《Amiss Prayer (Zawgyi&Unicode) [Completed]》part-3(တည်ငြိမ်နေသော)
Advertisement
For Unicode
တည်ငြိမ်နေသော
“ အောင်ပိုင်... ငါအလုပ်ထွက်တော့မယ်.. "
“ ဟမ်.. ဘာလို့လဲ.. ဒီအလုပ်ကအဆင်မပြေလို့လား.."
“ မဟုတ်ဘူး..ငါတို့မိသားစုက.. အိမ်ပြောင်းတော့မှာမို့လို့ "
“ အလုပ်ပါထွက်ရလောက်အောင်.. ဘယ်နေရာကို ပြောင်းမှာမို့လို့လဲကွ.. မင်းတို့က.."
“ သီပေါမြို့ကို... "
“ ပြောင်းတတ်လိုက်တာ.. ရန်ကုန်ကလူက ဘယ်လိုလုပ်ပြီး သီပေါမြို့ကအိမ်ကိုရှာတွေ့လဲ..။ ထားပါလေ။ အခုမင်းကထွက်စာတင်တော့မှာပေါ့ "
“ အင်း..."
“ ကိုထက်ကြီးတော့အသည်းကွဲပြီ.. "
သက်တော်ရှည်ရန် ကံပါသည်ထင်သည်။ ပြောရင်းဆိုရင်းပင် ကိုထက်ဝင်လာသည်။ ကိုထက်၀င်လာသည်ကိုတွေ့အခါ မိမိအိမ်ပြောင်းမည့်ကိစ္စအား အောင်ပိုင်က ဦးစွာပြောပြလိုက်သည်။
“ ကိုထက်ကြီးရေ.. မြတ်သူက အလုပ်ထွက်တော့မယ်တဲ့.."
အောင်ပိုင့်စကားကြောင့် ကိုထက်သည် စိုးရိမ်သိလိုမှုများနှင့်မြတ်သူအနားကိုချက်ချင်း ရောက်လာသည်။
“ မြတ်သူ ဘာလို့အလုပ်ထွက်မှာလဲ..။ အဆင်မပြေတာရှိလို့လား.."
“ အလုပ်အဆင်မပြေလို့မဟုတ်ပါဘူး...။ ကျွန်တော်တို့အိမ်ပြောင်းမှာမို့လို့ပါ "
အချစ်က လိုက်လေဝေးလေပါလား။ ရပ်နေတုန်းကလည်း ကိုယ့်ဆီရောက်လာမပါဘူး..။ လိုက်ပြန်တော့လည်း သူကထွက်ပြေးသွားတယ်..။ ခါးသက်လွန်းတဲ့ ကျွန်တော့ဘဝကြီးကို စိတ်နာမိတယ်။ ကိုယ်ကသူတို့တစ်လမ်းကျော်ကို အိမ်ပြောင်းလာတော့ သူကသီပေါကိုပြောင်းမယ်တဲ့လား။
“ မြတ်သူက မလိုက်သွားလို့မရဘူးလား.. "
“ မရဘူးလေ..။ ရှိတာမှ မိသားစုလေးသုံးယောက်တည်းကို "
“ ဪ... အင်းပါ... "
“ ဒီညနှုတ်ဆက်ပွဲလေးလုပ်မလို့..။ မိုး ဆိုင်မှာလေ..။ ကိုထက်လိုက်မှာလား.. "
“ အင်း.. လိုက်ရမှာပေါ့..."
နှုတ်ဆက်ပွဲဟု ဆိုသော်လည်း လူများများစားစားမပါ။ အောင်ပိုင်၊ ကိုထက်၊ အလုပ်မှ အသိအစ်မနှစ်ယောက်ရယ်သာ။
စားသောက်နေစဥ် ကိုထက်ကစကားပြောရန် ဆိုင်အရှေ့သို့ မြတ်သူအားခေါ်ထုတ်သွားသည်။
“ မြတ်သူ... "
“ ဟုတ်... ကိုထက် ပြောလေ.."
“ ကိုယ့်ကိုအဖြေမပေးရသေးဘူးနော်။ ကိုယ့်ကိုဘယ်လိုသဘောထားလဲ..."
အမှန်တိုင်းပြောလိုက်တာပဲကောင်းပါတယ်..။ ကိုယ်ကလည်း နယ်ပြောင်းရတော့မှာဆိုတော့။ သူ့ကိုကြိုးရှည်ရှည်နဲ့လှန်ထားသလိုဖြစ်နေဦးမယ်။ အားမနာတော့ဘူးကိုထက်။
“ကျွန်တော် ကိုထက်ကိုမိတ်ဆွေလိုပဲ သဘောထားပါတယ်"
သူသိပ်ပြတ်သားသည်..။တွေဝေမှုမရှိ.. ပြောလိုက်သည့် စကားသည် မိမိအဖို့ရာ သိပ်နာကျင်လှသည်။
“ နည်းနည်းလေးတောင်မှ မပိုခဲ့တာလားမြတ်သူ "
“ ဟုတ်တယ်ကိုထက်"
“ နှလုံးသားအတွက် ပိုင်ရှင်ရှိနေတာလား.."
“ မရှိပါဘူး "
“ အဲဒါဆို.. ကိုယ့်ကိုကြိုးစားခွင့်ပေးပါလား.."
“ ဒါကတော့.. ကိုထက်အပိုင်းပါ။ ကျွန်တော်ကတော့ ကိုထက်ကို မိတ်ဆွေထက်ပိုလို့မရဘူး။ ကိုထက်နွေးထွေးတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့.. ကျွန်တော့်ရင်ခုန်နှုန်းတွေက ပုံမှန်ပဲဖြစ်နေတယ် ပိုမလာခဲ့ဘူး.."
