《Amiss Prayer (Zawgyi&Unicode) [Completed]》Part-5(ဘယ်သူ့အတွက်)
Advertisement
For Unicode
ဘယ်သူ့အတွက်
မနက်ကတည်းကပင် ခြံထဲကိုပင်ကြည့်နေမိသည်။ သို့သော် မနေ့ညမှတွေ့ခဲ့သောသူအား အရိပ်အယောင်လေးပင် မတွေ့ရပေ။ အဘအိမ်သို့ သွားသောအခါတွင်လည်း မတွေ့ခဲ့ပေ။
မနက်အစောကြီးအလုပ်သွားတာများလား...
ခဏ.. ငါကအခု သူ့ကိုမျှော်နေတာလား။ မြတ်သူ မင်းဘာဖြစ်နေတာလဲ...။ မနေ့ညကမှတွေ့တဲ့သူအကြောင်းကို ဘာလို့အဲဒီလောက်စိတ်ဝင်စားနေတာလဲ..။ ရူးနေပြီပဲ..။ အိမ်မှာအချိန်တိုင်းနေနေရပြီး အလုပ်မလုပ်ရလို့ သွေးလေချောက်ချားနေတာလား..။
စရောက်ကတည်းကပင် အလုပ်ရှာသော်လည်း ယခုချိန်ထိမိမိဝါသနာပါ၍ နှစ်သက်သော အလုပ်ကိုရှာမတွေ့သေးပေ။ စိတ်ညစ်မိပါသည်။ တစ်နေ့တာလုံးတွင် ပျင်းရိနေသောကြောင့် မိမိစုဆောင်းထား သမျှစာအုပ်များကို ထိုင်ဖတ်နေမိသည်။ စာအုပ်ဖတ်နေရင်းပင် ညရှစ်နာရီထိုးသောအခါ အညောင်းပြေလမ်းလျှောက်ရန် ခြံထဲသို့ဆင်းလိုက်သည်။ မေမေနဲ့ဘွားဘွားသည်က တီဗီကြည့်နေကြသည်။ တီဗီကြည့်ရင်း ရယ်မောနေသောမေမေနှင့်ဘွားဘွားကို ကြည့်ကာစိတ်ချမ်းသာမိပါသည်။ သူတို့က မိမိ၏ဘ၀များပင်။
ညရှစ်နာရီထိုးနေပြီမို့လို့ အဘလည်းမရှိ။ မိမိတစ်ယောက်တည်းသာ လမ်းလျှောက်နေစဥ် ခြေသံကြားလိုက်မိသည်။ လှည့်ကြည့်မည်အပြုတွင် မိမိ၏အနောက်မှလူတစ်ယောက်သည် မိမိလည်ပင်းအား ချွန်ထက်သောအရာတစ်ခုနှင့် ထောက်ထားသည်..။
" မလှုပ်နဲ့နော်.. လှုပ်ရင်ငါ့ဓားသွားမှာ မင်းအသက်ပါသွားမယ် "
အသံသည်က ယောက်ျားလေးအသံပင်။ ယောက်ျားချင်းမို့ တိုက်ခိုက်ချင်သော်လည်း သူသည် မိမိထက်တစ်ဗန်းသာနေသည်။ သူသည်လက်နက်နှင့်။ မိမိသည်က လက်ဗလာနှင့်။
" ခင်ဗျား.. ခင်ဗျားဘာလိုချင်လို့လဲ.. "
" မင်းအိမ်ထဲကပစ္စည်းတွေ။ အော်မယ်မကြံနဲ့ အသေသတ်ပစ်လိုက်မယ်..။ သွား.. အခုမင်းအိမ်ထဲကို.."
ထိုသူက တဖြည်းဖြည်းသွားနေသည်မို့ မိမိကပါလိုက်သွားရသည်..။ မိမိလည်ပင်းတွင်ထောက်ထားသောဓားသည် အလွန်ထက်ပုံရသည်။ မိမိအသားထဲသို့ တဖြည်းဖြည်းနစ်ဝင်ကာ သွေးစများပင်ထွက်လာသည်။ထို့နောက် အမှောင်ထဲမှလူတစ်ယောက်သည် မိမိတို့၏ အရှေ့သို့ရောက်လာသည်။
ဟင်.. မနေ့ညက.. တွေ့ခဲ့တဲ့သူမဟုတ်လား
" ကျွန်တော့်ကို.. ကယ်.. ကယ်ပါဦး.. အ... "
မိမိ၏ စကားသံကို ထိုဓားပြက ကြားသောအခါ ဓားကိုပို၍ တင်းတင်းကျပ်ကျပ်ကိုင်ထားသည်။ ထိုဓားကလည်း မိမိလည်ပင်း အသားထဲသို့ ပိုပို၍နစ်ဝင်လာသည်မို့ ပို၍နာနေသည်..။
" ဟမ်.. မင်း.. မင်းဘယ်သူ့ကိုပြောနေတာလဲ။ ဒီမှာဘယ်သူရှိသေးလို့လဲဟမ်.. "
ထို့နောက် မိမိအရှေ့မှသူသည် မိမိနားသို့တိုးလာပြီး သူ၏လက်နှင့် မိမိမျက်လုံးကိုပိတ်လိုက်သည်။
" မျက်လုံးမှိတ်ထားကောင်လေး.."
