《Amiss Prayer (Zawgyi&Unicode) [Completed]》Part-6(စောင့်နေခဲ့ခြင်း)
Advertisement
For Unicode
စောင့်နေခဲ့ခြင်း
မိမိဒုက္ခရောက်တိုင်း အမြဲပေါ်လာတတ်သောသူသည် မိမိစိတ်ထဲ၌စိုးမိုးနေသည်။ အဘယ်ကြောင့်နည်း။ မိမိကိုခဏခဏကူညီပေးနေ၍လား။ သေချာမဖြေရှင်းတတ်ပေ။ သို့သော်.. သေချာစွာသိနေသည့်တစ်ခုက သူ့ကိုထပ်တွေ့ချင်ပါသေးသည်။ သူသည် မိမိ၏စိတ်ထဲ၌ အထူးဆန်းဆုံးသောလူသား။ ကျန်သောအချိန်များတွင် သူ့ကိုတွေ့ရလေ့မရှိ။ မိမိအန္တရာယ်နှင့် ကြုံတွေ့ရသည့်အချိန်များတွင်သာ သူ့ကိုတွေ့ရလေ့ရှိသည်..။
ကျွန်တော့်ကိုတမင်ကယ်ဖို့များ ဘုရားသခင်က ဖန်ဆင်းပေးထားလေသလား..။
ထိုသူကိုအဘ၏ အိမ်တွင်သွားရှာချင်သေးသည်။ သို့သော်.. မသင့်တော်သေးပေ။ သိက္ခာ ထိန်းရဦးမည်လေ..။
မဖြစ်ဘူးမြတ်သူ.. မဖြစ်ဘူး..။ သေချာချာမသိသေးတဲ့လူတစ်ယောက်ကို အဲဒီလောက်ရင်းနှီးချင်လို့မရသေးဘူး...။
ထိုသူကို မိမိအန္တရာယ်နှင့်မကြုံတွေ့ရသည့်ရက်များတွင် တွေ့ရလေ့မရှိ။ မိမိအန္တရာယ်နှင့်ကြုံတွေ့မှသာ ရောက်ရောက်လာတက်သည်မို့ သူ့ကိုတွေ့ချင်သောကြောင့် တမင် ကိုယ့်ကိုကိုယ်နာကျင်စေရန် လုပ်ရမည့် သဘောရှိနေသည်။
ဟူး... အဲဒီလိုလုပ်လို့လည်းမဖြစ်သေးပါဘူးလေ။
ထိုသို့သောအတွေးများနှင့်ခြံထဲတွင် မြတ်သူလမ်းလျှောက်နေစဉ် အနောက်မှသူ့ကိုခေါ်သည့်အသံတစ်ခုထွက်ပေါ်လာသည်။ ယနေ့တွင် အနာတရမရှိဘဲ မြတ်သူတစ်ယောက် ဆုတောင်းပြည့်ခဲ့သည်။ ထိုအသံပိုင်ရှင်သည် မြတ်သူမျှော်လင့်နေသော စိုင်းထွဋ်ခေါင်၏အသံဖြစ်သည်။
“ မြတ်သူ...”
သူ့ခေါ်သံကိုကြားသည်နှင့်တစ်ပြိုင်နက် မြတ်သူကိုယ်လေးတုန်သွားကာ ‘ဘုရားသခင်..’ ဟုယောင်မိခဲ့သည်...။ ကျောက်ရုပ်ကဲ့သို့ မလှုပ်မရှားဘဲရပ်နေသည့် မြတ်သူအား စိုင်းထွဋ်ခေါင်သည် ပြုံးလျက်ကြည့်နေသည်။
“ ကိုယ့်ကိုလန့်နေတာလား.. “
“ အမ်.. မဟုတ်.. မဟုတ်ပါဘူး.. ဒီတိုင်းရုတ်တရက်ကြီးတွေ့လိုက်တော့ နည်းနည်း “
စင်စစ် မြတ်သူတစ်ယောက်ပြောလက်စ စကားများ ရပ်သွားခြင်းဖြစ်သည်။ အကြောင်းအရင်းမှာ စိုင်းထွဋ်ခေါင်သည် မြတ်သူအရှေ့သို့ တစ်လှမ်းချင်း လျှောက်လာသောကြောင့်ဖြစ်သည်..။
“ အင်း.. ဆက်ပြောပါဦး.. နည်းနည်း ဘာဆက်ဖြစ်လဲ..”