“ ပိုလာအောင်ကြိုးစားကြည့်ချင်သား.. "
“ အခုလောလောဆယ်တော့.. ဆိုင်ထဲပြန်ဝင်ရအောင်.."
အင်းလေ... ဒါကတော့သူ့အပိုင်းပေါ့..။ ရင်ခုန်သံပိုခြင်း၊ မပိုခြင်းကလည်း ကိုယ့်အပိုင်းမို့လို့ အားတော့နာတယ်ကိုထက်..။ ကိုထက်ကိုမိတ်ဆွေထက် ပိုလို့မရဘူးဖြစ်နေတယ်။
ထိုနေ့ နှုတ်ဆက်စကားဝိုင်းအပြီး တစ်ပတ်ခန့်ကြာသောအခါ မြတ်သူတို့သည် သီပေါမြို့သို့ ရောက်လာခဲ့သည်။
ထူးဆန်းတယ်.. ကိုယ်အခုမှရောက်တဲ့အိမ်ကြီးက ကိုယ်နဲ့ရင်းနှီးနေသလိုပဲ...။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်တော့ နည်းနည်းစိတ်ချောက်ချားစရာကောင်းနေတယ်..။
အပင်များသည်လည်း အုပ်အုပ်စိုင်းစိုင်းနှင့်။ နေရောင်ခြည်မှာလည်း ပျောက်တစ်လှည့် ပေါ်တစ်လှည့်နှင့်။ သီပေါရဲ့အအေးဓာတ်သည်ကလည်း လူအားညှာတာခြင်းမရှိ။
ခက်ဖျော့ဖျော့နေရောင်ခြည်ရယ်.. အအေးဓာတ်ရယ်.. ပတ်ဝန်းကျင်ရဲ့တိတ်ဆိတ်မှုရယ်.. ခြံကြီးရဲ့ကျယ်ဝန်းမှုရယ်.. အားလုံးကိုပေါင်းစပ်လိုက်တဲ့အခါ.. ကြက်သီးတွေပါထတဲ့ထိပဲ။
ကြောက်လားလို့မေးရင် မကြောက်ဘူးနော်။ သရဲဝတ္ထုတွေဖက်ထားတာ အလကားမဟုတ်ဘူး။ အရင်တုန်းကရှိခဲ့တဲ့ ကြောက်စိတ်ဖျောက်တဲ့အနေနဲ့ ခဏခဏဖတ်ထားတာ။
အိမ်နဲ့ခြံရဲ့အခြေအနေကိုလိုက်ကြည့်နေရင်း ကျွန်တော့်အရှေ့ကို ရုတ်တရက်ရောက်လာတဲ့ အဘလည်း ထူးဆန်းနေပြန်တယ်။
“ ကောင်လေး... ကောင်လေးတို့ရောက်ပြီလား..။ အဘကလေ ကောင်လေးကိုမျှော်နေတာ.."
“ ဟမ်.. "
“ ကောင်လေးရယ်.. နေနိုင်တာလိုက်တာကွယ်..
အခုမှပဲပေါ်လာတော့တယ်... "
“ ဗျာ.."
အဘကဘာလို့ကျွန်တော့်ကိုမျှော်နေတာလဲ။ ကျွန်တော့်ကိုသိလိုလား။ သူဘာတွေပြောနေတာလဲ။
အစတည်းအတွေးလွန်နေရကြားထဲ အဘရဲ့စကားကြောင့် အတွေးနယ်ပိုကျွံသွားပြီ။
“ သား.. ဒီအဘက ဒီအိမ်မှာခြံစောင့်လုပ်တာလေ.."
ဪ.. အဲဒါဆို သူပြောနေတာက ပြောင်းလာမယ့် အိမ်ရှင်အသစ်ကိုမျှော်နေတဲ့သဘောနဲ့ ပြောနေတာနေမှာ။
“ လာလာ.. အဘအထုပ်တွေရွှေ့ပေးမယ်.. "
“ နေပါစေအဘ။ ကျွန်တော်ပဲ သယ်ပါ့မယ်.."
“ မဟုတ်တာကွယ်.. အဘ ရွှေ့ပေးပါ့မယ်... "
“ နေနေအဘ... ကျွန်တော်ရွှေ့ပါ့မယ်။ အထုပ်တွေက လေးတော့ အဘမနိုင်မှာစိုးလို့ပါ.. ကျွန်တော်ပဲလုပ်လိုက်မယ်နော်.. "
ထားစရာရှိတာထား၊ သယ်စရာရှိတာသယ်နဲ့အလုပ်တွေလုပ်လိုက်ရတော့ လူကတော်တော်ပင်ပန်းသွားတယ်။ တော်သေးတာပေါ့။ ဟိုအဘတို့မိသားစုက အဆင်သင့်ရှိနေလို့..။ မဟုတ်ရင်မြတ်သူတို့ ဒီနေ့သေပြီပဲ။
ထို့နောက် မောနေသောသားဖြစ်သူအား မိခင်ဖြစ်သူက အအေးလာတိုက်ကာ သားအမိနှစ်ယောက်စကားပြောနေခဲ့သည်။
Advertisement
“ မောနေပြီလားသား.. "
“ နည်းနည်းပါ.. "
“ သား.. ဒီအိမ်ကိုသဘောကျရဲ့လား..."
