《Amiss Prayer (Zawgyi&Unicode) [Completed]》Part-11(သူ)
Advertisement
For Unicode
သူ
လောကကြီးနှင့် ခေတ္တအဆက်သွယ်ပြတ်ပြီးနောက် မိမိမြင်နေရသည့်ပတ်ဝန်းကျင်သည် ထူးဆန်းဖွယ်အတိ။ မင်းလွင်မြူခိုးတို့သည် ထိုပတ်ဝန်းကျင်အား လွှမ်းခြုံကာ တန်ဆာဆင်ထားသည်။ တိတ်ဆိတ်ငြိမ်သက်မှုသည်လည်း ထိုပတ်ဝန်းကျင်အား လွှမ်းခြုံထားသည်။ အလင်းရောင်မှုန်ပျပျသာရှိသော တောအုပ်တစ်ခုနှယ်။ မည်သည့်နေရာသို့သွား၍ မည်သည်ကိုရှာမည်နည်းမသိ..။ မြင်မြင်သမျှ အနီးနား၌ သစ်ပင်နှင့် မြူခိုးများသာမြင်ရသည်။
ထို့နောက် မိမိအရှေ့မှ အလင်းရောင်စူးစူးပေါ်လာသည်။ မိမိသည်လည်း ထိုအလင်းရောင်ရှိရာသို့ သွားနေမိသည်။ အနားသို့ရောက်သွားလေလေ ထိုအလင်းရောင်သည် အမြင်အာရုံထဲ၌ပို၍စူးလာလေလေဖြစ်ကာ နောက်ဆုံးတွင် ကြည့်၍မရတော့သည်အထိ ဖြစ်လာသောကြောင့် မိမိ၏မျက်လုံးများအား ခေတ္တခဏမှိတ်လိုက်ချိန်တွင် ထိုအလင်းရောင်စူးစူးသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။
အလင်းရောင်၏အားလျော့မှုကို သိသောအခါ မိမိသည်လည်း အမြင်အာရုံများကို ပြန်လည်အသုံးပြုကာ ပတ်ဝန်းကျင်အားကြည့်မိသည်။ မိမိရောက်နေသောနေရာသည် မကြာသောအချိန်ကာလမှ မြင်တွေ့ခဲ့ရသည့် နေရာမဟုတ်။ မိမိသိသော ရင်းနှီးသောနေရာဖြစ်သည်။ ထိုနေရာကတခြားမဟုတ်။ မိမိနေထိုင်ရာ သီပေါမြို့မှအိမ်ကြီးပင်ဖြစ်သည်။
ထိုအိမ်ကြီးမှာ မိမိနေထိုင်စဉ်ကာလများနှင့်မတူ..။ ခြံဝန်ထဲ၌ ပို၍ စိမ်းစိုလှပနေသည်။ သဇင်ပန်းအနံ့သည်လည်း လှိုင်နေသည်။ ထို့အပြင် အဖြူရောင်နှင်းဆီပန်းခင်းလေးတွင်လည်း ပန်းကလေးများသည် အစီအရီဖူးဖွင့်နေကြသည်။
ထို့နောက်ခြံဝန်းထဲသို့ လူကြီးတစ်ဦးနှင့် လူငယ်လေးတစ်ဦးက ယှဉ်တွဲ၍ဝင်လာသည်။ ထိုသူနှစ်ဦးအနက် အသက်အရွယ်ကြီးရင့်သူအား မိမိမသိ။ သို့သော် ထိုလူကြီးဘေးတွင်ပါလာသော လူငယ်ကိုမူ မိမိသိပါသည်။ မိမိသိနေသောလူဖြစ်၍ မည်သူများနည်းဟု မေးခွန်းထုတ်လာသောအခါ ဖြေရန် အနည်းငယ်ခက်ခဲလှသည်။ ထိုသူမှာတခြားမဟုတ်.. မိမိဖြစ်ကိုယ်တိုင်ပင်..။
ကိုယ့်ကိုကိုယ်ပြန်မြင်နေရတာ နည်းနည်းမထူးဆန်းဘူးလား..။ ထူးဆန်းဆို... အခုရော.. ငါကဘယ်ရောက်နေတာလဲ။
မိမိနေထိုင်ရာအိမ်ဖြစ်သည်ကိုသာ သိပါသည်။ သို့သော် မိမိကိုယ်ကို ပြန်မြင်နေရခြင်း၊ လှပသောပတ်ဝန်းကျင်ကိုမြင်တွေ့နေရခြင်း တို့ကြောင့် မိမိကိုယ်ကို မည်သည့်ကိစ္စဖြစ်ရပ်အား ကြုံတွေ့နေရကြောင်း စဉ်းစား၍မရ။ မိမိကသာ သူတို့ကိုမြင်ရသော်လည်း ထိုသူတို့မှာမူ မိမိကိုမြင်ဟန်မတူ။
ငါဘာဖြစ်နေတာလဲ.. သေသွားတာလား..။ မြောနေတာလား.. အိပ်မက်မက်နေတာလား..။
ဝေခွဲမရသည့်အဆုံး မိမိသည်လည်း ထိုအိမ်ကြီးထဲသို့လိုက်ဝင်သွားသည်။ ထိုနောက် ကောင်လေးနှင့်လူကြီးသည် အလွန်ခန့်ညားလှသောအမျိုးသမီးတစ်ဦး၏ အရှေ့တွင်ထိုင်နေသည်။ အမျိုးသမီးကမူ ကုလားထိုင်ခုံတွင် တင့်တယ်စွာထိုင်နေပြီး ကောင်လေးနှင့်လူကြီးသည်ကြမ်းပြင်ပေါ်တွင်ထိုင်နေသည်။
“ သခင်မကြီး.. ဒါက ကျွန်တော့်သားလေးပါ..နန္ဒလို့ခေါ်ပါတယ်.. "
နန္ဒ... နန္ဒဆိုတာ ဟိုတစ်ခါက အဘကျွန်တော့်ကိုမှားခေါ်တဲ့ နာမည်မဟုတ်လား။ အဲဒါဆို.. အခုမြင်နေတဲ့ ကောင်လေးက.. ကျွန်တော့်ရဲ့အရင်ဘဝလား။ ကျွန်တော့်ရဲ့ အရင်ဘဝနဲ့နာမည်က နန္ဒလား။ အဲဒါကြောင့် အဘက ကျွန်တောာ့်ကို နန္ဒလို့ခေါ်တာလား..။
မိမိ၏အရင်ဘဝပုံရိပ်များကို ပြန်လည်မြင်ယောင်ခြင်းဟု သိပြီးသကာလ မိမိ၏သိလိုစိတ်တို့သည် ပို၍ပြင်းထန်လာသည်။ သိလိုစိတ်ပြင်းထန်လာသောကြောင့် ဖြစ်ပျက်သမျှမြင်ကွင်းတို့ကို တိတ်တဆိတ်သာကြည့်နေမိခဲ့သည်။
“ အရင်က သားလေးကိုရွာမှာ သူ့အဘွားနဲ့ထားခဲ့တာပါ။ အခု.. သူ့အဘွားက ဆုံးပါးသွားတော့ သူ့ကို ဒီအိမ်မှာခေါ်ထားချင်လို့ပါသခင်မကြီး။ ကျွန်တော်တို့လိုပဲ ဒီအိမ်က အခိုင်းစေတစ်ယောက်အနေနဲ့.. ခေါ်ထားပေးပါသခင်မကြီး.. "
“ အေးလေ မင်းရဲ့သားဆိုတော့လည်း မင်းကိုယုံကြည်နေတဲ့အနေနဲ့ ခေါ်ထားလိုက်မယ်.. "
“ ကျေးဇူးကြီးမားလှပါတယ် သခင်မကြီး..."
