《Amiss Prayer (Zawgyi&Unicode) [Completed]》Part-10 (သို့သော်..)
Advertisement
For Unicode
သို့သော်
ဘာလို့အမှန်တိုင်း ဝန်မခံရတာလဲ ကိုစိုင်းထွဋ်ခေါင်။ အမှန်တိုင်းဝန်ခံဖို့ ဘတွေများအခက်အခဲတွေရှိနေလို့လဲ။ အဖြစ်မှန်တွေပြောရတာ ခင်ဗျားအတွက်ခက်ခဲတယ်လို့ ထင်နေတာလား။ ခင်ဗျားထက် ကျွန်တော်ကပိုခက်ခဲတာကို တကယ်ပဲမသိရော့လေသလား။ ခင်ဗျားဘာပဲပြောပြော လက်ခံနိုင်အောင်ကြိုးစားထားရတာ လွယ်တဲ့ကိစ္စလို့ ခင်ဗျားထင်မှတ်ထားသလား။ ဘဝချင်းမတူတာသိသိနဲ့ မဖြစ်နိုင်တဲ့အလုပ်ကြီးကို ဇွတ်တိုးနေရတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးနော်။ ခင်ဗျားဘာပဲပြောပြော လက်ခံပေးမှာမို့လို့ ကျေးဇူးပြုပြီး.. ကျေးဇူးပြုပြီး.. ကျွန်တော့ရှေ့မှာ ခစားပေးပါ.. ဝန်ခံပေးပါ။
ခင်ဗျားပြောမယ့်အဖြစ်မှန်ဟာ ပျားရည်လိုမချိုသောငြား တမာလိုခါးနေရင်တောင်.. ကျွန်တော်လက်ခံပေးမှာမို့လို့ ကျွန်တော့်ရှေ့မှာခစားပေးပါ။ ကျွန်တော်လေ ပင်ပန်းတဲ့အလုပ်တွေ လုပ်ရတာမကြိုက်ဘူး။ အဲဒါကြောင့်.. ခင်ဗျားကိုချစ်ရခြင်းဆိုတဲ့အလုပ်ကို ပင်ပန်းတဲ့အလုပ်ဖြစ်အောင် ခင်ဗျားမဖန်တီးပါနဲ့နော်။
ကိုဧည့်သည်.. ခင်ဗျားက ကျွန်တော်မဖိတ်ခေါ်ဘဲ ကျွန်တော့်အနားကို ရောက်လာတယ်။ အခုလည်း ကျွန်တော်မနှင်ဘဲ ခင်ဗျားက ထွက်ပြေးသွားပြန်ပြီနော်။
ခင်ဗျားကျွန်တော့်ထံပါး မလာရောက်သည့်နေ့ရက်များကို ခြောက်ကပ်စွာဖြတ်သန်းနေခြင်းအား ခင်ဗျားမြင်ပါစေ...။
ခင်ဗျားကိုချစ်ရခြင်းသည် လွယ်ကူခြင်းမရှိကြောင်း ခင်ဗျားသိပါစေ။
ခင်ဗျားကိုသတိရ၍ ခင်ဗျားနာမည်အား ခေါ်မိသည့် တီးတိုးသံကို ခင်ဗျားကြားပါစေ။
ထိုအကြောင်းအရာများကို သိ၊ ကြား၊ မြင်ပါသော်ကျွန်တော့်ရှေ့သို့အမြန်ရောက်ပါစေ။
ရောက်စေလိုငြား ဆုတောင်းခဲ့သော်လည်း ရောက်မလာခဲ့ပေ။ ထိုသို့ရောက်မလာခြင်းသည် မြတ်သူ၏ခံစားချက်များကို သူမမြင်၍မဟုတ်။ သူမသိ၍မဟုတ်.. သူမကြား၍မဟုတ်။ သူမြင်ပါသည်။ သူသိပါသည်။ သူကြားပါသည်။ မြင်ပါလျက် သိပါလျက် ကြားပါလျက် အဘယ့်တွက်ကြောင့်ရောက်မလာခဲ့သနည်း။
သူ့အားဒီထက်ပို၍ မခံစားစေလိုသောကြောင့် ရောက်မလာရခြင်းဖြစ်ပါသည်။
ဘယ်လောက်ပဲ သတ္တိကောင်းနေပါစေ.. ဘယ်လောက်ပဲ ရဲရင့်နေပါစေ.. တစ်ကြိမ်တစ်ခါဆုံးရှုံးထားရုံနှင့် စွန့်လွှတ်လိုက်ရခြင်း၏အရသာကို စားသုံးဖူးသည်ဖြစ်၍ ထပ်၍ဆုံးရှုံးခြင်းကိုမလိုလားတော့ပါ။ ဆုံးရှုံးခြင်းကိုမလိုလားသောကြောင့် ထပ်၍မပိုင်ဆိုင်ရဲတော့ပါ။ ထို့်ကြောင့်သူမမြင်ရသော သူ၏အနီး၌သာ တိတ်တိတ်လေးချစ်နေပါမည်။
ဤသို့ဖြင့် ထိုသူနှစ်ဦးသည် နီးလျက်နှင့် ဝေးခဲ့ရသည်မှာ တစ်ပတ်မျှကြာမြင့်ခဲ့သည်။
ခင်ဗျားတကယ်သတ္တိကြောင်တယ် ကိုစိုင်းထွဋ်ခေါင်။ လက်ခံမယ့်သူက လက်ခံမယ်ဆိုတာတောင် ခင်ဗျားမပေါ်လာတာ ခုနှစ်ရက်ရှိနေပြီ။ ဘာကြောင့်လဲ..။ ကျွန်တော်ကမျှော်နေရတဲ့အလုပ်ကို လုပ်ရတာ မုန်းတယ်ဆိုတာ ခင်ဗျားသိတယ်မဟုတ်လား။ ကျွန်တော်မျှော်မနေချင်ဘူး။ အဲဒါကြောင့် ခင်ဗျားကို.. ကျွန်တော်ရှာမယ်။ ခင်ဗျားဖုံးကွယ်ထားတဲ့ အဖြစ်မှန်ကို ကျွန်တော်ပြန်ရှာမယ်။ အဲဒါကြောင့်..ခင်ဗျားအခုလောလောဆယ် ပုန်းထားပါဦး။ ကျွန်တော်ရှာတွေ့တဲ့အခါ ခင်ဗျားကို နောက်ထပ် လက်လွတ်မခံတော့မှာမို့လို့ ချုပ်နှောင်ထားမှာမို့လို့ အခုတော့လွတ်လပ်စွာပုန်းထားပါဦး။ ခင်ဗျားကကျွန်တော့်ထက် အရင်ကြိုစောင့်နှင့်နေပြီးသား ဧည့်သည်မို့လို့ ခင်ဗျားကဒီအိမ်နဲ့ ကြိမ်းသေဆက်စပ်မှုရှိရမယ်။ ဒီအိမ်ကြီးအကြောင်းကို နေတာကြာပြီဖြစ်တဲ့ အဘကကြိမ်းသေပေါက်သိရမယ်။