“ ဟို.. ဟိုဟာ.. နည်းနည်း... လန့်သွားတာပါ “
ဘယ်လိုအနေအထားကြီးလဲ။ သူကဘာလို့ငါ့အနားကိုအဲဒီလောက်ကပ်လာရတာလဲ။ ငါ့ရင်ဘတ်ကြီးက ဘာလို့အဲဒီလောက် ခုန်ပေါက်နေတာလဲ။ သိက္ခာလေး.. သိက္ခာလေးထိန်းစမ်း။ ပြန်လာခဲ့စမ်း။
အမှန်မှာ စိုင်းထွဋ်ခေါင်၏မျက်နှာသည်။ မြတ်သူ၏မျက်နှာအနားသို့ ကပ်လာသောကြောင့်ဖြစ်သည်။ တစ်ယောက်၏ အသက်ရှူထုတ်လိုက်သောလေသည် တစ်ယောက်မျက်နှာသို့ ရိုက်ခက်နေသည်အထိ နီးကပ်လွန်းလှသည်...။
“ အရမ်းလန့်သွားတယ်ထင်တယ်။ စကားတွေတောင်ထစ်နေတယ်... “
“ မဟုတ်.. မဟုတ်ပါဘူး... “
သေလိုက်ပါတော့..။ သူပြောမှပိုထစ်ပြနေတဲ့ ဒီပါးစပ်ကြီးကိုဖြတ်ဖြတ်ရိုက်ချင်လာသည်။
“ မြတ်သူလန့်နေရင်လည်း.. ကိုယ်ပြန်တော့မယ်နော်.. “
“ ဟင့်အင်း.. မပြန်ပါနဲ့... “
လှည့်ထွက်မည့်ဟန်ပြင်နေသော စိုင်းထွဋ်ခေါင်ကို မြတ်သူသည် လက်ကဆွဲကာ တားဆီးမိသည်။
ဘာကြောင့်တားဆီးမိမှန်းမသိခဲ့။ သူ့ကိုလန့်နေခြင်း မဟုတ်ကြောင်းသက်သေပြချင်၍လား.. တမင်မပြန်စေချင်၍လား.. မိမိကိုယ်တိုင်လည်းဝေခွဲမရ..။
“ မြတ်သူကို ကိုယ်မှာစရာရှိတယ်။ နောက်နေ့တွေဆိုရင် ညဘက်အပြင်မထွက်ပါနဲ့။ ခြံထဲမှာပဲနေတယ်ဆိုပေမဲ့ မမြင်ရတဲ့အန္တရာယ်တွေကအများကြီး။ မြတ်သူကို ထိခိုက်နေမှာစိုးလို့ပြောပြတာပါ.. “
“ ဒါပေမဲ့... အိမ်ထဲမှာကြီးနေနေရတော့ပျင်းတယ်။ ဘွားဘွားနဲ့မေမေကလည်းဆိုင်ဖွင့်မလို့ အလုပ်ရှုပ်နေတာနဲ့ သူတို့ကိုစကားသွားပြောလို့မရဘူးလေ “
“ ဒီလိုလုပ်ပါလား.. နောက်နေ့ညဘက် လမ်းလျှောက်မထွက်နဲ့ ကိုယ်လာခဲ့ပေးမယ်။ မြတ်သူအပျင်းပြေအောင် ကိုယ်စကားလာပြောပေးမယ် “
“ အင်း.. ပြီးရော.. “
“ အခုတော့.. အထဲဝင်တော့နော်.. “
“ အင်း... “
သူကမိမိကိုစိုးရိမ်သည်တဲ့လား။ ထိုစကားလေးကြားရရုံမျှဖြင့် မိမိရင်ထဲတွင် ပန်းများဖူးပွင့်လာကာ လိပ်ပြာများပျံသန်းနေသကဲ့သို့ ခံစားနေရသည်။ စကားလေးတစ်ခွန်းကြားရုံဖြင့် အဘယ်ကြောင့် ဤမျှလောက် ကြည်နူးနေရပါသနည်း။ သူနှင့်ပတ်သက်မှုတိုင်းသည် မိမိအတွက် အလွန်ကိုဆန်းကြယ်ပါသည်။
မြတ်သူအတွက် ယနေ့သည် နေ့တာရှည်လွန်းသည်ဟု ထင်မိသည်။ နေ၏အလင်းရောင်တို့တောင်တန်း၏အနောက်သို့ပုန်းကာ အေးမြသော လရောင်အလင်းကို ရရှိမည့် ညတာအချိန်များကို ရင်ခုန်ခြင်းဖြင့်သာ စောင့်ဆိုင်းနေရသည်..။
နေ့ခင်းတွင် စိတ်မရှည်စွာဖြတ်သန်းမိသကဲ့သို့ ညသို့ရောက်သောအခါတွင်လည်း စိုးရိမ်မှုတို့က ရှိနေပြန်သည်..။
ဒီည.. သူတကယ်ပဲလာမှာလား။ ဟုတ်ပါ့မလား။ ကလေးတွေကို နှစ်သိမ့်သလို ကျွန်တော့်ကိုနှစ်သိမ့်ပေးရုံသက်သက်များ ပြောခဲ့တာလား။ ခဏ.. ငါကဘာလို့သူကိုအဲဒီလောက်မျှော်နေတာလဲ။ မင်းစိတ်တွေမူမမှန်တော့ဘူးမြတ်သူ။ မင်းရူးနေပြီလား...။
တစ်ယောက်တည်းသာ အပြစ်တင်ခြင်း၊ မျှော်လင့်မိခြင်း၊ တွေဝေခြင်းတို့ဖြင့် အလုပ်ရှုပ်နေမိသည်။
ထိုသို့တစ်ယောက်တည်း စကားပြောရသည်က မြတ်သူ၏အကျင့်တစ်ခုဖြစ်နေသည်။
ထိုသူကိုမျှော်လင့်နေရုံဖြင့် အလုပ်မဖြစ်သေးသောကြောင့် ဖတ်လက်စ စာအုပ်ကိုသာစိတ်နှစ်၍ဖတ်လိုက်သည်..။
ထို့နောက် မိမိအခန်း၏ပြတင်းပေါက်မှ ခေါက်သံကြားရသည်။ ထိုပြတင်းပေါက် နားသို့ သွား၍ဖွင့်ကြည့်လိုက်သောအခါ မိမိမျှော်နေမိသည့် ထိုသူ..။
“ ခင်ဗျား.. ဘယ်လိုလုပ်ပြီး.. ဒီမှာရောက်နေတာလဲ.. “
“ ကိုယ်ပြောတယ်လေ.. မြတ်သူဆီလာမယ်လို့..”
“ အင်းလေ.. ဟုတ်တယ်လေ.. ဒါပေမဲ့ အိမ်ရှေ့ကလာလေ။ ဘယ်လိုကြောင့်.. ပြတင်းပေါက်ကဝင်လာတာတုန်း။ လာလာ.. ဝင်ခဲ့... ပြုတ်ကျနေဦးမယ်..”
“ အခုပဲကိုးနာရီထိုးနေပြီလေ..။ မြတ်သူတို့အိမ်တံခါးမကြီးကပိတ်နေပြီလေ။ ကိုယ်ဘယ်လိုဝင်ရမလဲ “
“ ဟမ်.. အင်းပါ.. ထားပါတော့.. နောက်နေ့ကျရင် ခင်ဗျားလာမယ့်အချိန်ကို ကျွန်တော့်ကိုပြောထားလေ.. ကျွန်တော်တံခါးလာဖွင့်ပေးမယ်..”