သခင်မကြီးကလက်ခံပြီးနောက် ဦးသစ္စာနှင့်မောင်နန္ဒတို့်သည်လည်း ခြံဝန်းကြီးထဲမှ အလုပ်သမားများနေရန်ဆောက်ထားသော အလုပ်သမားတန်းထဲသို့လာခဲ့သည်။ အထုပ်အပိုးများ ချပြီးသည့်တိုင်အောင် နန္ဒမှာမလှုပ်မယှက်ထိုင်နေဆဲပင်။
“ သား.. ဒီအိမ်ကြီးက စည်းကမ်းကြီးတယ်နော်။ အစစအရာရာသတိနဲ့နေပါ "
“ ဟုတ်ကဲ့ပါအဘ... ဒါနဲ့လေ.. အဘပြောတော့ သခင်မကြီးကနှစ်ယောက်ရှိတာဆို "
“ အေးကွယ့်.. အခုတွေ့ခဲ့တာက ဒီအိမ်ကြီးရဲ့သခင်မကြီးပေါ့..။ သူ့နာမည်က သခင်မကြီးဒေါ်နန်းသီရိတဲ့။ သားမတွေ့ခဲ့တဲ့ သခင်မက သခင်မကြီးဒေါ်နန်းသီတာတဲ့.. နန်းသီရိရဲ့ညီမပေါ့..။ နောက်ပြီး.. သခင်လေးတစ်ယောက် ရှိသေးတယ်..။ သူကအခု ဘိလပ်မှာပညာသင်နေတာကွယ့်။ သူ့နာမည်က.. သခင်လေးစိုင်းထွဋ်ခေါင်တဲ့..။ သခင်မကြီးနန်းသီရိနဲ့သခင်ကြီးစိုင်းဇေယျာတိုရဲ့သားပေါ့..။ အခုတော့.. သခင်ကြီးကဆုံးပါးသွားပါပြီ "
“ သူတို့ကစော်ဘွားမျိုးဆို.. ဟုတ်လားအဘ "
“ အေး... သူတို့ကစော်ဘွားမျိုးကွယ့်။ သူတို့ကိုမြန်မာဘုရင်တွေကတောင် ချီးမြှောက်ထားတာတဲ့။ ဘုရင်တွေနာမည်တော့ အဘလည်း သေချာမမှတ်မိတော့ဘူးကွယ်။ အရင်တုန်းက သူတို့ဘိုးဘေးတွေဆိုရင်ဘုရင်တွေက ထီးဝါတို့ စည်ဖြူတို့ စည်နီတို့တောင်ချီးမြှောက်တာတဲ့။ သူတို့ရဲ့ အခြားဆွေတော်မျိုးတော်တွေကဆိုရင် ဘုရင်တွေလက်ထက်က.. ရှမ်းသံတော်ခံတွေတဲ့ "
“ တော်တော်ကို ကြီးကျယ်ခမ်းနားတာပဲနော် "
“ အေးကွယ်.. သူတို့ကတော့ ဆွေစဉ်မျိုးဆက် ခမ်းနားကြီးကျယ်လိုက်တာ..။ အဘတို့များကျတော့လည်း အစဉ်အဆက် ဆင်းရဲနေတာပဲနော် "
“ အတိတ်ဘဝအကျိုးပေးပေါ့ အဘရယ် "
“ အေးကွယ်... အဲဒါတွေထားပါတော့။ လူလေးလည်း ရေမိုးချိုးပြီးနားနေဦး။ မနက်ဖြန်ကျတော့မှ အလုပ်စဝင်တော့။ အခုတော့နားဦး ခရီးလည်းပန်းလာရောပေါ့ "
“ ဟုတ်ကဲ့အဘ "
“ ဒါနဲ့ လူလေးလက်ထဲက ကိုင်ထားတဲ့အလိပ်လေးက ဘာလေးလဲ..။ ရွာကထွက်လာကတည်းက အခုထိလက်ထဲကမချဘူး "
“ ဒါက... ပန်းချီကားလေးပါ "
“ ပန်းချီ.. ငါ့သားက ပန်းချီဆွဲတတ်တာလား.. "
“ ဟုတ်တယ်အဘ... ရွာသူကြီးသမီး နန်းမူကိုသိတယ် မဟုတ်လား။ သူကမြို့မှာကောလိပ်တက်တာလေ "
Advertisement
“ အေး.. သိတယ်လေ "
“ အဲဒီနန်းမူက မြို့သားနဲ့အိမ်ထောင်ကျပြီး အဲဒီမြို့သားက အခု ကျွန်တော်တို့ရွာမှာလာနေတယ်လေ။ အဲဒီမြို့သားက ပန်းချီဆရာလေ "
“ သြော်.. ဟုတ်လား.. "
“ အင်း.. ဟုတ်တယ်.. ကျွန်တော်က ငယ်ငယ်ကတည်းက ပုံဆွဲတာ ဝါသနာပါတော့.. "
“ အဲဒီမြို့သားဆီက ပန်းချီဆွဲတာသွားသင်တယ်ဆိုပါတော့ "