“ သဘောကျပါတယ်။ အိမ်ကလည်းကျယ်တယ်.. ခြံလေးနဲ့ဆိုတော့ပိုကောင်းတယ်။ ဒါနဲ့မေမေ.. ဒီအိမ်ရဲ့အပြင်အဆင်နဲ့အခန်းပုံစံတွေက ရန်ကုန်ကအိမ်တွေနဲ့မတူဘူးနော်.. "
“ မတူဆို.. ဒီအိမ်မှာဟိုးအရင်တုန်းက စော်ဘွားတွေနေတာတဲ့..."
“ ဪ...အဲဒီစော်ဘွားတွေကရော.. မရှိတော့ဘူးလား.."
“ အင်း..မရှိတော့ဘူးပဲကြားတယ်..."
“ ဪ.. အင်းပါ။ အခုတော့.. သားနားတော့မယ်မေမေ "
“ အေးအေး သားလေး။ ရေချိုးလိုက်ဦးနော်.. "
“ ဟုတ်ကဲ့ မေမေ..."
တော်သေးတာပေါ့...။ ငယ်ငယ်တည်းကရန်ကုန်မှာနေလာတဲ့သူက နေရာသစ်ကိုပြောင်းလာတော့ သားလေးသဘောမကျဘူးထင်နေတာ...။ အခုသဘောကျတယ်ဆိုတော့ အဆင်ပြေတာပေါ့..။ အမေကလည်း အေးအေးချမ်းချမ်းနေချင်တာဆိုတော့ အခုဆိုရင် အားလုံးပြည့်စုံသွားပြီလေ။
မေမေ မေးတော့အဆင်ပြေတယ် သဘောကျတယ်သာပြောခဲ့တာ။ အမှန်က ဒီအိမ်ကအငွေ့အသက်တွေကို နည်းနည်းမကြိုက်ဘူး။ ဘာလို့လဲ.. ဘာလို့နေဖူးနေသလို ရင်းနှီးနေသလိုခံစားရတာလဲ။ ရင်းနှီးနေတဲ့အငွေ့အသက်တွေထဲမှာ ၀မ်းနည်းမှုအရိပ်အရောင်တွေ ပါနေသလိုပဲ။ ရင်းနှီးတယ်ဆိုပေမဲ့ နည်းနည်းမွန်းကျပ်နေသလိုပဲ..။ ထားပါလေ..ကိုယ်ကစစရောက်တာမို့လို့ နေသားမကျသေးတာနေမှာပါ။ နောက်တော့နေသားကျသွားမှာပါလေ။
ထိုအတွေးများကို ဖြေရင်းအိပ်စက်ခြင်းဆီသို့..
“ ဟိတ်.. ထတော့လေ။ ညနေစောင်းနေပြီ.. ထတော့နော် "
အောရှရှအသံတစ်ခုကြားပြီးနောက် လန့်နိုးလာခဲ့သည်က ကျွန်တော်ပင်။ နှိုးသွားသူကိုမူ ရှာမတွေ့ခဲ့။
ဘယ်သူလာနှိုးသွားတာလဲ။ အခန်းအပြင်ထွက်ကြည့်တော့လည်း အရိပ်အယောင်တောင်မတွေ့။ ဒါမှမဟုတ် အိပ်မက်မက်တာလား...။ အင်း..အိပ်မက်ပဲနေမှာပါ...။
အိပ်ရာမှထသောအခါ လူကနုံးနေသည်မို့လန်းဆန်းသွားစေရန် ရေချိုးလိုက်သည်။ ရေချိုးပြီးနောက် အဝတ်အစားလဲသောအခါတွင်လည်း နောက်ကျောမလုံသကဲ့သို့ ခံစားနေရသည်။ တစ်ယောက်ယောက်မှကြည့်နေသည်ဟု စိတ်ထဲတွင် ထင်နေသည်။ သို့သော်.. မိမိအခန်းထဲတွင်လည်း မိမိတစ်ယောက်တည်းသာ ရှိပါသည်။ အခန်းတွင်းမှ ပတ်၀န်းကျင်ကို လှည့်လည်ကြည့်ရှုသော်လည်း မည်သူကိုမျှမတွေ့။ ထို့ကြောင့်သာ အဝတ်အစားကို လျင်မြန်စွာလဲပြီး အိမ်အောက်ကိုဆင်းရန် တံခါးကိုဖွင့်လိုက်သောအခါ အရိပ်တစ်ခုသည် မိမိအရှေ့မှရိပ်ခနဲဖြတ်သွားသည်။ ကြက်သီးများလည်းထကာ ကျောချမ်းလာသည်။
ငါဘာတွေဖြစ်နေတာလဲ။ ငါပဲထူးဆန်းနေတာလား..။ ဒီအိမ်ကပဲထူးဆန်းနေတာလား...။ ကျစ်..စိတ်ရှုပ်လိုက်တာ..။ ဘာတွေကို အဆန်းတကြယ်တွေ့ရဦးမှာလဲမသိဘူး။
အိမ်အောက်ထပ်ကိုဆင်းရင်းပင် အိမ်ရှေ့တံခါးပေါက်မှသည် ခြံထဲသို့ လှမ်းကြည့်လိုက်သောအခါ ပို၍ထူးဆန်းမှုတစ်ခုအား ထပ်၍တွေ့ရပြန်ပါသည်။
ခြံစောင့်သောအဘသည် သစ်ရွက်ခြောက်များကိုမီးရှို့ရင်း တစ်ယောက်တည်းပြုံးနေသည်။ ထို့နောက် တစ်ယောက်တည်းစကားပြောနေပြန်သည်။
မဟုတ်တော့ဘူး..။ ငါထူးဆန်းတာမဟုတ်တော့ဘူး။ သေချာပေါက်ဒီအိမ်နဲ့ ဒီအိမ်ကလူတွေထူးဆန်းနေတာ။
ဟုတ်ပါသည်။ မြတ်သူ ထူးဆန်းနေသည်မဟုတ်ပါ။ ထိုအိမ်မှထူးဆန်းနေခြင်းသာဖြစ်သည်။ ထိုအိမ်ကြီးသည် ထူးဆန်းချင်ကောင်းထူးဆန်းလိမ့်မည်။ ထိုသို့ထူးဆန်းနေခြင်းက မြတ်သူကြောင့်သာဖြစ်သည်..။
ခြံစောင့်အဘ၏ ထူးဆန်းသောအမူအရာကို မြတ်သူမြင်ပါသည်..။ သို့သော်.. ခြံစောင့်အဘ၏ ထူးဆန်းသောစကားကိုမူ မြတ်သူမကြားရခဲ့။ ထိုသူပြောနေသည်က...