သူ့၏ အောရှရှအသံအဆုံး၌ သူစေခိုင်းသည့် အတိုင်းပင် မိမိလည်းဆောင်ရွက်မိသည်။ အမိန့်တစ်ခုအား ငြင်းဆန်၍မရသည့်နှယ်။
မျက်လုံးမှိတ်ပြီးသိပ်မကြာမိီတွင် မိမိကိုဓားဖြင့်ထောက်ထားသည့် ဓားပြရဲ့လက်များသည် အားလျော့လာသည်ဟု ခံစားနေမိသည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ထိုသူသည် ဓားပြ၏ လည်ပင်းကိုညှစ်ထားကာ လေပေါ်သို့မြှောက်ထားသည်။ ဓားပြမှာအသက်ပင်မရှူနိုင်ဘဲ မျက်လုံးများပင်ပြူးလာသည်။
မဖြစ်ဘူး.. သူ့အပြစ်ကို ကိုယ့်အပြစ်လို့မဖြစ်ဘူး။ တော်ကြာအဲဒီဓားပြသေသွားရင် သူအမှုပတ်တော့မှာ။
" ခင်ဗျား.. ခင်ဗျားလွှတ်လိုက်ပါတော့.. ဟိုမှာသေတော့မယ် လွှတ်လိုက်ပါတော့လို့ "
မိမိစကားကြောင့် ထိုသူသည်ဓားပြကို လွှတ်ပေးလိုက်သည်။ ဓားပြမှာလည်း မြေပေါ်တွင်လဲကျကာ အသက်ကိုမနည်းလုရှူနေရသည်...။ ထို့နောက် အဘသည် ဓာတ်မီးနှင့်ထွက်လာသည်။
" သခင်လေး.. ဟမ်.. ဟိုကောင်လေးကလည်း သခင်လေးဘေးမှာ.. ဘာတွေဖြစ်နေတာလဲ.."
မြတ်သူတို့၏အနားသို့ အဘလှထွန်းရောက်လာသောအခါ ထိုဓားပြထွက်ပြေးသွားသည်။
" ကောင်လေး.. ဘာဖြစ်တာတုံး.. "
" ဓားပြပါအဘ.. ကျွန်တော့်ကိုဓားထောက်ပြီး ဓားပြတိုက်လို့.. ဒီလူက ကူညီ.. အယ်..."
မြတ်သူက ဘေးသို့လှည့်ကြည့်မိသောအခါ ထိုသူမရှိတော့ပြီ။
" ဟမ်.. ဘယ်ရောက်သွားလဲ... စောစောကဒီနားမှာပါ.."
ထို့နောက် ခြံထဲသို့မေမေနဲ့ဘွားဘွားဆင်းလာသည်။
" သား ဘာဖြစ်လို့လဲ..."
" ကောင်လေးက.. ဟို..."
အဘက မေမေတို့အားပြောပြမည်အပြု ကျွန်တော်က အရိပ်အကဲပြကာ မပြောရန်ထားမြစ်လိုက်သည်။
" ဟို.. ဘာမှမဖြစ်ပါဘူးမေမေ.. သားချော်လဲလို့.. အဘကလာထူပေးတာပါ.."
မေမေနှင့်ဘွားဘွားသိရင် အဆင်ပြေမည်မဟုတ်ပေ။ စိုးရိမ်လွန်းလိမ့်မည်။ မိမိသည်ကလည်း မည်သည်မျှကြီးကြီးကျယ်ကျယ်မထိခိုက်သည်မို့ မပြောပြခဲ့ပေ။
" သား လည်ပင်းမှာသွေးထွက်နေပါလား.. "
" အဲဒါက.. ဟို..ဟိုဟာ.. သစ်ကိုင်းခြောက်နဲ့ခြစ်မိသွားလို့ပါ "
" ရရဲ့လားသားရယ်.. "
" ဟုတ်ရပါတယ်.. သားဆေးထည့်လိုက်မယ်။ လာမေမေနဲ့ဘွားဘွား.. အပြင်မှာအေးတယ် အထဲဝင်ရအောင်.. "
မိမိအခန်းထဲသို့ ရောက်သောအခါထိုသူ၏အကြောင်းကို စဉ်းစားမိသည်။
သူဘယ်ကိုရောက်သွားတာလဲ။ ဘာပဲပြောပြော သူ့ကိုကျေးဇူးတင်ပါတယ်..။ သူကယ်ပေးလို့သာပေါ့။ မဟုတ်ရင် ဘာဆက်ဖြစ်မလဲ.. မတွေးရဲဘူး...။
မြတ်သူသည် အမည်မသိသောထိုသူ၏ အကြောင်းကိုတွေးနေသကဲ့သို့ သူထိုကလည်းမြတ်သူ၏အကြောင်းကို တွေးနေသည်။
" အဲဓားပြကိုအသေသတ်ပစ်ချင်တာ။ ဘာလို့လဲ.. သိလား။ ကိုယ့်ကောင်လေးကိုနာကျင်စေခဲ့လို့.. သွေးထွက်စေခဲ့လို့။ ကောင်လေးကို ဆံချဉ်မျှင်လေးကအစ အထိခိုက်မခံနိုင်ဘူး။ သူအဆင်ပြေရဲ့လား..အရမ်းများလန့်နေမလား... စိုးရိမ်တယ်ကောင်လေးရယ် "
ထိုနေ့ညက အခန်းငယ်လေးထဲတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောကောင်လေးကို 'သူ.. အဆင်ပြေပါ့မလား' ဟူသောစိုးရိမ်စိတ်နှင့် အခန်း၏ထောင့်လေးမှ ရပ်၍ စောင့်ကြည့်နေသောသူတစ်ဦးလည်း ရှိနေခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့်ပင် နောက်တစ်နေ့ညတွင်လည်း အိမ်အပြင်မထွက်ချင်သေးပေ။ သို့သော် တစ်နေကုန်အိမ်ထဲတွင်သာ နေရသောကြောင့် အတော်ကိုပင် ညောင်းနေမိသည်။ အညောင်းပြေသဘောဖြင့်သာ ခြံထဲတွင် ခေတ္တမျှညလမ်းလျှောက်ချင်သေးသည်...။
Advertisement