“ ဟုတ်တယ်အဘ "
“ အေးပါအေးပါ.. အခုပန်းချီကရော..ဘာပုံဆွဲထားတာလဲ "
“ အမေ့ရဲ့ပုံတူခဲပန်းချီလေးပါအဘ "
“ အဘကို အဲဒီပုံလေးပြပါဦးကွယ် "
နန္ဒသည် သူ၏လက်ထဲက ပန်းချီကားလေးကို ဦးသစ္စာအားပြလိုက်သောအခါ ဦးသစ္စာသည်ဆုံးပါးသွားသောဇနီးသည်ခင်လှကို သတိရကာ မျက်ရည်များပင်ဝဲလာသည်။
“ လူလေးဆွဲထားတာ တော်လိုက်တာကွယ်။ ဘာလိုလိုနဲ့ခင်လှ အဘတို့ကိုထားသွားတာ ခြောက်နှစ်တောင်ရှိပြီနော် "
“ ဟုတ်တယ်အဘ "
“ သူကတော့အဘတို့ကိုမေ့ပြီး ဘဝအသစ်တောင်ရောက်နေပြီလား မသိပါဘူးကွယ်..။ အဘတို့ကတော့သူ့ကို အခုထိသတိရနေတုန်းပါပဲ လူလေးရယ် "
ဖခင်ဖြစ်သူ မျက်ရည်ကျသည်ကိုကြည့်ကာ နန္ဒသည်လည်းစိတ်မကောင်းဖြစ်ရသည်။ ဖခင်၏မျက်ရည်စများကို နန္ဒသည် သူ၏လက်နှင့်ဖယ်ရှားပေးလိုက်သည်။
“ အဘရယ်.. မငိုပါနဲ့.. အဘငိုတော့ ကျွန်တော်လည်း ဘယ်စိတ်ကောင်းမလဲ "
ဖခင်ဖြစ်သူ၏မျက်ရည်စများကို တယုတယဖယ်ရှားပေးသော မြတ်သူကိုကြည့်ရင်း ဦးသစ္စာ၏စိတ်ထဲတွင် သားဖြစ်အား သနားစိတ်လေးဖြင့် ချီးကျူးနေပြန်သည်။
ဪ.. လူလေး.. လူလေး.. အမေတူသားလေး.. မိဘနဲ့ခွဲနေရပြီး မေတ္တာငတ်မွတ်ရှာတဲ့ကလေးလေး.. မိဘမေတ္တာငတ်မွတ်နေလို့ ဆိုးသွမ်းနေတဲ့ ကလေးတွေကိုအများကြီးမြင်ဖူးပါတယ်..။ ဒါပေမဲ့.. ဒီကလေးကတော့ အတော်ကိုလိမ္မာရှာတယ်။ အဘနဲ့အမေနဲ့က ဒီအိမ်မှာအလုပ်လုပ်.. ငွေရှာ.. သူကတော့ရွာမှာ အဘွားနဲ့သာနေရရှာတယ်..။ မိဘနဲ့နွေးနွေးထွေးထွေးမနေရတဲ့ ကောင်လေးက ဘယ်လောက်များအားငယ်နေရှာမလဲ...။
အမေတူသားလေးဖြစ်၍ ရုပ်လေးကလည်းချော.. စိတ်ကောင်းနှလုံးကောင်းလည်းရှိ.. လိမ္မာရေးခြားရှိသည့် မိမိ၏အဖိုးတန်သားလေးအား မိမိရင်နှင့်အမျှချစ်ရပါသည်။ ရင်နှင့်အမျှချစ်ရပါသော သားလေးကို ဦးသစ္စာတစ်ယောက် အဆုံးရှုံးမခံနိုင်သေးပါ။
“ အေးပါကွယ်.. အဘမငိုတော့ပါဘူး။ ဒါနဲ့လူလေး.. အဘထပ်မှာမယ်နော်။ ဒီအိမ်မှာနေရင် အစစအရာရာ ဂရုစိုက်ပါ။ အိမ်ကြီးရဲ့ဘယ်အရှုပ်အရှင်းကိုမှ ဝင်မပါမိစေနဲ့။ သူတို့ကရက်စက်ရင်.. သူများနဲ့မတူဘူး။ အထူးသဖြင့်.. မကြာခင်ပြန်လာတော့မယ့် သခင်လေးစိုင်းထွဋ်ခေါင်ရဲ့အရှေ့မှာ အမှားမလုပ်မိစေနဲ့ "
“ ဟုတ်ကဲ့အဘ "
ကျွန်တော်ထင်တာ မှန်တယ်မဟုတ်လ။ စိုင်းထွဋ်ခေါင်က ကြိမ်းသေပေါက်ဒီအိမ်နဲ့ ပတ်သက်မှုရှိရမယ်ဆိုတာ..။ အခုတော့.. သူကဒီအိမ်ရဲ့ အရှင်သခင်တစ်ပါးတဲ့လား။ အဲဒါဆို.. သူက ကျွန်တော်နေထိုင်ရာအိမ်ကြီးရဲ့အိမ်ရှင်ပေါ့။ သူက အိမ်ရှင်ဆိုတာကို ကျွန်တော်ကမသိဘဲနဲ့ ဧည့်သည်လို့တောင် သုံးနှုန်းလိုက်သေးတာနော်။ နည်းနည်းလေးများ ပြောင်းပြန်ဖြစ်သွားသလား..။