“ နောက်ဆုံးတော့ သခင်လေးအနားကို သူက ခန္ဓာအသစ်နဲ့အပြန်ရောက်လာပြီပေါ့...။ သခင်လေးစောင့်ရကျိုးနပ်ပြီနော်။ ကျွန်တော်သိပါတယ်..သခင်လေးအရမ်းပျော်နေမှာ။ သခင်လေးကအရမ်းသစ္စာရှိတယ်...။ သူက အခုထိကောင်လေးပြန်လာမယ့် ရက်ကိုစောင့်နေတာ။ အခုတော့..သခင်လေးဆုတောင်းတွေပြည့်ပြီနော်..။ သခင်လေးတို့ရေစက်ကထူးဆန်းလိုက်တာဗျာ။ သစ္စာရှိရှိစောင့်နေတဲ့သူကလည်း စောင့်နေတယ်။ ပြန်လာတဲ့သူကလည်း ပြန်လာတယ်...။ ရေစက်များမကုန်သေးတော့လဲပြန်ဆုံရဦးမှာပေါ့ "
“ အို... သခင်လေးရယ်.. ပြုံးနေလိုက်တာ..။ အနှစ်ငါးဆယ်ကျော်ကြာ မမြင်ရတာကြာပြီဖြစ်တဲ့ သခင်လေးရဲ့အပြုံးတွေက အခုအချိန်အထိခန့်ညားနေတုန်းပဲ.."
ခြံစောင့်အဘ၏ ထိုစကားသံအား မြတ်သူမကြားသကဲ့သို့ ခြံစောင့်အဘ၏ အရှေ့တွင် ရပ်နေသောသူကိုလည်း မြတ်သူမမြင်ခဲ့ပေ။
မြတ်သူမှ ထိုသူကိုမမြင်သော်လည်း ထိုသူသည်က ခြံထဲမှနေ၍ မြတ်သူကိုလှမ်းကြည့်နေသည်။ ကြည့်နေရုံသာမဟုတ်။ အလှပဆုံးပြုံးနေသေးသည်။
For Zawgyi
တည္ၿငိမ္ေနေသာ
“ ေအာင္ပိုင္... ငါအလုပ္ထြက္ေတာ့မယ္.. "
“ ဟမ္.. ဘာလို႔လဲ.. ဒီအလုပ္ကအဆင္မေျပလို႔လား.."
“ မဟုတ္ဘူး..ငါတို႔မိသားစုက.. အိမ္ေျပာင္းေတာ့မွာမို႔လို႔ "
“ အလုပ္ပါထြက္ရေလာက္ေအာင္.. ဘယ္ေနရာကို ေျပာင္းမွာမို႔လို႔လဲကြ.. မင္းတို႔က.."
“ သီေပါၿမိဳ႕ကို... "
“ ေျပာင္းတတ္လိုက္တာ.. ရန္ကုန္ကလူက ဘယ္လိုလုပ္ၿပီး သီေပါၿမိဳ႕ကအိမ္ကိုရွာေတြ႕လဲ..။ ထားပါေလ။ အခုမင္းကထြက္စာတင္ေတာ့မွာေပါ့ "
“ အင္း..."
“ ကိုထက္ႀကီးေတာ့အသည္းကြဲၿပီ.. "
သက္ေတာ္ရွည္ရန္ ကံပါသည္ထင္သည္။ ေျပာရင္းဆိုရင္းပင္ ကိုထက္ဝင္လာသည္။ ကိုထက္၀င္လာသည္ကိုေတြ႕အခါ မိမိအိမ္ေျပာင္းမည့္ကိစၥအား ေအာင္ပိုင္က ဦးစြာေျပာျပလိုက္သည္။
“ ကိုထက္ႀကီးေရ.. ျမတ္သူက အလုပ္ထြက္ေတာ့မယ္တဲ့.."
ေအာင္ပိုင့္စကားေၾကာင့္ ကိုထက္သည္ စိုးရိမ္သိလိုမႈမ်ားႏွင့္ျမတ္သူအနားကိုခ်က္ခ်င္း ေရာက္လာသည္။
“ ျမတ္သူ ဘာလို႔အလုပ္ထြက္မွာလဲ..။ အဆင္မေျပတာရွိလို႔လား.."