ထိုသို့သော အတွေး၊ အထင်များနှင့် မြတ်သူသည် အဘရှိရာသို့ ခြေလှမ်းများဦးတည်လိုက်သည်။ မြတ်သူသည် အဘ၏အိမ်ရှေ့သို့ရောက်သည်အထိ အဘ၏အရိပ်အရောင်ကိုပင်မမြင်ရ။
အိမ်ထဲတွင်ရှိလိုရှိငြား ဝင်၍ကြည့်သောလည်းမရှိခဲ့။ အဘရှိမနေသည် ဖြစ်၍မေးရန်အခွင့်မသာခဲ့။ ထို့ကြောင့် အိမ်ထဲမှထွက်ရန်အပြု.. မိမိ၏စိတ်တို့ဖမ်းစားထားသောအရာများကြောင့် အိမ်ထဲကမထွက်မိ။ ထိုသို့ဖမ်းစားထားသောအရာများသည် အခြားမဟုတ်။ ပထမဦးစွာ အဘအိမ်သို့ရောက်စဥ် တွေ့ခဲ့ရသော ပိတ်စအမည်းနှင့်ဖုံးကွယ်ထားသောပစ္စည်းနှစ်ခုသာ။ ထိုပစ္စည်းတို့သည် မိမိ၏သိလိုစိတ်တို့ကို ပိုမိုနှိုးဆွနေသည်။
သွား၍ကြည့်ချင်သောငြား သူတစ်ပါးပစ္စည်းကိုခွင့်မတောင်းဘဲကိုင်ရမည်ဖြစ်၍ စိတ်မသန့်။ အဘသိလျှင် စိတ်ဆိုးနိုင်မည်။
ဟာ.. ဖြစ်ချင်တာဖြစ်။ စိတ်ဆိုးရင်လည်း ပြီးမှတောင်းပန်မယ်
ထိုသို့ဆုံးဖြတ်ကာ ပထမဦးစွာ ပိတ်စအမည်းကိုဖယ်၍ကြည့်ရှုခဲ့သည့်ပစ္စည်းသည် ဗီဒိုပေါ်တွင်တင်ထားသောအရာသာ..။ ထိုပိတ်စအမည်းအောက်တွင် ပုန်းကွယ်နေသောအရာသည် ရှမ်းရိုးရာဓားသိုင်းကပွဲများတွင်မြင်ဖူးနေကျဖြစ်သော ရွှေချထားသည့်ဓားရှည်တစ်ခု။
ထိုဓားကိုမိမိရင်နှီးဖူးပါသည်ဟု ခံစားမိသည်။ ရင်နှီးဖူးသောခံစားမှုသည် ကောင်းသောမိတ်ဆက်မှုမျိုးနှင့်ရင်းနှီးနေသည်မဟုတ်။ နာကျင်ရသော မိတ်ဆက်မှုမျိုးနှင့် ရင်းနှီးနေသာရင်နှီးမှုသာ။ ထိုဓားကိုထိတွေ့လိုက်သည့်အခါ မိမိ၏ဝမ်းဗိုက်၌ ပူ၍နာကျင်လာသည်။ ထို့အပြင် မိမိ၏နှလုံးသားတို့သည်လည်း စူးနစ်၍နာကျင်လာသည်။
ထို့နောက် မိမိ၏နာကျင်မှုကိုခေတ္တမျိုသိပ်ကာ ပိတ်စအမည်းနှင့်ဖုံးကွယ်ထားသည့် ဒုတိယပစ္စည်းအား ဖွင့်ကြည့်မိသည်။ မမျှော်လင့်စွာ တွေ့ခဲ့ရသည့်ပစ္စည်းတစ်ခုကြောင့် ရပ်ထားသောခြေအစုံသည် ယိုင်နဲ့သွားရသည်။
ထိုပစ္စည်းမှာ စိုင်းထွဋ်ခေါင်၏ပုံတူပန်းချီကားသာဖြစ်သည်။ ထိုပန်းချီကားသည် အပြီးမသတ်ရသေးသောအသွင်ရှိသည်။ ထိုပန်းချီကားကိုကြည့်ရင်းပင် မိမိ၏အမြင်တို့သည် ဝေဝါးလာသည်။ ဝေဝါးလာခြင်း၏တရားခံသည် တခြားမဟုတ်..။ မျက်ရည်များကြောင့်သာဖြစ်သည်။
အဘယ့်ကြောင့်ရင်ဘတ်အစုံတို့်သည် မွန်းကျပ်လာရပါသနည်း။ အဘယ့်အကြောင့် နှလုံးသားတို့သည် နာကျင်လာရပါသနည်း။
ခေါင်းစဉ်တပ်၍မရသော နာကျင်မှု မွန်းကျပ်မှုများကြောင့်ခေါင်းများသည်လည်းမူးဝေလာရပါသည်။
တစ်ခါတစ်ခါ၌ မိမိ၏အမြင်အာရုံတို့သည် ပြာဝေသွားတတ်ပြီး ပုံရိပ်အချို့အား မြင်ရောင်လာသည်။ ထိုပုံရိပ်အချို့မှာ စိုင်းထွဋ်ခေါင် တည်ကြည်သောအသွင်တို့ကိုမြင်ရသည်။ စိုင်းထွဋ်ခေါင်၏ နာကြည်းနေသာမျက်ဝန်းတို့ကို မြင်ရသည်။ သူ၏ပုံကိုပန်းချီဆွဲနေသောမြင်ကွင်းတို့ကို မြင်ရသည်။ သူ၏ပုံကိုပန်းချီဆွဲနေသော လူကိုလည်းမြင်ရသည်။ ထိုသူသည်အခြားလူမဟုတ်..။ မိမိဖြစ်နေသည်..။