ကျွန်တော်ရဲ့မြတ်သူဘဝမှာ ခင်ဗျားကကျွန်တော့်ကိုချစ်ရေးဆိုထားတယ်နော်..။ ဒါဆို.. ကျွန်တော်တို့ရဲ့ဆက်ဆံရေးက ချစ်ရေးဆိုတဲ့သူနဲ့ ချစ်ရေဆိုခံထားတဲ့သူပေါ့..။ ဒါပေမဲ့.. အဖြေပြန်မပေးရသေးတော့ ချစ်သူလို့သတ်မှတ်လို့မရသေးဘူးပေါ့..။
အခု.. ကျွန်တော်မြင်နေရတဲ့ နန္ဒဘဝမှာရော.. ခင်ဗျားနဲ့ကျွန်တော်နဲ့ဆက်ဆံရေးက ဘယ်လိုများဖြစ်နေမလဲ။ သခင်နဲ့ကျွန်ဆက်ဆံရေးဖြစ်ရုံပဲလား။ ဟုတ်ပါ့မလား..။
မြတ်သူဘဝမှာ ခင်ဗျားနဲ့ကျွန်တော်ရဲ့ကြားကဆက်သွယ်မှုကြိုးလေးရဲ့ နာမည်ကို ချစ်သူအဆင့်လို့အမည်ပေးချင်သလို.. အခုနန္ဒဘဝမှာလည်း သခင်နဲ့ကျွန် ဆိုတဲ့ ဆက်သွယ်မှုကြိုးလေးရဲ့အမည်ထက် ချစ်သူအဆင့်ဆိုနဲ့အမည်လေး ပေးချင်မိသေးတယ်။
ဘဝဆက်တိုင်း ခင်ဗျားရဲ့ချစ်ခြင်းတွေကို ကျွန်တော်တစ်ယောက်တည်းကပိုင်ဆိုင်ချင်တာ..။ ကျွန်တော်အတ္တကြီးသလိုများဖြစ်နေမလား..။ သခင်နဲ့ကျွန် ဆိုတဲ့ဆက်သွယ်မှုထက် ချစ်သူ ဆိုတဲ့ဆက်သွယ်မှုကိုတောင့်တမိတယ်။ ကျွန်တော့်ရဲ့ဆန္ဒတွေပြည့်ဝပါ့မလား။
For Zawgyi
သူ
ေလာကႀကီးႏွင့္ ေခတၱအဆက္သြယ္ျပတ္ၿပီးေနာက္ မိမိျမင္ေနရသည့္ပတ္ဝန္းက်င္သည္ ထူးဆန္းဖြယ္အတိ။ မင္းလြင္ျမဴခိုးတို႔သည္ ထိုပတ္ဝန္းက်င္အား လႊမ္းၿခဳံကာ တန္ဆာဆင္ထားသည္။ တိတ္ဆိတ္ၿငိမ္သက္မႈသည္လည္း ထိုပတ္ဝန္းက်င္အား လႊမ္းၿခဳံထားသည္။ အလင္းေရာင္မႈန္ပ်ပ်သာရွိေသာ ေတာအုပ္တစ္ခုႏွယ္။ မည္သည့္ေနရာသို႔သြား၍ မည္သည္ကိုရွာမည္နည္းမသိ..။ ျမင္ျမင္သမွ် အနီးနား၌ သစ္ပင္ႏွင့္ ျမဴခိုးမ်ားသာျမင္ရသည္။
ထို႔ေနာက္ မိမိအေရွ႕မွ အလင္းေရာင္စူးစူးေပၚလာသည္။ မိမိသည္လည္း ထိုအလင္းေရာင္ရွိရာသို႔ သြားေနမိသည္။ အနားသို႔ေရာက္သြားေလေလ ထိုအလင္းေရာင္သည္ အျမင္အာ႐ုံထဲ၌ပို၍စူးလာေလေလျဖစ္ကာ ေနာက္ဆုံးတြင္ ၾကည့္၍မရေတာ့သည္အထိ ျဖစ္လာေသာေၾကာင့္ မိမိ၏မ်က္လုံးမ်ားအား ေခတၱခဏမွိတ္လိုက္ခ်ိန္တြင္ ထိုအလင္းေရာင္စူးစူးသည္လည္း တျဖည္းျဖည္းေပ်ာက္ကြယ္သြားခဲ့သည္။
အလင္းေရာင္၏အားေလ်ာ့မႈကို သိေသာအခါ မိမိသည္လည္း အျမင္အာ႐ုံမ်ားကို ျပန္လည္အသုံးျပဳကာ ပတ္ဝန္းက်င္အားၾကည့္မိသည္။ မိမိေရာက္ေနေသာေနရာသည္ မၾကာေသာအခ်ိန္ကာလမွ ျမင္ေတြ႕ခဲ့ရသည့္ ေနရာမဟုတ္။ မိမိသိေသာ ရင္းႏွီးေသာေနရာျဖစ္သည္။ ထိုေနရာကတျခားမဟုတ္။ မိမိေနထိုင္ရာ သီေပါၿမိဳ႕မွအိမ္ႀကီးပင္ျဖစ္သည္။