ညောင်းလို့ လမ်းလျှောက်ချင်တာထက် သူ့ကိုတွေ့ချင်တာဆိုရင် ပိုမှန်နေမလား..။
သူနှင့်တွေ့ဆုံခြင်းသည် နှစ်ခါရှိနေပြီ။ သို့သော် သူ၏နာမည်ကိုမသိရသေးပေ။ သူသည်မည်သူနည်း ကိုလည်းမသိရသေး..။
စိတ်ထဲတွင် အပြင်ထွက်ခြင်း မထွက်ခြင်းနှင့်ပတ်သက်ကာ မဲခွဲပွဲကြီးကျင်းပနေသည်။ မထွက်ချင်ရသည့် အကြောင်းအရင်းသည် မနေ့ညကကဲ့သို့ ထက်၍ဖြစ်မည်ကိုစိုးရိမ်သောကြောင့်ပင်။ ထွက်ချင်ရသည့် အကြောင်းအရင်းသည် ညောင်းနေ၍ဖြစ်သည်။ ဤသည်ထက် သူ့ကိုတွေ့ချင်သောကြောင့်ဟုဆိုလျှင် ပို၍မှန်နိုင်သည်။ ထို့ကြောင့်နှစ်မဲနှင့်တစ်မဲဖြစ်ကာ နှစ်မဲကအနိုင်ရရှိသောကြောင့် ခြံထဲသို့ထွက်လာခဲ့မိသည်။
ဒီနေ့တော့.. ဘာမှမဖြစ်လောက်ပါဘူးနော်။ ထွက်သာထွက်လာတယ်..စိတ်ထဲမှာ တထိတ်ထိတ်နဲ့။
ဤအိမ်သည် မြတ်သူအတွက်အကျိုးမပေးပါ။အစစအရာရာကံကောင်းလာခဲ့သောမြတ်သူသည် ဤအိမ်သို့ရောက်သောအခါ ပြဿနာတို့သည် တစ်နေ့တစ်မျိုးမရိုးနိုင်အောင်ကိုပင် ဖြစ်နေပါသည်။
ယခုတွင်လည်း မြတ်သူလမ်းလျှောက်နေစဥ် အုန်းပင်အောက်သို့ရောက်သောအခါ မြတ်သူအပေါ်သို့ အုန်းလက်ကြွေကျလာသည်။ အုန်းလက်ကြွေကျလာသည်ကို မြတ်သူမသိပေ။ မှောင်လည်းမှောင်နေသည်မို့ အပေါ်ကိုမမြင်ရ..။
အဆိုးထဲကအကောင်းဟု ဆို၍ရမည်ပင်...။ မြတ်သူသည် ဤအိမ်သို့ ရောက်သောအခါ မည်မျှပင်ကံဆိုးပါစေ ကာကွယ်ပေးမည့် သူသည်အဆင်သင့်ရှိနေသည်..။
အုန်းလက် ကြွေကျလာချိန်တွင် လူတစ်ဦးသည် မြတ်သူအား အနောက်မှဖက်ကာ ကာထားလိုက်သည်။ မြတ်သူမှာမူ ရုတ်တရက်ထိုသူဖက်လိုက်သည့်ရှိန်ကြောင့် လဲကျသွားသည်။ ထိုသူကတော့မြတ်သူအပေါ်တွင် မှောက်လျက်နေအထားရှိနေသည်။ ထို့ကြောင့် အုန်းလက်သည် မြတ်သူအပေါ်သို့မကျဘဲ ထိုသူအပေါ်ကိုသာကျခဲ့သည်...။ ထို့နောက် ထိုသူသည် မြတ်သူအပေါ်မှဖယ်ပေးလိုက်ကာ မြတ်သူအား စိုးရိမ်စိတ်ဖြင့် ကြည့်နေသည်။
" အဆင်ပြေရဲ့လား.. ဘယ်နားထိသွားသေးလဲဟင်.. "
ခဏ.. အခုအုန်းလက်ကြွေကျထားတာသူအပေါ်ကိုလေ။ ဘာလို့ကျွန်တော့်ကို စိုးရိမ်နေတာလဲ
" ဟိုလေ.. ခင်ဗျားရော.. အဆင်ပြေရဲ့လား အုန်းလက်ကြီးက ခင်ဗျားအပေါ်ကိုကြွေကျထားတာလေ.. "
" ကိုယ်ကရပါတယ်.."
" မဖြစ်နိုင်တာ.. အဲဒါကြီးကခင်ဗျားအပေါ်ပြုတ်ကျထားတာ ခင်ဗျားခါးနာနေမှာပေါ့.."
" ကိုယ် တကယ်.. အဆင်ပြေပါတယ်.. "
" ဟုတ်ရဲ့လားဗျာ... ကျွန်တော်ဆေးသွားယူလိုက်ဦးမယ်။ ခဏစောင့်နေ.."
ဆေးသွားယူရန်ထလိုက်သည့် မြတ်သူအား ထိုသူသည် လက်မှလှမ်းဆွဲထားလိုက်သည်။
" တကယ်.. ကိုယ်အဆင်ပြေပါတယ်.. သွားမယူပါနဲ့ "
သူလက်တွေကအေးစက်နေပါလား။ သူတကယ်ရောအဆင်ပြေရဲ့လား..
" ခင်ဗျားလက်တွေက အေးစက်နေတာပဲ။ ဘာဖြစ်လို့လဲ.. လန့်နေတာလား"
မြတ်သူ၏စကားကြားပြီးနောက် ထိုသူသည် မြတ်သူအား ကိုင်ထားသော သူ၏လက်များကို အလျင်အမြန် ရုတ်သိမ်းလိုက်သည်..။
" ကိုယ်တကယ်အဆင်ပြေပါတယ်..ဘာမှမဖြစ်ပါဘူး.. အဲဒါကြောင့် ဆေးမယူပါနဲ့.."
" မဖြစ်သေးပါဘူး.. ခဏစောင့်နေ.. "
ဒီကောင်လေးက အခုထိခေါင်းမာတုန်းပါလား။ ကိုယ်အဆင်ပြေတယ်ပြောတာကို သူကဆေးကယူချင်သေးတုန်း။
ထိုင်နေရာမှထကာ ထိုသူအတွက်စိုးရိမ်နေသောမြတ်သူသည် ဆေးသွားယူမည်အပြု 'အ..'ဟူသောအသံဖြင့် ထိုသူ၏ရင်ခွင်ထဲကို လှစ်ခနဲလဲကျသွားသည်။
အဆင်ပြေနေမှုကြီးမှာ လဲကျသောသူက လဲကျသကဲ့သို့ ဖမ်းထားသောသူကလည်း အဆင်သင့်..။
" ဘာဖြစ်တာလဲ "
" ခြေထောက်.. နာနေတယ်.."