ဘာတွေလဲ.. ဘာပုံရိပ်တွေလဲ.. ခေါင်းကိုက်လိုက်တာ။ အား.. ထွက်သွားပါတော့ကွာ။
တစ်ယောက်တည်းသာအရူးကဲ့သို့ အော်မိပြီး ထိုပန်းချီကားထံသို့ အကြည့်များထပ်ရောက်သွားသောအခါ ထူဆန်းစွာပင်.. ထိုပန်းချီကားထဲမှ စိုင်းထွဋ်ခေါင်၏မျက်ဝန်းနေရာ၌ အရည်ကြည်တစ်ချို့ရစ်သိုင်းနေသည်။ ထို့နောက် ထိုအရည်ကြည်တို့သည် တဖြည်းဖြည်းကျဆင်းလာသည်။
မိမိသည်လည်း အသက်ရှူ၍ပင်မဝသောကြောင့် အိမ်အပြင်ကိုပြေးထွက်မိသည်။ ထိုအချိန်တွင် အဘ၏နောက်ကျောအား ခပ်ရေးရေးတွေ့လိုက်သည်။
မိမိစရောက် တည်းကပင် အဘသည် စနေနေ့တိုင်းတွင် တံမြက်စည်း၊ ပေါက်တူးကိုကိုင်ကာ ထွက်သွားလေ့ရှိသည်။ သူထွက်သွားသောနေရာကို မည်သူမှမသိကြ။
အဘကိုလှမ်း၍ခေါ်ချင်သောငြား မိမိမှာအာစေးမိထားသောလူကဲ့သို့ပင် ခေါ်၍မရ။ မောလည်းမောနေသည်။
သို့သော် မိမိခံစားနေရသောဝေဒနာထက် သိလိုစိတ်က ပို၍ပြင်းပြနေသည်ဖြစ်၍ အဘ၏နောက်သို့ ယိုင်နဲ့နေသောခြေလှမ်းများနှင့် လိုက်သွားမိသည်။
အဘသွားသောနေရာသည် တောအုပ်တစ်ခု..။ ထိုတောအုပ်၏ တစ်နေရာသို့ရောက်သောအခါ အဘကရပ်နေသေးသည်။ ထို့နောက် တံမြက်စည်းလှဲနေသည်ကိုမြင်ရသည်။ တံမြက်စည်းလှဲနေသော အဘ၏အရှေ့တွင် ရှိနေသည်က မြေစာပုံနှစ်ခုသာ။
၎င်းမြေစာပုံနှစ် ခုကိုမြင်ပြီးသကာလ မိမိ၏လှမ်းနေသောခြေအစုံတို့သည် ရပ်တန့်ကုန်သည်။ ထို့နောက် မိမိ၏အမြင်အာရုံတွင်မြင်လာယောင်လာသည်က တစ်နှစ်တစ်ခါသာမက်မြင်လေ့ရှိသော မိမိ၏အိပ်မက်ဆိုး၏ပုံရိပ်များ။
Advertisement
မိမိအားလူနှစ်ဦးမှချုပ်ထားကာ မိမိ၏အရှေ့တွင်ရပ်နေသော အမျိုးသမီးတစ်ဦး..။ ထိုနောက် အမျိုးသားတစ်ဦးသည် ထပ်၍ရောက်လာကာ ဒေါသထွက်နေသော အမှုအရာများဖြင့် မိမိအားစကားပြောပြီးနောက် ထိုအမျိုးသားသည် မိမိအားဓားဖြင့်ထိုးသတ်ခဲ့သည်။
ယခင်မက်မြင်သော ထိုအိပ်မက်မျိုးတွင် အိပ်မက်ပါလူများ၏ မျက်နှာအသွင်ပြင်ကိုမူ သဲကွဲစွာမမြင်ရ။ ယနေ့တွင်မူ နေ့ခင်းကြောင်တောင် မျက်စိဖွင့် မက်မြင်သော အိပ်မက်၏ပုံရိပ်၌ ထိုသူတို့၏မျက်နှာကိုသဲကွဲစွာမြင်ရသည်။ ကျန်လူသုံးဦးကိုမသိသောငြား လူတစ်ဦးတော့မိမိရင်းနှီးပါသည်။ ထိုသူမှာ မိမိအားဓားဖြင့်ထိုးသောသူဖြစ်သည်။ ထိုသူမှာလည်းအခြားလူမဟုတ်.. စိုင်းထွဋ်ခေါင်ဖြစ်ပါသည်။
“ သူ... သူက.. ငါ့ကိုသတ်တာလား။ ဟင့်အင်း.. မဖြစ်နိုင်တာ..။ သူကငါ့ကိုချစ်တယ်ဆို.. ချစ်တယ်ဆိုရင် အဲဒီလောက်ရက်စက်ပါ့မလား..။ မဟုတ်ဘူးမှတ်လား။ အခုမြင်နေတာတွေက အမှားတွေမဟုတ်လား။ စိုင်းထွဋ်ခေါင်... ခင်ဗျားထွက်လာခဲ့.. ခင်ဗျားထွက်လာခဲ့စမ်းပါဗျာ..။ အဲဒီလူက.. ခင်ဗျားမဟုတ်ဘူးလို့ပြောပေးစမ်းပါဗျာ။ ခင်ဗျားထွက်လာခဲ့လို့... ကျေးဇူးပြုပြီး.. မဟုတ်ဘူးလို့ငြင်းပေးပါဗျာ... “
သွေရူးသွေးတမ်းဖြင့်အော်ပြီးနောက် မျက်ရည်နှင့်ချွေးတို့စို့နင့်ကာ ထွက်ပြေးသွားသောအား မြတ်သူကို အဘလှထွန်းမြင်လိုက်သည်။
“ ကောင်လေးမဟုတ်လား.. သူကဘာလို့လိုက်လာတာလဲ.. ဒုက္ခတွေတော့များကုန်တော့မှာပဲ... “
အဘလှထွန်းသည်လည်း မြတ်သူ၏အနောက်သို့ အမှီလိုက်ရှာပါသည်။ မြတ်သူမှာလည်း
‘ မဟုတ်ဘူး.. ချစ်တယ်ဆို.. အဲဒီလိုမလုပ်ဘူး မဟုတ်လား...’