ထိုအိမ္ႀကီးမွာ မိမိေနထိုင္စဥ္ကာလမ်ားႏွင့္မတူ..။ ၿခံဝန္ထဲ၌ ပို၍ စိမ္းစိုလွပေနသည္။ သဇင္ပန္းအနံ႔သည္လည္း လႈိင္ေနသည္။ ထို႔အျပင္ အျဖဴေရာင္ႏွင္းဆီပန္းခင္းေလးတြင္လည္း ပန္းကေလးမ်ားသည္ အစီအရီဖူးဖြင့္ေနၾကသည္။
ထို႔ေနာက္ၿခံဝန္းထဲသို႔ လူႀကီးတစ္ဦးႏွင့္ လူငယ္ေလးတစ္ဦးက ယွဥ္တြဲ၍ဝင္လာသည္။ ထိုသူႏွစ္ဦးအနက္ အသက္အ႐ြယ္ႀကီးရင့္သူအား မိမိမသိ။ သို႔ေသာ္ ထိုလူႀကီးေဘးတြင္ပါလာေသာ လူငယ္ကိုမူ မိမိသိပါသည္။ မိမိသိေနေသာလူျဖစ္၍ မည္သူမ်ားနည္းဟု ေမးခြန္းထုတ္လာေသာအခါ ေျဖရန္ အနည္းငယ္ခက္ခဲလွသည္။ ထိုသူမွာတျခားမဟုတ္.. မိမိျဖစ္ကိုယ္တိုင္ပင္..။
ကိုယ့္ကိုကိုယ္ျပန္ျမင္ေနရတာ နည္းနည္းမထူးဆန္းဘူးလား..။ ထူးဆန္းဆို... အခုေရာ.. ငါကဘယ္ေရာက္ေနတာလဲ။
မိမိေနထိုင္ရာအိမ္ျဖစ္သည္ကိုသာ သိပါသည္။ သို႔ေသာ္ မိမိကိုယ္ကို ျပန္ျမင္ေနရျခင္း၊ လွပေသာပတ္ဝန္းက်င္ကိုျမင္ေတြ႕ေနရျခင္း တို႔ေၾကာင့္ မိမိကိုယ္ကို မည္သည့္ကိစၥျဖစ္ရပ္အား ႀကဳံေတြ႕ေနရေၾကာင္း စဥ္းစား၍မရ။ မိမိကသာ သူတို႔ကိုျမင္ရေသာ္လည္း ထိုသူတို႔မွာမူ မိမိကိုျမင္ဟန္မတူ။
Advertisement
ငါဘာျဖစ္ေနတာလဲ.. ေသသြားတာလား..။ ေျမာေနတာလား.. အိပ္မက္မက္ေနတာလား..။
ေဝခြဲမရသည့္အဆုံး မိမိသည္လည္း ထိုအိမ္ႀကီးထဲသို႔လိုက္ဝင္သြားသည္။ ထိုေနာက္ ေကာင္ေလးႏွင့္လူႀကီးသည္ အလြန္ခန႔္ညားလွေသာအမ်ိဳးသမီးတစ္ဦး၏ အေရွ႕တြင္ထိုင္ေနသည္။ အမ်ိဳးသမီးကမူ ကုလားထိုင္ခုံတြင္ တင့္တယ္စြာထိုင္ေနၿပီး ေကာင္ေလးႏွင့္လူႀကီးသည္ၾကမ္းျပင္ေပၚတြင္ထိုင္ေနသည္။
“ သခင္မႀကီး.. ဒါက ကြၽန္ေတာ့္သားေလးပါ..နႏၵလို႔ေခၚပါတယ္.. "
နႏၵ... နႏၵဆိုတာ ဟိုတစ္ခါက အဘကြၽန္ေတာ့္ကိုမွားေခၚတဲ့ နာမည္မဟုတ္လား။ အဲဒါဆို.. အခုျမင္ေနတဲ့ ေကာင္ေလးက.. ကြၽန္ေတာ့္ရဲ႕အရင္ဘဝလား။ ကြၽန္ေတာ့္ရဲ႕ အရင္ဘဝနဲ႔နာမည္က နႏၵလား။ အဲဒါေၾကာင့္ အဘက ကြၽန္ေတာာ့္ကို နႏၵလို႔ေခၚတာလား..။
မိမိ၏အရင္ဘဝပုံရိပ္မ်ားကို ျပန္လည္ျမင္ေယာင္ျခင္းဟု သိၿပီးသကာလ မိမိ၏သိလိုစိတ္တို႔သည္ ပို၍ျပင္းထန္လာသည္။ သိလိုစိတ္ျပင္းထန္လာေသာေၾကာင့္ ျဖစ္ပ်က္သမွ်ျမင္ကြင္းတို႔ကို တိတ္တဆိတ္သာၾကည့္ေနမိခဲ့သည္။
“ အရင္က သားေလးကို႐ြာမွာ သူ႔အဘြားနဲ႔ထားခဲ့တာပါ။ အခု.. သူ႔အဘြားက ဆုံးပါးသြားေတာ့ သူ႔ကို ဒီအိမ္မွာေခၚထားခ်င္လို႔ပါသခင္မႀကီး။ ကြၽန္ေတာ္တို႔လိုပဲ ဒီအိမ္က အခိုင္းေစတစ္ေယာက္အေနနဲ႔.. ေခၚထားေပးပါသခင္မႀကီး.. "
“ ေအးေလ မင္းရဲ႕သားဆိုေတာ့လည္း မင္းကိုယုံၾကည္ေနတဲ့အေနနဲ႔ ေခၚထားလိုက္မယ္.. "
“ ေက်းဇူးႀကီးမားလွပါတယ္ သခင္မႀကီး..."