“ အလုပ္အဆင္မေျပလို႔မဟုတ္ပါဘူး...။ ကြၽန္ေတာ္တို႔အိမ္ေျပာင္းမွာမို႔လို႔ပါ "
အခ်စ္က လိုက္ေလေဝးေလပါလား။ ရပ္ေနတုန္းကလည္း ကိုယ့္ဆီေရာက္လာမပါဘူး..။ လိုက္ျပန္ေတာ့လည္း သူကထြက္ေျပးသြားတယ္..။ ခါးသက္လြန္းတဲ့ ကြၽန္ေတာ့ဘဝႀကီးကို စိတ္နာမိတယ္။ ကိုယ္ကသူတို႔တစ္လမ္းေက်ာ္ကို အိမ္ေျပာင္းလာေတာ့ သူကသီေပါကိုေျပာင္းမယ္တဲ့လား။
Advertisement
“ ျမတ္သူက မလိုက္သြားလို႔မရဘူးလား.. "
“ မရဘူးေလ..။ ရွိတာမွ မိသားစုေလးသုံးေယာက္တည္းကို "
“ ဪ... အင္းပါ... "
“ ဒီညႏႈတ္ဆက္ပြဲေလးလုပ္မလို႔..။ မိုး ဆိုင္မွာေလ..။ ကိုထက္လိုက္မွာလား.. "
“ အင္း.. လိုက္ရမွာေပါ့..."
ႏႈတ္ဆက္ပြဲဟု ဆိုေသာ္လည္း လူမ်ားမ်ားစားစားမပါ။ ေအာင္ပိုင္၊ ကိုထက္၊ အလုပ္မွ အသိအစ္မႏွစ္ေယာက္ရယ္သာ။
စားေသာက္ေနစဥ္ ကိုထက္ကစကားေျပာရန္ ဆိုင္အေရွ႕သို႔ ျမတ္သူအားေခၚထုတ္သြားသည္။
“ ျမတ္သူ... "
“ ဟုတ္... ကိုထက္ ေျပာေလ.."
“ ကိုယ့္ကိုအေျဖမေပးရေသးဘူးေနာ္။ ကိုယ့္ကိုဘယ္လိုသေဘာထားလဲ..."
အမွန္တိုင္းေျပာလိုက္တာပဲေကာင္းပါတယ္..။ ကိုယ္ကလည္း နယ္ေျပာင္းရေတာ့မွာဆိုေတာ့။ သူ႔ကိုႀကိဳးရွည္ရွည္နဲ႔လွန္ထားသလိုျဖစ္ေနဦးမယ္။ အားမနာေတာ့ဘူးကိုထက္။
“ကြၽန္ေတာ္ ကိုထက္ကိုမိတ္ေဆြလိုပဲ သေဘာထားပါတယ္"
သူသိပ္ျပတ္သားသည္..။ေတြေဝမႈမရွိ.. ေျပာလိုက္သည့္ စကားသည္ မိမိအဖို႔ရာ သိပ္နာက်င္လွသည္။
“ နည္းနည္းေလးေတာင္မွ မပိုခဲ့တာလားျမတ္သူ "
“ ဟုတ္တယ္ကိုထက္"
“ ႏွလုံးသားအတြက္ ပိုင္ရွင္ရွိေနတာလား.."
“ မရွိပါဘူး "
“ အဲဒါဆို.. ကိုယ့္ကိုႀကိဳးစားခြင့္ေပးပါလား.."
“ ဒါကေတာ့.. ကိုထက္အပိုင္းပါ။ ကြၽန္ေတာ္ကေတာ့ ကိုထက္ကို မိတ္ေဆြထက္ပိုလို႔မရဘူး။ ကိုထက္ေႏြးေထြးတာကို ကြၽန္ေတာ္သိပါတယ္။ ဒါေပမဲ့.. ကြၽန္ေတာ့္ရင္ခုန္ႏႈန္းေတြက ပုံမွန္ပဲျဖစ္ေနတယ္ ပိုမလာခဲ့ဘူး.."
“ ပိုလာေအာင္ႀကိဳးစားၾကည့္ခ်င္သား.. "
“ အခုေလာေလာဆယ္ေတာ့.. ဆိုင္ထဲျပန္ဝင္ရေအာင္.."
အင္းေလ... ဒါကေတာ့သူ႔အပိုင္းေပါ့..။ ရင္ခုန္သံပိုျခင္း၊ မပိုျခင္းကလည္း ကိုယ့္အပိုင္းမို႔လို႔ အားေတာ့နာတယ္ကိုထက္..။ ကိုထက္ကိုမိတ္ေဆြထက္ ပိုလို႔မရဘူးျဖစ္ေနတယ္။
ထိုေန႔ ႏႈတ္ဆက္စကားဝိုင္းအၿပီး တစ္ပတ္ခန႔္ၾကာေသာအခါ ျမတ္သူတို႔သည္ သီေပါၿမိဳ႕သို႔ ေရာက္လာခဲ့သည္။
ထူးဆန္းတယ္.. ကိုယ္အခုမွေရာက္တဲ့အိမ္ႀကီးက ကိုယ္နဲ႔ရင္းႏွီးေနသလိုပဲ...။ ပတ္ဝန္းက်င္ကလည္း တိတ္ဆိတ္ေတာ့ နည္းနည္းစိတ္ေခ်ာက္ခ်ားစရာေကာင္းေနတယ္..။
အပင္မ်ားသည္လည္း အုပ္အုပ္စိုင္းစိုင္းႏွင့္။ ေနေရာင္ျခည္မွာလည္း ေပ်ာက္တစ္လွည့္ ေပၚတစ္လွည့္ႏွင့္။ သီေပါရဲ႕အေအးဓာတ္သည္ကလည္း လူအားညႇာတာျခင္းမရွိ။
ခက္ေဖ်ာ့ေဖ်ာ့ေနေရာင္ျခည္ရယ္.. အေအးဓာတ္ရယ္.. ပတ္ဝန္းက်င္ရဲ႕တိတ္ဆိတ္မႈရယ္.. ၿခံႀကီးရဲ႕က်ယ္ဝန္းမႈရယ္.. အားလုံးကိုေပါင္းစပ္လိုက္တဲ့အခါ.. ၾကက္သီးေတြပါထတဲ့ထိပဲ။
ေၾကာက္လားလို႔ေမးရင္ မေၾကာက္ဘူးေနာ္။ သရဲဝတၳဳေတြဖက္ထားတာ အလကားမဟုတ္ဘူး။ အရင္တုန္းကရွိခဲ့တဲ့ ေၾကာက္စိတ္ေဖ်ာက္တဲ့အေနနဲ႔ ခဏခဏဖတ္ထားတာ။
အိမ္နဲ႔ၿခံရဲ႕အေျခအေနကိုလိုက္ၾကည့္ေနရင္း ကြၽန္ေတာ့္အေရွ႕ကို ႐ုတ္တရက္ေရာက္လာတဲ့ အဘလည္း ထူးဆန္းေနျပန္တယ္။
“ ေကာင္ေလး... ေကာင္ေလးတို႔ေရာက္ၿပီလား..။ အဘကေလ ေကာင္ေလးကိုေမွ်ာ္ေနတာ.."