ဟုသာရေရွတ်လျက် အသိစိတ်ပျောက်သွားသော လူတစ်ယောက်နှယ် ထွက်ပြေးခဲ့ရာ ချောက်တစ်ခု၏အနားရောက်သောအခါ ခြေများခွေကျကာ ထိုချောက်ထဲသို့ ကျသွားသည်။ ချောက်မှာသိပ်၍မနက်လွန်းသောလည်း လဲကျသည့်အရှိန်ကို ရုတ်တရက်မထိန်းနိုင်ဖြစ်ကာ ချောက်ထဲသို့လိမ့်ကျသွားသော မြတ်သူသည် ကျောက်တုံးနှင့်ခေါင်းကိုရိုက်မိခဲ့သည်။ ထို့နောက်သူသည် လောကကြီးနှင့် ဆက်သွယ်ပြတ်သွားသည်။
For Zawgyi
သို႔ေသာ္
ဘာလို႔အမွန္တိုင္း ဝန္မခံရတာလဲ ကိုစိုင္းထြဋ္ေခါင္။ အမွန္တိုင္းဝန္ခံဖို႔ ဘေတြမ်ားအခက္အခဲေတြရွိေနလို႔လဲ။ အျဖစ္မွန္ေတြေျပာရတာ ခင္ဗ်ားအတြက္ခက္ခဲတယ္လို႔ ထင္ေနတာလား။ ခင္ဗ်ားထက္ ကြၽန္ေတာ္ကပိုခက္ခဲတာကို တကယ္ပဲမသိေရာ့ေလသလား။ ခင္ဗ်ားဘာပဲေျပာေျပာ လက္ခံႏိုင္ေအာင္ႀကိဳးစားထားရတာ လြယ္တဲ့ကိစၥလို႔ ခင္ဗ်ားထင္မွတ္ထားသလား။ ဘဝခ်င္းမတူတာသိသိနဲ႔ မျဖစ္ႏိုင္တဲ့အလုပ္ႀကီးကို ဇြတ္တိုးေနရတာ လြယ္တဲ့ကိစၥမဟုတ္ဘူးေနာ္။ ခင္ဗ်ားဘာပဲေျပာေျပာ လက္ခံေပးမွာမို႔လို႔ ေက်းဇူးျပဳၿပီး.. ေက်းဇူးျပဳၿပီး.. ကြၽန္ေတာ့ေရွ႕မွာ ခစားေပးပါ.. ဝန္ခံေပးပါ။
ခင္ဗ်ားေျပာမယ့္အျဖစ္မွန္ဟာ ပ်ားရည္လိုမခ်ိဳေသာျငား တမာလိုခါးေနရင္ေတာင္.. ကြၽန္ေတာ္လက္ခံေပးမွာမို႔လို႔ ကြၽန္ေတာ့္ေရွ႕မွာခစားေပးပါ။ ကြၽန္ေတာ္ေလ ပင္ပန္းတဲ့အလုပ္ေတြ လုပ္ရတာမႀကိဳက္ဘူး။ အဲဒါေၾကာင့္.. ခင္ဗ်ားကိုခ်စ္ရျခင္းဆိုတဲ့အလုပ္ကို ပင္ပန္းတဲ့အလုပ္ျဖစ္ေအာင္ ခင္ဗ်ားမဖန္တီးပါနဲ႔ေနာ္။
ကိုဧည့္သည္.. ခင္ဗ်ားက ကြၽန္ေတာ္မဖိတ္ေခၚဘဲ ကြၽန္ေတာ့္အနားကို ေရာက္လာတယ္။ အခုလည္း ကြၽန္ေတာ္မႏွင္ဘဲ ခင္ဗ်ားက ထြက္ေျပးသြားျပန္ၿပီေနာ္။
ခင္ဗ်ားကြၽန္ေတာ့္ထံပါး မလာေရာက္သည့္ေန႔ရက္မ်ားကို ေျခာက္ကပ္စြာျဖတ္သန္းေနျခင္းအား ခင္ဗ်ားျမင္ပါေစ...။
ခင္ဗ်ားကိုခ်စ္ရျခင္းသည္ လြယ္ကူျခင္းမရွိေၾကာင္း ခင္ဗ်ားသိပါေစ။
ခင္ဗ်ားကိုသတိရ၍ ခင္ဗ်ားနာမည္အား ေခၚမိသည့္ တီးတိုးသံကို ခင္ဗ်ားၾကားပါေစ။
ထိုအေၾကာင္းအရာမ်ားကို သိ၊ ၾကား၊ ျမင္ပါေသာ္ကြၽန္ေတာ့္ေရွ႕သို႔အျမန္ေရာက္ပါေစ။
ေရာက္ေစလိုျငား ဆုေတာင္းခဲ့ေသာ္လည္း ေရာက္မလာခဲ့ေပ။ ထိုသို႔ေရာက္မလာျခင္းသည္ ျမတ္သူ၏ခံစားခ်က္မ်ားကို သူမျမင္၍မဟုတ္။ သူမသိ၍မဟုတ္.. သူမၾကား၍မဟုတ္။ သူျမင္ပါသည္။ သူသိပါသည္။ သူၾကားပါသည္။ ျမင္ပါလ်က္ သိပါလ်က္ ၾကားပါလ်က္ အဘယ့္တြက္ေၾကာင့္ေရာက္မလာခဲ့သနည္း။
သူ႔အားဒီထက္ပို၍ မခံစားေစလိုေသာေၾကာင့္ ေရာက္မလာရျခင္းျဖစ္ပါသည္။