သခင္မႀကီးကလက္ခံၿပီးေနာက္ ဦးသစၥာႏွင့္ေမာင္နႏၵတို႔္သည္လည္း ၿခံဝန္းႀကီးထဲမွ အလုပ္သမားမ်ားေနရန္ေဆာက္ထားေသာ အလုပ္သမားတန္းထဲသို႔လာခဲ့သည္။ အထုပ္အပိုးမ်ား ခ်ၿပီးသည့္တိုင္ေအာင္ နႏၵမွာမလႈပ္မယွက္ထိုင္ေနဆဲပင္။
“ သား.. ဒီအိမ္ႀကီးက စည္းကမ္းႀကီးတယ္ေနာ္။ အစစအရာရာသတိနဲ႔ေနပါ "
“ ဟုတ္ကဲ့ပါအဘ... ဒါနဲ႔ေလ.. အဘေျပာေတာ့ သခင္မႀကီးကႏွစ္ေယာက္ရွိတာဆို "
“ ေအးကြယ့္.. အခုေတြ႕ခဲ့တာက ဒီအိမ္ႀကီးရဲ႕သခင္မႀကီးေပါ့..။ သူ႔နာမည္က သခင္မႀကီးေဒၚနန္းသီရိတဲ့။ သားမေတြ႕ခဲ့တဲ့ သခင္မက သခင္မႀကီးေဒၚနန္းသီတာတဲ့.. နန္းသီရိရဲ႕ညီမေပါ့..။ ေနာက္ၿပီး.. သခင္ေလးတစ္ေယာက္ ရွိေသးတယ္..။ သူကအခု ဘိလပ္မွာပညာသင္ေနတာကြယ့္။ သူ႔နာမည္က.. သခင္ေလးစိုင္းထြဋ္ေခါင္တဲ့..။ သခင္မႀကီးနန္းသီရိနဲ႔သခင္ႀကီးစိုင္းေဇယ်ာတိုရဲ႕သားေပါ့..။ အခုေတာ့.. သခင္ႀကီးကဆုံးပါးသြားပါၿပီ "
“ သူတို႔ကေစာ္ဘြားမ်ိဳးဆို.. ဟုတ္လားအဘ "
“ ေအး... သူတို႔ကေစာ္ဘြားမ်ိဳးကြယ့္။ သူတို႔ကိုျမန္မာဘုရင္ေတြကေတာင္ ခ်ီးေျမႇာက္ထားတာတဲ့။ ဘုရင္ေတြနာမည္ေတာ့ အဘလည္း ေသခ်ာမမွတ္မိေတာ့ဘူးကြယ္။ အရင္တုန္းက သူတို႔ဘိုးေဘးေတြဆိုရင္ဘုရင္ေတြက ထီးဝါတို႔ စည္ျဖဴတို႔ စည္နီတို႔ေတာင္ခ်ီးေျမႇာက္တာတဲ့။ သူတို႔ရဲ႕ အျခားေဆြေတာ္မ်ိဳးေတာ္ေတြကဆိုရင္ ဘုရင္ေတြလက္ထက္က.. ရွမ္းသံေတာ္ခံေတြတဲ့ "
“ ေတာ္ေတာ္ကို ႀကီးက်ယ္ခမ္းနားတာပဲေနာ္ "
“ ေအးကြယ္.. သူတို႔ကေတာ့ ေဆြစဥ္မ်ိဳးဆက္ ခမ္းနားႀကီးက်ယ္လိုက္တာ..။ အဘတို႔မ်ားက်ေတာ့လည္း အစဥ္အဆက္ ဆင္းရဲေနတာပဲေနာ္ "
“ အတိတ္ဘဝအက်ိဳးေပးေပါ့ အဘရယ္ "
“ ေအးကြယ္... အဲဒါေတြထားပါေတာ့။ လူေလးလည္း ေရမိုးခ်ိဳးၿပီးနားေနဦး။ မနက္ျဖန္က်ေတာ့မွ အလုပ္စဝင္ေတာ့။ အခုေတာ့နားဦး ခရီးလည္းပန္းလာေရာေပါ့ "
“ ဟုတ္ကဲ့အဘ "
“ ဒါနဲ႔ လူေလးလက္ထဲက ကိုင္ထားတဲ့အလိပ္ေလးက ဘာေလးလဲ..။ ႐ြာကထြက္လာကတည္းက အခုထိလက္ထဲကမခ်ဘူး "
“ ဒါက... ပန္းခ်ီကားေလးပါ "
“ ပန္းခ်ီ.. ငါ့သားက ပန္းခ်ီဆြဲတတ္တာလား.. "
“ ဟုတ္တယ္အဘ... ႐ြာသူႀကီးသမီး နန္းမူကိုသိတယ္ မဟုတ္လား။ သူကၿမိဳ႕မွာေကာလိပ္တက္တာေလ "
“ ေအး.. သိတယ္ေလ "
“ အဲဒီနန္းမူက ၿမိဳ႕သားနဲ႔အိမ္ေထာင္က်ၿပီး အဲဒီၿမိဳ႕သားက အခု ကြၽန္ေတာ္တို႔႐ြာမွာလာေနတယ္ေလ။ အဲဒီၿမိဳ႕သားက ပန္းခ်ီဆရာေလ "
“ ေၾသာ္.. ဟုတ္လား.. "
“ အင္း.. ဟုတ္တယ္.. ကြၽန္ေတာ္က ငယ္ငယ္ကတည္းက ပုံဆြဲတာ ဝါသနာပါေတာ့.. "
“ အဲဒီၿမိဳ႕သားဆီက ပန္းခ်ီဆြဲတာသြားသင္တယ္ဆိုပါေတာ့ "
“ ဟုတ္တယ္အဘ "
“ ေအးပါေအးပါ.. အခုပန္းခ်ီကေရာ..ဘာပုံဆြဲထားတာလဲ "
“ အေမ့ရဲ႕ပုံတူခဲပန္းခ်ီေလးပါအဘ "
“ အဘကို အဲဒီပုံေလးျပပါဦးကြယ္ "
နႏၵသည္ သူ၏လက္ထဲက ပန္းခ်ီကားေလးကို ဦးသစၥာအားျပလိုက္ေသာအခါ ဦးသစၥာသည္ဆုံးပါးသြားေသာဇနီးသည္ခင္လွကို သတိရကာ မ်က္ရည္မ်ားပင္ဝဲလာသည္။
“ လူေလးဆြဲထားတာ ေတာ္လိုက္တာကြယ္။ ဘာလိုလိုနဲ႔ခင္လွ အဘတို႔ကိုထားသြားတာ ေျခာက္ႏွစ္ေတာင္ရွိၿပီေနာ္ "
“ ဟုတ္တယ္အဘ "
“ သူကေတာ့အဘတို႔ကိုေမ့ၿပီး ဘဝအသစ္ေတာင္ေရာက္ေနၿပီလား မသိပါဘူးကြယ္..။ အဘတို႔ကေတာ့သူ႔ကို အခုထိသတိရေနတုန္းပါပဲ လူေလးရယ္ "
ဖခင္ျဖစ္သူ မ်က္ရည္က်သည္ကိုၾကည့္ကာ နႏၵသည္လည္းစိတ္မေကာင္းျဖစ္ရသည္။ ဖခင္၏မ်က္ရည္စမ်ားကို နႏၵသည္ သူ၏လက္ႏွင့္ဖယ္ရွားေပးလိုက္သည္။
“ အဘရယ္.. မငိုပါနဲ႔.. အဘငိုေတာ့ ကြၽန္ေတာ္လည္း ဘယ္စိတ္ေကာင္းမလဲ "
ဖခင္ျဖစ္သူ၏မ်က္ရည္စမ်ားကို တယုတယဖယ္ရွားေပးေသာ ျမတ္သူကိုၾကည့္ရင္း ဦးသစၥာ၏စိတ္ထဲတြင္ သားျဖစ္အား သနားစိတ္ေလးျဖင့္ ခ်ီးက်ဴးေနျပန္သည္။
ဪ.. လူေလး.. လူေလး.. အေမတူသားေလး.. မိဘနဲ႔ခြဲေနရၿပီး ေမတၱာငတ္မြတ္ရွာတဲ့ကေလးေလး.. မိဘေမတၱာငတ္မြတ္ေနလို႔ ဆိုးသြမ္းေနတဲ့ ကေလးေတြကိုအမ်ားႀကီးျမင္ဖူးပါတယ္..။ ဒါေပမဲ့.. ဒီကေလးကေတာ့ အေတာ္ကိုလိမၼာရွာတယ္။ အဘနဲ႔အေမနဲ႔က ဒီအိမ္မွာအလုပ္လုပ္.. ေငြရွာ.. သူကေတာ့႐ြာမွာ အဘြားနဲ႔သာေနရရွာတယ္..။ မိဘနဲ႔ေႏြးေႏြးေထြးေထြးမေနရတဲ့ ေကာင္ေလးက ဘယ္ေလာက္မ်ားအားငယ္ေနရွာမလဲ...။
အေမတူသားေလးျဖစ္၍ ႐ုပ္ေလးကလည္းေခ်ာ.. စိတ္ေကာင္းႏွလုံးေကာင္းလည္းရွိ.. လိမၼာေရးျခားရွိသည့္ မိမိ၏အဖိုးတန္သားေလးအား မိမိရင္ႏွင့္အမွ်ခ်စ္ရပါသည္။ ရင္ႏွင့္အမွ်ခ်စ္ရပါေသာ သားေလးကို ဦးသစၥာတစ္ေယာက္ အဆုံးရႈံးမခံႏိုင္ေသးပါ။