မြတ်သူ၏ခြေထောက်ကို ထိုသူကကြည့်လိုက်မိသည်။ သွေးထွက်ခြင်းမျိုးမရှိ..။
" ခြေထောက်ခေါက်သွားတာထင်တယ်။ ခဏပြန်ထိုင်လိုက်ဦး.. "
ထို့နောက် မြတ်သူ၏ခြေထောက်ကို နှိပ်ပေးခဲ့သည်။ ခြေထောက်၏နာကျင်မှုကြောင့် မြတ်သူသည် ထိုသူ၏ပခုံးကို ဆုပ်ကိုင်ထားသည်။
" အမေ့.. အ.. ဖြည်းဖြည်း... "
" အရမ်းနာနေလား.. "
" နည်းနည်းပါ "
နည်းနည်းဟု သာပြောသော်လည်း မျက်နှာမှာမူ အတော်ကိုပင် မဲ့နေသည်..။ မျက်ရည်ကြည်လေးများကလည်း ဥနေသည်။
" အိမ်ထဲရောက်ရင်ဆေးလိမ်းလိုက်ဦး မြတ်သူ.. "
" ဟုတ်... "
ခဏ.. သူကငါ့နာမည်ခေါ်လိုက်တာလား။ သူဘယ်လိုလုပ်သိနေတာလဲ။ ငါ့နာမည်ကိုသူသိပြီး သူ့နာမည်ကိုငါမသိတာမဖြစ်သင့်ဘူး။
" ခင်ဗျား.. ကျွန်တော့်နာမည်ကိုဘယ်လိုသိတာလဲ.. "
" ဒီလိုပဲသိတာ.. "
" အဘ ပြောပြတာလား "
" အင်း "
" ဒါနဲ့.. ခင်ဗျားနာမည်ကရော.. "
" တကယ်ပဲ ကိုယ့်နာမည်ကို မမှတ်မိဘူးလား "
" ဗျာ..."
ဘာကိုမမှတ်မိတာလဲ..။ သူမေးတာကြီးက နည်းနည်း မထူးဆန်းဘူးလား။
" ကိုယ့်နာမည်က.. စိုင်းထွဋ်ခေါင် ပါ.. "
" ဪ.. ဟုတ်ကဲ့... ကျွန်တော့်ကိုကူညီပေးလို့ ကျေးဇူးတင်ပါတယ်.. "
" ရပါတယ်... မြတ်သူအထဲဝင်တော့လေ.. အပြင်မှာကအေးတယ်..."
" ဟုတ်.. ကျွန်တော်သွားတော့မယ်နော်.."
ခြေထောက်ထော့နဲ့ထော့နဲ့နှင့် အိမ်ထဲသို့ဝင်သွားသောသူကိုကြည့်၍ သူမကြားမိအောင်ပြောလိုက်သည့်စကားသည် ..
" အခုမင်းကို ကိုယ်ကယ်တင်ခဲ့တာတွေက.. အရင်က မင်းအပေါ်ကျူးလွန်ခဲ့တဲ့ ကိုယ့်ရဲ့အပြစ်တွေနဲ့ ယှဉ်ရင် မပြောပလောက်သေးပါဘူး..."
မနေ့ညကနည်းတူ ယနေ့ညတွင်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ကောင်လေးတစ်ယောက်ရှိနေသကဲ့သို့ ထိုကောင်လေးကို 'သူ့ခြေထောက်များနာနေမလား၊ အဆင်ပြေပါ့မလား'ဟူသော စိုးရိမ်စိတ်တို့နှင့် အခန်းထောင့်လေးတွင် ရပ်ကြည့်နေသော သူတစ်ဦးလည်းရှိခဲ့သည်။
For Zawgyi
ဘယ္သူ႔အတြက္
မနက္ကတည္းကပင္ ၿခံထဲကိုပင္ၾကည့္ေနမိသည္။ သို႔ေသာ္ မေန႔ညမွေတြ႕ခဲ့ေသာသူအား အရိပ္အေယာင္ေလးပင္ မေတြ႕ရေပ။ အဘအိမ္သို႔ သြားေသာအခါတြင္လည္း မေတြ႕ခဲ့ေပ။
Advertisement
မနက္အေစာႀကီးအလုပ္သြားတာမ်ားလား...
ခဏ.. ငါကအခု သူ႔ကိုေမွ်ာ္ေနတာလား။ ျမတ္သူ မင္းဘာျဖစ္ေနတာလဲ...။ မေန႔ညကမွေတြ႕တဲ့သူအေၾကာင္းကို ဘာလို႔အဲဒီေလာက္စိတ္ဝင္စားေနတာလဲ..။ ႐ူးေနၿပီပဲ..။ အိမ္မွာအခ်ိန္တိုင္းေနေနရၿပီး အလုပ္မလုပ္ရလို႔ ေသြးေလေခ်ာက္ခ်ားေနတာလား..။
စေရာက္ကတည္းကပင္ အလုပ္ရွာေသာ္လည္း ယခုခ်ိန္ထိမိမိဝါသနာပါ၍ ႏွစ္သက္ေသာ အလုပ္ကိုရွာမေတြ႕ေသးေပ။ စိတ္ညစ္မိပါသည္။ တစ္ေန႔တာလုံးတြင္ ပ်င္းရိေနေသာေၾကာင့္ မိမိစုေဆာင္းထား သမွ်စာအုပ္မ်ားကို ထိုင္ဖတ္ေနမိသည္။ စာအုပ္ဖတ္ေနရင္းပင္ ညရွစ္နာရီထိုးေသာအခါ အေညာင္းေျပလမ္းေလွ်ာက္ရန္ ၿခံထဲသို႔ဆင္းလိုက္သည္။ ေမေမနဲ႔ဘြားဘြားသည္က တီဗီၾကည့္ေနၾကသည္။ တီဗီၾကည့္ရင္း ရယ္ေမာေနေသာေမေမႏွင့္ဘြားဘြားကို ၾကည့္ကာစိတ္ခ်မ္းသာမိပါသည္။ သူတို႔က မိမိ၏ဘ၀မ်ားပင္။
ညရွစ္နာရီထိုးေနၿပီမို႔လို႔ အဘလည္းမရွိ။ မိမိတစ္ေယာက္တည္းသာ လမ္းေလွ်ာက္ေနစဥ္ ေျခသံၾကားလိုက္မိသည္။ လွည့္ၾကည့္မည္အျပဳတြင္ မိမိ၏အေနာက္မွလူတစ္ေယာက္သည္ မိမိလည္ပင္းအား ခြၽန္ထက္ေသာအရာတစ္ခုႏွင့္ ေထာက္ထားသည္..။
" မလႈပ္နဲ႔ေနာ္.. လႈပ္ရင္ငါ့ဓားသြားမွာ မင္းအသက္ပါသြားမယ္ "
အသံသည္က ေယာက္်ားေလးအသံပင္။ ေယာက္်ားခ်င္းမို႔ တိုက္ခိုက္ခ်င္ေသာ္လည္း သူသည္ မိမိထက္တစ္ဗန္းသာေနသည္။ သူသည္လက္နက္ႏွင့္။ မိမိသည္က လက္ဗလာႏွင့္။
" ခင္ဗ်ား.. ခင္ဗ်ားဘာလိုခ်င္လို႔လဲ.. "
" မင္းအိမ္ထဲကပစၥည္းေတြ။ ေအာ္မယ္မႀကံနဲ႔ အေသသတ္ပစ္လိုက္မယ္..။ သြား.. အခုမင္းအိမ္ထဲကို.."