ဘယ္ေလာက္ပဲ သတၱိေကာင္းေနပါေစ.. ဘယ္ေလာက္ပဲ ရဲရင့္ေနပါေစ.. တစ္ႀကိမ္တစ္ခါဆုံးရႈံးထား႐ုံႏွင့္ စြန႔္လႊတ္လိုက္ရျခင္း၏အရသာကို စားသုံးဖူးသည္ျဖစ္၍ ထပ္၍ဆုံးရႈံးျခင္းကိုမလိုလားေတာ့ပါ။ ဆုံးရႈံးျခင္းကိုမလိုလားေသာေၾကာင့္ ထပ္၍မပိုင္ဆိုင္ရဲေတာ့ပါ။ ထို႔္ေၾကာင့္သူမျမင္ရေသာ သူ၏အနီး၌သာ တိတ္တိတ္ေလးခ်စ္ေနပါမည္။
ဤသို႔ျဖင့္ ထိုသူႏွစ္ဦးသည္ နီးလ်က္ႏွင့္ ေဝးခဲ့ရသည္မွာ တစ္ပတ္မွ်ၾကာျမင့္ခဲ့သည္။
ခင္ဗ်ားတကယ္သတၱိေၾကာင္တယ္ ကိုစိုင္းထြဋ္ေခါင္။ လက္ခံမယ့္သူက လက္ခံမယ္ဆိုတာေတာင္ ခင္ဗ်ားမေပၚလာတာ ခုႏွစ္ရက္ရွိေနၿပီ။ ဘာေၾကာင့္လဲ..။ ကြၽန္ေတာ္ကေမွ်ာ္ေနရတဲ့အလုပ္ကို လုပ္ရတာ မုန္းတယ္ဆိုတာ ခင္ဗ်ားသိတယ္မဟုတ္လား။ ကြၽန္ေတာ္ေမွ်ာ္မေနခ်င္ဘူး။ အဲဒါေၾကာင့္ ခင္ဗ်ားကို.. ကြၽန္ေတာ္ရွာမယ္။ ခင္ဗ်ားဖုံးကြယ္ထားတဲ့ အျဖစ္မွန္ကို ကြၽန္ေတာ္ျပန္ရွာမယ္။ အဲဒါေၾကာင့္..ခင္ဗ်ားအခုေလာေလာဆယ္ ပုန္းထားပါဦး။ ကြၽန္ေတာ္ရွာေတြ႕တဲ့အခါ ခင္ဗ်ားကို ေနာက္ထပ္ လက္လြတ္မခံေတာ့မွာမို႔လို႔ ခ်ဳပ္ေႏွာင္ထားမွာမို႔လို႔ အခုေတာ့လြတ္လပ္စြာပုန္းထားပါဦး။ ခင္ဗ်ားကကြၽန္ေတာ့္ထက္ အရင္ႀကိဳေစာင့္ႏွင့္ေနၿပီးသား ဧည့္သည္မို႔လို႔ ခင္ဗ်ားကဒီအိမ္နဲ႔ ႀကိမ္းေသဆက္စပ္မႈရွိရမယ္။ ဒီအိမ္ႀကီးအေၾကာင္းကို ေနတာၾကာၿပီျဖစ္တဲ့ အဘကႀကိမ္းေသေပါက္သိရမယ္။
ထိုသို႔ေသာ အေတြး၊ အထင္မ်ားႏွင့္ ျမတ္သူသည္ အဘရွိရာသို႔ ေျခလွမ္းမ်ားဦးတည္လိုက္သည္။ ျမတ္သူသည္ အဘ၏အိမ္ေရွ႕သို႔ေရာက္သည္အထိ အဘ၏အရိပ္အေရာင္ကိုပင္မျမင္ရ။
အိမ္ထဲတြင္ရွိလိုရွိျငား ဝင္၍ၾကည့္ေသာလည္းမရွိခဲ့။ အဘရွိမေနသည္ ျဖစ္၍ေမးရန္အခြင့္မသာခဲ့။ ထို႔ေၾကာင့္ အိမ္ထဲမွထြက္ရန္အျပဳ.. မိမိ၏စိတ္တို႔ဖမ္းစားထားေသာအရာမ်ားေၾကာင့္ အိမ္ထဲကမထြက္မိ။ ထိုသို႔ဖမ္းစားထားေသာအရာမ်ားသည္ အျခားမဟုတ္။ ပထမဦးစြာ အဘအိမ္သို႔ေရာက္စဥ္ ေတြ႕ခဲ့ရေသာ ပိတ္စအမည္းႏွင့္ဖုံးကြယ္ထားေသာပစၥည္းႏွစ္ခုသာ။ ထိုပစၥည္းတို႔သည္ မိမိ၏သိလိုစိတ္တို႔ကို ပိုမိုႏႈိးဆြေနသည္။
သြား၍ၾကည့္ခ်င္ေသာျငား သူတစ္ပါးပစၥည္းကိုခြင့္မေတာင္းဘဲကိုင္ရမည္ျဖစ္၍ စိတ္မသန႔္။ အဘသိလွ်င္ စိတ္ဆိုးႏိုင္မည္။
ဟာ.. ျဖစ္ခ်င္တာျဖစ္။ စိတ္ဆိုးရင္လည္း ၿပီးမွေတာင္းပန္မယ္
ထိုသို႔ဆုံးျဖတ္ကာ ပထမဦးစြာ ပိတ္စအမည္းကိုဖယ္၍ၾကည့္ရႈခဲ့သည့္ပစၥည္းသည္ ဗီဒိုေပၚတြင္တင္ထားေသာအရာသာ..။ ထိုပိတ္စအမည္းေအာက္တြင္ ပုန္းကြယ္ေနေသာအရာသည္ ရွမ္း႐ိုးရာဓားသိုင္းကပြဲမ်ားတြင္ျမင္ဖူးေနက်ျဖစ္ေသာ ေ႐ႊခ်ထားသည့္ဓားရွည္တစ္ခု။