“ ဟမ္.. "
“ ေကာင္ေလးရယ္.. ေနႏိုင္တာလိုက္တာကြယ္..
အခုမွပဲေပၚလာေတာ့တယ္... "
“ ဗ်ာ.."
အဘကဘာလို႔ကြၽန္ေတာ့္ကိုေမွ်ာ္ေနတာလဲ။ ကြၽန္ေတာ့္ကိုသိလိုလား။ သူဘာေတြေျပာေနတာလဲ။
အစတည္းအေတြးလြန္ေနရၾကားထဲ အဘရဲ႕စကားေၾကာင့္ အေတြးနယ္ပိုကြၽံသြားၿပီ။
“ သား.. ဒီအဘက ဒီအိမ္မွာၿခံေစာင့္လုပ္တာေလ.."
ဪ.. အဲဒါဆို သူေျပာေနတာက ေျပာင္းလာမယ့္ အိမ္ရွင္အသစ္ကိုေမွ်ာ္ေနတဲ့သေဘာနဲ႔ ေျပာေနတာေနမွာ။
“ လာလာ.. အဘအထုပ္ေတြေ႐ႊ႕ေပးမယ္.. "
“ ေနပါေစအဘ။ ကြၽန္ေတာ္ပဲ သယ္ပါ့မယ္.."
“ မဟုတ္တာကြယ္.. အဘ ေ႐ႊ႕ေပးပါ့မယ္... "
“ ေနေနအဘ... ကြၽန္ေတာ္ေ႐ႊ႕ပါ့မယ္။ အထုပ္ေတြက ေလးေတာ့ အဘမႏိုင္မွာစိုးလို႔ပါ.. ကြၽန္ေတာ္ပဲလုပ္လိုက္မယ္ေနာ္.. "
ထားစရာရွိတာထား၊ သယ္စရာရွိတာသယ္နဲ႔အလုပ္ေတြလုပ္လိုက္ရေတာ့ လူကေတာ္ေတာ္ပင္ပန္းသြားတယ္။ ေတာ္ေသးတာေပါ့။ ဟိုအဘတို႔မိသားစုက အဆင္သင့္ရွိေနလို႔..။ မဟုတ္ရင္ျမတ္သူတို႔ ဒီေန႔ေသၿပီပဲ။
ထို႔ေနာက္ ေမာေနေသာသားျဖစ္သူအား မိခင္ျဖစ္သူက အေအးလာတိုက္ကာ သားအမိႏွစ္ေယာက္စကားေျပာေနခဲ့သည္။
“ ေမာေနၿပီလားသား.. "
“ နည္းနည္းပါ.. "
“ သား.. ဒီအိမ္ကိုသေဘာက်ရဲ႕လား..."
“ သေဘာက်ပါတယ္။ အိမ္ကလည္းက်ယ္တယ္.. ၿခံေလးနဲ႔ဆိုေတာ့ပိုေကာင္းတယ္။ ဒါနဲ႔ေမေမ.. ဒီအိမ္ရဲ႕အျပင္အဆင္နဲ႔အခန္းပုံစံေတြက ရန္ကုန္ကအိမ္ေတြနဲ႔မတူဘူးေနာ္.. "
“ မတူဆို.. ဒီအိမ္မွာဟိုးအရင္တုန္းက ေစာ္ဘြားေတြေနတာတဲ့..."
“ ဪ...အဲဒီေစာ္ဘြားေတြကေရာ.. မရွိေတာ့ဘူးလား.."
“ အင္း..မရွိေတာ့ဘူးပဲၾကားတယ္..."
“ ဪ.. အင္းပါ။ အခုေတာ့.. သားနားေတာ့မယ္ေမေမ "
“ ေအးေအး သားေလး။ ေရခ်ိဳးလိုက္ဦးေနာ္.. "
“ ဟုတ္ကဲ့ ေမေမ..."
