔ ခ်ဳပ္ေႏွာင္ထားသလိုမ်ိဳး ကြၽန္ေတာ္ ႏွလုံးသားကို ခ်ဳပ္ေႏွာင္ထားတဲ့ အခ်ိဳ႕ေသာအရာေတြေၾကာင့္ အစ္ကို႔ကို မခ်စ္မိဖို႔ အႀကိမ္ႀကိမ္ သတိေပးေနရျပန္တယ္။
႐ြက္ဝါေတြ တဖြဲဖြဲေႂကြေနတဲ့ ေက်ာင္းအဝင္ဝက သစ္ပင္ေလးေအာက္မွာ ကြၽန္ေတာ္႕ကိုရပ္ေစာင့္ေပးေနတဲ့ အစ္ကိုဟာ အညိဳေရာင္ကုတ္အက်ႌေလးေၾကာင့္ ေဆာင္းဝက္ဝံညိဳေလးလို ခ်စ္စရာေကာင္းေနခဲ့တယ္။ သူကြၽန္ေတာ္႕ကို ရပ္ေစာင့္ေပးေနတာက ကြၽန္ေတာ္႕အေပၚထားတဲ့ သူ႕ခ်စ္ျခင္းေတြကို ေဖာ္ျပခ်င္ပုံလည္း ရတယ္။
" ေဂ်ာင္ဂုေရ ငါဒီမွာေနာ္ "
ခ်ိဳသာလြန္းတာထက္ပိုတဲ့ သူ႕အသံေလးနဲ႔ ကြၽန္ေတာ္႕ကို လွမ္းေခၚလိုက္ခ်ိိ္န္ကဆို ကြၽန္ေတာ္႕နားထဲ သကာရည္ေလာင္းခ်လိုက္သလို ခ်ိဳျမန္ျခင္းအျပည့္နဲ႔...။ ႏွလုံးသားဆီမွာ ျမစ္ဖ်ားခံၿပီး ခ်စ္ျခင္းေမတၱာနယ္ကို ျဖတ္စီးလာတဲ့ ျမစ္တစ္စင္းရဲ႕ သံစဥ္လိုမ်ိဳး ဒီအသံေလးက နားထဲစြဲသြားေစတယ္။
သူကြၽန္ေတာ္႕ကို အတန္းထဲေခၚသြားၿပီး အတန္းသားေတြနဲ႔ မိတ္ဆက္ေပးျပန္ေတာ့ သူ႕ခ်စ္သူကို ပြဲထုတ္ေနတဲ့အလား အစ္ကို႔မ်က္ႏွာမွာ ေက်နပ္ပီတိေတြအျပည့္။ အစ္ကို႔ေဘးခုံက အျခားေက်ာင္းသားတစ္ေယာက္က ကြၽန္ေတာ္႕အတြက္ ေနရာလဲေပးခ်ိန္ကဆို ႏွစ္ေယာက္အတူ ေဘးခ်င္းကပ္ထိုင္ရၿပီဆိုၿပီး အစ္ကို ေပ်ာ္ေနခဲ့ေသးတာ။
Advertisement
- In Serial60 Chapters
Deep Space Combat School: Nexus
In the deep of space, a fully automated battle school instructs students and prepares them for leadership in the military, politics, and business. But the station holds secrets that none on board suspect, and when things go wrong the students must find answers for themselves.
8 157 - In Serial35 Chapters
Playing Solitaire (Lit-RPG)
Stuck in a game, you say? Been done, move on. But what if you were its only inhabitant, in a game that is slowly being overwritten? Better? In a world disintegrating around her, Arline Johnson is forced from her hammock, onto the road. She'll need to face monsters, AI, and the vagaries of the viewing public in order to find her way home. What's that? Too easy? Well, maybe not. You see, there's one other problem... Arline is a Bard.
8 167 - In Serial9 Chapters
Eternia Memories: 1
Volume 2 and beyond continues here Kato and his two sisters, finally finished with their lifelong training, begin their final year of secondary school free from their duties for Eternia. However, not only are their Eternian overseers still watching over them, their friends and classmates can already see war with the other third-year classes looming on the horizon from day one. Without much choice, they will bring their gang together like they always do to lead their class to victory.
8 262 - In Serial62 Chapters
The Land Of Adventurers
Reincarnation has become a common want for many people that has felt the prickle of reality. Young office workers, highschoolers, or the common avid reader of this genre. But there is a world where it caters this kind of want, a world where almost the wishes of those reincarnation lovers comes true. But in this story it mainly focuses in one high schooler who had a tragic accident that reincarnated him in this world. But, he has no magic, no powers, or anything. He only has his friends, his determination, and a renown warrior 'mother'
8 783 - In Serial24 Chapters
Silent Voice
MCRC Story 4: We have fallen. There is nothing left but revenge and Tina fully intends to get that. With Crispin, her father's assistant, at her side, she swears that she won't stop until they are brought down. However, Crispin's attitude is far from the submissive assistant she thought and Crispin isn't sure how to handle the feelings he has for Tina.
8 122 - In Serial48 Chapters
Endangered
The Lycan race is dying and there's nothing they can do about it but watch their race die out.Since then they have resided in a cave sleeping until they were disturbed by people roaming around. Awoken in a fit of rage the group of Lycans chased out the humans and killed them. Feeding off of the humans got them their strength back unless the host was sick then they would have to fight off the sickness themselves.They decided that the best way to repopulate their species is to breed any and all women. Now all that stand are five lycanthropes who have to adjust to the new world, feed without being discovered, and breed with women. Mortal women.
8 103