ထိုဓားကိုမိမိရင္ႏွီးဖူးပါသည္ဟု ခံစားမိသည္။ ရင္ႏွီးဖူးေသာခံစားမႈသည္ ေကာင္းေသာမိတ္ဆက္မႈမ်ိဳးႏွင့္ရင္းႏွီးေနသည္မဟုတ္။ နာက်င္ရေသာ မိတ္ဆက္မႈမ်ိဳးႏွင့္ ရင္းႏွီးေနသာရင္ႏွီးမႈသာ။ ထိုဓားကိုထိေတြ႕လိုက္သည့္အခါ မိမိ၏ဝမ္းဗိုက္၌ ပူ၍နာက်င္လာသည္။ ထို႔အျပင္ မိမိ၏ႏွလုံးသားတို႔သည္လည္း စူးနစ္၍နာက်င္လာသည္။
ထို႔ေနာက္ မိမိ၏နာက်င္မႈကိုေခတၱမ်ိဳသိပ္ကာ ပိတ္စအမည္းႏွင့္ဖုံးကြယ္ထားသည့္ ဒုတိယပစၥည္းအား ဖြင့္ၾကည့္မိသည္။ မေမွ်ာ္လင့္စြာ ေတြ႕ခဲ့ရသည့္ပစၥည္းတစ္ခုေၾကာင့္ ရပ္ထားေသာေျခအစုံသည္ ယိုင္နဲ႔သြားရသည္။
ထိုပစၥည္းမွာ စိုင္းထြဋ္ေခါင္၏ပုံတူပန္းခ်ီကားသာျဖစ္သည္။ ထိုပန္းခ်ီကားသည္ အၿပီးမသတ္ရေသးေသာအသြင္ရွိသည္။ ထိုပန္းခ်ီကားကိုၾကည့္ရင္းပင္ မိမိ၏အျမင္တို႔သည္ ေဝဝါးလာသည္။ ေဝဝါးလာျခင္း၏တရားခံသည္ တျခားမဟုတ္..။ မ်က္ရည္မ်ားေၾကာင့္သာျဖစ္သည္။
Advertisement
အဘယ့္ေၾကာင့္ရင္ဘတ္အစုံတို႔္သည္ မြန္းက်ပ္လာရပါသနည္း။ အဘယ့္အေၾကာင့္ ႏွလုံးသားတို႔သည္ နာက်င္လာရပါသနည္း။
ေခါင္းစဥ္တပ္၍မရေသာ နာက်င္မႈ မြန္းက်ပ္မႈမ်ားေၾကာင့္ေခါင္းမ်ားသည္လည္းမူးေဝလာရပါသည္။
တစ္ခါတစ္ခါ၌ မိမိ၏အျမင္အာ႐ုံတို႔သည္ ျပာေဝသြားတတ္ၿပီး ပုံရိပ္အခ်ိဳ႕အား ျမင္ေရာင္လာသည္။ ထိုပုံရိပ္အခ်ိဳ႕မွာ စိုင္းထြဋ္ေခါင္ တည္ၾကည္ေသာအသြင္တို႔ကိုျမင္ရသည္။ စိုင္းထြဋ္ေခါင္၏ နာၾကည္းေနသာမ်က္ဝန္းတို႔ကို ျမင္ရသည္။ သူ၏ပုံကိုပန္းခ်ီဆြဲေနေသာျမင္ကြင္းတို႔ကို ျမင္ရသည္။ သူ၏ပုံကိုပန္းခ်ီဆြဲေနေသာ လူကိုလည္းျမင္ရသည္။ ထိုသူသည္အျခားလူမဟုတ္..။ မိမိျဖစ္ေနသည္..။
ဘာေတြလဲ.. ဘာပုံရိပ္ေတြလဲ.. ေခါင္းကိုက္လိုက္တာ။ အား.. ထြက္သြားပါေတာ့ကြာ။
တစ္ေယာက္တည္းသာအ႐ူးကဲ့သို႔ ေအာ္မိၿပီး ထိုပန္းခ်ီကားထံသို႔ အၾကည့္မ်ားထပ္ေရာက္သြားေသာအခါ ထူဆန္းစြာပင္.. ထိုပန္းခ်ီကားထဲမွ စိုင္းထြဋ္ေခါင္၏မ်က္ဝန္းေနရာ၌ အရည္ၾကည္တစ္ခ်ိဳ႕ရစ္သိုင္းေနသည္။ ထို႔ေနာက္ ထိုအရည္ၾကည္တို႔သည္ တျဖည္းျဖည္းက်ဆင္းလာသည္။
မိမိသည္လည္း အသက္ရွဴ၍ပင္မဝေသာေၾကာင့္ အိမ္အျပင္ကိုေျပးထြက္မိသည္။ ထိုအခ်ိန္တြင္ အဘ၏ေနာက္ေက်ာအား ခပ္ေရးေရးေတြ႕လိုက္သည္။
မိမိစေရာက္ တည္းကပင္ အဘသည္ စေနေန႔တိုင္းတြင္ တံျမက္စည္း၊ ေပါက္တူးကိုကိုင္ကာ ထြက္သြားေလ့ရွိသည္။ သူထြက္သြားေသာေနရာကို မည္သူမွမသိၾက။