“ ေအးပါကြယ္.. အဘမငိုေတာ့ပါဘူး။ ဒါနဲ႔လူေလး.. အဘထပ္မွာမယ္ေနာ္။ ဒီအိမ္မွာေနရင္ အစစအရာရာ ဂ႐ုစိုက္ပါ။ အိမ္ႀကီးရဲ႕ဘယ္အရႈပ္အရွင္းကိုမွ ဝင္မပါမိေစနဲ႔။ သူတို႔ကရက္စက္ရင္.. သူမ်ားနဲ႔မတူဘူး။ အထူးသျဖင့္.. မၾကာခင္ျပန္လာေတာ့မယ့္ သခင္ေလးစိုင္းထြဋ္ေခါင္ရဲ႕အေရွ႕မွာ အမွားမလုပ္မိေစနဲ႔ "
“ ဟုတ္ကဲ့အဘ "
ကြၽန္ေတာ္ထင္တာ မွန္တယ္မဟုတ္လ။ စိုင္းထြဋ္ေခါင္က ႀကိမ္းေသေပါက္ဒီအိမ္နဲ႔ ပတ္သက္မႈရွိရမယ္ဆိုတာ..။ အခုေတာ့.. သူကဒီအိမ္ရဲ႕ အရွင္သခင္တစ္ပါးတဲ့လား။ အဲဒါဆို.. သူက ကြၽန္ေတာ္ေနထိုင္ရာအိမ္ႀကီးရဲ႕အိမ္ရွင္ေပါ့။ သူက အိမ္ရွင္ဆိုတာကို ကြၽန္ေတာ္ကမသိဘဲနဲ႔ ဧည့္သည္လို႔ေတာင္ သုံးႏႈန္းလိုက္ေသးတာေနာ္။ နည္းနည္းေလးမ်ား ေျပာင္းျပန္ျဖစ္သြားသလား..။
ကြၽန္ေတာ္ရဲ႕ျမတ္သူဘဝမွာ ခင္ဗ်ားကကြၽန္ေတာ့္ကိုခ်စ္ေရးဆိုထားတယ္ေနာ္..။ ဒါဆို.. ကြၽန္ေတာ္တို႔ရဲ႕ဆက္ဆံေရးက ခ်စ္ေရးဆိုတဲ့သူနဲ႔ ခ်စ္ေရဆိုခံထားတဲ့သူေပါ့..။ ဒါေပမဲ့.. အေျဖျပန္မေပးရေသးေတာ့ ခ်စ္သူလို႔သတ္မွတ္လို႔မရေသးဘူးေပါ့..။
အခု.. ကြၽန္ေတာ္ျမင္ေနရတဲ့ နႏၵဘဝမွာေရာ.. ခင္ဗ်ားနဲ႔ကြၽန္ေတာ္နဲ႔ဆက္ဆံေရးက ဘယ္လိုမ်ားျဖစ္ေနမလဲ။ သခင္နဲ႔ကြၽန္ဆက္ဆံေရးျဖစ္႐ုံပဲလား။ ဟုတ္ပါ့မလား..။
ျမတ္သူဘဝမွာ ခင္ဗ်ားနဲ႔ကြၽန္ေတာ္ရဲ႕ၾကားကဆက္သြယ္မႈႀကိဳးေလးရဲ႕ နာမည္ကို ခ်စ္သူအဆင့္လို႔အမည္ေပးခ်င္သလို.. အခုနႏၵဘဝမွာလည္း သခင္နဲ႔ကြၽန္ ဆိုတဲ့ ဆက္သြယ္မႈႀကိဳးေလးရဲ႕အမည္ထက္ ခ်စ္သူအဆင့္ဆိုနဲ႔အမည္ေလး ေပးခ်င္မိေသးတယ္။
ဘဝဆက္တိုင္း ခင္ဗ်ားရဲ႕ခ်စ္ျခင္းေတြကို ကြၽန္ေတာ္တစ္ေယာက္တည္းကပိုင္ဆိုင္ခ်င္တာ..။ ကြၽန္ေတာ္အတၱႀကီးသလိုမ်ားျဖစ္ေနမလား..။ သခင္နဲ႔ကြၽန္ ဆိုတဲ့ဆက္သြယ္မႈထက္ ခ်စ္သူ ဆိုတဲ့ဆက္သြယ္မႈကိုေတာင့္တမိတယ္။ ကြၽန္ေတာ့္ရဲ႕ဆႏၵေတြျပည့္ဝပါ့မလား။
Advertisement
- In Serial34 Chapters
smoke with me? (girlxgirl)
"you look like you need a smoke." "do you finally wanna smoke with me?"tory, an 18 year old lesbian girl with the nickname "goodie two shoes".ashlyn, a 19 year old girl who hates everything, except tory and cigarettes.trigger warning: alcohol, violence, abuse, self harm, mature scenes and language
8 93 - In Serial26 Chapters
||Together|| Robin Arellano x Reader
This story is about a girl named Y/n, her parents decided to move out of their hometown, y/n was a new girl in school, and on her first day, she ran into a boy named Robin Arellano.Things have been going around town that children had been going missing, she was scared.One day she had been walking from school alone, looking for her lost bike, when a black van approached her.I have a 'The black Phone' x reader oneshots book! Go check it out!! (By the way, Robin isn't dead in this book! Y/n and Robin meet in the basement, they work together to get out.)When this story started: August 1, 2022When this story ended: !WARNINGS!1: VIOLENCE2: BLOOD3: WOUNDS4: HATEFUL SPEECH5: SEXUAL SPEECH6: LANGUAGE7: KIDNAPPING8: ABUSE 9: MENTAL ABUSE 10: ANXIETY 11: STIMS, MAY CAUSE STIMS12: ANGST (happy ending) Enjoy!
8 185 - In Serial92 Chapters
The Forgotten Luna
A natural born female Alpha is unheard of in the werewolf world. It's always the first born male that's the Alpha. However, at least one exists.Faelyn was sold to another pack at the age of eight under a false name and rank after being ripped away from her parents and brother who disappeared without a trace.She spent ten years being mistreated and abused in the Red Moon pack as Alyce Lilly, Omega to the Pack Manor. She also spent ten years plotting revenge on the man responsible for taking everything away from her, including her pack and her family. She has plans to leave Red Moon and seems the stars are aligning for her do so successfully.Fate, however, has other plans for her when she discovers her mate and rejects him without hesitation. With her best friend by her side she presses forward with her plans, only for another to throw her off again.Will she succeed in getting back her rightful pack while keeping her secrets safe until she does? Will she find the answers she seeks, the family she secretly yearns for?