“ ရတယ်.. မဖွင့်ပေးနဲ့.. ဒီလိုပဲလာမယ် “
“ ဟာ.. မဟုတ်တာ.. ခင်ဗျားကလည်း ခိုးကြောင်ခိုးဝှက်ကြီးမလုပ်ပါနဲ့ “
Advertisement
“ မြတ်သူမိဘတွေက ကိုယ်လာတာကိုသဘောမကျမှာစိုးလို့ပါ “
“ မဖြစ်နိုင်ပါဘူး။ မေမေနဲ့ဘွားဘွားက သဘောကောင်းပါတယ် “
“ သူတို့ကသဘောကောင်းပေမဲ့ ကိုယ်တကယ်အဆင်မပြေလို့ပါ “
“ ဟမ်.. ကဲပါ.. ထားပါတော့။ ခင်ဗျားသဘော..။ သူများတွေတွေ့သွားရင် ခင်ဗျားကို သူခိုးလို့ထင်နေမှာစိုးလို့ ကျွန်တော်ကစေတနာနဲ့ပြောပြတာပါ “
ကိုယ့်ကိုလား... သေချာတယ်.. မြတ်သူနဲ့လှထွန်းကလွဲရင် ဘယ်သူမှကိုယ့်ကိုမမြင်ရဘူးဆိုတာ။ အဲဒါကြောင့်မစိုးရိမ်ပါနဲ့လား။
“ အင်းပါ.. ကိုယ်ဂရုစိုက်ပါ့မယ်။ ဒါနဲ့မြတ်သူကရောကိုယ့်ကိုသူခိုးလို့၊ မကောင်းတဲ့လူလို့မထင်ဘူးလား “
“ ခင်ဗျားသာလူကောင်းမဟုတ်ရင်.. ကျွန်တော့်ကိုကူညီပါ့မလား “
“ ဟုတ်ပါပြီ.. “
ကိုယ့်ကိုယုံကြည်ပေးလို့ကျေးဇူးတင်ပါတယ် ကောင်လေး။ ကိုယ်က လူကောင်း.. မဟုတ်ပေမဲ့ ကောင်လေးကိုတော့ ဘယ်တော့မှထိခိုက်အောင်မလုပ်ပါဘူး။
“ အခု.. မြတ်သူကဘာလုပ်နေတာလဲ.. “
“ ကျွန်တော်က အခု.. စာအုပ်ဖတ်နေတာ.. “
“ ဘာစာအုပ်တွေလဲ... “
“ အချစ်ဝတ္ထုစာအုပ်ပါ.. ဒီမှာလေ.. “
သူပြတဲ့စာအုပ်လေးက ‘သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်’ တဲ့။ ခိုင်.. ခိုင် ဆိုတော့.. အမျိုးသမီးနာမည်။ သူ့ရင်ထဲမှာ တခြားသူရှိနေလို့ခံစားချက်တွေတိုက်ဆိုင်လို့ဖတ်နေတာလား..။ သူ့ရင်ထဲကိုနေရာယူထားတဲ့သူက ဘယ်သူများလဲ။ အမျိုးသမီးဖြစ်စေ.. အမျိုးသားဖြစ်စေ.. သူ့ရင်ထဲမှာ နေရာယူထားတဲ့သူကို ဘယ်နည်းနဲ့မှကျေနပ်နိုင်။
သူသည် မိမိအပိုင်လူသား...။ မိမိပိုင်လူသားဖြစ်၍ မည်သူနှင့်မှ မျှမချစ်နိုင်ပါ။
“ ဒီဝတ္ထုကလေ.. အရေးအသားတွေ တကယ်ကောင်းတယ်.. ငိုလည်းငိုရတယ်.. “
သူ.. ငိုရတယ်ပြောရုံဖြင့် မိမိသည်ထိုစာအုပ်အား မီးရှို့ချင်လာသည်။
အပြစ်ကတော့.. သူ့ကိုမျက်ရည်ကျအောင်လုပ်တဲ့အပြစ်ပေါ့..။
“ ငိုရရင်ဘာလို့ဆက်ဖတ်နေတာလဲ..မဖတ်နဲ့တော့လေ.. “
“ ဟင်.. မဟုတ်ဘူးလေ.. အရေးအသားတွေကောင်းလို့.. သရုပ်ပေါ်လွင်ပြီးခံစားမှုတွေပေးနိုင်တဲ့သဘောကိုပြောတာပါ.. “
“ သြော်... မြတ်သူကခံစားတတ်နေပြီလား.. “
“ လူပဲ.. ခံစားတတ်တာပေါ့ “
“ ပြောပြပါဦး မြတ်သူကိုခံစားတတ်အောင်သင်ပေးတဲ့သူကို “
အဲဒီလူတော့မနက်ဖြန်သက်ပျောက်ဆွမ်းကျွေးရပြီမှတ်။
“ ဒီမှာလေ “
လက်ညှိုးညွှန်ရာနေရာသို့ ကြည့်မိသောအခါ ထိုနေရာတွင် စာအုပ်စင်လေးက သပ်ရပ်စွာနေရာယူထားသည်။
“ ကိုယ်ပြောတာအဲဒါကိုမဟုတ်ဘူးလေ.. လူကိုပြောတာ “
“ ဟမ်... လူက.. ကျွန်တော်ကိုပျော်ရွှင်စေတဲ့မိသားစုနဲ့ သူငယ်ချင်းကလွဲရင် ဘယ်သူမှမရှိသေးဘူး.. “
“ ချစ်သူမရှိသေးဘူးပေါ့ “
“ အင်း “