အဘကိုလွမ္း၍ေခၚခ်င္ေသာျငား မိမိမွာအာေစးမိထားေသာလူကဲ့သို႔ပင္ ေခၚ၍မရ။ ေမာလည္းေမာေနသည္။
သို႔ေသာ္ မိမိခံစားေနရေသာေဝဒနာထက္ သိလိုစိတ္က ပို၍ျပင္းျပေနသည္ျဖစ္၍ အဘ၏ေနာက္သို႔ ယိုင္နဲ႔ေနေသာေျခလွမ္းမ်ားႏွင့္ လိုက္သြားမိသည္။
အဘသြားေသာေနရာသည္ ေတာအုပ္တစ္ခု..။ ထိုေတာအုပ္၏ တစ္ေနရာသို႔ေရာက္ေသာအခါ အဘကရပ္ေနေသးသည္။ ထို႔ေနာက္ တံျမက္စည္းလွဲေနသည္ကိုျမင္ရသည္။ တံျမက္စည္းလွဲေနေသာ အဘ၏အေရွ႕တြင္ ရွိေနသည္က ေျမစာပုံႏွစ္ခုသာ။
၎ေျမစာပုံႏွစ္ ခုကိုျမင္ၿပီးသကာလ မိမိ၏လွမ္းေနေသာေျခအစုံတို႔သည္ ရပ္တန႔္ကုန္သည္။ ထို႔ေနာက္ မိမိ၏အျမင္အာ႐ုံတြင္ျမင္လာေယာင္လာသည္က တစ္ႏွစ္တစ္ခါသာမက္ျမင္ေလ့ရွိေသာ မိမိ၏အိပ္မက္ဆိုး၏ပုံရိပ္မ်ား။
မိမိအားလူႏွစ္ဦးမွခ်ဳပ္ထားကာ မိမိ၏အေရွ႕တြင္ရပ္ေနေသာ အမ်ိဳးသမီးတစ္ဦး..။ ထိုေနာက္ အမ်ိဳးသားတစ္ဦးသည္ ထပ္၍ေရာက္လာကာ ေဒါသထြက္ေနေသာ အမႈအရာမ်ားျဖင့္ မိမိအားစကားေျပာၿပီးေနာက္ ထိုအမ်ိဳးသားသည္ မိမိအားဓားျဖင့္ထိုးသတ္ခဲ့သည္။
ယခင္မက္ျမင္ေသာ ထိုအိပ္မက္မ်ိဳးတြင္ အိပ္မက္ပါလူမ်ား၏ မ်က္ႏွာအသြင္ျပင္ကိုမူ သဲကြဲစြာမျမင္ရ။ ယေန႔တြင္မူ ေန႔ခင္းေၾကာင္ေတာင္ မ်က္စိဖြင့္ မက္ျမင္ေသာ အိပ္မက္၏ပုံရိပ္၌ ထိုသူတို႔၏မ်က္ႏွာကိုသဲကြဲစြာျမင္ရသည္။ က်န္လူသုံးဦးကိုမသိေသာျငား လူတစ္ဦးေတာ့မိမိရင္းႏွီးပါသည္။ ထိုသူမွာ မိမိအားဓားျဖင့္ထိုးေသာသူျဖစ္သည္။ ထိုသူမွာလည္းအျခားလူမဟုတ္.. စိုင္းထြဋ္ေခါင္ျဖစ္ပါသည္။
“ သူ... သူက.. ငါ့ကိုသတ္တာလား။ ဟင့္အင္း.. မျဖစ္ႏိုင္တာ..။ သူကငါ့ကိုခ်စ္တယ္ဆို.. ခ်စ္တယ္ဆိုရင္ အဲဒီေလာက္ရက္စက္ပါ့မလား..။ မဟုတ္ဘူးမွတ္လား။ အခုျမင္ေနတာေတြက အမွားေတြမဟုတ္လား။ စိုင္းထြဋ္ေခါင္... ခင္ဗ်ားထြက္လာခဲ့.. ခင္ဗ်ားထြက္လာခဲ့စမ္းပါဗ်ာ..။ အဲဒီလူက.. ခင္ဗ်ားမဟုတ္ဘူးလို႔ေျပာေပးစမ္းပါဗ်ာ။ ခင္ဗ်ားထြက္လာခဲ့လို႔... ေက်းဇူးျပဳၿပီး.. မဟုတ္ဘူးလို႔ျငင္းေပးပါဗ်ာ... “
ေသြ႐ူးေသြးတမ္းျဖင့္ေအာ္ၿပီးေနာက္ မ်က္ရည္ႏွင့္ေခြၽးတို႔စို႔နင့္ကာ ထြက္ေျပးသြားေသာအား ျမတ္သူကို အဘလွထြန္းျမင္လိုက္သည္။
“ ေကာင္ေလးမဟုတ္လား.. သူကဘာလို႔လိုက္လာတာလဲ.. ဒုကၡေတြေတာ့မ်ားကုန္ေတာ့မွာပဲ... “
အဘလွထြန္းသည္လည္း ျမတ္သူ၏အေနာက္သို႔ အမွီလိုက္ရွာပါသည္။ ျမတ္သူမွာလည္း
‘ မဟုတ္ဘူး.. ခ်စ္တယ္ဆို.. အဲဒီလိုမလုပ္ဘူး မဟုတ္လား...’