ထိုသူက တျဖည္းျဖည္းသြားေနသည္မို႔ မိမိကပါလိုက္သြားရသည္..။ မိမိလည္ပင္းတြင္ေထာက္ထားေသာဓားသည္ အလြန္ထက္ပုံရသည္။ မိမိအသားထဲသို႔ တျဖည္းျဖည္းနစ္ဝင္ကာ ေသြးစမ်ားပင္ထြက္လာသည္။ထို႔ေနာက္ အေမွာင္ထဲမွလူတစ္ေယာက္သည္ မိမိတို႔၏ အေရွ႕သို႔ေရာက္လာသည္။
ဟင္.. မေန႔ညက.. ေတြ႕ခဲ့တဲ့သူမဟုတ္လား
" ကြၽန္ေတာ့္ကို.. ကယ္.. ကယ္ပါဦး.. အ... "
မိမိ၏ စကားသံကို ထိုဓားျပက ၾကားေသာအခါ ဓားကိုပို၍ တင္းတင္းက်ပ္က်ပ္ကိုင္ထားသည္။ ထိုဓားကလည္း မိမိလည္ပင္း အသားထဲသို႔ ပိုပို၍နစ္ဝင္လာသည္မို႔ ပို၍နာေနသည္..။
" ဟမ္.. မင္း.. မင္းဘယ္သူ႔ကိုေျပာေနတာလဲ။ ဒီမွာဘယ္သူရွိေသးလို႔လဲဟမ္.. "
ထို႔ေနာက္ မိမိအေရွ႕မွသူသည္ မိမိနားသို႔တိုးလာၿပီး သူ၏လက္ႏွင့္ မိမိမ်က္လုံးကိုပိတ္လိုက္သည္။
" မ်က္လုံးမွိတ္ထားေကာင္ေလး.."
သူ႔၏ ေအာရွရွအသံအဆုံး၌ သူေစခိုင္းသည့္ အတိုင္းပင္ မိမိလည္းေဆာင္႐ြက္မိသည္။ အမိန႔္တစ္ခုအား ျငင္းဆန္၍မရသည့္ႏွယ္။
မ်က္လုံးမွိတ္ၿပီးသိပ္မၾကာမိီတြင္ မိမိကိုဓားျဖင့္ေထာက္ထားသည့္ ဓားျပရဲ႕လက္မ်ားသည္ အားေလ်ာ့လာသည္ဟု ခံစားေနမိသည္။ မ်က္လုံးဖြင့္ၾကည့္လိုက္ေသာအခါ ထိုသူသည္ ဓားျပ၏ လည္ပင္းကိုညႇစ္ထားကာ ေလေပၚသို႔ေျမႇာက္ထားသည္။ ဓားျပမွာအသက္ပင္မရွဴႏိုင္ဘဲ မ်က္လုံးမ်ားပင္ျပဴးလာသည္။
မျဖစ္ဘူး.. သူ႔အျပစ္ကို ကိုယ့္အျပစ္လို႔မျဖစ္ဘူး။ ေတာ္ၾကာအဲဒီဓားျပေသသြားရင္ သူအမႈပတ္ေတာ့မွာ။
" ခင္ဗ်ား.. ခင္ဗ်ားလႊတ္လိုက္ပါေတာ့.. ဟိုမွာေသေတာ့မယ္ လႊတ္လိုက္ပါေတာ့လို႔ "
မိမိစကားေၾကာင့္ ထိုသူသည္ဓားျပကို လႊတ္ေပးလိုက္သည္။ ဓားျပမွာလည္း ေျမေပၚတြင္လဲက်ကာ အသက္ကိုမနည္းလုရွဴေနရသည္...။ ထို႔ေနာက္ အဘသည္ ဓာတ္မီးႏွင့္ထြက္လာသည္။
" သခင္ေလး.. ဟမ္.. ဟိုေကာင္ေလးကလည္း သခင္ေလးေဘးမွာ.. ဘာေတြျဖစ္ေနတာလဲ.."
ျမတ္သူတို႔၏အနားသို႔ အဘလွထြန္းေရာက္လာေသာအခါ ထိုဓားျပထြက္ေျပးသြားသည္။
" ေကာင္ေလး.. ဘာျဖစ္တာတုံး.. "
" ဓားျပပါအဘ.. ကြၽန္ေတာ့္ကိုဓားေထာက္ၿပီး ဓားျပတိုက္လို႔.. ဒီလူက ကူညီ.. အယ္..."
ျမတ္သူက ေဘးသို႔လွည့္ၾကည့္မိေသာအခါ ထိုသူမရွိေတာ့ၿပီ။
" ဟမ္.. ဘယ္ေရာက္သြားလဲ... ေစာေစာကဒီနားမွာပါ.."
ထို႔ေနာက္ ၿခံထဲသို႔ေမေမနဲ႔ဘြားဘြားဆင္းလာသည္။
" သား ဘာျဖစ္လို႔လဲ..."