ခပ်ပြတ်ပြတ် တစ်ခွန်းတည်းဖြေလိုက်သော ‘အင်း’ဟူသည့်စကားလေးသည် မိမိအားကျေနပ်မှုကိုပေးစွမ်းသကဲ့သို့ စိုးရိမ်မှုများကိုလည်း ဖြေပျောက်နိုင်ခဲ့သည်။ ကျေနပ်မှု၏အရိပ်အယောင်သည် မျက်နှာတွင်ထင်ဟပ်ကာပြုံးမိသောအခါ မိမိရှေ့မှလူသားသည် မိမိအပြုံးကိုနားလည်မှုလွဲသွားပုံရသည်။ မျက်မှောင်ကြုတ်ကာ မိမိအားမကြည်စွာကြည့်သေးသည်။
“ ဘာလဲ.. ပြုံးစိစိနဲ့..။ လူကိုရည်းစာမရှိဘူးဆိုပြီးလှောင်တာလား “
“ မဟုတ်ပါဘူး.. ဒီအတိုင်းပဲပြုံးလိုက်တာပါ “
“ ကျွန်တော်က လူလိမ္မာလေးမို့လို့ ရည်စားမထားတာပါနော် “
“ သားလိမ္မာလေးကိုရထားတဲ့ မြတ်သူရဲ့မိဘတွေကတော့ ကံကောင်းတာပေါ့ “
“ ဒါပေါ့ “
မျက်လုံးလေးကိုအသားလေးမှိတ်ကာ ဂုဏ်ယူနေသည့်အပြုံးများဖြင့် ပြောနေသောမြတ်သူသည် စိုင်းထွဋ်ခေါင်၏မျက်ဝန်းထဲတွင်နှစ်လိုဖွယ်အတိ။
“ ဟုတ်ပါပြီ လူလိမ္မာလေးရယ် “
“ ဒါနဲ့.. ခင်ဗျားစာအုပ်ဖတ်မလား “
“ ဟမ်.. ဖတ်ချင်ပေမဲ့.. ကိုယ်ကစာဖတ်ပျင်းတယ် “
“ သြော်..”
“ ဒါပေမဲ့.. သူများပြန်ပြောပြလို့ နားထောင်ရတာကိုတော့ကြိုက်တယ် “
“ အင်း.. ပင်ပန်းနေဦးမယ် “
“ မြတ်သူသာပြန်ပြောပြရင်..ပိုနားထောင်လို့ကောင်းမှာ..”
“ ပြောတတ်တယ်နော်.. “
“ ကိုယ့်ကိုပြောပြမှာလား “
“ အင်းလေ.. ပြောစရာစကားကလည်း မရှိသေးတော့ ဝတ္ထုအကြောင်းပဲပြောပြရတာပေါ့ ”
စင်စစ်ဝတ္ထုဇာတ်လမ်းကို နားထောင်လို၍မဟုတ်..။ သူ့ကို ကြည့်နေချင်ရုံသက်သက်သာ...။
ထိုနေ့ညတွင် ဝတ္ထုဇာတ်လမ်းကိုအသေအချာပြောပြနေသည့် ကောင်လေးတစ်ယောက်ရှိသကဲ့သို့ ထိုကောင်လေးကိုနှစ်သက်မှုအပြည့်နှင့် သူပြောသမျှနားထောင်ပေးနေသောသူ တစ်ဦးလည်းရှိခဲ့သည်။
For Zawgyi
ေစာင့္ေနခဲ့ျခင္း
မိမိဒုကၡေရာက္တိုင္း အၿမဲေပၚလာတတ္ေသာသူသည္ မိမိစိတ္ထဲ၌စိုးမိုးေနသည္။ အဘယ္ေၾကာင့္နည္း။ မိမိကိုခဏခဏကူညီေပးေန၍လား။ ေသခ်ာမေျဖရွင္းတတ္ေပ။ သို႔ေသာ္.. ေသခ်ာစြာသိေနသည့္တစ္ခုက သူ႔ကိုထပ္ေတြ႕ခ်င္ပါေသးသည္။ သူသည္ မိမိ၏စိတ္ထဲ၌ အထူးဆန္းဆုံးေသာလူသား။ က်န္ေသာအခ်ိန္မ်ားတြင္ သူ႔ကိုေတြ႕ရေလ့မရွိ။ မိမိအႏၲရာယ္ႏွင့္ ႀကဳံေတြ႕ရသည့္အခ်ိန္မ်ားတြင္သာ သူ႔ကိုေတြ႕ရေလ့ရွိသည္..။
ကြၽန္ေတာ့္ကိုတမင္ကယ္ဖို႔မ်ား ဘုရားသခင္က ဖန္ဆင္းေပးထားေလသလား..။
ထိုသူကိုအဘ၏ အိမ္တြင္သြားရွာခ်င္ေသးသည္။ သို႔ေသာ္.. မသင့္ေတာ္ေသးေပ။ သိကၡာ ထိန္းရဦးမည္ေလ..။
မျဖစ္ဘူးျမတ္သူ.. မျဖစ္ဘူး..။ ေသခ်ာခ်ာမသိေသးတဲ့လူတစ္ေယာက္ကို အဲဒီေလာက္ရင္းႏွီးခ်င္လို႔မရေသးဘူး...။
ထိုသူကို မိမိအႏၲရာယ္ႏွင့္မႀကဳံေတြ႕ရသည့္ရက္မ်ားတြင္ ေတြ႕ရေလ့မရွိ။ မိမိအႏၲရာယ္ႏွင့္ႀကဳံေတြ႕မွသာ ေရာက္ေရာက္လာတက္သည္မို႔ သူ႔ကိုေတြ႕ခ်င္ေသာေၾကာင့္ တမင္ ကိုယ့္ကိုကိုယ္နာက်င္ေစရန္ လုပ္ရမည့္ သေဘာရွိေနသည္။
ဟူး... အဲဒီလိုလုပ္လို႔လည္းမျဖစ္ေသးပါဘူးေလ။
ထိုသို႔ေသာအေတြးမ်ားႏွင့္ၿခံထဲတြင္ ျမတ္သူလမ္းေလွ်ာက္ေနစဥ္ အေနာက္မွသူ႔ကိုေခၚသည့္အသံတစ္ခုထြက္ေပၚလာသည္။ ယေန႔တြင္ အနာတရမရွိဘဲ ျမတ္သူတစ္ေယာက္ ဆုေတာင္းျပည့္ခဲ့သည္။ ထိုအသံပိုင္ရွင္သည္ ျမတ္သူေမွ်ာ္လင့္ေနေသာ စိုင္းထြဋ္ေခါင္၏အသံျဖစ္သည္။
Advertisement
“ ျမတ္သူ...”