ေတာ္ေသးတာေပါ့...။ ငယ္ငယ္တည္းကရန္ကုန္မွာေနလာတဲ့သူက ေနရာသစ္ကိုေျပာင္းလာေတာ့ သားေလးသေဘာမက်ဘူးထင္ေနတာ...။ အခုသေဘာက်တယ္ဆိုေတာ့ အဆင္ေျပတာေပါ့..။ အေမကလည္း ေအးေအးခ်မ္းခ်မ္းေနခ်င္တာဆိုေတာ့ အခုဆိုရင္ အားလုံးျပည့္စုံသြားၿပီေလ။
ေမေမ ေမးေတာ့အဆင္ေျပတယ္ သေဘာက်တယ္သာေျပာခဲ့တာ။ အမွန္က ဒီအိမ္ကအေငြ႕အသက္ေတြကို နည္းနည္းမႀကိဳက္ဘူး။ ဘာလို႔လဲ.. ဘာလို႔ေနဖူးေနသလို ရင္းႏွီးေနသလိုခံစားရတာလဲ။ ရင္းႏွီးေနတဲ့အေငြ႕အသက္ေတြထဲမွာ ၀မ္းနည္းမႈအရိပ္အေရာင္ေတြ ပါေနသလိုပဲ။ ရင္းႏွီးတယ္ဆိုေပမဲ့ နည္းနည္းမြန္းက်ပ္ေနသလိုပဲ..။ ထားပါေလ..ကိုယ္ကစစေရာက္တာမို႔လို႔ ေနသားမက်ေသးတာေနမွာပါ။ ေနာက္ေတာ့ေနသားက်သြားမွာပါေလ။
ထိုအေတြးမ်ားကို ေျဖရင္းအိပ္စက္ျခင္းဆီသို႔..
“ ဟိတ္.. ထေတာ့ေလ။ ညေနေစာင္းေနၿပီ.. ထေတာ့ေနာ္ "
ေအာရွရွအသံတစ္ခုၾကားၿပီးေနာက္ လန႔္ႏိုးလာခဲ့သည္က ကြၽန္ေတာ္ပင္။ ႏႈိးသြားသူကိုမူ ရွာမေတြ႕ခဲ့။
ဘယ္သူလာႏႈိးသြားတာလဲ။ အခန္းအျပင္ထြက္ၾကည့္ေတာ့လည္း အရိပ္အေယာင္ေတာင္မေတြ႕။ ဒါမွမဟုတ္ အိပ္မက္မက္တာလား...။ အင္း..အိပ္မက္ပဲေနမွာပါ...။
အိပ္ရာမွထေသာအခါ လူကႏုံးေနသည္မို႔လန္းဆန္းသြားေစရန္ ေရခ်ိဳးလိုက္သည္။ ေရခ်ိဳးၿပီးေနာက္ အဝတ္အစားလဲေသာအခါတြင္လည္း ေနာက္ေက်ာမလုံသကဲ့သို႔ ခံစားေနရသည္။ တစ္ေယာက္ေယာက္မွၾကည့္ေနသည္ဟု စိတ္ထဲတြင္ ထင္ေနသည္။ သို႔ေသာ္.. မိမိအခန္းထဲတြင္လည္း မိမိတစ္ေယာက္တည္းသာ ရွိပါသည္။ အခန္းတြင္းမွ ပတ္၀န္းက်င္ကို လွည့္လည္ၾကည့္ရႈေသာ္လည္း မည္သူကိုမွ်မေတြ႕။ ထို႔ေၾကာင့္သာ အဝတ္အစားကို လ်င္ျမန္စြာလဲၿပီး အိမ္ေအာက္ကိုဆင္းရန္ တံခါးကိုဖြင့္လိုက္ေသာအခါ အရိပ္တစ္ခုသည္ မိမိအေရွ႕မွရိပ္ခနဲျဖတ္သြားသည္။ ၾကက္သီးမ်ားလည္းထကာ ေက်ာခ်မ္းလာသည္။
ငါဘာေတြျဖစ္ေနတာလဲ။ ငါပဲထူးဆန္းေနတာလား..။ ဒီအိမ္ကပဲထူးဆန္းေနတာလား...။ က်စ္..စိတ္ရႈပ္လိုက္တာ..။ ဘာေတြကို အဆန္းတၾကယ္ေတြ႕ရဦးမွာလဲမသိဘူး။
အိမ္ေအာက္ထပ္ကိုဆင္းရင္းပင္ အိမ္ေရွ႕တံခါးေပါက္မွသည္ ၿခံထဲသို႔ လွမ္းၾကည့္လိုက္ေသာအခါ ပို၍ထူးဆန္းမႈတစ္ခုအား ထပ္၍ေတြ႕ရျပန္ပါသည္။
ၿခံေစာင့္ေသာအဘသည္ သစ္႐ြက္ေျခာက္မ်ားကိုမီးရႈိ႕ရင္း တစ္ေယာက္တည္းၿပဳံးေနသည္။ ထို႔ေနာက္ တစ္ေယာက္တည္းစကားေျပာေနျပန္သည္။
မဟုတ္ေတာ့ဘူး..။ ငါထူးဆန္းတာမဟုတ္ေတာ့ဘူး။ ေသခ်ာေပါက္ဒီအိမ္နဲ႔ ဒီအိမ္ကလူေတြထူးဆန္းေနတာ။
ဟုတ္ပါသည္။ ျမတ္သူ ထူးဆန္းေနသည္မဟုတ္ပါ။ ထိုအိမ္မွထူးဆန္းေနျခင္းသာျဖစ္သည္။ ထိုအိမ္ႀကီးသည္ ထူးဆန္းခ်င္ေကာင္းထူးဆန္းလိမ့္မည္။ ထိုသို႔ထူးဆန္းေနျခင္းက ျမတ္သူေၾကာင့္သာျဖစ္သည္..။
ၿခံေစာင့္အဘ၏ ထူးဆန္းေသာအမူအရာကို ျမတ္သူျမင္ပါသည္..။ သို႔ေသာ္.. ၿခံေစာင့္အဘ၏ ထူးဆန္းေသာစကားကိုမူ ျမတ္သူမၾကားရခဲ့။ ထိုသူေျပာေနသည္က...