" ေကာင္ေလးက.. ဟို..."
အဘက ေမေမတို႔အားေျပာျပမည္အျပဳ ကြၽန္ေတာ္က အရိပ္အကဲျပကာ မေျပာရန္ထားျမစ္လိုက္သည္။
" ဟို.. ဘာမွမျဖစ္ပါဘူးေမေမ.. သားေခ်ာ္လဲလို႔.. အဘကလာထူေပးတာပါ.."
ေမေမႏွင့္ဘြားဘြားသိရင္ အဆင္ေျပမည္မဟုတ္ေပ။ စိုးရိမ္လြန္းလိမ့္မည္။ မိမိသည္ကလည္း မည္သည္မွ်ႀကီးႀကီးက်ယ္က်ယ္မထိခိုက္သည္မို႔ မေျပာျပခဲ့ေပ။
" သား လည္ပင္းမွာေသြးထြက္ေနပါလား.. "
" အဲဒါက.. ဟို..ဟိုဟာ.. သစ္ကိုင္းေျခာက္နဲ႔ျခစ္မိသြားလို႔ပါ "
" ရရဲ႕လားသားရယ္.. "
" ဟုတ္ရပါတယ္.. သားေဆးထည့္လိုက္မယ္။ လာေမေမနဲ႔ဘြားဘြား.. အျပင္မွာေအးတယ္ အထဲဝင္ရေအာင္.. "
မိမိအခန္းထဲသို႔ ေရာက္ေသာအခါထိုသူ၏အေၾကာင္းကို စဥ္းစားမိသည္။
သူဘယ္ကိုေရာက္သြားတာလဲ။ ဘာပဲေျပာေျပာ သူ႔ကိုေက်းဇူးတင္ပါတယ္..။ သူကယ္ေပးလို႔သာေပါ့။ မဟုတ္ရင္ ဘာဆက္ျဖစ္မလဲ.. မေတြးရဲဘူး...။
ျမတ္သူသည္ အမည္မသိေသာထိုသူ၏ အေၾကာင္းကိုေတြးေနသကဲ့သို႔ သူထိုကလည္းျမတ္သူ၏အေၾကာင္းကို ေတြးေနသည္။
" အဲဓားျပကိုအေသသတ္ပစ္ခ်င္တာ။ ဘာလို႔လဲ.. သိလား။ ကိုယ့္ေကာင္ေလးကိုနာက်င္ေစခဲ့လို႔.. ေသြးထြက္ေစခဲ့လို႔။ ေကာင္ေလးကို ဆံခ်ဥ္မွ်င္ေလးကအစ အထိခိုက္မခံႏိုင္ဘူး။ သူအဆင္ေျပရဲ႕လား..အရမ္းမ်ားလန႔္ေနမလား... စိုးရိမ္တယ္ေကာင္ေလးရယ္ "
ထိုေန႔ညက အခန္းငယ္ေလးထဲတြင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနေသာေကာင္ေလးကို 'သူ.. အဆင္ေျပပါ့မလား' ဟူေသာစိုးရိမ္စိတ္ႏွင့္ အခန္း၏ေထာင့္ေလးမွ ရပ္၍ ေစာင့္ၾကည့္ေနေသာသူတစ္ဦးလည္း ရွိေနခဲ့သည္။
ထိုအျဖစ္အပ်က္ေၾကာင့္ပင္ ေနာက္တစ္ေန႔ညတြင္လည္း အိမ္အျပင္မထြက္ခ်င္ေသးေပ။ သို႔ေသာ္ တစ္ေနကုန္အိမ္ထဲတြင္သာ ေနရေသာေၾကာင့္ အေတာ္ကိုပင္ ေညာင္းေနမိသည္။ အေညာင္းေျပသေဘာျဖင့္သာ ၿခံထဲတြင္ ေခတၱမွ်ညလမ္းေလွ်ာက္ခ်င္ေသးသည္...။
ေညာင္းလို႔ လမ္းေလွ်ာက္ခ်င္တာထက္ သူ႔ကိုေတြ႕ခ်င္တာဆိုရင္ ပိုမွန္ေနမလား..။
သူႏွင့္ေတြ႕ဆုံျခင္းသည္ ႏွစ္ခါရွိေနၿပီ။ သို႔ေသာ္ သူ၏နာမည္ကိုမသိရေသးေပ။ သူသည္မည္သူနည္း ကိုလည္းမသိရေသး..။
စိတ္ထဲတြင္ အျပင္ထြက္ျခင္း မထြက္ျခင္းႏွင့္ပတ္သက္ကာ မဲခြဲပြဲႀကီးက်င္းပေနသည္။ မထြက္ခ်င္ရသည့္ အေၾကာင္းအရင္းသည္ မေန႔ညကကဲ့သို႔ ထက္၍ျဖစ္မည္ကိုစိုးရိမ္ေသာေၾကာင့္ပင္။ ထြက္ခ်င္ရသည့္ အေၾကာင္းအရင္းသည္ ေညာင္းေန၍ျဖစ္သည္။ ဤသည္ထက္ သူ႔ကိုေတြ႕ခ်င္ေသာေၾကာင့္ဟုဆိုလွ်င္ ပို၍မွန္ႏိုင္သည္။ ထို႔ေၾကာင့္ႏွစ္မဲႏွင့္တစ္မဲျဖစ္ကာ ႏွစ္မဲကအႏိုင္ရရွိေသာေၾကာင့္ ၿခံထဲသို႔ထြက္လာခဲ့မိသည္။
ဒီေန႔ေတာ့.. ဘာမွမျဖစ္ေလာက္ပါဘူးေနာ္။ ထြက္သာထြက္လာတယ္..စိတ္ထဲမွာ တထိတ္ထိတ္နဲ႔။