သူ႔ေခၚသံကိုၾကားသည္ႏွင့္တစ္ၿပိဳင္နက္ ျမတ္သူကိုယ္ေလးတုန္သြားကာ ‘ဘုရားသခင္..’ ဟုေယာင္မိခဲ့သည္...။ ေက်ာက္႐ုပ္ကဲ့သို႔ မလႈပ္မရွားဘဲရပ္ေနသည့္ ျမတ္သူအား စိုင္းထြဋ္ေခါင္သည္ ၿပဳံးလ်က္ၾကည့္ေနသည္။
“ ကိုယ့္ကိုလန႔္ေနတာလား.. “
“ အမ္.. မဟုတ္.. မဟုတ္ပါဘူး.. ဒီတိုင္း႐ုတ္တရက္ႀကီးေတြ႕လိုက္ေတာ့ နည္းနည္း “
စင္စစ္ ျမတ္သူတစ္ေယာက္ေျပာလက္စ စကားမ်ား ရပ္သြားျခင္းျဖစ္သည္။ အေၾကာင္းအရင္းမွာ စိုင္းထြဋ္ေခါင္သည္ ျမတ္သူအေရွ႕သို႔ တစ္လွမ္းခ်င္း ေလွ်ာက္လာေသာေၾကာင့္ျဖစ္သည္..။
“ အင္း.. ဆက္ေျပာပါဦး.. နည္းနည္း ဘာဆက္ျဖစ္လဲ..”
“ ဟို.. ဟိုဟာ.. နည္းနည္း... လန႔္သြားတာပါ “
ဘယ္လိုအေနအထားႀကီးလဲ။ သူကဘာလို႔ငါ့အနားကိုအဲဒီေလာက္ကပ္လာရတာလဲ။ ငါ့ရင္ဘတ္ႀကီးက ဘာလို႔အဲဒီေလာက္ ခုန္ေပါက္ေနတာလဲ။ သိကၡာေလး.. သိကၡာေလးထိန္းစမ္း။ ျပန္လာခဲ့စမ္း။
အမွန္မွာ စိုင္းထြဋ္ေခါင္၏မ်က္ႏွာသည္။ ျမတ္သူ၏မ်က္ႏွာအနားသို႔ ကပ္လာေသာေၾကာင့္ျဖစ္သည္။ တစ္ေယာက္၏ အသက္ရွဴထုတ္လိုက္ေသာေလသည္ တစ္ေယာက္မ်က္ႏွာသို႔ ႐ိုက္ခက္ေနသည္အထိ နီးကပ္လြန္းလွသည္...။
“ အရမ္းလန႔္သြားတယ္ထင္တယ္။ စကားေတြေတာင္ထစ္ေနတယ္... “
“ မဟုတ္.. မဟုတ္ပါဘူး... “
ေသလိုက္ပါေတာ့..။ သူေျပာမွပိုထစ္ျပေနတဲ့ ဒီပါးစပ္ႀကီးကိုျဖတ္ျဖတ္႐ိုက္ခ်င္လာသည္။
“ ျမတ္သူလန႔္ေနရင္လည္း.. ကိုယ္ျပန္ေတာ့မယ္ေနာ္.. “
“ ဟင့္အင္း.. မျပန္ပါနဲ႔... “
လွည့္ထြက္မည့္ဟန္ျပင္ေနေသာ စိုင္းထြဋ္ေခါင္ကို ျမတ္သူသည္ လက္ကဆြဲကာ တားဆီးမိသည္။
ဘာေၾကာင့္တားဆီးမိမွန္းမသိခဲ့။ သူ႔ကိုလန႔္ေနျခင္း မဟုတ္ေၾကာင္းသက္ေသျပခ်င္၍လား.. တမင္မျပန္ေစခ်င္၍လား.. မိမိကိုယ္တိုင္လည္းေဝခြဲမရ..။
“ ျမတ္သူကို ကိုယ္မွာစရာရွိတယ္။ ေနာက္ေန႔ေတြဆိုရင္ ညဘက္အျပင္မထြက္ပါနဲ႔။ ၿခံထဲမွာပဲေနတယ္ဆိုေပမဲ့ မျမင္ရတဲ့အႏၲရာယ္ေတြကအမ်ားႀကီး။ ျမတ္သူကို ထိခိုက္ေနမွာစိုးလို႔ေျပာျပတာပါ.. “
“ ဒါေပမဲ့... အိမ္ထဲမွာႀကီးေနေနရေတာ့ပ်င္းတယ္။ ဘြားဘြားနဲ႔ေမေမကလည္းဆိုင္ဖြင့္မလို႔ အလုပ္ရႈပ္ေနတာနဲ႔ သူတို႔ကိုစကားသြားေျပာလို႔မရဘူးေလ “
“ ဒီလိုလုပ္ပါလား.. ေနာက္ေန႔ညဘက္ လမ္းေလွ်ာက္မထြက္နဲ႔ ကိုယ္လာခဲ့ေပးမယ္။ ျမတ္သူအပ်င္းေျပေအာင္ ကိုယ္စကားလာေျပာေပးမယ္ “