ဟုသာေရ႐ြတ္လ်က္ အသိစိတ္ေပ်ာက္သြားေသာ လူတစ္ေယာက္ႏွယ္ ထြက္ေျပးခဲ့ရာ ေခ်ာက္တစ္ခု၏အနားေရာက္ေသာအခါ ေျခမ်ားေခြက်ကာ ထိုေခ်ာက္ထဲသို႔ က်သြားသည္။ ေခ်ာက္မွာသိပ္၍မနက္လြန္းေသာလည္း လဲက်သည့္အရွိန္ကို ႐ုတ္တရက္မထိန္းႏိုင္ျဖစ္ကာ ေခ်ာက္ထဲသို႔လိမ့္က်သြားေသာ ျမတ္သူသည္ ေက်ာက္တုံးႏွင့္ေခါင္းကို႐ိုက္မိခဲ့သည္။ ထို႔ေနာက္သူသည္ ေလာကႀကီးႏွင့္ ဆက္သြယ္ျပတ္သြားသည္။
Advertisement
- In Serial77 Chapters
Redwood Crossing (Fantasy/Yuri)
Other Genres & Tags: Shoujo ai, Kemonomimi, Dark Fantasy, Low Fantasy, Female MC Lead Protagonist ============= Redwood Crossing (RWC) is a fairytale-inspired fantasy series about two girls born to be enemies. Ellie’s the heiress apparent to Stockbrunn, a town at odds with both the nearby wolves and itself. She’s too busy dealing with her own affairs to notice how the town’s falling apart. Shreya’s caught up in her own world too, trying to escape and reject her identity as a monster she doesn’t want to be. She hides her wolf ears beneath her hat. They meet by accident in a place neither one of them should be. And if it wasn’t for that hat, maybe they would hate each other, after all. This story is about how their relationship progresses over time after their chance meeting. Updating every 10 days on its site, RWC is an interactive serial fiction where readers’ choices (and sometimes comments) affect where the story goes. The main site's polls are open for 3 days at a time.
8 172 - In Serial43 Chapters
Knowing Xavier Hunt ✓
|| Featured FREE story with exclusive paid chapters - previously a paid story ||When Haley discovers the truth behind Xavier, whose silence holds a deeper meaning, she sets her mind on making his life better one small step at a time. *****Haley Rosamond is happy with her simple life, content under the wing of her father. Well-protected, she has no idea of the darkness surrounding Xavier Hunt, with his all-black attire and infrequent presence in school-accompanied by his bruises and scars. That is, until Haley catches a glimpse of Xavier's reality and is made to question everything she knows about family and life in general. The truth, she realizes, couldn't be more different from everything she has heard. Supported by her father, Haley sets her mind on helping Xavier any way she can, and what begins with tutoring sessions, free food, and random acts of kindness blooms into friendship and something a little more. But when Haley's admission into her dream college and another tragedy in Xavier's life threaten to undo everything she has worked for, Haley needs to decide if she'll stick by Xavier or simply be another person in his life that disappears. [[word count: 80,000-90,000 words]]
8 559 - In Serial72 Chapters
What's Your Diagnosis, Doc?
Gabriel Morelli is an elementary school teacher. He's the favourite teacher because of his fun lessons and his very laid back attitude. But he's also very selfless, taking time out of his day and using his own money to set up after-school programs for his students. He's always trying to help out as many people who need it. And of course, in the face of trouble, he doesn't mind jumping in to be the hero. That's exactly what he does one day after a terrible accident on the road, rushing to the rescue of a woman trapped in her car. This leaves him with a large gash in his arm in need of some stitches. Doctor Ava Dara is a young resident who just began working at a hospital in Vancouver. All the staff are called to the emergency room after a large number of patients began rolling in due to an accident. She gets stuck with a young man in need for stitches on his arm. She is not at all experienced with working in the emergency room. It still makes her nervous. So her attending gives her a simple task, stitches.Can simple stitches end up weaving together two very different hearts? One of them gone cold from a bad past and the other bright and innocent as ever? Can just one small connection in the emergency room really lead to a lifelong romance? Would a school teacher and a doctor really make a good match?
8 146 - In Serial50 Chapters
Once (KaiSoo)
[COMPLETED] Do Kyungsoo and Kim Jongin were happily marriedㅡuntil Jung Soojung entered the picture. Kyungsoo was pregnant that time and Soojung was, too. But Jongin chose Soojung over Kyungsoo. Jongin left Kyungsoo for her but Kyungsoo did everything for him to stay but it doesn't make sense to Jongin anymore. Silly, the two didn't know, all of these were just part of Soojung's vengeance. Kyungsoo and Jongin then died because of a specific illness, but fortunately, Kyungsoo bore his child, Taeoh aka Kai, better. Soojung bore her child, too, but with Myungsoo. And it was D.O. Will Kai and D.O be able to continue Kai's parent's love story or will it also turn to a tragic one?All rights reserved 2014.
8 97 - In Serial51 Chapters
Me or sum|Nardo wick
"She not my main thing but on the weekends she lovin my crew lovin my crew "
8 144 - In Serial20 Chapters
The Wolf Among Us (Michael Myers x Reader)
"He's mad, that trusts in the tameness of a wolf."In years past, the young boy had a friend. Doctor Samuel Loomis had hoped she'd be enough to help him get better and rejoin society, but what he'd done was his true nature no longer constrained to the laws of morality. She wasn't going to change his nature and refused to help Loomis try to understand him. It's not what he wanted, he wanted to be around his friend. The only one who understood him was her.Now she's come back home and he plans too as well. To find her and his sister. To have his happiness back, but has it been too long that he's forgotten how it feels? To be loved. "People are what they are, just wearing masks of fakeness"We all wear makes, but why do we hide who we are? Because it gives us protection from those who have never worn theirs.LONG CHAPTERS (2500-4000 WORDS ON AVERAGE) UPDATES ABOUT EVERY 2-3 WEEKS I don't own anything from the Halloween franchise and Missy (or mister?) reader belongs to their self. No art belongs to me. I only own this story line.
8 176