“ ေနာက္ဆုံးေတာ့ သခင္ေလးအနားကို သူက ခႏၶာအသစ္နဲ႔အျပန္ေရာက္လာၿပီေပါ့...။ သခင္ေလးေစာင့္ရက်ိဳးနပ္ၿပီေနာ္။ ကြၽန္ေတာ္သိပါတယ္..သခင္ေလးအရမ္းေပ်ာ္ေနမွာ။ သခင္ေလးကအရမ္းသစၥာရွိတယ္...။ သူက အခုထိေကာင္ေလးျပန္လာမယ့္ ရက္ကိုေစာင့္ေနတာ။ အခုေတာ့..သခင္ေလးဆုေတာင္းေတြျပည့္ၿပီေနာ္..။ သခင္ေလးတို႔ေရစက္ကထူးဆန္းလိုက္တာဗ်ာ။ သစၥာရွိရွိေစာင့္ေနတဲ့သူကလည္း ေစာင့္ေနတယ္။ ျပန္လာတဲ့သူကလည္း ျပန္လာတယ္...။ ေရစက္မ်ားမကုန္ေသးေတာ့လဲျပန္ဆုံရဦးမွာေပါ့ "
“ အို... သခင္ေလးရယ္.. ၿပဳံးေနလိုက္တာ..။ အႏွစ္ငါးဆယ္ေက်ာ္ၾကာ မျမင္ရတာၾကာၿပီျဖစ္တဲ့ သခင္ေလးရဲ႕အၿပဳံးေတြက အခုအခ်ိန္အထိခန္႔ညားေနတုန္းပဲ.."
ၿခံေစာင့္အဘ၏ ထိုစကားသံအား ျမတ္သူမၾကားသကဲ့သို႔ ၿခံေစာင့္အဘ၏ အေရွ႕တြင္ ရပ္ေနေသာသူကိုလည္း ျမတ္သူမျမင္ခဲ့ေပ။
ျမတ္သူမွ ထိုသူကိုမျမင္ေသာ္လည္း ထိုသူသည္က ၿခံထဲမွေန၍ ျမတ္သူကိုလွမ္းၾကည့္ေနသည္။ ၾကည့္ေန႐ုံသာမဟုတ္။ အလွပဆုံးၿပဳံးေနေသးသည္။
Advertisement
- In Serial8 Chapters
The Villainess Is Shy In Receiving Affection
My wicked mother brought a girl one day. She was the Duke’s hidden daughter, Loretta, the heroine of [Duke’s Four Children]
8 218 - In Serial505 Chapters
His Cute Wife Is A Little Crazy
His Cute Wife is a Little Crazy *COMPLETED*
8 1648 - In Serial27 Chapters
A. Speckhart.
In a world similar to the one you know, where Mythical creatures have just been discovered, twenty-one-year-old Ana is left questioning her identity after her parents reveal a family secret. In attempting to escape her new reality the only way a university student knows how, by partying, a chance meeting leaves her entangled with someone is also hiding part of their identity.
8 183 - In Serial10 Chapters
The therapy appointment
A young doctor with a lot to achieve collides with a young athlete struggling with life while pretending to be a psychiatrist and the old memories they share , navigating through struggles of life
8 81 - In Serial58 Chapters
Waindale
(Complete)Wrenley moves to Waindale, the place where her mother grew up and where her grandmother still lives. Between the pine trees and above the wet ground, she soon realizes that Waindale is anything but the perfect place she remembers it as. Dark things stalk the woods. Dark things are pulling her in. ***"I turn on the lamp that's sat on top of my dresser. The pink lampshade makes my room glow with a feminine warmth, and it shines through the glass of my window; a signal so he can find his way home. It's dark out there, so bone-chillingly dark that I nearly fear for him before realizing that he is the greatest danger in those woods."Human X WerewolfPG-13Cover inspo is obviously the iconic Twilight.
8 104 - In Serial33 Chapters
Arrange To Love | KTH
Y/n getting forced by her parents to marry Mr. Cold CEO Both of them were complete stranger to each other until one...Enjoyyyy :)Started on : 24th October 2021Ended on : 20th January 2022Highest ranks :#10 - forced 🏅 [23/1/2022]#83 - forcedmarriage 🏅 [31/1/2022]#1 - coldceo 🏅 [23/1/2022]#42 - kimseokjin 🏅 [31/1/2022]#590 - namjoon 🏅 [13/3/2022]#1 - tae 🏅 [21/3/2022]#8 - romantic-comedy 🏅 [31/1/2022]#5 - parkjimin 🏅 [15/2/2022]#10 - kimtaehyung 🏅 [17/2/2022]#16 - taehyung 🏅 [6/3/2022]#13 - btsfanfic 🏅 [30/3/2022]#21 - jeonjungkook 🏅 [31/1/2022]#2 - strangetolover 🏅 [2/3/2022]#1 - arrange 🏅 [2/3/2022]#45 - taeyong 🏅 [15/3/2022]#11 - btsarmy 🏅 [27/3/2022]#4 - cutecouple 🏅 [2/3/2022]#1 - cutelove 🏅 [13/3/2022]#69 - loveatfirstsight🏅 [2/3/2022]#56 - jhope 🏅 [28/3/2022]#106 - suga 🏅 [13/3/2022]#216 - namjoon 🏅 [15/3/2022]#704 - lovestory 🏅 [29/3/2022]#3 - bts 🏅 [29/3/2022]
8 156