“ အင္း.. ၿပီးေရာ.. “
“ အခုေတာ့.. အထဲဝင္ေတာ့ေနာ္.. “
“ အင္း... “
သူကမိမိကိုစိုးရိမ္သည္တဲ့လား။ ထိုစကားေလးၾကားရ႐ုံမွ်ျဖင့္ မိမိရင္ထဲတြင္ ပန္းမ်ားဖူးပြင့္လာကာ လိပ္ျပာမ်ားပ်ံသန္းေနသကဲ့သို႔ ခံစားေနရသည္။ စကားေလးတစ္ခြန္းၾကား႐ုံျဖင့္ အဘယ္ေၾကာင့္ ဤမွ်ေလာက္ ၾကည္ႏူးေနရပါသနည္း။ သူႏွင့္ပတ္သက္မႈတိုင္းသည္ မိမိအတြက္ အလြန္ကိုဆန္းၾကယ္ပါသည္။
ျမတ္သူအတြက္ ယေန႔သည္ ေန႔တာရွည္လြန္းသည္ဟု ထင္မိသည္။ ေန၏အလင္းေရာင္တို႔ေတာင္တန္း၏အေနာက္သို႔ပုန္းကာ ေအးျမေသာ လေရာင္အလင္းကို ရရွိမည့္ ညတာအခ်ိန္မ်ားကို ရင္ခုန္ျခင္းျဖင့္သာ ေစာင့္ဆိုင္းေနရသည္..။
ေန႔ခင္းတြင္ စိတ္မရွည္စြာျဖတ္သန္းမိသကဲ့သို႔ ညသို႔ေရာက္ေသာအခါတြင္လည္း စိုးရိမ္မႈတို႔က ရွိေနျပန္သည္..။
ဒီည.. သူတကယ္ပဲလာမွာလား။ ဟုတ္ပါ့မလား။ ကေလးေတြကို ႏွစ္သိမ့္သလို ကြၽန္ေတာ့္ကိုႏွစ္သိမ့္ေပး႐ုံသက္သက္မ်ား ေျပာခဲ့တာလား။ ခဏ.. ငါကဘာလို႔သူကိုအဲဒီေလာက္ေမွ်ာ္ေနတာလဲ။ မင္းစိတ္ေတြမူမမွန္ေတာ့ဘူးျမတ္သူ။ မင္း႐ူးေနၿပီလား...။
တစ္ေယာက္တည္းသာ အျပစ္တင္ျခင္း၊ ေမွ်ာ္လင့္မိျခင္း၊ ေတြေဝျခင္းတို႔ျဖင့္ အလုပ္ရႈပ္ေနမိသည္။
ထိုသို႔တစ္ေယာက္တည္း စကားေျပာရသည္က ျမတ္သူ၏အက်င့္တစ္ခုျဖစ္ေနသည္။
ထိုသူကိုေမွ်ာ္လင့္ေန႐ုံျဖင့္ အလုပ္မျဖစ္ေသးေသာေၾကာင့္ ဖတ္လက္စ စာအုပ္ကိုသာစိတ္ႏွစ္၍ဖတ္လိုက္သည္..။
ထို႔ေနာက္ မိမိအခန္း၏ျပတင္းေပါက္မွ ေခါက္သံၾကားရသည္။ ထိုျပတင္းေပါက္ နားသို႔ သြား၍ဖြင့္ၾကည့္လိုက္ေသာအခါ မိမိေမွ်ာ္ေနမိသည့္ ထိုသူ..။
“ ခင္ဗ်ား.. ဘယ္လိုလုပ္ၿပီး.. ဒီမွာေရာက္ေနတာလဲ.. “
“ ကိုယ္ေျပာတယ္ေလ.. ျမတ္သူဆီလာမယ္လို႔..”
“ အင္းေလ.. ဟုတ္တယ္ေလ.. ဒါေပမဲ့ အိမ္ေရွ႕ကလာေလ။ ဘယ္လိုေၾကာင့္.. ျပတင္းေပါက္ကဝင္လာတာတုန္း။ လာလာ.. ဝင္ခဲ့... ျပဳတ္က်ေနဦးမယ္..”
“ အခုပဲကိုးနာရီထိုးေနၿပီေလ..။ ျမတ္သူတို႔အိမ္တံခါးမႀကီးကပိတ္ေနၿပီေလ။ ကိုယ္ဘယ္လိုဝင္ရမလဲ “
“ ဟမ္.. အင္းပါ.. ထားပါေတာ့.. ေနာက္ေန႔က်ရင္ ခင္ဗ်ားလာမယ့္အခ်ိန္ကို ကြၽန္ေတာ့္ကိုေျပာထားေလ.. ကြၽန္ေတာ္တံခါးလာဖြင့္ေပးမယ္..”