8 1395 - In Serial40 Chapters
Devil's Eyes
You've got the devil in your eyesYou went and took me by surpriseSay what you wanna say I won't go backIf you wanna hit the road then let's go thenLet's just go and see the world and just show themWhat it really means to live life goldenIn which Sage Baglio meets the notorious Dave East, self proclaimed King of New York, and enters his world, one opposite from hers.
8 89 - In Serial53 Chapters
Her Racing Heart (Part 1)
Meera had a happy life, she never felt sad about her poor economic status or complained about working hard to support herself and her mother. Her life was so simple and bright until she met him... Vikranth is a man who has everything but lacks one thing that is sympathy. He was irresistibly smitten by her innocence when the first time he saw her. He wanted to claim her in every possible way and the reason he said to taste her innocence was Love.In the name of love, he took away everything leaving only her broken heart and wounded soul. She lost her love and also the precious possession of their licentious love.She couldn't come out of the hurt that Vikranth gave to her for loving him unconditionally and she doesn't like the idea of meeting him again at any point in her life but she didn't have any clue that destiny has stored something different for her.Without any hope in life, Meera again met Vikranth after three years. The person who once broke her heart was now asking her to marry him. Will Meera can accept Vikranth after hearing his reasons? Will she be able to stop her racing heart that tells her to give him a second chance?Note- Read its sequel Her Secret Smile which is available on my profile
8 254 - In Serial68 Chapters
Arrange Marriage or Love Marriage? ✔️
#1 in Forever together.#1 in First Attempt.#1 in Arranged Love.Karuna Singhania:She belongs to a typical Indian family where a girl has many restrictions but thanks to her parents, they granted her some freedom and because of that, she becomes a successful teacher. Now, when she had achieved her career goals, her parents want her to get married and settle down in her life.••••Raj Tandel:There was a time when he used to be the most joyous person and believed to spread happiness. But something cruel happened to him, which modified the entire agenda of his life, and now he only wants to stay alone. He now believes that happiness is not meant for him.••••Read to find out:What's written in their destiny?How are these strangers gonna meet each other?Is Karuna going to heal Raj and take away all his miseries?Will they have Arrange Marriage, or is it gonna be the Love one?••••Join Raj & Karuna, on their journey of Love, Marriage, and Healing.•••••An honest review by my reader:-'Wonderful story. Just came across it and read it in one go and it became one of my favorite books.'A/N: Hey lovely reader! If you're a diehard fan of reading romantic drama with some comedy and interesting twists then 'YOU ARE MOST WELCOME,' because you're in the right place.I'll suggest you give this book a try and trust me, you're gonna have fun reading it, just like I had while writing it.With love,Prisha Agarwal.❤
8 285