ဤအိမ္သည္ ျမတ္သူအတြက္အက်ိဳးမေပးပါ။အစစအရာရာကံေကာင္းလာခဲ့ေသာျမတ္သူသည္ ဤအိမ္သို႔ေရာက္ေသာအခါ ျပႆနာတို႔သည္ တစ္ေန႔တစ္မ်ိဳးမ႐ိုးႏိုင္ေအာင္ကိုပင္ ျဖစ္ေနပါသည္။
ယခုတြင္လည္း ျမတ္သူလမ္းေလွ်ာက္ေနစဥ္ အုန္းပင္ေအာက္သို႔ေရာက္ေသာအခါ ျမတ္သူအေပၚသို႔ အုန္းလက္ေႂကြက်လာသည္။ အုန္းလက္ေႂကြက်လာသည္ကို ျမတ္သူမသိေပ။ ေမွာင္လည္းေမွာင္ေနသည္မို႔ အေပၚကိုမျမင္ရ..။
အဆိုးထဲကအေကာင္းဟု ဆို၍ရမည္ပင္...။ ျမတ္သူသည္ ဤအိမ္သို႔ ေရာက္ေသာအခါ မည္မွ်ပင္ကံဆိုးပါေစ ကာကြယ္ေပးမည့္ သူသည္အဆင္သင့္ရွိေနသည္..။
အုန္းလက္ ေႂကြက်လာခ်ိန္တြင္ လူတစ္ဦးသည္ ျမတ္သူအား အေနာက္မွဖက္ကာ ကာထားလိုက္သည္။ ျမတ္သူမွာမူ ႐ုတ္တရက္ထိုသူဖက္လိုက္သည့္ရွိန္ေၾကာင့္ လဲက်သြားသည္။ ထိုသူကေတာ့ျမတ္သူအေပၚတြင္ ေမွာက္လ်က္ေနအထားရွိေနသည္။ ထို႔ေၾကာင့္ အုန္းလက္သည္ ျမတ္သူအေပၚသို႔မက်ဘဲ ထိုသူအေပၚကိုသာက်ခဲ့သည္...။ ထို႔ေနာက္ ထိုသူသည္ ျမတ္သူအေပၚမွဖယ္ေပးလိုက္ကာ ျမတ္သူအား စိုးရိမ္စိတ္ျဖင့္ ၾကည့္ေနသည္။
" အဆင္ေျပရဲ႕လား.. ဘယ္နားထိသြားေသးလဲဟင္.. "
ခဏ.. အခုအုန္းလက္ေႂကြက်ထားတာသူအေပၚကိုေလ။ ဘာလို႔ကြၽန္ေတာ့္ကို စိုးရိမ္ေနတာလဲ
" ဟိုေလ.. ခင္ဗ်ားေရာ.. အဆင္ေျပရဲ႕လား အုန္းလက္ႀကီးက ခင္ဗ်ားအေပၚကိုေႂကြက်ထားတာေလ.. "
" ကိုယ္ကရပါတယ္.."
" မျဖစ္ႏိုင္တာ.. အဲဒါႀကီးကခင္ဗ်ားအေပၚျပဳတ္က်ထားတာ ခင္ဗ်ားခါးနာေနမွာေပါ့.."
" ကိုယ္ တကယ္.. အဆင္ေျပပါတယ္.. "
" ဟုတ္ရဲ႕လားဗ်ာ... ကြၽန္ေတာ္ေဆးသြားယူလိုက္ဦးမယ္။ ခဏေစာင့္ေန.."
ေဆးသြားယူရန္ထလိုက္သည့္ ျမတ္သူအား ထိုသူသည္ လက္မွလွမ္းဆြဲထားလိုက္သည္။
" တကယ္.. ကိုယ္အဆင္ေျပပါတယ္.. သြားမယူပါနဲ႔ "
သူလက္ေတြကေအးစက္ေနပါလား။ သူတကယ္ေရာအဆင္ေျပရဲ႕လား..
" ခင္ဗ်ားလက္ေတြက ေအးစက္ေနတာပဲ။ ဘာျဖစ္လို႔လဲ.. လန႔္ေနတာလား"
ျမတ္သူ၏စကားၾကားၿပီးေနာက္ ထိုသူသည္ ျမတ္သူအား ကိုင္ထားေသာ သူ၏လက္မ်ားကို အလ်င္အျမန္ ႐ုတ္သိမ္းလိုက္သည္..။
" ကိုယ္တကယ္အဆင္ေျပပါတယ္..ဘာမွမျဖစ္ပါဘူး.. အဲဒါေၾကာင့္ ေဆးမယူပါနဲ႔.."
" မျဖစ္ေသးပါဘူး.. ခဏေစာင့္ေန.. "
ဒီေကာင္ေလးက အခုထိေခါင္းမာတုန္းပါလား။ ကိုယ္အဆင္ေျပတယ္ေျပာတာကို သူကေဆးကယူခ်င္ေသးတုန္း။
ထိုင္ေနရာမွထကာ ထိုသူအတြက္စိုးရိမ္ေနေသာျမတ္သူသည္ ေဆးသြားယူမည္အျပဳ 'အ..'ဟူေသာအသံျဖင့္ ထိုသူ၏ရင္ခြင္ထဲကို လွစ္ခနဲလဲက်သြားသည္။
အဆင္ေျပေနမႈႀကီးမွာ လဲက်ေသာသူက လဲက်သကဲ့သို႔ ဖမ္းထားေသာသူကလည္း အဆင္သင့္..။
" ဘာျဖစ္တာလဲ "
" ေျခေထာက္.. နာေနတယ္.."