“ ရတယ္.. မဖြင့္ေပးနဲ႔.. ဒီလိုပဲလာမယ္ “
“ ဟာ.. မဟုတ္တာ.. ခင္ဗ်ားကလည္း ခိုးေၾကာင္ခိုးဝွက္ႀကီးမလုပ္ပါနဲ႔ “
“ ျမတ္သူမိဘေတြက ကိုယ္လာတာကိုသေဘာမက်မွာစိုးလို႔ပါ “
“ မျဖစ္ႏိုင္ပါဘူး။ ေမေမနဲ႔ဘြားဘြားက သေဘာေကာင္းပါတယ္ “
“ သူတို႔ကသေဘာေကာင္းေပမဲ့ ကိုယ္တကယ္အဆင္မေျပလို႔ပါ “
“ ဟမ္.. ကဲပါ.. ထားပါေတာ့။ ခင္ဗ်ားသေဘာ..။ သူမ်ားေတြေတြ႕သြားရင္ ခင္ဗ်ားကို သူခိုးလို႔ထင္ေနမွာစိုးလို႔ ကြၽန္ေတာ္ကေစတနာနဲ႔ေျပာျပတာပါ “
ကိုယ့္ကိုလား... ေသခ်ာတယ္.. ျမတ္သူနဲ႔လွထြန္းကလြဲရင္ ဘယ္သူမွကိုယ့္ကိုမျမင္ရဘူးဆိုတာ။ အဲဒါေၾကာင့္မစိုးရိမ္ပါနဲ႔လား။
“ အင္းပါ.. ကိုယ္ဂ႐ုစိုက္ပါ့မယ္။ ဒါနဲ႔ျမတ္သူကေရာကိုယ့္ကိုသူခိုးလို႔၊ မေကာင္းတဲ့လူလို႔မထင္ဘူးလား “
“ ခင္ဗ်ားသာလူေကာင္းမဟုတ္ရင္.. ကြၽန္ေတာ့္ကိုကူညီပါ့မလား “
“ ဟုတ္ပါၿပီ.. “
ကိုယ့္ကိုယုံၾကည္ေပးလို႔ေက်းဇူးတင္ပါတယ္ ေကာင္ေလး။ ကိုယ္က လူေကာင္း.. မဟုတ္ေပမဲ့ ေကာင္ေလးကိုေတာ့ ဘယ္ေတာ့မွထိခိုက္ေအာင္မလုပ္ပါဘူး။
“ အခု.. ျမတ္သူကဘာလုပ္ေနတာလဲ.. “
“ ကြၽန္ေတာ္က အခု.. စာအုပ္ဖတ္ေနတာ.. “
“ ဘာစာအုပ္ေတြလဲ... “
“ အခ်စ္ဝတၳဳစာအုပ္ပါ.. ဒီမွာေလ.. “
သူျပတဲ့စာအုပ္ေလးက ‘သူငယ္ခ်င္းလို႔ပဲဆက္၍ေခၚမည္ခိုင္’ တဲ့။ ခိုင္.. ခိုင္ ဆိုေတာ့.. အမ်ိဳးသမီးနာမည္။ သူ႔ရင္ထဲမွာ တျခားသူရွိေနလို႔ခံစားခ်က္ေတြတိုက္ဆိုင္လို႔ဖတ္ေနတာလား..။ သူ႔ရင္ထဲကိုေနရာယူထားတဲ့သူက ဘယ္သူမ်ားလဲ။ အမ်ိဳးသမီးျဖစ္ေစ.. အမ်ိဳးသားျဖစ္ေစ.. သူ႔ရင္ထဲမွာ ေနရာယူထားတဲ့သူကို ဘယ္နည္းနဲ႔မွေက်နပ္ႏိုင္။
သူသည္ မိမိအပိုင္လူသား...။ မိမိပိုင္လူသားျဖစ္၍ မည္သူႏွင့္မွ မွ်မခ်စ္ႏိုင္ပါ။
“ ဒီဝတၳဳကေလ.. အေရးအသားေတြ တကယ္ေကာင္းတယ္.. ငိုလည္းငိုရတယ္.. “
သူ.. ငိုရတယ္ေျပာ႐ုံျဖင့္ မိမိသည္ထိုစာအုပ္အား မီးရႈိ႕ခ်င္လာသည္။
အျပစ္ကေတာ့.. သူ႔ကိုမ်က္ရည္က်ေအာင္လုပ္တဲ့အျပစ္ေပါ့..။
“ ငိုရရင္ဘာလို႔ဆက္ဖတ္ေနတာလဲ..မဖတ္နဲ႔ေတာ့ေလ.. “
“ ဟင္.. မဟုတ္ဘူးေလ.. အေရးအသားေတြေကာင္းလို႔.. သ႐ုပ္ေပၚလြင္ၿပီးခံစားမႈေတြေပးႏိုင္တဲ့သေဘာကိုေျပာတာပါ.. “
“ ေၾသာ္... ျမတ္သူကခံစားတတ္ေနၿပီလား.. “
“ လူပဲ.. ခံစားတတ္တာေပါ့ “
“ ေျပာျပပါဦး ျမတ္သူကိုခံစားတတ္ေအာင္သင္ေပးတဲ့သူကို “
အဲဒီလူေတာ့မနက္ျဖန္သက္ေပ်ာက္ဆြမ္းေကြၽးရၿပီမွတ္။
“ ဒီမွာေလ “
လက္ညႇိဳးၫႊန္ရာေနရာသို႔ ၾကည့္မိေသာအခါ ထိုေနရာတြင္ စာအုပ္စင္ေလးက သပ္ရပ္စြာေနရာယူထားသည္။
“ ကိုယ္ေျပာတာအဲဒါကိုမဟုတ္ဘူးေလ.. လူကိုေျပာတာ “
“ ဟမ္... လူက.. ကြၽန္ေတာ္ကိုေပ်ာ္႐ႊင္ေစတဲ့မိသားစုနဲ႔ သူငယ္ခ်င္းကလြဲရင္ ဘယ္သူမွမရွိေသးဘူး.. “
“ ခ်စ္သူမရွိေသးဘူးေပါ့ “
“ အင္း “
ခပ္ျပတ္ျပတ္ တစ္ခြန္းတည္းေျဖလိုက္ေသာ ‘အင္း’ဟူသည့္စကားေလးသည္ မိမိအားေက်နပ္မႈကိုေပးစြမ္းသကဲ့သို႔ စိုးရိမ္မႈမ်ားကိုလည္း ေျဖေပ်ာက္ႏိုင္ခဲ့သည္။ ေက်နပ္မႈ၏အရိပ္အေယာင္သည္ မ်က္ႏွာတြင္ထင္ဟပ္ကာၿပဳံးမိေသာအခါ မိမိေရွ႕မွလူသားသည္ မိမိအၿပဳံးကိုနားလည္မႈလြဲသြားပုံရသည္။ မ်က္ေမွာင္ၾကဳတ္ကာ မိမိအားမၾကည္စြာၾကည့္ေသးသည္။
“ ဘာလဲ.. ၿပဳံးစိစိနဲ႔..။ လူကိုရည္းစာမရွိဘူးဆိုၿပီးေလွာင္တာလား “
“ မဟုတ္ပါဘူး.. ဒီအတိုင္းပဲၿပဳံးလိုက္တာပါ “
“ ကြၽန္ေတာ္က လူလိမၼာေလးမို႔လို႔ ရည္စားမထားတာပါေနာ္ “
“ သားလိမၼာေလးကိုရထားတဲ့ ျမတ္သူရဲ႕မိဘေတြကေတာ့ ကံေကာင္းတာေပါ့ “
“ ဒါေပါ့ “
မ်က္လုံးေလးကိုအသားေလးမွိတ္ကာ ဂုဏ္ယူေနသည့္အၿပဳံးမ်ားျဖင့္ ေျပာေနေသာျမတ္သူသည္ စိုင္းထြဋ္ေခါင္၏မ်က္ဝန္းထဲတြင္ႏွစ္လိုဖြယ္အတိ။
“ ဟုတ္ပါၿပီ လူလိမၼာေလးရယ္ “
“ ဒါနဲ႔.. ခင္ဗ်ားစာအုပ္ဖတ္မလား “
“ ဟမ္.. ဖတ္ခ်င္ေပမဲ့.. ကိုယ္ကစာဖတ္ပ်င္းတယ္ “
“ ေၾသာ္..”