ျမတ္သူ၏ေျခေထာက္ကို ထိုသူကၾကည့္လိုက္မိသည္။ ေသြးထြက္ျခင္းမ်ိဳးမရွိ..။
" ေျခေထာက္ေခါက္သြားတာထင္တယ္။ ခဏျပန္ထိုင္လိုက္ဦး.. "
ထို႔ေနာက္ ျမတ္သူ၏ေျခေထာက္ကို ႏွိပ္ေပးခဲ့သည္။ ေျခေထာက္၏နာက်င္မႈေၾကာင့္ ျမတ္သူသည္ ထိုသူ၏ပခုံးကို ဆုပ္ကိုင္ထားသည္။
" အေမ့.. အ.. ျဖည္းျဖည္း... "
" အရမ္းနာေနလား.. "
" နည္းနည္းပါ "
နည္းနည္းဟု သာေျပာေသာ္လည္း မ်က္ႏွာမွာမူ အေတာ္ကိုပင္ မဲ့ေနသည္..။ မ်က္ရည္ၾကည္ေလးမ်ားကလည္း ဥေနသည္။
" အိမ္ထဲေရာက္ရင္ေဆးလိမ္းလိုက္ဦး ျမတ္သူ.. "
" ဟုတ္... "
ခဏ.. သူကငါ့နာမည္ေခၚလိုက္တာလား။ သူဘယ္လိုလုပ္သိေနတာလဲ။ ငါ့နာမည္ကိုသူသိၿပီး သူ႔နာမည္ကိုငါမသိတာမျဖစ္သင့္ဘူး။
" ခင္ဗ်ား.. ကြၽန္ေတာ့္နာမည္ကိုဘယ္လိုသိတာလဲ.. "
" ဒီလိုပဲသိတာ.. "
" အဘ ေျပာျပတာလား "
" အင္း "
" ဒါနဲ႔.. ခင္ဗ်ားနာမည္ကေရာ.. "
" တကယ္ပဲ ကိုယ့္နာမည္ကို မမွတ္မိဘူးလား "
" ဗ်ာ..."
ဘာကိုမမွတ္မိတာလဲ..။ သူေမးတာႀကီးက နည္းနည္း မထူးဆန္းဘူးလား။
" ကိုယ့္နာမည္က.. စိုင္းထြဋ္ေခါင္ ပါ.. "
" ဪ.. ဟုတ္ကဲ့... ကြၽန္ေတာ့္ကိုကူညီေပးလို႔ ေက်းဇူးတင္ပါတယ္.. "
" ရပါတယ္... ျမတ္သူအထဲဝင္ေတာ့ေလ.. အျပင္မွာကေအးတယ္..."
" ဟုတ္.. ကြၽန္ေတာ္သြားေတာ့မယ္ေနာ္.."
ေျခေထာက္ေထာ့နဲ႔ေထာ့နဲ႔ႏွင့္ အိမ္ထဲသို႔ဝင္သြားေသာသူကိုၾကည့္၍ သူမၾကားမိေအာင္ေျပာလိုက္သည့္စကားသည္ ..
" အခုမင္းကို ကိုယ္ကယ္တင္ခဲ့တာေတြက.. အရင္က မင္းအေပၚက်ဴးလြန္ခဲ့တဲ့ ကိုယ့္ရဲ႕အျပစ္ေတြနဲ႔ ယွဥ္ရင္ မေျပာပေလာက္ေသးပါဘူး..."
မေန႔ညကနည္းတူ ယေန႔ညတြင္လည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနေသာ ေကာင္ေလးတစ္ေယာက္ရွိေနသကဲ့သို႔ ထိုေကာင္ေလးကို 'သူ႔ေျခေထာက္မ်ားနာေနမလား၊ အဆင္ေျပပါ့မလား'ဟူေသာ စိုးရိမ္စိတ္တို႔ႏွင့္ အခန္းေထာင့္ေလးတြင္ ရပ္ၾကည့္ေနေသာ သူတစ္ဦးလည္းရွိခဲ့သည္။
Advertisement
- In Serial65 Chapters
ʟᴏꜱᴛ ʟᴏᴠᴇ
Why are you doing this?" I whispered, my head dropped to the floor as the floor began to blur with my tears. "Pardon?" "Please stop, Khyson." "Ms. Kingston, if this is some sort of joke you are not very amusing." "How can you just sit here! Sit here and pretend like we never had something! Like we're-we're complete strangers! Why don't you remember!" •They were friends, best friends. But then they weren't. Funny how a relationship could disappear in the matter of seconds. She never wanted to see him again, she carried a piece of him that he could never know about. She was in a stable relationship, happy. He was running his own empire and had just gotten out of an relationship. Now after all these years he comes back, back into her twisted life.After all, she did have his son. Their son that he had no living idea about. Their love was lost. - This book contains mature themes.All content belongs to moi.With help from: bestie KayleannFinished - 20/3/2022
8 267 - In Serial7 Chapters
Lost and Loved
Lisa is abandoned at her family home by her selfish mother and drug abusing father. Left to fend for herself, she battles with her emotions and thoughts of self harm. Jake, a twenty - something truck driver, has just inherited his late father's estate. They were close, much more so than he is with his mother. What he discovers at the old property is both painful and disgusting.
8 165 - In Serial6 Chapters
Her Royal Match
Set in the late Victorian era of 1890 when women liberation was still a distant dream, Princess Marine , a certified doctor & a rebellion in the royal family is one among few ladies who struggled to make a difference in a male dominated society. After her elder sister Emma dishonored the family reputation by eloping with a imposter, the Wellsleys' are left with only Marine to regain their lost status in the elite society by marrying her off. However with what little chance her sister left, it's on Marine to find herself a suitable match. Will she ever succeed in finding one in a society where you're judged by your past or will her judgmental approach get in the way of meeting her royal match? Join Princess Marine on this romantic medical journey.
8 190 - In Serial31 Chapters
My Mystery Pen Pal - 《COMPLETE》
☆Needs major editing☆After getting a call from an unknown number one night, Natasha and the mystery man start texting only to discover that they instantly connect. What will come of the mystery man when they start becoming pen pals?******Started 8th October 2017Finished 6th November 2017
8 117 - In Serial48 Chapters
Beautifully Broken
"I'm fine," I state rather bluntly."You don't look fine.""Then stop looking."He chuckles, and damn does he. His voice is dessert for the ears, his face is candy for the eyes. If I wasn't so pissed off I might've swooned over him. "How can I? When an angel is so close to me," He smirks.I fully turn myself towards him this time."Were you there? That night?" I have to know before I think about him in the light any longer. "No." He doesn't even hesitate, "But my father was,""If I may ask, what in the hell prompted him to take my brother from a car accident?"He plasters on a tight-lipped grin, a small tick in his chin. "That's the thing, Hermosa, that night was everything but an accident."(Beautiful) ---This is a small intercept from Beautifully Broken. If you decided to read it I hope you enjoy!
8 470 - In Serial5 Chapters
Return of Laurel Lance
Joining the Therapy fic trend for 5x10. Lauriver fans welcome, Olicity fans don't even bother. With Laurel Lance now back, how will things change between her and Oliver?
8 67