“ ဒါေပမဲ့.. သူမ်ားျပန္ေျပာျပလို႔ နားေထာင္ရတာကိုေတာ့ႀကိဳက္တယ္ “
“ အင္း.. ပင္ပန္းေနဦးမယ္ “
“ ျမတ္သူသာျပန္ေျပာျပရင္..ပိုနားေထာင္လို႔ေကာင္းမွာ..”
“ ေျပာတတ္တယ္ေနာ္.. “
“ ကိုယ့္ကိုေျပာျပမွာလား “
“ အင္းေလ.. ေျပာစရာစကားကလည္း မရွိေသးေတာ့ ဝတၳဳအေၾကာင္းပဲေျပာျပရတာေပါ့ ”
စင္စစ္ဝတၳဳဇာတ္လမ္းကို နားေထာင္လို၍မဟုတ္..။ သူ႔ကို ၾကည့္ေနခ်င္႐ုံသက္သက္သာ...။
ထိုေန႔ညတြင္ ဝတၳဳဇာတ္လမ္းကိုအေသအခ်ာေျပာျပေနသည့္ ေကာင္ေလးတစ္ေယာက္ရွိသကဲ့သို႔ ထိုေကာင္ေလးကိုႏွစ္သက္မႈအျပည့္ႏွင့္ သူေျပာသမွ်နားေထာင္ေပးေနေသာသူ တစ္ဦးလည္းရွိခဲ့သည္။
Advertisement
- In Serial6 Chapters
Whisper
Josselyn Thorn, born a fabled Whisper, finds herself accused of murders she did not commit. When Lord Adrien Markov pays to have Josselyn released, he offers every comfort she could ever dream of in exchange for her scintillating talents. While Josselyn may share his bed, her true intentions lie in unearthing the answers behind the deaths of the two people she loved most. Whisper is the first installment in the epic fantasy novel The Whispers of Rings.
8 177 - In Serial13 Chapters
Imperfect Remnants
A book filled of unfinished stories. Some dating back to 2017. Others coming into now. Some coming from the future.
8 65 - In Serial5 Chapters
Drew Storm, 21, is a school dropout who thinks she's a good for nothing. She joined work in a famous hospital of Minneapolis, Minnesota, USA, where she meets a pretty and talented, but flopped actress, Gina Crowe. Gina hasn't been able to produce a hit ever since her debut in the Hollywood industry, so she gave up, and ran away from her villa in Los Angeles, California, and returned to her parents in Minneapolis. Soon after, her mother is admitted to the hospital with appendicitis, in the very hospital where Drew worked as a nurse. In Gina, Drew finds something which motivates her to change herself, and Gina herself finds something interesting in Drew. They fall in love with each other, and their lives take an amazing turn.#1 - motivation
8 167 - In Serial50 Chapters
Renae Dreams (Currently Editing)
Have you ever been homeless? Ever been without lights and water? Did you ever fear that the neighbors would catch you cutting the water on at the crack of dawn or fear that the water company would come around and remove the meter for having the water on illegally? No? Well, Renae has. Meet Renae Zuri Brown, your typical 19-year-old carefree girl living a not-so-glamorous life. She was born and raised in Virginia Beach; just trying to understand the harsh reality of 'struggling' She has a secret that only her little brother knows about and demons she's been trying to escape from. She doesn't smile the same anymore, but could things change?Kingston Stone, is a 22-year-old, aggressive yet ambitious, pretty boy from New Orleans with a similar past of his own. He had a style of his own, hustler and heartbreak mentality, that was until he stumbles onto "Library Girl's" path. Just 2 people from different hometowns with similar history fighting to make this complicated life work. She wants to keep him away but something keeps drawing him to her. She's never been in love and he normally hits and quits, can they beat the odds and fight through all of the darkness to see the light of their love? Will he be the one to save her, if it's from herself? Will they team up and create the dangerous Empire from the ground up or will he leave unable to handle the baggage that comes with her family? Let's find out.
8 96 - In Serial22 Chapters
MY LOVE--(EreMika)
Mikasa is just a normal High School girl who is always at the top of the class. She always study, is cold, and always put an emotionless face.She thought her 3rd year would be normal.But it seems not, until she met them. Especially HIM. Everything changes.Her character.Her expressions.Her feelings.
8 145 - In Serial23 Chapters
The Guest
" Do you enjoy reading porn?" Ray asked,not turning around to look at her.She shrugged and held tightly to her blanket. " Do you enjoy stalking girls while they're reading porn?"Ava was a beautiful charismatic girl. She loved having fun and spending time with her brother. Everything in her life could not get any better but it so happens that things do get better but at what cost.Warning ⚠️: this book contains assault, abuse, domestic abuse, mental health abuse, and RAPE.
8 194

